Monday, June 21, 2010

0 တပ်မတော် အတွင်းက ကြီးနိုင် ငယ်ညှင်း သတ်ဖြတ်မှု


မေမြို့တပ်မတော် နည်းပညာ တက္ကသိုလ် (DSTA) က ဒုတိယနှစ် ကျောင်းသား ဗိုလ်လောင်း အောင်ကျော်ဖြိုးကို ဘုရင့်နောင်တပ်ခွဲ ( ၉ ) က ဗိုလ် လောင်းသုံးယောက်က ဝိုင်းဝန်း ထိုးကြိတ်ကြလို့ ဇွန်လ ( ၆ ) ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။

ကျောင်းသားကြီးက ကျောင်းသားငယ်ကို စစ်တပ်အစဉ်အလာအတိုင်း အပိုးကျိုးအောင် ပုံစံပေး ထိုးကြိတ်ရာမှာ ဗိုလ်လောင်း အောင်ကျော်ဖြိုးဟာ အစာစားပြီးစဖြစ်တဲ့ အတွက် အစားအစာတွေ ပြန်အန်ထွက်ပြီး သေဆုံးခဲ့တယ်လို့ တက္ကသိုလ် နဲ့နီးစပ်သူတယောက်က ဘီဘီစီကို ဆက်သွယ် သတင်းပေးပါတယ်။

ညှင်းပန်းသတ်ဖြတ်မှုနဲ့ စွပ်စွဲခံရသူ နှစ်ကြီးသမား သုံးယောက်ကို ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

ဒီတလ အတွင်းမှာပဲ နောက်ထပ် အလားတူ ဖြစ်ရပ်တခုလည်း ဖြစ်ပွားခဲ့ပါတယ်။

မလွန်ကို ကွင်းဆင်းလေ့လာတဲ့ ကျောင်းသားထဲက ဘုရင့်နောင်တပ်ခွဲ ( ၁ ) က ကျောင်းသား ဗိုလ်လောင်းစိုးမိုးအောင်ကို ဝိုင်းဝန်းထိုးကြိတ်ကြရာကနေ လက်လွန်ပြီး သေဆုံးသွားလို့ မနေ့ကပဲ ရက်လည် ဆွမ်းသွပ်ခဲ့ပါတယ်။

ဗိုလ်လောင်းသင်တန်းတွေမှာ အကြီးတန်းတွေက အငယ်တန်းတွေကို ညီအစ်ကို စနစ်နဲ့ ဆုံးမပညာပေး အုပ်ချုပ်ကြတဲ့ စနစ်ရှိတယ်ဆိုပေမယ့် ဒီလိုသေဆုံးမှုတွေ ဗိုလ်လောင်းသင် တန်းတော်တော်များများမှာ တွေ့လာရတဲ့ အတွက် လေ့ကျင့်သင်တန်းပေးမှုနဲ့ ညှင်းပန်းနှိပ်စက်မှု ခွဲခြားမရအောင်ဖြစ်နေပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။
(BBC)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.