Wednesday, December 19, 2012

7 ဘုန်းကြီးတွေနိုင်ငံရေးမလုပ်ပါနဲ့တဲ့၊၀ိနည်းနဲ့မညီလို့ပါတဲ့၊ ဒါဆိုရင်ဦးသိန်းစိန်ရယ် စစ်သားတွေလည်းနိုင်ငံရေးမလုပ်နဲ့ပေါ့၊

ဦးသိန်းစိန်ကပြောတယ်၊ဘုန်းကြီးတွေနိုင်ငံရေးမလုပ်ပါနဲ့တဲ့၊၀ိနည်းနဲ့မညီလို့ပါတဲ့၊ ဒါဆိုရင်ဦးသိန်းစိန်ရယ် စစ်သားတွေလည်းနိုင်ငံရေးမလုပ်နဲ့ပေါ့၊ ဒါလည်းဝိနည်းမညီဘူးလေ၊ သေနတ်ကိုင်ပြီးအပေါ်စည်းကနိုင်ငံရေး စကားပြောတာ နိုင်ငံရေးမဟုတ်ဘူး၊အတိုက်အခံခေါင်းဆောင်တချို့ကလည်းပြောကြ တယ်၊ သိပ်ပြီးတော့ကွန်ဖရမ်တေးရှင်းမလုပ်ပါနဲ့တဲ့၊ လမ်းလွဲသွားပါလိမ့်မယ်၊ တကယ်ဆိုရင်အဲဒီကွန်ဖရမ်တေးရှင်းလို့ဆိုပြီး အဓိပါယ်ဖွင့်မှားနေတဲ့အဲဒီလူထုတိုက်ပွဲမရှိပဲနဲ့ တွေ့ဆုံဆွေးနွေးဆိုတာအလိုအလျှောက်မပေါ်လာနိုင်ဘူးဆိုတာကတော့ကြိမ်းသေပါတယ်

၊ဘာဖြစ်လို့တွေ့ဆုံဆွေးနွေးရေးကိုအားဖြည့်ပေးနေတဲ့လူထုတိုက်ပွဲကိုအနှောက်အယှက်လို့ယူဆနေကြပါလိမ့်၊ကျနော်(၈၈)တုန်းကတည်းကပဲ မှားခဲ့ပြီလားဗျာ၊ထားလိုက်ပါတော့၊ဦးသိန်းစိန်............ ဒီမှာအမေရိကန်စစ်သားဟောင်းတွေ နိုင်ငံရေးလုပ်ရင် အငြိမ်းစားယူ ယူနီဖေါင်းချွတ်ပြီးမှာလုပ်ကြတယ်၊ သမတဖြစ်သွားတဲ့အမေရိကန် စစ်သားဟောင်းတွေအများကြီးပဲ၊သာမန်စစ်သားလေးဘ၀ကနေသမတဖြစ်လာတယ်ထားဦးတော့ သမတ္တဖြစ်လာပြီဆိုရင် သူဟာစစ်သေနာပတိချုပ်ပဲ၊ ဗိုလ်ချူပ်ကြီးတွေကိုသူခန့်အပ်တယ်၊တာဝန်ပေးတယ်၊ အမိန့်ပေးတယ်၊ သူတာဝန်ပေးတဲ့စစ်ဗိုလ်ချုပ်တွေကလည်း သူအမိန့်ကိုလိုက်နာဆောင်
ရွက်ကြတယ်၊အဲဒါသူတတ်ထားတဲ့စစ်ပညာကြောင့်မဟုတ်ဘူး၊ ပြည်သူတရပ်လုံးကပေးလိုက်တဲ့ မဲကြောင့်ဖြစ်တယ်၊

သူနောက်မှာပြည်သူတရပ်လုံးကမဲပေးထားတဲ့ ပြည်သူကိုယ်စားလှယ်တွေရှိတယ်၊ သူအမိန့်ဟာလူထုတရပ်လုံး ကပေးလိုက်တဲ့ အမိန့်ပဲဆိုတာအမိန့်ပေးခံရတဲ့စစ်ဗိုလ်ချုပ်တွေကနားလည်လက်ခံတယ်၊မင်းတို့စစ်အစိုးရကတော့လူထုအပေါ်ဂုတ်ခွစီးချင်တဲ့ စိတ်ပဲရှိတယ်၊တကယ်သတ္တိရှိတဲ့စစ်သားကောင်းတွေရဲ့စိတ်ဓါတ်မင်းတို့မှာမရှိဘူး၊ သေနတ်ကိုင်ထားတဲ့မင်းတို့ကိုလောက်လေးဂွတောင်တရားဝင်ကိုင်ခွင့်မရတဲ့ လူထုကရွံပြီးမုန်းနေတာကိုမင်းတို့ကကြောက်တယ်ထင်ပြီး မင်းတို့ကသိပ်သတ္တိရှိပြီးထင်နေကြတာ၊

အဲဒါမင်းတို့ရဲ့အကြောက်တရားပဲ၊ ယူနီဖေါင်းချွတ်ပြီးလူကြားမလျှောက်ရဲတဲ့ မင်းတို့ရဲ့သိမ်ငယ်စိတ်တွေက မင်းတို့ကိုတစ်ခုပြီးတစ်ခုဆက်တိုက်အမှားတွေ ဖြစ်စေခဲ့တယ်၊ ဦးပိုင်နဲ့ဝမ်ပေါင်အကျိုးစီးပွါးအတွက် ဘုန်းတော်ကြီးတွေကို မီးလောင်တိုက် သွင်းတဲ့ မင်းတို့ရဲ့ကြောက်စိတ်ကြောင့်ပဲ၊

လူထုတိုက်ပွဲကိုမင်းတို့ကသေမလောက် ကြောက်တတ်တယ်ဆိုတာ ဗေဒင်မေးစရာမလိုပဲသိတယ်၊ မင်းတို့အဲသလိုကြောက်နေသ၍ငါတို့နိုင်ငံဒီမိုကရေစီဖြစ်ထွန်းလာမှမဟုတ်ဘူး၊ ငါတို့မလွတ်လပ်သလိုမင်းတို့လည်းမလွတ်လပ်ဘူး၊ လူထုတိုက်ပွဲကိုမလိုအပ်ဘူးလို့ယူဆထားတဲ့ အတိုက်အခံခေါင်းဆောင်တွေရှိနေသမျှကာလပတ်လုံး မင်းတို့ ကံကောင်းနေဦးမှာပါ၊ မြန်မာပြည်ကိုတကယ်တန်းကယ်တင်မှာ အမေရိကန်လည်းမဟုတ်ဘူး၊တရုတ်လည်းမဟုတ်ဘူး၊ လူထုရဲ့ခါးသီးမှုကနေအမြဲတန်းပေါက်ဖွါးလာမဲ့ လူထုတိုက်ပွဲတွေပဲဖြစ်တယ်၊

လူထုနာမှာစိုးလို့လူထုတိုက်ပွဲကိုမလုပ်ကြပါနဲ့လို့ ပြောနေကြသူတွေဟာ လူထုတိုက်ပွဲအကြောင်းကို နားမလည်သူတွေဖြစ်တယ် ၊ တော်လှန်ခြင်းကိုအဓိပါယ်ဖွင့်မှားနေသူတွေဖြစ်တယ်၊

ကမ္ဘာပေါ်မှာခေတ်အဆက်ဆက်ကပေါ်ပေါက်ခဲ့တဲ့လူထုတိုက်ပွဲကိုသရော်လှောင်ပြောင်သူတွေဖြစ်တယ်၊ရန်သူကိုအရမ်းအထင်ကြီးသူတွေဖြစ်ပြီး လူထုစွမ်းပကားကိုလျှော့တွက်သူတွေဖြစ်နေတတ်တယ်၊ တဖက်ကကြည့်ရင် လူထုကိုစာနာလိုစိတ်အမှန်ရှိပေမဲ့ အဲဒီစာနာစိတ်ကပဲလူထုလွတ်မြောက်ေ၇းကိုအလှမ်းဝေးသွားအောင် လုပ်နေသလိုဖြစ်နေတတ်တယ်၊ ဦးသိန်းစိန်ရေ တကယ်ဆိုရင်နိုင်ငံရေးဟာ နိုင်ငံသားအားလုံးနဲ့ဆိုင်တယ်၊ ဘုန်းကြီးလည်းနိုင်ငံသားပဲ၊ စစ်သားလည်းနိုင်ငံသားပဲ၊ စစ်သားစစ်သားအလုပ်လုပ်ရင် ဘုန်းကြီးကဘုန်းကြီးအလုပ်လုပ်မှာပဲ၊

စစ်သားကလွတ်တော်မှာ(၂၅)%နေရာယူရင် ဘုန်းတော်ကြီးတွေကိုရော(၂၅)%နေရာပေးမှာလား ရုပ်သေးသမတဦးသိန်းစိန်ရယ်၊ လူထုစွမ်းပကားကိုလျှော့တွက်တဲ့ အတိုက်အခံခေါင်းဆောင်တွေရှိနေသေးသ၍မင်းတို့ကံကောင်းနေပါဦးမယ်၊ မင်းတို့ကမ္ဘာကြီးကိုလိမ်ဖို့ လူထုကိုလှည့်စားဖို့အခွင့်အရေးကျန်နေပါသေးတယ်၊ တကယ်မုန်တိုင်းကြီးတိုက်ခတ်လာရင်တော့ အားလုံးကိုချေမွဖျက်ဆီးလိုက်မှာကတော့ကြိမ်းသေပါတယ်၊

Kyaymhon Khin

7 comments:

  1. စစ်သားမှာ ၀ိနည်းမရှိဘူး၊ ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေဘဲ ရှိတယ် ၊ အများကြီး ရှင်းပြစရာမလိုဘူး၊ လိုရင်းရှာရင် ဘယ်ဟာမဆို ကိုယ်ချင်းစာ ကြည့်ရတယ် ၊ ဆင်ခြင်သတိ ရှိနိုင်ကြပါစေ ၊

    ReplyDelete
    Replies
    1. မင်းအမေလင်မို့လို့လား စစ်သားက

      Delete
  2. စစ်သားမှာ ၀ိနည်းမရှိဘူး၊ ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေဘဲ ရှိတယ် ၊ အများကြီး ရှင်းပြစရာမလိုဘူး၊ လိုရင်းရှာရင် ဘယ်ဟာမဆို ကိုယ်ချင်းစာ ကြည့်ရတယ် ၊ ဆင်ခြင်သတိ ရှိနိုင်ကြပါစေ ၊

    ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေ တွေဟာ စစ်သားတွေ အတွက် ၀ိနည်းဘဲ
    ဘယ်ဘုန်းကြီးကမှ မုဒိမ်း ကျင့် တာ မရှိဘူး

    ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေ တွေ တတွင်တွင်ရွတ်ပီး ၀ါးလုံး ၀ါးခြမ်းတောင် မရှောင်တဲ့ မင်းတို့ စစ်သားတွေသာ ဆင်ခြင်သတိ ရှိနိုင်ကြပါစေ ၊

    ReplyDelete
  3. ဘုန်းကြီးတွေက ဘာသာရေးကိုဦးဆောင်ပေါ့၊ စစ်သားတွေက ပြည်သူတွေကို ကာကွယ်ပေါ့။ ပြည်သူတွေ ရွေးချယ်တင် မြော့က်တဲ့ သူကသာ သမတလုပ်ပြီး ပြည်သူတွေကို အုပ်ချုပ်ပေါ့။ အခုတော့ စစ်သားစစ်အာဏာရှင်တွေက တိုင်းပြည်ကို ကျွန်လုပ်နေတော့ ဘုန်းကြီးတွေကလည်း ဘယ်ကြည့်ရက်မလဲ

    ReplyDelete
  4. Bone Bone will not get involved if the soldiers are not ruling the country, killing the people and doing business. As simple as that, right? Mother-f..ker military dictators!

    ReplyDelete
  5.်စစ်သားတွေက နိင်ငံရေးတည်ငြိမ်လာရင် လွတ်တော်ကထွက်ပေးမှာပါ။ အခုလိုအချိန်အခါမှာတော့ ထွက်ပေးလို့ မရသေးတာ နာလည်ပေးကြပါဗျာ။ အခု၂၅ %ထွက်ပေးလိုက်ရင် နောင် မကြာခင်မှာ ၁၀၀% ပြန်ဝင်လာပြီး နောက်အနှစ် ၅၀ လောက် စစ် တပ်အုပ်ချုပ်ရေးအောက်ကလွတ်မှာမဟုတ်ဘူးဆိုတာ ရှေ့ကို ကြိုမြင်တဲ့ ပညာရှိသူတိုင်းမြင်နိုင်ပါတယ်။ မြန်မာတွေဆန်ဒစောကြလို့ ဦးမောင်မောင်စကားကို နားမထောင်ခဲ့တဲ့ အတွက် နှစ် ၂၀ ကျော်လောက် စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတယ်။ အခုလဲ ထပ်ပြီးဆန်ဒတွေစောနေကြဦးမယ်ဆိုရင် နောက် ဘယ်နှနှစ်လောက် စစ်အစိုးရရဲ့ ဖိနှိပ်မှုကိုခံကြရမယ်ဆိုတာ မတွေးဝံ့စရာပါ။

    ReplyDelete
  6. စစ်သားကြီးတွေ သူတို့မှန်တယ်ထင်လို့ဆယ်စုနှစ်ပေါင်းများစွာတိုင်းပြည်ကို အစွမ်းကုန်ဖျက်စီးခဲ့ပြီ၊ အားမရသေးလို့ဘောင်းဘီချွတ်ဖျက်စီးဦးမယ်၊ ခင်ဖျားတို့လုပ်နေတာဟာ ဗိုလ်ရှုပ်မှုးကြီးပြောတဲ့အတိုင်း စစ်တပ်ဟာကိုယ့်ချေ၊ ကိုယ်လက်ပေါ်ရပ်တည်နိုင်အောင်ကြိုးစားနေတာပဲဖြစ်မယ်၊ လူမှာ လက်ခြေ လေးချောင်းသာရှိပေမဲ့စစ်သားကြီးတွေက ၁။ သူတို့ရဲ့မသမာမှုတွေကို အခြေခံဥပဒေဆိုတာနဲ့အကာအကွယ်ယူထားတယ် ၂။ လွတ်တော်မှာ အခြောင်ဝင်ထိုင်နေတယ် ၃။ ဦးပိုင်ဆိုတာနဲ့ မြန်မာ့စီးပွားကိုလက်ဦးမှုယူထားတယ် ၄။ သမတဆိုတာကြီးကိုလည်းခင်ဗျားတို့ပဲလုပ်မယ် တဲ့ ကဲခင်ဗျားကျွံနေတာက နဲနဲနောနောလား ကိုယ့်ခြေ ကိုယ်လက်မျှ မဟုတ်ဖူး၊ ခရိုနီ ဆိုတာနဲ့လဲ အမြီးစားဘက် ခေါင်းစားဘက်ပဲ မဟုတ်လား ဒီလိုကိုယ်အားရအောင် ယူခြင်းတိုင်းလဲ ယူတယ်၊ ဘုန်းကြီးတွေနဲနဲပါးပါး ၀င်ပါတာကို ဗာရဏသီချဲ့အပြစ်ဖို့နေဦးမလား၊ သာသနာဝင်မှာပဲ ကြည့်ကြည့်၊ မြန်မာရာဇ၀င်မှာပဲ ကြည့်ကြည့်
    ပြည်နာရင် ဘယ်ဆရာမှ ကြည့်မနေဘူးဆိုတာ စစ်သားကြီးတွေ သတိရကြပါ။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.