Thursday, December 20, 2012

0 “တဦးနဲ့တဦး ပေါင်းတယ် ဆိုလို့သာ ပေးတာ” (၁) -ကိုမျိုး(မြန်မာစာ)

“ဂြီ...သက္ကရာဇ်တစ်ထောင့်သုံးရာကိုးခုနှစ်ပြာသိုလဆုတ်၉ရက်တနင်္ဂနွေနေ့ ဤငါတို့ မြန်မာပြည်လုံးဝလွတ်လပ်သောအချုပ်အခြာအာဏာပိုင်ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအဖြစ်ကောင်းစွာရောက်သတည်း”၁၉၅၀ပြည့်နှစ်ဒီဇင်ဘာ၂၅ရက်နေ့ ကတည်း ကစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သောလွတ်လပ်ရေးကျောက်တိုင်ကြီးကိုငေးစိုက်ကြည့်ရင်းနှတ်မှရေရွတ်ဖတ်မိလိုက်ပြန်ပါပြီ။ သမီးနှင့်အတူနံနက်စောစောထလမ်းလျှောက်ဖြစ်လေတိုင်းဤစာကိုဖတ်ဖြစ်လေ့ရှိသည်မို့ စာသားကိုကြည့်ကာဖတ်ကာရေရွတ်မိခဲ့လေသည်လား၊

ရင်ထဲစွဲငြိနေခဲ့ပြီးစာသားမို့ အလွတ်ရွတ်ဆိုနိုင်ခဲ့ခြင်းလားဆိုသည်ကိုတော့ယခုတစ်ကြိမ်မှာကြံကြံဖန်ဖန်တွေးမိ။တွေးလက်စနှင့်တွေးမိပြန်သည်က“ရွတ်ဆိုကျင့်ကြံဒီမိုကရေစီစံ”ဆိုသည့်၈၈မျိုးဆက်ကျောင်းသားကိုဂျင်မီ၏စာအုပ်ခေါင်းစဉ်။ထိုမှကျွန်တော်တို့ ရွတ်နေဆိုနေခဲ့သော်ငြားကျင့်သုံးရကောင်းမှန်းမသိခဲ့မူတွေဘယ်ရွေ့ ဘယ်မျှရှိခဲ့ကြသလဲဆိုသည်ကိုအတွေးရောက်ရပြန်၏။ဤတွင် ကျွန်တော်သတိလက်လွတ်မခံဘဲရေးထုတ်တင်ပြသင့်သည့်အကြောင်းအရာတစ်ခုကိုတွေးတောသတိရမိလိုက် ပါသည်။ဤသည်ကFacebookမှာတွေ့ ရသည့်ဂျင်းဖောမြေအကြောင်းနှင့်စပ်လျဉ်း၍ဗိုလ်ချုပ်မှဦးဘဆွေ နှင့်ဦးဖေခင်တို့  ထံပေးစာ။

************* “ကိုဘဆွေ - ကိုဖေခင်

ကနေ့ ဂျင်းဖောများနှင့် အစည်းအဝေးကို ခင်ဗျားတို့ဘဲ ဆက်လက် ဆွေးနွေးကြပါ -ကျွန်တော် မလာတော့ဘူး -အရင်က လျှော့ထားဒါထက်တော့ လျှော့လို့ မဖြစ်တော့ဘူး -အခုလျှော့ထားတာတောင် တိုင်းပြည်က ဘာပြောအုံးမယ် မသိသေးဘူး ပီးတော့ ဒီလိုပေးတယ် ဆိုတာဟာလဲ တဦးနဲ့တဦး ပေါင်းတယ် ဆိုလို့သာ ပေးတာဘဲ သို့မဟုတ်ရင် ကျူပ်တို့ ပေးနိုင်မှာ မဟုတ်ဘူး -ကရင်ဘက်ကလဲ CID information
အရဆိုရင် riot တောင်လုပ်ဖို့ တချို့ ကြံနေကြတယ်လို့ သတင်းရတယ် -ဟုတ်မဟုတ်တော့ မပြောနိုင်ဘူး -ဘာဘဲ ဖြစ်ဖြစ် သူတို့ကိုတော့ နယ်နဲ့ပတ်သက်လို့ ရှိရင်တော့ သည့်ထက် မပိုနိုင်တော့ဘူး -We have reached the limit of our concession ဆိုတာ ပြောလိုက်ပါ -ဂျင်းဖော state နဲ့ နီးစပ်ရာနယ်တွေကို North Eastern Frontier Province ဖြစ်ဖြစ် လုပ်မယ်ဆိုရင်တော့ လုပ်နိုင်မလား မပြောတတ်ဘူး - ဒါပေမဲ့ ဒါကို အတိအကျ မပြောစေလို -

Don’t commit yourselves in this matter နဲနဲပါးပါးလေးသာdiscuss လုပ်ပြီး (အတည်မဟုတ်သေး) လို့ ရှင်းအောင် ပြောပြပါ -

အောင်ဆန်း ( ၂.၇.၁၉၄၇ ) General Aung San's letter to his chief negotiators”

ဤစာမှာပြည်ထောင်စုစည်းလုံးညီညွတ်ရေးတနည်းဆိုရရင်ငြိမ်းချမ်းရေးအတွက်ညှိနှိုင်းအဖြေရှာနေခဲ့သူဗိုလ်ချုပ် ၏စာပါ။ကချင်တိုင်းရင်းသားတွေနှင့်ညှိနိုင်းဆွေးနွေးစည်းဝေးကြမည့်ဦးဘဆွေ နှင့်ဦးဖေခင်တို့ ထံပေးစာ၊မှာကြားစာဟုသိရ၏။ ယနေ့ ကာလကချင်ပြည်နယ်မှာယမ်းငွေ့ တွေပြယ်ဖို့ အထူးဆန္ဒရှိနေသူပြည်ထောင်စုတိုင်းရင်းသားပြည်သူတို့ အတွက် သိသင့်သိထိုက်သောသမိုင်းဝင်စာတစ်စောင်ဟုဆိုသော်မမှား။

သြဂုတ်လ၊ ၁၃ရက်နေ့ က ကချင်ပြည်နယ် ၊ဖားကန့် ၊ဆွတ်ငိုင်ယန်ရွာ (Sut Ngai Yang)က (၉)တန်းကျောင်းသူ လေးမဂျာဆိုင်းအိန်တို့ ယခုဒီဇင်ဘာလ ၁၈ ရက်နေ့ ကကာမိုင်းရဲစခန်းတိုက်ပွဲဖြစ်စဉ်မှ ဒုရဲအုပ် အောင်တင်ဦး၏ မိခင် ဒေါ်မေမွှေးစိန်နှင့် ညီမမတင်မေအောင်တို့ လိုမြေဇာပင်တွေအရေအတွက်မည်မျှရှိခဲ့လေမည်နည်း။ လတ်တလောမှာပင်ကျွန်တော်အထူးစိတ်မရွှင်နိုင်အောင်ရှိနေသည်ပြဿနာကအစဉ်အလာကြီးလှသော ဂျင်းဖောမြေမှာကချင်တိုင်းရင်းသားတို့ ၏ရိုးရာမနောပွဲကြီးဆင်နွှဲဖို့ သင့်မသင့်လွန်ဆွဲနေသည့်သတင်းစကားအရဖြစ်၍ စစ်ပွဲသတင်းစကားတွေအရသူသူကိုယ်ကိုယ်ဟိုသူဤသူကိုအားမရသလိုလို၊မကျေနပ်သလိုလိုလက်ညှိးထိုးချင်သလိုလို ခံစားရစိတ်တွေဖြင့်စိတ်ထွေနေကြရခြင်း၊စစ်ပွဲအပြီးတိုင်ရပ်ဖို့ ဆန္ဒဖေါ်ထုတ်နေကြခြင်းဟာလွတ်လပ်ရေးဗိသုကာကြီးဗိုလ်ချုပ်တို့  တတွေအစွမ်းကုန်ရေးခြယ်သခဲ့၍လှပရသည့်ပြည်ထောင်စုကြီးအလှမပျက်စေလိုသည့်လိုအင်ဆန္ဒတွေအရဟုကျွန်တော်တော့ခံယူပါသည်။

ပြည်ထောင်စုကိုချစ်သူအားလုံးလည်းခံယူမိနိုင်ကြပါလိမ့်မည်။ ************* ကချင်တိုင်းရင်းသာေးတွနှင့်ညှိနိုင်းဆွေးနွေးစည်းဝေးကြမည့်ဦးဘဆွေနှင့်ဦးဖေခင်တို့ ထံပးစာမှာလွတ်လပ်ရေး ဗိသုကာကြီးဗိုလ်ချုပ်အောင်ဆန်း၏ပေးစာပါ“တဦးနဲ့တဦး ပေါင်းတယ် ဆိုလို့သာ ပေးတာ”ဆိုသည့်ဗိုလ်ချုပ်၏အမြင်စကားက ရှုတ်ထွေးနေသည့်ကျွန်တော့်ရင်ကိုတရားပြလိုက်သလိုရှိစေလိုက်၏။ကျေးဇူးတင်ပါသည်။ယခုရက်ပိုင်းအတွင်းဤစာကို စတင်ရှာဖွေထုတ်ဖေါ်တင်ပြလာတာသူကကျွန်တော်အထူးသတိပြုနေမိခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။ သတိပြုမိစရာကောင်းလောက်အောင်လည်းထိုသူဟာသူ့ facebookသက်တမ်းတစ်နှစ်တာအတွင်းအရေထူ၊အရေးထူးခဲ့(ထူးထူးခြားခြားရေးသားတင်ပြလို့ အရေးထူးသလိုသူ့ ကိုပြန်ရေးလည်းအရေထူခဲ့)သူမို့ ပါ။ဒါကအင်တာနက်လူမူကွန်ရက်facebookသုံးသူတိုင်းရှိ သင့်သည့်ကြန်အင်လက္ခဏာ။မည်သို့ ဆိုစေထိုသူနှင့်အမြင်မတူသယောင်ရှိသူတွေကပါသူဖွေရှာတင်ပြလာသောဗိုလ်ချုပ်၏ဤစာကိုအထူးတလည်သဘောကျကာပို့ စ်တင်လာကြသည်ကိုလည်းတွေ့ ရပြီမို့ ယနေ့ လူ့ ဘောင်လောကတွင်ဓမ္မဓိဋ္ဌာန်ကျခြင်းအားခုံ မင်မြတ်နိုးနေသေးသည့်အတွက်အားတက်ဝမ်းမြောက်ဖွယ်ဟုကျွန်တော်ဆိုချင်လာမိ၏။

ထိုနည်းလည်းကောင်းအထက်ပါဗိုလ်ချုပ်၏စာပါအကြောင်းအချင်းအရာတွေအနက်ဤကာလဤအခါသမယမှာပါ နိုင်ငံရေးငြိမ်းချမ်းရေးလူမျိုးရေးတို့ မှာညှိနိုင်းရေးမှူးအသွင်ဆောင်ရွက်ချင်နေသူတွေ၊တာဝန်အရဆောင်ရွက်နေကြရသူတွေ အထူးအတုယူလောက်သည့်အမြင်အတွေးလည်းယူသော်ရ၏ဆိုသလိုတို့ ခေါင်းဆောင်ဗိုလ်ချုပ်ပြောသမျှဟောသမျှရေးသမျှ စာတွေစကားတွေတရားတွေဟာယူ၍မကုန်နိုင်သောနိုင်ငံရေးတရားငြိမ်းချမ်းရေးတရားဘဏ္ဍာသိုက်ကြီးဟုပင်ခံယူချင်၏။ ခံယူချက်မတူကြသည့်တိုင်ဗိုလ်ချုပ်၏စာတွေစကားတွေကအချိန်သင့်အခါသင့်တိုင်းရေးပြည်ရေးအတွက်ပြဋ္ဌာန်းစာအုပ်တစ်အုပ်ပမာ ကျေးဇူးတရားကြီးမာနေလေသည်ကိုလက်ခံမူမှာတူကြသည်ကိုလည်းယခုဗိုလ်ချုပ်၏ဤစာကသက်သေပြခဲ့ပြီဟုလည်းဆိုနိုင်၏။ ဆိုခဲ့သလိုအမြင်မတူတွေကြားထဲဝိ၀ါဒမကွဲဘဲလက်ခံသဘောကျစရာကောင်းနေလွန်းသည့်ဤစာပါ“တဦးနဲ့တဦး ပေါင်းတယ်ဆိုလို့သာ ပေးတာ”ဆိုသည့်စကားအနက်အဓိပ္ပါယ်ဟာဓမ္မဓိဋ္ဌာန်ကျသည့်စကားဆိုတော့ကာအများနည်းတူကျွန်တော်လည်းလွတ်သဘော ကျခြင်းဖြစ်ကြောင်းထပ်မံညွှန်းဆိုပြီးကျွန်တော့်စာညွှန်းကိုအဆုံးသတ်ပါမည်။

အစွန်းမလွတ်၍နှစ်ဘက်သဘောကျကြခြင်းပုံသေနည်းအရမူလအစရှာဖွေတင်ပြလာသည့်ပုဂ္ဂိုလ်၏စေတနာကိုရော ယခုအခါfacebookတွင် တွင်တွင်ကျယ်ကျယ်အထပ်ထပ်ရှယ်နေလေကြကုန်သောမိတ်ဆွေအပေါင်း၏စိတ်စေတနာကိုပါအထူး လေးစားကျေးဇူးတင်မိပါကြောင်းနှင့်ဤစာကိုFacebookမိတ်ဆွေတို့ ကွန်ရက်နယ်ပယ်တွင်းဘယ်သူ ဘယ်ဝါစတင်သည်ဆိုခြင်းကိုအဓိကနှင့်သာမညခွဲကာဓမ္မဓိဋ္ဌာန်ကျသောစကားတွေမှာအရေးအရာတိုင်းမှာ မတူကွဲပြားသော်ငြားရူ့ ထောင့်အသီးသီးမှစိတ်စေတနာထားတင်ပြဆွေးနွေးညှိနှိုင်းနိုင်ကြခြင်းကဘုံရည်မှန်းချက် ပြည်ထောင်စုကြီးညီညွတ်ရေးငြိမ်းချမ်းရေးအတွက်ဟုကျွန်တော်ယုံယုံကြည်ကြည်ခံယူတင်ပြရင်း....

အမေစုရပ်တည်ဆောင်ရွက်နေမူကိုစာနာစွာဖြင့်

ကိုမျိုး(မြန်မာစာ)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.