မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ နဲ့ ကော့မှူးအမတ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၁၈ က အမေရိကန် ပြည်ထောင်စု၊ မြို့တော် ၀ါရှင်တန် ဒီစီက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကကို နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ ပထမဆုံးအကြိမ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အသက် နှစ်ဆယ်ကျော်အရွယ် (လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်) က နယူးယောက်မြို့က ကုလသမဂ္ဂမှာ အလုပ်လုပ်ရင်း နေထိုင်ခဲ့ဖူးပါတယ်။ (အခု ခရီးစဉ် အတွင်းမှာလည်း ကုလသမဂ္ဂမှာ အလုပ်လုပ်နေကြတဲ့ မြန်မာဝန်ထမ်းတွေကိုလည်း တွေ့ဆုံမယ်လို့ သိရပါတယ်)။
(ဘီဘီစီ)
သတင်းအကျဉ်းချုပ် ...
အစိုးရ အကျဉ်းထောင်အတွင်း ၂၇ နှစ်ကြာ အကျဉ်းချခံခဲ့ရရာမှ ပြန်လည်လွတ်မြောက်လာသည့် KIA အထူးတပ်ဖွဲ့ခေါင်းဆောင် လဖိုင်ဇော် ဆိုင်းသည်ကချင်ပြည်နယ်ငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်သွားမည်ဟု ပြောသည်။
''ငြိမ်းချမ်းရေးကို လိုလားပါ တယ်။ ရန်ကုန်ကို လာတာကလည်း ဒီမှာရှိတဲ့ ကျွန်တော့်သူငယ်ချင်း နိုင်ငံရေး အကျဉ်းသားဟောင်းတွေ နဲ့ တွေ့ပြီး ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ဖို့ပါ''ဟု စက်တင်ဘာ ၁၇ ရက်နေ့က မြင်းခြံထောင်မှ လွတ်မြောက်လာသော ၄င်းက ပြောသည်။
၎င်း၏ ငြိမ်းချမ်းရေး ဆောင် ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့မှ လုပ်ငန်းကော် မတီဝင်တစ်ဦးဖြစ်သည့် ကိုဘိုဘိုဦး က ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးအတွက် မည်သူ နှင့်မဆို လက်တွဲလုပ်ဆောင်သွားရန် အသင့်ရှိကြောင်း မှတ်ချက်ပြုပြော ကြားသည်။
ထောင်တွင်း၌ ခင်မင်ခဲ့သော ရန်ကုန်မှ နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ မိတ်ဆွေဟောင်းများ နှင့် တွေ့ဆုံကာ ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်များအတွက် လုပ်ဆောင်မည့် အစီအစဉ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
လွတ်ရက်စေ့ရန် နှစ်လသာ လိုတော့သည့် ၄င်းသည် နိုင်ငံ တော် သမ္မတ၏ လွတ်ငြိမ်းချမ်း သာခွင့်နှင့် လွတ်မြောက်လာခြင်း ဖြစ်ပြီး ''ကျွန်တော်တို့ နိုင်ငံရေးနဲ့ ပတ်သက်သူတွေ အားလုံး လျှော့ ရက်မရဘူး''ဟု ၄င်းက ပြောသည်။
ထောင်တွင်း ပြစ်ဒဏ်ကျခံနေ ရစဉ် လူ့အခွင့်အရေး ချိုးဖောက် မှုများကို ခံခဲ့ရပြီး ဆိုးဆိုးရွားရွား ဖြတ်သန်းခဲ့ရသော အခြေအနေများ လည်း ကြုံတွေ့ခဲ့ရကြောင်း၊ ၂ဝဝ၅ မှ ၂ဝ၁၂ အထိ မြင်းခြံထောင်တွင် လဖိုင်ဇော်ဆိုင်း နှင့်အတူ နေထိုင် ခဲ့ရသည့် ကိုမျိုးမင်းထိုက်ကလည်း ပြောသည်။
လဖိုင်ဇော်ဆိုင်းသည်၁၉၈၅ခုနှစ်တွင်အဆိုတော်အယ်လ်ခွန်းရီ၏ဖခင်ဖြစ်သူကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်အား လုပ်ကြံသည့် အဖွဲ့ခေါင်းဆောင်အဖြစ် တရားစွဲ ဆိုခံရကာ သေဒဏ်ချမှတ် ခံခဲ့ရ ခြင်းဖြစ်သည်။
မေဇင်ဝင်း- Popular Myanmar News Journal
သတင်းအကျဉ်းချုပ် ...
ငြိမ်းချမ်းရေးလိုလားသူပြည်သူများခင်ဗျား...
စက်တင်ဘာ ၂၁ရက်နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင်
လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲနှင့် ဆုတောင်းပွဲကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
သတင်းအကျဉ်းချုပ် ...
ဒေါ်အောင်ဆန်းစုကြည်လက်ခံရယူမည့် အမေရိကန်ကွန်ကရက်က အရပ်သားများကိုပေးအပ်ချီးမြှင့်သည် အမြင်ဆုံး"ကွန်ကရက် ရွှေသားဆု"သည်၁၇၇၆ခုနှစ်ကအမေရိကန်တော်လှန်ရေးကိုရွတ်ရွတ်ချွန်ချွန်တာဝန်ထမ်းဆောင်ခဲ့သည့်ဗိုလ်ချုပ်ကြီး ဂျော့ဝါရှင်တန်အားပထမဆုံးစတင်ချီးမြှင့်ခဲ့သည်။
ဆုချီးမြှင့်ခံရသူသည်အမေရိကန်သားမဟုတ်ဘဲ ပြည်ပနိုင်ငံသားဖြစ်လျင်မိမိဆန္ဒအရအမေရိကန်နိုင်ငံသား ဖြစ်ပိုင်ခွင့်ရှိသည်။
"ကွန်ကရက်ရွှေသားဆု"ကို နိုင်ငံရေး၊စစ်ရေး၊စီးပွားရေး၊လူမှုရေးများကိုစွမ်းစွမ်းတမံကိုယ်ကျိုးစွန့်ဆောင်ရွက်ခဲ့သောပုဂ္ဂိုလ်များအားချီးမြှင့်ခဲ့ခြင်းဖြစ်သော်လည်း ၁၉၇၉ ခုနှစ်တွင် အမေရိကန်ကြက်ခြေနီအဖွဲ့ ဆုချီးမြှင့်ခဲ့ဖူးသည်။
စွန့်ဦးတီထွင်သူသောမတ်အယ်ဒီဆင်၊ လကမ္ဘာပေါ်ပထမဆုံးခြေချခဲ့သော နီးလ်အမ်စထရောင်း၊ ဂီတပညာရှင်၊ရုပ်ရှင်ပညာတို့ကိုလည်းချီးမြှင့်သည်။ အင်္ဂလန်ဝန်ကြီးချုပ် ဝစ်စတန်ချာချီ၊တိုနီဘဲတို့လည်း ဆုရရှိခဲ့သည်။ ၁၉၉၈ခုနစ်တွင်အာဖိရိကခေါင်းဆောင် နစ်ဆင်မန်ဒဲလား၊ ၂၀၀၆ခုနစ်တွင် တိဘက်ခေါင်း ဘုန်းတော်ကြီးဒလိုင်းလားမား တို့ကိုဆုချီးမြှင့်ခဲ့သည်။
မြန်မာ့ ဒီမိုကရေစီဒေါ်အောင်ဆန်းစုကြည်အား "ကွန်ကရက်ရွှေသားဆု" မေလ ၅ရက်၊၂၀၀၈ခုနှစ်တွင် ဆုချီးမြှင့်ခဲ့ပြီး မနက်ဖြန်ဗုဒ္ဓဟူးနေ့ တွင်မှ ဆုချီးမြှင့်ရသည်မှာ အမေရိကန်သမိုင်းတွင် မှတ်တမ်းတင်ခံရသည့် ဆုပေးပွဲအခမ်းအနားဖြစ်သည်။
aung pan
သတင်းအကျဉ်းချုပ် ...
ကျမ ထမီ ကွင်းလုံး ကျွတ်ကျခဲ့တယ်
‘‘မြို့နယ်မှူးက ကျမကို စခန်းထဲကနေ အတင်းဆွဲထုတ် ခိုင်းတယ်။ ရဲတွေက စခန်းရဲ့ အပေါ်
အချုပ်ထဲကနေ လှေကား အတိုင်း ကျမကို တရွတ်တိုက် ဆွဲခေါ်လာတယ်။ ကျမ ထမီ ကွင်းလုံး ကျွတ်ကျတယ်။ အဲဒီနေရာမှာ မြို့နယ်မှူး အပါအ၀င် ရဲအင်အား ငါးရာကျော်လောက် ရှိတယ်။ အဲဒီလို ကျမအရှက်ကို ခွဲတဲ့အတွက် မကျေ နပ်ဘူး။ မြို့နယ်မှူးကို တရားပြန်စွဲမယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြန်စွဲမှာ။ ကျမတို့မှာ ဘာအပြစ်မှ မရှိဘဲ ကုတ်ဖဲ့ပြီး ကားပေါ်ကို ဆွဲတင်ခဲ့တာ။ ကျမတို့က ကားပေါ်ကို အသာတကြည် တက်ပါမယ်လို့ ပြောတာတောင် မရဘူး” ဟု မသွဲ့သွဲ့ဝင်း က ဆိုသည်။
(လက်ပန်းတောင်းတောင်ဖြစ်စဉ်မှ) ဒီမိုကရေစီ နိုင်ငံတော်သစ် ကိုချီတက်နေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အဓိက အရေးကြီးတဲ့ အဖွဲ့အစည်း ဌာနတွေထဲမှာ အရေးပါတဲ့ “ပြည်သူ့ရဲ” တွေအကြောင်းပြောချင်တာပါ..။ ခေတ်ဟောင်း စနစ်ဟောင်း ထဲက ခဗျာင်္းတို့ ရဲတွေရဲ့ ပြည်သူတွေကိုကြည့်တဲ့ အကြည့်.. ဆက်ဆံပုံ.. တွေဟာ အမြဲတရားခံလိုကြည့်တဲ့အကြည့်.. တရားခံလို ဆက်ဆံပုံတွေ တွေကိုအဓိက အရင်ဆုံးပြုပြင်ရမှာပါ..။
\
ကျနော်တို့ ပြည်သူတွေအတွက် ရှင်းရှင်းပဲပြောမယ်ဗျာ... ဆောင်ပုဒ်တွေ နဲ့ ကောင်းပြဖို့ မလိုပါဘူး..။ လက်တွေ့ပဲလုပ်ပြပါ..။ ကျနော်ကတော့ဗျာ.. ဆောင်ပုဒ်ကြီးကြီးတွေကို မုန်းတယ်ဗျာ..။ ဒီလိုဆိုတော့ “ကူညီပါရစေ” ဆိုတဲ့ ဆောင်ပုဒ်ကိုလည်းမုန်း တယ်ဗျာ။ ပြည်သူတွေကြား မှာ ရဲ ဆိုရင် အလိုလိုမုန်းနေတတ်တဲ့ စိတ်တွေ ကိန်းဝပ်နေ တာကြာပြီဗျ..။ ကောင်းတဲ့ ရဲတွေမရှိဘူးလားဆိုတော့ ရှိတော့ရှိမှာပါ..။ ဒါပေမဲ့ ကြိုပြောထားချင် တာက အများစုမကောင်းနေတဲ့ ရဲတွေကိုသာဆိုလိုတာပါ..။ အမြဲ ကလိမ်ဆင်.. ရဲကျင့် ရဲဥာဏ်.. ရဲဥာဉ်.. ဥာဏ်နီဥာဏ်နက် တွေဟာ ခဗျာင်္းတို့ ပင်စင်ယူပြီးထွက်လာကြတာတောင် ဒီဥာဉ်တွေက မပျောက်သေးဘူးဗျ..။
ကျနော့်ပတ်ဝန်းကျင်မှာ ရဲတွေပင်စင်ယူပြီးအပြင်ထွက်လာတဲ့ လူ့မလေးစားတဲ့.. လူတောမတိုးရဲတဲ့ ရဲတွေအများကြီးတွေ့နေရပါတယ်..။ အရေးကြီးတာပြောမယ်. ခဗျာင်္းတို့ ရဲတွေရဲ့ လူတွေကို နှိပ်စက် တဲ့ အကျင့်ဆိုးတွေပေါ့..။ တရားခံ ဟုတ်ဟုတ်.. မဟုတ်ဟုတ်.. ခဗျာင်္းတို့ က နှိပ်စက်ဖို့ကအရင်.. နှိပ်စက်ရမှ စားဝင်အိပ်ပျော် တဲ့လူစားမျိုးတွေ..။ ခဗျာင်္းတို့ နှိပ်စက်လို့ သေခဲ့တဲ့ လူတွေမနည်းတော့ဘူးဗျ...။ လမ်းမှာအရက်မူးနေတဲ့ လူတစ်ယောက်.. ခဗျာင်္းတို့ လှည့်ကင်းနဲပတွေ့တယ်..။ မူးနေတဲ့လူပဲ.. ခင်ဗျားတို့မေးတာ ကောင်းကောင်းဖြေချင်မှ သူဖြေမှပေါ့..။ ဒါကိုကလန်ကဆန် ပြန်ပြော တယ်ဆိုပြီး ခင်ဗျားတို့ စခန်းထဲဖမ်းခေါ်.. နှိပ်စက်.. ဒဏ်ရာဒဏ်ချက်တွေနဲ့ သေရော..။ ဒါလား..ပြည်သူ့ရဲ..?? ဒါလား ကူညီပါရစေ..?? ဖြစ်နိုင်ရင် ခင်ဗျားတို့ ရဲစခန်းတွေမှာ ချိတ်ထားတဲ့ အဲ့ဒီ
ကူညီပါရစေ.. ဆိုတဲ့ ဆိုင်းပုဒ်တွေကို မြောင်းထဲလွှင့်ပစ်လိုက်ချင်တယ်..။ တစ်ဆိတ်ရှိ နှိပ်စက်ဖို့.. ညဉ်းဆဲဖို့.. ထစ်ခနဲရှိ စခန်းခေါ် အုပ်စုဖွဲ့ အနိုင်ကျင့်.. နှိပ်စက်.. ခဗျားင်္တို့ကို ခဗျာင်္းတို့ ဟုတ်လှပြီ ထင်မနေနဲ့..။ ရှက်တတ်တဲ့သူဆိုရင် ရှက်လို့လဲသေတာကြာလှပေါ့..။ အခုလည်း ကြည့် ယောကျာင်္းတန်မဲ့ ရဲတွေက အားနွဲ့တဲ့မိန်းခလေးတစ်ယောက်ကို ဆက်ဆံပုံက ရှက်ဖို့ကောင်း လိုက်တာ...။ ဖြစ်နိုင်ရင် ယောကျာင်္းလို့ ပြောလို့မရအောင် ဖြတ်လို့ရတာဖြတ်ပစ်ပြီး ခွေးကျွေး ပစ်လိုက်ချင်တယ်..။
ကျမ ထမီ ကွင်းလုံး ကျွတ်ကျခဲ့တယ်
‘‘မြို့နယ်မှူးက ကျမကို စခန်းထဲကနေ အတင်းဆွဲထုတ် ခိုင်းတယ်။ ရဲတွေက စခန်းရဲ့ အပေါ်
အချုပ်ထဲကနေ လှေကား အတိုင်း ကျမကို တရွတ်တိုက် ဆွဲခေါ်လာတယ်။ ကျမ ထမီ ကွင်းလုံး ကျွတ်ကျတယ်။ အဲဒီနေရာမှာ မြို့နယ်မှူး အပါအ၀င် ရဲအင်အား ငါးရာကျော်လောက် ရှိတယ်။ အဲဒီလို ကျမအရှက်ကို ခွဲတဲ့အတွက် မကျေ နပ်ဘူး။ မြို့နယ်မှူးကို တရားပြန်စွဲမယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြန်စွဲမှာ။ ကျမတို့မှာ ဘာအပြစ်မှ မရှိဘဲ ကုတ်ဖဲ့ပြီး ကားပေါ်ကို ဆွဲတင်ခဲ့တာ။ ကျမတို့က ကားပေါ်ကို အသာတကြည် တက်ပါမယ်လို့ ပြောတာတောင် မရဘူး” ဟု မသွဲ့သွဲ့ဝင်း က ဆိုသည်။
(လက်ပန်းတောင်းတောင်ဖြစ်စဉ်မှ)‘‘
ဒီကိစ္စကို တရားမျှတ တဲ့ နိုင်ငံ.. စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလို့ အသံကောင်းဟစ်နေတဲ့ ဘယ်သူမဆို.. တိတိကျကျ အရေးယူပေးဖို့ တာဝန်ရှိသူ ဘယ်သူ့ကိုမဆို တောင်းဆိုချင်ပါတယ်..။
Ko Nay Myo
သတင်းအကျဉ်းချုပ် ...
နေမျိုးဇင်ကို တပ်မှ ဖြုတ်ပစ်ခံရသူဖြစ်ကြောင်း၊ နည်းမျိုးစုံနဲ့ မဟုတ် မမှန် ၀ါဒ ဖြန့်နေသူတို့ သိစေဖို့ တင်ပြခြင်းဖြစ်ပါတယ်။ ခေတ်ပျက်မှာ အခွင့်ထူးခံပြီး နေခဲ့တဲ့သူ မဟုတ်ဘူး ဆိုတဲ့ သက်သေပါ။ အထူးသဖြင့် လူတယောက် အကြောင်း ဇာစ်မြစ်ကို သေချာ မလေ့လာပဲ တဖက်စောင်းနင်း အပုပ်ချတတ်တဲ့ မော်စကိုက စစ်ဗိုလ် လို နိုင်ငံဘဏ္ဍာ ပြည်သူ့အခွန်ငွေတွေနဲ့ ရုရှားမှာ ပညာတော်သင်နေသူ
Kay ko လိုမျိုး အတွက် သိစေဖို့ တင်ပေးခြင်းဖြစ်ပါတယ်။
စစ်သားကောင်း စိတ်ဓါတ်နဲ့ပဲ လူထု အတွက် အလုပ်လုပ်နေပါတယ်။ အခွင့်အရေးသမား ဟုတ်လား မဟုတ်ဘူးလား ။ ရှင်းပြတာပါပဲ။ သိစေချင်တယ်။ စစ်တပ်ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာစားနေတဲ့ အတွက် တပ်မတော်ကနေ အခုလို နှုတ်ထွက်ခဲ့ပြီး စစ်အာဏာရှင်တွေကို ပြည်တွင်းက ပွင့်ပွင့်လင်းလင်း ဝေဖန် ဆန့်ကျင်ခဲ့တဲ့ ပြည်သူ့စစ်သားဖြစ်တယ်။
နိုင်ငံဘဏ္ဍာကို ရာထူးအာဏာသုံးပြီး မတရားရယူထားခြင်း မရှိဖူးပါ။၊အချိန်မရွေး ပိုင်ဆိုင်မှု ထုတ်ပြန်ကြေငြာ အစစ်ခံရဲပါတယ်
အများပြည်သူပိုင်ငွေကို လှည့်ဖြားခိုးယူပြီး ပိုင်ဆိုင်ခဲ့ဖူးတဲ့ ငွေ တကျပ်တောင် မရှိခဲ့ဖူးပါ။
အခု ပြည်တွင်းကနေ နိုင်ငံရေး အလုပ်ကို ပေါ်ပေါ်ထင်ထင် လုပ်နေပါတယ်။ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် ဆိုတဲ့ နံမည်နဲ့ လူမှုနိုင်ငံရေး ဖွံ့ဖြိုးရေး အလုပ်တွေကို လုပ်နေပါတယ်။ ဖုန်းက 0949328559 ပါ ။ မျိုးချစ်စိတ် ရှိတဲ့ စစ်သားတိုင်းရဲ့ မိတ်ဆွေဖြစ်ပါတယ်။ ပြည်သူကို ဖိစီးနှိပ်စက်တတ်တဲ့ အာဏာရှင်တိုင်းကို တော်လှန်သူ ဖြစ်ပါတယ်။
နေမျိုးဇင်
သတင်းအကျဉ်းချုပ် ...
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၇ ရက်နေ့ အမေရိကန်ပြည်ထောင်စုကိုအသွား ဂျပန်နိုင်ငံ ချီးဘားခရိုင်ကနာရီတာလေဆိပ် မှာဒေသစံတော်ချိန် မနက် ၉ နာရီခွဲ ကနေ ညနေ ၄နာရီအထိ တထောက်နားနေပြီး နှစ်ပေါင်း၄၀ကြာပြီးနောက်အမေရိကန်ပြည်ထောင်စုသို့သွားရမည့်ခရီးလည်းဖြစ်ပါတယ်. ပျှော်ရွှင်လျှက် ရှိကြောင်းလျှပ်တပြတ်အချိန်မှာ ဂျပန်သတင်းသမားများကိုအပြုံးမျက်နှာဖြင့်ဖြေကြားခဲ့ပါတယ်..
အမေရိကန်သမ္မတအိုးဘားမားနဲ့ တွေ့ဆုံဖို့ရှိမရှိဆိုတာကို အခုချိန်ထိတော့ မသိရသေးပါကြောင်း လည်းပြောဆိုသွားပါတယ်။။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုမှာ ၉လ ၁၇ ရက်ကနေ ၁၀လပိုင်း ၃ရက်နေ့အထိနေဖို့ အစီအစဉ်ရှိနေပါတယ်..
ミャンマーの最大野党、国民民主連盟(NLD)党首アウン・サン・スー・チー氏は17日、米国訪問の途中、ワシントンへの乗り継ぎのため成田空港に立ち寄り、約40年ぶりの訪米について「楽しみにしている」と笑顔で話した。共同通信の取材に答えた。オバマ大統領と会談するかどうかについては「分からない」とした。米国滞在は17日から10月3日までの予定。
(情報提供:共同通信社)
သတင်းအကျဉ်းချုပ် ...
နေပြည်တော် စက်တင်ဘာ ၁၇ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့်ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေးအတွက်လည်းကောင်း၊ လူသားချင်း စာနာ ထောက်ထားမှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက် အပံ့ ဖြစ်စေသည့်နိုင်ငံသားများ အဖြစ်သို့ ပြုပြင် ပြောင်းလဲစေရန် အတွက် လည်းကောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး၊ ချစ်ကြည်ရေးတို့ အတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က)နှင့်အညီ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားများ ဖြစ်ကြသည့် နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင် စုစုပေါင်း အကျဉ်းသား (၅၁၄)ဦးတို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁)အရ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တော်သလင်းလဆန်း (၂)ရက်နေ့ (ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့) မှစ၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း သိရှိရပါသည်။
မြန်မာတစ်နိုင်ငံလုံးရှိအကျဉ်းထောင်အသီးသီးမှ လွတ်ငြိမ်းခွင့်အကျုံးဝင်သော အကျဉ်းသားများအား ယနေ့ညနေမှ
စ၍ ပြန်လည်လွှတ်ပေးလျှက်ရှိရာအကျဉ်းသား၅၁၄ဦးတင်နိင်ငံခြားသားအကျဉ်းသား၃၉၉ပါဝင်ကြောင်းနေပြည်တော်အကျဉ်းဦးစီးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်းကပြောသည်။
လွတ်မြောက်ခွင့်ရသည့်နိင်ငံခြားသားအကျဉ်းသား၃၉၉ဦးတွင်တရုတ်၊ဘင်္ဂလားဒေ့ရှ်၊အိန္ဒယ၊ထိုင်း၊လာအိုလူမျိုးများပါဝင်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းကပြောသည်။
အင်းစိန်ထောင်မှ ယခုလွတ်မြောက်လာသူ နိုင်/ကျဉ်း များမှာ ဦးခေမာစာရ၊ ဦးနေ၀င်း၊ မျိုးမြတ်စိုး၊ အောင်ကိုမင်း၊ အိုက်စံ၊ ဆန်နီ(ခေါ်)စံရှား၊ကျော်ကျော်ထွန်းနှင့် အမည်မသိတစ်ဦးတို့ဖြစ်ကြပြီး အန္ဒိယနိုင်ငံသားတစ်ဦး၊ တရုတ်နိုင်ငံသားတစ်ဦးပါဝင်ကြောင်းသိရသည်။
အင်းစိန်ထောင်မှ ယနေ့လွတ်မြောက်သူများမှာ ယင်း ဆယ်ဦးသာဖြစ်ကြောင်းသိရသည်။
အင်းစိန်ထောင်မှ လွှတ်မည့်အကျဉ်းသားမှာလည်း ယင်းဆယ်ဦးသာဖြစ်ပြီး နောက်ထပ်လွှတ်ရန် မရှိတော့ကြောင်းသိရသည်။
(ဓာတ်ပုံ - သီဟ၀င်းတင်)
တောင်ကြီးအကျဉ်းထောင်တွင် မတရားအကျဉ်းချခံထားရတဲ့ ဆရာရွှေထူး (ခ) ဦးအောင်ဇေယျ ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာ
သတင်း။။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြန်ကြားရေး ဝန်ကြီးဌာန,Popular Myanmar news journal
သတင်းအကျဉ်းချုပ် ...
VIDEO တရုတ်ပြည် အခြေစိုက် ဂျပန်ကုမ္ပဏီကြီးတွေ toyota,panasonic,Honda အပါအ၀င် ယာယီပိတ်လိုက်ကြပြီ ..
နှစ်နိုင်ငံကြား ရေပိုင်နက်မှာ အလယ်တည့်တည့်က ခြားထားတဲ့ မူကို Median Line Principle လို့ ခေါ်ပါတယ်။ ကနေဒါနဲ့ အမေရိကန်ကြားက the Great Lakes မှာ ဒီမူကို နှစ်နိုင်ငံက သုံးကြပါတယ်။
ဂျပန်နဲ့ တရုတ်က အငြင်းပွားစရာ ကျွန်းအပေါ် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဂျပန်က Median Line Principle ကို သုံးတဲ့တွက် ကျွန်းဟာ ဂျပန်ပိုင်နက်ထဲ ရောက်သွားပါတယ်။ တရုတ်နဲ့ မဆိုင်တော့ပါဘူး။ ဒါပေမယ့် ဂျပန်-ထိုင်ဝမ်နဲ့ ပြန်တွက်လိုက်ရင် ထိုင်ဝမ်ဘက်က ပိုနီးပါတယ်။
တရုတ်ကတော့ Continental shelf နဲ့ ရေပိုင်နက်ကို သူ့ဖာသာ အဓိပ္ပာယ် ပြဋ္ဌာန်းပါတယ်။ Continental shelf ဆိုတာကတော့ ရှေးနှစ်ထောင်ပေါင်းများစွာတုန်းက ရေခဲခေတ်မှာကုန်းမြေအဖြစ် ပေါ်ကောင်းပေါ်နိုင်ခဲ့ဖူးတဲ့ ဒေသဖြစ်ပါတယ်။ တရုတ်နိုင်ငံရယ်လို့ မတည်ရှိမီကတည်းက ရှိနေခဲ့တဲ့ ရေပြင် မြေပြင် မခွဲခြားနိုင်ခဲ့တဲ့ နေရာကို သူပိုင်ပါတယ်လို့ တရုတ်က ပြောလာတာပဲ ဖြစ်ပါတယ်
အခုတော့ ဒီကိစ္စကို တရုတ်က ကုလသမဂ္ဂကို တင်မယ်လို့ ပြောလာပါတယ်။ နိုင်ငံတကာ ဥပဒေအရ သူပိုင်တာကို ရှင်းလင်းကွဲပြားအောင် လုပ်မယ်လို့ ဆိုပါတယ်။ ဂျပန်ဘက်က ကျွန်းပိုင်ဆိုင်မှုအပေါ် ဆက်ပြီး ခြိမ်းခြောက်လာရင် တရုတ်က စီးပွားရေးအရ လက်တုန့်ပြန်မယ်လို့ ဆိုပါတယ်။ ဒီလို စီးပွားေးရး ဖဲချပ်ကို ထုတ်သုံးဖို့ တရုတ်က သိပ်ကို သတိထား ထိန်းချုပ်နေရတာပါလို့လည်း ဆိုလိုက်ပါသေးတယ်။
ဂျပန်ကို ဆန့်ကျင်ဆန္ဒပြပွဲတွေကို ပြီးခဲ့တဲ့ စနေ-တနင်္ဂနွေ ၂ ရက်က တရုတ်နိုင်ငံ မြို့ကြီး ၁၂ မြို့မှာ လူတွေ ထောင်ချီပြီး ပါဝင်ခဲ့ကြပါတယ်။ အကြမ်းဖက်မှု အနည်းငယ် ရှိခဲ့ပါတယ်။ တရုတ်ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြတာကို တရုတ်အစိုးရက ခွင့်ပြုလေ့ သိပ်မရှိပါဘူး။ ဒါပေမယ့် တရုတ်အစိုးရကို ထောက်ခံတယ်ဆိုရင်တော့ ခွင့်ပြုလေ့ ရှိတာကြောင့် ရှားရှားပါးပါးဖြစ်ခဲလှတဲ့ ဆန္ဒပြပွဲလို့ ဆိုရပါမယ်။
အနည်းဆုံး မြို့ကြီး ၅ မြို့မှာ ဂျပန်ပိုင် ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ကားတွေ၊ စက်ရုံတွေ လုယက် ဖျက်ဆီးခံရပါတယ်။ တရုတ်နိုင်ငံရောက် ဂျပန်နိုင်ငံသားတွေရဲ့ လုံခြုံမှုနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးဖို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ယိုရှိဟိကို နိုဒ က တရုတ်အစိုးရကို ချက်ချင်း တိုက်တွန်းထားပါတယ်။
မြန်မာက တရုတ်အိမ်နီးချင်း ဖြစ်နေတော့ သူ့သဘောသူ့အကျင့်ကို သိထားတာ မမှားပါဘူး။ တရုတ်ဟာ အင်အားသုံး ခြိမ်းခြောက်တတ်တဲ့အပြင် လောဘ ထွက်နေတဲ့သဘောရှိပြီး ကျင့်ဝတ်ဖောက်ဖျက်ဖို့ ဝန်မလေးတာဟာ နိုင်ငံတကာမှာ နာမည်ပျက်နေတဲ့ ကိစ္စ ဖြစ်ပါတယ်။ စီးပွားရေး၊ စစ်ရေးနဲ့ လွှမ်းမိုး ခြိမ်းခြောက်လာနေတဲ့ တရုတ်ကို အိမ်နီးချင်း နိုင်ငံတိုင်းက စိုးရိမ်ပူပန်မှုနဲ့အတူ စိတ်ပျက်နေကြပါတယ်။
လွင်အောင်စိုး
၁၇-၉-၂ဝ၁၂
သတင်းအကျဉ်းချုပ် ...
VIDEO လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးတွက်လှုပ်ရှားမှုကို ထိပ်တိုက်ရင်ဆိုင်ပြီး ဆူပူအုံကြွ နေသည်ဟုယူဆပြောနေမှုသည် ဦးပိုင်ကုမ္ပဏီဘက်မှ ကာကွယ်နေခြင်းဖြစ်သောကြောင့် ၁၅.၉.၂၀၁၂နေ့တွင် လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးလှုပ်ရှားနေသူများက ရှုံ့ချပွဲပြုလုပ်
"ဦးနှမ်းဖြူး စေ့စပ်ညှိနိုင်းရေးမှုးကြီး - အသက်၈၈ နှစ်" အားမြေမြုပ်သင်္ဂြိုလ်လိုက်တဲ့ မတရားလယ်သိမ်းခံရသောတောင်သူများ။
Photo and video..ခေတ် မောင်းfacebook
သတင်းအကျဉ်းချုပ် ...
စစ် အစိုးရခေတ်က black list ခေါ် အမည်မည်းစာရင်းထဲမှာ ထည့်ထားသူ ၆၀၀၀ ကျော်ထဲက ၂၀၀၀ ကျော်ကို စာရင်းက ပယ်ဖျက်လိုက်ကြောင်း လွန်ခဲ့တဲ့ လနှောင်းပိုင်းက အစိုးရက ကြေညာပါတယ်။ မိမိလက်လှမ်းမမှီတဲ့ နိုင်ငံခြားနေပုဂ္ဂိုလ်တွေကို အမည်မည်းစာရင်းမှာ ထည့်သွင်းတာ စစ်ထောက်လှမ်းရေးဌာနရဲ့  အလုပ်တခု ဖြစ်ပါတယ်။ စစ်အစိုးရခေတ်က ဖိနှိပ်ညှဉ်းပမ်းရေး ယန္တယားထဲမှာ စစ်ထောက်လှမ်းရေးဟာ အဓိကပါဝင်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း ခါးပိုက်ဆောင်တပ်အဖြစ် ဖွဲ့စည်းခဲ့တဲ့ ထောက်လှမ်းရေးဟာ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ခင်ညွှန့်ပြုတ်သွားတဲ့အထိ စစ်တပ်နိုင်ငံရေးမှာ အချက်အခြာနေရာက ပါဝင်ခဲ့ပါတယ်။
ပြည်တွင်းမှာလည်း ထောက်လှမ်းရေးက စောင့်ကြည့်ပြီး စာရင်းလုပ်ထားတာမျိုး ရှိပါတယ်။ ဥပမာ အာဂတိလိုက်စားသူတွေကို စာရင်းလုပ်ထားပြီးတော့ လိုအပ်သလို ဖြုတ်ထုတ်ဖမ်းဆီးတာမျိုးတွေ လုပ်တတ်ပါတယ်။ အစိုးရလုပ်မယ့်လူကို နိုင်ငံရေးကင်းရှင်းကြောင်း ထောက်လှမ်းရေးက စစ်ဆေးလေ့ရှိပါတယ်။ အခုတော့
MIS ထောက်လှမ်းရေးနေရာမှာ MAS စစ်ဖက်ဆိုင်ရာ လုံခြုံရေးဆိုတဲ့ စရဖအဖွဲ့အဖြစ် ပေါ်ထွက်လာပါတယ်။ စရဖ ကလည်း စာရင်းပြုစုကြောင်း သိရပါတယ်။
ဒီမိုကရေစီပြုပြင်ရေးနဲ့ စစ်ဖက်လုံခြုံရေးဟာ သဘာဝချင်း ကွဲပြားပါတယ်။ ဒီမိုကရေစီ ကျင့်စဉ်မှာ တရားဥပဒေ စိုးမိုးမှု၊ လူ့အခွင့်အရေး လေးစားမှု၊ သိသာမြင်သာမှု၊ လုပ်ပိုင်ခွင့် ဖော်ပြမှု စတာတွေဟာ အရေးကြီးပြီး စစ်ထောက်လှမ်းရေးနဲ့ လုံခြုံရေးမှာတော့ လျှို့ ဝှက်မှုဟာ အဓိကဖြစ်ပါတယ်။ လျှို့ ဝှက်နိုင်မှသာ လုပ်ငန်းအကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဝါရင့် ဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံတော်လုံခြုံရေးအတွက် ထောက်လှမ်းရေးကို အသုံးပြုသလို မြန်မာပြည်အပါအဝင် ဖွံ့ဖြိုးစ နိုင်ငံတချို့ မှာ အာဏာတည်မြဲရေးအတွက် အသုံးပြုကြတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီမိုကရေစီ ပြုပြင်ရေး ကြိုးပမ်းတဲ့အချိန်မှာ ထောက်လှမ်းရေးကို ပြုပြင်ဖို့ပါ ကြိုးပမ်းကြတာတွေ ရှိပါတယ်။ လူတစုကို အကျိုးပြုမဲ့အစား တပြည်လုံးကို အကျိုးပြုစေရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ပြောင်းလဲသတ်မှတ်လာကြတာကို တွေ့နိုင်ပါတယ်။
နိုင်ငံတိုင်းမှာ ထောက်လှမ်းရေး သို့မဟုတ် လုံခြုံရေးဌာန အနည်းဆုံးတခုတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီနိုင်ငံက ထောက်လှမ်းရေးနဲ့ အာဏာရှင်နိုင်ငံက ထောက်လှမ်းရေးဟာ ဆီနဲ့ရေလို ကွာခြားပါတယ်။ ထောက်လှမ်းရေး ထိရောက်ဖို့အတွက် လျှို့ ဝှက်မှုဟာ အဓိကကျပေမယ့် ဒီမိုကရေစီနိုင်ငံမှာ တာဝန်ယူမှုနဲ့ သိသာမြင်သာမှုရှိတာ မြင်ရပါတယ်။ အာဏာရှင်နိုင်ငံမှာတော့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးဌာနဟာ လျှို့ ဝှက်အဖွဲ့အစည်းဖြစ်ပြီး အာဏာရအစိုးရကို ကာကွယ်တဲ့ ဖိနှိပ်ရေးယန္တယားဖြစ်နေပါတယ်။ ဒါကြောင့် အာဏာရှင်စနစ်က ဒီမိုကရေစီအသွင် ကူးပြောင်းဖို့ ကြိုးစားတဲ့ နိုင်ငံတွေမှာ ထောက်လှမ်းရေးနဲ့ လုံခြုံရေးကို ဒီမိုကရေစီနည်းနဲ့ ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ ဥပဒေစည်းကမ်းနဲ့ ထိန်းချုပ်ထားတဲ့ ထောက်လှမ်းရေးဟာ အကြမ်းဖက်သမားရန်ကို ကာကွယ်နိုင်ကြောင်း အမေရိကန် နဲ့ ဗြိတိန်က သက်သေပြနေပါတယ်။
အာဏာတည်မြဲဖို့ ထောက်လှမ်းရေးကို အားကိုးခဲ့တဲ့ ဘရားဇီးနဲ့ ရိုမေနီယာမှာ ပြုပြင်ပြောင်းလဲတာ တွေ့နိုင်ပါတယ်။ လျှို့ ဝှက်တဲ့အဖွဲ့အစည်းကို လွှတ်တော်က ထိန်းချုပ်နိုင်ဖို့အတွက် ထောက်လှမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေတွေကို ပြဌာန်းဖို့ လိုအပ်ပါတယ်။ ထောက်လှမ်းရေးနဲ့ လုံခြုံရေးအဖွဲ့တွေ ဥပဒေမဲ့ ထင်သလို မလုပ်နိုင်အောင် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ စစ်အာဏာရှင်နဲ့ စစ်ထောက်လှမ်းရေး ကြီးစိုးတာကြောင့် မြန်မာနိုင်ငံမှာ ဘာနိုင်ငံရေးစနစ်ကိုမှ တည်ဆောက်လို့မရခဲ့တာ ဖြစ်တယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။ ဥပဒေ ပြဌာန်းပေမယ့် အာဂတိလိုက်စားမှုတွေ ရှိနေသေးတာကြောင့် အစောပိုင်းမှာ အကောင်အထည်ဖော်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါပေမဲ့ ရေရှည်မှာ ဝန်းထမ်းပီသပြီး အပြည်ပြည်ဆိုင်ရာနဲ့ ဆက်သွယ်နိုင်တဲ့ အဆင့်အတန်းရှိတဲ့ ထောက်လှမ်းရေးအမှုထမ်းတွေ ပေါ်ထွက်လာတာကို ဘရားဇီး နဲ့ ရိုမေနီးယား နိုင်ငံတွေမှာ တွေ့နိုင်ပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံနဲ့ ဝါရင့်ဒီမိုကရေစီနိုင်ငံမှာ လုံခြုံရေးကိစ္စကို ဘယ်သူ ဆုံးဖြတ်သလဲဆိုတာကိုကြည့်ရင် အစိုးရနဲ့ စစ်တပ်ရဲ့  ဆက်ဆံရေးကို အကဲခတ်နိုင်ပါတယ်။ အာဏာရှင်စနစ်ကို ကျော်ဖြတ်လာတဲ့ နိုင်ငံမှာ လုံခြုံရေးအဖွဲ့အစည်းကို စစ်တပ်က ဆက်လက်ချုပ်ကိုင်ထားတာဟာ ဒီမိုကရေစီမကျင့်သုံးနိုင်သေးတာကို ပြသရာရောက်ပါတယ်။ လုံခြုံရေးလမ်းစဉ် ချမှတ်ရာမှာလည်း အရပ်သားအစိုးရ သြဇာရှိလာပြီး စစ်တပ်က နာခံလာရင် ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ အလားအလာကောင်းပြီလို့ ပြောနိုင်ပါတယ်။ ဒါကြောင့် လုံခြုံရေးကို စစ်တပ်က ကြိုးကိုင်တာဟာ နိုင်ငံရေးစနစ်သစ်ရဲ့  ချို့ ယွင်းချက်နဲ့ အားနည်းချက်ကို ပြသရာရောက်တယ်လို့လည်း သုံးသပ်ကြပါတယ်။
ထောက်လှမ်းရေးနဲ့ လုံခြုံရေးကို ပြုပြင်ပြောင်းလဲရာမှာ ဖိနှိပ်ညဉ်းပမ်းမှုမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ဆက်လက်အမှုထမ်းနေတာကြောင့် ပြဿနာဖြစ်နေတဲ့ နိုင်ငံတွေ ရှိပါတယ်။ ဒါပေမဲ့ မြန်မာပြည်ရဲ့  အားသာချက်က ဗိုလ်ချုပ်ခင်ညွှန့်လက်ထက်က ထောက်လှမ်းရေးအားလုံးလိုလို အဖြုတ်ခံရတဲ့အထဲမှာ ပါသွားတာဖြစ်ပါတယ်။ ဒါကြောင့် ထောက်လှမ်းရေးနဲ့ လုံခြုံရေးအဖွဲ့သစ်ကို ဥပဒေဘောင်အတွင်း ဆွဲသွင်းပြီး စည်းမျဉ်းဥပဒေအရ ထိန်းချုပ်ဖို့ အခွင့်လမ်းသင့်နေပြီ ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။
VOA
မျက်မှောက်ရေးရာ / သတင်းသုံးသပ်ချက်
http://burmese.voanews.com/content/news-analysis-uak-09152012/1508838.html
သတင်းအကျဉ်းချုပ် ...