Friday, October 29, 2010

0 မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားတို့၏ အခွင့်အရေးချိုးဖေါက်ခံနေရမှု မှတ်တမ်း

The Critical Review of WFSLB(2010)
မိတ်ဆွေများ

မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားတို့၏ အခွင့်အရေးချိုးဖေါက်ခံနေရမှု မှတ်တမ်းကို
မြန်မာနိုင်ငံအလုပ်သမားလယ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်မှ ရေးသားဖြန့်ဝေပါသည်။

သွေးစည်းညီညွတ်စွာဖြင့်
မြန်မာနိုင်ငံအလုပ်သမားလယ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

0 ဒုတိယ ပင်လုံစာချုပ် လိုအပ်နေပြီ




၂ဝဝ၉ ခုနှစ် မတ်လတွင် ဖြန့်ချိခဲ့သော ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါသည်။

လွင်အောင်စိုး
၂၉-၁ဝ-၂ဝ၁ဝ

0 ပြုပြင်ပြောင်းလဲသင့်သောနအဖ၏ ဒို့တာဝန်အရေး (၃) ပါး

အတိတ်၊နမိတ် ဗေဒင်ယတြာ စတာတွေကို အထူးယုံကြည်ကိုးစားတဲ့ မြန်မာလူမျိုးတွေဟာ တစုံတခုကို စတင်တော့မယ်ဆိုရင် နေ့ကောင်းရက်သာ ရက်ရာဇာ ပြသဒါးကို ရွေးချယ်ပြီး အသေအချာတွက်ချက်ထားတဲ့ မင်္ဂလာရှိတဲ့အချိန်မှာ မင်္ဂလာရှိတဲ့အပြောအဆို တွေနဲ့ စတင်ဖွင့်လစ် လေ့ရှိကြပါတယ်။

အထူးသဖြင့် နအဖစစ်အာဏာရှင်တွေက ဒါတွေကိုပိုပြီး ယုံကြည်ကြပါတယ်။ဒါတွေကို သူတို့အာဏာတည်မြဲဖို့အတွက်သက်သက်ပဲ ရည်၇ွယ်လုပ်ဆောင်ကြတာဖြစ်ပါတယ်။ တိုင်းပြည်အရေး ပြည်သူ့အရေးတွေကိုတော့ ကောင်းမွန်စေချင်တဲ့ ဆန္ဒနဲ့ဒီလိုလုပ်ဆောင်ပေး ခြင်းမရှိခဲ့ပါဘူး။

ခုလည်း နအဖက ခေတ်မီဖွံ့ဖြိုးတိုးတက်သောစီးကမ်းပြည့်ဝတဲ့ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ကိုတည်ဆောက်မယ်လို့ ကြွေးကြော်နေပြန်ပါပြီ။ဒါပေမဲ့ မြန်မာလူမျိုးတွေရဲ့ ဓလေ့စရိုက်နဲ့ ဆန့်ကျင်စွာပဲ မင်္ဂလာရှိတဲ့ စကားအသုံးအနှုန်းအပြောအဆို တွေနဲ့စတင်ခဲ့ခြင်းမဟုတ်ပဲ မကောင်းတဲ့ အမင်္ဂလာစကားတွေကို အသုံးပြုပြီးစတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတစ်ခုတည်ဆောက်မှာ ဖြစ်တဲ့အတွက် နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေလည်း ပါဝင်ရမှာဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေ ပါဝင်လာမှာဖြစ်တဲ့အတွက် သူတို့တွေရဲ့ လိုအပ်ချက်၊အကျိုးစီးပွားစတာတွေကိုလည်း ထဲ့သွင်းစဉ်းစားရတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ နအဖဟာ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက် တန်းတူအခွင့်အရေးစတာတွေကို ထဲ့သွင်းမစဉ်းစားလိုပါဘူး။

ဒါကို ဒို့တာဝန်အရေးသုံးပါးကို ကြည့်ခြင်းအားဖြင့် သိသာပေါ်လွင်နေပါတယ်။

မြန်မာလူမျိုးတိုင်း ဒို့တာဝန်အရေး ၃ ပါးကိုသိရှိကြမှာဖြစ်ပါတယ်။သာမာန်ကြည့်လိုက်ရင်တော့ ဒါဟာကောင်း သလိုပါပဲ။

ဒါပေမဲ့ ဒါဟာ တိုင်းပြည်မငြိမ်မသက်ဖြစ်စေရတဲ့ အဓိကအကြောင်းအရင်းဖြစ်ပြီး ဒီစကားတွေကြောင့် တိုင်းပြည်အတွင်း ပြည်တွင်းစစ်မီးတောက်လောင်လာနိုင်တာကိုတော့ စဉ်းစားမိသူနည်းပါးပါလိမ့်မယ်။

ပြည်ထောင်စု မပြိုကွဲရေး

တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး

အချုပ်အခြာအာဏာ တည်တန့်ခိုင်မြဲရေး

သာမာန်အားဖြင်းဆိုရင်တော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး ဆိုတဲ့ကိစ္စတွေဟာ ကောင်းတာပဲလို့လူတိုင်း မှတ်ယူကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ၇ာမှာတော့ မကောင်းတဲ့ကိစ္စတွေဖြစ်သွားပါတော့တယ်။ဒါတင်မက နအဖရဲ့ ဖွဲ့စည်းပုံထဲမှာ ဒီလိုထဲ့သွင်းပြဌာန်း လိုက်တာဟာ တိုင်းရင်းသားတွေအတွက်ပါမက တပြည်လုံးအတွက်ပါ မကောင်းတာတွေဖြစ်လာတော့မယ်လို့ နမိတ်ဖတ်လိုက်ရာရောက်ပါတယ်။

ဘာကြောင့်လည်း ဆိုတာ တင်ပြပါရစေ။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ရေးဆွဲကြတဲ့အခါမှာ ယေဘုယျစံထားချက်တွေရှိပါတယ်။အဲ့ဒီအထဲက တစ်ခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိတဲ့စကားလုံးတိုင်းကို မင်္ဂလာ ရှိဖို့နဲ့တတ်နိုင်သမျှ အမင်္ဂလာ အသုံးအနှုန်းတွေကို ရှောင်ကျဉ်ဖို့ပဲဖြစ်ပါတယ်။

နအဖကတော့ဒီလိုမဟုတ်ပါဘူး။

၁ နဲ့၂ မှာပါတဲ့ မပြိုကွဲရေးဆိုတာကိုကြည့်ပါ။ ပြိုကွဲတယ် မကွဲဘူး ဆိုတာဟာ အမင်္ဂလာစကားလုံး ဖြစ်ပြီးတော့ တည်ဆောက်တယ် ဆိုတာ ကမှ မင်္ဂလာစကားလုံးပါ။ ဒါမှကောင်းတဲ့သဘော အပြုသဘော ဆောင်မှာပါ။

ဒါဖြင့်ရင် နအဖဟာ မင်္ဂလာရှိတဲ့အခြေခံ အပြုသဘောရှုဒေါင့်ကနေ ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုတည်ဆောက်ရေး ရယ်လို့ ဘာကြောင့်မသုံးနှုန်းတာလဲ။ အမင်္ဂလာအခြေခံ အပျက်သဘောရှုဒေါင့်ကနေ ပြည်ထောင်စုမပြိုကွဲရေး ၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ရယ်လို့ ဘာကြောင့်သုံးနှုန်းထားရတာလဲ။

ဒါတွေကို ဗေဒင်၊ယတြာတွေကိုကိုးကွယ်ယုံကြည်နေတဲ့ နအဖအာဏာရှင်တွေကောင်းကောင်း သိပါတယ်။ဒါဟာ ရှောင်တခင် မတော်တဆဖြစ်တာမဟုတ်ပါဘူး။ သေချာစွာ စီစဉ်တကျ လုပ်ကြံပြီး အခြေခံဥပဒေမှာထဲ့သွင်းထားတာဖြစ်ပါတယ်။ဒီလို ထဲ့သွင်းထားရခြင်းကို သေချာလေ့လာဆန်းစစ်သင့်ပါတယ်။

"ပြည်ထောင်စု တည်ဆောက်ရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုတည်ဆောက်ရေး" ရယ်လို့ အပြုသဘောဆန်ဆန် သုံးစွဲလိုက်မယ်ဆိုရင် တည်ဆောက်ဖို့အတွက် တိုင်းရင်းသားတွေနဲ့ သေသေချာချာဆွေးနွေးတိုင်ပင် ရတော့မှာမို့ဖြစ်ပါတယ်။ တိုင်းပြည်တည်ဆောက်တာပီပီ တိုင်းရင်းသားလူမျိုးစုတွေရဲ့ လိုအပ်ချက် တောင်းဆိုချက်တွေကို တိုင်ပင်ဆွေးနွေးပြီလိုက်လျောသင့်တာကို လိုက်လျောရပါတော့မယ်။ ဒီလိုဆွေးနွေးပြီး လိုတိုးပိုလျှော့ ညှိနှိုင်းရမဲ့ကိစ္စကို နအဖဟာ သေမလောက်ကြောက်ပါတယ်။အာဏာရှင်ပီပီ အထက်စီးကနေ အမိန့်ပေးစေခိုင်းလိုတဲ့အတွက် ဒီလို မင်္ဂလာရှိတဲ့စကားလုံးကို မသုံးစွဲပဲ တမင်ရှောင်ထားခဲ့ခြင်းသာ ဖြစ်ပါတယ်။

ခုလို "မပြိုကွဲရေး" ဆိုတာကို သုံးထားတဲ့အတွက် တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဘာမှညှိုနှိုင်းနေစရာမလိုတော့ပါဘူး။ဒါလုပ်ပါ ဆိုပြီးခိုင်းမယ်၊မလုပ်ရင်ပြည်ထောင်စု ပြိုကွဲအောင် လုပ်တယ်ဆိုပြီးအကြမ်းဖက် နှိမ်နင်းမှာဖြစ်ပါတယ်။

ဥပမာ ယခုဖြစ်ပျက်နေသော နယ်ခြားစောင့်တပ်အရေး ကိစ္စတွေကို ကြည့်ပါ။စတင်သဘောတူစဉ်က အပစ်အခက်ရပ်စဲရေးသာ ဖြစ်ပါတယ်။အခြား သဘောတူညီချက်မပါပါဘူး။ဒီလို အပစ်အခတ်ရပ်စဲ ခဲ့တာကိုပဲ နအဖလက်ထပ်မှာ ဘယ်တုန်းကနဲ့မှမတူသော တိုင်းပြည်ငြိမ်းချမ်းရေးရရှိနေပါပြီဆိုပြီး ကမ္ဘာမှာကြွေးကြော်ခဲ့ပါသေးတယ်။

ခုမှ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဖျက်သိမ်းခိုင်းပြီးနယ်ခြားစောင့်တပ်အဖြစ် စစ်တပ်လက်အောက်မှာ အမှုထမ်းဖို့ အတင်းခိုင်းစေနေတာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုကို မလိုက်လျောပဲ သူတို့ဖြစ်စေချင်တာကိုသာ အတင်းအကြပ်စေခိုင်းနေခြင်းဟာ ပြည်ထောင်စု တည်ဆောက်လိုခြင်း၊ တိုင်းရင်သားစည်းလုံးညီညွတ်မှု တည်ဆောက်လိုခြင်းမဟုတ်ပါဘူး။

တိုင်းရင်းသားခေါင်းဆောင်များကလည်း တိုင်းပြည်မှခွဲထွက်ကာ သီးခြားနိုင်ငံတည်ထောင်မည်ဟု မည်သူကမှမတောင်းဆိုဖူးပါဘူး။ တိုင်းရင်းသားလူမျိုးစုများ တောင်းဆိုနေသည်မှာ တန်းတူအခွင့်အရေး ရရှိရေးသာဖြစ်ပါတယ်။

တိုင်းရင်းသား အခွင့်အရေးတွေကို လစ်လျူရှုပြီး တိုင်းရင်းသားတွေအပေါ်မှာ ဗိုလ်ကျစိုးမိုးလိုတဲ့အတွက်ကြောင့်သာ အမင်္ဂလာ စကားလုံးဖြစ်တဲ့ မပြိုကွဲရေး ဆိုတဲ့စကားလုံးကို သုံးထားခြင်းဖြစ်ပါတယ်။ဒီလိုသုံးထားမှသာ ဒီခေါင်းစဉ်အောက်ကနေ တိုင်းရင်းသားတွေအပေါ်မှာထင်သလို အကြမ်းဖက် ဖိနှိပ်နိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုက...

အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ….ဆိုတာပါပဲ။

နာမ်စားမပါ ဘာမပါနဲ့။ ဘယ်သူရဲ့အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲစေချင်တာလဲ။

သေချာတာကတော့ သူတို့ရဲ့အချုပ်အခြာအာဏာ ကိုပဲတည်တံ့ခိုင်မြဲစေချင်တာပါ။

သေချာစီစဉ်ကာစနစ်တကျအကွက်ချပြီး ဒီမကောင်းတဲ့သဘောနဲ့ေ၇းထားတဲ့စကားလုံးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထဲ့သွင်းရေးဆွဲ ထားခဲ့ယုံမျှမက ရွေးကောက်ပွဲဝင်မဲ့ နိုင်ငံရေးပါတီများ အားလုံးဟာလည်း ဒါကိုလိုက်နာရ၊ဦးထိပ်ထားရမှာဖြစ်ပါတယ်။ အကယ်၍ ဒီလိုသာ ဦးထိပ်ထားလိုက်နာပြီး ဒီလမ်းစဉ်အတိုင်းသာ ရှေ့ဆက်သွားမည်ဆိုလျှင် ၊အပြုသဘောဆောင်တဲ့ တည်ဆောက်မှုအတွက် တွေ့ဆုံဆွေးနွေးညှိုနှိုင်းမှုသာ မရှိဘူးဆိုရင် တိုင်းပြည်ဟာ နောင်လာမဲ့ ကာလတလျှောက်လုံး ပြည်တွင်းစစ်မီးလျှံများ တောက်လောင်လာနိုင်ပါတယ်။

ဒီလိုတွေမဖြစ်အောင် တားဆီးကာကွယ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ ဒီ ဒို့တာဝန်အရေးသုံးပါးကို…………

ပြည်ထောင်စု တည်ဆောက်ရေး

တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်ဆောက်ရေး

ပြည်သူ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး

ဟု ပြောင်းလဲလိုက်မှသာလျှင် တိုင်းပြည်အေးချမ်းသာယာမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

ဝေဖန်အကြံပေးခြင်းအားလေးစားစွာ ကြိုဆိုပါတယ်။

(မြန်မာ့ အရေး)

0 ကလေးမြို့ ဆုံးဖြတ်ချက်ကြေညာစာတမ်းအား ကြိုဆိုထောက်ခံကြောင်းနှင့် ရွေးကောက်ပွဲအား ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်



အထက်ပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီးဆက်သွယ်မေးမြန်းနိုင်ပါသည်(မြန်မာစံတော်ချိန်နေ့လည်၁-နာရီမှ ညနေ ၄-နာရီအတွင်း)။

ဦးပညာဇောတ -ပြည်ပတာဝန်ခံ(၀၀၁-၇၁၈၂၃၀၀၆၀၅)၊
http://allburmamonksalliance.com/
http://allburmamonksalliance.org/

0 ကြံ့ဖွံ့ပါတီ ငွေတွေ ဘယ်ကရ


မနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အနာဂတ် သမ္မတလောင်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ရည်ရွယ်ထားပြီးသား ဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးက သတင်းထောက်တွေကို ပြောပါတယ်။ မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တချို့ရဲ့ မေးခွန်းတွေက ကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူတွေ မဖြေနိုင်တဲ့ထိ အခက်အခဲ ဖြစ်စေခဲ့သလို မေးခွန်းအများစု အတွက်လည်း ရှင်းလင်းတိကျတဲ့ အဖြေ မရခဲ့ဘူးလို့ သတင်းထောက်တွေက ပြောကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အနာဂတ် သမ္မတလောင်းနဲ့ ပတ်သက်လို့ သတင်းထောက်တဦးရဲ့ အမေးကိုတော့ ဒီ သတင်းစာ ရှင်းလင်းပွဲကို ဦးဆောင်ဦးရွက် ဖြေကြားခဲ့တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက သူတို့မှာ သမ္မတနေရာအတွက် ရည်ရွယ်ထားပြီးသား ဖြစ်တယ်ဆိုတာ ဖြေခဲ့တယ်လို့ ဒီသတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင်တက်ခဲ့တဲ့ သတင်းထောက်တဦးက ပြောပါတယ်။

“အနာဂတ် သမ္မတလောင်းနဲ့ ပတ်သက်ပြီး သူတို့ ရွေးထားတယ်၊ မှန်းထားတာ ရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အားလုံးက ဒါကို သေသေချာချာ ဘယ်သူလဲလို့ မေးတဲ့အခါကြတော့ ရှောင်သွားတယ်။ အရည်အချင်းတွေနဲ့ ပတ်သက်ပြီးတော့ပဲ သူတို့က စဉ်းစားထားတာဖြစ်တယ်၊ လူပုဂ္ဂိုလ်အနေနဲ့တော့ ဘယ်သူဘယ်ဝါ၊ မောင်ဖြူ မောင်နီ စဉ်းစားထားတာ မဟုတ်ဘူးလို့ ပြန်ရှောင်ထွက်သွားပါတယ်။”

ဒီသတင်းစာရှင်းလင်းပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအတွက် အဖြေ အတော်လေး အကျပ်ရိုက်ခဲ့တဲ့ နောက်ထပ် မေးခွန်းတခုကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လမ်းခင်းပေးသည်ဆိုတဲ့ ကမ္ပည်းတိုင်တွေ ကိစ္စပါ။ လမ်းခင်းပေးတာဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ခင်းပေးတာလား၊ မြို့တော်စည်ပင် စရိတ်နဲ့ လမ်းတွေ ခင်းပေးတာပါလားလို့ သတင်းထောက်က မြို့တော်ဝန် ဦးအောင်သိန်းလင်းကို တိုက်ရိုက်မေးပေမဲ့ မြို့တော်ဝန်က မဖြေနိုင်ဘူးလို့ ငြင်းခဲ့ပြီး သူ့ကိုယ်စား ဦးဌေးဦးက ဖြေပေးခဲ့ပါတယ်။

“အဲဒီမေးခွန်းကတော့ သူတို့အတွက် အခက်ခဲဆုံး ဖြစ်သွားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဓိက ကာယကံရှင်ဖြစ်တဲ့ မြို့တော်ဝန်က သူ မဖြေနိုင်ဘူးလို့ ပြောတယ်။ အဲဒီအချိန်မှာ ဦးဌေးဦးက သူဖြေပါ့မယ်လို့ ပြောတယ်။ အဲဒီမှာပဲ လွဲပါတယ်။ ဘာဖြစ်လို့ လွဲလဲဆိုတော့ လမ်းတွေကို တကယ်ပဲ ကြံ့ခိုင်ရေးက ခင်းနေတာပါ။ ဒါပေမဲ့ ဦးဌေးဦးက ကြံ့ခိုင်ရေးက ခင်းတာမဟုတ်ဘူး၊ စည်ပင်က ခင်းတာပါလို့ ပြောလိုက်တာ မေးတဲ့သူအတွက် အကွက်လည်း ဖြစ်သွားပါတယ်။

“အဲတော့ သူက နောက်ကနေပြီးတော့ ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီမှ လှူဒါန်းသည်၊ ကြံ့ခိုင်ရေးပါတီမှ ဆိုတဲ့ ဆိုင်းဘုတ်တွေ ဘာဖြစ်လို့ တပ်ထားလဲဆိုတဲ့ မေးခွန်းကို ထပ်ပြီး ရင်ဆိုင်ရတာပေါ့။ အဲဒီမှာ တော်တော် ဒုက္ခရောက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေအားလုံးက အဖြစ်မှန်ပဲကိုး။ ဆိုတော့ ကာယကံရှင်ကိုယ်တိုင် မဖြေတဲ့ အတွက်ကြောင့် ဒီကိစ္စတွေက အဲဒီလိုမျိုး ဖြစ်သွားတာပေါ့။”

တခါ နိုင်ငံတ၀န်း နေရာအများစုနဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှာ စစ်သားကနေ အရပ်သားအဖြစ် ပြောင်းလဲ ၀င်ရောက်လာတဲ့ ဦးရေနဲ့ အရပ်သားကနေ ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် ဦးရေမှာ ဘယ်ဦးရေက ရာခိုင်နှုန်း ပိုများပါသလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့လည်း ဦးဌေးဦးက မဖြေခဲ့ဘူးလို့ ပြောပါတယ်။

“မဖြေဘူး၊ သူက ပါးပါးနပ်နပ်နဲ့ ဘယ်လိုပြောသွားလဲဆိုတော့ သူတို့က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေ ရွေးချယ်တဲ့ နေရာမှာရော၊ ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့ နေရာမှာရော စစ်သားဖြစ်မဖြစ် အဓိကထား မစဉ်းစားတဲ့အတွက် အဲဒါကို မသိဘူးလို့ ပြောသွားပါတယ်။ ဒီမေးခွန်းလေးက အတော်လေး နားထောင်ကောင်းအောင် ဖြေသွားတဲ့ အဖြေလေးပေါ့။”

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ ပတ်သက်မှု ရှိမရှိ သတင်းထောက်တဦးရဲ့ အမေးနဲ့ ပတ်သက်လို့တော့…

“အဓိကတော့ သူက ပါတီမှာ ပါ၊ မပါပေါ့၊ အဲတော့ သူက ပြောသွားတာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ စိတ်သဘောထား ကောင်းတယ်၊ ဒီပါတီကို ဖြစ်လာဖို့ ပုံဖော်ပေးတဲ့သူသာ ဖြစ်တယ်၊ ပါတီထဲမှာတော့ မပါဘူးလို့ ပြောတာပေါ့။”

ဒီလိုမေးခွန်းတွေအပြင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ၁,၁၀၀ ကျော်ထဲမှာ ပြိုင်ဘက်မရှိ ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဖွဲ့စည်းပုံ အခြေအနေတွေနဲ့ ပတ်သက်လို့လည်း ဦးဌေးဦးက ပြောသွားပါတယ်။

“သူတို့က ၅၂ နေရာ ရတယ်လို့ ပြောသွားတယ်၊ ကိန်းဂဏန်း အနေနဲ့ပေါ့။ ဒီနေရာမှာ ဘာကြောင့်နိုင်လဲ ဆိုတာတော့ သူတို့ မပြောဘူး။ တခု ကျနော်တို့ သိလိုက်ရတာက ပထမ နေရာတွေ အားလုံးမှာ ကြံ့ခိုင်ရေးက ပြိုင်တယ်လို့ သိထားပါတယ်။ ဒါပေမဲ့ သူပြောတဲ့အခါကြတော့ အကုန်လုံးမှာ မပြိုင်ဘူး။ လေးငါးဆယ်လောက်တော့ လစ်လပ်သွားတယ်ဆိုတာ သိခွင့်ရလိုက်တယ်။

“မနေ့က အဓိက ဟိုက်လိုက်လုပ်ပြီး သူပြောသွားတာက ကြံ့ခိုင်ရေးက အားလုံးထင်သလို ပိုက်ဆံမရှိဘူးဆိုတဲ့ သဘော သူပြောပါတယ်။ ပိုက်ဆံအခက်အခဲ ရှိတယ် ဆိုတာမျိုးလည်း ပြောပါတယ်။ နောက်တခါ ကြံ့ခိုင်ရေးပါတီက အခုမှ ထောင်တာ မဟုတ်ဘူး၊ ဟိုး စပြီး အသင်းအဖွဲ့ထောင်စဉ် ကာလကတည်းက ပါတီပဲ ထောင်ချင်တာပါ။ ဒါပေမဲ့ ဥပဒေအရ ပါတီထောင်ခွင့် မပေးတဲ့အတွက် အဲဒီကတည်းက အသင်းအဖြစ် ထောင်လိုက်ရပါတယ် ဆိုတဲ့ အချက်ကတော့ အားလုံး အံ့အားသင့်စရာပေါ့။ ကျနော်တို့လည်း မထင်ထားဘူး၊ အဲဒီလို ဖြေမယ်လို့။ သူက နဂိုကတည်းက ပါတီထောင်ချင်တာပါတဲ့။

“မနေ့က နောက်တခု အံ့သြတာက ဦးဌေးဦးဆိုတဲ့ ပုဂ္ဂိုလ်သည်ပင်လျှင် အခြေခံဥပဒေကို ကျေကျေညက်ညက် ဖတ်မထားဘူး ဆိုတာတော့ ကျနော်တို့ သတိထားလိုက်မိပါတယ်ခင်ဗျ။ နိုင်ငံတော် သမ္မတဆိုတာ ရွေးကောက် တင်မြှောက်တဲ့သူပဲ ဖြစ်မယ်လို့ မနေ့က သူက ပြောသွားပါတယ်။ အမှန်ကတော့ အဲဒီလို မဟုတ်ပါဘူး။”

မနေ့က သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ သတင်းထောက်တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

မနေ့က သတင်းထောက်တွေရဲ့ မေးခွန်းတွေထဲမှာ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ လာခွင့်မပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မေးတဲ့ မေးခွန်းကိုလည်း ဦးဌေးဦးက အတိအကျ ပြန်မဖြေခဲ့ဘူးလို့ ပြောပါတယ်။ မနေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲကို ပြည်တွင်း သတင်းထောက်တွေအပြင် နိုင်ငံခြား သတင်းဌာနအတွက် အလုပ်လုပ်ကြတဲ့ သတင်းသမားတွေပါ တက်ရောက်ခဲ့ကြပါတယ်။
www.voanews.com

0 ကမ္ဘာ့အကျင့်ပျက်လာဘ်အစားဆုံး နိုင်ငံများစာရင်းထုတ်ပြန်

ကမ္ဘာ့အဆိုးရွားဆုံး အကျင့်ပျက်အစိုးရနှင့် ဝန်ထမ်း တွေ လာဘ်အစားဆုံးနိုင်ငံမှာ ဆိုမား လီးယားနိုင်ငံဖြစ် ပြီး အဲဒီနောက်က အာဖဂန်နစ္စတန်နိုင်ငံ၊ မြန်မာနိုင်ငံနဲ့ အီရတ်နိုင်ငံတို့ဖြစ်တယ်ဆိုတာကို နိုင်ငံတကာ အကျင့် ပျက်မှုဖေါ်ထုတ်စောင့်ကြည့်လေ့လာရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာအကျင့်ပျက်မှု ဖေါ်ထုတ်ရေးအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ ဒိန်းမတ်နိုင် ငံ၊ နယူးဇီလန်နိုင်ငံ၊ စင်္ကာပူနိုင်ငံတွေမှာ အကျင့်ပျက်မှုဟာ အနည်းဆုံး နိုင်ငံတွေစာရင်း ထဲထိပ်ဆုံးမှာရှိတယ်ဆိုတာ နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

Source ။ ။http://www.independent.co.uk/news/world/africa/somalia-the-most-corrupt-nation-in-the-world-2117228.html

0 အစိမ်းရောင်လူသား


ကျွန်တော်၏မွေးနေ့၂.၁၁.၅၉နေ့အကြို...ရင်တွင်းရှိအမှိုက်များကိုရှင်းထုတ်ခြင်း...ဆောင်းပါးမဟုတ်၊ကဗျာမဟုတ်..။ နှလုံးသားထဲမွေးဖွားပေါ်ပေါက်လာမှုတို့ ကိုချပြခြင်းသာဖြစ်တော့သည်။ (ကျော်သူ)

ခေတ်သုံးခေတ် .. နှစ်သုံးနှစ်ကို ဖြတ်သန်း ကျွန်တော်ကျော်သူရဲ့ ဘ၀သက်တမ်း။

ကမ္ဘာလောကကြီးထဲ ၁၉၅၉ ခုနှစ်၊ လူ့လောကကြီးထဲ ရောက်ရှိ။

ပညာရေးကို မသိ။ စီးပွားရေးကို မသိ။ ကျန်းမာရေးကို မသိ။ လူမှုရေးကို မသိ။ ဘာဆိုဘာမှ မသိ ကမ္ဘာလောကကြီးထဲရောက်ရှိ။

ကလေးအတွေး ကလေးအသိ ဆော့ကစားချင်တာပဲရှိ။

မိဘတွေ ခံစားမှုကိုမသိ … ကိုယ်လိုချင်တာပဲသိ။

သားသားတို့က မူလတန်း၊ အလယ်တန်း။ ဟို … အကိုကြီးတွေကတော့ Rasu လို့ခေါ်တဲ့ တက္ကသိုလ်အတန်း။

လူတွေက ရှုတ်ရှုတ် … ကျောင်းသားကြီးတွေက တရုတ်ရုတ် … လူထုကြီးက တအုတ်အုတ် … တရုတ် ကုလားတွေက တဖြုတ်ဖြုတ်။

ဘ၀တွေက ဖရိုဖရဲ။

မျက်စိတစ်မှိတ် လျှပ်တစ်ပြတ်ထဲ ကောင်းကင်ပြာကြီးထဲ ကျီးတွေက ပြိုဆင်း … မီးခိုးမှိုင်းတွေက ဝှေ့ဆဲ။ သစ်ပုတ်ပင်ကြီးကတော့ … ခွပ်ဒေါင်းအလံ လွင့်ဆဲ။

ငြိမ်းချမ်းမှုတဲ့လား … ငြိမ်းချမ်းမှုအတွက်လား … အဘမှိုင်းတဲ့လား … ဦးသန့်တဲ့လား။

လား ပေါင်းများစွာထဲ … နားစည်ထဲမှာ ဝှေ့ဝဲ။

ဘာဆို ဘာမှ မသိခဲ့ … ဘာဘာ ဘာမှ မသိဘူးတဲ့လား။

သားတို့သိတာ … ကလေးဘ၀ထဲ … စစ်တိုက်တမ်းကစားဖို့ဘဲ။

တိုက်မယ် … ခိုက်မယ် … ပစ်မယ် … ခတ်မယ် … ထိုးမယ် … ကြိတ်မယ် … ဆက်သွယ်ရေး စက်နဲ့ စကားပြောမယ် … လက်ပစ်ဗုံးနဲ့ ပစ်မယ့် ကစားပွဲတွေ၊ ကစားနည်းတွေ။

အမည်နာမကား … စစ်တိုက်တမ်းကစားနည်းတဲ့။

မင်းက ဗိုလ်ကြီးဆို … ငါက ဗိုလ်မှူး။

မင်းက ဗိုလ်မှူးဆို … ငါက ဗိုလ်ချုပ်။

နေရာလုတာကစ … ကျားဗိုလ်ဆွဲကြ။

ကစားကြတာများ … Hero တော့ဖြစ်ချင်ကြပါရဲ့။

ဒါ . . . ဗိုလ်ချုပ်တို့ရဲ့ အာဇာနည်တွေအကြောင်း။

ဗိုလ်ချုပ်တို့ရဲ့ တိုင်းပြည် ချစ်တဲ့အကြောင်း။

ဗိုလ်ချုပ်တို့ရဲ့ ပြည်သူကို ကာကွယ်မှုအကြောင်း။

ဗိုလ်ချုပ်တို့က ပြည်သူကို ချစ်တဲ့အကြောင်း။

ပြည်သူတို့က ဗိုလ်ချုပ်တို့ကို ချစ်တဲ့အကြောင်း။

အကြောင်း … အကြောင်းပေါင်းစုံကို အဟောင်းက အသစ်ဖြစ်အောင် စစ်ရာဇ၀င် သမိုင်းစစ်ကို အမှန်တကယ်အားကျ၊ နှလုံးသားထဲ ထကြွလာအောင် ပြောပြကြတဲ့ မိဘ၊ ဘိုးဘွားများနှင့် ခင်ပွန်းကြီး ဆယ်ပါး။

ဒါ . . . ကလေးပုံပြင်မဟုတ် … ဒဏ္ဍာရီမဟုတ် … လုပ်ကြံမဟုတ်တဲ့ အဟုတ်အမှန်ဖြစ်ခဲ့တဲ့ စစ်စစ် စစ်စစ်မှန်တဲ့ စစ်သမိုင်းအစစ်။

စစ်ရာဇ၀င်စစ်စစ် သမိုင်းစစ်စစ်ကို တစ်ဖြစ်ဖြစ်မည်အောင် အားကျလို့မ၀သေး … စစ်တိုက် တမ်းကစားလို့ မပြီးသေး … အဖိုးနဲ့ အဖ အင်းစိန်ဆိုတဲ့ ဘ၀တက္ကသိုလ် နံရံကြားရောက်လို့ သွားသလေး။

မိဘ၊ ဘိုးဘွားတို့ရဲ့ ချွေးနည်းစာစစ်စစ်နဲ့ လုပ်ကိုင်ခဲ့တဲ့ နိုင်လွန်စက် … အလုပ်ရှင် အလုပ် သမား တပြေးညီရှိရမယ်လို့၊ အမြတ်ကြီးစား အရင်းရှင်တဲ့ … စစ်ဗိုလ်ချုပ်ကြီးက ညွှန်ကြား၊ ပစ္စည်းကိုသိမ်းသွား … လူကိုလည်း ထိန်းထား။

သြော် . . . ကလေးအတွေးနဲ့တွေးကြည့် … “အစိမ်းရောင် လူသားတွေဆိုတာ ဒါမျိုးကြီးလည်း လုပ်သလား” တဲ့။

ဒီလိုနဲ့ … လွတ်လပ်ရေးရလို့ မ၀သေး၊ မလွတ်လပ်တဲ့ ဘ၀ထဲ မဆလလူသား ဖြစ်လို့လာ။

မလွတ်လပ်တဲ့ ဘ၀ထဲ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တွေမှာ … ဆီဒင်ကားတွေ မျက်စိ ရှုပ်လာ။ အခွင့်ထူးခံ သားသမီးတွေ မျက်စိနောက်လာ။ ကျောင်းစိမ်းစာအုပ်တွေ မဲဖောက် လို့လာ။ ဒါဟာ … တပြေးညီတဲ့လားဗျာ။ိ

အေးဗျာ . . . အေးရာ အေးကြောင်း၊ လူငယ်အတွေး … အဖြေရှာကြည့်။

ကောင်းပါလေစွ … ကောင်းလေစွ။ ယမကာနဲ့ မူးယစ်ဘ၀။

အမှန်တရားတွေပျောက် … သီလတွေဖောက် … ဓါတ်ရှင်ထဲရောက်။

ဟို လူကြီးနဲ့ဖိုက် … ဟို သူငယ်မနဲ့ဆိုက်။

ဟို ဘဲကြီးနဲ့တိုက် … ဟို မဒီကြီးနဲ့ခိုက်။

မကောင်းတာကို ကောင်းသလားလို့၊ မသင့်တာကို သင့်သလားလို့၊ မှားတာကို မှန်သလားလို့ စမ်းသပ်ချင်တဲ့ လူငယ်တစ်ယောက်။

လူစိတ်မပျောက်ခင် … အသိရောက်။

အသိတရားရလို့ … လူလုပ်မယ်ကြံကာရှိသေး … “ ဒို့အရေး ” တဲ့။

ဘာပါလိမ့်လို့ … နားစွင့်ကျ၊ ထကြည့်ကြ၊ စူးစိုက်ကြ၊ အာရုံစိုက်ကြ။

ဟ! . . . ငါတို့ အရေးဘဲ၊ ပြည်သူ့အရေး၊ ဒို့အရေးဘဲ။

ညီလိုက်တဲ့ပြည်သူ၊ ညီလိုက်တဲ့ အနုပညာရှင်တွေ၊ ညီလိုက်တဲ့ ၀န်ထမ်းတွေ။

ဟုတ်ပြီဟေ့ ဆိုပြီး … ငါလည်း ညီအောင်လိုက်ညှိ … ဒဂုံ (၁) နဲ့ ဆေးရုံကြီးမှာ အများနည်းတူ ပေါက်ပေါက်လိုက်ဖောက်။

အဲဒီနောက်တော့ … ထောက် (၆) ကိုရောက်။

ဒီအချိန်မှာ ကလေးက နှစ်ယောက်။

မဟေသီက တစ်ယောက်။

လက်တွဲညီသလား မမေးနဲ့ … လင်နဲ့မယား လျှာနဲ့သွား၊ အယူအဆတွေကွဲပြား … ကိုယ်က အနုပညာသမား။

သြော် . . . အဲဒီအချိန်မှာ လူလတ်အတွေး တွေးကြည့် “အစိမ်းရောင်ဆိုတာ ဒါမျိုးကြီးလည်း ဖန်တီးသားပဲ” လို့။

ဒီလိုနဲ့ … န၀တခေတ်ထဲ လူဖြစ်လို့လာ

ငိုလိုက် ရယ်လိုက်နဲ့ ဘ၀ရဲ့သားကောင်များကို ထပ်မံ၍ ငိုခိုင်း ရယ်ခိုင်းတဲ့ ဓါတ်ရှင်သမိုင်း ရာဇ၀င်ထဲ ဝှေ့လို့ဝဲ။

ဓါတ်ရှင်သမားတို့ကတော့ … ပရိသတ်ပြည်သူကို အကုသိုလ်တွေ ဝေမျှဆဲ။

ဒါနဲ့ … အေးရာ အေးကြောင်း၊ ငြိမ်းရာ ငြိမ်းကြောင်း လူလတ်အတွေးနဲ့ အဖြေရှာကြည့်။

ကောင်းပါလေစွ - ကောင်းလေစွ တွေ့ပါပြီတဲ့ … သုဘရာဇာတဲ့။

သုခ … ကျော်သူ၊ ကျော်သူ … သုခ ကက်ကင်းတဲ့။

ကျေးဇူးရှင် ဘဘဦးသုခရဲ့ စကား … မှန်တာမှ ဒတ်ထိဘဲ။

ကျော်သူ … သချိုင်း၊ သချိုင်း … ကျော်သူ ဒါလည်း ကက်ကင်းဘဲ။

ကက်ကင်းကိုရိုက်၊ ကက်ကင်းကိုဆောင်ကာ … မိဘကို ဒုက္ခပေးခဲ့၊ မိသားစုလေးကို သောကတွေရစေခဲ့၊ ပြည်သူကို အကုသိုလ် ဝေမျှခဲ့တဲ့ ငါ … ၀ဋ်ကြွေးတွေ ကျေ။ ၀ဋ်ကြွေးတွေ ပြေအောင် အနိမ့်ကျဆုံး ကုသိုလ်အလုပ်မျိုးသည် မြင့်မြတ်သော သူတို့သာ လုပ်နိုင်သည်တဲ့ … ။

ဒီမှာတင် … ဘ၀တစ်ဆစ်ချိုး ပေးဆပ်မှုတွေတိုး၊ ဘာသာတရားကို ရိုကျိုးခဲ့ရ။

ဟ! . . . ဘာတဲ့တုန်း … နားစွင့်စမ်း၊ မော့ကြည့်စမ်း၊ မေးကြည့်စမ်း၊ မျှော်ကြည့်စမ်း၊ လျှောက်ကြည့်စမ်း။

“လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းပါစေ” တဲ့ … ဟာ ပြည်သူပြည်သား လူသားအားလုံးကို မေတ္တာပို့တဲ့ အသံတွေပဲ။

မိုးထဲ … လေထဲ … သေနတ်ဆွဲ၍ မဟုတ်။

မိုးထဲ … လေထဲ … ထီးဖိနပ်မဆွဲတဲ့ … သံဃာတော်တွေပဲ။

ဆွမ်းဘယ်လိုများ ဘုန်းပေးကြမလဲလို့ တွေးမိ။

ရိုက်လက်စ ဓါတ်ရှင်ကားတွေ စွန့်ခွာခဲ့ပြီး လှမ်းလိုက်တဲ့ခြေလှမ်း … သံဃာတော်တို့ နားနေရာ ကြေးသွန်းဘုရားကြီးဆီသို့။

ဒီမှာတင် … လက်သီးလက်မောင်း မတန်း … မကြွေးကြော်ခဲ့ဘဲနဲ့ သူ့အလိုလို Auto လင်မယား နှစ်ယောက် ပြည်ထဲရေးရောက်။

ဒါတင်မကသေး … အောင်သပြေထဲလည်း အမြည်းအဖြစ် ခေတ္တခဏရောက်။

သားနဲ့သမီးလည်း … အဝေးကိုရောက်။

သြော် . . . လူကြီးအတွေး … “အစိမ်းရောင်ဆိုတာ ဒါမျိုးကြီးလဲ စွမ်းဆောင်ပေးသားပဲ” လို့။

ဒီလိုနဲ့ … နအဖ လက်ထဲမှာ အလုပ်လက်မဲ့ (၁၀၉ ~ ၁၁၀) ဘ၀။ ယခုအချိန်ထိ သုံးနှစ်တိတိ စွန်းခဲ့ပြီပေါ့။

ခေတ်သုံးခေတ်ရဲ့ နှစ်သုံးနှစ်မှာ အနုပညာသမားဘ၀ကနေ အရှင်လတ်လတ် သုဘရာဇာ ဘ၀ကို လုံးလုံးရောက်အောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။

ပြည်သူတွေကို အချိန်ပြည့် ပေးဆပ်ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။

အနိစ္စ ဒုက္ခ အနတ္တ တရားတွေကို အချိန်တိုတိုနဲ့ မြင်တွေ့ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။

သံဝေဂတရားတွေ သိမြင်၊ ကျင့်ကြံ အားထုတ်ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင် လူသား။

ငြိမ်းချမ်းမှု အဖြူထည်လူသားဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ … အစိမ်းရောင်လူသား။

သာဓု . . . သာဓု . . . သာဓုပါ … အစိမ်းရောင်လူသား။

အသင်တို့သည်လည်း ကျွန်ုပ်သိသလို … သိကြပါစေ။

ကျွန်ုပ်ရသလို … ရကြပါစေ။

ကျွန်ုပ်မြင်တွေ့သလို … မြင်တွေ့ကြပါစေ။

ကျွန်ုပ်ပေးဆပ်သလို … ပေးဆပ်နိုင်ကြပါစေ လို့သာ ကျွန်ုပ်ရဲ့ မွေးနေ့ (၅၁) နှစ်ပြည့်မှစ၍ ရန်သူမျိုးငါးပါးမှ ကင်းဝေးကြပြီး၊ လူအချင်းချင်း နှိပ်စက်ခြင်း … ကင်းရှင်း ကြပါစေ။ ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ ဟု မေတ္တာပို့သ သစ္စာဆို ဆုမွန်ကောင်း တောင်းလိုက်ရယုံမှတစ်ပါး အခြားမရှိတော့ချေ။

မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဖြင့်

                  ကျော်သူ (၁၉၅၉ ~ ၂၀??)

Thursday, October 28, 2010

0 (ZARGANAR) This Prison Where I Live

1 နအဖစစ်အုပ်စု၏အတုအယောင်(၂၀၁၀)ရွေးကောက်ပွဲအားသပိတ်မှောက်၊ ဆန့်ကျင်တိုက်ဖျက်ချီတက်ဆန္ဒပြပွဲအခမ်းအနားမှတ်တမ်းဓါတ်ပုံများ။(ဂျပန်)


ဓာတ်ပုံ။ ။ ဦးသန်းဝင်းအားကျေးဇူးတင်ရှိပါသည်။

Wednesday, October 27, 2010

0 မနေ့ကထိုင်းနိုင်ငံဘန်ကောက်သို့ကုလအထွေထွေအတွင်းရေးမှူးဘန်ကီးမွန်းရောက်ရှိစဉ် UNရုံးရှေ့ ဆန္ဒပြ



မနေ့က ထိုင်းနိုင်ငံဘန်ကောက်သို့ကုလအထွေထွေအတွင်းရေးမှူးဘန်ကီးမွန်းရောက်ရှိစဉ် UNရုံးရှေ့တွင် လူ့အခွင့်ရေးလှုပ်ရှားသောအဖွဲ့များ၊ ထိုင်းအခြေစိုက်မြန်မာများ ၊ ထိုင်းအစိုးရဆန့်ကျင်သောရှပ်နီများ ပါဝင်ပြီး ကုလသမဂ္ဂအားဆိုင်းဘုတ်များကိုင်ဆောင်၍တောင်းဆိုဆန္ဒပြနေစဉ်

ဒီနေ့ ဘန်ကောက်မြို့ ထိုင်းအစိုးရရုံးမှာ သတင်းစာ ရှင်းလင်းပွဲ မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း(Ban Ki-moon) က“နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပေးခြင်းအားဖြင့် ဒီရွေးကောက်ပွဲဟာ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတခု ဖြစ်တယ်ဆိုတာ ပြသဖို့ စစ်အစိုးရဘက်က အချိန်မနှောင်းသေးကြောင်းတိုက်တွန်းပြောဆိုသွားပါတယ်။

ဓာတ်ပုံ။ ။ Getty images

0 ကြံ့ဖွံ့ပါတီနှင့်တစည ပါတီတို့ရဲ့ စကားစစ်ထိုးပွဲ


(လူထုတရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့) မှ စီစဉ်တင်ဆက်ထားပါတယ်။

ကြံ့ဖွံ့နှင့်တစည ပါတီတို့၏ ပြည်သူအပေါ်ထားတဲ့ ရင်ဘက်ထဲက လာတဲ့ အလိမ်အညာ အကောက်အကျစ်များကို ပြည်သူလူထု တရပ်လုံးသိရှိစေရန်အတွက်ဘလော့ဂါများ၊မီဒီယာများမှ ဆက်လက် တင်ဆက် ဖြန့်ဝေပေးစေချင်ပါတယ်။
မည်သည့်စစ်အာဏာရှင်မှ လူထုကို မထိခိုက်စေရ။

လူထုတရပ်လုံးအတွက်စတေးခံ
အကောင်းဆုံးမြေသြဇာအဖွဲ့

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.