Friday, February 10, 2012

0 ဒေါ်အောင်ဆန်းစုကြည်အား ယူနက်စကိုအဖွဲ့ကြီးက မက်ဒန်ဂျီဆင်းဆု လာရောက်ပေးအပ်မည်

Video-Message of Daw Aung San Suu Kyi, laureate of the 2002 UNESCO-Madanjeet Singh Prize for the Promotion of Tolerance and Non-Violence, Nobel Peace Prize laureate (1991), UNESCO's International Simon Bolivar Prize (1992) on the occasion of the commemoration of the 2011 International Day for Tolerance and acceptance of the 2002 UNESCO-Madanjeet Singh Prize.
ကုလသမဂ္ဂ ယူနက်စကို အဖွဲ့ကြီးက ဒေါ်အောင်ဆန်းစုကြည်အား ယူနက်စကို-မက်ဒန်ဂျီဆင့် ဆုဖလား (Trophy Of the UNESCO-Madanjeet Singh Prize) ကိုချီးမြှင့်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂရုံးက သတင်း ထုတ်ပြန်သည်။

ထိုဆုကို လာမည့်ဖေဖော်ဝါရီလ ၁၀-ရက်နေ့နံနက်တွင် ယူနက်စကို ညွန်ကြားရေးမှုးချုပ် ကိုယ်စား အမှုဆောင်ဒါရိုက်တာ မစ္စတာယူဟေးဟိုဆိုဟား က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်ပေးအပ်မည် ဖြစ်သည်။

ထိုဆုသည် သည်းခံစိတ် ရှည်မှု၊ အကြမ်းမဖက်မှုများ မြှင့်တင်ခြင်းအတွက် ရည်ရွယ်၍ပေးအပ်သော ဆုဖြစ်ကြောင်း သိရသည်။ထိုဆုအား ယူနက်စကို ၏စေတနာရှင် သံတမန် အိန္ဒိယလူမျိုးပန်းချီပညာရှင် စာရေးဆရာနှင့် သံတမန်ကြီးဖြစ်သူ မစ္စတာ မန်ဒန်ဂျီဆင့်၏သူ့ဘဝ တစ်လျောက်လုံး ငြိမ်းချမ်းရေးနှင့် စိတ်ရှည်သည်းခံနိုင်ရေး တို့အတွက် အစဉ်တစ်စိုက် စွန့်လွှတ် ကြိုးစားခဲ့ခြင်းတို့အပေါ် ရည်ရွယ်၍ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

၁၉၉၅ ခုနှစ်တွင် မဟတ္တမဂန္ဒီကြီး၏ ၁၂၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် ယင်းဆုကို တီထွင်ခဲ့ခြင်းဖြစ်သည်။၁၉၉၆ မှစ၍ ထိုဆုကို ၂-နှစ်တစ်ကြိမ် ပေးအပ်ခဲ့ပြီး ဆုတန်ဖိုးမှာ ဒေါ်လာတစ်သိန်း ဖြစ်သည်။ ယခုအချိန်အထိဆုရရှိသူ လူပေါင်း(၈)ဦး ရရှိပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုဆုကို ၂၀ဝ၂ ခုနှစ်ကရရှိခဲ့ပြီး ယခုမှ ယူနက်စကို အဖွဲ့က ကိုယ်ထိလက် ရောက်ပေးအပ်ခြင်း ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းမ်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.