Friday, October 5, 2012

0 မြန်မာနိုင်ငံတွင် ဥပဒေများ အသက်ဝင်စေခြင်း

(3 Oct 2012ရက်စွဲပါ The Wall Street Journal )မှ Robert Pe ရေးသားသော Bringing Law to Burma ကိုဘာသာပြန်ဆိုသည်)

ကမ္ဘာ့စီးပွားရေးလုပ်ငန်းများသည် ရုတ်တရတ် မြန်မာနိုင်ငံသို့ ဦးတည်နေကြသည့် သဘောရှိသည်။ စစ်အစိုးရက တင်းကြပ်စွာကိုင်တွယ်နေရာမှ သမ္မတဥင်္ီးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရ အာဏာရယူ၍ ဖြေလျာ့မှုများပြုလုပ် လာခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အားလွှတ်တော်တွင် ပါဝင်ခွင့်ပြုခြင်း ကဲ့သို့သော နိုင်ငံရေးအရ ပြောင်းလဲမှုများသည် ဥရောပသမဂ္ဂနှင့်အမေရိကန်တို့ကို အရေးယူမှုများအား ဖြေလျော့မှုသို့မဟုတ် ရုတ်သိမ်းမှုများကိုဖြစ်စေခဲ့ပြီး စီးပွားရေးအရ တံခါးပွင့်လာစေသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွားရေးအတွက် တံခါးဖွင့်ခဲ့သောကြောင့် ဦးသူအသာရစမြဲ ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်လျက် ရှိသည်။ သို့သော် မြန်မာအစိုးရ သော်လည်းကောင်း နိုင်ငံခြားကုမ္ပဏီများသော်လည်းကောင်း လျှောက်ရမည့် လမ်းသည် ဖြောင့်ဖြူးနေ ပါသည်ဟု လက် ခံခြင်း မရှိကြသေးပေ။ အကယ်၍ အစိုးရသည် ယခုအားလုံးက စုပြုံစိတ်ဝင်စားမှုသည် အရှိန်အဟုန် ကောင်းလာစေလိုပါက စိန်ခေါ်မှုများစွာကို ကြုံတွေ့ ရမည် ဖြစ်သည်။

အရေးကြီးဆုံး ကိစ္စမှာ တရားဥပဒေ စိုးမိုးမှုဆိုင်ရာ အခြေခံများပင် ဖြစ်လိမ့်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်းငါးဆယ်မျှ စစ်အစိုးရက ဗဟိုမှ စီမံပြီး တံခါးပိတ် စီးပွားရေး နိုင်ငံအဖြစ်မှ ရုန်းထွက်ခဲ့ရသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အစိုးရသည် ဈေးကွက်စီးပွားရေး ပီပြင်စွာ ဖြစ်ပေါ်လာရေး အတွက် တရားဥပဒေဆိုင်ရာ အခြေခံ အဆောက်အဦများကို အရေးပေါ် စတင်လုပ်ဆောင်ရန် လိုအပ်သည်။ ထိုသို့လုပ်ဆောင်ရန် ထောက်ချွန်နှစ်ခုနှင့် ထိန်းမ ချဉ်းကပ်မှု လိုအပ်သည်။

ပထမတစ်ခုမှာ အစိုးရသည်ပြည်တွင်း တရားဝင် အဖွဲ့အစည်းများ ဥပဒေများကို အဆင့်မြှင့်တင်ပေးရန် လိုအပ်သည်။ထိုသို့လုပ်ဆောင်ရာတွင် တရားဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်သည် အခြေခံကျသော ခြေလှမ်းတစ်ခုဖြစ်သည်။ အကြောင်းမှာ အဆိုပါဥပဒေတွင် နိုင်ငံခြား ကုမ္ပဏီ များအတွက် ကန့်သတ်ထားသော စက်မှုလုပ်ငန်းများနှင့် ၎င်းတို့ခန့်ထားရမည့် မြန်မာနိုင်ငံသားစသည်တို့အပါအဝင် သိသင့်သည့်အချက်များရှင်း လင်းသွားမည် ဖြစ်သောကြောင့်ဖြစ်သည်။ လက်ရှိအားဖြင့် အဆိုပါ ကိစ္စများနှင့် ပတ်သက်သော အစိုးရ၏ မူဝါဒများ သည် ရှင်းလင်းပြတ်သားခြင်း မရှိသေးပဲ အမိန့်အာဏာဖြင့် တရားမျှတမှု မရှိသေးသည့် သဘောတွင်ရှိသည်။ အဆိုပါဥပဒေတွင် နိုင်ငံခြားစီးပွားရေး လုပ်ငန်းများအတွက် အခြေခံ ပိုင်ဆိုင် ခွင့်များ၊ အတိအကျဆိုသော် ငှားရမ်းခြင်းဆိုင်ရာ များကိုရှင်းရှင်းလင်းလင်း ဖော်ပြမည်ဖြစ်ပြီး အခွန်ကင်းလွတ်ခွင့်လည်း ပိုပေးမည်ဖြစ်သည်။

အဆိုပါဥပဒေသည် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်သော်လည်း ၎င်းသည် မြန်မာနိုင်ငံတွင် လိုအပ်သော တရားဝင်မှုများ စုစည်းရေးအတွက် အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်။ောက်ထပ်အဓိက စိန်ခေါ်မှု တစ်ခုမှာ မြန်မာနိုင်ငံ၏ ကုမ္ပဏီများအက်ဥပဒေကို ပြောင်းလဲရေးဖြစ်သည်။ ၎င်းသည် ၁၉၁၄ခုအက်ဥပဒေကို အခြေခံ၍ အံသြဖွယ်အပြောင်းအလဲများစွာ လုပ်ဆောင်ထားသော ဥပဒေဖြစ်သည်။ ထို့ပြင်မြန်မာနိုင်ငံတွင် ခေတ်မီသော ဥပဒေများ မရှိခြင်းက ထပ်မံပေါင်းထည့် လိုက်သောအခါ ကုမ္ပဏီဒါရိုက်တာများ၏ တရားဝင်လုပ်ငန်း တာဝန်များသို့မဟုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသော ကုမ္ပဏီများ နှင့် ပတ်သက်၍ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပေ။ ကုမ္ပဏီဥပဒေသစ်တစ်ခုသုံးသပ်ရေးဆွဲ၍ အစားထိုးနိုင်ရန် ဆိုလျှင်နှစ်အတန်ငယ်ကြာနိုင်သည်။

ထို့ပြင် အစိုးရသည် ပြဋ္ဌာန်းထားသော ဥပဒေများကို သေချာစွာ အကောင်းအထည်ဖော်နိုင်ရေးကိုလည်း အာရုံပြုရန်လိုအပ်သည်။ ဒေါ်အောင် ဆန်းစုကြည်ကလည်း မကြာသေးခင်က ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ မယ့်သူတွေ ကိုသတိပေးလိုပါတယ်။ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ ရှိနေသည့်တိုင်၊ ဒီဥပဒေတွေကို တရားမျှတအောင် လုပ်ပေးမယ့် လွတ်လပ်ပြီး သန့်ရှင်းတဲ့ တရားရုံးတွေ မရှိရင် အသုံးမဝင်နိုင်ပါဘူး”ဟု သတိ ပေးခဲ့သည်။

လက်ရှိအားဖြင့် အဓိကကျသော နိုင်ငံခြားရင်းနှီးမြှုပ်မှု မှန်သမျှသည် ၎င်းတို့၏ အမှုဆောင်အရာရှိတစ်ဦးကို နေပြည်တ်ာရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော်မရှင်မှ လူကြီးတစ်ဦးအား တွေ့ဆုံစေလွှတ်ရေး လိုအပ်သည်။ အရာရှိငယ်များသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သော စည်းမျဉ်းများကို ရှင်းရှင်းလင်းလင်း သဘောပေါက်ခြင်း မရှိခြင်း သို့မဟုတ် အပေါ်မှ မီးစိမ်းပြမှသာ လုပ်ဆောင်ခွင့်ရှိကြသည်။

ထိုအချက် သည် အသစ်ဖြစ်ပေါ်မှုများကို အကန့်အသတ်ထားသည့် နှယ်ရှိသည်။ MICသည် ခေတ်နောက်ပြန်ဆွဲသည့် အဖွဲ့ကြီးသဖွယ်ဖြစ်ပြီး ဆင်ပြောင်ကြီး အမြီးရောက်မှ တစ်သော ဖြစ်ရပ်များကို ဖန်တီးပေးသကဲ့သို့ရှိသည်။ ထို့ကြောင့် အဂတိလိုက်စားရန် အခွင့်အလမ်းများ ဖန်တီးပေးသကဲ့သို့ ရှိကာ၊ တာဝန် ရှိသူတစ်ဦး၏ လက်ထဲတွင်သာ ဆုံးဖြတ်ခွင့်အာဏာ ထည့်ထားခြင်းကြောင့် ဥပဒေကို တရားမျှတမှုမရှိစွာ အကောင်းအထည်ဖော်နေသည့် နှယ်ဖြစ် နေသည်။ ပြည်တွင်းတွင် ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးရေးကိုပင် MIC ၏အတည်ပြုချက်ရယူနေရသော အဖြစ်မျိုးကိုပင် ကြည့်ကြ ပါတော့ ဟု ဆိုချင်သည်။ မကြာသေးခင် ကာလများ အတွင်းက MICသည် ရင်းနှီးမြှုပ်နှံသူများ လွယ်ကူစေရန် လုပ်ဆောင်လာခဲ့သော်လည်း ၎င်းတို့ကိုယ် တိုင် ဝန်ခံချက်အရ အကောင်အထည်ဖော်ရန် ဝန်ထမ်းလုံလောက်မှု မရှိကြောင်း သိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံအတွင်း လည်ပတ်နေသော အရင်းအနှီးများ စာရင်းလွှဲပြောင်း ပေးပို့ရေးအတွက် စည်းမျဉ်းများမှာ ခန့်မှန်း၍ မရနိုင်ပေ။ ကြွေးများပြန်လည်ပေးခြင်း၊ ပေးရန်ငွေများ ပေးချေးခြင်းများတွင် ချော့မွေ့မှုရှိသော်လည်း အမြတ်ငွေများကိုပြန်လည်ပေးပို့ရာတွင် နိုင်ငံခြား ငွေလဲလှယ်ရေး စီမံခန့်ခွဲမှု ဘုတ်အဖွဲ့၏ ခွင့်ပြုချက်လိုအပ်သည်။

ထိုပြဿနာများကို ဖြေရှင်းရာတွင် တရားသူကြီးများ၊ ဥပဒေပညာရှင်များနှင့် အစိုးရ တာဝန်ရှိသူများ ကိုမလွဲမသွေ ပညာပေးခြင်းများ ပါဝင်ရာချိန်ယူရမည်ဖြစ်သည်။ ယခုအခါ အခြေအနေတွင်မူ အစိုးရသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား ယာယီကာကွယ်စောင့်ရှောက်မှုများဖြင့် အာမခံ ရန် လိုအပ်သည်။ ယခုအခါ မြန်မာနိုင်ငံ ပြည်တွင်းဥပဒေများကို အဆင်မြင့်တင်လျှက်ရှိသည့်နည်းတူ နယ်စပ်ကုန်သွယ်ရေးကို စီမံသော စနစ်များကို နိုင်ငံတကာစံများနှင့် အညီ အရှိန်မြှင့်တင်ရေး လိုအပ်လျက်ရှိသည်။ အစိုးရက ခွင့်ပြုမည်ဆိုပါက နိုင်ငံတကာမှ ကြားဝင်ဆောင်ရွက်ပေးမှု International Arbitrationက ကူညီပေးနိုင်မည်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများ အနေဖြင့် မြန်မာနိုင်ငံပြင်ပတွင် နိုင်ငံတကာမှ ကြားလူများ ရွေးချယ်ခွင့်ပြုသင့်သည်။ သို့မှသာ မြန်မာနိုင်ငံတွင်း တရားမျှတသော အခြေအနေဖြစ်လာပြီး ယုံကြည်မှု ရှိလာမည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံသည် Recognition and Enforcement of Foreign Arbitral Awards ဆိုင်ရာ နယူးယောက် သဘောတူညီချက်ကို သဘောတူရန်လိုအပ်သည်။ အဆိုပါ သဘောတူညီချက်ကို နိုင်ငံပေါင်း တစ်ရာ့လေးဆယ်က သဘောတူပြီးဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံသည် အငြင်းပွားမှု ဥပဒေကို ပြန်လည်ပြင်ဆင်ရန် လိုအပ်သည်။ ၎င်းသည် ၁၉၉၄ ခုနှစ်မှ ဥပဒေဖြစ်နေသည်။ ထိုဥပဒေတွင် နိုင်ငံတကာ ကုန်သွယ်ရေးဥပဒေနှင့် ပတ်သက်သော ကုလသမဂ္ဂ ကော်မရှင်(UNCITRAL) ကို လက်ခံရန်ဖြစ်သည်။ အဆိုပါ ကော်မရှင်သည် နိုင်ငံများက ၎င်းတို့၏ အငြင်းပွားမှု ဆိုင်ရာ ဥပဒေများကို ခေတ်မှီအောင် ပြုပြင်ရာတွင် အကူအညီပေးရန်ဖြစ်ပြီး နိုင်ငံတကာ ရောင်းဝယ်မှု အငြင်းပွားခြင်းများအတွက် အဖြေကို အဆင်သင့်ပေးနိုင်အောင် ကူညီနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယနေ့ စိန်ခေါ်မှုများမှာ ကြီးမားလွန်းလှပြီး မည်သည်ကို ဦးစားပေးရမည် ဆိုသည်ကို သတ်မှတ်ရေးကပင် စိန်ခေါ်မှုဖြစ်နေသည်။ သို့သော် ရှင်းနေသည့် အချက်မှာ တရားဥပဒေ စိုးမိုးရေးကို ထိပ်ဆုံးက ထားရှိရမည်ဆိုသည့် အချက်ပင် ဖြစ်သည်။ အကယ်၍ မြန်မာနိုင်ငံသည် ကော်ပိုရေးရှင်းများနှင့် ပက်သက်သော ဥပဒေကို မှန်ကန်စွာ ချမှတ်နိုင်ပါက အများအသိအမှတ်ပြုနိုင်သော တိုးတက်မှုကို ရနိုင်မည် ဖြစ်ပါသည်။

Yangon chronicle

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.