Wednesday, October 3, 2012

0 မြန်မာ-အမေရိကန် စစ်ရေးပူးပေါင်းလေ့ကျင့်မည်မပာုတ်ကြောင်း သမ္မတငြင်းဆို

ပြင်ပ၌ သတင်းထွက်ပေါ်လျက်ရှိသည့် မြန်မာ့တပ်မတော်နှင့် အမေရိကန်တပ်ဖွဲ့များ ပူးပေါင်း၍ စစ်ရေးလေ့ကျင့်မည်ဆိုသည့် သတင်းများမှာ ပာုတ်မှန်ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ငြင်းဆိုခဲ့ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့ မြန်မာမီဒီယာပိုင်းဆိုင်ရာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“တပ်မတော်ကိုစပြီးတော့ ပြုပြင်ပြောင်းလဲနေတဲ့ အနေအထားတွေရှိပါတယ်။ အဲဒီတော့ အမေရိကန်နဲ့ပူးပေါင်းပြီးတော့ ထရိန်နင်တွေပေးဖို့တို့ စစ်ရေးလေ့ကျင့်ဖို့တို့ ဘာတို့ ဒါတွေကတော့ ကျွန်တော်တို့ အစီအစဉ်မရှိပါဘူး။ နောင်လည်း ကျွန်တော်တို့ရှိစရာတော့လည်း သိပ်အကြောင်းမရှိပါဘူး”ပာု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ့တပ်မတော်အနေဖြင့် Standard Army ဖြစ်နိုင်ရန် အမေရိကန်နိုင်ငံသာမက တရုတ်၊ ရုရှား၊ ဂျပန် စသည့်နိုင်ငံများ နည်းပညာ၊ အတတ်ပညာများကို ရယူရမည်ဖြစ်ပြီး တိုင်းပြည်စီးပွားရေးတက်လာသည်နှင့်အမျှ တစ်ဦးချင်းဝင်ငွေများပြားလာပြီး တပ်မတော်သားများအပြင် အခြားဝန် ထမ်းများကိုလည်း အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။

“သမ္မတကြီးရဲ့ အမေရိကန်ခရီးစဉ်မှာ မြန်မာပိုင်းဆိုင်ရာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ဒီစကားကိုပြောသွားတာပါ။ ပြီးတော့ လက်ပံ တောင်းတောင်ကိစ္စ၊ တိုင်းရင်းသားရေးရာတွေနဲ့၊ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာကိစ္စတွေကိုပါ ပြောသွားပါတယ်။ အမေရိကန်နိုင်ငံနဲ့ စစ်ရေးပူးတွဲ လေ့ကျင့်မယ်ဆိုတဲ့ကိစ္စ သမ္မတကြီးကိုယ်တိုင်မပာုတ်ပါဘူးလို့ ပြောခဲ့ပါတယ်”ပာု အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့တပ်မတော်အနေဖြင့် အမေရိကန်နှင့် ပူးတွဲစစ်လေ့ကျင့်မှုများ ပြုလုပ်သွားမည်မပာုတ်ဘဲ အမေရိကန်နိုင်ငံ၏ နည်းပညာနှင့် အတတ်ပညာ များကိုသာ လေ့လာသွားမည်ဖြစ်ပြီး တပ်မတော်၏အဓိကအလုပ်အနေဖြင့် တိုင်းပြည်ကိုသာ ကာကွယ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြားသွားခဲ့သည်။

yangon chronicle

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.