Sunday, November 8, 2009

0 ဂျပန်ဝန်ကြီးချုပ်ဟာတိုယာမမှ သိသာထင်ရှားမဲ့ နိုင်ငံရေးပြောင်းလဲမှုပြုလုပ်မှသာလျှင် ထောက်ပံ့ကြေးပေးမည်ဟုပြောဆို


ဂျပန်ဝန်ကြီးချုပ်ဟာတိုယာမမှ မဲခေါင်မြစ်ဝှမ်း(၅)နိုင်ငံ စီမံကိန်း အစည်းအဝေးသို့ တက်ရောက်လာသော စစ်အစိုးရဝန်ကြီးချုပ်သိန်းစိန်အား လာမဲ့ (၂၀၁၀)ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး၊ ပါဝင်သင့်ပါဝင်ထိုက်တဲ့ သူတွေ သိသာထင်ရှားမဲ့ နိုင်ငံရေးပြောင်းလဲမှုပြုလုပ်မှသာလျှင် ဂျပန်အစိုးရမှ မြန်မာနိုင်ငံအား ဘက်စုံကူညီမှု၊ လူသားချင်းစာနာထောက်ထားတဲ့ ထောက်ပံ့ကြေးများပေးမည်ဟုပြောဆိုလိုက်ပါတယ်။

နအဖ၀န်ကြီးချုပ်ဆိုသော သိန်းစိန်ကတော့ လာမဲ့ (၂၀၁၀)မှာပြုလုပ်မဲ့ရွေးကောက်ပွဲမှာ စစ်အစိုးနဲ့အမြင်မတူသူတွေလည်းပါဝင်နိုင်အောင် စီစဉ်ပြုလုပ်နေပါတယ်လို့ပြောဆိုသွားပါတယ်။

မဲခေါင်-ဂျပန်ထိပ်သီးဆွေးနွေးပွဲအတွင်း ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ တွေဟာ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့အဖွဲ့ တည်းခိုနေတဲ့ တိုကျိုမြို့က New Otani ဟော်တယ်ရှေ့မှာ အဲဒီနေ့မနက် သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီလို ဆန္ဒပြခဲ့ကြတာနဲ့ ပတ်သက်ပြီး League for Democracy in Burma အဖွဲ့က ကိုကျော်ကျော်စိုးက အာအက်ဖ်အေကို အခုလို ပြောပါတယ်။

ကိုကျော်ကျော်စိုး။ ။“အဓိကအကြောင်းရင်းကတော့ ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်အစိုးနဲ့ Engage လုပ်တဲ့ဟာမျိုးကို မလိုလားတဲ့သဘော ဆန္ဒပြတာပါ။ နောက်တချက်က လက်ရှိ စစ်အစိုးရက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အဓိက တာဝန်ရှိတယ်လို့ ထင်တဲ့အတွက်ကြောင့် ဒါကိုကန့်ကွက်ကြောင်း အဓိက Highlight လုပ်ပြီး ဒီကနေ့ ဆန္ဒပြကြတာပါ”

မဲခေါင်မြစ်ဝှမ်း ငါးနိုင်ငံဖြစ်တဲ့ မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘော့ဒီးယားနိုင်ငံနဲ့ ဂျပန် နိုင်ငံအကြား ထိပ်သီးဆွေးနွေးပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မနေ့က စပြီး နှစ်ရက်ကြာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လာရင် ဖိအားပေးတဲ့နည်းကို မသုံးဘဲ မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံတဲ့နည်းလမ်းကို တောက်လျှောက်ကျင့်သုံးခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.