
တိုကျိုကနေ အမြန်ထွက်ကြ ဟု ဗြိတိန်၊ ပြင်သစ် နှင့် တရုတ်နိုင်ငံများက သတိပေး၊ လုပ်သားများကိုလည်း နူကလီးယား စက်ရုံမှ စွန့်ခွါ၊ စက်ရုံမှာ ထိန်းချူပ်မှုအောက်မှ ကင်းလွတ်သွားခဲ့ပြီ။

တိုကျိုမြို့မှ ထွက်ခွါရန် တရားဝင် သတိပေးထားကြောင်း ဆန်းသတင်းစာ၏ သတင်းဓါတ်ပုံ
ဂျပန်နိုင်ငံ အရှေ့မြောက် ဒေသတွင် ပြင်းထန်သော ငလျင်များ လှုပ်ခတ်ခဲ့ပြီးနောက် နူကလီးယား လျပ်စစ်ဓါတ်အားပေး စက်ရုံများရှိ ဓါတ်ပေါင်းဖိုများ ပေါက်ကွဲခဲ့ရာ ရေဒီယိုသတ္တိကြွမှု အန္တရာယ်မှာ မြို့တော် တိုကျိုအထိပင် သက်ရောက်လာနိုင်သဖြင့် ထောင်ပေါင်းများစွာသော လူအများ စိုးရိမ်သောက ရောက်နေခဲ့ကြသည်။
အသက် ၃၃ နှစ်ရှိ အင်္ဂလိပ်လူမျိုး Matt Saunderson က “ကျွန်တော့် ကလေးနဲ့ မိန်းမကို အခုအိပ်ပြန် လွှတ်နေပါတယ်။ ဂျပန်အစိုးရက ဘယ်လိုဘဲ ပြောနေပါစေ။ နူကလီးယားတွေ အပြင်ဖက် ထွက်လာပြီ ဆိုကတည်းက ကျွန်တော့် ကလေးတွေကို အဲ့ဒီမှာ လုံးဝ မထားနိုင်ပါဘူး။” ဟုပြောကြားခဲ့သည်။

တိုကျိုမြို့ လေဆိပ်အတွင်း လေယာဉ်လက်မှတ်ရရှိရေး ကြိုးစားနေကြသူများ
ဗြိတိန်နိုင်ငံသည် နိုင်ငံသားများ အားလုံးကို တိုကျိုမှ အမြန်ဆုံး ထွက်ခွါရန် ဦးဆုံး သတိပေးချက် ထုတ်ပြန်ခဲ့သော နိုင်ငံဖြစ်ပြီး ပြင်သစ် နှင့် တရုတ်နိုင်ငံ တို့ကလည်း အလားတူ သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီ ဖြစ်သည်။ (မြန်မာနိုင်ငံက သတိပေးချက် ထုတ်ပြန်ခြင်း ရှိမရှိကိုမူ မသိရှိရသေးပါ။)
ဂျပန်အစိုးရက ဓါတ်ပေါင်းဖိုများ ပေါက်ကွဲမှုကြောင့် နူကလီးယား ဓါတ်ငွေ့များ ယိုစိမ့်မှု ဖြစ်ရာ ဖူကူရှိမ လျပ်စစ်ဓါတ်အားပေး စက်ရုံရှိ လုပ်သားများ အားလုံးကို ဧရိယာပြင်ပသို့ ထွက်ခွါရန် အမိန့်ထုတ်ပြန်လိုက်ခြင်း အားဖြင့် အဆိုပါ နူကလီးယား စက်ရုံမှာ ထိန်းချူပ်မှု အားလုံး ကင်းလွတ်သွားသော အနေအထားသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
တိုကျိုမြို့တော်၏ လေဆိပ်သည် ယခုအချိန်အထိ နူကလီးယား ရောင်ခြည်သင့်နှုန်း သာမန် အဆင့်အထိသာ ရှိနေသေးသော်လည်း ဒေသတွင်း၌ အပူချိန်မှာ အနုတ် ငါး ဒီဂရီ စီတီဂရိတ် (-5C) အထိ ကျဆင်းနေသောကြောင့် သွားလာရ ခက်ခဲသော အနေအထား ဖြစ်နေသည်။

ပေါက်ကွဲမှုများ ဖြစ်ပွါးခဲ့သည့် ဖူကူရှီမ နူကလီးယား ဓါတ်အားပေးစက်ရုံ
ဆိုးရွားလှသော အခြေအနေအဖြစ် ငလျင်နှင့် ဆူနာမီရေလှိုင်းများ အန္တရာယ်ကြောင့် သေဆုံးသွားသူပေါင်း ၄၃၄၀ အထိ ရှိသွားပြီဟု အတည်ပြုနိုင်ခဲ့သလို လူပေါင်း ငါးသိန်းမှာလည်း အစားအစာ၊ ဆေးဝါး နှင့် လောင်စာဆီ လိုအပ်မှု ပြဿနာများနှင့် ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။
ဖူကူရှီမ နူကလီးယား ဓါတ်အားပေးစက်ရုံ အနေဖြင့် စတုထ္ထမြောက် ဓါတ်ပေါင်းဖို အမိုး ပေါက်ကွဲမှုဖြစ် ပေါ်ခဲ့သလို ယခု အခြေအနေအထိ မီးလောင်ကျွမ်းနေကြောင်း သိရပြီး ရာသီဥတု အခြေအနေအရ နူကလီးယားမိုးများလည်း ရွာသွန်း လာမည်ကိုပါ စိုးရိမ် နေကြရသည်။

ပေါက်ကွဲမှုများ ဖြစ်ပွါးခဲ့သည့် ဖူကူရှီမ နူကလီးယား ဓါတ်အားပေးစက်ရုံ
ဂျပန်လူမျိုး အများစုမှာလည်း ကျည်ဆံရထားများ လေဆိပ်များမှတဆင့် မြို့တော် တိုကျိုမှ ထွက်ခွါ နေကြသည်။ လက်ရှိအချိန်အထိ ဖူကူရှိမ နူကလီးယား စက်ရုံမီးလောင်သည့် မီးခိုးငွေ့များမှာ ပစိဖိတ် သမုဒ္ဒရာအတွင်းသို့သာ လွှင့်ပါးမည်ဟု ကျွမ်းကျင်သူများက မျှော်လင့်နေကြသည်။ တိုကျိုရှိ ယာဉ်မောင်းများသည် ဓါတ်ဆီရရှိရေးအတွက် ဆိုင်ရှေ့၌ ဆယ်နာရီတိုင် စောင့်ဆိုင်းခဲ့ကြရကြောင်း လည်းသိရသည်။ ဖူကူရှီမီ နူကလီးယား လျပ်စစ် ဓါတ်အားပေးစက်ရုံနှင့် ၁၉ မိုင်အကွာရှိ နူကလီးယား ဓါတ်ရောင်ခြည်သင့်နိုင်သည်အထိ အလွန် အန္တရာယ်ကြီးသော ဒေသအတွင်း လူပေါင်း တစ်သိန်းလေးသောင်းကျော်အထိ ရှိနေဆဲပင် ဖြစ်သည်။







ဖူကုရှီမ နူကလီးယား ဓါတ်အားပေးစက်ရုံ ဓါတ်ပေါင်းဖို အပူချိန်မြင့်တက်နေမှု လျော့ချရန် နောက်ဆုံးကြိုးစားမှု။ အစိုးရ စစ်ရဟတ်ယာဉ်ဖြင့် ပစိဖိတ် သမုဒ္ဒရာအတွင်းမှ ရေသယ်နေစဉ်..





http://mutdfan.com/မှ
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်