Saturday, December 22, 2012

0 ၈၈မျိုးဆက်ကျောင်းသားများရုံးတွင် ABSDF လူ့ဘောင်သစ် နဲ့ ကိုမင်းကိုယ်နိုင်တို့တွေ့ဆုံရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြ

ယနေ့ဒီဇင်ဘာလ၊(၂၁)ရက်နံနက်(၁ဝးဝဝ)နာရီကရန်ကုန်မြို့၊ဝေဇယန္တာလမ်းရှိ၈၈မျိုးဆက်ကျောင်းသားများရုံး၌ မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ရောက်ရှိလာကြသောဥက္ကဋ္ဌကိုသံခဲဦးဆောင်သည့် ABSDF အဖွဲ့နှင့် အထွေထွေအတွင်းရေးမှူးကိုငွေလင်းဦးဆောင်သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်များ၊ မင်းကိုနိုင် ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲအပြီးတွင် တွေ့ဆုံခဲ့ကြသည့်အဖွဲ့(၃)ဖွဲ့ကိုယ်စား မင်းကိုနိုင်၊ ကိုသံခဲနှင့် ကိုငွေလင်းတို့က ရောက်ရှိနေကြသော သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။ ထိုသို့တွေ့ဆုံရှင်းလင်းရာတွင် --

(၁)အဖွဲ့သုံးဖွဲ့စလုံး၏ ဆက်ဆံရေးကိုတိုးမြှင့်ဆောင်ရွက်သွားရန်၊
(၂) မတူညီသောဖြတ်သန်းမှုများကို အတွေ့အကြုံချင်းဖလှယ်ကြရန်၊
(၃) နိုင်ငံတကာနှင့်နယ်ပယ်အသီးသီးတွင်ပြန့်ကျဲနေသော ၈၈၈၈ အရေးတော်ပုံအင်အားစုများ၏ နိုင်ငံရေးဆွေးနွေးညှိနှိုင်းပွဲတစ်ရပ် ကျင်းပရန်၊
(၄) ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပိုမိုကျယ်ပြန့်သောနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတစ်ရပ် ကျင်းပရန် တို့ကို အဓိကရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတကာနှင့်နယ်ပယ်အသီးသီးတွင်ပြန့်ကျဲနေသော၈၈၈၈ အရေးတော်ပုံအင်အားစုများ ၏ နိုင်ငံရေးဆွေးနွေးညှိနှိုင်းပွဲ တစ်ရပ်ကို၂ဝ၁၃ ခုနှစ် ပထမ(၆)လအတွင်း ကျင်းပနိုင်ရန် ကြိုးပမ်းဖော်ဆောင်သွားမည်ကိုလည်း ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ရှင်းလင်းပွဲနိဂုးံချုပ်အနေဖြင့် မင်းကိုနိုင်က ယခုလိုကျနော်တို့(၃)ဖွဲ့စုစည်းမှုဟာတိုင်းပြည်အတွက်အပေါင်းလက္ခဏာသာဆောင်မှာဖြစ်ကြောင်း(၃)ဖွဲ့စလုံးကိုယ်စား ပြောကြားခဲ့သည်။

88 generation studients
Photo.. Moe htet myint

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.