Thursday, November 19, 2009

0 ၂၀၁၀ ရွေးကောက်ပွဲထက် ၂၀၁၂ ကမ္ဘာပျက်မည့် သတင်း လူထုကြားလှုပ်ခတ်


မာယာ ပြက္ခဒိန် အလိုအရ နှင့် နော်စထရာ ဒါးမတ်စ် အပါအ၀င် နာမည်ကျော် ဗေဒနက္ခတ် သုတေသီတို့ ၏ အလိုအရ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ တွင် ကမ္ဘာကြီးသည် သဘာဝ ဘေး ဖြစ်စဉ် တို့ ၏ အကျိုးဆက်ကြောင့် သက်ရှိ သတ္တ၀ါ များ ရှင်သန်နေထိုင်ခွင့် မရတော့ လောက် အောင် မျိုးတုံး ပျောက်ကွယ် သွားတော့ မည် ဆိုသည့်ကမ္ဘာ ပျက်မည် အယူအဆ သည် မြန်မာ နိုင်ငံ တွင်းရှိ ကျေးလက် မြို့ ရွာများ တွင် အလွန်ပင် လူပြောများလျှက်ရှိ ကြောင်းသိရသည်။

၂၀၁၂ ကမ္ဘာ ပျက်မည် ဆိုသည့် သတင်း မြန်မာ နိုင်ငံတွင် ကျယ်ကျယ်ပြန့် ပြန့် ဖြစ်နေခြင်း နှင့် ပတ်သက်၍ ရန်ကုန် မြို့ မှာ နာမည်ကျော် အဆိုတော် တစ်ဦးက “၂၀၁၀ရွေးကောက်ပွဲ တောင် လူတွေ က စိတ်ဝင်စားကြတာ မဟုတ် ဘူး ၂၀၁၂ ကမ္ဘာ ပျက်မယ်ဆိုတဲ့ သတင်းကြတော့ လူတွေ က အရမ်းကို သိချင်ကြတာ ၊တချို့ လည်း ဗေဒင် သွားမေး
တာတို့ ၊အဆောင် လက်ဖွဲ့ တွေ လုပ်တာ တို့ လုပ်ကြတယ်” ဟု Freedom News Group သို့ ပြောသည်။

မြန်မာ နိုင်ငံတွင်း နေထိုင်ကြသူ အများစု မှာ ရိုးရာ အစဉ်အလာ အချို့ အရ ပင် သဘာဝဘေး အန္တရယ်များ နှင့် ပတ်သက်ပြီး ယုံကြည်ရင်းခံ ရှိသည် ကြောင့် နိုင်ငံတကာတွင် ပါကျယ်ကျယ်ပြန့် ပြန့် ဖြစ်နေသည့် ၂၀၁၂ ကမ္ဘာ ပျက်မည့် သတင်းအား လွန်လွန် ကဲကဲစိတ်ဝင်စားကြသည် ဟု သိရသည်။

ရန်ကုန် မြို့ မှ ဗေဒင်ဆရာ တစ်ဦးကမူ လူတွေက လန့် ကြမယ် ဆိုလဲ လန့် စရာ ပဲ “ပြီးခဲံတဲ့ နှစ်က ဖြစ်ခဲ့ တဲ့ နာဂစ် မုန်တိုင်းကြောင့်ပဲ လူတစ်သိန်း ခွဲလောက် သေသွားသေးတာကို ဒီဖြစ်ရပ် ကြီးက မမေ့ နိုင်စရာ ဆိုတော့ ၂၀၁၂ ကို လန့် ကြတာပေါ့။၂၀၁၂ နီးလာရင်ပိုတောင် ဆိုး အုံးမယ်”ဟု သုံးသပ်ပြသည်။

၂၀၁၂ ကမ္ဘာ ပျက်မည့်သတင်း၏ ဂယက် ကြောင့် အိမ်ခြံမြေ ၊ဈေးကွက်လည်း ထိုးကျပြီးဝယ်မည့် သူပင် မရှိသလောက် ဖြစ်ရသည် ဟု အိမ်၊ခြံ၊မြေ အကျိုးဆောင် တစ်ဦးက ပြောသည်။


ကမ္ဘာ ပျက်မည့် သတင်း နှင့် တိုက်ဆိုင်စွာပင် ယခုတစ်ပတ် စတင်ရုံတင်ပြသနေ သည့် 2012 အမည်ရှိ ရုပ်ရှင်ဇာတ်ကားမှာ လည်း ကမ္ဘာတစ်လွှားတွင် အထူးလူကြိုက်များသည်။

ထိုဇာတ်ကားကို Indepandence Day နှင့် The Day After Tomorrow ဇာတ်ကား များကို ရိုက် ကူးခဲ့သည့် ဒါရိုက်တာ ရိုလန် အီမာရစ်ရှ် က ရိုက်ကူးထားခြင်းဖြစ်သည်။

ထိုဇာတ်ကားတွင် မီဂါဆူနာမိ ဟု ခေါ်သည့် မဟာလှိုင်းလုံးကြီးများကြောင့် ကမ္ဘာကြီး ရေလွှမ်းမိုး၍ ပျက်စီးသွားသည် ကို ပြသထားသည်။

၂၀၁၂ ကမ္ဘာပျက်မည် ဆိုသည့် သတင်း၏ ဂယက်မှာ မြန်မာ နိုင်ငံတွင်သာ မက ကျန်အာရှနိုင်သား များပါ ယုံကြည်ကြသည် ဟုသိရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ကမ်းရိုးတန်းဒေသများတွင် မူထိုင်းလူမျိုးအချို့ မှာ ကမ္ဘာပျက်လျှင် ဘေးလွတ်ရာသို့ ရောက်ရှိရေးအတွက် ကြိုတင်ပြင်ဆင်ကြသလို အချို့ နေရာများတွင် ဆုတောင်းပွဲများကျင်းပကြသည် ဟု ဖူးခက်ဂေဇက် သတင်းစာတွင် ဖေါ်ပြထားသည်။

မြန်မာ နိုင်ငံတွင်းရှိ စာပေ ဟောပြောပွဲ နှင့် ဘုန်းကြီး တရားပွဲ စီစဉ်သူများမှာ စာရေးဆရာ များ နှင့် သံဃာတော်များအား ကမ္ဘာပျက် တရားတော် ထည့်သွင်းပြောကြားရန် ပင် ကြိုတင်ပန်ကြားထားသည် ဟု နာမည် ကျော်စာရေးဆရာ တစ်ဦးက ပြောသည်။

သတင်း။ ။ Freedom News Group

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.