လပြည့်နေ့ ကောင်းမှုကုသိုလ်
၂၃.၁၀.၂၀၁၀ (စနေနေ့) သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့တွင် အများပြည်သူတို့ ဘုရားသွား၊ ကျောင်းသွား ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်နေကြသော်လည်း ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများနှင့် ၀န်ထမ်းများသည် (အခမဲ့) နာရေးကူညီမှု (အခမဲ့) ဆေးဝါးကူညီမှု အစရှိသည့် လုပ်ငန်းများကို ထမ်းဆောင်ပေးဆပ်လျှက် ရှိပါသည်။
ထိုသို့ ထမ်းဆောင်ပေးဆပ်လျှက်ရှိရာ ရန်ကုန်မြို့ ခြောက်ထပ်ကြီးဘုရားကြီးတိုက်၊ ပတ္တမြား ကျောင်းဆရာတော် ဘဒ္ဒန္တပညာသီဟသည် ၂၁.၁၀.၂၀၁၀ (ကြာသပတေးနေ့) ညနေ(၆း၀၀) နာရီ အချိန်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပါ၍ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်အား သီတင်းကျွတ်လပြည့် ၂၃.၁၀.၂၀၁၀ (စနေနေ့) ညနေ (၃း၀၀) နာရီတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ဦးဆောင်၍ အသင်းသူ/သားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်အဖွဲ့တို့ ပင့်ဆောင်ကာ ရေဝေးသုဿန်တွင် သင်္ဂြိုလ်ပေးခဲ့ပါသည်။
ပတ္တမြားကျောင်းဆရာတော်သည် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်)၏ ဆရာတော်ကြီး ဖြစ်တော်မူ၍ အန္တိမ ဈာပနအခမ်းအနားအား ဥူးသုမင်္ဂလမှ ဦးစီး၍ ကျင်းပပေးခဲ့ပါသည်။
အများသူငှာ အစိုးရရုံးပိတ်ရက်များဖြစ်ကြသော သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့)၊ တန်ဆောင်မုန်းလပြည့်နေ့ (တန်ဆောင်တိုင်ပွဲတော်)၊ အမျိုးသားနေ့၊ ခရစ္စမတ်နေ့၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တောင်သူလယ်သမားနေ့၊ တပ်မတော်နေ့၊ ကဆုန်ညောင်ရေသွန်းပွဲနေ့၊ သင်္ကြန်ပွဲတော်နေ့၊ အလုပ်သမားနေ့၊ အာဇာနည်နေ့ စသည့်နေ့ရက်များအပြင် အထူးပိတ်ရက်များ ဖြစ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေအား မဲဆန္ဒပေးသည့်ရက်၊ သဘာဝဘေးဒဏ်ခံရ၍ ကျောင်းများ၊ ရုံးများ ပိတ်သည့်ရက်၊ စက်တင်ဘာအရေးအခင်းနေ့ရက်များအြ
အဓိဋ္ဌာန် (၉) ရက်ပြည့် စုပေါင်းအမျှပေးဝေပွဲ
ဟောင်းဘ၀အထွေထွေ တော်စပ်ကြခဲ့သော မိခင်ဖခင် ဆွေမျိုးသားချင်း မိတ်သင်္ဂဟအပေါင်း တို့အား၎င်း၊ ယခုတော်စပ်ခပင်း ဆွေရင်းမျိုးခြာ မိဘမောင်ဘွား နှမသားချင်းများအား၎င်း၊ ကျွတ်သင့် ကျွတ်ထိုက်သော ပုဂ္ဂိုလ်အပေါင်းအား၎င်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီဖေးမ သဂြိုလ် ပေးခဲ့သော မကျွတ်မလွတ်သေးသည့် သတ္တ၀ါအပေါင်းတို့အား၎င်း၊ ကျွတ်ရန်လွတ်ရန် စိတ်ရည်သန်၍ ဘုရား ရဟန္တာ ပစ္စေကာနှင့် အဂ္ဂသာဝက မဟာသာဝက ရဟန္တာ အရှင်သူမြတ်ကြီးတို့အား၎င်း၊ ထွက်ရပေါက်ဆရာတော်မြတ် ဘိုးတော်တို့အား၎င်း၊ သူရဿတီ စန္ဒီ စသောဒေ၀ီအပေါင်းတို့အား၎င်း၊ နတ်မင်းကြီး လေးပါးနှင့်တကွ နတ်စစ်သူကြီးအပေါင်းတို့အား၎င်း
သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်