Tuesday, September 11, 2012

1 လက်ပန်းတောင်းတောင်အရေး ဖမ်းဆီးခံရသောအမျိုးသမီးများညှင်းပမ်းနှိပ်စက်ခံရ

မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အမှတ် ၁ ရဲ စခန်းအနီး လမ်းများ ပိတ်ထားခြင်းကို စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းတွင် မြင်တွေ့ရစဉ်။(photo.Eleven media group)
လက်ပန်းတောင်းတောင်အရေးကိစ္စနှင့်ဖမ်းဆီးခံရသူ(၁၂)ဦးထဲမှ(၉)ဦးပြန်လည် လွတ်မြောက်လာခဲ့ ပြီဟု ၀က်မှေးရွာသားတစ်ဦးကဆိုပါတယ်။

မသွဲ့သွဲ့ဝင်း၊မအေးနက်၊မဖြူဖြူဝင်း (၀က်မှေးရွာ)မှ(၃)ဦး ကျန်ရှိနေသေး ပါတယ်။ အထဲမှာ ညင်းပန်းနှိပ်စက်မှုတွေကို အပြင်းအထန်ခံစားခဲ့ရတယ်။ ရဲမဟုတ်တဲ့ အရပ်သားလူမိုက်တွေ လူမိုက်မတွေနဲ့ဝိုင်းပြီး ဆောင့်ကန်တာ တွေ ဆံပင်ဆွဲဆောင့်တာတွေခံခဲ့ရတယ်။ည(၂)နာရီကျော်ကလွတ်ပေးလိုက် တာ။မအေးနက် ၊မသွဲ့သွဲ့ဝင်း ၊မဖြူဖြူဝင်းတို့ကိုလည်းဘယ်ကိုခေါ်သွားမှန်း မသိရပါဘူး။

ကျွန်မတို့အခုလွတ်လာတဲ့(၉)ယောက်ထဲက-မစန်းစန်းလှ ဆိုရင် ရဲတွေက ဆောင့်ကန်လို့ အခုထတောင်မထနိုင်ပါဘူး။ အတွင်ခံ ဘော်လီအင်္ကျီကစဆွဲ ဆောင့်လို့ကြိုးတွေပြတ်ကုန်တယ်။ရဲတစ်ယောက်ရဲ့အင်္ကျီကြယ်သီးတောင်သူ့အင်္ကျီမှာ ငြိပါလာတာ စဉ်းစားတာကြည့်ကြပါ။ထမီကျွတ်တာတောင်ရဲ သားက၀တ်ခွင့်မပေးခဲ့ဘူး။မဒိမ်းကျင့် မစော်ကားရုံတစ်မယ်ပါဘဲ။ကျွန်မတို့ကိုဝင်ဆွဲပြီးလုံးလားထွေးလားဖြစ်တဲ့အချိန်ကည(၁၀နာရီလောက်မှာမီးတွေလည်းအကုန်ပိတ်ပြီးအခုလိုဝင်လုံးတာ။ကျွန်မတို့နဲ့ လုံးထွေသတ်ပုတ် တာတွေဖြစ်ကုန်တယ်ဟု ပြန်လည်လွတ်မြောက်လာသူများက ဆိုတယ်။
ရဲမေများ ၊ရဲများ ၊ရဲတပ်ဖွဲ့မှငှားထားသောလူမိုက်များ၏ရိုက်နှက်မှု ၊ဆံပင်ဆွဲ ဆောင့် ၊ဆောင့်ကန်မှုတွေကြောင့် အပြင်းအထန်ဒဏ်ရာများရရှိပြီး အိပ်ယာ ထဲမှ မထနိုင်အောင်လဲနေသော ၀က်မှေးကျေးရွာသူ တစ်ဦးအားတွေ့ရစဉ်။
မုံရွာခရိုင်အုပ်ချုပ်ရေးမှူးကြီး-ဦးခင်မောင်စန်း ၏ပုံ။

ဆန္ဒထုတ်ဖော်သူများကိုဖမ်းဆီးထိန်းသိမ်းရန်အတွက် ရဲတပ်ရင်းများ အင်အားတိုးချထားလျှက်ရှိပြီး ဘူတာလမ်းမကြီးပိတ်ထားလိုက်ပြီဖြစ်သည်။ အဆိုပါရဲတပ်ရင်းများကို မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူး-ဦးတင်ထွန်း ၊မုံရွာခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စန်း တို့ကအနီးကပ်ညွန်ကြားအုပ်ချုပ်လမ်းညွန် လျှက်ရှိနေကြောင်းကိုလည်းသိရသည်။
ဆန္ဒထုတ်ဖော်သူများနှင့် စစ်ကိုင်းရဲတပ်ရင်း(ဒုတ်ဒိုင်းကိုင်)အဖွဲ့တို့ကို မြစန္ဒာ ရုပ်ရှင်ရုံရှေ့တွင်တွေ့ရသောမြင်ကွင်း။

ThanLarWaddy Times

1 comment:

  1. No surprise!!! These police and people are motivated by greed and to keep their position in service which is non-democratical acts!! Pity these women who are helpless and who didn't do anything wrong, just for expresssing their interest!! Is it fair for being beaten by a group of ruthless people????

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.