Sunday, June 17, 2012

3 လာမဲ့၁၈ရက်နေ့ အိုင်ယာလန်နိုင်ငံ Dublinမြို့"Electric Burma" concertမှာ ဒေါ်အောင်ဆန်းစုကြည်ကိုဂုဏ်ပြုတင်ဆက်မဲ့ Toast to Freedom" သီချင်း


Bord Gais Energy Theater

"Toast to Freedom," သီချင်းဟာ Amnesty International Amnesty International ရဲ့နှစ်(၅၀)မြောက်နေ့အထိမ်းအမှတ်အဖြစ်မကြာသေးမှီ်ကထွက်ရှိခဲ့တဲ့သီချင်းတပုဒ်ဖြစ်ပြီး ကမ္ဘာအရပ်ရပ်က အနုပညာရှင်(၅၀)ယောက် အတူတကွ ရေးဆိုတီးဖန်တီးထားပါတယ်..

လာမဲ့ ဖွန်လ(၁၈)ရက်နေ့ အိုင်ယာလန်နိုင်ငံ Dublinမြို့Bord Gais Energy Theaterမှာ ပြုလုပ်မဲ့ Electric Burma Concertမှာဒီသီချင်းနဲ့တက်ရောက်ကြသူအားလုံး ကို ဖျော်ဖြေမယ်လို့သိရပါတယ်..

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား Amnesty International က ချီးမြှင့်မယ့် လူ့အခွင့်ရေးဆုကို အိုင်ယာလန်နိုင်ငံ Dublinမြို့Bord Gais Energy Theaterမှာ ပြုလုပ်မဲ့ Electric Burma Concertမှာ U2 မှကမ္ဘာကျော် ရော့ခ်၊တေးဂီတ အဆိုတော် Bono က ပေးအပ်မှာဖြစ်ပါတယ်

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူလိုက်ပါသွားခဲ့တဲ့ ကိုဇေယျာသော် ကို U2 အဖွဲ့ က Bono က သီချင်းအတူဆိုဖို့ ဖိတ်ထားတယ်လို့ ကိုဇေယျာသော် ရဲ့ သူငယ်ချင်း ရန်ရန်ချမ်းရဲ့ facebookမှာ ဖော်ပြရေးသားထားပါတယ်..
သီချင်းစာသားလေးကိုလည်းဖော်ပြပေးလိုက်ပါတယ်...

VERSE 1
How delicious is the winning of her kiss
Bind her love to eternal bliss
She’s the greatest power in the universe
Freedom

Her touch will feed your real hope
In the darkest of days and on the steepest slope
Let your good heart and kindness fill her temple
Freedom

BRIDGE
Nobody’s free until everybody’s free
We walk a long winding road, sail the raging seas
No prison cell, no censorship hell
Can claim our obedience and love

CHORUS
Here’s our toast to freedom
To human rights and dignity
Love, respect and forgiveness
United in the dream for victory
Here’s to the battlefields for justice
Of the tortured, banished and enslaved
To the selfless spirit and commitment
To our brothers and sisters in the grave

VERSE 2
She hurts when sovereigns and parliaments meet
To shackle more chains about Liberty’s feet
When the rulers cast the votes they can not spell
Freedom

Her open eyes desire nothing but the truth
The soul of mankind, untainted youth
Yes–for this I will stand up and fight
Freedom

BRIDGE 2
Nobody’s free until everybody’s free
We walk a hard road, sail the raging seas
No prison cell, no censorship hell
Can claim our obedience and love

CHORUS

SOLO

BRIDGE 3
Nobody’s free until everybody’s free
Together we walk a hard road, sail the raging seas
No prison cell, no censorship hell
Can claim our obedience and love

BREAKDOWN

Here’s our toast to freedom
To human rights and dignity
Love, respect and forgiveness
United in the dream for victory

OUTRO (W/BACKGROUND VOCALS)

Here’s our toast to freedom
To human rights and dignity
Love, respect and forgiveness
United in the dream for victory

2 မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ဆု မိန့်ခွန်းအပြည့်အစုံ(ရုပ်/သံ)


ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆုလက်ခံခြင်းအထိမ်းအမှတ်မိန့်ခွန်းကောက်နုတ်ချက်

ဟိုး..လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာတုန်းက တစ်ခါတလေ အဲဒါဟာ ဘ၀ပေါင်းများစွာအ ကြာကလို့တောင် ထင်ရမယ်။ အဲဒီတုန်းက ကျွန်မဟာ အောက် စဖို့ဒ်မြို့မှာ ကျွန်မသားငယ် အလက်ဇန်းဒါးနဲ့အတူ Desert Island Discs ရေဒီယိုအစီအစဉ် ကို နားထောင်နေခဲ့မိပါတယ်။ ဒီအစီအစဉ်ဟာ နာမည်ကြီးအစီ အစဉ်တစ်ခုဖြစ်ပြီး (ကျွန်မ သိရ သလောက်လည်း ဆက်ပြီး နာ မ.ည်ကြီးဆဲ)ဖြစ်ကာ အဲဒီမှာ ဘ၀ နယ်ပယ်ပေါင်းစုံက ပုဂ္ဂိုလ်တွေကို လူသူဝေးတဲ့ကျွန်းတစ်ခုမှာသောင် တင်ရတဲ့အခါ(သူတို့အကြိုက်) ဓာတ်ပြားရှစ်ချပ်၊ သမ္မာကျမ်းစာနဲ့ ရှိတ်စပီးယားစာပေါင်းစုမပါ (သူ တို့အကြိုက်) စာအုပ်တစ်အုပ်အ ကြောင်းနဲ့ ကိုယ်လိုချင်တဲ့ ဇိမ်ခံ ပစ္စည်းတစ်ခုအကြောင်းကိုပြောဖို့ ဖိတ်ကြားဟောပြောလေ့ရှိပါတယ်။

အစီအစဉ်ဆုံးတော့ ကျွန်မတို့ နှစ် ခြိုက်ကျေနပ်မိပြီး အလက်ဇန်းဒါး က ကျွန်မကိုမေးပါတယ်။ ဒီ Desert Island Discs အစီအစဉ် မှာ စကားပြောဖို့ ဖိတ်ကြားခံ ကောင်း ခံရမယ်လို့ မေမေတွေး ဖူးလားတဲ့။ ““ဘာကြောင့်မဖြစ်နိုင် ရမှာလဲ”” ကျွန်မ ပေါ့ပေါ့ပါးပါးနဲ့ ပြန်ပြောမိတယ်။ ဒီအစီအစဉ်မှာ ပါဝင်တတ်တာ နာမည်ကျော်တွေ ချည်းပဲဆိုတာ ယေဘုယျအားဖြင့် သူသိထားပေမယ့် တကယ့်စိတ် ၀င်တစားနဲ့ သူက ကျွန်မကို ဘာ အကြောင်းကြောင့် ကျွန်မကိုဖိတ် ကြားလိမ့်မယ်ထင်သလဲလို့ မေးပါ တယ်။ ကျွန်မလည်း တစ်ခဏ လောက်စဉ်းစားပြီး အဖြေပေးမိ တယ်။ ““ဘာကြောင့်လဲဆို အမေ က စာပေနိုဗယ်ဆုဆွတ်ခူးခံရလို့ အဖိတ်ခံရကောင်းခံရမှာပေါ့””လို့။ ပြီးတော့ ကျွန်မတို့ နှစ်ဦးရယ်မိ ကြရော။ ဒီအလားအလာဖြစ်နိုင် ခြေဟာ ကျေနပ်စရာကောင်းပေ မယ့် ဖြစ်နိုင်ခဲလှပါတယ်။အခုတော့ ဒီအဖြေကို ဘာ ကြောင့် ကျွန်မ ပေးရလဲမမှတ်မိ တော့ပါဘူး။ ဖြစ်နိုင်တာက ကျွန်မ ဟာ အဲဒီ မကြာခင်လေးက နိုဗယ် ဆုရသူတစ်ဦးရေးတဲ့ စာအုပ်တစ် အုပ်ဖတ်ထားမိတော့ ဒါမှမဟုတ် အဲဒီအချိန်က Desert Island မှာပါတဲ့ နာမည်ကြီးတစ်ဦးဦးဟာ ကျော်ကြားတဲ့ စာရေးဆရာဖြစ် နေတာမျိုး ဖြစ်ကောင်ဖြစ်နိုင်ပါ တယ်။ ၁၉၈၉ မှာ ကွယ်လွန်သူ ကျွန်မခင်ပွန်း မိုက်ကယ်အဲရစ် ဟာ ကျွန်မရဲ့ ပထမအကြိမ် နေ အိမ်အကျယ်ချုပ်ကာလ အတွင်း ကျွန်မကိုတွေ့ဖို့ ရောက်လာခဲ့ပါ တယ်။ သူက ကျွန်မကို မိတ်ဆွေ တစ်ဦးဖြစ်တဲ့ ဂျွန်ဖင်းနစ်က ကျွန်မကို နိုဗယ်ငြိမ်းချမ်းရေးဆု ဆန်ခါတင်းစာရင်းအတွက် အဆို ပြုထားကြောင်းပြောပါတယ်။

အဲဒီတစ်ကြိမ်မှာ ကျွန်မရယ်မိ တယ်။ ရုတ်တရက်တော့ မိုက် ကယ်လည်း အံ့သြသွားပုံပါပဲ။ ဒီနောက်တော့ ကျွန်မဘာကြောင့် ရယ်မောမိလဲဆိုတာ သူနားလည် သွားတယ်။ နိုဗယ်ငြိမ်းချမ်းရေးဆု တဲ့လား။ ကျေနပ်စရာ အလားအ လာတစ်ခု။ ဒါပေမဲ့ တော်တော် လေး မဖြစ်နိုင်တာပေပဲ။ ဒါ့ ကြောင့် နိုဗယ်ငြိမ်းချမ်းရေးဆုကို ကျွန်မ တကယ်ချီးမြှင့်ခံလိုက်ရ တော့ ကျွန်မ ဘယ်လိုခံစားခဲ့ရပါ သလဲ။ ဒီမေးခွန်းက ကျွန်မဆီ အကြိမ်များစွာပေါ်လာတယ်။ ဒါဟာ တကယ်လည်း ကျွန်မအ တွက် နိုဗယ်ဆုဆိုတာ ဘာကိုဆို လိုတာလဲဆိုတာကိုစူးစမ်းကြည့်ဖို့ နဲ့ကျွန်မအတွက် ငြိမ်းချမ်းရေးဆို တာ ဘာကိုဆိုလိုတာလဲ ဆိုတာ ကို စူးစမ်းဖို့အသင့်တော်ဆုံးအခြေအ နေပါပဲ။အင်တာဗျူးတွေမှာ ကြိမ်ဖန် များစွာ ပြောခဲ့သလိုပါပဲ။

တစ်ည နေမှာ ရေဒီယိုကနေ နိုဗယ်ငြိမ်း ချမ်းရေးဆုကို ကျွန်မ ဆွတ်ခူးခဲ့ ပြီလို့ သတင်းကြားခဲ့ရတာပါ။ အံ့ သြစရာတစ်ခုအဖြစ်နဲ့ ဒီသတင်း ဟာ အတူတွဲဖြစ်လာခဲ့တာတော့ မဟုတ်ပါဘူး။ အကြောင်းက အဲဒီ မတိုင်ခင်တစ်ပတ်ကပဲ ရေဒီယို အသံလွှင့်ဌာန အတော်များများ မှာ သေချာပေါက် ဆုရမယ့်သူ တစ်ဦး အဖြစ် သတ်မှတ်ထားခဲ့ ကြလို့ပါ။ ဒီမိန့်ခွန်းကို အကြမ်း ရေးနေစဉ်အတွင်း ကျွန်မဟာ ဆု ကြေညာခံရတော့ ကိုယ့်ရဲ့လတ် တလောတုံ့ပြန်မှုက ဘာဖြစ်ခဲ့လဲ ဆိုတာ မှတ်မိဖို့ အတော်ကြိုးစား ယူခဲ့ရပါတယ်။ ကျွန်မ ထင်တာ ကတော့ သေချာမပြောနိုင်ပေ မယ့် ““အိုး..သူတို့တော့ ဒီဆုကို ငါ့ကို ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီ”” ရယ်လို့ ဆိုတာမျိုး တစ်ခုခုဖြစ်ပါ လိမ့်မယ်။ အဲဒီတုန်းက ခံစားမှု ဟာ သိပ်စစ်မှန်ပုံ မပေါ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ့အ ချိန်တုန်းက ကျွန်မဟာ ကိုယ့် ကိုယ်ကိုယ်လည်း စစ်မှန်တယ်လို့ မခံစားခဲ့ရလို့ဖြစ်ပါတယ်။နေအိမ်အကျယ်ချုပ် ခံရတဲ့ နေ့တွေအတွင်း တစ်ခါတလေမှာ ဆို အဲဒါ (ဆုချီးမြှင့်ခံရခြင်း)ကို ကျွန်မဟာ တကယ့် ကမ္ဘာ့လော ကရဲ့ အစိတ်အပိုင်းတစ်ခုဖြစ် မနေနိုင်တော့သလို ကို ခံစားမိတာ ပါ။ ကျွန်မရဲ့ ကမ္ဘာဟာ အိမ်တစ် လုံးဖြစ်ခဲ့တယ်။ မလွတ်လပ်ပေ မယ့် ထောင်တစ်ခုထဲမှာ ပဲ အသိုင်း အ၀ိုင်းတစ်ခုလို အတူတကွနေနေ ကြရတဲ့ တခြားလူတွေရဲ့ ကမ္ဘာ လည်း ရှိခဲ့မယ်။ ပြီးတော့ လွတ် လပ်တဲ့ကမ္ဘာတစ်ခုလည်းရှိမယ်။ ဒါတွေ တစ်ခုချင်းစီဟာ ကွဲပြား ခြားနားတဲ့ စကြ၀ဠာတစ်ခုထဲမှာ ကိုယ်ပိုင်သီးခြားအစီအစဉ်နဲ့ လှုပ် ရှားနေတဲ့ ခြားနားတဲ့ဂြိုဟ်တစ်ခု စီပါပဲ။

နိုဗယ်ငြိမ်းချမ်းရေးဆုက ကျွန်မကို နောက်တစ်ကြိမ် ကျွန်မ နေတဲ့ အထီးကျန်နေရာလေးရဲ့ အပြင်ဘက်က တခြားလူသား တွေရဲ့ ကမ္ဘာဆီ ဆွဲခေါ်သွားတဲ့ အချက်ကတော့ ကျွန်မအတွက် လက်တွေ့အရှိဆုံး တရားအမြင် တစ်ခုကို ပြန်သိုမှီးဖို့ဖြစ်ပါတယ်။ ဒါဟာ ချက်ချင်းကြီးဖြစ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရက်တွေ၊ လတွေကြာလာပြီး ဆုနဲ့ပတ်သက် လို့ တုံ့ပြန်တဲ့သတင်းတွေ လေ လှိုင်းတွေပေါ်က ရောက်လာချိန် မှာ နိုဗယ်ဆုရဲ့ ထူးခြားမှုကို ကျွန်မ စတင်သဘောပေါက်လာပါတော့ တယ်။

ငြိမ်းချမ်းရေးအပေါ် မြန် မာ့အယူအဆကို ““ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုတို့ ကို ဆန့်ကျင် ကာကွယ်ထားတဲ့ အချက်တွေ ရပ်ဆိုင်းသွားခြင်းမှ ထွက်ပေါ် လာတဲ့ပျော်ရွှင်ရမှု””အဖြစ် ရှင်းပြ နိုင်ပါတယ်။ “ငြိမ်းချမ်း”ဆိုတဲ့ မြန် မာစကားလုံးကို တိုက်ရိုက်ဘာ သာပြန်ရရင် မီးတစ်ခုငြှိမ်းသတ် လိုက်တဲ့အခါ ရလာတဲ့ အကျိုးအ မြတ်ရှိတဲ့ အေးချမ်းမှု ...beneficial coolness အဖြစ် ဘာသာပြန်နိုင် ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဒုက္ခ မီးတွေနဲ့ သဘောထားကွဲ လွဲမှုမီး တွေ တောက်လောင်လျက်ရှိနေပါ တယ်။ ကျွန်မရဲ့ တိုင်းပြည်မှာ လည်း မြောက်ဘက်ဖျားဒေသမှာ ရန်လိုမှု အပြီးမသတ်သေးပါဘူး။ အနောက်ဖက်ဒေသမှာဆိုလည်း ဒီနေ့ ဒီကိုရောက်လာဖို့ ထွက်လာ တဲ့ ကျွန်မရဲ့ခရီးစဉ် မစတင်မီ ရက်အနည်းငယ်မှာပဲ မီးရှို့မှု၊ သတ်ဖြတ်မှုတွေနဲ့ လူအုပ်စု အကြမ်းဖက်မှုတွေဖြစ်နေပါတယ်။

တချို့နေရာတွေမှာ မျိုးဖြုတ်သတ် ဖြတ်မှုသတင်းတွေဟာ မြေပေါ် လျှံတက်နေပါတယ်။ ငတ်မွတ်မှု၊ ရောဂါဘယ၊ နေရာရွှေ့ပြောင်း ခံရမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ ဆင်း ရဲနွမ်းပါးမှု၊ တရားမျှတမှုကင်းမဲ့ ခြင်း၊ ခွဲခြားဖိနှိပ်ဆက်ဆံခြင်း၊ အယူအစွဲတွေနဲ့ အာဃာတ တရားတွေ ဒါတွေဟာ ကျွန်မတို့ နေ့စဉ် စားသုံးနေရတာတွေပါပဲ။ နေရာတိုင်းမှာ အဖျက်စွမ်းအား တွေက ငြိမ်းချမ်းရေးရဲ့ အခြေခံ အုတ်မြစ်တွေကို စားသုံးပစ်နေကြ တယ်။ ကျွန်မတို့ ကမ္ဘာကြီးမှာ ပျော်ရွှင်မှုနဲ့ အေးချမ်းမှုကို ထိန်း သိမ်းဖို့ မရှိမဖြစ်လိုအပ်တဲ့လူ သား ရင်းမြစ်တွေနဲ့ ရုပ်ဝတ္ထုတွေကို အဆင်ခြင်မဲ့ သုံးဖြုန်းမှုကို နေရာ တိုင်းမှာတွေ့နိုင်ပါတယ်။
* ကျွန်မတို့ဟာ လူမှုဖူလုံရေးနဲ့ လူသားချင်း စာနာထောက်ထား မှုအကူအညီတွေကို လိုလားအပ် တဲ့အရာမျှသာမက မရှိမဖြစ် လို အပ်တဲ့အရာအဖြစ် အသိအမှတ် ပြုကြတဲ့ခေတ်ထဲ ရောက်လာခဲ့ တာ ကံကောင်းလှပါတယ်။ ယုံ ကြည်ချက်ကြောင့် ကျခံနေရတဲ့ အကျဉ်းသားတွေရဲ့ ကံကြမ္မာဟာ နေရာတကာမှာရှိတဲ့ ပြည်သူတွေ ရဲ့ပူပန်မှုဖြစ်လာတဲ့ ခေတ်တစ်ခု ထဲ ရှင်သန်နေရလို့ ကံကောင်းလှ ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးကိုလည်း အားလုံးလွှမ်းခြုံ ပြီးမဟုတ်တောင် အားလုံးရဲ့ မွေး ရာပါအခွင့်အရေးအဖြစ် လက်ခံ လာကြတဲ့ခေတ်တစ်ခုထဲ ရောက် လာလို့ ကံကောင်းလှပါတယ်။ အကျယ်ချုပ်အကျခံနေရတဲ့ နှစ် တွေအတွင်း မကြာခဏဆိုသလိုပဲ ကျွန်မဟာ လူ့အခွင့်အရေးကြေ ညာစာတမ်းပါ ကျွန်မ အကြိုက် ဆုံးစာပိုဒ်တွေကနေ ခွန်အားတွေ ရယူခဲ့ရပါတယ်။

* လူ့အခွင့်အရေးကို ဂရုမစိုက် ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းသည် လူသားမျိုးနွယ်၏ ယုံကြည်မှုကို ဒေါမာန်ထွက်စေသော ရိုင်းစိုင်း သည့်အပြုအမူများကို ထွက်ပေါ် စေခဲ့သည်။ လူသားမျိုးနွယ်တို့ ပါဝင်သော ကမ္ဘာလောကပေါ် ထွန်းလာခြင်းသည် လွတ်လပ်စွာ ပြောဆိုခွင့်၊ ယုံကြည်ခွင့်နှင့် အကြောက်တရားမှ လွတ်ကင်း ရေးကိုခံစားစေရမည်။ ဘုံလူသား အပေါင်း၏ အမြင့်မားဆုံး စိတ် ဆန္ဒများအဖြစ် သတ်မှတ်ခဲ့ပြီ။

* အကယ်၍ လူသားသည် နောက်ဆုံး ခိုလှုံရာအဖြစ် ကူညီမှု မရရှိလျှင် ဖိနှိပ်မှုနှင့် အကြမ်းဖက် အုပ်ချုပ်မှုတို့ကို ပုန်ကန်ခြင်းဖြင့် လူ့အခွင့် အရေးများကို ဥပဒေစိုး မိုးမှုဖြင့်ကာကွယ်ပေးသင့်သည်။

* မြန်မာနိုင်ငံမှာ လူ့အခွင့် အရေးအတွက် ဘာကြောင့်တိုက် ပွဲဝင်နေသလဲလို့မေးရင် ဒီစာပိုဒ် တွေက အဖြေပေးပါလိမ့်မယ်။ ဘာကြောင့် ကျွန်မ တိုက်ပွဲဝင် နေသလဲမေးရင် ဒါဟာ ဒီမိုကရေ စီအဖွဲ့အစည်း၊ အဆောက်အအုံ တွေနဲ့ အလေ့အကျင့်တွေဟာ လူ့ အခွင့်အရေးကို အာမခံချက်ပေး ဖို့အတွက် မရှိမဖြစ်လိုအပ်လို့ပါ။

* မကြာမီက ကျွန်မရဲ့ တိုင်း ပြည်တွင်း ဖြစ်ပေါ်ခဲ့တဲ့အပြောင်း အလဲတွေကြောင့် လူကြီးမင်းတို့ နဲ့အတူ ကျွန်မ ရှိနေခဲ့တာဖြစ်ပါ တယ်။ ဒီအပြောင်းအလဲတွေဖြစ် ပေါ်လာခဲ့ရတာဟာ လူကြီးမင်း တို့နဲ့ အခြားသော လွတ်လပ်မှုနဲ့ တရားမျှတမှုကို ချစ်မြတ်နိုးသူတွေ ကြောင့်ဖြစ်ပြီး ဒီလူတွေက ကျွန်မ တို့ရဲ့အခြေအနေကို ကမ္ဘာလုံး ဆိုင်ရာအဆင့် အာရုံစိုက်မှုရ အောင် လုပ်ပေးခဲ့ပါတယ်။ ကျွန်မ တိုင်းပြည်အကြောင်း ဆက်မပြော ခင် ကျွန်မတို့ရဲ့ ယုံကြည်ချက်အ ကျဉ်းသားတွေအကြောင်း ပြော ချင်ပါတယ်။ ဒီလို အကျဉ်းသား မျိုးတွေ မြန်မာနိုင်ငံမှာ ရှိနေဆဲ ပါပဲ။ လူသိများတဲ့ အထိန်းသိမ်းခံ အကျဉ်းသားတွေကို ပြန်လွှတ် ပေးခဲ့ပြီး ကျန်နေတာက လူသိပ် မသိတဲ့သူတွေမို့ မေ့သွားကြမှာ ကြောက်ရပါတယ်။ ဒီမှာ ကျွန်မ ရပ်တည်နေရခြင်းဟာ ကျွန်မ လည်း တစ်ချိန်က ယုံကြည်ချက် အကျဉ်းသားတစ်ဦး ဖြစ်ခဲ့ဖူးလို့ပါ။ ကျွန်မကို လူကြီးမင်းတို့ကြည့်ပြီး နားဆင်နေစဉ်မှာပဲ ကျေးဇူးပြုပြီး မကြာခဏ ပြောလေ့ရှိတဲ့ အမှန် တရားတစ်ခုဖြစ်တဲ့ ယုံကြည်ချက် အကျဉ်းသားတစ်ဦး ရှိနေခြင်းဟာ အရမ်းများလှတယ်ဆိုတဲ့အချက် ကို သတိရပေးကြပါ။ မလွတ်လပ် သေးတဲ့ တရားဥပဒေရဲ့ အကျိုး ကျေးဇူးတွေကို ခံစားခွင့်မရသေး တဲ့သူတွေရဲ့ အရေအတွက်ဟာ ကျွန်မတု့တိုင်းပြည်မှာ တစ်ဦး ထက်မက အများကြီးရှိပါတယ်။ ကျေးဇူးပြု၍ သူတို့ကို သတိရပေး ပါ။ သူတို့ စောနိုင်သမျှ ခြင်းချက် မရှိ လွတ်မြောက်ရေး အကျိုး သက်ရောက်မှုရှိအောင် ဖြစ်နိုင် ခြေရှိတာမှန်သမျှ လုပ်ပေးကြပါ။

* မကြာသေးမီလများအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်တွေဟာ ပြည်သူအများစု ရဲ့ လိုလားချက်တွေအပေါ် မူတည်တဲ့ ပြည်ထောင်စုစိတ် ဓာတ်အပေါ် မူတည်တဲ့ နိုင်ငံရေး အရ အဖြေရှာနိုင်မှုတွေဆီ ဦး တည်ဖို့ ကျွန်မတို့မျှော်လင့်ပါ တယ်။
7days news journal

1 မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို နိုဘဲလ်ငြိမ်းချမ်းရေးဆု ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား -နော်ဝေနိုင်ငံ အော်စလိုမြို့(ဓာတ်ပုံ)




နော်ဝေမိဖုရားကြီးSonja၊ နော်ဝေဘုရင်ကြီးHarald၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုဘယ်ဆုကော်မတီဝင်များဖြစ်သော Thobjoern Jagland, Kaci Kullmann Five, Inger-Marie Ytterhorn၊ နော်ဝေအိမ်ရှေ့မင်းသားHaakon နှင့် နော်ဝေအင်စတီကျူအလုပ်အမှုဆောင် ဥက္ကဌGeir Lundestad ။
“The Lady” ရုပ်ရှင်ကားမှ မင်းသမီး မစ်ရှဲယိုးလည်းတက်ရောက်ဂုဏ်ပြု(Burma Campaign Denmark )


Photo.Reuters,AP,AFP

Saturday, June 16, 2012

0 ရခိုင်ကယ်ဆယ်ရေးစတင်


ရခိုင်ကယ်ဆယ်ရေးစတင်

ရခိုင်ပြည်နယ်ရှိ မောင်တောမြို့၊ ဘူးသီးတောင်မြို့နှင့် စစ်တွေမြို့များတွင် ဖြစ်ပွားပေါ်ပေါက် ခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် လူနေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ပြီး လတ်တလော ဒုက္ခနှင့်ရင်ဆိုင် နေကြရသည့် ဒေသခံပြည်သူ ဒုက္ခသည်များအား ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိသည့် ကယ်ဆယ်ရေးစခန်းများရှိ ဒုက္ခသည်များအား လူသားချင်းစာနာ ထောက်ထားသောစိတ်ဓါတ်များဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သိန်း (၂ဝဝ)ကျပ် မတည်ခဲ့သည်။ ဦးစောညီစံနှင့် အသင်းသား(၄)ဦး အဖွဲ့သည် ယမ်ယမ်ခေါက်ဆွဲခြောက် (၂ဝဝဝဝ)ကျော်၊ အဝတ်ထုတ် (၆ဝ)ထုတ်၊ ကွေကာအုပ် (၅ဝဝဝ) ထုတ်နှင့် ဘီစကစ် (၁ဝဝဝဝ)ကျော် အစရှိသည့် ကုန်ပစ္စည်းများအား (၂၄ ပေ) မော်တော်ယာဉ်ပေါ်သို့ တင်ဆောင်၍ ၁၄.၆.၂ဝ၁၂ (ကြာသပတေးနေ့) ည (၉း၃ဝ) နာရီအချိန်တွင် ဘုရင့်နောင်ပွဲရုံမှ စတင် ထွက်ခွာခဲ့သည်။ (၂၄ ပေ မော်တော်ယာဉ်အား ရွှေပြည်သစ်ကားဂိတ်မှ ကိုတင်အုန်းမှ စစ်တွေခရီးစဉ် အတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။)

၁၅.၆.၂ဝ၁၂ (သောကြာနေ့) နံနက် (၇း၃ဝ) နာရီလေယာဉ်ဖြင့် စစ်တွေမြို့သို့ ထွက်ခွာရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်၊ အလုပ်အမှုဆောင် ဦးဖြိုးကိုကိုနှင့် ဒေါ်နှင်းနှင်းယု တို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နံနက် (၆းဝဝ) နာရီအချိန်တွင် စတင်ထွက်ခွာ ခဲ့ကြသော်လည်း နံနက် (၁၁းဝဝ) နာရီအချိန်တွင် ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့်အဖွဲ့သည် နာရေးကူညီ မှုအသင်း(ရန်ကုန်)သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး စစ်တွေမြို့တွင် ရာသီဥတုအခြေအနေကြောင့် လေယာဉ်ဆင်းသက်နိုင်ရန် ခက်ခဲသဖြင့် ၁၅.၆.၂ဝ၁၂ (စနေနေ့) နံနက် (၇း၃ဝ) နာရီ လေယာဉ်ဖြင့် တစ်ရက်နောက်ကျ၍ ထွက်ခွာမည်ဖြစ်တော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အား တတ်စွမ်းရွေ့ ကူညီဖေးမ ပေးဆပ် ခဲ့ကြသလို ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ လူသားနှင့် သက်ရှိသတ္တဝါအားလုံး ကမ္ဘာကြီးမှာ ငြိမ်းချမ်းစွာ အတူတကွ မြတ်နိုးစွာ ချစ်ခင်ကြရင် ကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာ၍ သောကကင်းဝေးစေရန် အစဉ်ထာဝရ ဆုတောင်းမေတ္တာပို့သကာ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြု၍ နိုင်ငံအဝှမ်း ဆက်လက်ချီတက် ပေးဆပ်သွားပါတော့မည်။

FFSS- နာရေးကူညီမှုအသင်း(ရန်ကုန်)

0 အိုင်ယာလန်နိုင်ငံ Dublinမြို့Bord Gais Energy Theaterမှာကျင်းပပြုလုပ်မဲ့ Electric Burma Concert ကြော်ငြာ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား Amnesty International က ချီးမြှင့်မယ့် လူ့အခွင့်ရေးဆုကို အိုင်ယာလန်နိုင်ငံ Dublinမြို့Bord Gais Energy Theaterမှာ ပြုလုပ်မဲ့ Electric Burma Concertမှာ ကမ္ဘာကျော် ရော့ခ်၊တေးဂီတ အဆိုတော် Bono က ပေးအပ်မှာဖြစ်ပါတယ်

http://www.electricburma.com/

0 နော်ဝေးနိုင်ငံသို့ရောက်ရှိနေသော မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားတခဲနက် ကြိုဆိုနေကြသော ပုံရိပ်များ




နော်ဝေးဘုရင်က ညစာနဲ့တည်ခင်းတဲ့ အော်စလို ဆိပ်ကမ်းနားက ရဲတိုက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နော်ဝေး၀န်ကြီးချုပ်နဲ့ နော်ဝေးဘုရင်မှ ညစာစားပွဲဖြင့် ဧည့်ခံ
Myanmar democracy champion and Nobel laureate Aung San Suu Kyi (C), Norway's Prime Minister Jens Stoltenberg (left) and Norwegian King Haraldduring a dinner in the honour of Nobel Peace Prize laureates at the Akershus Castle in Oslo on June 15, 2012

တိုင်းပြည် တစ်ပြည်ရဲ့ စစ်တပ် ဆိုတာ ဘယ်လောက် အတိုင်းအတာထိ စစ်ရေးနဲ့ ပတ်သတ်တဲ့ ကိစ္စတွေ ပရော်ဖက်ရှင်နယ် ဆန်သလဲဆိုတာ တိုင်းထွာဖို့လိုပါတယ် စစ်တပ်ရဲ့ အဓိက တာဝန်က ပြည်သူတွေ ကို လုံခြုံမူပေးနိုင်ဖို့ ကာကွယ်စောက်ရှောက်ဖို့ ဖြစ်ပါတယ်.. စစ်တပ်ဟာ ပြည်သူကို ကာကွယ်ရပါမယ်၊ မအုပ်ချုပ်ရပါဘူး။
( မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်)
http://www.themalaysianinsider.com/world/article/suu-kyi-says-army-has-to-give-up-excessive-power/
ငြိမ်းချမ်းရေးဂျိုးငှက်ငယ်ရယ် အတောင်ဖြန့်လို့ ဝေဟင်မှာဝဲလို့ တေးသီရင်း...ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းကြည် တည်းခိုသည့် Grand Hotel ၏မျက်စောင်းထိုး၊ လွှတ်တော်နှင့် မျက်နှာချင်းဆိုင် ပန်းခြံတွင် သီချင်းတွေ လာဆိုတဲ့ အဆိုတော် ကိုမွန်းအောင်

Photo..AP. Getty images, Ye ni facebook

0 ကျွန်တော်မြန်မာ
ရေး/ဆို - လင်းလင်း


လူဆိုရင် မိဘမေတ္တာ ဘုရားမဟောတောင် သိတတ်ရမယ်
လူဆိုရင် သမိုင်းရဲ့ သစ္စာ ဘုရားမဟောလည်း ထိန်းသိမ်းရမယ်ဟေ့
လူစကား ပြောတာပါ
...
ဘုရားပေးတဲ့အသက်ကို တန်ဖိုးရှိရှိအသုံးချပြမယ်
ရိုးသားတဲ့ နှလုံးသားနဲ့ငါ
နူးညံ့တဲ့အသိစိတ်နဲ့ငါ
မြင့်မြတ်တဲ့ ဦးနှောက်နဲငါ
ခမ်းနားတဲ့ အမျိုးသားစိတ်နဲ့ငါ

ရေမြေတစ်ခုတည်း
အောင်ဆန်းအရိပ်က တို့ဗမာ/မြန်မာ
သေချာမှတ်သား
နဂါးနီမျိုးနဲ့ တို့ ဂုဏ် တတ်စေမယ် ရာ့ !!!

• • • • • • • • • • • • • • • • • • • • • • • •

လက်ရှိ နှစ်သက်တဲ့ လင်းလင်း ရဲ့  ဒုတိယမြောက် တေးသီချင်းတစ်ပုဒ် ဖြစ်ပါတယ်
ပုသိမ်မှာ ဇွန်လဆန်းက ဖျော်ဖြေအားပေးတဲ့သီချင်းတစ်ပုဒ်ပထမတစ်ပုဒ်ကတော့ (မန္တလေးမြို့ သေဆုံးခြင်း)
အားနဲ့မာန်နဲ့ စိတ်ဓါတ်နဲ့ သီကုံးဆိုပေးတဲ့ လင်းလင်း
ကျေးဇူးတင်ပါတယ် လင်းလင်း

◄အမ်အယ်လ်►

0 ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနိုင်ငံ အော်စလိုမြို့ကို ဒေသစံတော်ချိန် ညနေ၄နာရီ မြန်မာစံတော်ချိန် ည၈နာရီခွဲက ရောက်ရှိ(ရုပ်/သံ)



နော်ဝေးနိုင်ငံအော်စလိုမြို့ရှိ အစိုးရအိမ်တော်သို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား နော်ဝေဝန်ကြီးချုပ်Jens Stoltenberg က ခရီးဦးကြိုဆိုနှုတ်ဆက်။(AP)


နော်ဝေနိုင်ငံ နိုဗဲလ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီ ဥက္ကဌ Thorbjoem Jagland နဲ့ဒေသဆိုင်ရာ ဖွံဖြိုးရေး ၀န်ကြီး Liv Signe Navarseteတို့ကလေဆိပ်မှာ နွေးထွေးစွာကြိုဆိုခဲ့ပါတယ်...
Photo.AP ,DVB

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားနိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်ပြသမည်




http://www.nobelprize.org/

0 ဆွစ်ဇာလန်ပါလီမန်ကိုရောက်ရှိခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ပါလီမန်မှသောင်းသောင်းဖျဖျကြိုဆိုနူတ်ဆတ်



Myanmar democracy icon Aung San Suu Kyi, standing near Hans Altherr, chairman of the Council of States (L), shakes hands with Hans Jorg Walter, National Council President (R), during her visit to the Swiss Parliament on June 15, 2012, during her first trip to Europe since 1988. Suu Kyi will visit Switzerland, Norway, Britain, France and Ireland on her more than two week tour, which will include a speech in Oslo to formally accept the Nobel Peace Prize that thrust her into the global limelight two decades ago.

Photo..Getty images,AP

Friday, June 15, 2012

1 ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက်နော်ဝေးနိုင်ငံ အော်စလိုကကြိုတင်ပြင်ဆင်နေမှု








ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံသားတွေ တွေ့ဆုံမဲ့အော်စလိုငြိမ်းချမ်းရေး စင်တာမှာ ပိုစတာကပ်ပြင်ဆင်နေတာကို အင်္ဂါနေ့ကတွေ့ခဲ့ရတယ်။ ၁၆ဂျွန်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေး လှုပ်ရှားမှုဓာတ်ပုံပြပွဲလုပ်မယ်။ဒေါ်စုကိုယ်တိုင်မနက်၁၀နာရီမှာ ပြပွဲကိုဖွင့်ပေးမယ်လို့သတင်းရတယ်။

ကိုညို (osclo)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.