Saturday, October 17, 2009

0 ဥမင်လိုဏ်ခေါင်းကိစ္စ မပေါက်ကြားရေး ကျေးရွာဥက္ကဋ္ဌများကို တပ်ကခြိမ်းခြောက်


အေးနိုင် (dvb)
မကွေးတိုင်း နတ်မောက်မြို့နယ်ရှိ စစ်အာဏာပိုင်တွေက ရွာမွန်နဲ့ ဖက်သန်းတောင် ရွာတွေအနီး မြေအောက် ဥမင်လိုဏ်ခေါင်း တူးတဲ့ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် မဖြစ်အောင် တာဝန်ယူတားမြစ်ဖို့ကျေးရွာဉက္ကဋ္ဌတွေကို မကြာသေးခင်ရက်ပိုင်း က ခြိမ်းချောက် ပါတယ်။ ရွာမွန်ကျေးရွာ ဥက္ကဋ္ဌကို ဗိုလ်ကြီးတယောက်က ရွာမွန်မှာ စစ်တပ်ပဲ ရှိကြောင်း၊ လိုဏ်ခေါင်းရှိတယ်ဆိုတဲ့ သတင်းမျိုး ထွက်ပေါ်လာရင် တရွာလုံးကို မီးရို့ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုတဲ့အပြင် ဥက္ကဋ္ဌကိုပါ တင်းတင်းကျပ်ကျပ် သတိပေးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အဲလိုခြိမ်းခြောက်တော့ ဥက္ကဋ္ဌကိုယ်တိုင် စကားမပြောရဲတော့ဘူး။ ရွာမွန်နဲ့ ဖက်သန်းတောင် နှစ်ခုလုံးက နတ်မောက်နယ်ထဲမှာ လိုဏ်ခေါင်းဖောက်နေတာ ၁၉ မိုင်လောက်တောင် ရှိမယ်ထင်တယ်။ ဓာတ်ပုံရိုက်လို့ မရလောက်အောင် စစ်ဆေးမှုက များတယ်။” မကွေးတိုင်း ဒေသခံတဉီးကတော့ လွန်ခဲ့တဲ့ ၄ နှစ်လောက် ကတည်းက မင်းဘူးတဘက်ကမ်း ငဖဲဘက်မှာ စစ်အစိုးရက လိုဏ်ခေါင်းအတွင်း လက်နက်စက်ရုံတည်ဖို့ ဂျီတီအိုင် ဆင်းတဲ့ သူ့ သားကို စစ်တပ်က လာဆက်သွယ်တယ်လို့ ပြောပါတယ်။ “လွန်ခဲ့တဲ့ ၄ နှစ်လောက်က အဲ့ဒီကနေ ကောင်လေးတယောက်က လာအလုပ်ခေါ်တာ။ တလကို စရိတ်ငြိမ်း ၃ သောင်းခွဲ၊ မိဘဆီကို မပြန်ရဘူးတဲ့။ ပြန်ချင်ရင် ငါပေးတဲ့ ဖုန်းနံပါတ် အိမ်ကို ပေးခဲ့တဲ့။ အမေအသည်းအသန်ဖြစ်လို့ သားပြန်လာပါဆိုပြီး ဆက်ခိုင်းတဲ့။ မဟုတ်ရင်ေ သူတို့က ပြန်ခွင့်မပေးဘူးတဲ့။ “သားက ဘာအလုပ်လဲ ဆိုတော့မှ ဥမင်လိုဏ်ခေါင်းတူးပြီး စစ်လက်နက် ထုတ်လုပ်ဖို့ အဆောက်အဉီးတွေ ဆောက်နေတာတဲ့။ ရွှေစက်တော်နားမှာ၊ မကွေး တဘက်ကမ်း မင်းဘူးဘက်က ပဒိန်း၊ ပဒန်း၊ ငဖဲတို့ဘက်က မိုင် ၂၀ လောက် သွားရတဲ့ တောထဲမှာတဲ့။” မြေအောက်ဥမင်လိုင်ခေါင်းနဲ့ ပတ်သက်လို့သူ့ကိုယ်တွေ့ဖြစ်ရပ်နဲ့ တခြား ကြားသိရတဲ့ အခြေအနေတွေကိုလည်း သူက ပြောပါတယ်။

“ရန်ကုန်ကနေ တခါပြန်လာတော့ အဲဒီနတ်မောက်အကျော် ၂ ဘူတာလောက်မှာ စစ်သားစုဆောင်းရေးက ‘သင့်ကို စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးမှ ကြိုဆိုပါတယ်’ ဆိုပြီး စာတန်းတခု တွေ့တယ်။ အဲဒီကနေပြီး ၁ မိုင်လောက်ကို လှမ်းကြည့်လိုက်တော့ စစ်အဆောက်အဉီးတွေ လှမ်းမြင်တာ။” “အဲဒီမှာသူတို့ လုပ်နေတာ ၃၊ ၄ နှစ်လောက်ရှိပြီ။ ထုတ်လုပ်တာ စစ်လက်နက်ပစ္စည်းပဲ။ မြင်းခြံမှာလည်း အဲလိုနျူကလီးယားနဲ့ ပတ်သက်တဲ့ လက်နက်ပစ္စည်း ထုတ်လုပ်ဖို့ စစ်လက်နက်ပစ္စည်း စက်ရုံတွေ၊ အဆောက်အဦးတွေ ဆောက်နေတယ်ကြားတယ်။

0 Sonyက လက်ရှိကျင်းပနေတဲ့ ဓါတ်ပုံပြိုင်ပွဲဝင်ချင်လျှင်


ပြည်တွင်းပြည်ပကဓါတ်ပုံဝါသနာရှင်များနဲ့ကြေးစားများအားလုံးဆန္ဒရှိလို့ပြိုင်ပွဲဝင်ချင်ရင်တော့
လောလောဆယ် Sony World Photography Awards Cannes 2010 ကျင်းပနေပါတယ်။
ဒါပေမယ့်ပြိုင်ပွဲဝင်မယ့်ပုံတွေကတော့လက်ရှိ ၂၀၀၉ ခုနှစ်ထဲမှာရိုက်ထားတဲ့ပုံတွေပဲဖြစ်ရမှာပါ။
ဝါသနာရှင်များအနေနဲ့ ဒီနေရာ http://www.worldphotographyawards.org/register.aspx?type=1
မှာသွားရောက်ပြီးပြိုင်ပွဲဝင်လို့ရပါတယ်။

ပရော်ဖက်ရှင်နယ်ကြေးစားသမားများအတွက်ကတော့ ဒီနေရာ http://www.worldphotographyawards.org/register.aspx?type=2
မှာသွားရောက်ပြီးပြိုင်ပွဲဝင်လို့ရပါတယ်။

မှတ်ချက်။ ။ပြိုင်ပွဲကိုသောကြာနေ့ ၄.၁၂.၂၀၀၉ နောက်ဆုံးထားပြီးဝင်ပြိုင်ရမှာဖြစ်ပါတယ်။ဓါတ်ပုံသုံးပုံအထိပြိုင်ဆိုင်နိုင်ပါတယ်။


--
ﱢﱟﱞﱡ۩ﱡﱞﱟﱢ ကိုတေ ﱢﱟﱞﱡ۩ﱡﱞﱟﱢ
Free Burma Federation
004522838096

0 ဘာဖြစ်သလဲ နာဂစ် (ဇာဂနာ)

zaganar  nargis

တစ်ချို့ ကဗျာတွေက စကားလုံးတွေရဲ့ အလှကို ဖတ်ပြီး ခံစားရသလို၊ အသံအနေအထား၊ အဖြတ်အတောက် လေးတွေနဲ့ ရွတ်ဆိုတဲ့ အခါမှာ၊ နောက်ထပ် အသံကပေးတဲ့ အရသာသစ်တစ်ခု ထပ်ထွက် လာပါတယ်။

ကောင်းကင်(နိုင်ငံပြုအနုပညာမဂ္ဂဇင်း)က ရည်မွန်ရဲ့ “ကမ္ဘာကြီးပေါ်မှာ ငါတို့ဟာ” ကဗျာ အပိုင်း (၁) နဲ့ (၂) ကို ဗွီအိုအေ-မြန်မာပိုင်း(VOA-Burmese)ရဲ့ “အနုပညာမိုးကောင်းကင်” အစီအစဉ်မှာ ကိုကျော်အောင်လွင်က ခံစား ရွတ်ဆိုထားချက်ကို တစ်မျိုး ပြန်ခံစားနိုင်ဘို့ တင်ဆက်ပေးလိုက်ပါတယ်။


ဘာဖြစ်သလဲ နာဂစ်

ဆန်တွေ ရဟတ်ယဉ်စီးတယ်။

4.W.D စီးတာ

ဌားခ သိန်းခုနစ်ဆယ်

ဘိုကလေးက

အင်းလျားလမ်းထက် ဈေးကြီးတယ်။



ဘာဖြစ်သလဲ နာဂစ်

ဟော်လံဘီယာတွေ

လခစားတယ်။

ကမ်းရိုးတန်းဖုန်း

နှစ်ဆယ့်သုံးသိန်းပေါက်တယ်။



ဘာဖြစ်သလဲ နာဂစ်

ဆားချက်တဲ့ ကန်ထဲ

ရေငန်ဝင်တယ်။

လူတစ်ထောင် အလုပ်ရဖို့

လူတစ်သိန်း ရင်းရတယ်။



နဂါးဖြစ်ဖြစ်

ပန်းဖြစ်ဖြစ်



ဘာဖြစ်လဲ နာဂစ်

ဘာမှ မဖြစ်ဘူး

ဘာမှမလုပ်သေးလို့။



ဇာဂနာ

(၂၀၀၈)
(ကောင်းကင် အင်တာနက်မဂ္ဂဇင်းက ကူးယူပါတယ်)

Friday, October 16, 2009

0 ညီညီအောင်မိတ်ဆွေများက ထုတ်ပြန်လိုက်သော ပို့စ်ကဒ်ကလေး

0 မက္ကဆီကိုနယ်စပ်ကိုကျော်ဖြတ်ပြီး အမေရိကန် နိုင်ငံတွင်းဝင်ရောက်ကြသူများ

မက္ကဆီကိုနယ်စပ်နှင့်ထိစပ်နေသည့် အမေရိကန် နိုင်ငံဆန်ဒီယေးဂိုးမြို့ ဓာတ်ပုံ-ဆန်ဒီယေးဂိုး မြူနီစပယ်

မက္ကဆီကိုနယ်စပ်နှင့်ထိစပ်နေသည့် အမေရိကန် နိုင်ငံဆန်ဒီယေးဂိုးမြို့ ဓာတ်ပုံ-ဆန်ဒီယေးဂိုး မြူနီစပယ်

ဒုက္ခသည် စခန်းတွေကနေ တစ်ဆင့် အမေရိကန် ထွက်သွားကြတဲ့ သူတွေထဲမှာ မြန်မာ လူမျိုးတွေ ၁၀ ရာခိုင်နှုန်းလောက်သာရှိပြီ အများစုကတော့ ကရင် နဲ့  အစ္စလမ် မစ်ဘာသာဝင် လူမျိုးတွေများတယ် လို့ မဲလ ဒုက္ခသည် စခန်းရဲ့ ဖလာ လို့ ခေါ်တဲ့ စခန်းတာဝန်ခံချုလာချိုင်း က Freedom News Group ကို ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကနေ တတိယနိုင်ငံကို ထွက်ခွာသူတွေ ထဲမှာ ချင်းလူမျိုးတွေ အများစု မို့ မြန်မာ လူမျိုးတွေက ဒုက္ခသည် စခန်းတွေကနေ တတိယနိုင်ငံကိုထွက်ခွာ မှုများတယ် လို့ မဆိုနိုင်သေးပါဘူး။

ဒါပေမယ့် ဒုက္ခသည် စခန်းတွေကနေ တတိယနိုင်ငံ ကို ထွက်ခွာကြတဲ့ သတင်း တွေ ဟာ
သိပ်မထူးဆန်းတော့ ပါဘူး။ မြန်မာ ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှု ကြောင့် ၎င်း လုပ်ခလစာ နိမ့်ပါးမှု ကြောင့် ၎င်း မြန်မာ လူမျိုးအများစု ဟာ နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ်လုပ် ကိုင်ကြပါတယ်။

အရင်းအနှီး နည်းတဲ့ သူတွေကတော့ ဒေသတွင်း နိုင်ငံတွေ ဖြစ်တဲ့ မလေးရှား ၊စင်္ကာပူ
တို့ မှာသွားရောက် ကိုင်လုပ် ကိုင်ကြပြီး ခရီးစရိတ် နဲ့  အခြားစရိတ်စက တွေ မတတ် နိုင်တဲ့ သူတွေကြတော့ ထိုင်း နိုင်ငံ တွင်းက မြို့ တွေ ဖြစ်တဲ့ မဲဆောက် ၊ မဟာချိုင် ၊ရနောင်း ၊ ဖူးခက် စတဲ့ ဒေသတွေ မှာ အလုပ်လုပ် ကိုင်ကြပါတယ်။

နယ်စပ်ကိုဖြတ်ကျော်၍ မက္ကဆီကို နိုင်ငံတွင်းဝင်ရောက်လာသူများ ဓာတ်ပုံ - အေပီ

နယ်စပ်ကိုဖြတ်ကျော်၍ မက္ကဆီကို နိုင်ငံတွင်းဝင်ရောက်လာသူများ ဓာတ်ပုံ - အေပီ

ထိုင်း – မြန်မာနယ်စပ် တွေ မြို့ တွေ ဖြစ်တဲ့ မဲဆောက် ၊ရနောင်း ၊ ဆွန်ခလာ ဘူရီ စတဲ့ မြို့ တွေမှာ သွားရောက် အလုပ်လုပ် ကိုင်နေကြတဲ့ မြန်မာ တွေ ရဲ့ ဘ၀ ဟာ ထိုင်းရဲက တစ်မျိုး ၊ ထိုင်းလူမျိုး လမ်းသရဲ ဂိုဏ်းသားတွေ ကတစ်မျိုး နဲ့ ကြမ်းတမ်း ခက်ထန် လှပေမယ့်အမိ နိုင်ငံ မြန်မာ ပြည်မှာ ထက် ပိုပြီး အလုပ်အကိုင် နဲ့ လုပ်ခ လစမြင့်မားတာ ကြောင့် တက္ကသိုလ် ဘွဲ့ ရ ပညာတတ်တွေ တောင်သွားရောက် လုပ်ကိုင် ကြပါတယ်။

တချို့ ငွေကြေး တတ်နိုင်သူတွေ ကတော့ ဂျပန် ၊ကိုရီးယား နဲ့  ဥရောပ နိုင်ငံတွေ မှာ ကို
သွားရောက်ပြီး အလုပ်လုပ်ကြပါတယ်။ မြန်မာ လူမျိုးအများစု ဟာ အမေရိကန် နိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင် လိုပေမယ့် စစ်အစိုးရ အာဏာသိမ်း ပြီးချိန်က စလို့ အမေရိကန် နိုင်ငံ ကို သွားရောက် ရတာ ဟာ ခက်ခဲတဲ့ ကိစ္စ ရပ်ကြီး တစ်ခု အဓိက အားဖြစ် အမေရိကန် သံရုံးက ထုတ်ပေးတဲ့ အမေရိကန် နိုင်ငံ တွင်းသွားရောက် ခွင့် ရဖို့ ဗီဇာရရှိ ဖို့ က မလွယ်ကူလှပါဘူး။

စက်တင်ဘာ ၁၁ ၂၀၀၁ ခုနှစ် နောက်ပိုင်းမှာတော့ အမေရိကန် နိုင်ငံ ရဲ့ အမိမြေလုံခြုံရေးဝန်ကြီးဌာန နဲ့ လွှတ်တော်က ထပ်မံ ပြဌာန်းထားတဲ့ ဥပဒေတွေ ကြောင့် အမေရိကန် ပြည်တွင်းကို ၀င်ရောက်ခွင့်ရရှိ ဖို့ ဟာ ပိုမို များပြားတဲ့ အဆင့်တွေ ကို ကျော်ဖြတ် နိုင်ဖို့ လိုပါတယ်။

အဲဒီလို များပြားလှတဲ့ အဆင့်တွေ ကြောင့် အမေရိကန်နိုင်ငံ ကိုပဲ သွားမယ် လို့ စိတ်ကူးထားတဲ့ မြန်မာ တွေ ဟာ နည်းလမ်းအမျိုးရှာ ကြံရင်း နဲ့  အမေရိကန် နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ မက္ကဆီကို နိုင်ငံ ကနေ ၀င်ရောက်တဲ့ လမ်းကို ရွေးချယ် ခဲ့သူတွေ လဲ တစ်နှစ်ထက်တစ်နှစ် ပိုမို များပြားလာပါတယ်။

အမေရိကန် နိုင်ငံကို မက္ကဆီ ကိုနိုင်ငံ ကို တစ်ဆင့် ၀င်မယ်လို့ ဆုံးဖြတ်ထားသူတွေ ဟာပထမ ဦးဆုံး မက္ကဆီကို သံရုံးမှာ ပြည်ဝင်ခွင့် ဗီဇာ ယူကြရပါတယ်။ မြန်မာပြည်တွင်းမှာတော့ မက္ကဆီ ကို နိုင်ငံရဲ့ သံရုံး လာရောက် အခြေစိုက်ထားခြင်း မရှိသေးတာကြောင့် ထိုင်းမလေးရှား စတဲ့ နိုင်ငံ တွေ က မက္ကဆီကို နိုင်ငံ သံရုံးတွေ မှာ ဗီဇာ လျှောက်ထားကြရပါတယ်။`

အရီးဇိုးနား မြိ့ နှင့် မက္ကဆီကို မြို့ ကို ဤသို့ တံတိုင်းတစ်ခုသာခြားလျှက်တွေ့ ရစဉ်

အရီးဇိုးနား မြိ့ နှင့် မက္ကဆီကို မြို့ ကို ဤသို့ တံတိုင်းတစ်ခုသာခြားလျှက်တွေ့ ရစဉ်

မက္ကဆီကို နိုင်ငံကနေ တစ်ဆင့် အမေရိကန် နိုင်ငံ ကို ၀င်ရောက်လာပြီး အခုတော့ ကာလီဖိုး နီးယား ပြည်နယ် ဆန်ဟိုဆေးမှာ ဆူရှိလိပ်ရင်း ကျောင်းတက်နေတဲ့ “ကိုကောင်းထက် ကတော့ “ကျွန်တော် ရန်ကုန်မှာ ၂၀၀၄ လောက်ကတည်းက အမေရိကန် သွားဖို့ လုပ်တယ် ။ မလွယ်ဘူး ။နောက်ဆုံး ဘန်ကောက်မှာ အလုပ်လာ လုပ်နေရင်းသူငယ်ချင်း တစ်ယောက်က မက္ကဆီကို ဘက်ကနေ လှည့် ၀င်တဲ့ သူတွေရှိတယ် လို့ အကြံပေးတာနဲ့  ကျွန်တော်လည်း ဘန်ကောက်မှာရှိတဲ့ မက္ကဆီကို သံရုံးမှာ ဗီဇာယူပြီးလာတာပဲ “ဟု သူ၏ ခရီးစဉ် ကိုပြောပြပါတယ်။

ကိုကောင်းထက် ကဲ့သို့ ပင် မက္ကဆီကို နိုင်ငံမှ တစ်ဆင့် ၀င်ရောက်လာသော မြန်မာ လူမျိုး
များလည်း ရှိပြီး ချင်းလူမျိုးများက မူ အုပ်စုလိုက်ဝင်ရောက်ကြတယ်လို့ ဆိုပါတယ်။အခု လို

မက္ကဆီ ကို နိုင်ငံဘက်က ခိုးဝင်တဲ့ခရီးစဉ် ဟာ ကံမကောင်း အကြောင်းမလှရင် အသက် အန္တရာယ် နဲ့ ပါနီးစပ် တယ်လို့  ကာလီဖိုးနီးယားပြည်နယ် ဆန်ဒီယေးဂိုး မြို့ မှာနေထိုင်တဲ့ဦးအောင်မြင့် ပြောပါတယ်။ဦးအောင်မြင့် ဟာ မက္ကဆီကို နယ်စပ်နဲ့ ထိစပ်နေတဲ့ အမေရိကန် မြို့ ကြီး တစ်မြို့ ဖြစ်တဲ့ ဆန်ဒီယေးဂိုး မြို့ မှာ နေတာ ၁၀ နှစ်ကျော်ရှိသွားပြီလို့ ဆိုပါတယ်။ သူက နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာသူတွေ နဲ့ ပတ်သက်ပြီး “မက္ကဆီ
ကို နယ်စပ်ကနေ ၀င်ကြတာ ပနားမားတို့ ၊ဟွန်းဒူးရပ် ၊ဗင်နီဇွဲလား နဲ့  ကိုလံဘီယာက လူတွေ အများကြီးပဲ အာရှမှာ ဆို အိန္ဒိယ၊တရုတ် နဲ့ ပါကစ္စတန် ဘက်ကလည်း အဲဒီလို ၀င်ကြတယ်။မြန်မာ က အနည်းဆုံးပဲ ”လို့ ပြောပါတယ်။

အမေရိကန် နှင့် နယ်စပ်ခြင်းကပ်နေသည့် မက္ကဆီကို မြို့ များဖြစ်သည့် ချီယူဒါ ဟွာရက်ဇ်
၊ တီချူဟွာနာ ၊ချီဟွားဟွား စသည့် ဒေသများမှာ ရာဇ၀တ်မှုများ ပေါများခြင်း နှင့် ကာတယ် ဟု ခေါ်သည့် မူးယစ်ရာဇာများ အခြေစိုက်တဲ့ ဒေသတွေ ဖြစ်တဲ့ အတွက် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာ သူများသည် အန္တရာယ် မျိုးစုံ နဲ့ ရင်ဆိုင်နိုင်ရ ပါတယ်။

မိုင်ပေါင်း ၁၉၆၉ (ကီလိုမီတာ ပေါင်း ၃၁၆၉ ) ရှည်လျှားတဲ့ မက္ကဆီကို – အမေရိကန် နယ်စပ်တစ်လျှောက် နယ်စပ်ခြင်းထိစပ်နေတဲ့ မြို့ ပေါင်း သုံးဆယ်ထက် မနည်းရှိကာ အချို့ ကတော့ တောလမ်းကနေ ၀င်ရောက်လာကြပါတယ်။

၂၀၀၅ ခုနှစ်မှာ မက္ကဆီကို စီးတီးကနေ တစ်ဆင့် ဘတ်(စ)ကားနဲ့ နှစ်နိုင်ငံနယ်စပ်မြို့ ဖြစ်တဲ့ချီယူဒါ ဟွာရက်ဇ် ကိုရောက်ရှိလာပြီးနောက် အမေရိကန် တက္ကဆက် ပြည်နယ် ဘက်ကအယ်လ ပါဆို မြို့ ကို ၀င်ရောက်လာတဲ့ ကိုကောင်းထက် ကတော့ “မြန်မာ နိုင်ငံကနေ စထွက် မယ်ဗျာ ..အမေရိကန် နိုင်ငံတွင်းကို ရောက်လာဖို့ အတွက် ခရီးစဉ် စဆုံးဆိုရင်အနည်းဆုံး ဒေါ်လာ သုံးထောင်လောက်ရှိမှ ဖြစ်မှာ အမေရိကန် မှာ လူခံ မရှိရင် ပိုဆိုးတယ် လို့ ပြောပါတယ်။

ဘန်ကောက် (သို့ မဟုတ်) ကွာလမ်လာပူကနေ မက္ကဆီ စီတီး ကို လေယာဉ်ခ ဒေါ်လာတစ်ထောင်ကျော် ကုန်ကျမှာဖြစ်ပြီး မက္ကဆီကို စီတီးကနေ အမေရိကန် နယ်စပ်က မိမိသွားလိုရာ နယ်စပ် မြို့ အထိ အရောက် ပီဆိုငွေ နှစ်ထောင်ကျော် (အမေရိကန် ဒေါ်လာနှစ်ရာ နီးပါး)ကုန်ကျမှာ ဖြစ်ပါတယ်။

၂၀၀၄ခုနှစ်မှာ ချစ်သူရှိရာ နောက် ကို အရဲစွန့် ပြီးလိုက်လာတဲ့ မသီတာသိန်းက တော့“ကျွန်မ ကမလေးရှားကနေလာတာ အခုကျွန်မ ခင်ပွန်းပေါ့ သူက ရည်းစားဖြစ်ပြီး တစ်နှစ်လောက် ၂၀၀၂ ခုနှစ်လောက်မှာ အမေရိကန် ကိုထွက်သွားတော့ ကျွန်မ ကရန်ကုန်မှာ ကျန်ခဲ့တယ်။ ရန်ကုန် ကနေ အမေရိကန် ထွက်ဖို့ လုပ်တာ အဆင်မပြေဘူး။နောက်ဆုံးကျတော့ သူက မက္ကဆီကို ကနေ လာဖို့ စီစဉ်ခိုင်းတာ နဲ့ လာဖြစ်သွားတာ။ လမ်းကတော့ကြောက်စရာကြီး မက္ကဆီကို စီတီး ကနေ ကာလီဖိုးနီးယား နယ်စပ်ရောက်
ဖို့ လေးရက်တောင် မောင်းရတယ် ”လို့ ပြောပါတယ်။

မသီတာသိန်း ရဲ့ ချစ်သူက ကာလီဖိုးနီးယားပြည်နယ် ဆန်ဒီယေးဂိုး မြို့ ကစောင့်နေပြီးသူက တော့ မက္ကဆီကို နိုင်ငံရဲ့ အနောက်ဘက် အစွန်းအကျဆုံးမြို့ ဖြစ်ပြီး ပစိဖိတ် သမုဒ္ဓရာ ကို မေးတင် ထားတဲ့ တီ ဂျူဟွာနာ မြို့ ကနေ ၀င်ရောက်လာတယ် လို့ ပြောပါတယ် ။မသီတာသိန်းက သူမ အတွေ့ အကြုံကို ပြောပြရာမှာ မက္ကဆီ ကိုစီတီး
မှာ လေးရင် နေရတယ် ။ နောက် လောစ်မိုချစ် မှာ နှစ်ရက်နေရတယ် ၊မက္ကဆီကို အနောက်ပိုင်း မြို့ ကလေးပေါ့ လူသတ်မှု က နေ့ တိုင်းရှိတယ်။စီးလာတဲ့ ဘတ်စ် ကားပေါ်မှာ အာရှာသားတစ်ယောက်မှ မပါဘူး။ မက္ကဆီကို နဲ့ လာလည်တဲ့ တိုးရ်ရစ် တွေပါတယ်။ တီဂျူဟွာနာရောက်တော့ ကျွန်မခင်ပွန်းကလာစောင့်နေတယ်
အမေရိကန် ဆန်ဒီယေဂိုး မြို့ နယ်စပ်နဲ့ က ထိနေတာပဲ အမေရိကန် ရဲတွေ ကတော့ခရီးသွား ဧည့်သည်တွေပဲ ထင်ပြီး ၀င်ခွင့်ပေးလိုက်တာ နောက်ပိုင်း အဲဒီလမ်းက ၀င်ဖို့ မလွယ်တော့ ဘူးလို့ ပြောပါတယ်။

အခုလို နယ်စပ်ဖြတ်ကျော်ပြီး အမေရိကန် ရောက်လာသူတွေ အနက် အရီးဇိုးနားပြည်နယ်နယ်စပ် နဲ့ မက္ကဆီ ကို နယ်စပ် ဖြစ်တဲ့ နိုဂါလိစ် က ၀င်ရောက်လာတဲ့ သူ တစ်ဦးဖြစ်တဲ့ ကိုအောင်မြတ်က အခု အမေရိကန် က နယ်စပ် တံတိုင်းကာနေပြီ လေ တံတိုင်းပြီးသွားရင် ၀င်လာဖို့ မလွယ်တော့ ဘူး ”လို့ ပြောပါတယ်။

အမေရိကန် နယ်စပ်ကမြို့တွေ နဲ့ မက္ကဆီကို မြို့ တွေဟာ နယ်စပ်ခြင်းထိစပ်နေပြီး အချို့ မြို တွေဆိုရင် တံတိုင်းကာရန် ထားပေမယ့် ကျော်ဝင်လိုက်ရုံနဲ့  အမေရိကန် နိုင်ငံထဲကို ရောက် သွားတယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံထဲကို ခိုးဝင်လာလို့ ရဲက ဖမ်းမိရင် လည်း ပြန်ပို့ ဖို့ မလွယ်ကူတာကြောင့်
နိုင်ငံရေးခိုလှုံခွင့် ဒါမှ မဟုတ်နေထိုင်ခွင့် လျှောက်ထားနိုင်တယ် လို့ ဆိုပါတယ်။

ဆန်ဒီယေဂိုးမှာ နေတဲ့ ဦးအောင်မြင့်ကတော့ “မက္ကဆီကိုကနေ မြန်မာ တွေ ၀င်လာတာ ၂၀၀၇ နောက်ပိုင်းမှာ ပိုများလာတယ် ။ဒီရောက်တော့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ကြတာပဲရှေ့နေကောင်းရင် တစ်နှစ် နှစ်နှစ် လောက်နဲ့  ဂရင်းကဒ်ရတယ် လို့ ပြောပါတယ်။

မသီတာသိန်း ကတော့ နိုင်ငံရေးခိုလှုံ ခွင့် လျှောက်ထားစဉ်မှာ တရားဝင်နေထိုင် လို့ ရတယ် ။အလုပ်လုပ် လို့ ရတယ်။ အလုပ်လုပ်ခွင့် ရှိစရာ မလိုတဲ့ ဆူရှီ လိပ်တာ တို့ တခြားလုပ်စရာတွေ လဲ ရှိတယ် “လို့ ဆိုပါတယ်။

အခုလို အမေရိကန် နိုင်ငံကို ချောချောမွေ့ မွေ့ ရောက်လာကြတဲ့ သူတွေ ရှိသလိုတချို့ လည်း မက္ကဆီ ကို နိုင်ငံမှာတင် ဘ၀ ပျက်ရသူတွေလည်း ရှိတယ် လို့ ဆိုပါတယ်။

တက္ကဆက်စ် ပြည်နယ် ဒယ်လ် ရီယို မြို့ ကို မက္ကဆီကို နိုင်ငံ အကုညာ မြို့ ကနေ ၀င်ဖို့ ကြိုး
စားတဲ့ မြန်မာ အမျိုးသမီး နှစ်ဦး နဲ့ အခြားလူငယ်တစ် ယောက်ကတော့ အကုညာ မြို့ ပြင်မှာ ပဲ ၂၀၀၆ ခုနှစ်က လူဆိုးဂိုဏ်းတွေ ကဖမ်းဆီး ပြီးသတ်ပစ် လိုက်တယ် လို့  တက္ကဆက် ပြည်နယ် အယ်ပါဆို မြို့ နေ ကို ဇာနည်က ပြောပါတယ်။

အသက် အန္တရာယ် အပြင် အခက်အခဲ ပေါင်းများစွာကို ကျော်လွှားရမယ့် စွန့် စားမှုတစ်ခု ဖြစ်တဲ့ အပြင် မရေရာ မသေချာတဲ့ စွန့် စားမှု တစ်ခု ဖြစ်ပေမယ့် ဘန်ကောက် မြို့ ကနေမက္ကဆီကို နိုင်ငံ ကို ဖြတ်ကျော်ပြီး အမေရိကန် ကို ၀င်ရောက်ဖို့ စီစဉ်နေတဲ့  ကို ကျော်သူအောင် ကတော့ “ကျွန်တော့် တိုင်းပြည်မှာ ဆက်နေရင် ငတ်ပြီးသေသွားမှာအမေရိကန် ကို ရောက်အောင်သွားမယ်ဗျာ ။ သေချင် သေပစေ ။အစိုးရတော့ အမေရိကန်
ဆို ရင် ခွေးအမြီးတနှံနှံလို ဖြစ်နေတာ ပြည်သူတွေ ကတော့ ပိုဆိုး တာပေါ့ ဟု ပြောပါတယ်။

်http://longwalktofreedom.wordpress.com/မှကူးယူဖေါ်ပြသည်

0 ကိုညီညီအောင်ကို တရားရုံးထုတ်



အောက်တိုဘာ၁၄ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံနေသောကိုညီညီအောင်၏ရှေ့နေ ဦးဥာဏ်ဝင်း (ဓာတ်ပုံ - AP)


ပြီးခဲ့တဲ့လတုန်းက ရန်ကုန် နိုင်ငံတကာလေဆိပ်မှာ ဖမ်းဆီးခံရတဲ့ မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို ဒီကနေ့ ပထမဆုံး တရားရုံး ရုံးထုတ်ပါတယ်။ အထောက်အထား အတုလုပ်မှု၊ အယောင်ဆောင်မှုတွေနဲ့ စွဲချက်တင်ထား တယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။

စစ်အစိုးရ သတင်းစာရှင်းလင်းပွဲမှာတော့ သူဟာ တိုင်းပြည် မငြိမ်မသက်ဖြစ်အောင်နဲ့ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းတွေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲထားပေမဲ့ စွဲချက်မှာတော့ အဲဒါတွေကို မတွေ့ရပါဘူး။

ဒီကနေ့ တရားရုံး ရုံးထုတ်စဉ်မှာတော့ ရှေ့နေတွေအပြင် ရန်ကုန် အမေရိကန်သံရုံး အရာရှိတဦးလည်း တရားခွင်ကို လာရောက်ခဲ့ပါတယ်။

သူဟာ စစ်ကြောရေးကာလအတွင်း ညှဉ်းပန်းနှိပ်စက်တာ ခံခဲ့ရပေမဲ့ အခုတော့ စိတ်ရော ကိုယ်ပါ ကျန်းကျန်းမာမာ ရှိနေတယ်လို့ ရှေ့နေဖြစ်သူတွေက ပြောပါတယ်။ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတယ် ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန်သံရုံးက မြန်မာအစိုးရကို တရားဝင် ကန့်ကွက်စာ ပို့ထားတယ်လို့ သိရပါတယ်။

ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ရန်ကုန် နိုင်ငံတကာလေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ၁၉၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီးနောက် နယ်စပ်ဒေသကို တိမ်းရှောင်၊ အဲဒီကနေ အမေရိကန် နိုင်ငံမှာ နိုင်ငံသား ခံယူခဲ့တာပါ။

ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ ၂ နှစ်က သံဃာတွေရဲ့ ရွှေဝါရောင် လှုပ်ရှားမှုဖြစ်အောင် သွေးထိုးခဲ့သလို အတိုက်အခံ လှုပ်ရှားသူတွေကို ငွေကြေးထောက်ပံ့ပြီး အခြား အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေလည်း လုပ်ခဲ့တယ်လို့ စစ်အစိုးရက သူ့ကို စွပ်စွဲထားပါတယ်။

ကိုညီညီအောင်ရဲ့ မိခင်ဖြစ်သူဟာလည်း ပြီးခဲ့တဲ့ ရွှေဝါရောင် လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီးတော့ ဖမ်းဆီးထောင်ချ ခံထား ရပါတယ်။

ကိုညီညီအောင် အမှုကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းနဲ့ ဦးကြည်ဝင်းတို့က လိုက်ပါဆောင်ရွက် ပေးနေကြပါတယ်။(ဗီအိုအေ)

0 ၂၀၁၀ခုနှစ် ရွေးကောက်ပွဲဝင်မည့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအသင်း

Thursday, October 15, 2009

0 စစ်ခေါင်းဆောင်ကို သရော်သူ ကဗျာဆရာ နိုင်ငံတကာ ဆုရ

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ ခေါင်းဆောင်ကို အာဏာရူးဟူ၍ ကဗျာဖြင့် သရော်ခဲ့သူ အကျဉ်းထောင်တွင်းရှိ ကဗျာဆရာ ကိုစောဝေကို နယူးယောက် အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ -HRW က ဆုချီးမြှင့်လိုက်သည်။

HRW က ဖိနှိပ် ချုပ်ချယ်ခံ ဒေသများတွင် ရဲဝံ့စွာ ထုတ်ဖော်ရေးသားသူများကို Hellman/Hammet ဆုချီးမြင့်လေ့ရှိပြီး ၂၀၀၉ ခုနှစ်အတွက် နိုင်ငံတကာမှ စာရေးဆရာ ၃၇ ဦးအား ရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံက ကိုစောဝေလည်း ပါဝင်သည်။

“HRW အနေနဲ့ အကို ကိုစောဝေအပေါ် အသိအမှတ်ပြုတဲ့အတွက် ဂုဏ်ယူ ဝမ်းသာပါတယ်။” ဟု မိသားစုဝင်တဦးက တယ်လီဖုန်းမှ တဆင့် ပြောသည်။ ကိုစောဝေ၏ ဇနီးမှာ ထောင်ဝင်စာ သွားတွေ့နေရ၍ ဆက်သွယ်၍ မရနိုင်ဘဲ ဖြစ်သည်။

မြန်မာသတင်းသမဂ္ဂ- BMA က ဆုချီးမြှင့်ခဲ့သည့်အပေါ် ဝမ်းသာအားရ ကြိုဆိုကြောင်း ပြောကြားလိုက်သည်။


“ဆုရတယ် ကြားတော့ ဝမ်းသာပါတယ်။ ကြိုဆိုပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသား တယောက်အနေနဲ့ရော စာနယ်ဇင်းသမား တယောက်အနေ နဲ့ပါ ဂုဏ်ယူပါတယ်။ ကိုစောဝေက အခြေခံ လူ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုရေးသား ထုတ်ဖေါ်ပိုင်ခွင့်ကို ရဲရဲဝင့်ဝင့် ကျင့်သုံးတဲ့ အတွက် အကျဉ်းချ ခံထားရသူ တယောက်ဖြစ်ပါတယ်”ဟု ဘီအမ်အေ အတွင်းရေးမှူး ဦးစံမိုးဝေ က ပြောသည်။

ပြည်တွင်း အပတ်စဉ်ထုတ် အချစ်ဂျာနယ်တခုတွင် ‘ဖေဖော်ဝါရီဆယ့်လေး’ ခေါင်းစဉ်ဖြင့် နအဖ အကြီးအကဲကို အာ-ဏာ-ရူး-ကြီး-မှူး-ကြီး-သန်း-ရွှေ ဟု လျှို့ဝှက်ပဟေဋ္ဌိဖြင့် သရော်ကဗျာ ရေးဖွဲ့ခဲ့ရာ ဝေဖန်မှုကို သည်းခံလေ့ မရှိသော အာဏာပိုင်များကို ဒေါကန်သွားစေပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။

valentine-poems

ယခုအခါတွင် မန္တလေးတိုင်း ရမည်းသင်း အကျဉ်းထောင်တွင် ကဗျာဆရာမှာ ချုပ်နှောင်ခံနေဆဲ ဖြစ်သည်။

HRW သည် လွန်ခဲ့သည့် အနှစ် ၂၀ မှစတင်ကာ နိုင်ငံပေါင်း ၉၁ နိုင်ငံက စာရေးဆရာ စုစုပေါင်း ၇၀၀ တို့ကို Hellman / Hammett အနေဖြင့် ကူညီ ထောက်ပံ့မှုများ ပေးနေသည့်အပြင် စာရေးဆရာများအား အရေးပေါ် အခြေအနေအရ တိုင်းပြည်အတွင်းမှ ထွက်ခွာရန် လိုအပ်ပါက ခရီးစရိတ် ထောက်ပံ့ကြေးများ ပေးခြင်း၊ ထောင်တွင်း ညှင်းပန်း နှိပ်စက် မှုများကြောင့် ဆေးဝါးကုသမှု လိုအပ်နေသူများကိုလည်း ထောက်ပံ့ ကူညီနေကြောင်း အဖွဲ့၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထား သည်။

ယခုနှစ်တွင် Hellman /Hammett မှ ကူညီထောက်ပံ့ငွေ ရရှိသူများအနက် ၆ ဦးသည် တရုတ်၊ အီရန် နှင့် ဗီယက်နမ် နိုင်ငံတို့မှ ဖြစ်သည်။ ၃၇ ဦးတွင် ၁၈ ဦးမှာ ၎င်းနှင့် ၎င်း၏ မိသားစုအတွက် ဆက်လက် အန္တရာယ်ကျရောက် နိုင်သည့်အတွက် အမည်မဖော်ဘဲ အဖွဲ့အနေဖြင့် လျှို့ဝှက် ပေးထားသည်။

၎င်းတို့ထဲမှ အများစုမှာ မြန်မာ၊ တရုတ်၊ အီဂျစ်၊ အီရန်၊ အီရတ်၊ ရုရှ၊ ရဝမ်ဒါ။ သီရိလင်္ကာ၊ ဆီးရီးယား၊ တူနီးရှား၊ ဗီယက်နမ် နှင့် ဇင်ဘာဘွေ နိုင်ငံများ ဖြစ်သည်။

အမေရိကန် ပြဇတ်ရေး ဆရာမ Lillian Hellman ကို ဂုဏ်ပြုသည့် အနေဖြင့် Hellman/ Hammett ဆုကို ၁၉၈၉မှ စတင် ချီးမြှင့်ခဲ့ပြီး နောက်ပိုင်း မြန်မာ့ ကျောင်းသားလှုပ်ရှားမှု သမိုင်းကို ထောင်ကျခံ ရေးသားခဲ့သူ ကိုအောင်ထွန်းကို ၁၉၉၉ ခုနှစ် တွင် အလားတူ ဆုချီးမြှင့်ခဲ့ဘူးသည်။

Wednesday, October 14, 2009

0 Burma Today အယ်ဒီတာ မှ The Voice Journal အယ်ဒီတာ သို့

0 Day Club များသို့ ၁၈ နှစ်အောက်လူငယ်များ သွားရောက်နေမှုအပေါ် မိဘများစိုးရိမ်

ဒါတွေကို...ဘယ်သူရဲ့..ဘယ်ဥပဒေ..ခွင့်ပြုချက်နဲ့..ဖွင့်ထားကြတာလည်း..
ဘယ်သူတေတေ..ငတေမာရင်ပြီးရောဆိုတဲ့..စီးပွားရေးသမားတွေ...
လတ်ပေး..လတ်ယူနဲ့...တရားမဝင်..ကုန်သွယ်ရေး..လုပ်တာ..
နိုင်ငံပိုင်...သယံဇာတ ကို..အခွန်မပေးပဲ..အရောင်းအဝယ်လုပ်တာ..
ခွင့်လွှတ်လို့ရဦးမယ်...

ဒီလိုဟာမျိုးနဲ့..စီးပွားရှာတာကိုတော့..မလုပ်သင့်ဘူးထင်တယ် ...
ကိုယ့်လူမျိုး...ငယ်ရွယ်သူ...တက်လူတွေကို..အညွန့်..ချိုးနေတာပဲ...
ဒါဟာ..တရားဝင်..မဟုတ်ဘူးဆိုတာ..အသိသာကြီးပါ..

ဘယ်အခြေခံဥပဒေမှာ..ပါသလဲ...
မူကြမ်းမှာ..ဒါမျိုးတွေ..ကာကွယ်ဖို့..ကြိုတင်ပြင်ဆင် ပြီးပြီလား..

တကယ်ဆို..ဒီဟာတွေ..ဖွင့်နိုင်ခွင့်ဆိုတာ...
ဒီမိုကရေစီ..ပြည့်ဝတဲ့...ပါလီမန်..လွှတ်တော်အမတ်တွေကေ န..ဆွေးနွေးပြီး..
ပြည်သူ့..ဆန္ဒ..ကောက်ယူပြီး...ဥပဒေနဲ့..ထုတ်ပြန်..ခွ င့်ပြုရမှာ...

ဒါတောင်...ဆောင်ရန်..ရှောင်ရန်တွေ...နဲ့..တားမြစ်ရဦးမှာ...

ဒီလို..ငါးပွက်ရာ..ငါးစာချ...တဲ့..စီးပွားရေး..မသမာ. .သမားတွေရဲ့..
အိပ်ထဲ..ဝင်ထိုင်နေတဲ့..လုပ်ပိုင်ခွင့်..ပေးတတ်သူတွေဟာ...
ငါ့သားသမီး..မသွားရင်ပြီးရော..မပျက်စီးရင်ပြီးရောဆို လို့..မရဘူးထင်တယ်..

အင်းလေ...ကိုယ်ကိုတိုင်က..မိဘကိုက..ဒီပတ်ဝင်းကျင်က.. ကျင်လည်ကျက်စား..
လာရင်တော့...ရှိမှာပေါ့လေ...

တစ်နေ့..နပ်မှန်အောင်...ရိုးရိုးသားသား..ရှာဖွေစားနေ ရတဲ့..မိဘတွေ...
သားသမီးလေးတွေကို..ဆုံးမချိန်..ရကြပါစေ...ဒီလိုနေရာေ တွ..မသွားဖို့..
သားသမီးလေးတွေလည်း..လိမ်မာကြပါစေလို့...ဆုတောင်းနေရဦးမှာပါပဲ..
အချိန်မတန်ခင်အထိပေါ့...

အလဲဗင်းဂျာနယ် နဲ့ ဖော်ပြပေးတဲ့..ကိုပါကြီးကိုလည်း...ကျေးဇူးတင်ပါတယ်..
ဖိနပ်နဲ့ပေါက်တာကို...နိုင်ငံတကာနဲ့ချီပြီး...ယဉ်ကျေးမှုတွေ..လူမျိုးတွေ..နဲ့..
ဖော်ပြနေမဲ့အစား...ကိုယ့်ပြည်တွင်း...ယဉ်ကျေးမှု..ပျက်ပြားစေမဲ့..အရာတွေ..
ရှိနေတာကိုလည်း..အချိန်ပေး...ရှာဖွေလို့...မျှမျှတတရေး စေချင်ပါကြောင်း..
မြန်မာပြည်..တစ်ဖက်စောင်းနင်း...ဂျာနယ်လစ်..တစ်ချို့ ခင်ဗျား..

မိဘတစ်ဦး

Day Club များ ရန်ကုန်မြို့ လူစည်ကားရာနေရာများ၌ လွန်ခဲ့ သော ၂၀၀၀ပြည့်နှစ်ဝန်းကျင်၌ စတင်ပေါ်ပေါက်လာခဲ့ပြီး ၂၀၀၄ ခုနှစ်ဝန်းကျင်တွင် Day Club များ အားလုံးရပ်ဆိုင်းပိတ်ပစ်ခဲ့ရကာ ၂၀၀၈ခုနှစ် နိုဝင်ဘာလ၀န်းကျင်မှ စတင်၍ ပြန်လည်ဖွင့်လှစ်လာ ကြောင်း စုံစမ်းသိရှိရသည်။

Day Club များမှာ ရန်ကုန် မြို့လူစည်ကားရာနေရာဖြစ်သည့် ဗဟန်းမြို့နယ်၊ ကန်တော်ကြီး ဥယျာဉ်အတွင်း၌လည်းကောင်း၊ ဒဂုံမြို့နယ် ပြည်သူ့ဥယျာဉ်အတွင်း ၌လည်းကောင်းဖွင့်လှစ်ထားကြောင်း သိရှိရသည်။

ဖွင့်လှစ်ထားသော Day Club များမှာ နံနက် ၁၀နာရီမှ ညနေ ၅ နာရီဝန်းကျင်အထိဖွင့်လှစ်ထားသ ဖြင့် ကျောင်းတက်ကျောင်းဆင်းချိန် နှင့် တိုက်ဆိုင်နေသဖြင့် သွားရောက်သူ လူငယ်၊ လူရွယ်အများစုမှာလည်း ကျောင်းနေအရွယ်များဖြစ်ကြောင်း အဆိုပီါပေ ဃူကဘ များသို့သွား ရောက်ဖူးသူ လူငယ်တစ်ဦးက ပြော ကြားခဲ့ပါသည်။
''ကျွန်တော်ကတော့ Day Club ကို သူငယ်ချင်းတွေနဲ့စုပြီး တစ်လတစ်ခါလောက်တော့သွားဖြစ် ပါတယ်။ လာတဲ့အရွယ်တွေ အများ စုကလည်း မိဘအုပ်ထိန်းမှုအောက် ကမလွတ်သေးတဲ့ အသက် ၁၂နှစ် ကနေ ၁၈နှစ်အရွယ်ကျောင်းနေအ ရွယ်လူငယ်လူရွယ်တွေများပါတယ်'' ဟုအသက်၂၀အရွယ်ရှိ လူငယ်တစ် ဦးက ပြောပါသည်။အဆိုပါ Day Club များသို့ သွားရောက်သူ ကျောင်းသား ကျောင်းသူများမှာ ကျောင်းမတက်၍ သော်လည်းကောင်း၊ အပန်းဖြေဥ ယျာဉ်များ၌ သွားရောက်ဆော့ကစား ခြင်းစသည့် အကြောင်းပြချက်အမျိုး မျိုးဖြင့် အုပ်ထိန်းသူမိဘများကို အကြောင်းပြကာ သွားရောက်လေ့ ရှိနေကြောင်း သိရှိရသည်။ထို့အတူ သွားရောက်လေ့ရှိ သည့် ကျောင်းနေအရွယ်လူငယ် များနှင့်စည်းကမ်းကြီးသော အုပ် ထိန်းသူမိဘများ၏ သားသမီးများ မှာ Day Club ပိတ်ချိန်အိမ်ပြန်ရာ ၌ အ၀တ်အစားတစ်စုံစီအပိုယူလာ ပြီး အ၀တ်အစားလဲလှယ်၍ အိမ် သို့ပြန်လေ့ရှိကြောင်း သိရှိရသည်။
Day Club ကိုလာတဲ့ လူငယ်တွေက Club ဖွင့်ချိန်၁၀ နာရီ တောင်မထိုးသေးဘူး၊ အောက်မှာ စုရုံးစုရုံးနဲ့ အစောကြီးရောက်ရှိနေ ပါတယ်။ တချို့လူငယ်တွေကြတော့ လည်း မွန်းတည့်၁၂ နာရီကနေ ၁နာရီအတွင်းအများဆုံးလာကြပါ တယ်။ ကျောင်းကနေ Club ကိုလာ တဲ့ လူငယ်တွေဆိုရင် တစ်နေရာရာ မှာ အပြင်အကျီလဲပြီး Club ထဲကို လာကြပါတယ်။ ပြန်တော့လည်းသူ တို့က မူလအတိုင်းဝတ်လာတဲ့အ ၀တ်အစားတွေကို အိမ်သာထဲနဲ့ကား ထဲတွေမှာပြန်လဲပြီး အိမ်ကိုပြန်ကြ ပါတယ်။


အချို့မိန်းကလေးတွေဆို ရင်လာတုန်းက မိန်းကလေးသူငယ် ချင်းစုစုပေါင်း ၅ယောက်လာတယ်။ Club ထဲမှာအချိုရည်(သို့မဟုတ်)စိတ် ရစ်ထွေပြားစေတဲ့ အခြားအရည် တွေသောက်ပြီးပျော်မြူးကြတယ်။ တချို့ကြတော့လည်း စီးကရက် လေးတွေဖွာပြီး ပျော်မြူးနေကြပါ တယ်။ အဲဒီအထဲမှာပဲပျော်မြူးနေ ရင်းနဲ့တခြားသူစိမ်းအမျိုးသားတွေ နဲ့ရင်းနှီးပြီးပြန်တဲ့အခါမှာ မိန်းက လေးသူငယ်ချင်းစုစုပေါင်းငါးယောက် ကနေ စုစုပေါင်း၁၀ယောက်ဖြစ် သွားပြီး Club ကနေအပြန် အခြား နေရာတွေကို ဆက်လက်ခြေဆန့် တဲ့သူတွေလည်းရှိပါတယ်''ဟုအသက် ၂၇အရွယ်ရှိအမျိုးသားတစ်ဦးက ဆက်လက် ပြောကြားခဲ့သည်။
အလားတူ Day Club များ အပြန်၌ သူစိမ်းမိန်းကလေးနှင့် သူ စိမ်းအမျိုးသားတို့ ခင်မင်ရင်းနှီးမှု များဖြစ်ခဲ့ပြီး ဃူကဘ အတွင်း၌ အခန်းငယ်လေးများတွင်ရင်းရင်းနှီး နှီးပွေ့ဖက်ခြင်းလည်းကောင်း၊အပြန် ၌အခြားနေရာများသို့ ခြေဆန့်ခြင်း လည်းကောင်း၊ အချို့မှာမူ ဆက် သွယ်ရန် email, phone နံပါတ် များရယူ၍ နောက်ပိုင်းတွင်ခင်မင်မှု ရရှိကာ အခြားနေရာများတွင်ချိန်း ဆို၍ မိမိအသက်အရွယ်နှင့် မသွား သင့်သည့်နေရာမျိုး သွားသူများ လည်းရှိနေကြောင်း သိရှိရသည်။ ''ကျွန်တော်ကတော့ ကန် တော်ကြီးအ၀င်အထွက်ပေါက်မှာ အငှားယာဉ်မောင်းပြီးစီးပွားရှာနေတာ ပါ။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကဆို ရင် ကောင်လေးတစ်ယောက်က အိမ်ပြန်ဖို့ Taxi ငှားတယ်။ ပြီးတော့ အဲဒီကောင်လေးက ကားပေါ်မှာပဲ ဆေးလိပ်သောက်တယ်။ သူ့ကို ကျွန် တော်က ဘယ်နှတန်းရောက်ပြီလဲ မေးတော့ ၆တန်းတက်နေတယ်လို့ ဖြေပါတယ်။ နောက်တစ်ခါကြုံရ တာကမိန်းကလေးက ၁၆နှစ်အရွယ် လောက်ပဲရှိသေးတယ်။ သူနဲ့တွဲလာ တဲ့ကောင်လေးက ၁၈နှစ်လောက်ပဲ ရှိသေးပါတယ်။ ပြီးတော့ သူတို့နှစ် ယောက်စလုံးကမူးနေကြတယ်။ ပို့ ခိုင်းတဲ့နေရာကလည်း ဖိုးစတား၊ ဖိုက်စတားအဆင့်ရှိတဲ့ နေရာတစ်နေ ရာပို့ပေးပါလို့ ပြောပါတယ်။ ကျွန် တော်က အငှားယာဉ်မောင်းဖြစ် တယ်။ Customer သွားချင်တဲ့နေရာ ကိုပို့ပေးရတာပါ။ တားပိုင်ခွင့် လည်းမရှိပါဘူး။ နောက်ဆုံးပြော ချင်တာကတော့ အုပ်ထိန်းသူမိဘ တွေလိုအပ်ချက်ရှိသလို လူငယ် လူ ရွယ်တွေအနေနဲ့လည်း ခေတ်နဲ့အညီ အတုယူပြောင်းလဲသင့်တဲ့ ရေစီး ကြောင်းတွေမှားနေတယ်လို့ ထင်ပါ တယ်''ဟုတက္ကစီယာဉ်မောင်းတစ် ဦးက ပြောကြားခဲ့သည်။

Day Club အများစုသည် စီပွားရေး ပြုလုပ်နေခြင်းဖြစ်သော် လည်း လူမှုရေးအရ ကိုက်ညီမှုမရှိ သည့် ၁၈နှစ်အောက်ကျောင်းသား၊ လူငယ်များကို ၀င်ရောက်ခွင့်မပြု သင့်ကြောင်း ကျောင်းသားမိဘများ က ဆိုပါသည်။ ''ကျွန်မတို့က အပြင်ကိုသွား ရင်းနဲ့ ကျောင်းနေအရွယ်ကလေး တွေက ဟော့ရှော့ဒီဇိုင်းတွေနဲ့ အဲဒီ အဆောက်အအုံကို အ၀င်အထွက် ပြုနေတာတွေ့ရလို့ အနားပတ်ဝန်း ကျင်ကလူတွေကို မေးကြည့်တော့ အဲဒီဟာက Day Club လို့ပြော တယ်။ တချို့လူငယ်မိန်းကလေး တွေဆိုရင် အရမ်းကိုပေါ်လွင်စေတဲ့ အ၀တ်အစားဒီဇိုင်းတွေကို တွေ့ရ တယ်။ ဒီအခြေအနေတွေကိုမြင် လိုက်တော့ အရမ်းစိုးရိမ်စိတ်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အဲဒီအရွယ်တွေရှိတဲ့ ကလေး၂ ဦးရဲ့ အုပ်ထိန်းသူဖြစ်နေ လို့ပါ။ ကျွန်မတို့ရဲ့မျက်ကွယ်မှာ ဒီလိုနေရာတွေမျိုးသွားနေမှာကို အရမ်းစိုးရိမ်မိပါတယ်။ ဒီလိုနေရာ မျိုးတွေများလာလို့ ကလေးတွေကို ထိန်းမနိုင်ဘူးဆိုရင် ဘယ်လိုလုပ် ရမလဲ။ ကလေးတွေရဲ့အနာဂတ် စိုးရိမ်စရာနေရာတစ်ခုလို့မြင်မိပါ တယ်''ဟု အသက် ၁၀ နှစ်အရွယ် နှင့် ၁၇နှစ်အရွယ်ရှိ ကျောင်းသား၊ ကျောင်းသူတို့၏ မိခင်တစ်ဦးက ပြောကြားခဲ့သည်။

အ.ထ.က(၄)အလုံမှ ကျောင်း အုပ်ဆရာမကြီးဒေါက်တာသက် သက်စံက''၁၈နှစ်အောက်ကလေး တွေဆိုတာ သူတို့ကိုသူတို့ ဃသညအမသူ မလုပ်နိုင်သေးတဲ့အရွယ်တွေပါ။ ကလေးတွေအနေနဲ့ ခေတ်ရဲ့ရေစီး ကြောင်းတွေအရ အချိန်မရွေးပျက် စီးမှုလမ်းကြောင်းပေါ်ရောက်ရှိသွား နိုင်ပါတယ်။ သူတို့တွေအနေနဲ့ထူး ဆန်းတာတွေ့ရင်သွားချင်မယ်။ ဒီ လိုမျိုးသွားတဲ့အခါမှာ ခေတ်ရေစီး ကြောင်းအရမကောင်းတဲ့ အကျင့် စရိုက်တွေ အရင်ဆုံးကူးစက်လာ မယ်။ ဒီလိုမျိုးမဖြစ်အောင် ကျောင်း မှာ ကလေးတွေအတွက် ခွင့်တိုင် မယ်ဆိုရင် မိဘတွေကိုယ်တိုင်ခွင့် တိုင်မှခွင့်ပေးပါတယ်။ ဒီလိုမှမလုပ် ရင် မိဘတွေကလည်း ကလေးတွေ ကျောင်းသွားတယ်ဆိုပြီး စိတ်ချနေ ကြမှာပဲ။ ဒီပုံစံမျိုးက ကလေးတွေ ကိုကျောင်းကနေတစ်ဆင့်မြန်မာ့ယဉ် ကျေးမှုနဲ့ကိုက်ညီမှုမရှိတဲ့နေရာတွေ ကိုရောက်ရှိမသွားအောင် ထိန်းသိမ်း တဲ့သဘောပါ''ဟုပြောကြားခဲ့သည်။


အလားတူ အ. ထ.က (၁) ဒဂုံ ကျောင်းအုပ်ကြီးဖြစ်သူဒေါက်တာ ကိုကိုအောင်ကလည်း Day Club ဖွင့်တဲ့သူတွေအနေနဲ့ ဘာလုပ်ပေးရ မလဲဆိုရင် ကျောင်းသား ကျောင်းသူ အရွယ်တွေကိုဝင်ခွင့်မပြုဖို့လုပ်ပေး ရမယ်။ သူတို့ရဲ့စီးပွားရေးကိုတော့ ဘာမှမပြောလိုပါဘူး။ ကျွန်တော် တို့ကျောင်းသူကျောင်းသားတွေရဲ့ တာဝန်ရှိသူတွေအနေနဲ့က ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ကအစည်း အဝေးတစ်ခုလုပ်ခဲ့တယ်။ အဓိက ကကျောင်းကိုမလာဘူးဆိုရင်အတန်း ပိုင်ဆရာမအနေနဲ့ဘာကြောင့်လဲဆို တာမိဘတွေဆီကိုဆက်သွယ်စုံစမ်း မေးမြန်းရမယ်။ တချို့ကျတော့ လည်းခွင့်တိုင်ပြီးပျက်တာရှိတယ်။ တချို့ကျတော့လည်းခွင့်မတိုင်ဘဲပျက် တာရှိတယ်။ တချို့မိဘတွေကျ တော့လည်း ဆက်သွယ်မေးမြန်းရ တာခက်တယ်။ ကျွန်တော်တို့အခု လုပ်မယ့်အစီအစဉ်က ကျောင်းတက် ရမယ့်အချိန်တွေမှာ ပြင်ပမှာ ကျောင်းသူကျောင်းသားလို့ထင်ရ တယ်ဆိုရင်သက်ဆိုင်ရာပညာရေးမှူး ကနေတစ်ဆင့် ဒီကျောင်းသား ကျောင်းသူနောက်ကိုလိုက်ရမယ်။စစ်ဆေးမှုတွေပြုလုပ်ပါမယ်။ဒီDay Clubတွေကြောင့်လည်း ကျောင်းသူ ကျောင်းသားတွေ လမ်းမှားမရောက် ဖို့ အတတ်နိုင်ဆုံးဆောင်ရွက်သွား ပါမယ်။ မိဘတွေအနေနဲ့ကလည်း မိမိရဲ့ကလေးကိုထိန်းကြပ်မှုပိုလုပ် သင့်ပါတယ်''ဟုပြောကြားခဲ့ပါသည်။ ဥပဒေပညာရှင်တစ်ဦးက ''အခု Day Club တွေကိုသွားနေတဲ့ အရွယ် တွေထဲမှာကျောင်းနေအရွယ်ကလေး တွေပါနေတယ်လို့သိရတယ်။ ဒါက ဥပဒေနဲ့ငြိစွန်းနိုင်တယ်။ ဘယ်လို ငြိစွန်းနိုင်သလဲဆိုရင် အသက်၁၆ နှစ်မပြည့်သေးတဲ့ ကလေးသူငယ် တွေကို အရက်ရောင်းချတဲ့ အရက် ဆိုင်မှာ ကလေးတွေကို အလုပ် လုပ်ခိုင်းတာ(သို့မဟုတ်)အရက်သောက် ဖို့ ခွင့်ပြုတာတွေက ကလေးသူငယ် ဥပဒေအရ ထောင်ဒဏ်ရောငွေဒဏ် ပါကျခံရနိုင်တယ်။နောက်ပြီး ဒီ Day Club တွေထဲမှာ အရက်ရောင်းနေ တာတွေကြားသိရတယ်။ အဲဒီတော့ သွားတဲ့ ကလေးငယ်တွေအနေနဲ့ အနည်းနဲ့အများသောက်မိဖို့ ရာခိုင် နှုန်းများတယ်။ အဲဒီလိုသောက်နေ တာကိုသိသိနဲ့ ခွင့်ပြုထားသူတွေ အနေနဲ့အရေးယူခံရနိုင်ပါတယ်။ ပြီးတော့ ကလေးသူငယ်တွေအကျင့် စာရိတ္တပျက်ပြားစေတာတွေကို လုပ် ခွင့်ပြုတာတွေကလည်း ဥပဒေအရ အရေးယူခံရနိုင်ပါတယ်။ အဲဒီလိုမျိုး တွေကို ကလေးသူငယ် ဥပဒေပုဒ်မ ၆၅အရထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံ နိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။

ကျောင်းသားမိဘတစ်ဦးက ''ဒီလိုမျိုးနေရာမျိုးတွေမှာ လူငယ် တွေအကျင့်စာရိတ္တပျက်ပြားစေမယ့် အရာတွေ အများကြီးရှိပါတယ်။ ကလေးတွေကတော့ လူများတကာ တွေသွားနေတဲ့အသံတွေကိုအဆင့် ဆင့်ကြားပြီးတော့ စူးစမ်းကြပါ တယ်။ ဒါပေမယ့်လည်း လူငယ်တွေ အနေနဲ့သောက်စားမူးယစ်ပျော်မြူး ရင်းနဲ့နောက်ဆက်တွဲပြဿနာတွေ ထပ်ဖြစ်မှာစိုးရိမ်ပါတယ်။ ကျွန်မ တို့အနေနဲ့လည်း သား၊ သမီးတွေ အပေါ်ထိန်းသိမ်းမှုက အပြည့်အ၀ မလွမ်းခြုံနိုင်ပါဘူး။ ကလေးတွေကို Day Club တွေအနေနဲ့ ပေးမ၀င်ဖို့ လိုပါတယ်'' ဟုပြောကြားခဲ့သည်။

ယင်းကဲ့သို့ခေတ်ရေစီးကြောင်း အရဖြစ်ပေါ်လာသည့် Day Club များအပေါ် လူငယ်များမျောပါစီး ၀င်မှုနည်းပါးလာစေရန် မိဘများ အနေဖြင့် စိုးရိမ်ပူပန်စွာစောင့်ကြည့် ထိန်းသိမ်းမှုများ လိုအပ်သလို အုပ်ထိန်းသူကျောင်းဆရာ၊ ဆရာမ များအနေဖြင့်လည်း မိမိတပည့် များ၏အခြေအနေအမှန်ကိုစဉ်ဆက် မပြတ်စောင့်ကြည့်အကဲခတ်ရန် လို အပ်မည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ယခုကိစ္စရပ် အပေါ်အားလုံးက၀ိုင်းဝန်းအဖြေရှာ ဆောင်ရွက်သွားသင့်သလို လူငယ် လူရွယ်များအနေဖြင့်လည်း ခေတ် ၏တိုးတက်ပြောင်းလဲလာမှုအပေါ်မှ မိမိဘ၀အတွက် မည်သည်က အကျိုး၊ မည်သည်ကအပြစ်ဆိုသည် များကို မှန်မှန်ကန်ကန်ရွေးချယ်နိုင် ရန် စဉ်းစားချင့်ချိန်သွားကြရန်
အလဲဗင်းဂျာနယ် မှကောက်နုတ်ဖော်ပြလိုက်ပါသည်။

Tuesday, October 13, 2009

0 နေ့စွဲပျောက်နေသော သက္ကရာဇ်များ

ခင်ငြိမ်းသစ်

ထောင်ဆိုတာ နံရံလေးဘက် အလယ်က ကျဉ်းမြောင်းတဲ့ ဧရိယာလေးကို ခေါ်တာပါ။ ထောင်ထဲမှာ သတင်းစကား မရှိ၊ မေတ္တာတရား ဆိုတာ ရှားပါးပစ္စည်း၊ လတ်ဆတ်မှုဆိုလို့ လေတောင်မှ မရှိတဲ့နေရာပါ။

အဲဒီ နေရာမှာ လူ ၃ မျိုး ရှိပါတယ်။ ပထမ တမျိုးက တကယ့် လူဆိုး လူမိုက်၊ ဒုတိယ တမျိုးက တရားမျှတမှုမရှိတဲ့ တရားစီရင်ရေးကြောင့် ထောင်ထဲကို ရောက်နေရတဲ့လူတွေ၊ နောက် တမျိုးကတော့ ယုံကြည်ချက်ကြောင့် ထောင်ထဲရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေပေါ့။

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးဆိုတဲ့အချိန်ဟာ မရှိသလောက်ပါပဲ။ ကိုလိုနီ ခေတ်ကစပြီး အခု စစ်အာဏာရှင်ခေတ်အထိ နှစ်ပေါင်းတရာ ကျော်ခဲ့ပါပြီ။ နိုင်ငံရေး အကျဉ်းသားတွေ စဉ်ဆက်မပြတ် ရှိနေကြဆဲပါပဲ။

ကျမ ခပ်ငယ်ငယ်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ အဖေ့ သူငယ်ချင်း နိုင်ငံရေး အကျဉ်းသားတဦး အိမ်ကို လာလည်ခဲ့ဖူးတယ်။ သူ နဲ့အဖေ ပြောနေတဲ့စကား တချို့ကို ကျမ မှတ်မိနေပါသေးတယ်။ သူပြောတာက “နေရမယ်ဆိုရင်လဲ ထောင်ထဲမှာ နေမှာပဲ၊ နေချင်လွန်း လို့တော့ မဟုတ်ဘူး။ ဒါပေမယ့် အမှန်တရားအတွက် ဘယ်တော့မှ အရှုံး မပေးဘူး” တဲ့။ အဲဒီ စကားရဲ့ အဓိပ္ပာယ်ကို အဲဒီတုန်းက နားမလည်ခဲ့သေးပါဘူး။ ကျမ သေချာသိတဲ့အချိန် ၁၉၉၂ ခုနှစ်လောက်က ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသား ၃ ထောင် လောက် ရှိနေခဲ့ ပါတယ်။ အဲဒီ အချိန် မှာ ၁၁/ ၉၂ ကို န၀တ က ကြေညာခဲ့ပါတယ်။

အဲဒီကြေညာချက်အရ ကျမတို့က နိုင်ငံရေးသမားတွေ အများကြီး လွှတ်ပေးမယ် ထင်ခဲ့တာပါ၊ တကယ်တမ်းကျတော့ ၃၀၀ ကျော်ပဲ လွတ်ခဲ့တာပါ။ လွတ်တဲ့သူတွေက ပျော်တော့ပျော်ပါတယ်၊ အပြည့်အ၀တော့ မပျော်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သေဖော်ရှင်ဘက်တွေ ထောင်ထဲမှာ ကျန်နေကြသေးတာကိုး။ ကျန်ခဲ့တဲ့ လူတွေအတွက် စိုးရိမ်နေတာလည်း ပါပါတယ်။

ပြီးခဲ့တဲ့ လကလည်း နိုင်ငံရေး အကျဉ်းသား နည်းနည်းကို လွှတ်ပေးလိုက် ပြန်တယ်။ စုစုပေါင်းပြန်လွှတ်လိုက်တဲ့ အကျဉ်းသား ၇၀၀၀ ကျော်မှာ နိုင်ငံရေး အကျဉ်းသားက ၂ ရာခိုင်နှုန်းလောက်ပဲ ပါတာပါ။ ဒါပေမယ့် တယောက်မှ မလွှတ်တာထက်စာရင် နည်းနည်းလွှတ်တာ ကိုပဲ မဆိုးဘူးလို့ ပြောရမယ် မဟုတ်လား၊ ကြိုဆိုရမှာပေါ့။ ဒါပေမယ့် လွှတ်ပေးဖို့ လိုသေးတယ်၊ မြန်မာပြည်က အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ဝန်းကျင် ကျန်နေသေးတယ် ဆိုတာကိုတော့ ဆက်ပြောနေရမှာပါ။

ထောင်ထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူတွေ ရှိနေသမျှ လူ့အခွင့်အရေးတွေ ပျောက်ဆုံး နေတယ်ဆိုတာ ပေါ်လွင် ထင်ရှားတဲ့ ပြယုဂ် တခုပါ။

၁၉၉၅ ခုနှစ်ထဲမှာ ကျမ အချုပ်ဘ၀နဲ့ အင်းစိန်ထောင်ကို ရောက်ခဲ့ပါတယ်။

ကျမနဲ့ အေးမိုးတို့ နှစ်ယောက်ဟာ ၁၂ ပေ၊ ၈ ပေ ပဲရှိတဲ့ အခန်း ကျဉ်းထဲမှာ မိလ္လာအိုး ၂လုံး၊ သောက်ရေအိုး၊ ဖျာ ၂ ချပ်နဲ့ ကျပ်ကျပ် တည်းတည်း နေရပါတယ်။ ကျင်ငယ်ရည်နံ့တွေက နံစော်၊ ကြမ်းပိုးတွေကလည်း ကိုက်နဲ့ တော်တော် စိတ်ညစ်ဖို့ ကောင်းပါတယ်။ တယောက်က လမ်းလျှောက်ရင် တယောက်က ချောင်ထဲမှာ နေရတာပါ။

ပြီးတော့ အဲဒီလို အချုပ်မကျခင် ကျမက ကျူရှင် သင်နေတော့ စာမေးပွဲ နီးနေတဲ့ အဲဒီလိုအချိန်မှာ ကလေးတွေအတွက် စိတ်ပူနေပါတယ်၊ အဲဒီအချိန်ကျမှ ကျုရှင် ပြောင်းတက်ဖို့ ဆိုတာ မလွယ်လှပါဘူး။ ကျန်းမာရေး မကောင်းလှတဲ့ ကျမ အဖေကိုလည်း စိတ်ပူ နေပါသေးတယ်။ ကျမ ထောင်ကျသွားရင် အဖေမှ ခံနိုင်ရည် ရှိပါ့မလား၊ ကျမတက်လက်စ ပြင်သစ် သင်တန်းကလည်း ကျမသူငယ်ချင်း ရီ က အပ်ပေးထား တာပါ။ သင်တန်းခက ဈေးကြီးတော့ ဘာပဲဖြစ်ဖြစ် ပြီးဆုံးအောင်တော့ တက်ချင်မိပါတယ်။

ဒါကြောင့် ကျမ ထောင်မကျ ချင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ထောင်ကတော့ ကျကိုကျမယ် ဆိုတာလည်း ကျမသိပါတယ်။ န၀တ က ဒီလောက်တော့ သဘောထား မကြီးနိုင်ဘူးဆိုတာ သိပါတယ်။

အေးမိုးလည်း ဂုဏ်ထူးတန်း ဆက်တက်ချင်နေပါတယ်၊ ချိုနွယ်လည်း သူလုပ်နေတဲ့ ကုမ္ပဏီမှာ ဆက်လုပ် ချင်နေပါတယ်။ ဒါပေမယ့် ၁၉၉၅ ခုနှစ် ဧပြီ ၅ ရက်မှာ ရုံးထုတ်ပါတယ်။ ကျမတို့ အဖွဲ့ထဲက ဘယ်သူကမှ ထောင်မကျရအောင် အညံ့ခံဖို့ စိတ်မကူးကြပါဘူး။ ဘယ်သူ ကမှလည်း စိတ်ဓာတ်ကျ မနေပါဘူး၊ အားလုံး ခံနိုင်ရည် ရှိကြပါတယ်။

ဒီလိုနဲ့ ကျမတို့ ၉ယောက်စလုံး ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ် ခံရပါတယ်။ အမိန့်ချပြီးတော့လည်း အားလုံး အပြုံး မပျက်ကြပါဘူး၊ တဦး ကိုတဦး နှုတ်ဆက်ကြပါတယ်။ မိသားစုကို နှုတ်ဆက်တဲ့ အချိန်မှာတော့ ကျမ စိတ်မကောင်း ဖြစ်မိပါတယ်၊ ကျန်းမာရေး မကောင်းတဲ့ အဖေ ဘယ်လို နေမလဲ၊ အသက်ကြီးနေတဲ့ အမေ့ခမျာ ပင်ပန်း နေရှာမှာပဲဆိုတဲ့ သောကကြောင့် ကျမ ၀မ်းနည်းနေမိတယ်။ အဲဒါဟာ နောင်တ တော့မဟုတ်ပါဘူး။

အမိန့် ချပြီးတော့ ကျမ၊ အေးမိုး၊ ချိုနွယ်တို့ကို “မ” ကျတိုက်ကို ပို့ပါတယ်။ ကျမတို့နေရတဲ့ တိုက်မှာ အခန်း ၁၀ ခန်းရှိပြီး ၅ ခန်းစီ မျက်နှာချင်း ဆိုင် ဆောက်ထားပါတယ်။ နိုင်ငံရေး ဒီရေကျချိန်မို့ မျက်နှာချင်းဆိုင် အခန်းတွေမှာ လူမရှိပါဘူး။ နံပါတ် (၃) အခန်းမှာ အန်တီစန်း (စာရေးဆရာမ စန်းစန်းနွဲ့-သာယာဝတီ) နဲ့ သမီး မြတ်မိုမိုထွန်း၊ နံပါတ် (၄) မှာ ချိုနွယ်၊ နံပါတ် (၅) မှာအေးမိုးနဲ့ ကျမတို့ နေကြရပါတယ်။

ထောင်ကျချိန်မှာ အန်တီစန်းက မုဆိုးမတဦး ဖြစ်ပြီး သိပ်ငယ်သေးတဲ့ ကလေးတွေ ကျန်ခဲ့ပါတယ်။ အန်တီစန်းက သူ့ရဲ့ အငယ်ဆုံးသားလေး အတွက် စိတ်ပူပန်နေပါတယ်။ အန်တီစန်းမှာ ဘယ်လောက်ပဲ ပူပန်မှုတွေရှိနေပါစေ ကျမတို့ကို ၀တ္ထုပြောပြတာ မပျက်ပါဘူး။ ပြီးတော့ သူ့ရဲ့ ဘ၀အတွေ့အကြုံ တွေကိုလည်း ပြောပြပါတယ်။

အဲဒါအပြင် ကျမတို့ကို “စမ်းရေ” ဆိုတဲ့ သီချင်းလေး သင်ပေးခဲ့ပါတယ်။ ထောင်ထဲမှာ လူထွက်ပေါက် မရှိပေမယ့်၊ ကျမတို့က စိတ်ထွက်ပေါက် ကို ရအောင်ရှာကြပါတယ်။ ကျမတို့ သီချင်းဆိုကြတယ်၊ ချိုနွယ်က သီချင်းဆိုကောင်းပါတယ်၊ အသံလည်း သာတယ်၊ နောက်ပြီး ဆိုဟန် လည်း ရှိတယ်၊ အဆိုတော် အေးချမ်းမေရဲ့ “ဘ၀စာမျက်နှာ” တို့၊ မေဆွိ ရဲ့ “မောင်” သီချင်းတို့ကို ချိုနွယ်ဆိုရင် ကျမတို့တောင် လွမ်းတယ်။ ကျမကတော့ အသံလည်း မကောင်း၊ ဆိုတာလည်း မရပေမယ့် ကျမရဲ့ ခံစားချက် ဖြစ်တဲ့ ခိုင်ထူးရဲ့ “အိမ်ပြန်ချင်တဲ့အလွမ်း” သီချင်း ကိုတော့ ဆိုဖြစ်ပါတယ်။

တယောက်ယောက်နဲ့ ရန်ဖြစ်ရင်တော့ ထူးအိမ်သင်ရဲ့ “အမေ့အိမ်” ပေါ့။ မေမေ့ ကိုလွမ်းတဲ့ အချိန်မှာ “အမေအို မျော်နေမှန်းလည်း သိလျှက်နဲ့ တလှမ်းချင်းစွန့်ခွာ အိမ်ကို ပစ်ပြီးတော့” ဆိုတဲ့ အပိုဒ်ကို ထပ်ခါထပ်ခါ ဆိုပစ်လိုက်တယ်။ အေးမိုးကတော့ သူစိတ်ပါရင် “ဧည့်ဆိုး” ကို ဆိုပါတယ်။

ပြီးတော့ ကျမတို့ တက်တင်းထိုးပါတယ်။ တက်တင်း ထိုးတာက အနုစိတ်ရတဲ့ အလုပ်ဆိုတော့ စိတ်ပျံ့လွင့်တာကို ထိမ်းချုပ်ထား နိုင်ပါတယ်။ အဆောင်မှာလည်း ၅ (ည) ပုဒ်မ တပ်ထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေရှိပါတယ်။

တိုးတိုးမြင့် (ခ) ဖိုးသာထူးက ကျမတို့တိုက်ကို အမြဲလာလည်လေ့ရှိပါတယ်။ လာလည်တယ် ဆိုပေမယ့် ကျမတို့ အခန်းထဲတော့ ၀င်လာလို့ မရပါဘူး၊ ကျမတို့ရဲ့ အခန်းတွေက အမြဲတမ်း တံခါး သော့ခတ်ထားတာပါ။ ကျမတို့က မနက်ပိုင်း ၁၅ မိနစ်၊ ညနေပိုင်း မိနစ်၂၀ ပဲ အပြင် ထွက်ခွင့် ရတာပါ။ ဒီတော့ ဖိုးသာထူးက ပြူတင်းပေါက် အပြင်ဘက်မှာရပ်ပြီး ကျမတို့က အတွင်းဘက်က ရပ်ပြောရပါတယ်။ ဖိုးသာထူးက ၁၁/ ၉၂ ကြေညာတာကို မီခဲ့ပေမယ့် လွှတ်တဲ့အထဲ သူမပါ ပါဘူး။ သူ ထောင်ကျတဲ့ အချိန်က သူ့အသက်က အရမ်းငယ်ပါသေးတယ်။ ကျမ တို့နဲ့ တွေ့တဲ့အချိန်မှာ ထောင်ထဲမှာနေရတာကြာလို့ နည်းနည်း ပိန်သွားတာက လွဲရင် စိတ်ဓါတ်ကတော့ မာဆဲပါပဲ။

အားလုံးကတော့ ဒီလိုပါပဲ၊ ထောင်ထဲမှာ မနေချင်ပေမယ့် အာဏာရှင်ဆီမှာ အညံ့ခံမယ့်အစား ထောင်ထဲမှာပဲ အသေခံသွားဖို့ စိတ်ကူး ရှိကြသူတွေပါ။

ဖိုးသာထူးဟာ ကျမတို့ ရောက်လာတော့ ပျော်နေပုံ ရပါတယ်။ အဆောင်ထဲက ရိုးရိုးအကျဉ်းသား တွေအကြောင်းပြောပြ၊ သူ့အကြောင်း ပြောပြနဲ့ ကြည့်ရတာ လန်းဆန်းနေပါတယ်။ ကျမတို့ ထောင်မကျခင်တုန်းက သူ့အတွက် တော်တော်စိတ်ပူခဲ့တာပါ။ တခြားလူတွေ လွတ်ပြီး သူကျန်ခဲ့တဲ့ အချိန်မှာ သူစိတ်ဓါတ် ကျသွားမလား ဆိုပြီးပေါ့။ လက်တွေ့မှာတော့ ဖိုးသာထူးက ဘာမှ မဖြစ်ပါဘူး၊ သူ့ကို ချီးကျုးမိပါတယ်။

ထောင်မှာ မိသားစုနဲ့ ၂ ပတ်တကြိမ် ထောင်ဝင်စာတွေ့ခွင့်ရပါတယ်။ တခါတွေ့ရင် ၁၅ မိနစ်ပါ။ ကျမကိုတော့ အမေက ထောင်ဝင်စာ လာတွေ့ပါတယ်။ ထောင်ဝင်စာထုပ်ကို အမေ တယောက်တည်း ဆွဲလာပါတယ်။ မျက်နှာမှာလည်း ချွေးတွေနဲ့ စိုရွှဲ နေပါတယ်။ အမေ့ကို ကြည့်ရတာ မောပန်းနေပါတယ်။ တွေ့တာနဲ့ ချက်ချင်း စကားမပြောနိုင်ဘဲ အမောဖြေနေတာကို ကြည့်ပြီး ကျမရင်ထဲမှာ မွန်းကျပ် နေပါတယ်။ စကားစပြောရင်တော့ နေကောင်းအောင်နေဖို့၊ အပြင်က လူတွေကို စိတ်မပူဖို့၊ အားလုံး အဆင်ပြေတယ်ဆိုတဲ့ စကားကိုပဲ အမြဲပြောပါတယ်၊ ဒီလို ပြောတိုင်းလည်း ကျမ ပိုပြီး စိတ်ပူတတ်ပါတယ်။ သူတို့ ဘာတွေများ ဖုံးဖိ ထားသလဲဆိုပြီး စိတ်ပူတာပါ။

ထောင်ဝင်စာထုပ်ကို သယ်ပြီး တိုက်ကိုပြန်လာရင်တော့ ဘ၀တူတွေကို ဝေဖို့ ချမ်းဖို့ စိတ်ကူးရင်းနဲ့ အိမ်ပြန်ချင်စိတ်တွေ မေ့ပျောက်သွား တတ်ပါတယ်။ အရမ်းပြန်ချင်တာက တပိုင်း၊ နေလို့ ရတဲ့နည်းနဲ့ နေနေတာက ကျမတို့ရဲ့ ပစ္စုပ္ပန် ဘ၀ပါ။ ဒီလိုပဲ နေတတ်အောင် နေကြရပါတယ်။

ထောင်ထဲမှာ အတွင်းထောင်ဝင်စာ ဆိုတာရှိတယ်၊ တနင်္ဂနွေနေ့မှာ တွေ့ရတာပါ။ အဲဒါလည်း တလတကြိမ် ပါပဲ။ ထောင်ထဲမှာ ရှိနေတဲ့ မိသားစုချင်း တွေ့ရတာပါ။ ကျမတို့က အတွင်းထောင်ဝင်စာ မတွေ့ရပေမယ့် တွေ့ခွင့်ရတဲ့ လူတွေဆီကနေတဆင့် ကျမတို့ရဲ့ လုပ်ဖော် ကိုင်ဘက် သူငယ်ချင်းတွေဆီ လက်ဆောင်ထည့်ပေးလို့ ရပါတယ်။ နောက်ပြီး ယောက်ျားလေးတွေဘက်က ကျမတို့ဘက်ထက်ပိုပြီး သတင်းစုံ ပါတယ်။

သူတို့ ဘက်မှာက ရေဒီယို၊ တိုင်းမ်စ်၊ နယူးစ်ဝိခ် မဂ္ဂဇင်းကအစ အကုန်သွင်းတာကိုး။ သွင်းတယ် ဆိုတာက တရားမ၀င် ရောက်အောင်ပို့ထားတာ၊ အဲဒီအချိန်တုန်းက စာဖတ်ခွင့်မရှိဘူး။ ကျမတို့ ဘက်မှာ ဘာစာအုပ်မှ မရှိဘူး။ စာသိပ်ဖတ်တဲ့ မိုမိုတောင် ဆေးလိပ်ဖင်စီခံက စာရွက်ကို ရှာဖတ်ရတာ၊ အခုနောက်ပိုင်းမှသာ စာဖတ်ခွင့်ရတာပါ။

ဒီလိုနေလာရင်းနဲ့ ၁၉၉၅ ဇူလိုင်လထဲမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါတယ်။ ကျမတို့ ပျော်လိုက်ကြတာ၊ အန်တီစုတောင်မှ လွတ်တယ်ဆိုရင် ကျမတို့လည်း လွတ်နိုင်မယ်ထင်ပါရဲ့ဆိုပြီး စိတ်ကူးယဉ်ခဲ့၊ အိပ်မပျော်ခဲ့တဲ့ ညတွေတောင် ရှိပါတယ်။ ငါလွတ်ရင် ပြင်သစ်စာ သင်တန်း ပြန်တက်မယ်၊ ကျူရှင်ပြန်သင်မယ်လို့ စဉ်စားတယ်။ ကျမက ဆရာမ သိပ်ဖြစ်ချင်ခဲ့သူပါ၊ ယုံကြည်ရာကို ခြေလှမ်းမှန်မှန်နဲ့ လှမ်းရ ဦးမယ်မဟုတ်လား။

တက္ကသိုလ် ကျောင်းသူတယောက် အနေနဲ့ တက္ကသိုလ် စိန်ရတုပွဲကိုလည်း နွှဲချင်ပါတယ်။ ကျမတို့ရဲ့ ရဲဘော်ရဲဘက် ကိုဂီးက အငြိမ့် ကမယ်တဲ့၊ ကျမတို့ရဲ့ အမှုတွဲ ကိုမောင်မောင်ဦးက ပြက္ခဒိန် လုပ်ချင်တယ်တဲ့။ ကျမရယ်၊ ရီရယ် အေးမိုးရယ်လည်း တိုင်ပင်ထားတယ်။ ကျမတို့မှ မဟုတ်ပါဘူး၊ မိသားစုတွေလည်း မျှော်လင့်နေကြတယ်။

ကျမအိမ်က ကျမ ထောင်ကလွတ်ရင် ၀တ်ဖို့ ၀တ်စုံ ၁ စုံတောင် ပို့ပေးထားသေးတယ်၊ ကျမတို့ တတိုက်လုံးလည်း စိတ်ကူးတွေ ယဉ်ကြ တာပေါ့၊ ကျမ အဖေနဲ့လည်း မသေခင် တွေ့ချင်သေးတယ်လေ။ သေချာတာက ကျမအဖေက ၇ နှစ်တောင် စောင့်နိုင်မှာ မဟုတ်ဘူး၊ အဖေ့ရဲ့ အဆုပ်နာက နှစ်တွေကြာနေပြီ၊ ရောဂါက ရင့်နေပြီ။

လတွေက တဖြည်းဖြည်း ကုန်ဆုံးလာပါပြီ၊ ထောင်ဝင်စာတွေမှာ မျှော်လင့်တဲ့အသံတွေ အားပျော့လာပြီး အန်တီစုရဲ့ ရဲရဲတောက် မိန့်ခွန်း တွေအကြောင်းနဲ့ အမျိုးသား ရင်ကြားစေ့ရေး တောင်းဆိုသံက ပိုကျယ်လာပြီ။ အမျိုးသားညီလာခံကို ကန့်ကွက်တဲ့ အကြောင်း၊ ညီလာခံက ထွက်လာကြတဲ့ သူတွေ အကြောင်း၊ ဒါတွေပဲ ကြားရတော့တယ်။

ဖေဖေကလဲ စာတစောင် ရေးပေးလိုက်ပါတယ်၊ လောကဓံ ကို ရင်ဆိုင်နိုင်ဖို့ ကျန်းမာရေးက အရေးကြီးကြောင်း၊ စိတ်ဓာတ်အင်အားသာ ရှိမယ်ဆိုရင် ကိုယ်သွားချင်ရာကို တခဏနဲ့ အရောက်သွားနိုင်ကြောင်းကို စာရေးပေးလိုက်ပါတယ်။ အဖေကတော့ အခြေအနေကို ခန့်မှန်းနိုင်ခဲ့ပါတယ်၊ အဖေ့စာကိုဖတ်ပြီး ကျမလည်း နားလည်လိုက်ပါတယ်။ ချိုနွယ် ကလည်းပြောပါတယ် အန်တီစုက သူ့ဘာသာ လွတ်ရက်စေ့လို့ လွတ်တာ ငါတို့ကိုက ရူးတာပါတဲ့။

ဒီလိုနဲ့ ကျမတို့ တိုက်ကို အချုပ်သစ် နှစ်ယောက် ရောက်လာပါတယ်၊ အသက်ကြီးကြီး အမျိုးသမီး ကြီးတွေပါ၊ ပထမ တရက်၊ နှစ်ရက် ကတော့ လခြုံရေး တင်းကျပ်ထားပါတယ်၊ သူတို့နဲ့စကားပြောခွင့် မရှိပါဘူး။ ဒါပေမယ့် ထုံးစံအတိုင်း ၀န်ထမ်း အလစ်မှာတော့ ငပိကြော်၊ မုန့်နဲ့ ကော်ဖီမစ်ကို ခိုးပေးကြရပါတယ်၊ ဒါမှ သူတို့ စားလို့ သောက်လို့ ရမှာပေါ့၊ မဟုတ်ရင် ဘာမှစားစရာ မရှိဘူး။

အမြဲတမ်း လုံခြုံရေးက မတင်းကျပ်နိုင်တော့ လစ်မှပဲ ဘာဖြစ်လာတာလဲ ဆိုတာ မေးရတာပေါ့၊ သူတို့က အန်တီစု ကျမ်းမာပါစေ၊ ချမ်းသာပါစေ အော်လို့ အဖမ်းခံရတာတဲ့၊ အချုပ်သစ်တွေ ရောက်လာတော့ ကျမတို့ ပျော်ပါတယ်။ အပြင်က အကြောင်းတွေကို လတ်လတ်ဆတ်ဆတ် သိရတာပေါ့၊ သူတို့ကလည်း ပြောပြကြပါတယ်၊ ကျမတို့က နားထောင်ရင်းနဲ့ ကိုယ်ဘာသာ ပုံဖော်ကြရတယ်။

သူတို့ကလည်း အန်တီစု ဘယ်နေ့က ဘာဝတ်တယ်က စပြီး ဘယ်မိန့်ခွန်း ဘယ်မှာဆုံးတယ် အထိ ပြောနိုင်ကြပါတယ်၊ နောက်တပတ် အတွင်းထောင်ဝင်စာမှာ ပြောနိုင်အောင် သတင်းစု နေတာပေါ့၊ တကယ်တော့ ကျမတို့ကသာ ကြွားနှိုင်မယ်ထင်တာ ယောင်္ကျားလေး တွေဘက်က ကျမတို့ထက် ပိုပြီးသိတယ်၊ ကျမတို့ဘက်ကမှ နှစ်ယောက်ထဲရောက်တာ သူတို့ဘက်က ဆယ်ဂဏန်း ကျော်တယ်၊ အတွင်း ထောင်ဝင်စာနေ့ရောက်တော့ သူတို့ဘက်က သတင်းက ပိုတောင်မှ များသေးတယ်။

ထောင်ဆိုတဲ့ နေရာက အမြဲတမ်း နေရတာကျပ်လေ့မရှိသလို၊ အမြဲတမ်းလဲ ချောင်လေ့မရှိပါဘူး၊ ထောင်ပိုင်ရဲ့ သဘောထားပေါ် မူတည်ပြီး ပြောင်းသွားလေ့ရှိပါတယ်။ ထောင်ပိုင်ပြောင်းသွားတော့ ပေါ်လစီလည်း ပြောင်းသွားပြီး ထောင်ထဲမှာနည်းနည်းကျပ်သွားတယ်၊ ဒါကြောင့် အတွင်းထောင်ဝင်စာမှာ သတင်းတွေ လဲကြဲ သွားတယ်။ ဒါပေမယ့် အမျိုးသမီး တိုက်ကိုတော့ အားပေးပါတယ်၊ စိတ်ဓာတ် မကျနဲ့၊ တိုက်ပွဲက ပြီးတော့မှာတဲ့။

နောက်တော့ “ကျန်းမာပါစေ” တွေလည်း ထောင် ၇ နှစ် ကျသွားတယ်၊ ကျမတို့တွေ အပြုံးမပျက်ကြပါဘူး၊ ဘယ်သူမှလည်း ဘုံးဘုံးလဲ မသွားပါဘူး၊ အချိန်တန် စားမြဲ၊ သီချင်းဆိုမပျက်၊ ၀တ္ထုပြောမြဲ၊ တခါတလေ မိန်းမယူသွားတဲ့ ရည်းစားကို မလွမ်းပါဘဲ လွမ်းချင်ယောင် ဆောင်ပြီး ရည်းစားရှိကြောင်းကြွားမြဲ၊ စိတ်ကူးတည့်ရာတွေကို ဇာတ်လမ်းဆင်ပြီး ပြောမြဲ၊ လုပ်ရိုးလုပ်စဉ်အတိုင်း ဘာဆိုဘာမှ ပြောင်းလဲမသွားပါဘူး။

ဘယ်လိုပဲ အနာဂတ်တွေ အိပ်ပျော်နေပါစေ၊ ဘယ်လိုဘဲ မျှော်လင့်ချက်တွေမဲ့နေပါစေ၊ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတဲ့ တိုင်းပြည်ဟာ လူ့အခွင့်အရေးတွေ ချိုးဖောက်နေပါတယ်ဆိုတာကို သက်သေပြနေတာပါ။

ကျမကတော့ ထောင်ကထွက်ရင်ဝတ်ဖို့ အိမ်က ထည့်ပေးလိုက်တဲ့ ၀တ်စုံသစ်ကလေးကို မဝတ်ရသေးမယ့်တူတူ ၁၃ (ဃ) လို့ခေါ်တဲ့ အခြေမဲ့ အနေမဲ့လေး လွတ်တဲ့နေ့မှာဝတ်ဖို့ ပေးလိုက်ပါတော့တယ်။

ခင်ငြိမ်းသစ်သည် မကြာသေးခင်က ထိုင်း -မြန်မာနယ်စပ်သို့ ရောက်ရှိလာသော နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည်။
irrawaddy

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.