Sunday, September 30, 2012

0 အာဇာနည်ခေါင်းဆောင်ကြီး၏ သမီးကွယ်လွန်ခြင်း

အာဇာနည်ခေါင်းဆောင်ကြီး ဦးဘ၀င်း၏ သမီးကြီး ၊ ဒေါ်အောင်ဆန်းစုကြည်၏ အစ်မ၀မ်းကွဲ ၊ ဒေါ်တင်လှဝင်း အသက် (၇၆)နှစ် ကွယ်လွန်
အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း + ဒေါ်ခင်စော တို့၏ သမီးကြီး ဒေါ်တင်လှဝင်း အသက် (၇၆) နှစ်သည် ၂၈.၉.၂ဝ၁၂ ရက်နေ့ နံနက် (၄း၃ဝ) နာရီအချိန်တွင် ကွယ်လွန်သွားခဲ့ပြီး ယင်းနေ့ နံနက် (၁ဝးဝဝ) နာရီအချိန်၌ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီဖေးမ ပို့ဆောင်ပေးခဲ့သည်။

    ဈာပနအခမ်းအနားအား ၃ဝ.၉.၂ဝ၁၂ (တနင်္ဂနွေနေ့) ညနေ (၄းဝဝ ~ ၅းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်ရှိ ခန်းမဆောင် (၁/က) ၌ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စီစဉ်ဆောင်ရွက်မည် ဖြစ်ပါ သဖြင့် အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သမီးကြီးဖြစ်သူ ဒေါ်တင်လှဝင်းအား ခင်မင်လေးစားကြ သည့် နယ်ပယ်အသီးသီးမှ ဆွေမျိုးမိတ်သင်္ဂဟများ အားလုံးအတွက် အသိပေး နှိုးဆော်အပ်ပါသည်။

(ညနေ (၅းဝဝ) နာရီအချိန်တွင် မီးသင်္ဂြိုလ်မည်ဖြစ်ပါသည်။)

FFSS

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.