Sunday, September 30, 2012

0 ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်တယ်လို့ ပြောတဲ့ သမတဦးသိန်းစိန်နဲ့ ဘီဘီစီ၏ Hardtalk အစီအစဉ် တွေ့ဆုံ မေးမြန်းခန်း(ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်နိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဘီဘီစီ၏ Hardtalk အစီအစဉ်နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့က ပြောသွားပါတယ်။

မေးခွန်းမေးသူက ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတ မဖြစ်နိုင်တာကို သမ္မတ ဖြစ်လာနိုင်ရေး ဦးသိန်းစိန် အနေနဲ့ ဖွဲ့စည်းပုံကို ပြင်လို့ ရနိုင်ပါ့မလားလို့ မေးမြန်းခဲ့ရာမှာ ဖွဲ့စည်းပုံကို ပြည်သူတရပ်လုံးနဲ့ လွှတ်တော်က ပြင်ဆင်နိုင်တယ် လို့ ဆိုပါတယ်။

“သူမ အနေနဲ့ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာတယ်၊ မဖြစ်လာဘူး ဆိုတာ ပြည်သူတွေရဲ့ ဆန္ဒ သဘော ထားအပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ ပြည်သူတွေက သူမကို လက်ခံတယ်ဆိုရင် ကျွန်တော့် အနေနဲ့ သူ့ကို လက်ခံ ရမှာပါပဲ”လို့ ဦးသိန်းစိန် က ပြောခဲ့တာပါ။

NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကတော့ ပါတီအနေနဲ့ အခုအချိန် မှာ ခေါင်းဆောင်မှုပိုင်းမှာ လူ ငယ်တွေ အလိုရှိတဲ့အကြောင်း၊ ၂၀၁၅ အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ပါတီညီလာခံကို ကျင်းပဖို့ လုပ်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအရ သမ္မတ မဖြစ်နိုင်ပေ မယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း လက်ရှိ လူထု ထောက်ခံမှု၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထု အားကိုးမှု စသည့် အခြေအနေများအရ မဲ အများစုဖြင့် အနိုင်ရမယ်လို့ ယုံကြ ပါကြောင်း ပြောပါတယ်။

“ဒီပုံစံအတိုင်းဆိုရင် ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုလုပ် သမ္မတ ဖြစ်နိုင်မလဲ၊ ကျနော် တို့ အများစု မဲနိုင်ချင်နိုင်မယ်၊ ဒါပေမယ့် ဒီ အခြေခံ ဥပဒေ ငုတ်တုတ်ကြီး ရှိနေသေး ရင် ဒေါ်အောင်ဆန်းစုကြည် လို ပုဂ္ဂိုလ်မျိုးဟာ ဘယ်လိုမှ သမ္မတ မဖြစ်နိုင်ဘူး” လို့ ဦးဝင်းတင်က ဆိုပါတယ်။

မကြာသေးခင်က ဒု သမ္မတ ရွေးပွဲတွင် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို တင်ခဲ့ပေမယ့်လည်း သူရဲ့သားသမီးတွေ ထဲမှ သြစတြေးလျတွင် နိုင်ငံသား ခံယူထားသူ ရှိတာကြောင့် ဒု သမ္မတရာထူးကို မရခဲ့ကြောင်း၊ ဒီကိစ္စနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတ နေရာ ရရှိနိုင်ဖွယ် မမြင်ကြောင်း ဦးဝင်းတင်က ဆက်ရှင်းပြပါတယ်။

“ငါတို့ ဗိုလ်ချုပ်ကြီးတယောက်ကို သမ္မတ နေရာ တင်တာကိုတောင်မှ သူ့သားသမီးတွေထဲက သြစတြေးလျမှာ နိုင်ငံသား ခံယူထားသူ ရှိတဲ့အတွက် ပယ်လိုက်တယ်ဆိုတဲ့ အစဉ်အလာ တခု လုပ်ပြီးတဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုးတကြိုး ချည်လိုက်တာ တွေ့ရတယ်” ဟု ဦးဝင်းတင်က သုံးသပ်ပြသည်။(ဧရာဝတီ)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.