Sunday, December 16, 2012

0 လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲမှုတွင် မီးလောင်ဒဏ်ရာရရှိခဲ့သော ရဟန်းသံဃာတော်များနှင့် သာမဏေများကို ပြည်ထောင်စုအစိုးရ(ကိုယ်စား) သမ္မတရုံးဝန်ကြီးဦလှထွန်းနှင့်အစိုးရအဖွဲ့က တောင်းပန်သည့်ပွဲ

Photo..Mg Ba Oo လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲမှုတွင် မီးလောင်ဒဏ်ရာရရှိခဲ့သော ရဟန်းသံဃာတော်များနှင့် သာမဏေများကို ပြည်ထောင်စုအစိုးရ(ကိုယ်စား) သမ္မတရုံးဝန်ကြီးဦလှထွန်းနှင့်အစိုးရအဖွဲ့က တောင်းပန်သည့်ပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်က မန္တလေးမြို့၊ မန္တလေးတောင်ခြေရှိ မဟာအတုလဝေယံ (အတုမရှိ)ကျောင်းတွင် ကျင်းပပြုလုပ်ရာ တောင်းပန်မှုကို သံဃာတော်များက လက်ခံတော်မူသည်။

အခမ်းအနားတွင် ပြည်ထောင်စုအစိုးရ (ကိုယ်စား) သမ္မတရုံးဝန်ကြီး ဦလှထွန်း၊ မြန်မာနိုင်ငံရဲချုပ် ကျော်ကျော်ထွန်း၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဒေါက်တာဝင်းလှိုင်နှင့် အစိုးရအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.