(အသက် ၆၅ နှစ် အရွယ် လူနာအမျိုးသမီးကြီးတစ်ဦးအားကြည့်ရှုနေစဉ် )
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ကုသရေးဝန်ထမ်းများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား ယနေ့နံနက်တွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်၉နာရီ၄၀မိနစ်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာပြီး လူနာဆောင်များ၊အိမ်သာများ၊ဆေးသိုလှောင်ခန်းများနှင့် ဆေးပေးဆေးယူကိစ္စများကို ကြည့်ရှုစစ်ဆေးနေကြောင်းသိရသည်။ ပါမောက္ခဦးချစ်စိုးအခန်းသို့လည်း ၀င်ရောက်ကြည့်ရှုခဲ့ကြောင်း၊ ရန်ကုန်ပြည့်သူ့ဆေးရုံကြီး ၀န်ထမ်းများကဒေါ်အောင်ဆန်းစုကြည်သို့ သစ်ခွပန်းပန်းချီကားတစ်ချပ်အမှတ်တရအဖြစ်ပေးခဲ့ကြောင်း၊ ဆေးရုံကြီး၏လေ၀င်လေထွက် ကောင်းမကောင်း၊ သောက်ရေသန့်ရှင်းမှုများကိုလည်း မေးမြန်းနေကြောင်း၊ လူနာဆောင်(၁၊၂) ။လူနာဆောင် (၇၊၈) တို့ အပြင် သွားဆေးဘက်ဆိုင်ရာ အခန်း နှင့် သက်ကြီး၊သက်ငယ် လူနာများကို တွေ့ ဆုံ အားပေးခဲ့ ပြီး လူနာ များအားရင်းရင်း နှီးနှီးတွေ့ဆုံကာ အဆင်ပြေ မှု များရှိမရှိမေးမြန်းခဲ့ သည်။
ထို့ပြင် ဆေးရုံ အတွင်းပိုင်းများ မှ ပြင်ဆင်ရန် လို အပ်ချက်များနှင့် လက်ရှိ လုပ်ဆောင်နေမှုများကို ဆေးရုံတာဝန်ရှိပဂ္ဂိုလ် များကလည်း ပြန်လည် ရှင်းလင်းပြောကြားခဲ့ ပြီး ၁၀ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ဆေးရုံ ကြီးအတွင်းမှ ပြန်လည် ထွက် ခွာသွားကြောင်းသိရသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်မည့်အစီအစဉ် ကြောင့် ဆေးရုံအတွင်းကြိုတင် ပြင်ဆင်လုပ်ဆောင်ထားမှု မရှိကြောင်း လူနာများ၏ပြောပြချက်အရ သိရသည်။
ဓါတ်ပုံ။အောင်ကျော်လတ်-
ခွန်ဒီးယမ် Facebookမှ ရယူပါသည်.
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်