Sunday, March 27, 2011

1 တာလေမြို့ငလျင်အပြီးအခြေအနေဓာတ်ပုံများ


မနက် ၇ နာရီက လှုပ်သွားတဲ့ ငလျင်လိုမျိုး ထပ်လာမှာဆိုးလို့ တာချီလိတ်တစ်မြို့လုံး နဲ့ မယ်ဆိုင်တစ်မြို့လုံးက လူတွေက လန့်နေကြပါတယ်..ကျနော်လည်းပါပါတယ် မိုးရွာနေလို့ ဘယ်ကိုမှ ရှောင်မနေတော့ပါဘူး.. တာလေကို သွားကြည့်တဲ့ လူတွေလည်း အတော်များပါတယ်.. သွားလာတဲ့လူတွေပြောတာတော့ တစ်ချို့ အလောင်းတွေ ခုထိ ထုတ်မရသေးပါဘူး.. စစ်သား ၇ယောက် ကြွေသွားပါတယ်..မနက်ကလှုပ်တဲ့ ငလျင်က မိုင်းလင်း မှာ အတော်ဆိုးတယ်လို့ သတင်းရပါတယ်..သေချာတော့မသိပါဘူး..သေချာတာကတော့ တာချီလိတ်က မြို့ပျက်နဲ့တူနေပါတယ် အကောင်ကြီးကြီးကားတွေလည်း ချစ်ကြည်ရေးတံတားပေါ်မှာရှုတ်နေတာပါပဲ.. ကြက်ခြေနီကားကလည်း တဝေါဝေါအော်ပြီးသွားနေတယ် အဲ့အသံကြားမှ လူတွေ့က ပိုလန့်နေသလားပဲဗျာ..ကျနော်တာချီလိတ်မှာနေပါတယ်..တစ်ချို့သတင်းဆိုဒ်များမှ သတင်းများ အားလုံး မမှန်ပါ ကြည့်ကျက်ယုံကြပါကုန်.. ဘယ်ယိုးဒယားမှ လူကိုယ်တိုင် လာမကူသေးပါ မြန်မာများလည်း မည်သူမျှ ဟိုဖက်ကမ်းမပြေးကြသေးပါ..မည်သူ့ကိုမျှ ပုတ်ခတ်ချင်းလည်းမရှိပါ.အားလုံးကိုကျေးဇူးတင်ပါ၏..

nomoregirl@MMCP အားကျေးဇူးတင်ရှိပါသည်

0 Burma Soldier ဘ၀မှတ်တမ်းရုပ်ရှင် ဇာတ်ကားတွင် ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခဲ့သော မြန်မာ့တပ်မတော်မှ ရဲဘော်ဟောင်း ကိုမျိုးမြင့်နှင့် တွေ.ဆုံဆွေးနွေးသည့် စကားဝိုင်း

0 ဂျပန်နိုင်ငံရှိဖူကူရှီးမားလျှပ်စစ်ဓာတ်အားပေးဓာတ်ပေါင်းဖိုရှိရာ ပင်လယ်ပြင်တ၀ိုက်မှာ ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေ ပျံ့နှံ့မှုမြင့်မား

ညူကလီယားအကျပ်အတည်းတွေ့နေတဲ့ ဖူကူရှီးမားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေပျံ့နှံ့နေတဲ့အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ သက်ဆိုင်ရာက မတ်လ ၂၆ ရက်မှာ ကြိုးစား လုပ်ဆောင်နေပေမဲ့လည်း ဓာတ်ပေါင်းဖိုရှိရာ ပင်လယ်ပြင်တ၀ိုက်မှာ ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေ ပျံ့နှံ့မှုမြင့်မားနေတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ငါးလုပ်ငန်းတွေအတွက် စိုးရိမ်စရာအဆင့်ကို ရောက်နေပါတယ်။ အစိုးရတော့ စိုးရိမ်ဖွယ်ရာမရှိလို့ဆိုပေမဲ့ ယုံကြည်လက်ခံတဲ့သူနည်းပါတယ်။

ဒီအတောအတွင်း TEPCO က ဓာတ်ပေါင်းဖိုနံပတ် ၂ ရှိတဲ့အဆောက်အအုံရဲ့ထိန်းချုပ်ခန်းမှာ လျှပ်စစ်မီး ပြန်လာအောင်လုပ်နိုင်ခဲ့ပြီလို့ဆိုပါတယ်။

TEPCO က နံပတ် ၁ ဓာတ်ပေါင်းဖိုမှာ ရေဒီယိုဓာတ်သတ္တိကြွမှုပမာဏမြင့်တက်လာနေတဲ့အတွက် အလုပ် သမားတွေကို ဆက်ပြီးမလုပ်ကြဖို့ တားခဲ့ရတယ်လို့ဆိုပါသေးတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ ဖူကူရှီးမားရုံးက ပမာဏမြင့်တက်တာမဟုတ်ပါဘူးလို့ပြန်လည်ပြင်ဆင်ကြေညာခဲ့ပါတယ်။ ဒီလိုမျိုး အင်မတန်အရေးကြီးတဲ့အချိန်မှာ အမှားအယွင်းဖြစ်တာ။ ရှေ့နောက်မညီဖြစ်တာတွေဟာ အယုံအကြည် ကင်းမဲ့မှုကိုဖြစ်စေတယ်လို့ ဆိုပါတယ်။ TEPCO က သတင်းအချက်အလက်တွေကို ထိန်ချန်တယ်၊ ပြင်ဆင်ပြောင်းလဲမှုတွေလုပ်တယ်ဆိုတာမျိုးတွေ အရင်ကတည်းရှိတယ်ဆိုတဲ့ နာမည်ဆိုးတွေထွက်ခဲ့ဘူးပါ တယ်။

မတ်လ ၂၆ ရက်နေ့လယ်ပိုင်း သတင်းစာရှင်းလင်းပွဲတခုမှာ အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယုကိအိုအဲဒါ့နို က အခြေအနေတွေပိုဆိုးမလာအောင်လုပ်ဆောင်နေပေမဲ့ လုပ်စရာအလုပ်တွေအများကြီးရှိတဲ့အတွက် ဒီအကျပ်အတည်းဘယ်တော့ပြီးဆုံးမလဲဆိုတာ မပြောနိုင်ဘူးလို့ ဆိုပါတယ်။

အခုလောလောဆယ်အထိ ငလျင်နဲ့ဆူနားမိကြောင့်သေဆုံးရတဲ့သူ တသောင်းကျော်သွားပြီဖြစ်ပေမဲ့လည်း ညူကလီယားကြောင့် သေဆုံးသူ တဦးမှမရှိသေးပါဘူး။ ဒါပေမဲ့ ညူကလီယားအရေးကို လူတိုင်းမျက်ခြည် မပြတ်စောင့်ကြည့်နေတာက အင်မတန်အန္တရာယ်ကြီးလို့ဖြစ်ပါတယ်။ အစိုးရပြောရေးဆိုခွင့်ရှိသူက TEPCO အနေနဲ့သတင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်ပေးဖို့လိုတယ်။ ဒါမှ အစိုးရအနေနဲ့ ကယ်ဆယ်ရေးအတွက် ဆုံးဖြတ်ချက်တွေကို ထိထိရောက်ရောက်လုပ်နိုင်မယ်လို့ ပြောပါတယ်။

ကျော်ကျော်စိုး

၂း၃၄ နာရီ

မတ်လ ၂၇။ ၂၀၁၁ ခုနှစ်

Saturday, March 26, 2011

0 တိုက်! တိုက်!



Sr Artist Name - Title ရုပ်/သံကြည့်ရန်
Rဇာနည် - ပိတောက်တစ်မျက်နှာ
Rဇာနည် - ပိတောက်တစ်မျက်နှာ




ယုံကြည်မှုနဲ့ လွတ်လပ်မှုအတွက် တိုက်! တိုက်! အမှန်တရားကိုဖော်ဆောင်ပါ၊ စည်းလုံးမှုရဲ့ အင်အားက မျှော်လင့်တဲ့ နေ့ရက်ပါ../ တိုက်ပါ တိုက်ပါ တိုက်! ဇွဲမလျှော့နဲ့ တိုက်! စိတ်ဓာတ်နဲ့ တိုက်! အိပ်မက်သိပ်မမက်နဲ့ လုပ်ရင်းနဲ့ တိုက်! ယုံကြည်မှုက ကြောက်စရာမရှိပါ၊
လူဆိုတာ တန်းတူဘဲ အောက်မှာ မရှိပါ.. ကြောက်စရာအကြည့်နဲ့ ကိုယ့်လူမျိုးကို ဖြဲနေတော့ ဆွဲနေတော့ သေနတ်ကြီးကိုင်ပြီး ဆွဲနေတော့ အဲဒါကဘာလဲ!!!! ယုံကြည်နဲ့ လွတ်လပ်မှု အတွက် တိုက်! တိုက်! ယုံကြည်မှုနဲ့ လွတ်လပ်မှု အတွက် တိုက် တိုက်!
ုထိုင်ပြီးတော့ မညည်းကြနဲ့ အားလုံးဘဲ ဒီကောင်တွေကို ပြန်ပြီးတော့ တီး ကြမယ်! တိုက်! တိုက်! AND STAND BY!

0 နအဖကို ကုလသမဂ္ဂ က စစ်ရေးအရယူဖို့  ၈၈ မျိုးဆက်တွေ ကြိုးပန်းနေပြီ ဒီမှာသင်လက်မှတ်ထိုးခြင်း ဖြင့်ကူညီပါ။

နအဖ ကို ကုလသမဂ္ဂက စစ်ရေးအရအရေးယူဆောင်ရွက်ဖို့  မြန်မာပြည်သား တသိန်း လက်မှတ်လိုနေပါတယ်။ ဒီမှာလက်မှတ်ထိုးပါ။
Link to sign:
http://www.change.org/petitions/we-want-military-intervention-on-burma#signatures

Petitions by Change.org|Start a Petition »

ပေးထားတဲ့ လင့်လေးကို နှိပ်ပြီး အချက်အလက်လေး အနည်းငယ်ကို ဖြည့်စွက်လိုက်တာနဲက တပြိုင်နက်ထဲမှာ သင်ဟာ စစ်အာဏာရှင် စနစ်ဆိုးအောက်က ရုန်းထွက်လွတ်မြောက်ဖို့ ကြိုးစားနေသူ တယောက်ဖြစ်ကြောင်း မှတ်တမ်းဝင်သွားမှာ ဖြစ်တဲ့ အတွက် ရရှိလာတဲ့ အခွင့်အရေးကို လက်မလွတ်စေဘဲ ပါဝင်ကြိုးစား ကြပါလို့ မိတ်ဆွေတို့ အသိပေးကြားလိုပါတယ် ။
ပြောက်ကျားတိုက်ပွဲ
ပေးပို့သော ဗမာ့သွေးအားကျေးဇူးတင်ရှိပါသည်..

0 ပြဿနာဖြစ်နေသော ဂျပန်ဓါတ်ပေါင်းဖိုမှာ အနုမြူယိုစိမ့်မှု သံသယဖြစ်


တိုကျို။    ။ ပြင်းအားပြင်း ငလျင်ကြီးနဲ့ ဆူနာမီဖြစ်ပေါ်လာပြီး ၂ ပတ်အကြာတွင် အနုမြူဓါတ်ပေါင်းဖို တခုမှာ ပြဿနာပေါ်လာနေပါတယ်။ အနုမြူဓါတ်ပေါင်းဖိုတခုမှာ အနုမြူရောင်ခြည် စွမ့်ထွက်နေ ကြောင်း သံသယဖြစ်ရတယ်လို့ ဂျပန်အစိုးရက ၂၀၁၁ခု မတ်လ ၂၅ သောကြာ နေ့က ပြောဆိုလိုက် ပါတယ်။ တချိန်ကယူဆတွေးထင်ထားတာထက် ဓါတ်ပေါင်းဖိုမှာ အနုမြူစိမ့်ထွက်မှုဟာ ပိုမိုစိုးရိမ်စရာ ပြဿနာအဖြစ်ကောက်ချက်ချရမဲ့ အဓိပ္ပါယ်ပါ။

အနုမြူဓါတ်ပေါင်းဖိုမှ ပိုမိုဝေးကွာတဲ့အရပ်ကို လူတွေမရွှေ့ပြောင်းသေးဘို့၊ အပြင်မထွက်ပဲ အိမ်တွင်း မှာနေကြရင်ပဲ အန္တရာယ်မရှိနိုင်ပါဘူးလို့ ဂျပန်ခေါင်းဆောင်များကပြောခဲ့ကြပါတယ်။ အခုတော့ သက်ဆိုင်ရာတွေက ဓါတ်ပေါင်းဖိုဝန်းကျင်မှာနေထိုင်သူများအနေနဲ့ မိမိတို့ဆန္ဒအလျောက် ပိုမိုသင့် တင့်ကောင်းမွန်မဲ့အရပ်များဆီ ပြောင်းရွှေ့နေထိုင်လိုက ပြောင်းရွှေ့နိုင်ကြောင်းလဲ ပြောလာကြပါ တယ်။ ဆူနာမီသင့်ဒေသမှာ ရိက္ခာများလဲပြတ်လပ်လာလို့ဖြစ်ပါတယ်။

ငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူ တသောင်းကျော်ရှိနေပြီဆိုတဲ့ သောကြာနေ့စာရင်းများအရ အနုမြူဓါတ်ပေါင်းဖို ပြဿနာဟာ အရှိန်မြင့်လာပါတယ်။ ထိခိုက်ခံခဲ့ရတဲ့ အရှေ့မြောက်ကမ်းရိုးတန်း တလျှောက် အိမ်တွေအဖျက်ဆီးခံလိုက်ရတဲ့ သိန်းပေါင်းများစွာရှိတဲ့လူများဟာ လျှပ်စစ်မီးလဲမရှိ၊ ပူနွေး တဲ့အစားအစများလဲ မသုံးဆောင်ရ၊ အတော်များများဟာ ၁၄ ရက်လုံးလုံး ရေလဲမချိုးကြရပါဘူး။

မရေရာတဲ့ အနုမြူအခြေအနေဟာ ဖူခူရှီမ ဒိုင်အိချိ ပရဝဏ်ရဲ့အလုပ်တွေကို ရပ်ဆိုင်းစေခဲ့ပါတယ်။ အန္တရာယ်ရှိမဲ့ဓါတ်ရောင်ခြည်ယိုစိမ့်မှုက ကာကွယ်ဘို့ ဓါတ်ပေါင်းဖို အပူလွန်ကဲမှုမရှိရအောင် အာဏာ ပိုင်များက အလုအယက်ကြိုးပမ်းနေကြပါတယ်။ မတ်လ ၁၁ ရက်နေ့ကစလို့ အဆင့်နိမ့် အနုမြူရောင် ခြည်စိမ့်ထွက်မှု ဖြစ်ပေါ်နေခဲ့တာပါ။ ဆူနာမီက ဓါတ်ပေါင်းဖိုရဲ့ အအေးပေးလုပ်ငန်းကို ဖြိုချပစ်ခဲ့ပါ တယ်။ အခု ကျိုးပဲ့ထွက်ရှိတယ်ဆိုတာကတော့ ဓါတ်ရောင်ခြည်များ ကြီိးမားတဲ့ပမာဏ စိမ့်ယိုခြင်းလို့ ဆိုနိုင်ပါတယ်။ ကြမ်းပြင်ရေများအတွင်း ပျံ့နှံ့ကူးစက်မှုရဲ့ အကျိုးဆက်ကြောင့် ဖြစ်နိုင်ခြေ ရှိပါတယ်။

ဖူခူရှီမ ဒိုင်အိချိဓါတ်ပေါင်းဖိုရဲ့ ယနေ့အခြေအနေဟာ လွန်စွာစိုးရိမ်စရာဖြစ်နေတုန်းပါပဲ။ ကျနော်တို့တ တွေ နိုးနိုးကြားကြားနဲ့ သတိဝိရိယရှိနေကြရမှာဖြစ်ပါတယ်။ ကျနော်တို့ဟာ အကောင်းမြင်နေနိုင်မဲ့ အခြေအနေမှာမရှိပါဘူး။ သတိကြီးစွာနဲ့ ဖြစ်ထွန်းတိုးတက်မှုတိုင်းအတွက်  ကျနော်တို့လုပ်ဆောင်နေ ရမှာဖြစ်ပါတယ် လို့ ဝမ်းနည်းညှိုးငယ်နေတဲ့ ဝန်ကြီးချုပ် နာအိုတို ခန် ကပြောကြားလိုက်ပါတယ်။

ဓါတ်ပေါင်းဖို အမှတ် ၃ ရဲ့ ပေါက်ပြဲကွဲအက်မှုက ဓါတ်ပေါင်းဖိုအူတိုင်ရဲ့ သံမဏိခန်းမှာ ဒါမှမဟုတ် ကွန်ကရိ အားဖြည့်မံထားတဲ့ သုံးပြီးသားလောင်စာကန်မှာ အက်ကွဲကြောင်း သို့မဟုတ် အပေါက် ဖြစ်ထွန်းတာကြောင့်ဖြစ်နိုင်ပါတယ်။ လောင်စာချောင်းများကိုထိန်းထားတဲ့ အူတိုင်အတွင်းရဲ့ အပူချိန် နဲ့ ဖိအားကတော့ တည်ငြိမ်လျက်ရှိနေပါတယ်။ အူတိုင်ကို အရည်ပျော်စေမဲ့အဆင့်ထက် များစွာလျော့ ကျနေတုန်းပါ။

ဓါတ်ပေါင်းဖိုထဲ​ သို့မဟုတ် အနီးအနားရှိ သာမန်ထက် သောင်းပေါင်းများစွာပိုများနေတဲ့ ဓါတ်ရောင် ခြည် ပမာဏရှိနေတဲ့ရေများထဲလျှောက်နေရလို့ အရေပြားတွေလောင်ကျွမ်းသွားတဲ့ လုပ်သား ၂ ဦးကို တွေ့လိုက်ရလို့ ဓါတ်ပေါင်းဖိုအတွင်းပေါက်ပြဲခြင်းကို သံသယတွေ ပိုခဲ့ရတာလို့ အနုမြူနဲ့စက်မှုဆိုင် ရာလုံခြုံရေးအေဂျင်စီက ပြောပါတယ်။ ယူနစ် အမှတ်(၁)ဓါတ်ပေါင်းဖိုအဆောက်အဦးမှာ ဓါတ်ရောင် ခြည်ပမာဏမြင့်နေတဲ့ ရေများကို တွေ့ရှိရကြောင်း တိုကျိုလျှပ်စစ်ကုမ္ပဏီအရာရှိများကပြောပါတယ်။

ယူနစ်(၂)နဲ့(၄)များမှာလဲ ရေများကိုတွေ့ရပြီး၊ ဒီ ရေများတွင်လဲ ဓါတ်ရောင်ခြည်များစိမ့်ဝင်နေတယ်လို့ သံသယဖြစ်နေကြပါတယ်။ ယူနစ်တခုစီမှရေများဟာ မူလပင်မတခုတည်းမှ စီးဆင်းလာတယ် မလာ တယ်ကို အသေအချာမသိရသေးဘူး၊ ဒါပေမင့် ဓါတ်ပေါင်းဖိုအတွင်း ပြုဆောင်နေရတဲ့အလုပ်များကို နှောင့်နှေးစေတာကိုတွေ့ရပါတယ်လို့ အရာရှိများကပြောပါတယ်။

ဒီသောကြာနေ့ဟာ ပြင်းအား ၉ ရှိ ငလျင်နဲ့ အရှေ့မြောက်ကမ်းရိုးတန်းမြို့များကို ပြိုပြားစေခဲ့တဲ့ ဆူနာ မီတို့ဖြစ်ခဲ့ပြီး ၂ ပတ်မြောက်နေ့ဖြစ်ပါတယ်။ ရှင်းလင်းခြင်းနဲ့ နလံထူအောင် ပြန်လည်ထူထောင်မှုတွေ ဆက်လုပ်နေရင်း ပျောက်ဆုံးသူများဟာ ၁၇,၄၀၀ ဦးနဲ့ သေဆုံးသူ ၁၈,၀၀၀ ကျော်မယ်လို့ ခန့်မှန်းရပါ တယ်။

ဓါတ်ရောင်ခြည်ပျံ့နှံ့ခြင်းကြောင့် သူတို့ဘဝသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများ ထိခိုက်သွားရတဲ့အ တွက် လယ်သမားများနဲ့လုပ်ငန်းရှင်များကို ဝန်ကြီးချုပ် ခန် က တောင်းပန်စကား ပြောကြားခဲ့ပါတယ်။ နို့အစိမ်း၊ ပင်လယ်ရေနဲ့ ဘရော့ကလီ၊ ဂေါ်ဖီပန်းပွင့်၊ တရုတ်မုံလာအပါအဝင် ဟင်းသီးဟင်းရွက် ၁၁ မျိုးမှာ ဓါတ်ရောင်ခြည်ပမာဏများစွာပါဝင်နေကြောင်း သိရပြီးနောက်ပိုင်းတွင် ဓါတ်ပေါင်းဖိုအနီးဝန်း ကျင်ဒေသမှ စားသောက်ကုန်တင်ပို့မှုများကို နိုင်ငံတော်တော်များများက ပိတ်ပင်ခဲ့ပါတယ်။

ဝန်ဆောင်လုပ်ငန်းလုပ်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနဲ့စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များကို ပူလောင်နေ တဲ့ ဓါတ်ပေါင်းဖိုကို ငြိမ်းအေးအောင် သက်စွန့်ဆံဖျား ကြိုးစားလုပ်ဆောင်ပေးခြင်းအတွက် ဝန်ကြီးချုပ် က ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။

နျူကလီယားပြဿနာဟာ လူသားချင်းစာနာဘွယ်ဘေးကပ်ဆိုးကြီးဆိုက်နေတဲ့ နိုင်ငံကို စိန်ခေါ်မှုတွေ အများကြီး ပေါင်းထည့်ပေးနေပါတယ်။ ချမ်းအေးနေတဲ့ ဂျပန့်အရှေ့မြောက်အရပ်ဟာ မြော်လင့်ချက်မဲ့ ခြင်းနဲ့ ပျက်စီးဆုံးရှုံးခြင်းမြင်ကွင်းတို့အပြင် သိန်းပေါင်းများစွာသော အိမ်မဲ့ယာမဲ့ သက်ရှင်ကျန်ရှိသူ များကို ကျွေးမွေးစောင့်ရှောက်ရန်နဲ့ အမှိုက်များရှင်းရေးနဲ့အလောင်းများမြှုပ်နှံရေးတို့ကို  ကြိုးပမ်းလုပ် ဆောင်ရမှာတွေ ကျန်ရှိနေပါတယ်။

ပျက်စီးသွားတဲ့ကမ်းရိုးတန်း အိုနဂါဝ မြို့မှ အသက် ၄၅ နှစ်ရွယ် မက္ကင်းနစ် တိုမိုဟိခို အာဘဲ့ က “ကျနော် အိပ်မက်မက်နေတုန်းပဲလို့ ထင်နေဆဲပါ” လို့ သူ့ကားပျက်ထဲက သူပိုင်ပစ္စည်းများကို ရှာဖွေ ယူနေရင်းပြောပါတယ်။ “လူတွေကတော့ရုပ်ရှင်ထဲကလိုပဲလို့ ပြောကြပါတယ်၊ ဒါပေမင့်  ကျနော် ကြည့်ရတဲ့ရုပ်ရှင်တွေထဲကထက် ပိုဆိုးပါတယ်”လို့ သူကဆက်ပြောပါတယ်။

အရာရှိတွေက ဌာနေတွေကို ဓါတ်ပေါင်းဖိုမှ ၁၂ မိုင်(ကီလိုမီတာ ၂၀)သို့ပြောင်းရွှေ့ပေးခဲ့ပါတယ်။ ဓါတ်ရောင်ခြည်ထိတွေ့မှုအနည်းဆုံးဖြစ်အောင် ၁၉ မိုင်(ကီလိုမီတာ ၃၀)ဝေးဝေးမှာ အိမ်တံခါးတွေ ပိတ်ပြီးနေထိုင်ရန် အကြံပေးခဲ့ပါတယ်။ အမေရိကန်ကတော့ ဓါတ်ပေါင်းဖိုမှ မိုင် ၅၀(ကီလိုမီတာ ၈၀) အဝေးတွင် လူများနေကြရန် အကြံပြုခဲ့ပါတယ်။

ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ ယူခိအို အဲဒါနို က လူတွေကို ဓါတ်ပေါင်းဖိုကနေ ၁၂ မိုင်မှ မိုင် ၂၀ အဝေးမှာ အိမ်အတွင်းမှာ တံခါးပိတ်နေရင် ဓါတ်ရောင်ခြည်ရန်မှ စိတ်ချစေနိုင်တယ်လို့ ဆိုခဲ့ပါတယ်။
ဒါပေမင့် စားနပ်ရိက္ခာများပို့ဆောင်မှုက လုံလောက်အောင် အမြန်မရနိုင်တာကြောင့် ဌာနေများအနေနဲ့ မိမိတို့ဆန္ဒအလျောက် ပိုမိုကောင်းမွန်မဲ့အရပ်များဆီ ပြောင်းရွှေ့သွားလိုက သွားနိုင်ပါကြောင်း သူက ဆက်ပြောပါတယ်။ လက်ငင်းအခြေအနေကနေ ကျဉ်းကျပ်ပြီး ပိုမိုဆိုးလာရင်တော့ ရွှေ့ပြောင်းရန် စည်းကမ်းသတ်မှတ်ချက်ချနိုင်ခြေကိုတော့ ငြင်းဆန်မည်မဟုတ်ပါဟု သူကပြောပါတယ်။ အစိုးရအနေ နဲ့ ဒီ အချက်ကို ပြန်လည်ဆန်းစစ်မှုအဆက်မပြတ်ဆောင်ရွက်လျက် လိုအပ်သလို အကြံဉာဏ်များ ပေးသွားပါ့မယ်၊ စိတ်ချလုံခြုံမှုဟာ ဦးစားပေးဖြစ်ပါတယ်လို့ အဲဒါနို ကပြောသွားခဲ့ပါတယ်။

ဓါတ်ပေါင်းဖိုကို တာဝန်ယူလုပ်ကိုင်တဲ့ တိုကျိုလျှပ်စစ်ကုမ္ပဏီမှ လုံခြုံရေးထိခိုက်မှုရှိနေကြောင်း ပြင်း ထန်တဲ့ သတိပေးချက်နဲ့ အခြေအနေတည်ငြိမ်သွားလျှင် စေ့စပ်သေချာစွာ ပြန်လည်စစ်ဆေးမှာဖြစ် ကြောင်း ထုတ်ပြန်ခဲ့တယ်လို့ အနုမြူနဲ့စက်မှုဆိုင်ရာလုံခြုံရေးအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဟိဒဲ့ဟီခို နိရှိယာမ ကပြောပါတယ်။

မတ်လ ၁၄ ရက်နေ့ ဓါတ်ပေါင်းဖိုအမှတ် ၃ မှာဟိုက်ဒြိုဂျင်ပေါက်ကွဲမှုဖြစ်ခဲ့ပြီးမှစကာ ချိုးပဲ့ပေါက်ပြဲ ခြင်းကြောင့် ရက်အတန်ကြာ ဓါတ်ရောင်ခြည် ယိုစိမ့်ထွက်နေခဲ့ပုံ ရပါတယ်။ ဓါတ်ရောင်ခြည်ထိတွေ့ စိမ့်ဝင်နေတဲ့ရေတွေဟာ မြေကြီးထဲဝင်ရောက်သွား မသွားဆိုတာ မသေချာပါ။  လေထုထဲမှာ ဓါတ် ရောင်ခြည်ပမာဏကို ၂၅ ရက် သောကြာနေ့က တိုင်းတာလို့မရခဲ့ပါ။ ယခုရက်ပိုင်းအတွင်းတော့ လေထု တိုင်းတာမှုအရ တိုးမြင့်လာတာမတွေ့ရပါ။

ဂျပန်နိုင်ငံ နေရာတော်တောများများရဲ့ ဘုံဘိုင်ရေတွေမှာ ဓါတ်ရောင်ခြည်မြင့်မားစွာ ပါဝင်နေတာတွေ့ ရပါတယ်။ ကလေးများအတွက် အစိုးရသတ်မှတ်စံနှုန်းထက် နှစ်ဆပိုများနေတာကို တိုကျို ဘုံဘိုင်ရေ များတွင် တွေ့ရပါတယ်။ ကလေးတွေဟာ ကင်ဆာရောဂါဖြစ်စေမဲ့ ရေဒီယိုအိုင်အိုဒင်းကို ခုခံနိုင်စွမ်း မရှိလှတဲ့သူတွေ ဖြစ်ပါတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒီစိုးရိမ်မှုကြောင့် တိုကျိုမှာ  ရေသန့်ဗူး တွေ ဝိုင်းဝယ်ကြလို့ ပြတ်လပ်သွားခဲ့ပါတယ်။ တိုကျိုမြူနီစီပါယ်မှ အရာရှိများက ကလေးငယ်ရှိ မိသားစုများကို ရေသန့်ဗူးများ ဝေပေးခဲ့ပါတယ်။

ပထမစိမ့်ထွက်လာတဲ့ ဓါတ်ရောင်ခြည်ဟာ အူတိုင်များဖေါင်းကြွပေါက်ထွက်မှုမှကာကွယ်ရန် အဆို့ရှင် များအတွင်း ရေနွေးငွေ့များသွတ်သွင်းခြင်းကြောင့်ဖြစ်လာတာပါ။ ဒါပေမင့် ကျိုးပဲ့ယိုထွက်မှုကြောင့် ထွက်လာတဲ့ ဓါတ်ရောင်ခြည်ပမာဏဟာ ထိန်းမနိုင်တဲ့အရေအတွက်ဖြစ်လာကာ ပတ်ဝန်းကျင်မြေထု လေထုသို့ ထိတွေ့ပျံ့နှံ့သွားပါတယ်။

စိတ်ချလုံခြုံမှုအတွက်လုပ်ဆောင်ရေးဟာ လုံလောက်ချင်မှလုံလောက်ပါလိမ့်မယ်၊ ဘေးအန္တရာယ်ကို ဘယ်လိုဘယ်ပုံကိုင်တွယ်လုပ်ဆောင်နေကြသလဲလို့ ပြည်သူများမှာ စိုးရိမ်စိတ်များ ပိုမိုနေကြပါလိမ့် မယ်လို့ အဲဒါနို ကပြောပါတယ်။ ဖြစ်ပျက်ရာဒေသမှာ အလုပ်လုပ်နေသူများအတွက် လုံခြုံစိတ်ချရမှုကို ကျနော်တို့ သေချာစွာ ပြုလုပ်နေကြပါတယ်။ ဒါဟာ ကျနော်တို့တာဝန်လို့ အမှန်တကယ်ယုံကြည်ပါ တယ် လို့ ကက်ဘိနက်အကြီးအကဲကပြောသွားပါတယ်။

အခုအချိန်မှာ စက်ရုံများရဲ့နစ်နာပျက်စီးဆုံးရှုံးမှုက တတိယစီးပွါးရေးအင်အားကြီးနိုင်ငံကို ထိခိုက်စေ ပြီး ကမ္ဘာတလွှားကိုပါ စီးပွါးရေးးဂယက် ရိုက်ခတ်စေနေပါတယ်။ စက်ရုံပျက်စီးသွားတဲ့အတွက် နစ် ဆန်းမော်တော်ကားကုမ္ပဏီက အင်ဂျင်အစိတ်အပိုင်းစက်ရုံကို အမေရိကဘက် ပြောင်းရွှေ့ကောင်း ပြောင်းရွှေ့ရမယ်လို့ ဆိုပါတယ်။

ငလျင်နဲ့ဆူနာမီဟာ ကမ္ဘာ့စရိတ်အကြီးဆုံးဘေးအန္တရာယ်များအဖြစ် မှတ်တမ်းတင်ရတာကြောင့် အခု ဘေးဆိုးကြီးကြောင့် အမေရိကန်ဒေါ်လာ ၃၁၀ ဘီလျံအထိ ဆုံးရှုံးပျက်စီးမှု ရှိမှာလို့ ဂျပန်အစိုးရက ဆိုပါတယ်။ ကျနော်တို့တတွေ အကြီးအကျယ် ဆုံးရှုံးကြရမှာကတော့ သံသယဖြစ်စရာ မရှိပါ။ အပျက် အစီးတွေကို ပြန်လည်ထူထောင်ရမှာက ကျနော်တို့တာဝန်ဖြစ်ပါတယ်လို့ ဘဏ္ဍာရးဝန်ကြီး ယိုရှိ ဟိခို နိုဒ ကပြောပါတယ်။

ဆဲန်ဒိုင်ဆိပ်ကမ်းမှာတော့ တိုယိုတာ ကားသစ်များဟာ ပျက်စီးပြီး ပုံနေပါတယ်။ ဆူနာမီ တိုက်စားသွား တဲ့ လေဆိပ်မှာတော့ အမေရိကန်မရိန်းတပ်သားများက လွှင့်ပစ်ထားတဲ့ ကစားစရာအရုပ်လေးများလို ကားပျက်များကို ဘူဒိုဇာများ ဂေါ်များနဲ့ စုပုံနေကြပါတယ်။

ဒေသတဝိုက်မှာ ဒဏ်ခံနိုင်မှု၊ စိတ်ရှည်ကြိုးစားနိုင်မှုနဲ့ဇွဲရှိမှုတို့ရဲ့ သရုပ်သကန်ကို များစွာတွေ့မြင်ခဲ့ရ ပါတယ်။ ဖူခူရှီမ ခရိုင် ကမ်းရိုးတန်းမှာရှိ ပြင်းထန်စွာဘေးဒဏ်ခံလိုက်ရတဲ့ ဆိုမ မြို့မှာ တချိန်က ဟိရိုရှိ ဆူဇူခီ ရဲ့အိမ်တည်ရှိရာနေရာမှာ အမှိုက်သရိုက်တွေစုပြုံနေခဲ့ပါတယ်။ စစ်သားများ အဲဒီနေရာမှာ အလောင်းများရှာဖွေဘို့ တူးဖော်နေတာကို သူမြင်တွေ့နေရပါတယ်။ အလောင်း ၃ လောင်းကို တူးဖော်နိုင်ခဲ့ကြပါတယ်။
ဒီအနေအထားမျိုးရောက်လိမ့်မယ်၊ နေရလိမ့်မယ်လို့ ဘယ်တုန်းကမှ ကျနော် မထင်မှတ်ခဲ့ပါဘူးလို့ ဆူဇူခီ ကဝမ်းနည်းကြေကွဲစွာ ပြောပါတယ်။ သူကတော့ ကံအများကြီးကောင်းသေးတဲ့ ဆိုမ မြို့နေသူ တယောက်ပါ။ သူ့ရဲ့ ငါးနဲ့ပင်လယ်ရေမှော်ရောင်းတဲ့ဆိုင်ကိုတော့ ဆူနာမီက ဝါး မျိုသွားခဲ့ပါတယ်။
ကျနော့်လုပ်ငန်းကတော့ သွားပါပြီ၊ ပြန်နလံထူအောင်စွမ်းနိုင်မယ်လို့တော့ ကျနော် မထင်ပါဘူး လို့ အသက် ၅၉ နှစ်ရှိတဲ့ ဆူဇူခီ ကပြောပါတယ်။ သူကတော့ အကောင်းဘက်ကို တွေးမြင်ပါတယ်။ တခု ကောင်းတာက အားလုံးက အတူတူဆွဲယူ တွဲယူသွားကြတယ်၊ တဦးကိုတဦးလဲ ရိုင်းပင်းကူညီကြ တယ်၊ ခိုးတဲ့ လုတဲ့သူလဲမရှိဘူး လို့ သူကဆိုပါတယ်။ ဒါက ကျနော် ဂျပန်လူမျိုးဖြစ်ရတာကို ဂုဏ်ယူစေ ပါတယ် လို့လဲပြောပါတယ်။

(အေပီ သတင်းထောက် ရှိနို ယူအဆ နဲ့ ဂျက်ဖ်ဒွန် တို့ရဲ့ ၂၀၁၁ ခု မတ်လ ၂၆ ရက် သတင်းဆောင်းပါး ကို ဘာသာပြန်ပါတယ်။)

မောင်မောင်လှကြိုင်
တိုကျို
၂၀၁၁ မတ်လ ၂၆

1 BURMA SOLDIER - (Burmese)(မှတ်တမ်းတင်ရုပ်ရှင်)


ပြည်သူကိုချစ်တဲ့ တပ်မတော်သားဟောင်းတယောက်ရဲ့ ပေးဆပ်ခဲ့ရမှုတွေကို ဂုဏ်ပြုထားတဲ့ မှတ်တမ်းတင်ရုပ်ရှင်ပါ.. မတ်လ ၁၉-၂၀ , ၂၆-၂၇ မှာ DVB ကနေ ပြသပါတယ်.. (ရုပ်ရှင်အညွှန်း - ခြေတဖက် လက်နှစ်ဖက်ပေးဆပ်ခဲ့ရတဲ့သားကိုတွေ့ တဲ့အချိန် သူ့ အမေရဲ့ အားပေးစကားတွေက ရင်ထဲကိုထိုးနှက် ရှိုက်ငိုခဲ့ရပါတယ်. သူများတွေလက်၂ဖက်နဲ့ တခုခုလုပ်နေတာတွေ့ ရင် သူလဲ လက်နှစ်ဖက် အသုံးပြုချင်စိတ်တွေဖြစ်တယ်ဆိုတဲ့ ကိုမျိုးမြင့်ရဲ့  စကားတွေက နှလုံးသားကို ကြေကွဲရပါတယ်) 
JOIN THE CLANDESTINE RELEASE INTO BURMA - THE PRODUCERS OF BURMA SOLDIER OFFER YOU THE FILM IN BURMESE HERE FREE TO STREAM AND DOWNLOAD - PLEASE PASS TO ALL BURMESE IN AND OUTSIDE OF BURMA

ABOUT THE FILM
Burma Soldier” is the powerful story of a former junta member and Burmese soldier who risks everything to become a pro-democracy activist. The film provides a rare glimpse of a brutal dictatorship seen through the eyes of a courageous former soldier who, quite literally, swapped sides. The documentary offers an exclusive and rare perspective, from inside the heart and mind of a man who lays bare an understanding of a brutal regime and the political and psychological power of the junta over his country. He reaches out to the military asking them to examine their responsibilities as soldiers and to reflect on their duty to protect the people that make up the nation they are sworn to serve

0 ရှမ်းပြည်နယ်မှာ နောက်ဆက်တွဲ ငလျင်တွေလှုပ်


မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံဆုံရာ ရွှေတြိဂံဒေသမှာ ဗဟိုပြုပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့ညပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ရာနဲ့ချီရှိခဲ့ပြီး လူနေအိမ်၊ ဆေးရုံနဲ့ ဘုန်းကြီးကျောင်းတွေ အပါအဝင် အဆောက်အဦး အများအပြား ပျက်စီးခဲ့ရပါတယ်။ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လှုပ်နေတာရှိသလို အပျက်အစီး၊ အသေအပျောက် တိုးလာနိုင်ဖွယ်လည်း ရှိနေပါတယ်။ နောက်ဆုံး အခြေအနေသိရအောင် ဆက်သွယ်စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ရွှေတြိဂံဒေသမှာ ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၇ လောက် ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့တာ နှစ်ရက် ကြာခဲ့ပြီးတဲ့နောက် အသေအပျောက်နဲ့ အပျက်အစီး အများဆုံးရှိခဲ့တဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ် မသိရသေးပေမဲ့ ဒေသခံတချို့ရဲ့ ပြောဆိုချက်အရတော့ အခုနောက်ဆုံး သေဆုံးသူဟာ ၁၃ဝ ကျော်သွားပြီဖြစ်ပါတယ်။ မြန်မာစစ်အစိုးရသတင်းတွေမှာ နောက်ဆုံးဖော်ပြထားတာကတော့ သေဆုံးသူ ၆၅ ဦးနဲ့ ဒဏ်ရာရသူ ၁၁၁ ဦးရှိပြီး လူနေအိမ် ၂၄၄ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနဲ့ အစိုးရရုံး အဆောက်အဦး ၉ ခုအပါအဝင် လမ်း၊ တံတားတချို့ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ကြာသပတေးနေ့ညပိုင်းက အင်အားပြင်းငလျင် ၂ ကြိမ်လှုပ်ခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲ ငလျင်တွေလည်း မကြာခဏဆိုသလို လှုပ်ခတ်နေတုန်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

ကျမတို့ အခုအသံမလွှင့်ခင်လေးတင် မြန်မာစံတော်ချိန် မနက် ၅ နာရီခန့်မှာပဲ တာချီလိတ်မြို့မှာ ပြင်းအားအဆင့် ၅ လောက်ရှိတဲ့ငလျင်ငယ်တခု ထပ်မံ လှုပ်ခတ်သွားတယ်လို့ အမေရိကန်ဘူမိဗေဒနဲ့ မြေငလျင် တိုင်းတာရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ တာချီလိတ်မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“မနက် ၅ နာရီ ၁ဝ မိနစ်လောက်က လှုပ်သွားတယ်။ ကျနော် အိပ်ယာကအထပဲ။ ဟိုတနေ့ ၈ နာရီခွဲ လောက်က လှုပ်တဲ့ဟာလောက် မပြင်းဘူးလေ။ နည်းနည်းတော့ခါသွားတာပေါ့။ ကြောက်နေကြတာပေါ့ဗျာ။ မနေ့ကဆိုလည်း ဈေးတွေ၊ ဆိုင်တွေတောင် မဖွင့်ဘူး။ စိုးရိမ်နေကြတာပေါ့။ ဘယ်လောက်များ ပြင်းပြင်းထန်ထန်ကြီး ထပ်လာဦးမယ်။ ဘယ်လိုကြီးဖြစ်လာဦးမလဲ၊ ဘယ်သူကမှ ဘာမှမသိနိုင်တဲ့ ကိစ္စကြီးကိုး။ မနေ့ကတုန်းကတော့ ရပ်ကွက်ကလာပြောတာပေါ့။ နောက်ဆက်တွဲ ငလျင်လေးတွေလာမယ်။ သတိထားနေကြပေါ့။ အဆောက်အဦးအကြီးကြီးတွေ ဘာတွေရဲ့အောက်မှာ မနေကြနဲ့ပေါ့။ ကွင်းပြင်တို့ ကွက်လပ်တို့မှာ နေကြပေါ့။ အခု တာချီလိတ်မြို့မှာက ဘောလုံးကွင်းဆိုတဲ့ ရှမ်းရိုးမကွင်းထဲမှာ အဲဒီတရားပွဲကလည်း ရှိနေတာကိုး။ တရားပွဲရှိတော့ လူတွေက အဲဒီတရားလည်းနာရင်း အဲဒီမှာ တဲလေးတွေ သေးသေးလေးတွေ၊ မိသားစုတဲလေးတွေ ထိုးပြီးတော့ အဲဒီမှာနေကြတာများပါတယ်။”

တကယ်တမ်းတော့ တာချီလိတ်မြို့ဟာ ငလျင်ဒဏ်အပြင်းအထန် ခံရတဲ့နေရာမဟုတ်ပါဘူး။ အသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံးဟာ တာချီလိတ်မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၃ဝ အကွာလောက်မှာရှိတဲ့ တာလေနဲ့ မိုင်းလင်းကျေးရွာတွေမှာ ဖြစ်ပါတယ်။

“အဆိုးရွားဆုံးနေရာဖြစ်တဲ့ ကျနော်တို့နဲ့ မိုင် ၃ဝ လောက်ဝေးတဲ့ တာလေ တိုက်နယ်ဆေးရုံလေးက ပြိုကျသွားတဲ့အခါကျတော့ ဒီမြို့နယ်ဆေးရုံကို လာတက်ကြတဲ့သူတွေရှိပါတယ်။ တာချီလိတ်မှာ။ တာလေနားက တံတားကြီးက ၅ ပေလောက် နိမ့်ဝင်သွားတယ်လို့ပြောတယ်။ တာလေနားမှာ မြို့အဝင် တံတားကြီးတခုရှိတယ်လေ၊ အဲဒါကြီးက တဖက်က နိမ့်ဝင်သွားတယ်လို့ပြောတာပဲ။ ကားကြီးတွေတော့ သွားမရဘူး။ စက်ဘီးနဲ့ ဆိုင်ကယ်နဲ့ ကားသေးသေးလေးတွေပဲ သွားရတယ်လို့ပြောတယ်။ သူတို့လည်း အားချင်း ပြင်တော့ပြင်နေတယ်လို့ ပြောကြတာပဲ။”

နောက်ထပ် ငလျင်ကြီးတွေ လှုပ်ခတ်လာမှာကိုစိုးရိမ်တဲ့အတွက် တာချီလိတ်မြို့ခံတွေကတော့ နေအိမ်တွေမှာ မနေကြတော့ဘဲ ကွင်းပြင်တွေမှာ ထွက်ပြီးနေကြတယ်လို့လည်း ဒေသခံက ပြောပြပါတယ်။

ရွှေတြိဂံဒေသမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဟာ ထိုင်း၊ တရုတ်နဲ့ ဗီယက်နန်နိုင်ငံ ဟနွိုင်းမြို့တော်တို့အထိပါ ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ကပ်လျက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်းက မြို့နယ်ပေါင်း ၂၃ မြို့မှာ လူနေအိမ် ၅ ထောင်ကျော် ပျက်စီးခဲ့သလို လူပေါင်း ၆၅ဝဝ ကျော် ငလျင်ဒဏ်ခံခဲ့ရတယ်လို့ တရုတ်တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုကားပြီး တရုတ်ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်မြို့မှာလည်း အပျက်အစီးတွေရှိခဲ့ပြီး အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ အပျက်အစီး အသေအပျောက် အများဆုံးရှိခဲ့တယ်ဆိုပေမဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကို သိရဖို့ကတော့ ခက်ခဲနေတုန်းဖြစ်ပါတယ်။

ကုလသမဂ္ဂ ကလေးငယ်များ ကူညီစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့ UNICEF နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ကတော့ ငလျင်ဒဏ်သင့်ဒေသတွေမှာ သူတို့ရဲ့ဝန်ထမ်းတွေကို စေလွှတ်ထားပြီး ဒီအဖွဲ့တွေ အပါအဝင် ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေးအဖွဲ့တွေ အနေနဲ့ ငလျင်ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ စတင်လုပ်ဆောင်ပေးနေပြီလို့ ကုလသမဂ္ဂက မနေ့က သတင်းထုတ်ပြန်ပါတယ်။ ငလျင်ဒဏ်သင့်ဒေသမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ ကူညီထောက်ပံ့ရေးအဖွဲ့တွေရဲ့ ကနဦး လေ့လာတွေ့ရှိချက်တွေအရ မြန်မာနိုင်ငံတွင်းက ငလျင်ဒဏ် အဆိုးရွားဆုံးသင့်ခဲ့တဲ့ဒေသမှာ အနည်းဆုံး အိမ်ခြေ ၄ဝဝ နဲ့ ဆေးရုံတခု ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ကြာသပတေးနေ့ညဦးပိုင်းက အင်အားကြီးငလျင် လှုပ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်း နောက်ဆက်တွဲ ငလျင်ငယ် ၆ ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့သလို ပျက်စီးဆုံးရှုံးမှုတွေ ပိုများလာနိုင်တယ်လို့လည်း ကုလသမဂ္ဂအဖွဲ့တွေက ပြောပါတယ်။

အခု အင်အားပြင်း မြေငလျင် ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့ဆုံရာ ရွှေတြိဂံဒေသဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး အထုတ်လုပ်ဆုံးနေရာတခုပဲ ဖြစ်ပါတယ်။ အခုငလျင်ကြောင့် မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာပါ လမ်း၊ တံတားတွေနဲ့ ဆက်သွယ်ရေးတွေ ထိခိုက်ပျက်စီးခဲ့တာကြောင့် မူးယစ်ဆေး ထုတ်လုပ်မှု၊ ကုန်သွယ်မှုတွေနဲ့ ရောင်းဝယ်ဖောင်ကားမှု လုပ်ငန်းတွေမှာ ထိခိုက်ကောင်းထိခိုက်သွားနိုင်တယ် လို့ Christian Science Monitor သတင်းမှာ ဖော်ပြထားပါတယ်။
(V0A)Photo.. Rruters, getttyimages

Friday, March 25, 2011

0 “စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း၁),အပိုင်း(၂),အပိုင်း(၃) - မျိုးမြင့်ချို

မိတ်ဆွေများခင်ဗျား ကျနော်အခုဒီခေါင်းစဉ်နဲ့ အာရ်အက်ဖ်အေကနေ အပတ်စဉ်ဗုဒ္ဒဟူးနေ့တိုင်း မြန်မာစံတော်ချိန် ည ၇ နာရီအစီအစဉ်မှာ ထုတ်လွှင့်နေပါပြီ။ ဒါကတော့ ၃ လပိုင်း ၉ ရက်နေ့ ည ၇နာရီမှာ စထုတ်လွှင့်သွားတဲ့အပိုင်းဖြစ် ပါတယ်။ နောက်ပိုင်းအစီအစဉ်တွေကိုလည်း တင်ပေးနိုင်အောင် ကြိးစားပါ့မယ်။ (မျိုးမြင့်ချို)

စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း၁)

၁၉၈၄ ခုနှစ် ဖေါ်ဝါရီလ ၁၈ ရက်၊ မနက် ၁ဝ နာရီ ၁၈ မိနစ်။ “ဝုန်း” ကနဲပေါက်ကွဲသံနဲ့အတူ ကျနော့်တကိုယ်လုံး မြင်းကန်ခံလိုက် ရသလို လွင့်ထွက်သွားပါတော့တယ်။ မျက်စိတွေပြာပြီး ပတ်ဝန်းကျင်တခုလုံး ယမ်းငွေ့ကန့်လန့်ကာ ဖုံးချလိုက်သလို မှောင်အတိ။ မြေကြီး ပေါ် “ဘုန်း”ကနဲ ပက်လက်ပြန်ကျကျချင်း "ဟ..ငါဘာဖြစ်တာပါလိမ့်" လို့ ကျနော် ချက်ချင်းမတွေးမိသေးဘူး။ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့ ဖြစ်မှန်းလည်းမသိဘူး။ အားယူပြီး အတင်းကျုံးထမယ်လုပ်တော့မှ ညာခြေထောက်က ဆတ်ကနဲလေထဲမြောက်တက်လာတာ။ တကယ့်ကို ပေါ့ပေါ့လေး။ ခြေထောက်ကိုကြည့်လည်းကြည့်လိုက်ရော ဒူးဆစ်အောက်ကနေပြတ်ထွက်သွားပြီ။ “ဟာ…ငါ့ ခြေထောက် ပြတ်သွားပါလား” ဆိုတာကိုလည်း အဲတော့မှသိလိုက်ရတာ။ ပြီးလည်းပြီးရော လူက သွေးရူးသွေးတမ်းနဲ့ ဟိုကြည့်ဒီကြည့်တွေ လိုက်ကြည့်မိတယ်။ ကျနော်နဲ့ ၄ ကိုက်လောက်မရှိတရှိ၊ ယမ်းငွေ့တွေကြား၊ တောစီးဖိနပ်စွပ်ရက်သား ပြတ်နေတဲ့ခြေတဖက်က မြေကြီးပေါ်မှာကျလို့။ ကျနော့်အကြည့်က ကိုယ်မှာ ကျန်နေသေးတဲ့ ခြေထောက်တဖက်ဆီကို ပြန်ရောက်လာတယ်။ အသားစတွေကဖွာလန်ကျဲလို့။ တိုးလို့တွဲလောင်း၊ သက်ကယ် ခြောက်တွေ မြေကြီးခဲအစအနတွေက သွေးတွေနဲ့ကပ်ပြီးမြင်မကောင်း။ သွေးတွေပန်းထွက်နေတဲ့ ငုံးတိတိခြေပြတ်ကြီးက တဆတ်ဆတ်နဲ့ တုန်နေတယ်။ ဆက်တိုက်ဆိုသလိုပဲ စက်လတ်အတွဲလိုက်ဆွဲချသံတွေ ညံထွက်လာတယ်။ ကျည်ဆန်တွေ ကျနော်လဲကျနေတဲ့နေရာနဲ့ ၃ ကိုက်လောက်မှာ လာလာထောက်နေပါလား။ မဖြစ်သေးဘူး “မှောက်မှ”ဖြစ်မယ် ဆိုတဲ့အသိနဲ့ ကျနော် ညာဘက်ကို စောင်းချလိုက်တယ်။ ဒီ တော့မှ ညာဘက်လက်ကိုလည်း တွေ့လိုက်ရတော့တာ။ ညာလက် တတောင်ဆစ်အောက် ကနေ ပြတ်ထွက်သွားပါရောလား။ စိတ်ထဲက “ဟာ” လို့ အော်လိုက်မိတယ်ထင်တာပဲ။ ပြတ်ထွက်သွားတဲ့ညာလက်ကို ဘယ်လက်နဲ့ဆွဲပွေ့၊ ရင်ဘတ်ပေါ်ဆွဲကပ်၊ ပြီးတော့ ကုန်းစောင်း အတိုင်း ကျနော်လှိမ့်ချလိုက်တယ်။ တခုခုနဲ့တိုက်မိပြီး အရှိန်သေသွားတော့မှ လက်နှစ်ဘက်လုံးရင်ဘတ် အောက်ထိုးထဲ့ပြီး ငြိမ်နေ လိုက်တယ်။ လူလည်းတော်တော့်ကိုမောနေတယ်။ သတိတော့မလစ်ဘူး။ ဘာဖြစ်သွားတာလဲ။ ဘာတွေဖြစ်နေတာလဲ မသိသေးဘူး။ လူသံ၊ အော်သံဟစ်သံ၊ ပစ်သံခတ်သံတွေနဲ့ နားတွေအူပြီး တလောကလုံး ငရဲပွက်နေမှန်းတော့သိနေတယ်။

အရှင်လတ်လတ်မီးမြှိုက်ခံရတဲ့အတိုင်း ကျနော့်တကိုယ်လုံးပူနေတယ်။ နာတော့မနာဘူး။ နောက်တော့ တယောက်ယောက် ကျနော့် ကိုပွေ့ချီလိုက်တယ်။ စုတ်သပ်သံလိုလို၊ ငြီးတွားသံလိုလိုအသံတွေ၊ “ဒီမှာဒီမှာ.” ဆိုတဲ့အသံတွေက နားထဲဗလုံးဗထွေးဝင်နေတယ်။ တ ယောက်ယောက်က “ဘယ်ဘက်လက်..ဘယ်ဘက်လက်” လို့ ပြောသံကြားတယ်။ ဘာပါလိမ့်ဆိုပြီး ဘယ်လက်ကို ကြည့်လိုက်တော့မှ.. ဘယ်လက်ချောင်းတွေကြေမွနေတာ၊ လက်သူကြွယ်လေးက ပြတ်ထွက်မသွားသေးပဲအရေပြားတန်းလန်း လှုပ်တုပ်လှုပ်တုပ်ဖြစ်နေတာ၊ ကိုယ့် အသားကို ကျပ်ကျေးနဲ့တရွှပ်ရွှပ်ညှပ်နေတာကိုလည်းသိနေတယ်။ မေ့ဆေးမရှိ။ ထုံဆေးမရှိ။ အစိမ်းလိုက်။ ၁ဝ မိနစ်လောက်ရှိတော့ စနာ လာပြီ။ စစချင်းတော့ ခပ်ဖြည်းဖြည်း။ နောက်တော့ တကိုယ်လုံးနေရာအနှံ့။ မခံနိုင်တော့ဘူး။ အခုနေ သေသွားရင်ကောင်းမှာပဲလို့ ကျနော် တွေးမိလိုက်တယ်။

“မင်း..ဘယ်နေ့ စစ်ကြောင်းပါတယ်။ ခ.လ.ရ(၉)နဲ့။ စစ်ကြောင်း (၂)။ စီစီဝမ်တာပန်။ အီကွပ်မင်န့်ပြင်ထား” လို့ ခွဲအရာခံဗိုလ် ရုံးက ခေါ်ပြောတဲ့အချိန်က ကျနော့်စိတ်တွေ ပုံမှန်အတိုင်းပါပဲ။ ကျနော်က စစ်ကြောင်းကြောက်သူမဟုတ်။ ကျနော်တို့ စစ်မြေပြင် အင်္ဂျင်နီယာတပ် တွေမှာ တိုင်းလက်အောက်ခံတပ်တွေကို တိုင်းတပ်တွေလို့ခေါ်ပြီး၊ တပ်မလက်အောက်ခံတပ်တွေကိုတော့ တပ်မတပ်တွေလို့ခေါ်ပါတယ်။ ကျနော့်တပ်က အမှတ်(၉ဝ၉)စစ်မြေပြင်တပ်ခွဲ(အင်္ဂျင်နီယာ)။ တပ်မ (၉၉)လက်အောက်ခံတပ်ခွဲ။ တပ်ခွဲမှူးက ဗိုလ်မှူးဇော်ဝိတ်။ တပ်မ(၉၉) နောက်တန်းဋ္ဌာနချူပ်က မိတ္ထီလာမှာ၊ ရှေ့တန်းဋ္ဌာနချူပ်ကတော့ ကွတ်ခိုင်။

ကျနော်တို့က(၉၉) လက်အောက်ခံတပ်တွေနဲ့တွဲပြီး ရှေ့တန်းထွက်ရတာကို “စစ်ကြောင်းပါတယ်” ၊ (၉၉)လက်အောက်ခံ ဗျူဟာ(၃) ခုနဲ့တွဲရတာကိုတော့ “ဗျူဟာပါတယ်”လို့ခေါ်ပြီး၊ ရှေ့တန်းတပ်မဋ္ဌာနချူပ်နဲ့ သွားတွဲရတာကိုတော့ “တပ်မပါတယ်” ဆိုပါတယ်။ ဗျူဟာတို့ တပ်မတို့ပါတယ်ဆိုရင်တော့ အေးအေးဆေးဆေးပါပဲ။ နောက်တန်းကလူတွေနဲ့ အဆက်အသွယ်မပြတ်။ တခြားအကြံအဖန်လေး ဘာလေးလည်း ရသေးတယ်လေ။ အိမ်ထောင်သည်တွေကျတော့ ယဉ်တန်းကြုံရှိရင် နောက်တန်းကမိန်းမတွေလိုက်လာပြီး ခဏတဖြုတ်အတူနေလို့ လည်းရတယ်။ မိန်းမတွေအပြန်မှာ တရုပ်ပစ္စည်းလေးတွေ ဝယ်ထဲ့ပေးလိုက်၊ မန္တလေးကျ ပြန်ရောင်း၊ အမြတ်ကလေးစို့စို့ပို့ပို့။ လူပျိုတွေကျတော့လည်း မြို့နားမြို့ပေါ်နေရင်း မိန်းမပိုးချိန်ရည်းစားရှာချိန်လည်းရ။ “ဗျူဟာတပ်မ”တွဲရင်း တိုင်းရင်းသူတွေနဲ့ညားကုန်ကြတဲ့ လူပျိုတွေ လည်းအများသားပေါ့။ ဆိုတော့ “တပ်မဗျူဟာ”ဆိုရင် လိုက်ချင်သူပေါတာဘာမှမဆန်း။ “စစ်ကြောင်းပါတယ်”ဆိုရင် မျက်နှာမသာ။ သေဖို့၊ ဒဏ်ရာရဖို့ ပိုနီးတာကိုး။ ဒါ့ကြောင့် တပ်မှူးက အကြပ်တပ်သားတိုင်းကို “စစ်ကြောင်းနဲ့တပ်မဗျူဟာ” အလှည့်ကျထဲ့ပေးရမယ်ဆိုပြီး အမိန့် ထားရတာပေါ့။ တပ်မဗျူဟာဆိုတာက လူကြီးနားနေရတာဆိုတော့ လူရွေးတိုင်းဖြစ်နိုင်သမျှ အသောက်အစားကင်းသူတွေကို ဦးစားပေးရွေးရမယ်လို့ ကန့်သတ်မိန့်တော့ရှိတယ်။ ကျနော်က မကင်းဘူး။ မူးလာရင်နည်းနည်းလည်း “ရစ်”တတ်သေးတယ်။ ဆိုတော့ ကျနော့်စစ်သက်တလျှောက်လုံး “တပ်မဗျူဟာ” တခါမှမပါခဲ့ဖူးဘူး။ “မပါနိုင်မယ့်အတူတူဆိုပြီး” ကျနော်က စစ်ကြောင်းပဲတောင်းလိုက်တာပေါ့။ တပ်ရင်းတရင်းရှေ့တန်းထွက်ပြီဆိုရင် ကျနော်တို့ စစ်အင်္ဂျင်နီယာ၊ ဆက်သွယ်ရေးနဲ့ ဆေးတပ်သား ၄ ဦးစီတွဲပြီး လိုက်ရပါတယ်။ ရှေ့တန်းရောက်ပြီဆိုတာနဲ့ စစ်ကြောင်း ၂ ကြောင်းပြန်ခွဲ။ တွဲဘက်စစ်သည်တွေလည်း တကြောင်းမှာ ၂ ယောက်စီပြန်ခွဲ။ ဒီလိုနဲ့ ဒီတပတ်လည်း အရင်တပတ်လိုပေါ့လေ။ ကျနော့်အတွက်တော့ သိတ်မဆန်းပါဘူး။

သွားရမယ့်နေရာက စီစီဝမ်တာပန် မဆုတ်တမ်းခံစစ်စခန်းတဲ့။ ကျနော်ရောက်ဖူးချင်တဲ့စခန်း။ စစ်တိုင်းအလိုက်အရပြောရင် အရှေ့ မြောက်ဒေသ။ မြန်မာပြည်မြေပုံအရပြောရင် ရှမ်းပြည်မြောက်ပိုင်း။ ကွတ်ခိုင်နဲ့မူဆယ်အကြား။ မိုင်းယု(၁ဝ၅) မိုင်ရောက်ရင် ယဉ်တန်းကဆင်း ၈ နာရီလောက်လျှောက်ရင် စီစီဝမ်တာပန်အောက်ခြေက ရွာကိုရောက်ပြီ။

“အဲဒါပဲ..စီစီဝမ်တာပန်ဆိုတာ”။ ဆိုတဲအသံကြောင့် ကျနော်လှမ်းကြည့်ဖြစ်လိုက်တယ်။ လွင့်နေအောင်မြင့်တဲ့ ညိုမှောင်မှောင် တောင်တန်းကြီး။ စတက်လိုက်တာနဲ့ အရင်ဆုံးရောက်တာက တင်ရွှေကုန်း။ ဗ.က.ပနဲ့ မီးကုန်ယမ်းကုန် တိုက်ခဲ့တဲ့ပွဲတပွဲမှာ စစ်တပ်ကကျခဲ့တဲ့ ဗိုလ်ကြီးတင်ရွှေကိုဂုဏ်ပြုပြီး ဒီကုန်းက “တင်ရွှေကုန်း”ဖြစ်လာတာပါ။ တပ်စု ၂ စုစာအင်အားနဲ့ တပ်ခွဲမှူးရုံးစိုက်ထားတယ်။ အဲဒီကနေ ဆက်တက်ရင် တပ်စိတ်တွေလောက်ထားတဲ့ ကြားစခန်း(၁-၂-၃-၄)။ စစ်ကြောင်းမှူးရုံးထိုင်ရာ ဘိန်းမုန့်ကုန်း။ နောက်တော့ တပ်ခွဲမှူးရုံးနဲ့တပ်စု ၂ စု ထိုင်တဲ့ ဇော်ဝင်းကုန်း။ ဘိန်းမုန့်ကုန်းရဲ့ညာဘက်မှာ အရံခံစစ်စခန်းငယ် (၄) ခု။ အားလုံးကို တစုတည်းအနေနဲ့ပြောတော့ စီစီဝမ်တာပန်။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အသေအကြေတိုက်ယူပြီးနောက်ပိုင်း မဆုတ်တမ်းခံစစ်အဖြစ် တပ်ထောင်တာဗိုလ်ထုနဲ့ စီးနင်းထားရာစိုးမိုးကုန်း။ မူဆယ်လားရှိုးလမ်းမကြီးရဲ့ အချက်အခြာဒေသ။

ဘိန်းမုန့်ကုန်းရဲ့တဖက်တချက်မှာ စီစီဝမ်နဲ့တာပန်လို့ ခေါ်တဲ့ ရွာပျက်ကြီး ၂ ခု။ တချိန်က ဒီရွာတွေမှာကြားခဲ့ရမယ့် မောင်းထောင်းသံ၊ ကလေးအော်သံခွေးခေါ်သံ၊ တေးချင်းဆိုသံ၊ လူပျိုလှည့်သံ၊ ကြက်တွန်သံတွေတော့မရှိတော့။ မကြားရတော့။ ဒီနေရာမှာအရင်တုန်းက လူ တွေနေခဲ့ဖူးတယ်လို့ သက်သေပြစရာတချို့ကလွဲလို့ ပကတိတိတ်ဆိတ်ခြင်းမင်းမူနေတဲ့ သုဿန်တစပြင်ကြီးလို။ မီးကျွမ်းအိမ် တိုင်ငုတ်တိုတွေ၊ ကျည်ဆံရာဗလပွ ပင်စည်တွေ၊ အရာရာအလှမဲ့နေတဲ့ စစ်မက်အနိဋ္ဌာရုံတွေပြွမ်းနေတဲ့ စီစီဝမ်တာပန်။

စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း၂)

ကျနော် အဲဒီရွာပျက်ကြီး ၂ ခုကိုကြည့်ပြီး၊ ဗမာပြည်မှာ စီစီဝမ်တာပန်တွေ ဘယ်လောက်များနေပြီလဲလို့ တွေးနေမိတယ်။ မြေပုံပေါ် မှာပဲရှိနေတော့ပြီး မြေပြင်ပေါ်မှာမရှိတော့တဲ့ရွာပျက်တွေ ကျနော်အများကြီးတွေ့ဖူးပါတယ်။ လူဆိုတာ ကိုယ်ချက်မြှုတ်ရာ ကိုယ့်ဇာတိမှာ ခေါင်းချချင်မှာပဲလို့လည်း တွေးမိသေးတယ်။ အခြေအနေအရ ခေါင်းချရာနဲ့ချက်မြှုတ်ရာ လွဲရတော့မယ်ဆိုရင်လူတွေဟာ အိမ်ကိုလွမ်း၊ ရွာကို လွမ်း၊ ပြည်(ပြေ)ကိုလွမ်း၊ မြေကိုလွမ်း၊ လွမ်းတတ်ကြတာကိုး။ စီစီဝမ်တာပန်သားတွေလည်း ဒီအတိုင်းပဲနေမှာပေါ့။ ကျနော့်စိတ်က စီစီဝမ်တာပန်သားတွေဆီကနေ နာ့အော်ကြီး-နာ့အော်လေး က ရွာသားတွေဆီကို ရောက်သွားပါတယ်။

နာ့အော်ကြီး-နာ့အော်လေးဆိုတဲ့ရွာတွေက နမ္မတူခရိုင်၊ မန်တုံဂွင်ထဲကရွာတွေပါ။ ရှမ်းပြည်မှာ ရှမ်းလူမျိုးတွေသာမက လူမျိုးစုံနေကြ တာပါ။ ဂွင်အလိုက်အများစု နေတတ်ကြတဲ့ပုံစံမျိုးလည်း ဖြစ်ပါတယ်။ မန်တုံဂွင်မှာတော့ ပလောင်က အများစုဖြစ်မယ်ထင်ပါတယ်။

ကျနော် ဒီဂွင်ကို ခ.လ.ရ (၄) (မန္တလေး) ပုသိမ်ကြီးကတပ်နဲ့တွဲတုန်းက ရောက်ခဲ့တာပါ။ တပ်ရင်းမှူးက ဒုဗိုလ်မှူးကြီး မောင်မောင်စိုး။ ဒုရင်းမှူးအပါအဝင် တခြားသူတွေကို ကောင်းကောင်းမမှတ်မိတော့ပေမဲ့ တပ်ခွဲမှူးဗိုလ်ကြီးလှမြင့်ကိုတော့ အခုထက်ထိမှတ်မိနေတုန်းပါပဲ။ အသားညိုညို၊ လူကောင်ထွားထွား၊ ကျောက်ပေါက်မသဲ့သဲ့၊ စကားပြောရင် ကျယ်ကျယ်ကြမ်းကြမ်း။ မူးလာရင် “ဗ.က.ပအသဲ မီးကင်စား လာတဲ့ကောင်ကွ” လို့ အမြဲပြောတတ်သလို၊ အမြဲလိုလိုလည်း မူးနေတတ်ပါတယ်။ တပ်ရင်းမှူးရဲ့ညာလက်ရုံးလို့လည်း ပြောသံကြားရရဲ့။

နာ့အော်လေးကို စစ်ကြောင်း ဝင်ခါနီးတော့ ရင်းမှူးကကျနော့်ကို ပွိုင့်တပ်ခွဲနဲ့လိုက်ဖို့ပြင်ခိုင်းပါတယ်။ စစ်အင်္ဂျင်နီယာဆိုတာက တိုက် စစ်မှာရှေ့ဆုံးက၊ ခွာစစ်ကျတော့နောက်ဆုံးကနေ ဖြစ်ပါတယ်။ တိုက်စစ်မှာ မိုင်းရှင်းရတာ၊ ခံစစ်စည်းရိုးဖေါက်ခွဲပေးရတာမျိုးတွေ လုပ်ရသလို။ ခွာစစ်မှာ ကိုယ့်နောက်က ရန်သူလိုက်မလာနိုင်အောင် မိုင်းထောင်တာ၊ တံတားချိုးတာ၊ လမ်းဖျက်တာတွေလုပ်ရပါတယ်။ ၂ ခုစလုံးက သေ မင်း နှုတ်ခမ်းနမ်းရသလိုမျိုးပါ။ ဒါနဲ့ ကျနော်လည်း သေနတ်၊ အီကွင့်ပ်မင်န့်၊ မိုင်းရှာစက်တွေပြင်ပြီး ပွိုင့်တပ်ခွဲမှူးဆီ သတင်းသွားပို့ပါတယ်။ “ဟေ့ကောင် ဘီအီး.. မင်းစစ်တိုက်ဖူးလား” လို့ မေးတော့ ကျနော်က “မတိုက်ဖူးဘူး..ဗိုလ်ကြီး” လို့ ပြန်ဖြေလိုက်ပါတယ်။ “အေး..ဒါဆို ပွိုင့် တပ်စုသွား၊ စုမှူးကိုသတင်းပို့၊ သူခိုင်းတဲ့အတိုင်းလုပ်၊ ရွာထဲမှာရန်သူရှိတယ်၊ ကြားလား” တဲ့။ ကျနော်လည်း နည်းနည်းတော့လန့်သွားတယ်။ ရွာထဲမှာရန်သူရှိတယ်ဆိုပါလား။

ပွိုင့်တပ်စုမှူးက အလုပ်သင်ဗိုလ်။ စစ်တပ်မှာ အလုပ်သင်ဗိုလ်တွေကို ဗိုလ်လေးလို့ခေါ်ရပါတယ်။ အဲဒီဗိုလ်လေးက စစ်ဗိုလ်ပုံထက် လမ်းသရဲပုံပိုပေါက်ပါတယ်။ ပစ္စတိုလ်ကိုလည်း ကောင်းဘွိုင်မင်းသားလို ခါးမှာတို့လို့တွဲလောင်းချိတ်လို့။ ကျနော် သူ့ကိုသတင်းပို့တော့ တပ်စု တပ်ကြပ်ကြီး ရိုင်းဗဟာဒူးကိုခေါ်ပြီး “သူလိုတာလုပ်ပေးလိုက်.ဆရာကြီး” ဆိုပြီး အပ်လိုက်ပါတယ်။ ရိုင်းဗဟာဒူးက တည်ငြိမ်အေးဆေးတဲ့ပုံပါ။ “စားပြီးပြီလား၊ မစားရသေးရင်ရော့”ဆိုပြီး ကောက်ညှင်းထုတ် တထုတ်ပေးတယ်။ ကျနော်က “မစားတော့ပါဘူးဆရာကြီး”ဆိုတော့ “ရော့.. တခွက်နှခွက်လောက်တော့ချထား၊ အထိအတွေ့ဘာမှမရှိရင်တော့ ဆက်ထွက်မယ် ထင်တာပဲ” ပြောပြီး ဗူးတဗူးပေးတယ်။ ဒါနဲ့ ကျနော်လည်း ၃ ပက်စာလောက် တချက်တည်းမော့ချလိုက်တယ်။ သွေးပူပြီး လူလည်းဖျတ်ဖျတ်လတ်လတ် ဖြစ်သွားပါတယ်။

အချိန်က နေ့လည်တနာရီလောက်ရှိနေပါပြီ။ ကျနော်တို့ပွိုင့်တပ်စုလည်း ရွာနားကပ်နေပါပြီ။ ရွာစွန်ကအိမ်တချို့နဲ့ ရွာ့နောက်ပိုင်း တောင်စောင်းက အိမ်တွေကိုလည်းရှင်းရှင်းမြင်နေရပါပြီ။ ရွာထဲက ဆန်ကြိတ်စက်အင်ဂျင်သံနဲ့ အတူ ခွေးဟောင်သံသဲ့သဲ့လည်းကြားနေရ ပါ ပြီ။ ရွာထဲကလူတွေ ကျနော်တို့ ရွာခြေမှာကပ်မိနေပြီဆိုတာကို သိ/မသိတော့ ကျနော်လည်းမပြောတတ်ပါဘူး။ ရိုင်းဗဟာဒူးက ရှေ့ကသွားနေ တဲ့တပ်စိတ်မှူးကို လမ်းဘေးကိုဖဲ့ဆင်းဖို့ လှမ်းအချက်ပြလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ ရွာစပ်ချုံကွယ်တွေကြားက သေနတ်သံတွေ “ဝေါ” ကနဲ ထွက်ချလာပါတော့တယ်။ ကျနော်လည်း ဖျတ်ကနဲ ဝမ်းလျားမှောက်ချလိုက်တယ်။ ပွိုင့်တပ်စိတ်ကနေ ပြန်ပစ်သံတွေလည်း ဆူညံပွက်သွားတာပဲ။ သေနတ်ကိုသာ လက်ကတင်းတင်း ဆုတ်ထားပေမယ့် ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ်။ ရင်တွေကတော့ တဒိုင်းဒိုင်းခုန်နေပါတယ်။ ကျနော့် ပတ်လည်မှာတော့ “တက်..တက်” အော်သံတွေ မော်တာလောင်ချာသံတွေ သေနတ်သံတွေယမ်းနံ့တွေ ဆူညံမွှန်ထူနေပါတယ်။ ၁၅ မိနစ်လောက်ကြာတော့ တဘက်က ပစ်ခတ်သံတွေ ဖြည်း ဖြည်းချင်းဝေးဝေးသွားပါတယ်။ ကျနော်တို့တပ်စုလည်း ရှေ့ကိုတဖြည်းဖြည်းတိုးလိုက်လာပါတယ်။ ကျနော်တို့တစုလုံး ရွာထဲရောက်သွားတော့ တဘက်ကသေနတ်သံတွေက ရွာအစွန်တောင်ကုန်းတွေပေါ်ရောက်သွားပြီ။ သဘော ကတော့ ရွာကိုကျနော်တို့စီးမိလိုက်ပြီပေါ့။ ကျနော်တို့ ဘက်မှာ အထိအခိုက်ရှိမှန်းတော့သိလိုက်ပါတယ်။ ဒါပေမယ့် ဘယ်သူလဲ ဘယ်နှယောက်လဲဆိုတာတော့ ကျနော်မသိ။

တပ်စုမှူးက ကျနော့်ကို “ဘီအီး..မင်းပွိုင့်စိတ်နဲ့လိုက်သွား” လို့ပြောပြီး ပွိုင့်တပ်စိတ်ကို “ဆန်စက်နဲ့ရွာလယ်လမ်းကိုဝင်ရှင်း” ဆိုပြီး တဆက်တည်းအမိန့်ပေးပါတယ်။ တပ်စိတ်မှူးကိုကြည့်လိုက်တော့ လက်ဖျံနဲ့ပေါင်မှာ ထိထားပုံပဲ။ သွေးတွေလည်းရွှဲလို့။ ဒေါသလည်း ဖြစ်နေပုံ ပါပဲ။ “ကျုပ်တို့အခု အရင်ဆုံးဆန်စက်ကိုဝင်စီးမယ်၊ အထဲရောက်မှကြည့်ကျက်လုပ်တာပေါ့။ အရင်ဆုံးအထဲရောက်ဖို့လိုတယ်” လို့ပြောပြီး ရှေ့ဆုံးကနေ ကာဘိုင်နဲ့ပစ်ရှင်းရှင်းပြီး တံခါးကိုဆောင့်ကန်ထည့်လိုက်ပါတယ်။ တံခါးလည်းပွင့်ရော သူ့ နောက်ကရဲဘော် ၂ ယောက်နဲ့အတူ အိမ် ထဲကိုဒလောဟော ပစ်သွင်းတော့တာပါပဲ။ ကျနော်က သူတို့ဘေးမှာရပ်လျက်သား။ နောက်တော့ “ဝင်..ဝင်”ဆိုပြီး သူကအရင် အိမ်ထဲဝင်ချ လိုက်ပါတယ်။ ဘာသံမှမကြားရပဲတိတ်ဆိတ်နေပုံကြီးကစိတ်ချောက်ခြားစရာကြီးပါပဲ။ ရှေ့ဘက်အခန်းရှင်းအပြီး သေနတ်ကိုယ်စီနဲ့ နောက်ဖက်အခန်းကို ဝင်လိုက်တယ်ဆိုရင်ပဲ ရေဖြည့်ထားတဲ့ရာဝင်အိုးကြီးတွေနောက်က ရုတ်ကနဲအရိပ်ကနဲတခုအလှုပ်၊ ကျနော်ကြမ်းပြင်ပေါ် မှောက်အချ၊ တပ်စိတ်မှူးသေနတ်ပြောင်းက ကျည်ဆန်တွေဝေါကနဲ ထွက်အလာ။ အားလုံး ဝရုံးသုန်းကား ဖြစ်သွားပါတော့တယ်။

စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၃) မျိုးမြင့်ချို

အဲဒီဝရုန်းသုန်းကား သေနတ်သံ၊ စဥ့်အိုးကွဲသံတွေကြားကပဲ “အား” ကနဲအော်သံနဲ့အတူ လူတယောက် အရုပ်ကြိုးပြတ်လဲကျသွား တာကိုပါ ကျနော်မြင်လိုက်ရတယ်။ အသံတွေပြန်တိတ်သွားတယ်။ စဥ့်အိုးနောက်က ညည်းသံတဟင်းဟင်းကြားနေရတယ်။ ကျနော် လူးလဲ ထလိုက်ပြီး တပ်စိတ်မှူးနောက်က ကပ်လိုက်သွားပါတယ်။ ဒီတော့မှ သွေးအိုင်ထဲမှာ ပက်လက်ကြီးလဲကျနေတဲ့ မိန်းမတယောက်။ သူ့ဘေးမှာ မှောက်ခုံလေးလဲကျနေတဲ့ ကလေးတယောက်။ ကလေးက သွေးအိုင်ထဲမှာဓါတ်လိုက်နေသလို တကိုယ်လုံး ဆန့်ငင်ဆန့်ငင်နဲ့ တုန်နေတယ်။ ကျနော့်ဘေးက ရဲဘော်တယောက်က ကလေးကိုပခုံးကနေ ခပ်ကြမ်းကြမ်းကိုင်ပြီး ပက်လက်ဆွဲလှန်ချလိုက်တယ်။ မျက်လုံးတွေပိတ်နေပြီ။ ရင်ဘတ်နဲ့ခေါင်းတခုလုံး သွေးတွေနစ်နေတာပဲ။ အဲဒီနေရာတွေကိုချည်းပဲ ထိသွားပုံရတယ်။ ကြည့်နေတုန်းမှာပဲ ကလေးကတဖြည်းဖြည်း ငြိမ်ကျသွားတယ်။ မလှုပ်မရှက် ပက်လက်ကလေး။

ကလေးရဲ့ဘေး ကြမ်းပြင်ပေါ်ပက်လက်လဲကျနေတဲ့ မိန်းမဘက်ကို ကျနော်ကြည့်လိုက်တယ်။ သူ့ရင်ဘတ်မှာထိထားတာတွေ မြင်နေ ရတယ်။ အပေါ်ပိုင်းတခုလုံးသွေးတွေရွှဲနေတာ မြင်မကောင်းဘူး။ အားယူပြီးထထိုင်ဖို့လုပ်လိုက် ပြန်လန်ကျသွားလိုက်နဲ့ ဖြစ်နေတယ်။ သူ့ဘေး မှာတော့ ပစ်ချလိုက်တဲ့တပ်စိတ်မှူးက သေနတ်ကိုင်ပြီး မတ်တပ်ကြီးကြောင်နေတယ်။ ဘာမှလည်းမပြောဘူး။ ရုတ်တရက် ဆွံ့အသွားတဲ့လူတယောက်လိုပဲ သူ့ကိုကြည့်ရတာ။ ကျနော်က မိုင်းရှာစက်နဲ့သေနတ်ကိုဘေးချလိုက်ပြီး အဲဒီမိန်းမကိုပွေ့ထူဖို့ သူ့ကျောအောက် လက်လျှိုလိုက် တော့ လက်တခုလုံးစေးထန်းထန်းနဲ့ နွေးကနဲဖြစ်သွားတယ်။ အတင်းပွေ့ထူပြီး ထိုင်ပေးဖို့၃-၄ခါလောက် လုပ်တာတောင်မရဘူး။ သေတော့ မသေသေးပါဘူး။ ဒါနဲ့ သူ့ကို သေသေချာချာကြည့်လိုက်တယ်။ ဗိုက်က ကွဲပြီး ပွင့်ထွက်နေတယ်။ မိန်းမက သူ့ဗိုက်ကို၊ အဲဒါကြီးကို လက်တဘက်နဲ့ တအားဖိထားတယ်။

ကျနော်က ဒီလက်တောင့်ခံနေလို့ ထူမရတာဖြစ်မယ်ထွက်ပြီး သူ့လက်ကို ဇွတ်ဖယ်ထုတ်တယ်။ သူက တင်းခံထားတယ်။ ကျနော်က ပိုအားစိုက်ပြီး ထပ်လုပ်တယ်။ သူကလည်း ပိုပြီးလက်ကိုတောင့်ခံထားတယ်။ ဒါနဲ့ ကျနော်သူ့ဗိုက်ကို သေသေချာချာထပ်ကြည့်တယ်။ အမျိုးသမီးက ကိုယ်ဝန်ကြီးနဲ့ကိုး။ ကျနော်လည်း ဘေးကကြောင်ကြည့်နေတဲ့ တပ်ကြပ်ကို “ဟေ့လူ..ဘာလုပ်နေတာလဲ၊ နည်းနည်းကူဦး လေ” ဆိုတော့မှ သူလည်း အသက်ပြန်ဝင်လာတဲ့လူလို လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ မိန်းမဆီက အသံထွက်လာတယ်။ သတိပြန်လည် လာသလို မျက်လုံးတွေပွင့်လာတယ်။ ပါးစပ်ကလည်း ဗမာလိုပီပီသကြီး “မလုပ်ပါနဲ့.မလုပ်ပါနဲ့.ကလေးကိုမသတ်ပါနဲ့” လို့အော်ပြီး အတင်းရုန်းးထလိုက်တာ မတ်တပ်ရပ်မိသွားတယ်။ ကျနော်ဘာလုပ်ရမှန်းမသိပဲကြောင်နေတုန်း အဲဒီမိန်းမ ဗိုင်းကနဲပြန်လဲကျသွားတယ်။ ပြန်ထဖို့လုပ်တယ်။ ကျနော်က သူ့ကို ရင်ဘတ်ကနေဖိပြီး ထမရအောင်လုပ်ထားရတယ်။ ပြန်ထမိရင်ပြန်လဲကျမှာလည်း စိုးနေတယ်။

အဲဒီအချိန်မှာပဲ တပ်စုမှူးရောက်ချလာတယ်။ သေနေတဲ့ကလေးကို၊ ကျနော့်ကို၊ မိန်းမကို၊ တပ်စိတ်မှူးကို တလှည့်စီကြည့်လိုက်တယ်။ အခြေအနေကို သဘောပေါက်သွားပုံရတယ်။ တပ်စိတ်မှူးကိုပြန်ကြည့်ပြီး “မင်းထိထားတာ အတော်များလား” လို့မေးတယ်။ တပ်စိတ် မှူးက “ရပါတယ် ဗိုလ်လေး” လည်းဆိုရော။ “မင်း ချန်ခဲ့၊ ဒုစိတ်မှူးနဲ့ ကျန်တဲ့ကောင်တွေ ရွာလည်လမ်းကို ဆက်ရှင်း၊ ဟေ့ကောင်... ဆေးတပ်သား ခေါ်စမ်း” ဆိုပြီး အမိန့်ပေးတယ်။ ကျနော့်ကိုလည်း သွေးတွေပေနေတာမြင်လို့ထင်ပါရဲ့ “ဘီအီး..မင်းရောထိထားလား”တဲ့။ “မထိပါဘူး.. ဒီကသွေးတွေပါ” ဆိုပြီး ကျနော်က မိန်းမကိုထိုးပြလိုက်တယ်။ “အေး..ဒါဆို မင်းဒီမှာ ခဏနေခဲ့၊ ဆေးတပ်သားလာလိမ့်မယ်၊ နည်းနည်း ကူလိုက်ဦး” ဆိုပြီး အပြင်ပြန်ထွက်မလို့ လုပ်နေတုန်း ဆေးတပ်သားဝင်လာတယ်။ နားကျပ်တွေဘာတွေထုတ်။ မိန်းမ ရင်ဘတ်ကို ထောက်ကြည့်။ လက်ကောက်ဝတ်ကို စမ်းကြည့်လုပ်နေတာတွေ တွေ့နေရတယ်။ မိန်းမက မျက်စေ့တော့မပွင့်ဘူး။ ပါးစပ်ကတော့ “မလုပ်ပါနဲ့…မလုပ်ပါနဲ့” လို့ပဲ ရေရွတ်နေတယ်။ ခဏနေတော့ ဆေးတပ်သားက တပ်စုမှူးကိုမော့ကြည့်တယ်။ “အခြေအနေမကောင်းဘူး ဗိုလ်လေး”တဲ့။ စုမှူးက “မရတော့ဘူးလား” လို့ မေးတယ်။ "မလွယ်တော့ဘူး” လို့ သူကပြန်ဖြေတယ်။

စုမှူးလည်း ဘာလုပ်ရင်ကောင်းမလဲ ခနစဉ်းစားလိုက်ပုံရတယ်။ နောက်တော့ “မင်းတို့ကောင်တွေကလည်း လုပ်လိုက်ရင် အရမ်း ချည်းဘဲ၊ ကလေးကပြဿနာမရှိဘူး၊ သေပြီ။ ဒီမိန်းမက ပြဿနာ” ဆိုပြီးတပ်စိတ်မှူးတပ်ကြပ်ကို လှည့်ကြိမ်းပါတယ်။ “ကျနော်လည်း ရုတ်တ ရက်ဆိုတော့ ရန်သူထင်ပြီး…” ပြောနေတဲ့တပ်ကြပ်စကားမဆုံးလိုက်ပါဘူး။ “ဘာရန်သူဟုတ်လား၊ မင်းအမေ့လင်တွေကဟိုးမှာ၊ ကြာ တယ်ကွာရှင်းပစ်လိုက်” ဆိုပြီး တပ်ကြပ်ကိုအမိန့်ပေးလိုက်တယ်။ ကျနော်ရော ဆေးတပ်သားပါ နောက်နည်းနည်းဆုတ်မိရက်သား ဖြစ်သွား တယ်။ တပ်ကြပ်က “ဟာ..ဗိုလ်လေး..ကျနော်.ကျနော်” ဆိုပြီးစကားတွေထစ်နေတယ်။ ဗိုလ်လေး က “မင်း. စ ထားတာ လေကွာ။ မင်း ဆုံးလိုက်” လို့ ခပ်တင်းတင်းအမိန့်ပေးတယ်။ သူ့လက်ကလည်း ခါးကပစ္စတိုလ်ပေါ်မှာ အသင့်အနေအထားနဲ့။ “ဗိုလ်လေး.. ကျနော့် မိန်းမလည်း ကိုယ်ဝန်ကြီးနဲ့..ကျနော်..ကျနော်..”ဆိုပြီး တပ်ကြပ်ဟာ ကတုန်ကယင်ကြီး ဖြစ်နေပါတယ်။ ဒီမှာတင် ဗိုလ်လေးက “ပေးစမ်း… ” ဆိုပြီး တပ်ကြပ်လက်ထဲက သေနတ်ကို ဆောင့်ဆွဲယူလိုက်တယ်။ သေနတ်ကကျည်ထိုးပြီးသား။ ပြီးတော့ အဲဒီမိန်းမရဲ့ ခေါင်းကိုချိန်ပြီး ဒိုင်း..ဒိုင်းနဲ့ ၂ ချက်ဆင့် ပစ်ချလိုက်တယ်။ မိန်းမလည်း ငြိမ်ကျသွားတယ်။ စုမှူးက သေနတ်ပြန်ပေးရင်း “ဟေ့ကောင် ဆေးတပ်သား ဒီမိန်းမက မင်းမရောက်ခင်ကတည်းက သေနေပြီနော်.ဟုတ်လား၊ ဘီအီးရော ဒီအတိုင်းပဲ ဟုတ်ပြီလား၊ ဒါပဲ ဒီ့ထက်ပိုပြီး ဘာမှမကြားချင်ဘူး.. ဟုတ်ပြီ လား”

ကျနော် သွေးအိုင်ထဲကအလောင်းတွေကိုကြည့်ရင်း စိတ်ထဲမှာဘာမှန်းမသိတဲ့ ခံစားမှုတွေဖြစ်နေ တယ်။ ကြောက်လည်းနည်းနည်း ကြောက်နေတယ်။ ဘာကိုကြောက်တာလဲဆိုတာတော့ သေသေချာချာမပြောတတ်ပါဘူး။ ဒါပေမဲ့ ကြောက်နေတယ်ဆိုတာကိုတော့ ကျနော် သေသေချာချာကြီး သိနေပါတယ်။

ကျနော် မျိုးမြင့်ပါခင်ဗျား။

မျိုးမြင့်

0 အီး-အစိုးရ(e-government)

၁။ ဆက်သွယ်ရေး ဧရိယာပြင်ပ/ ဟိုင်းဝေးဘေးက လမ်းမြောင်

ဗိုလ်ချုပ်သန်းရွှေအကြောင်း စာအုပ်ရေးဖို့ ဘင် ရော်ဂျာက မြန်မာပြည်မှာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန်ယူ ခဲ့ဖူးတဲ့ မာ့က် ကန်းနင်း (Mark Canning) ကို တွေ့ဆုံမေးမြန်းတော့ နေပြည်တော်ကို သူခရီးသွားခဲ့တဲ့ အတွေ့ အကြုံမှတ်ချက်ကို ပြောပြတာ ဖတ်ရတယ်။ နေပြည်တော်ကို သွားရာလမ်းမှာ အသစ်ခင်းထားတဲ့ ဟိုင်းဝေး ကားလမ်းမကြီးကို ဖြတ်သွားရ တယ်။ နောက်တော့မှ နိုင်ငံခြားရေးဝန်ကြီးဌာနကိုရောက်ဖို့ အဲဒီလမ်းမကြီးကနေ ဖုန်တွေထနေတဲ့ လမ်းကျဉ်းလေးတခုကို ဖြတ်ပြီးဝင်ရတယ်တဲ့။ နောက်ကြုံရတာကတော့ အဲဒီနိုင်ငံခြားရေး ၀န်ကြီးဌာနရုံးမှာ ကားရပ်နားစရာနေရာ (parking) လည်း မရှိပြန်ဘူးလို့ မာ့က် ကန်နင်းက ပြောပြတာ ဖတ်ရတယ်။ "တကယ်တော့ဗျာ နိုင်ငံတကာကို ဆက်ဆံဖို့ထားတဲ့ နိုင်ငံတခုရဲ့မျက်နှာစာ (interface) နိုင်ငံခြား ရေးဝန်ကြီးဌာနရုံးမှာ ကားရပ်နားစရာနေရာ ထားပေးဖို့ဆိုတာ ကျိုးကြောင်း မဆီလျော်လှဘူးလားဗျာ" တဲ့ သူက ဘင် ရော်ဂျာကို မှတ်ချက်ချ ပြန်ပြောခဲ့ဖူးပါတယ်။

တကယ်တော့ နိုင်ငံခြားရေးဝန်ကြီးဌာနမှသာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက ဆက်သွယ်ရေးဧရိယာပြင်ပ၊ နိုင်ငံ တကာ သတင်း ဆက်သွယ်ရေး ဟိုင်းဝေး လမ်းမကြီးရဲ့ ပြင်ပမှာ ရောက်နေတာပါ။ သူများနိုင်ငံမှာ အခမဲ့သုံးလို့ ရတဲ့ကိစ္စ အင်တာ နက် ဆက်သွယ်ရေးကိစ္စ၊ အီး-မေးလ် စသဖြင့်ကို မြန်မာနိုင်ငံမှာ ပိတ်ပင်ထားပါတယ်။ ဖက်စ် (Faximile) စက်ဖမ်းမိလို့ ထောင်ချခံရပြီး ဂုဏ်ထူးဆောင် ကောင်စစ်ဝန် မစ္စတာလီယိုနီကိုးလ် ထောင်တွင်း သေဆုံးခဲ့ရတဲ့ကိစ္စဟာလည်း မြန်မာ နိုင်ငံသမိုင်းမှာ ထူးထူးခြားခြား ရှိခဲ့ပါ တယ်။ တခါ သိပ်မကြာသေးခင်ကပဲ အင်တာနက်ပေါ်ကနေ အခမဲ့နီးပါး ဈေးချိုစွာ သုံးစွဲပြောဆိုလို့ရတဲ့ VOIP ဖုန်းစနစ်တွေကို ပိတ်ပင်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့ပြန်ပါတယ်။ အကြောင်းပြချက်ကတော့ နိုင်ငံတော်အစိုးရ ဖုန်းဆက်သွယ်ခတွေကနေ ရတဲ့ ၀င်ငွေလျှော့လို့ ဖြစ်ပါသတဲ့။ အခု လွှတ် တော်တက်နေတဲ့ အမတ်တဦးရဲ့ အင်တာဗျူးကို ဖတ်ရတော့လည်း နေပြည်တော်သူတို့ တည်းခိုရာအဆောင်မှာ ကွန်ပြူ တာတော့ ထားပေး တယ်။ အင်တာနက်ဆက်သွယ်ရေးစနစ် မရှိဘဲ နေထိုင်နေကြရတယ်ဆိုတာ မေးမြန်းခန်းတခုမှာ ဖတ်ခဲ့ရတယ်။ အင်တာနက်မြန်နှုန်းကလည်း နှေးလွန်းတော့ မြန်မာနိုင်ငံမှာ အင်တာနက်ကို "အင်တာပျက်"လို့ တောင် ခေါ်ဆိုနေကြပါပြီ။ စစ်အစိုးရကြွေးကြော်ထားခဲ့သလို ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီကို အင်တာနက် တွေ၊ ခေတ်မှီဆက်သွယ်ရေးနည်းပညာတွေ မရှိဘဲ ဘယ်လိုသွားကြမှာလည်း ဆိုတာ စဉ်းစား စရာပါ။


၂။ အီး-အစိုးရ

တကယ်က အရင်ခေတ်က "အ" သုံးလုံး (အရေး၊ အဖတ်၊ အတွက်) ဆိုတာ မတတ်ရင်မဖြစ်သလို၊ ဒီဖက်ခေတ် မှာက အင်တာနက်မတတ်ရင် လူရာမ၀င်၊ စာမတတ်တဲ့ခေတ်ကို ရောက်နေပါပြီ။ တကယ်တော့ သတင်း (Information)၊ အချက်အလက် ဒေတာ (Data)၊ သုတ (Knowledge) နဲ့ ဉာဏ်ပညာ (Wisdom) တို့ဟာ အဆက်အစပ်ရှိနေကြပါတယ်။ သတင်းတွေကို သုတေသနပြုပြီးမှ၊ စနစ်တကျ စုဆောင်းပြီးမှ ဒေတာ (data) တွေ ရလာပါတယ်။ သုတ (knowledge) ကို သတင်းအချက်အလက်တွေပေါ်ကနေ အခြေခံတည်ဆောက် နိုင်ပါတယ်။ ဒီသုတ (Knowledge) တွေကို အသုံးချနိုင် မှသာ (wisdom) ဉာဏ်ပညာ ဆိုတာ ဖြစ်ပေါ်လာ ပါတယ်။ လူ့အဖွဲ့အစည်းနဲ့ လူသားမျိုးနွယ်တရပ်လုံးကို တိုးတက်ဖွံ့ဖြိုး စေဖို့ ဒီလိုဉာဏ်ပညာတွေ အသုံးချ ကြရတာပါ။

သတင်းတွေ၊ ဒေတာတွေကို အခုလို နည်းပညာခေတ်ကြီးမှာ အလွယ်တကူ လွှဲပြောင်းပေးနိုင်ပါတယ်။ သုတကို တည် ဆောက်နိုင်ကြပါတယ်။ လူမှုအဖွဲ့အစည်းကိုလည်း အသိသုတပြည့်စုံတဲ့ လူမှုအဖွဲ့အစည်း (knowledge society) အဖြစ် ပြောင်းနိုင်ပါတယ်။

သတင်းတွေကို တနည်းပြောရင် စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်တွေအဖြစ်လည်း အသုံးချနိုင်ပါသေးတယ်။ ကမ္ဘာလွှမ်း ပတ်ဆက်သွယ်နေတဲ့ ခေတ်ကြီးမှာ သတင်းနောက်ကျရင် စီးပွားရေးအရ နစ်နာစရာတွေ အများကြီး ရှိပါသေးတယ်။ ထုတ်လုပ်ရာ၊ သိုလှောင်ရာ၊ ဖလှယ်ရာ၊ ဖြန့်ဖြူးရာ၊ တဆင့် ကုန်ဆက်လက်ထုတ်လုပ်ရာ (processing)၊ ထိန်းချုပ်ရာ ကိစ္စတွေမှာ သတင်းတွေက အရေးပါလှပါတယ်။ ကုန်ထုတ်အင်အားစုမှာတောင် လူတွေလုပ်အားသာမက၊ သတင်း လုပ်အား (information power/ intellectual power) ပါ အရေးပါလာပါပြီ။

ဒီအနေအထားမှာ အစိုးရတွေက ခေတ်မှီ သတင်းနည်းပညာတွေကို အသုံးချပြီး အီး-အစိုးရ (e-government) တနည်း (electronic government) စနစ် ထူထောင်ဖို့ ပြောဆိုလာကြတာ ကြာပါပြီ။ ဆယ်စုနှစ်တခုမက ရှိပါ တော့မယ်။ အီး-အစိုးရ ဆိုတာက ခေတ်မီသတင်းနည်း ပညာတွေ သုံးပြီး အစိုးရရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို ထက်မြက်ထိရောက်လာ စေဖို့၊ ပိုမိုမြန်ဆန်လာစေဖို့ ရည်ရွယ်တာပါ။ ဒီလို e-government စနစ်ကို တနည်း ဒစ်ဂျစ်တယ်အစိုးရ၊ အွန်လိုင်း အစိုးရ၊ ဆက်သွယ်ထားတဲ့ အစိုးရ (connected government) လို့လည်း ခေါ်ကြပါတယ်။ သဘောကတော့ အစိုးရနဲ့ နိုင်ငံသား တွေအကြား (G2C)၊ အစိုးရနဲ့ စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီတွေအကြား (G2B)၊ အစိုးရ-အစိုးရအချင်းချင်းအကြား (G2G)၊ အစိုးရနဲ့ အိမ်ထောင်စုတွေအကြား (G2H) ဒစ်ဂျစ်တယ်နည်းစနစ်နဲ့ အပြန်အလှန် ဆက်သွယ်နိုင်အောင် (digital interaction) တည်ဆောက်ထား တဲ့ စနစ်မျိုးပါ။ ဒီအခါမှာ အစိုးရရုံးတွေကလည်း ဆက်သွယ်ရေးနည်းပညာတွေသုံးပြီး ပိုမို တိုးတက်အောင် ဆောင်ရွက်နိုင်မယ်။ အစိုးရဌာန အချင်းချင်းအကြားမှာလည်း ဆက်သွယ်-ထိန်းချုပ်-လုပ်ကိုင်မှု ပိုမိုလျှင်မြန် လာမယ်။ ၀န်ဆောင်မှုတွေ ပိုအားကောင်းလာမယ်။ လူထုတွေ (မဲဆန္ဒရှင်တွေ) ဖက်ကလည်း ပါဝင်ဆောင် ရွက်မှု ပိုမို အားကောင်းလာမယ်။ အုပ်ချုပ်ရေးစနစ်တွေ (governance) ကလည်း ပိုမိုတိုးတက်ကောင်းမွန်လာဖို့ ရှိပါတယ်။ မြန်မာစစ် အစိုးရ ကိုယ်၌ကလည်း e-government ဆိုပြီး ပြောခဲ့တာ ကြာပါပေါ့လား။



၃။ (စာတွေ့) မြန်မာ အီး-အစိုးရ စီမံကိန်း

မြန်မာနိုင်ငံမှာ ၂၀၀၃ ခုနှစ်ကတည်းကစပြီး ICT လုပ်ငန်းတွေအတွက် အစမ်းပျိုးစီမံကိန်း ၇-ခုနဲ့စမယ်။ အီး-အစိုးရလုပ်ငန်း တွေ စတင်တော့မယ်ဆိုပြီး လုပ်ဆောင်ခဲ့ကြပါတယ်။ အခုဆိုရင် ၇ နှစ် သက်တမ်း ကျော်လာပါပြီ။ အစမ်းပျိုး စီမံကိန်း ၇-ခု က ဒီကိစ္စတွေပါ။



Myanmar e-Government projects

၁။ စမတ်ကဒ် Smart Card : ကာကွယ်ရေးဝန်ကြီးဌာနအတွက် ကဒ် ၂, ၀၀၀၊ ဇွန် ၂၀၀၂။

၂။ စမတ်ကျောင်းများ Smart Schools : အထက်တန်း ၃ ကျောင်း တပ်ဆင်ပြီး။ သြဂုတ် ၂၀၀၂။

၃။ အီး-ပတ်စ်ပို့တ် e-Passport : ၅,၀၀၀ အောက်တိုဘာ ၂၀၀၂။

၎။ အီး-ဗီဇာ e-Visa : ၂၀၀၂ အကုန်တွင် စတင်မည်ဟု ဆို။

၅။ TEDI (Trade Electronic Data Interchange) ကုန်သွယ်ရေးဆိုင်ရာ ဒေတာဖလှယ်မှု : လုပ်ဆောင်ဆဲ

၆။ အစိုးရ၏ အီး- ၀ယ်ယူစုဆောင်းမှု e-Procurement : လုပ်ဆောင်ဆဲ

၇။ လက်မှတ်များ ထုတ်ပေးရေး အာဏာပိုင်အဖွဲ့ Certification Authority : လုပ်ဆောင်ဆဲ


ပြောရမယ်ဆိုရင် စင်္ကာံပူမှာ ကျင်းပတဲ့ထိပ်သီးအစည်းအဝေး ၂၀၀၀ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွင်း အီး-အာဆီယံ သဘောတူညီချက် (e-ASEAN Framework Agreement) ကို သဘောတူညီ လက်မှတ်ရေးထိုး လာပြီးကတည်း က မြန်မာအစိုးရမှာ အကောင်အထည်ဖော်ဖို့ တာဝန်ရှိလာပါတယ်။ အာဆီယံနိုင်ငံတွေအတွင်း အခြေခံအဆောက်အဦ တွေ တည်ဆောက်လုပ်ကိုင်ဖို့လည်း အကူအညီတွေ ရရှိခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေ အတွင်း ဆက်သွယ်ရေးကွာဟ ချက်တွေ မရှိရလေအောင်၊ ဒေသတွင်း နိုင်ငံတွေက လူထုတွေအချင်းချင်း ဆက်သွယ်မှုကောင်းရလေအောင် ရည်ရွယ် လုပ်ဆောင်ခဲ့တာပါ။ ၁၉၉၆ ကတည်းက တည်ထောင်ထားတဲ့ မြန်မာနိုင်ငံ ကွန်ပြူတာနည်းပညာ ဖွံ့ဖြိုးရေးကောင်စီ အောက်မှာ e-National Task Force (အမျိုးသားအဆင့် လုပ်ငန်းအဖွဲ့) ဆိုပြီး တာဝန်ပေး လုပ်ကိုင်စေခဲ့တယ်။ ဒီ ကွန်ပြူတာ နည်းပညာဖွံ့ဖြိုးမှု ကောင်စီမှာ အဓိက တာဝန်ရှိတာက စစ်အစိုးရရဲ့ အတွင်းရေးမှူး (၁)- အခု ဗိုလ်ချုပ်ဟောင်း သီဟသူရ တင်အောင်မြင့်ဦးပေါ့။ အဲဒီက ချမှတ်တဲ့ အစီအစဉ်တွေကို ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေနန်းဝန်ကြီးက အကောင်အထည် ဖော်ရတယ်။ အခုလက်ရှိ ၀န်ကြီးက ဗိုလ်ချုပ်ဟောင်းသိန်းဇော်ပါ။

၂၀၀၅ ခုနှစ်မှာ ကိုရီးယားအစိုးရဆီက ချေးငွေ အမေရိကန်ဒေါ်လာ ၁၂। ၅ သန်း ရခဲ့ပြီး၊ မြန်မာနိုင်ငံက ၀န်ကြီးဌာနတွေကို ကွန်ပြူတာစနစ်တပ်ဆင်ဖို့၊ အဆင့်မြင့် ဆက်သွယ်ရေးကွန်ရက်စနစ် (high speed internet) တပ်ဆင်ဖို့ ဒေ၀ူးအင်တာ နေရှင်နယ် ကုမ္ပဏီကို ကန်ထရိုက် ပြန်ငှားခဲ့တယ်။

အဲသည်မှာ မြန်မာ အီး-အစိုးရအတွက် ရည်မှန်းထားချက်တွေကလည်း မြင့်ပါပေ့။ အဆင့် (၁) ၂၀၀၆-၂၀၁၀ မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပျမ်းမျှအဆင့်အတန်းကို လိုက်မီရမယ် ဆိုပါတယ်။ အဆင့် (၂) ၂၀၁၁-၂၀၁၅ မှာတော့ အာဆီယံရှေ့ ပြေးတိုးတက်နေတဲ့ နိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်ရပါမယ်တဲ့။ [အခုဆိုရင် ၂၀၁၁ ခုနှစ် ရောက်နေပြီဆိုတော့ အခု ဘယ် အဆင့်မှာ ရောက်နေတယ်ဆိုတာ မြန်မာပြည်သူတွေ သိလောက်ပါတယ်။] အဆင့် (၃) ၂၀၁၆-၂၀၂၀ မှာတော့ ကိုယ်ပိုင် မိုဒယ်ထုတ်ပြီး ဖွံ့ဖြိုးမှု အဆင့်နိမ့်နေတဲ့ နိုင်ငံတွေကိုတောင် ကိုယ်က ဦးဆောင်မှုပေးတော့မယ် ဆိုပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ မြန်မာ အီး-အစိုးရအဆင့်က ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးကို ဖြိုမယ်ကြံ၊ အားက မသန်ဘဲ ရှိနေပါသေးတယ်။ UN eGovernment Readiness Index (အီး-အစိုးရအတွက် အဆင်သင့် ဖြစ်မှုအနေအထား) မှာ ကမ္ဘာ့နိုင်ငံ ၁၉၁ ခုမှာ ၂၀၀၄ စာရင်းအရ မြန်မာအစိုးရရဲ့ အီး-အစိုးရ အဆင်သင့်ဖြစ်မှု အဆင့်နေရာက ၁၂၃ မှာပဲ ရှိနေ သေးတယ်။ ၀က်ဘ်ညွှန်းကိန်း (Web index) မှာလည်း နိုင်ငံ ၁၉၁ နိုင်ငံ အနက်က အဆင့် ၁၀၀ မှာ၊ တယ်လီကွန်မြူနီ ကေးရှင်း အဆင့် (Telecommunication index) မှာတော့ နိုင်ငံ ၁၉၁ ခုမှာ အဆင့် ၁၈၂ နဲ့ နောက်ဆုံးက လိုက်နေပါ တယ်။

Korea Information Strategy Development Institute (KISDI) က ၂၀၀၄ ခုနှစ်မှာ မြန်မာနိုင်ငံ အစိုးရ ဌာနတွေမှာ စစ်တမ်းတခု ကောက်ယူခဲ့ပါသေးတယ်။ အစိုးရဌာနတွေမှာ သတင်းကွန်ရက်စနစ်တခုခုနဲ့ ချိတ် ဆက်ထားမှုက ၄၆% ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီအထဲက ၁၁% ကပဲ အွန်လိုင်းကတဆင့် လူထုတွေကို ၀န်ဆောင်မှုပေးနေသေး တယ်လို့ ဆိုပါတယ်။ သဘောကတော့ အွန်လိုင်းကနေ ပြည်သူလူထုက ဆောင်ရွက် နိုင်တာက အနည်းအကျဉ်းမျှပဲ ရှိနေ သေးတဲ့သဘောပါ။ အခု ပြည်ပထွက်ဖို့ အွန်လိုင်းကနေ D-Form တင်နိုင် တာကိုပဲ တကယ့်အောင်မြင်မှုကြီးလို ပြောနေရ တဲ့ အနေအထားပါ။ ဘဏ်အချင်းချင်း စာရင်းရှင်းတဲ့ အွန်လိုင်း စနစ်မရှိ၊ အလိုအလျောက် ငွေထုတ်စက် (ATM) မရှိသေး တဲ့နိုင်ငံပါ။ အစိုးရ ၀န်ကြီးဌာန ၀က်ဘ်စာမျက်နှာ တွေသွားကြည့်ရင်လည်း သေနေတဲ့လင့်ခ် (link) ကသေ၊ အလုပ် မလုပ် တဲ့ စာမျက်နှာက မလုပ်၊ ရှိနေရင် လည်း သတင်းတွေကလည်း နှစ်ဆွေးတွေ၊ ဘာမှ အားကိုးလို့ မရသလောက်ရှိပါတယ်။ အစိုးရရဲ့ စာရင်အင်းဌာန (CSO) ၀က်ဘ်ဆိုဒ်သွားကြည့်တော့လည်း ရနိုင်တဲ့ အချက်အလက်က နည်းနည်းလေးပါ။ ဒါ တောင်မှ တချို့ သတင်းစာတွေမှာ အစိုးရက e-procurement အွန်လိုင်းက ၀ယ်ယူတဲ့စနစ်၊ အွန်လိုင်းက ရောင်းချတဲ့စနစ် တွေရှိတော့မယ် ဆိုတာမျိုး မစားရ၀ခမန်း ပြောဆိုနေတာ ကြားရပါသေးတယ်။

ဆိုပါစို့။ ကျနော်က မြန်မာပြည်က ဥပဒေတခု မသိဘူး။ အင်တာနက်ပေါ်မှာ ရှာဖွေကြည့်နိုင်တဲ့ အနေ အထားမရှိပါဘူး။ အခွန် ဘယ်လိုဆောင်ရမယ် မသိဘူး။ အွန်လိုင်းကတဆင့် အခွန်ဆောင်ဖို့ အသာထားဦး၊ အခွန်ဘယ်လိုဆောင်ရမယ် ဆိုတဲ့ ညွှန်ကြားချက်တောင် အင်တာနက်မှာ မရှိပါဘူး။ မြန်မာနိုင်ငံမှာက အခု တမျိုး၊ တော်ကြာတမျိုး နှုတ်မိန့်တွေနဲ့ အလုပ် လုပ်နေတော့ ဘာကိုမှအားကိုးအားထားမရတော့တဲ့ အနေ အထား ဖြစ်လာပါတယ်။ မြန်မာတွေအားလုံးသုံးဖို့ ယူနီကုဒ် စံကျဖောင့် ရှိပါပြီလား။ တချို့က ဇော်ဂျီ၊ တချို့က My Myanmar -3၊ တချို့က မြန်မာယူနီကုဒ်॥ စသဖြင့် ငြင်းနေကြ တာတွေ ကြား ကြရပါလိမ့်ဦးမယ်။ (ဒါပေမယ့် ၇ နှစ်ကြာပြီးမှ၊ ဒေါ်လာ ၁၂ သန်းကျော်သုံးပြီးမှ မြန်မာ ပတ်စ်ပို့တွေ အခုလို နည်းနည်းလေး သပ်သပ်ယပ်ယပ်ထွက်လာတာတော့ အမှတ်ပေးဖို့ ရှိပါတယ်။)

မြန်မာကွန်ပြူတာ ဖက်ဒရေးရှင်း (MCF) ရဲ့ လေ့လာချက်တခုအရ အစိုးရ၀န်ထမ်းတွေက ကွန်ပြူတာ အသိသုတ အတော် နည်းနေသေးတာ တွေ့ရတယ်။ ကွန်ပြူတာ စာတတ်မှုနှုန်း နိမ့်တယ်တောင် ဆိုနိုင်ပါတယ်။ အစိုးရ၀န်ထမ်း ၁၀၀ မှာ ပီစီ ကွန်ပြူတာ PC Computer သုံးသူက ၁. ၃% ပဲ ရှိပါသေးတယ်။ အင်တာနက် ချိတ်ဆက်ထားနိုင်တာက ၀.၀၆% ပဲ ရှိပါ သေးတယ်။ အီး-မေးလ်သုံးနိုင်တာက ၀.၀၃% ပဲ ရှိပါသေးတယ်။ (၂၀၀၄ လေ့လာချက်)



၎။ မြန်မာ IT ပညာရှင်တွေနည်းသလား။

တလောက မြန်မာနိုင်ငံကလာတဲ့ ကွန်ပြူတာ ပညာရှင်တယောက်နဲ့ စကားပြောဖြစ်ပါတယ်။ ကျနော်က အစိုးရ လုပ်ငန်း တွေမှာ (office automation) လို့ခေါ်တဲ့ ကွန်ပြူတာစနစ်တွေ တပ်ဆင်သုံးဖို့ဆိုရင် ဘယ်လောက် ကြာမယ်၊ ဘယ်လို အခက်အခဲတွေ ရှိမယ်ဆိုတာ ဆွေးနွေးမိတာပါ။ ကျနော်က အုပ်ချုပ်ရေးရှုထောင့်ဖက်က ဆွေးနွေးပြီး၊ သူကတော့ ကွန်ပြူတာအမြင် သက်သက်ဖက်က ပြောတာ။ ဒါပေမယ့် တူနေသလို ဖြစ်နေကြ တယ်။



သူပြောတာက အစိုးရရဲ့စနစ်ကို ကွန်ပြူတာပေါ်တင်မယ်ဆိုရင် ဒီဇိုင်းဆွဲဖို့ဆိုတာ ကွန်ပြူတာပညာရှင် အလုပ် သာမဟုတ်။ အစိုးရဖက်ကလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုတယ်ဆိုတာ သူက ပြောပါတယ်။ ဘယ်လောက်အတိုင်းအတာအထိ လူထုကို အသိပေးမှာလဲ။ ဘယ်လောက်အတိုင်းအတာအထိ ပွင့်လင်း (transparent) ဖြစ်မှာလဲ။ အစိုးရအနေနဲ့ ပြည်သူ တွေအတွက် ဘယ်လောက်အတိုင်းအတာအထိ ၀န်ဆောင်မှုပေးဖို့ ရည်သန်ထားသလား။ Feedback တုံ့ပြန်မှုတွေရှိလာရင် အစိုးရက ပြန်ပြင်ဆင်မှာလား။ အစိုးရ ဌာနအချင်းချင်းကရော ဘယ်လောက်အတိုင်းအတာအထိ ပူးပေါင်းဆောင်ရွက် မှု ပြုကြမှာလဲ။ သူ့ဝန်ကြီးဌာန-ငါ့ ၀န်ကြီးဌာန စားကွက်တွေတံတိုင်းကာနေကြမှာလား။ အစိုးရဌာနအချင်းချင်း ပူးပေါင်း ဆက်ဆံမှု (intraoperaility framework) အတွက် မူဝါဒတွေ၊ လမ်းညွှန်တွေ၊ ဒေတာတွေ အလွယ်တကူ ဖြစ်အောင် ပြင် ဆင်ထားတာတွေ (data simplification)၊ လိုက်လျောညီထွေ ပြင်ဆင်မှု (Harmonization)၊ စံချ သတ်မှတ်ပြုပြင်မှုတွေ (standardization) တွေ လိုအပ်ပါတယ်။ အစိုးရဖက်က ဒါတွေလုပ်ပြီး ကျန်တဲ့ ကွန်ပြူတာပညာရှင်ကမှ ဒီဇိုင်းဆွဲကြရမှာပါ။

သူပြောတာတွေ ကျနော်နားထောင်ရင်း ကျနော်တို့က 386 ကွန်ပြူတာအဟောင်းကို Windows 7 စနစ်အသစ် တင်ချင် သလို နေတာလားလို့ တွေးမိပါတယ်။ သူ့စနစ်က သိပ်အပိတ်ဆန်၊ သိပ်မာတောင့်နေတယ်။ စနစ် အသစ်တင်ဖို့ဆိုရင် အများကြီး ပြုပြင်ပြောင်းလဲရဖို့ ရှိနေတယ်လို့ မြင်မိတယ်။

ကွန်ပြူတာပညာရှင်တွေက မြန်မာပြည်မှာ မနည်းပါဘူး။ မြန်မာကွန်ပြူတာ ဖက်ဒရေးရှင်းရဲ့ လေ့လာထား ချက်အရ အဆင့် မြင့် ကွန်ပြူတာပညာရှင် ၁,၀၀၀ ကျော်နဲ့ ၀ါနု ပညာရှင် ၈,၀၀၀ ကျော် ရှိနေသေးတယ်။ ၂၀၂၅ ခုနှစ်ကျရင် ဆော့ဝဲယား ရေးနိုင်တဲ့ ပညာရှင် ၂၅,၀၀၀ လောက် ဖြစ်လာဖို့လည်း ရှိတယ်။ ဒါပေမယ့် သူတို့ တွေက အစိုးရရဲ့ ထောက်ပံ့အားပေးမှုကို မရနိုင်ကြဘူး။ ကိုယ့်ပညာတိုးချင်ရင်၊ ကိုယ့်ဘာသာ သုတေသန လုပ်ငန်းတွေ စချင်ရင် ငွေမလိုက်နိုင်ဖြစ်ကြရတယ်။ နောက်ဆုံးစင်္ကာပူလို တိုးတက်ပြီးနိုင်ငံတွေကို ပြောင်း ရွှေ့အခြေချဖို့သာ ဖြစ်လာစေတော့တယ်။ ကွန်ပြူတာပညာရှင်တွေ လည်း သမင်မွေးလိုက်၊ ကျားစားလိုက် ဖြစ်ကုန်တော့တယ်။

၅။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလက လွှတ်တော်ရွေးကောက်ပွဲကော်မရှင် အစည်းအဝေးတွေ ကျင်းပတော့ ကော်မရှင် အဖွဲ့ဝင် တွေရှေ့မှာ ကွန်ပြူတာကိုယ်စီနဲ့ အစည်းအဝေးထိုင်နေတာကို ဓာတ်ပုံထဲမှာ မြင်ရပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲအပြီး ကော်မရှင် ကြေညာချက်တွေထွက်လာတော့ မဲပေးသူက ၁၀၄% ဖြစ်လိုဖြစ်၊ ၁၀၀% အပြည့် ဖြစ်လိုဖြစ်၊ အကြိမ်ကြိမ် ထုတ်ပြန်ကြေညာလိုက်၊ ပြန်ပြင်လိုက် လုပ်နေကြတာ ဒီကွန်ပြူတာ တွေမှ တကယ်အသုံးချ တွက်ချက်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။ အဲဒါအပြင် ရွေးကောက်ပွဲကာလက အချက်အလက်တွေကို အားကိုးရှာဖွေချင်ရင် အစိုးရကော်မရှင် က ထုတ်ပြန်တာမဟုတ်တဲ့ ပြင်ပ တသီးပုဂ္ဂလ သုတေသနပြု စုဆောင်းထားသူတွေရဲ့ ၀က်ဘ်ဆိုက်ဒ်တွေ၊ ဒေတာတွေ ကိုပဲ အားကိုးခဲ့ရပါတယ်။ အခု တိုင် အောင်လည်း အစိုးရရွေးကောက်ပွဲကော်မရှင်ပိုင် ၀က်ဘ်ဆိုက်ဒ်၊ အင်တာနက် စာမျက်နှာ၊ အချက်အလက်တွေ ရယူနိုင်တဲ့ နေရာတွေ မရှိသေးပါဘူး။

သူများနိုင်ငံတွေမှာတော့ ဗီယက်နမ်ဝန်ကြီးချုပ်က အွန်လိုင်းတက်ပြီး ပြည်သူတွေနဲ့ ချတ်ရွမ်းမှာ ပြောတယ်။ တရုတ် သမ္မတက ပြည်သူတွေနဲ့ အွန်လိုင်းမှာ ဆွေးနွေးတယ်ဆိုတာမျိုး ကြားခဲ့ဖူးပါတယ်။ မွန်ဂိုလီးယား ၀န်ကြီး ချုပ် အယ်လ်ဘာဒေါ့ခ်ျကလည်း သူ့ပြည်သူတွေကို အီး-မေးထားကြဖို့၊ သူ့ဆီတိုက်ရိုက် အီး-မေးလ်ရေးကြဖို့ တိုက်တွန်းဖူး ပါတယ်။ "လူတိုင်းဟာ အီး-မေးလ်တခု ရှိသင့်တယ်။ ဒီအခါ ခွန်အားအာဏာ ရှိလာမယ်" လို့ သူက ပြောတာကို ဖတ်ခဲ့ ရဖူးပါတယ်။

ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီကို ခေတ်မီသတင်းနည်းပညာတွေ မပါဘဲ၊ အစိုးရကိုယ်တိုင် ကလည်း ဒီနည်းပညာတွေကို အသုံးမချဘဲ ဘယ်လိုသွားမှာလဲ ဆိုတာ မေးခွန်းထုတ်စရာ ကောင်းလှပါတယ်။ e-government ဖြစ်ဖို့ ဒီလိုလိပ်သွားနှုန်းနဲ့ သွားနေရင် ကျန်တဲ့နိုင်ငံတွေက စောင့်နေမှာ မဟုတ်ပါဘူး။ သူတို့က သူတို့နှုန်းနဲ့ ရှေ့က ပြေးနေ ကြတာပါ။ ကျနော်တို့တတွေလည်း ဘယ်တော့များမှ အင်တာနက်ကို လွတ်လွတ် လပ်လပ် သုံးနိုင်တဲ့ဘ၀၊ အီး-နိုင်ငံသား တွေ (e-citizens) ဘ၀ ဖြစ်ကြရပါလိမ့်နော်...။



အောင်သူငြိမ်း

မတ်လ ၂၀ ရက်၊ ၂၀၁၁ ခုနှစ်။

Thursday, March 24, 2011

0 AAPP ၁၁မြောက်မွေးနေ့နှင့် အမှောင်လှိုင်းထဲကသူရဲကောင်းတို့တိုင်းပြည် စာအုပ်မိတ်ဆက်ပွဲအခမ်းအနား

   
Photo/ Zaw htun Facebook

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.