Saturday, October 6, 2012

0 NLD အမတ်လောင်းကိုဇေယျာသော်နဲ့ အမေရိကန်သမ္မတ အိုးဘားမား


ကမ္ဘာပေါ်မှာ မဖြစ်နိုင်တာ မရှိဘူး၊ မဖြစ်သေးတာပဲ ရှိတယ်ဆိုတဲ့ စကားကို ဒီပုံထဲက လူသားနှစ်ဦးက သက်သေပြနေတာပါ။ အိုဘားမား - အမေရိကန်နိုင်ငံရဲ့ ပထမဦးဆုံးသော လူမည်း သမ္မတ။ ဒီလို လူမည်းမျိုး ဒီလို နိုင်ငံမှာ သမ္မတ ဖြစ်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဇေယျာသော် (Nitric Acid) - မြန်မာနိုင်ငံကို Hip Hop ဂီတနဲ့ ပထမဦးဆုံး စတင်မိတ်ဆက်ပေးခဲ့သော အက်ဆစ်အဖွဲ့ရဲ့ Nitric နေရာက ငါ ဇေယျာသော် ။ ဂီတ အနုပညာလိုင်းကနေ နိုင်ငံရေးဖက်ကို ကူးပြောင်းသွားပြီး အကျဉ်းကျသွားခဲ့တဲ့ ပုဂ္ဂိုလ်။ မမျှော်လင့်ထားတဲ့ အချိန်မှာ ပြန်လည် လွတ်မြောက်လာပြီး ဘယ်လိုမှ ဖြစ်နိုင်ခြေမရှိတဲ့ နေပြည်တော် မဲဆန္ဒနယ်ကနေ အနိုင်ရလာခဲ့တဲ့ NLD အမတ်လောင်း။ အခု ဒီလိုမျိုး ပုဂ္ဂိုလ်နှစ်ဦး အိမ်ဖြူတော်မှာ လက်ဆွဲ နှုတ်ဆက်ဖြစ်ခဲ့ကြတယ်။ သိပ်သေချာတယ်.......... လောကမှာ မဖြစ်နိုင်တာ မရှိဘူး၊ မဖြစ်သေးတာပဲ ရှိတယ်။

Mai Ko Ko Kham

Zayyar thaw facebook

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.