Monday, June 20, 2011

0 မွေးနေ့တူတို့၏ဒါန


မွေးနေ့တူတို့၏ဒါန

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့နှင့် မွေးနေ့တူ ဇွန်လ (၁၉) ရက်နေ့ဖွား မွေးနေ့ရှင်များ ယနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ထူးခြားစွာ လာရောက်ကုသိုလ်ဒါန ပြုခဲ့ကြသည်။

မောင်ခွန်မင်းသန့် အသက် (၈) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်) ကို နှစ်စဉ်နှစ်တိုင်း လာရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာ ယနေ့ ဇွန်လ (၁၉) ရက်နေ့ နံနက် (၅း၀၀) နာရီအချိန်၌ လာရောက်ကာ နို့စိမ်းခေါက်ဆွဲ ချက်ပြုတ်ပြီး ဘုန်းကြီးကျောင်းသို့ အာရုံဆွမ်းဆက်ကပ် လှူဒါန်းကာ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဘုရားဆင်းတုတော်အား ဆွမ်းဆက်ကပ်ကာ နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ ၀န်ထမ်းများ၊ လုပ်အားပေး အသင်းသူ/သားများ၊ သုခကုသိုလ်ဖြစ် ဆေးခန်းသို့ လာရောက်ကုသသော လူနာများ၊ လူနာရှင်များ အပါအ၀င် လူဦးရေ (၂၅၀) ခန့်အား ဒါန ပြုလုပ်ကျွေးမွေးလှူဒါန်းခဲ့သည်။ ထို့အပြင် ဦးတင်ထွန်းအောင်၏ မွေးနေ့အတွက် ဇနီးဖြစ်သူ ဒေါ်ဝင်းညွှန့်နွယ်တို့ကလည်း အလှူငွေကျပ် (၁) သိန်း၊ သမီးငယ်လေး မအိမ့်မှူးခင် ကလည်း အသက် (၅) နှစ်မြောက် မွေးနေ့အလှူအဖြစ် အလှူငွေကျပ် (၁) သိန်းနှင့် ဒေါ်အေးမြင့်ဟန် အသက် (၄၀) နှစ်ပြည့် မွေးနေ့အလှူအဖြစ် အလှူငွေကျပ် (၁) သိန်း တို့အား နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ အသီးသီးလာရောက် လှူဒါန်းခဲ့ကြသည်။

လှူဒါန်းမှုအစုစုတို့အတွက် တိုင်းပြည်၏ အာဇာနည်ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ပြည်သူ့ ဘက်သား ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး၊ ဘာသာသာသနာအကျိုး စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်း ပို့သပေးလိုက်ပါသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)

Sunday, June 19, 2011

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့တွင်လူ့အခွင့်ရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက်( HRWDN)မှပြည်တွင်းစစ်ချက်ချင်းရပ် ရှပ်ကမ်(မ်)ပိန်းပြုလုပ်



ဒီကနေ့မနက်၇း၀၀နာရီကနေ၁၀နာရီအထိပုသိမ်မှာရောချောင်းသာမှာပါလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ.ပွဲကို လူ့အခွင့်ရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက်human right watch defend net(HRWDN)ကနေကျင်းပပါတယ်။

ချောင်းသာမှာကလူအယောက်၇၀ကျော်တက်တယ်..ပုသိမ်မှာက၄၀ကျော်တက်ကြတယ်။ချောင်းသာမှာကရှပ်ကမ်(မ်)ပိန်းလုပ်တယ်..
အကျီင်္နောက်ကျောမှာပြည်တွင်းစစ်ချက်ချင်းရပ်၊ငြိမ်းချမ်းရေးချက်ချင်းလုပ်ဆိုပြီးရေးတယ်။အောက်ဖက်ကHRWDNဆိုပြီးရေးတယ်။ အဲဒါတွေဝတ်ပြီးချောင်းသာမှာလမ်းလျှောက်တယ်.

လူ့အခွင့်ရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက် human right watch defend net(HRWDN)

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သီချင်းပြိုင်ပွဲမှ ပထမဆုရ စမ်းချောင်းမြို့နယ်လူငယ်များ သီဆိုတဲ့ ... (အမောဖြေပါအမေ) သီချင်း ။

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော မွေးနေ့အမှာစကားများ(ရုပ်/သံ)


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင်ဒီကနေ့ပြောကြားခဲ့သော မွေးနေ့အမှာစကား


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ မြန်မာနိုင်ငံသူနိုင်ငံသားများအား ဒီကနေ့ပြောကြားခဲ့သော မွေးနေ့အမှာစကား

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏သားငယ် မွေးနေ့အမှီရောက်ရှိလာ








Photo.AP/Reuters

0 ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)၏ အင်တာနက် စာမျက်နှာ (Website) ဖွင့်လှစ်ခြင်း အသိပေး ကြေငြာ

Announcement
ညီအကိုမောင်နှမများ ခင်ဗျား...။

Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)၏ အင်တာနက် စာမျက်နှာ www.generationwave.org ( Website) ဖွင့်လှစ်ကြောင်းအသိပေး အကြောင်းကြားအပ်ပါသည် ခင်ဗျား ။

လေးစားစွာဖြင့်
Generation Wave(မျိုးဆက်သစ် လူငယ်များအစည်းအရုံး)

info@generationwave.org

media@generationwave.org

www.generationwave.org

0 မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှာစကား


ဘယ်ဘာသာပဲ ကိုးကွယ် - ဘာလူမျိုးပဲဖြစ်ဖြစ် - ဘာစကားပဲပြောပြော တကယ့်ကို စေတနာအပြည့်နဲ့  တောင်းပေးတဲ့ ဆု ဟာ အတိုင်းအတာ တခုထိ ထိရောက်မှုရှိတယ်လို့  ကျမ ယုံပါတယ်.. ဘာလို့ လဲဆိုတော့ ကျမက မေတ္တာ စေတနာရဲ့  စွမ်းပကားကို အင်မတန် ယုံလို့ ပါပဲ .. အရင်နှစ်တွေမှာဆုတောင်းပေးတဲ့သူတွေ အခုနှစ် ဆုတောင်းပေးသူအားလုံးကို ကျေးဇူးတင်တယ် ပြောရင်းနဲ့  ဒီဆုတောင်းပေးချက်တွေဟာ ကျမကို အင်မတန် အထောက်အကူပေးတယ်လို့  ပြောချင်ပါတယ်..

0 “သဘာဝ နှင်းဆီ …ထာဝရ နှင်းဆီ”



ဂျွန် ဂျူလိုင် မိုးစက်လေးတွေကြား က…
သဘာဝ ပေါက်ပင်လေလား …
နှင်းဆီလေလား…
သေချာတယ် အဲဒါ သဘာဝ နှင်းဆီ…
နှင်းဆီ နဲ့  လိုက်ပါပေတယ် …
ဘ၀လမ်း က ဆူးငြောင့်တွေ နဲ့ 
ခလုတ် ကန်သင်းတွေနဲ့ ..
အဲဒီခလုတ် အခက်ခဲတွေကို …
မေတ္တာနဲ့ ကျော် လွှား မုဒိတာပွားရင်းက..
ရန်ရန်ခြင်း မတုံ့ နှင်းခဲ့ လေဘူး…
အေးလေ …
ယုံကြည်ချက်သက်သက်နဲ့ …
ကိုင်ဆွဲခဲ့တာ က အကြမ်းမဖက် ဒီမိုနည်း…
တနေ့ တော့  ……
သဘာဝ နှင်းဆီ ရောင်ခြည် သမ်းလာမှာပါ…
လွတ်လပ်စွာ ပွင့်လန်း လာမှာပါ…
နှင်းဆီ ရဲ့  ရနံ့  က …
ကမ္ဘာ အနှံ့ပျံနေတယ်…
နှင်းဆီရဲ့ အဆင်းက…
မြန်မာလို ကျက်သရေ ရှိတယ်…
ဘယ်လို ကြည့်ကြည့် …
မေတ္တာ ကိုစား အားရှိနေတတ်တယ် ..
မေတ္တာတွေ ခြံရံ …
ဂရုဏာတွေအပြည့် နဲ့ …
ကမ္ဘာမြေပေါ် နှင်းဆီ ပေါက်ဖွားခဲ့ တာ…
အခုဆို ၆၆ နှစ် တိုင်ခဲ့ ပြီ…
ဘယ်လိုပဲ ရှုရှု…
ပြည်သူတွေကြား က နှင်းဆီ…
ကမ္ဘာသူ ကမ္ဘာသားတွေကြား က နှင်းဆီ…
လွတ်လပ်စွာ ပွင့်လန်း တဲ့ နှင်းဆီ…
မိခင်တို့ ရဲ့ နှင်းဆီ…
ယုံကြည်ချက်နဲ့ ပွင့်လန်းတဲ့  နှင်းဆီ…
“သဘာဝ နှင်းဆီ…ထာဝရ နှင်းဆီ”
ပွင့်လန်းခြင်းမှ သည်…
ငြိမ်းချမ်းသော ရောင်ခြည် သစ်ဆီသို့ …
ငြိမ်းချမ်းခြင်း မှ သည် …တိုးတက်သော ဥယျာဉ် သစ်ဆီ သို့ …
…..မှ သည်………..သို့ …….
သဘာဝ နှင်းဆီ ထာဝရ နှင်းဆီ…
မွေးနေ့ မှ တိုင် ထာဝရ အေးချမ်းပါစေ…
တည်ကြည် လန်းဆန်းပါစေ………
အောင်မြင် ငြိမ်းချမ်းပါစေ လို့ ….

သားမောင်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အမှတ်တရ (၁၉.၆.၂၀၁၁ တနင်္ဂနွေနေ့ )



0 သီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့သားများရဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဂုဏ်ပြုအငြိမ့်

0 သြစတေးလျနိုင်ငံမယ်လ်ဘုန်းမြို့မှာပြုလုပ်တဲ့ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းပွဲအခမ်းအနား




ုkoTin Hlaing facebookမှ

0 ပန်းမြတ်ဧကရီ ( ၀ါ ) ဒေါ်အောင်ဆန်းစုကြည်

Free Image Hosting
မွန်မြတ်တဲ့ နှလုံးအလှနဲ့
ဖြူစင်လှတဲ့ ကိုယ်ကျင့်တရားကြောင့်
လူအများက လေးစားသော အားဖြင့်
ပန်းတွေရဲ့ အမည်နဲ့ အမေ့ကို တင်စား
အချို့က နှင်းဆီနီ
အချို့က သဇင်နီ
ကြုံလာသမျှ ဒဏ်တွေကို ကြံကြံခိုင်လို့
ဗေဒါပန်း လို့ ဂုဏ်ယူဝင်ကြွားကြပြန်တယ်…….။

အာဏာဆိုတဲ့ နွံထဲမှာ မနစ်ဘဲ
ဇွဲများနဲ့ အမြဲရုန်းထလို့ အဆင်းလှတဲ့ အမေကို
ကြာပန်းတပွင့်ပါတဲ့……။

သူတို့ကို အားကျလို့ အမေ့သားလည်း
ပန်းမြတ် ဧကရီ လို့ တင်စားပါရစေ………….အမေ။


အမေ့နူတ်ဖျားက ရွတ်ဆိုလိုက်တဲ့
ငြိမ်းချမ်းရေး တေးသံတွေက
ပြည်သူများရဲ့ နားထဲကို
ချိုသာစွာ စီးဝင်သွားခဲ့ပေမယ့်
မဟုတ်တာ အကုန်လုပ်ကာ
ယုတ်မာနေကြတဲ့ လက်နက်ကိုင် လူတစုက
ကြောက်ဒူးတွေ တုန်နေတာကိုက
အမှန်တရား အတွက် ခွန်အားပေမို့
သားတို့များစွာ အားတက်ခဲ့မိပါတယ်…..အမေ ။

နူးညံ့လှတဲ့ မိန်းမသား တစ်ယောက်ပေမယ့်
ကြောက်ရွံ့ခြင်းတွေကို အပြီးတိုင်မောင်းထုတ်
အာဏာရှင်စနစ်ကို စက်ဆုပ်ရွံရှာ
ဒီမိုကရေစီ မရသမျှတော့
ပြည်သူတွေ နစ်နာနေမှာကို တွေးပူ
တိုင်းပြည် အတွက် ပေးဆပ်
ကြီးမြတ်တဲ့ ဥာဏ်ပညာဖြင့်
ချင့်ချိန်လို့ တွေးပြ
ပြည်သူတွေကို လမ်းမှန်ပြတာ
အားရစရာ သိပ်ကိုကောင်းလို့
အမေ ကျန်းမာချမ်းသာပါစေလို့
သားတို့လည်း အမြဲ ဆုတောင်းလျှက်ပါ ……အမေ ။

အသက်နဲ ခန္ဓာ တည်နေသမျှတော့
ဒီမိုကရေစီ ၀ါဒ ခေတ်စားအောင်
မရရအောင် ကြိုးစားလုပ်ဆောင်မယ်ဆိုတဲ့
အမေ့ရဲ့ ရည်ရွယ်ချက်တွေ
အထမြောက် ရှင်သန်စေဖို့
အမေသွားရာ လမ်းတလျှောက်မှာ
ဘယ်သူ့ကိုမှ နင်းချမသွားဘဲ
ကိုယ်တိုင်က အနစ်နာခံ
စံပြအဖြစ် နေထိုင်ခဲ့လို့
ကမ္ဘာတ၀ှမ်းက ပညာရှင်လို့သတ်မှတ်
ဆုတံဆိပ်တွေ အမျိုးမျိုးပေးအပ်ခဲ့လို့
သားတို့တိုင်းပြည် အတွက်
ဂုဏ်တက်ခဲ့ရပါတယ်…………..အမေ…. ။

သယံဇာတတွေ ပေါကြွယ်ဝတဲ့
သားတို့ရဲ့ ဗမာပြည်ကြီးမှာ
လူ့မိစ္ဆာတွေရဲ့ အာဏာနဲ့ လောဘရမ္မက်
ထိုးနှက်ချက်ကြောင့် အမေ့ရဲ့
ရင်သွေးငယ်လေးတွေ
အနာဂတ်ခရီး အတွက် စမ်းတ၀ါးဝါးနဲ့
ဒုက္ခကြီးစွာ ခရီးဆက်နေကြရပြီ အမေရယ်…။

တချို့တွေက လမ်းမပေါ်မှာ အသက်ပျောက် ကုန်ကြတယ်
အချို့က အကျဉ်းထောင်ထဲမှာ လွတ်ရက်တွေကို လက်ချိုးရေတွက်နေကြတယ်
တချို့က တိုင်းတပါးကို ထွက်ပြေး တိမ်းရှောင်သွားကြရတယ်…..။
တချို့က တိုင်းတပါးမှာ ကျွန်ခံစားဖို့ လဘ်ထိုးသွားနေကြရပြီ ………..အမေရေ။

ကမ္ဘာ့အလယ်မှာ တခါက သိပ်လှပါတယ်ဆိုပြီး
ထင်ပေါ်ခဲ့တဲ့ ဗမာနိုင်ငံလေးဟာ
အရေကို လွှာ အသားကို လှီး
ဂုတ်သွေးစုပ်တာ အားမရလို့
ကလီစာကို ဖောက်ထုတ်တဲ့ပြင်
ချဉ်ဆီကိုပါ စုပ်ချင်ကြတဲ့
ယုတ်မာတဲ့ လူတစုကြောင့်
ဆိုးဝါးလှတဲ့ ဝေဒနာ တရပ်ကို
ရင်မှာ ဖက်ကာ နောက်ဆုံး မျှော်လင့်ချက် အဖြစ်
မခံမရပ်နိုင်တဲ့ ဟန်ပန်နဲ
နာကြည်းစွာ ငြီးတွားပြနေပြီ…...အမေ ။

အာဏာကို အကြောင်းပြု
လူတစုရဲ့ ထောင်းထုချက်
ကြမ်းကြုတ်လို့ ယုတ်မာပက်စက်တဲ့ဒဏ်
ခံနေရတာ ကံကြမ္မာကြောင့်ပါလို့
တခါလေးမှ မတွေးခဲ့ဘဲ
ဥာဏ်နဲ့ ယှဉ်ကာ အစဉ်ကြိုးစားပြီး
မတရားတာ မှန်သမျှကို
ရှေ့တန်းကနေ ဆန့်ကျင်ပြလို့
သူရဲကောင်း ပီသ
လွန်းလှပါတယ်...အမေ ။

လူမိုက်တို့ ကြီးစိုးနေသမျှ
အမှန်တရားကို လက်ကိုင်ထားသူများ
ဆင်းရဲဒုက္ခများတာ သိနေပါလျှက်နဲ့
တချက်လေးမှ နောက်မတွန့်ဘဲ
ချီတက်ရဲတဲ့ အမေ့သတ္တိကို
လေးစားလွန်းလို့ တမ္ဘာလုံးမှ
ပညာရှင် အများစုက အမေ့ကို သူရဲကောင်းပါလို့
ခေါ်ဆိုသံကို ကြားရတိုင်း... အနှိုင်းအဆမဲ့ ဂုဏ်ယူမိပါတယ်...အမေ။

၆၆ နှစ် အရွယ် မငယ်တော့တဲ့
အမေ့ရုပ်သွင်မှာ ရဲရင့်ခြင်းမာန်တွေဝင်
သိမ်မွေ့တဲ့ အပြင်အဆင် နဲ့
အမှန်တရားကို လက်ကိုင်ထားကာ
တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတို့မိခင်ရဲ့
အနာဂတ် ဘ၀ခရီးလမ်းမှာ
ကိုယ်စိတ်နှပါး ကျန်းမာ ရွှင်လန်းစွာဖြင့်
ဗမာဆိုတဲ့ သားတို့ တိုင်းပြည်လေးကို
ကမ္ဘာအလယ့်မှာ ၀င်ကြွားနိုင်ဖို့
ဒီမိုကရေစီ အနှစ်သာရ ပြည့်ဝတဲ့
တိုင်းပြည်တစ်ခုအဖြစ်သို့ အမြန်ဆုံး တည်ဆောက်နိုင်ပါစေ အမေ...။

ခင်မင်လေးစားလျှက်
ဗမာ့သွေး + ဗမာ့သွေး ချစ်သူ

http://www.facebook.com/note.php?note_id=225321304152191
ဒီကဗျာလေးနဲ့ ပက်သက်လို့ မိတ်ဆွေတို့ ခံစားရတာကို ရင်ဖွင့်ပြချင်တယ် ဆိုရင် ဒီလင့်လေးကို နှိပ်ကာ လာရောက် ပြောကြားနိုင်ပါတယ် ခင်ဗျာ .။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.