Thursday, November 19, 2009

0 ၂၀၁၀ ရွေးကောက်ပွဲထက် ၂၀၁၂ ကမ္ဘာပျက်မည့် သတင်း လူထုကြားလှုပ်ခတ်


မာယာ ပြက္ခဒိန် အလိုအရ နှင့် နော်စထရာ ဒါးမတ်စ် အပါအ၀င် နာမည်ကျော် ဗေဒနက္ခတ် သုတေသီတို့ ၏ အလိုအရ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ တွင် ကမ္ဘာကြီးသည် သဘာဝ ဘေး ဖြစ်စဉ် တို့ ၏ အကျိုးဆက်ကြောင့် သက်ရှိ သတ္တ၀ါ များ ရှင်သန်နေထိုင်ခွင့် မရတော့ လောက် အောင် မျိုးတုံး ပျောက်ကွယ် သွားတော့ မည် ဆိုသည့်ကမ္ဘာ ပျက်မည် အယူအဆ သည် မြန်မာ နိုင်ငံ တွင်းရှိ ကျေးလက် မြို့ ရွာများ တွင် အလွန်ပင် လူပြောများလျှက်ရှိ ကြောင်းသိရသည်။

၂၀၁၂ ကမ္ဘာ ပျက်မည် ဆိုသည့် သတင်း မြန်မာ နိုင်ငံတွင် ကျယ်ကျယ်ပြန့် ပြန့် ဖြစ်နေခြင်း နှင့် ပတ်သက်၍ ရန်ကုန် မြို့ မှာ နာမည်ကျော် အဆိုတော် တစ်ဦးက “၂၀၁၀ရွေးကောက်ပွဲ တောင် လူတွေ က စိတ်ဝင်စားကြတာ မဟုတ် ဘူး ၂၀၁၂ ကမ္ဘာ ပျက်မယ်ဆိုတဲ့ သတင်းကြတော့ လူတွေ က အရမ်းကို သိချင်ကြတာ ၊တချို့ လည်း ဗေဒင် သွားမေး
တာတို့ ၊အဆောင် လက်ဖွဲ့ တွေ လုပ်တာ တို့ လုပ်ကြတယ်” ဟု Freedom News Group သို့ ပြောသည်။

မြန်မာ နိုင်ငံတွင်း နေထိုင်ကြသူ အများစု မှာ ရိုးရာ အစဉ်အလာ အချို့ အရ ပင် သဘာဝဘေး အန္တရယ်များ နှင့် ပတ်သက်ပြီး ယုံကြည်ရင်းခံ ရှိသည် ကြောင့် နိုင်ငံတကာတွင် ပါကျယ်ကျယ်ပြန့် ပြန့် ဖြစ်နေသည့် ၂၀၁၂ ကမ္ဘာ ပျက်မည့် သတင်းအား လွန်လွန် ကဲကဲစိတ်ဝင်စားကြသည် ဟု သိရသည်။

ရန်ကုန် မြို့ မှ ဗေဒင်ဆရာ တစ်ဦးကမူ လူတွေက လန့် ကြမယ် ဆိုလဲ လန့် စရာ ပဲ “ပြီးခဲံတဲ့ နှစ်က ဖြစ်ခဲ့ တဲ့ နာဂစ် မုန်တိုင်းကြောင့်ပဲ လူတစ်သိန်း ခွဲလောက် သေသွားသေးတာကို ဒီဖြစ်ရပ် ကြီးက မမေ့ နိုင်စရာ ဆိုတော့ ၂၀၁၂ ကို လန့် ကြတာပေါ့။၂၀၁၂ နီးလာရင်ပိုတောင် ဆိုး အုံးမယ်”ဟု သုံးသပ်ပြသည်။

၂၀၁၂ ကမ္ဘာ ပျက်မည့်သတင်း၏ ဂယက် ကြောင့် အိမ်ခြံမြေ ၊ဈေးကွက်လည်း ထိုးကျပြီးဝယ်မည့် သူပင် မရှိသလောက် ဖြစ်ရသည် ဟု အိမ်၊ခြံ၊မြေ အကျိုးဆောင် တစ်ဦးက ပြောသည်။


ကမ္ဘာ ပျက်မည့် သတင်း နှင့် တိုက်ဆိုင်စွာပင် ယခုတစ်ပတ် စတင်ရုံတင်ပြသနေ သည့် 2012 အမည်ရှိ ရုပ်ရှင်ဇာတ်ကားမှာ လည်း ကမ္ဘာတစ်လွှားတွင် အထူးလူကြိုက်များသည်။

ထိုဇာတ်ကားကို Indepandence Day နှင့် The Day After Tomorrow ဇာတ်ကား များကို ရိုက် ကူးခဲ့သည့် ဒါရိုက်တာ ရိုလန် အီမာရစ်ရှ် က ရိုက်ကူးထားခြင်းဖြစ်သည်။

ထိုဇာတ်ကားတွင် မီဂါဆူနာမိ ဟု ခေါ်သည့် မဟာလှိုင်းလုံးကြီးများကြောင့် ကမ္ဘာကြီး ရေလွှမ်းမိုး၍ ပျက်စီးသွားသည် ကို ပြသထားသည်။

၂၀၁၂ ကမ္ဘာပျက်မည် ဆိုသည့် သတင်း၏ ဂယက်မှာ မြန်မာ နိုင်ငံတွင်သာ မက ကျန်အာရှနိုင်သား များပါ ယုံကြည်ကြသည် ဟုသိရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ကမ်းရိုးတန်းဒေသများတွင် မူထိုင်းလူမျိုးအချို့ မှာ ကမ္ဘာပျက်လျှင် ဘေးလွတ်ရာသို့ ရောက်ရှိရေးအတွက် ကြိုတင်ပြင်ဆင်ကြသလို အချို့ နေရာများတွင် ဆုတောင်းပွဲများကျင်းပကြသည် ဟု ဖူးခက်ဂေဇက် သတင်းစာတွင် ဖေါ်ပြထားသည်။

မြန်မာ နိုင်ငံတွင်းရှိ စာပေ ဟောပြောပွဲ နှင့် ဘုန်းကြီး တရားပွဲ စီစဉ်သူများမှာ စာရေးဆရာ များ နှင့် သံဃာတော်များအား ကမ္ဘာပျက် တရားတော် ထည့်သွင်းပြောကြားရန် ပင် ကြိုတင်ပန်ကြားထားသည် ဟု နာမည် ကျော်စာရေးဆရာ တစ်ဦးက ပြောသည်။

သတင်း။ ။ Freedom News Group

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဆဋ္ဌမအကြိမ်ညီလာခံမှ ထုတ်ပြန်ကြေငြာချက်။

0 သိကျွမ်းခဲ့ရသည့် မိုးသောက်ကြယ်စာကြည့်တိုက်

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ရှင်းဂျုးကုရပ်ကွက်၊ တာကာဒါနိုဘာဘာတွင်တည်ရှိသော မိုးသောက်ကြယ်စာကြည့်တိုက်ဖွင့်လှစ်တည်ထောင်ခြင်း(၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ”သိကျွမ်းခဲ့ရသည့် မိုးသောက်ကြယ်စာကြည့်တိုက်”ခေါင်းစဉ်ဖြင့် အမှတ်တရစာပေစကားဝိုင်းကို လာမည့်နိုဝင်ဘာ ၂၂ ရက်(တနင်္ဂနွေ့နေ့)တွင်၊ တာကာဒါနိုဘာဘာဘူတာအနီးရှိ ကွန်ဇူးမားစင်တာ(၄)ထပ်၌ နေ့လယ် ၁း၀၀ နာရီမှ ညနေ ၄း၃၀ နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် တက်ရောက်အားပေးချီးမြှင့်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

0 မမှန်သတင်းများနှင့် အမှောင်ထဲက ဖော်လံဖား စီဘောက်များ။


နဂိုကတည်းက နအဖအကြိုက် ဖော်လံဖားရေးသားနေတဲ့ ကျေးစေတမာန်(ကျီးစေတန်)နဲ့ OppositEye(စွေစောင်း) ဘလော့(၂)ခုမှ စီဘောက်များ ယနေ့မဲမှောင်ကာဘာမှ မမြင်ရတဲ့ အခြေအနေသို့ရောက်ရှိ သွားပါတယ်။ သတင်းအမှောင်များနဲ့ အမြင်မကြည်လင် တဖက်စောင်းနင်း ရေးသားဖော်ပြလေ့ရှိပြီး အထူးသဖြင့် လူထုခေါင်းဆောင်နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ အဖွဲ့အစည်းများအား တဖက်စောင်းနင်း သတင်းများ မမှန်မကန်သတင်းများနှင့် တိုက်ခိုက်လေ့ရှိကာ ၊ နိုင်ငံရေးဘလော့များ ၊နိုင်ငံရေးသတင်းWebsite များအားလည်း နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်း၏ မီဒီယာကို မီဒီယာဖြင့် တိုက်မည်ဆိုပြီး အောက်လမ်းနည်းဖြင့် Hack ခြင်း၊ စီဘောက်များတွင် ရုန့်ရင်းကြမ်းတမ်းသော အသုံးအနှုံးများ သုံးခြင်းဖြင့်ဖြင့် တိုက်ခိုက်လေ့ရှိပါတယ်။

ယနေ့မှာတော့ အမဲပေါ်အမဲထပ်ကာ ကျီးကန်းကို အိုးမဲသုတ် ပေးထားသကဲ့သို့ ဒယ်အိုးက အဖေခေါ်ရလောက်အောင် နအဖ၏ ခေတ်မမှီ မဖွံဖြိုး မီးမရသော နိုင်ငံကဲ့သို့ မဲမှောင်နေပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

Mail ထဲသို့ ပေးပို့ လာသော ကြောင့် ပြန်လည်ဖြန့် ဝေလိုက်ပါသည်..။

(မြတ်လေးငုံ http://myatlayngon.blogspot.com/ နှင့် ဒီမိုဝေယံ http://www.demowaiyan.co.cc/ ဘလော့များမှ ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။

Wednesday, November 18, 2009

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏စာ နှင့် ပတ်သတ်၍ အထူးထုတ်ပြန်ကြေငြာချက်

Tuesday, November 17, 2009

0 ဘယ်လိုမှ နိုင်းယှဉ်စရာမကောင်းတဲ့ ဓာတ်ပုံ(၂ )ပုံ



ဘယ်လိုမှ နိုင်းယှဉ်စရာမကောင်းတဲ့ ဓာတ်ပုံပါ။ လေးစားဖွယ်ကောင်းတဲ့ အမေရိကန်သမ္မတ အိုဘားမားဟာ တရုတ်နိုင်ငံရှန်ဟိုင်းလေဆိပ်ကို ရောက်ရှိလာစဉ် လေယာဉ်ပေါ်မှအဆင်း မိမိကိုယ်တိုင် ထီးဆောင်းပြီး လေယာဉ်ပေါ်မှဆင်းသက်လာပုံနှင့် ညာဖက်ကပုံကတော့ ဘုရင်ရူးရူးနေတဲ့ နအဖခေါင်းဆောင်ကြီး သန်းရွှေဘဲဖြစ်ပါတယ်။

0 Facebook ဆိုပြီးလာတာတွေ...သတိ


မိတ်ဆွေတို့

ခုရက်ပိုင်းအတွင်းမှာ မြန်မာ (IT) အဖွဲ့ကလို့ ယူဆရတဲ့ Virus တစ်မျိုးထွက်နေပါတယ်
ဒီ Virus ကို သူတို့ ပို့ဆောင်နည်းကတော့ လူအသုံးများတဲ့ FaceBook ကနေပြီးတော့ပို့နေတာပါ။
Gmail ကိုဖွင့်လိုက်ရင် Inbox ထဲမှာ အောက်ပါ ပုံအတိုင်း Mail တစ်ခုတွေ့ရပါလိမ့်မယ်

မှတ်ချက်။ ။ မြင်လွယ်၊ နားလည်လွယ်အောင် မှင်အနီရောင် နဲ့ နံပါတ်တွေခွဲပြထားပါတယ် မူရင်းစာမှာ နံပါတ်တွေ မပါပါဘူး၊

XXX XXX sent you a message on Facebook... ( XXX နေရာက ပို့သူ အမည်ဟာ ကိုယ်မသိတဲ့သူ ရော သိပြီးသားလူရောဖြစ်နိုင်ပါတယ် )
ညာဘက်က Show Detail ဆိုတာလေးကိုနှိပ်လိုက်ရင်လဲ Facebook က နေတဆင့်ပို့ထားတာမို့ သာမန်ယုံကြည်လောက်စရာ စာတစ်စောင်ပုံပါဘဲ
ပို့တဲ့သူ က FaceBook Server က ဆိုတော့ စိတ်ချရတဲ့ အသွင်မှာရှိပါတယ် နောက်ပြီး Junk Email Filter ကလဲ လွှတ်ပေးပါလိမ့်မယ် ဘာလို့လဲဆိုတော့ Facebook က စိတ်ချရတဲ့ Sender List ထဲမှာ ပါပြီးသားမို့ပါ
စာရဲ့ Subject ရဲ့အောက်က Message Body မှာတော့ စာတိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် မတူတာလေးတွေရှိပါမယ်

တစ်ချို့က

"Wow! Is that really you in his video?”

ဒါမှမဟုတ်

"Sweet! Yoour boody lookss ggreat on thiis videoo!” ဆိုပြီးရေးထားပါလိမ့်မယ်

ဒီ Sample Mail ထဲမှာ မှင်အနီနဲ့ နံပါတ်စဉ်တပ်ပြထားတဲ့ Active Hyper Link ၅ ခု ပါပါတယ်

1 ကိုနှိပ်လိုက်ရင် တိုက်ရိုက် Virus ရှိတဲ့ Page ကို အလိုအလျောက် Auto Redirect လုပ်သွားပါလိမ့်မယ်
ဒါဆို မိတ်ဆွေရဲ့ PC ထဲမှာရှိသမျှ Passwords တွေအားလုံးကို သူတို့ ရသွားပါပြီ

2 ကို နှိပ်လိုက်ရင် Facebook ရဲ့ Message Reply Page ကိုရောက်သွားပြီး Virus ပါတဲ့ Page ကို Reply လုပ်ဖို့နေရာကိုရောက်ပါလိမ့်မယ်
ဒီမှာ ထပ်ပြီး Link ကလေးတစ်ခု ထပ်တွေ့ပါလိမ့်မယ်
အဲ့ဒိ Link က အပေါ်က 1 ကို နှိပ်လိုက်ရင် ရောက်သွားမယ့် Link ပါဘဲ ဒီတော့ သူ့ကို နှိပ်လိုက်ရင်လဲ Virus ကတော့ ဝင်သွားမှာပါ

Link 3 4 5 တွေက Facebook ရဲ့ မူရင်းနေရာတွေပါ ဘာမှ အန္တရာယ် မပေးပါဘူး စူးဆန်းတီထွင်ချင်သူတွေ အတွက် ပြောပြတာပါ
ဒီတော့ အကောင်းဆုံးကာကွယ်နည်းက အဲ့လို Mail တွေ့တာနဲ့ ဖျက်ပစ်လိုက်တာပါဘဲ ဒါဆို ဘာမှ ဖြစ်လာစရာမရှိတော့ပါဘူး
ဖျက်လိုက်လို့ ဘာများ ရေးထားလဲ သိချင်ရင် မိတ်ဆွေရဲ့ Facebook Home Page မှာ သွားကြည့်ပါ တွေ့ပါလိမ့်မယ်
အဲ့ဒိ link ကို Gmail ထဲက မှ မဟုတ်ပါဘူး Blog, CBox, Forum, Facebook နဲ့ အခြား Comment ရေးလို့ရတဲ့ နေရာတွေတိုင်း မှာ တင်ထားလို့ရပါတယ်
Server တွေအားလုံးဟာ Virus ကို Server ပေါ်မှာတိုက်ရိုက်တွေ့ထိမှသာ ပြန်ခုခံနိုင်တာပါ ( ဥပမာ E-Mail ထဲမှာ Attachment နဲ့ ထည့်ပေးတာမျိုး )
Link တစ်ခုက ဘယ်ကိုညွှန်ထားတယ်ဆိုတာ သိနိုင်စွမ်းမရှိပါဘူး Server တွေရဲ့ Antivirus တွေက Hyper Link တွေကို Scan မလုပ်ပါဘူး
မိတ်ဆွေတို့နားလည်ထားရမှာက Facebook ဟာ Social Networking အတွက်သီးသန့်ရည်ရွယ်ထားတာပါ
လုံခြုံရေးအရ သေချာပြင်ဆင်ထားတာမဟုတ်ပါဘူး သူတို့မှာ Spam Protection Bot တစ်ခုဘဲရှိပါတယ်
Antivirus Bot တွေ သေချာမထည့်ထားပါဘူး..
Photo နဲ့ Video (Youtube) Link တွေကို Facebook က Auto Preview ပြထားတဲ့အတွက် သိသာပါတယ်
ဒီတော့ နောင်ဆိုရင် Facebook ထဲမှာ ကိုယ်နဲ့လုံးဝ သို့မဟုတ် သေချာ မသိတဲ့သူတွေ ပို့ထားတဲ့ Link တွေဆိုရင် ဘာမှ မနှိပ်တာ အကောင်းဆုံးပါ

ဒီစာရေးနေတဲ့ အချိန်မှာဘဲ ဒီ Virus က မြန်မာ ၅၀၀ လောက် ကို ထိပြီးသွားပါပြီ
ဒါ သေချာ သတိမထားရင် ရက်ပိုင်းအတွင်း လူသိန်းနဲ့ချီ ပြီး ပြန့်သွားနိုင်ပါတယ်
ဘာလို့လဲ ဆိုတော့ ဒီ Virus က မိတ်ဆွေရဲ့ PC ကို အခိုင်အမာ ခြေကုပ်ယူပြီး မိတ်ဆွေရဲ့ Email List, Contact List တွေအားလုံးထဲက လိပ်စာတွေကိုပါ တောက်လျှောက် လိုက်ပို့ပါလိမ့်မယ်
ပြီးရင် သူတို့ ရဲ့ Contacts တွေ ကနေ တဆင့်ပြီးတဆင့် ထပ်ပွားသွားတဲ့ Chain Reaction ပုံစံမျိုးဖြစ်သွားမှာပါ
သတိထားပြီး ရှောင်ရှားနိုင်ကြပါစေ

လေးစားခင်မင်စွာဖြင့်

မျိုးချစ်

Monday, November 16, 2009

0 ဒေါ်အောင်ဆန်းစုကြည် ကြေညာချက်

0 ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည်ဆိုခြင်းကို သံသယရှိဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောဆို

NEJ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မကြာမီ နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးလိမ့်မည်ဆိုသည့် ပြောဆိုချက်များအပေါ် သံသယဖြစ်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားသည်။

စင်ကာပူနိုင်ငံတွင် လာမည့်တနင်္ဂနွေနေ့၌ အမေရိကန်သမ္မတ အိုဘားမားနှင့် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ တွေ့ဆုံမည့် အာရှ-ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ညီလာခံတွင် မြန်မာနိုင်ငံအနေဖြင့် အထူးတလည် ထုတ်ပြန်ပြောဆိုလိမ့်မည်ဟု မထင်ကြောင်း ဖိလစ်ပိုင်နိုင်ငံတွင် ရောက်ရှိနေသည့် မစ္စစ် ကလင်တန်က ပြောကြားခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက လွှတ်ပေးနိုင်ကြောင်း၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နောက်နှစ်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ကြောင်း အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအရေးသည် စိတ်ရှည်သည်းခံရန်လိုအပ်ပြီး ရေရှည်အားထုတ် လုပ်ဆောင်ရမည့်ကိစ္စဖြစ်သည်ဟုလည်း မစ္စစ်ကလင်တန်က ABS-CBN သတင်းချယ်နယ်က ပြုလုပ်သည့် နှီးနှောဖလှယ်ပွဲတခုတွင် ပြောကြားခဲ့ကြောင်း ကျိုဒိုသတင်းတွင် ဖော်ပြသည်။

ထို့အပြင် ရှေ့နှစ်မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို အများလက်ခံနိုင်ရန် မြန်မာစစ်အစိုးရအနေဖြင့် အတိုက်အခံများ၊ တိုင်းရင်းသားများ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုကို ပြည်တွင်း၌ စတင်လုပ်ဆောင်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းထားသည်။

“ကျမတို့အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးမှုတွေမှာ ပါဝင်လာအောင် အားပေးတာ၊ တိုက်တွန်းတာ၊ ဖျောင်းဖျတာတွေ လုပ်ပါတယ်။ ဒါတွေဟာ ပထမဆုံးလိုအပ်ချက်ပါ” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံအတွင်း ပြောနိုင်ဆိုနိုင်ရှိသည့် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့ကိုလည်း မြန်မာပြည်သူများ အကျိုးရှိစေမည့် ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ကူညီလုပ်ဆောင်ပေးရန် ပြောဆိုထားကြောင်း မစ္စစ်ကလင်တန်က ပြောသည်။

၎င်းက “မြန်မာနိုင်ငံမှာ ခေါင်းဆောင်မှု မှားယွင်းနေတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ မေးစရာရှိတာက သူတို့တွေ ဘယ်လောက်ကြာကြာမှားနေမလဲဆိုတာနဲ့ ကိုယ့်ပြည်သူတွေအတွက် လွတ်လပ်မှုနဲ့ အခွင့်အရေး လမ်းကြောင်းဆီ ဦးတည်ဖို့ သူတို့ကို အားပေးတိုက်တွန်းနိုင်မလား ဆိုတာပါပဲ ” ဟုပြောသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်တွေ့ဆုံမှုများ စတင်လုပ်ဆောင်နေသော်လည်း မြန်မာနိုင်ငံ၌ အပြောင်းအလဲများ မဖြစ်မချင်း ပိတ်ဆို့တားမြစ်မှုများကို ရုပ်သိမ်းရန် အဆင်သင့်မဖြစ်သေးကြောင်း မစ္စစ်ကလင်တန်က ပြောသည်။

“ကျမတို့အနေနဲ့ လုပ်နိုင်စရာတွေ အများကြီးရှိတာကို လုပ်မှာမဟုတ်သေးပါဘူး။ ဘာလို့လဲဆိုတော့ အခုအစိုးရကို ကူညီထောက်ပံ့မှု မပေးချင်လို့ပါပဲ” ဟု ၎င်းက ပြောသည်။

ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် မစ္စစ်ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ထပ်မံတောင်းဆိုခဲ့ပြီး လွတ်လပ် တရားမျှတပြီး အများလက်ခံသည့် ရွေးကောက်ပွဲပြုလုပ်နိုင်ရေးနှင့် ရွေးကောက်ပွဲတွင် အားလုံးပါဝင်ခွင့်ရမှသာ ရွေးကောက်ပွဲရလဒ်ကို တရားဝင်အဖြစ် နိုင်ငံတကာက မြင်ကြမည်ဖြစ်ကြောင်း မစ္စစ်ကလင်တန်က ပြောကြားသည်။

ယခုလအစောပိုင်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့သည် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။ ယင်းခရီးစဉ်သည် ဆယ်စုနှစ်အတွင်း အဆင့်အမြင့်ဆုံး အမေရိကန်အရာရှိများ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

0 Obama tells Myanmar to free Suu Kyi

Obama, second-right, urged Myanmar's rulers to end oppression and free all political prisoners [AFP]

Barack Obama, the US president, has told Myanmar's military government to free Aung San Suu Kyi, the country's jailed pro-democracy leader.

Obama delivered the message on Sunday at a summit with leaders of 10 Southeast Asian nations, which included General Thein Sein, Myanmar's prime minister.

Robert Gibbs, the White House press secretary, told reporters that Obama called on Myanmar to free his fellow Nobel Peace laureate and other political prisoners, and end oppression of minorities.

"Obama brought that up directly with that government," Gibbs said, indicating that the president addressed Thein Sein.


Sunday, November 15, 2009

0 နအဖခေါင်းဆောင်ကြီး သန်းရွှေ လမ်းတွဲလျှောက်နေရ၍ ပြည်တော်ပြန်ပြီ


နအဖခေါင်းဆောင်ကြီး သန်းရွှေ ကျန်းမာရေး ချို့ယွင်းပြီး သူကိုယ်တိုင်လမ်းလျှောက်ရန်ခက်ခဲနေပြီး သီရိလင်္ကာနိုင်ငံ၊ Colomboမြို့ရှိ Bandaranaike International airport မှ ယနေ့မြန်မာနိုင်ငံသို့ပြန်သွားပြီဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.