Monday, May 16, 2011

0 သမ္မတ သစ်ရဲ့ လူသားချင်းစာနာထောက်ထားသောအားဖြင့် ၆၅ နှစ်ကျခံနေရသူများ ၆၄ နှစ်သာကျခံစေရန်

လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာကို လုံးလုံး လွှတ်ပေးလိုက်မှ သုံးလို့ရတယ်ဆိုတဲ့ မြန်မာစကားလုံးကိုတောင်မှ နားမလည်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒီမိုကရေစီအစိုးရဆိုတဲ့ဖွတ်အုပ်စု

အကျဉ်းကျခံရသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းနှင့်ပတ်သတ်သည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကြေညာချက်တစ်ရပ်ကို ယနေ့ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါကြေညာချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံသစ်အဖြစ်သို့ ပြည်သူလူထုတစ်ရပ်လုံး တစ်ခဲနက်ထောက်ခံခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ထွန်းလာခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်အစိုးရသည် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်သူများအား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များချမှတ်ခဲ့ရပါကြောင်း၊ သို့ရာတွင် ပြစ်ဒဏ်ကျသူများအား နိုင်ငံတော်သစ်တည်ဆောက်ရာတွင် တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန်လည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်၍ အကျဉ်းသားများအား လူသားချင်းစာနာထောက်ထားသောအားဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညာသောအားဖြင့်လည်းကောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄(ခ) အရ နိုင်ငံတော်သမ္မတသည် ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ်၊ မေလ ၁၇ ရက်မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ယင်းသို့ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို အောက်ပါအတိုင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ဖော်ပြပါရှိပါသည်။

(က)၊ သေဒဏ်ချမှတ်ခံရသူများအတွက် ထောင်ဒဏ်တစ်သက်သို့ လည်းကောင်း၊
(ခ)၊ ထောင်ဒဏ်ကျခံနေရသူများသည် ယင်းတို့အပေါ် သတ်မှတ်ထားသော ထောင်ဒဏ်ကို ထောင်ဒဏ်ရရှိပြီးသော လျော့ပေါ့ရက်များအပြင် တစ်နှစ်ထပ်မံလျော့ပေါ့ရရှိစေရန်လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၂၈/၂၀၁၁ အဖြစ် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

Refး www.weeklyeleven.com

0 သံဃာတပ်ပေါင်းစုခေါင်းဆောင်အရှင်ဂမ္ဘီရနှင့်နိုင်ငံရေးအကျဉ်းသားများမှ အကျဉ်းသားအခွင့်အရေးပေးရန် ပြည်ထဲရေးဝန်ကြီးထံတောင်းဆို

0 တော်လှန်ရေးမျိုးဆက်များ။

Generations of the Revolution

0 ၂၀ ကြိမ်မြောက် ဂျပန် အတာသင်္ကြန်ပွဲတော် သတင်း အင်တာဗျူး


နှစ်စဉ်ရိုးရာမပျက်ဖျော်ဖြေတင်ဆက်လျှက်ရှိသော မင်္ဂလာဒိုးအနုပညာအင်အားစုတေးသံချပ်အဖွဲ့

2011ခုနှစ် တိုကျိုသင်္ကြန်ပွဲတော်ကို ဂျပန်နိုင်ငံ တိုကျိုမြို့  ဟီဘီရပန်းခြံမှာ 2011 မေလ15 ရက်နေ့  မနက်10.30 မှညနေ 5နာရီအထိသကြန်ပွဲတော်ကိုစည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။ တိုကျိုကမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဒီမိုကရေစီအဖွဲ့ ချုပ်LDB ကတာဝန်ယူဦးစီးကျင်းပပြုလုပ်ခဲ့ပြီး ဂျပန်ရှိ
မြန်မာအဖွဲ့ အစည်းများ တိုင်းရင်းသားများ ပူးပေါင်းပါဝင်ကြပါတယ်။ဒီနှစ်သင်္ကြန်ပွဲတော်ကို တိုကျိုနှင့် နဂိုယာမြို့ မြှမန်မာ မိသားစုများ။မြန်မာ့ယဉ်ကျေးမှုကို စိတ်ဝင်စားတဲ့ဂျပန်လူမျိုးများ အမေရိကန်၊ဟန်ဂေရီ၊ပြင်သစ်၊ နေဝေးနှင့် အာရှနိုင်ငံအချို့ မှလူမျိုးများကိုပါ ဒီနှစ်မှာထူးထူးခြားခြားမြင်တွေ့ ခဲ့ရပါတယ်။
နှစ်စဉ်ဧပြီလတွင် ကျင်းပနေကြသင်္ကြန်ပွဲတော်သည် ဆူနာမီ ငလျင်ဒဏ်ကြောင့် မေလသို့  ပြောင်းပြီးကျင်းပပြုလုပ်ခြင်းဖြစ်သည်။

(၂၀)ကြိမ်မြောက် အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအစီအစဉ်ကို မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှိုင်အေး မှ နံနက် ၁၀း၃၀ နာရီမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

တိုကျိုအတာသင်္ကြန်ပွဲတော်မှာ ရေက်ပက် ကစားခြင်းမျိုး မရှိသော်လည်း မြန်မာလူမျိုးများအတွက် သင်္ကြန်ယိမ်း အကအလှများ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေမူ အစီအစဉ်များ ရွှေသရ၀ဏ်အငြိမ့်အက အစီအစဉ်များ မင်္ဂလာဒိုးအနုပညာအင်အားစုမှတေးသံချပ်များပါ တင်ဆက်သွားပါသည်။

ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော အထူးဧည့်သည်တော် ကျောင်းသား တပ်မတော်(ABSDF) အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီ နှစ်သစ်ကူး ဆုတောင်း အမှာစကား ပြောကြား သွားပြီးသည့်နောက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB) ဥက္ကဋ္ဌ ဦးလှိုင်အေး ပြောကြားရာမှာ နှစ်စဉ် တိုကျို မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဧပြီလတွင် ကျင်းပခဲ့သော်လည်း မတ်လ(၁၁)ရက်နေ့တွင် လှုတ်ခတ်သွားသော ငလျင်နှင့် ဆူနာမိဒဏ် ခံခဲ့ကြရသော ဂျပန်ပြည်သူများကို စာနာသောအားဖြစ် ယခုကဲ့သို့ တလ နောက်ကျ၍ ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ကြောင်းကို ထည့်သွင်း ပြောကြားသွားပါသည်။

မင်္ဂလာဒိုး၏ ၂၀၁၁ ခုနှစ် သင်္ကြန် သံချပ်များကို တင်ဆက်ရာမှာ မြန်မာပြည်၏ လူနေမှုစနစ် ပတ်ဝန်းကျင် အခြေအနေတွေကို ထင်ဟပ်ပေါ်လွင်စေသော သံချပ်များအစီအစဉ်များကို ထိထိမိမိ တင်ဆက် ဖျော်ဖြေသွားခဲ့သည့်အတွက် ဂျပန်ရောက်ပရိတ်သတ်များ အထူးနှစ်ချိက်အားပေးမူကို ရရှိခဲ့ပါသည်။

ကျောင်းသား တပ်မတော်(ABSDF) အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီ နှင့်မြန်မာ့ဒီမိုကရေစီအဖွဲ့ ဥက္ကဌ ဦးလှိုင်အေးတို့ အား ကိုထွန်းဝေနှင့်ဒီမိုဝေယံ တို့ က တွေ့ ဆုံမေးမြန်းခဲ့ ပါတယ်။

ကိုဆန်နီ ခင်ဗျား တိုကျိုသင်္ကြန်ပွဲတော်ကို လာတဲ့ရည်ရွယ်ချက်နဲ့ ရောက်ရှိတယ်ဆိုတဲ့ ကိစ္စလေးတချက်လောက်ပြောပြပေးပါလား?

ဂျပန်နိုင်ငံမှာရှိတဲ့နှစ်စဉ်သင်္ကြန်ပွဲ ကို ကျွန်တော်တို့ အဖွဲ့ နှစ်စဉ်ဖိတ်ကြားခံရပြီး ကျွန်တော်တို့ တာဝန်ရှိတဲ့ခေါင်းဆောင်တွေ တစ်ဦးမဟုတ် တစ်ဦးလာရောက်ဖိတ်ကြားခံရတဲ့အတွက် ကျွန်တော်တာဝန်ကျတဲ့ အတွက်မြန်မာရိုးရာသင်္ကြန်ပွဲကိုတက်ရောက်ဖို့ အတွက်မြန်မာမိတ်ဆွေများနှင့် အဖွဲ့ အစည်းများ၊
ABSDFရဲဘော်ဟောင်းများ အားလုံးပေါ့လေ တွေ့ ဆုံဖို့ အတွက်ရောက်ရှိခဲ့ပါတယ်။တချိန်တည်းမှာဘဲ ABSDFစည်းရုံးရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ အတွက်တာဝန်ပေးခံခဲ့ရတဲ့အတွက် တိုက်ပွဲခေါ်သံတွေမြှင့်တင်ဖို့ အတွက်ပါ။၂၀၀၈ နှင့်အခုတခေါက်က နှစ်ကြိမ်မြောက်ပါ။

ဒီနှစ်သင်္ကြန်ပွဲက ဘာထူးခြားခဲ့လဲဆိုရင် ဂျပန်မှာရှိတဲ့ မြန်မာအဖွဲ့ အစည်းတွေရဲကြိုးစားမှု့ စည်းလုံးမှုနှင့်ကျင်းပနိုင်တယ်လို့ မြင်မိပါတယ် ဘာကြောင့်လဲဆိုလို့ ရှိရင် ဒုတိယကမ္ဘာစစ်နောက်ပိုင်းဂျပန်မှာ အကြီးမားဆုံး ဆူနာမီငလျင်ကြီးနှင့်ဒီနေ့ တွေ့ ကြုံနေရတဲ့ နူကလီယားဓါတ်ပေါင်းဖိုတွေကြောင့် ပုံမှန်လုပ်နေကြတဲ့ကာလထက်နောက်ကျပြီးမှလုပ်ခဲ့ရတဲ့ကာလဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ လေးလေးစားစား အားလုံးကို အသိအမှတ်ပြုတဲ့ လာပြီးအားပေးခြင်းဖြစ်ပါတယ် နောက်ပြီးဖိတ်ကြားခေါ်ပေးတဲ့ မြန်မာ အဖွဲ့ အစည်းတွေကို ကျေးဇူးတင်လေးစားပါကြောင်းဒီနေရာက ပြောကြားလိုပါတယ်

တိုကျိုသင်္ကြန်နဲ့ မြန်မာပြည်သင်္ကြန် ကွာခြားပုံလေးတစ်ချက်လောက်ပြောပြပေးပါခင်ဗျ

ဟုတ်ကဲ့  သင်္ကြန်က နေရာဒေသမှာ မြန်မာရိုးရာ အနေနဲ့ကျင်းပတယ်ဆိုပေမဲ့ တတ်နိုင်သရွေ့နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပကြတာ ပိုကောင်းပါတယ် အဖွဲ့ အစည်းတွေရဲ့ စားသောက်ဖွယ်ပစ္စည်း ရောင်းချတာတွေ ရံပုံငွေလုပ်နေတာတွေ ဒီနေရာမှာ ဖြစ်ပျက်နေတဲ့နိုင်ငံရေး အခြေအနေတွေ လုပ်နေတာတွေက ထူးခြားတဲ့လက္ခဏာပါ။ ဒီနှစ်ကာလမှာတော့သံချပ်တွေက ဂျပန် ၊အိနယအဖွဲ့ တို့  က သင်္ကြန်ရဲ့ သဘာဝကိုဖော်ပြပေးနေပါတယ်။သံချပ်တွေကဒီနေ့ ကျွန်တော်တို့ တွေ့ မြင်နေရတဲ့လူထုကိုကြားသိရတဲ့ပတ်ဝန်းကျင်အခြေအနေတွေကိုကျွန်တော်တို့ တိုင်းပြည်မှာမလုပ်နိုင်ပေမဲ့ ဒီနေ့ ဂျပန်နိုင်ငံမှာရှိတဲ့အင်အားစုတွေကလုပ်နေတာကိုတွေ့ ရပါတယ် ။အဲဒါထူးခြားတဲ့လက္ခဏာပါ မြန်မာဓလေ့နဲ့ အညီဆိုပေမဲ့လည်းဂျပန်နိုင်ငံမှာ လဲဂျပန်သဘာဝနဲ့ လုပ်နေတာကို ကျွန်တော် နားလည်ပေးပါတယ်ခင်ဗျ။

ကျောင်းသားတပ်မတော်ခေါင်းဆောင်အနေနဲ့ တိုကျိုသင်္ကြန်မှာမိန့် ခွန်းလဲပြောရမယ်ဆိုတော့ ရင်ထဲမှာဘယ်လိုခံစားမိလဲ ပြောပြပေးပါလားဗျ


ကျွန်တော်တို့ ကို အသိအမှတ်ပြုတဲ့အပေါ်မှာကော ဖိတ်ကြားတဲ့အပေါ်မှာကော ကျေးဇူးတင်တယ်ပေါ့ စိတ်လှုပ်ရှားမှုဖြစ်ရတယ်ဆိုတာကတော့ ဒီနှစ်သင်္ကြန်ပွဲကို ခက်ခက်ခဲခဲကြားက လုပ်သွားတာကို ကျွန်တော်တို့ လုံးဝအသိအမှတ်ပြုတယ်ဗျာ မြန်မာဒီမိုကရေစီအဖွဲချုပ့် ရဲ့ ကြိုးစားအားထုတ်မှုပါ ကျွန်တော်အနေနဲ့ဝမ်းသာပါတယ်


မြန်မာဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ ဦးလှိုင်အေး ခင်ဗျ သင်္ကြန်ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်လေးပြောပြပေးပါခင်ဗျ

ဟုတ်ကဲ့  ကျွန်တော်တို့ ဂျပန်မှာ ဒါ ၂၀ကြိမ်မြောက်ပေါ့ နော် ကျင်းပရတဲ့ရည်ရွယ်ချက်က ဂျပန်မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတိုင်းရင်းသားညီကို မောင်နှစ်မ အားလုံးရဲ့ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်တဲ့ပွဲပေါ့ ။ အလုပ်ထဲမှာ ပင်ပင်ပန်းပန်း နဲ့ လုပ်ပြီး စိတ်ဖိစီးမှုတွေ ပပျောက်ပြီးတော့ ဆိုကြ ကကြ ပေါ့ ဗျာ မြန်မာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာကိုပါဝင်ဆင်နွဲပြီးတော့ မိသားစုနဲ့ ဝေးနေတဲ့စိတ်ဓါတ်လေးတွေ ပြေပျောက်ပါစေဆိုတဲ့ ဂျပန်မှာမြန်မာမှာနှစ်သစ်ကူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ရခြင်းဖြစ်ပါတယ်ခင်ဗျ။

အနှစ်နှစ်ဆယ်လောက် သင်္ကြန်ပွဲကျင်းပတာကြာပြီဆိုတော့ အခက်အခဲလေးတွေရှိရင် ပြောပြပေးပါလားခင်ဗျ
ကျွန်တော်တို့ ၂၀၁၁ ခုနှစ်တိုကျိုမြန်မာ့ရိုးရာအတာသင်္ကြန်ကတော့ တော်တော်လေးကိုဘဲ အခက်အခဲကြားထဲက ကျင်းပရတာဖြစ်ပါတယ်၊၂၀၁၁ ခု ၃လပိုင်းက လှုပ်သွားတဲ့
ဆူနာမီငလျင်ကြောင့် ဂျပန်နိုင်ငံသားတွေခံစားရတဲ့ဝေဒနာတွေပေါ့နော် အဲဒီရဲ့ ဖြစ်ရပ်ကြောင့်နူကလီးယားဓါတ်ပေါင်းဖိုကိစ္စတွေ အဲဒါတွေက ကျွန်တော်တို့  မျက်မြင်ကိုတွေ့ ရတဲ့အခါကြတော့ သင်္ကြန်ပွဲကို ၄ လပိုင်းအစီအစဉ်ကနေပြီးနောက်ကိုဆုတ်လိုက်ရပါတယ်။သူတို့ တတွေစိတ်ဆင်းရဲနေကြတာကို ကျွန်တော်တို့ ဗမာတွေကမမြင်ချင်ပါဘူး။သက်ဆိုင်ရာ အဖွဲ့ အစည်းတွေနဲ့ ညှိပြီးတော့ ၅လပိုင်းကို နောက်ဆုတ်လိုက်ရပါတယ် ဒီနှစ်ငှားရတဲ့ သင်္ကြန်ကွင်းကျင်းပရတဲ့ ပန်းခြံအပိုင်က တိုကျို တို့ အ(ဟီဘီရ) ပိုင်တဲ့ ပန်းခြံဖြစ်ပါတယ်။အဲဒီပန်းခြံဖြစ်တဲ့အတွက်ကြောင့်ခါတိုင်းနှစ်တွေထက် စာရင်အများကြီးလုပ်ရကိုင်ရ အခက်အခဲဖြစ်ပါတယ်။
တိုကျို တို့ အ ပိုင်တဲ့ ပန်းခြံ ဆိုလို့ ရှိရင် စပွန်ဆာ ပေးတဲ့သူကအစိုးရ အဖွဲ့ အစည်းဖြစ်ရမယ်။သင်္ကြန်မှာဆိုလို့ ရှိရင် ဒီပန်းခြံမှာ ထိုင်း၊အာဂျင်တီးနားတို့ ဘရာဇီးတို့ ဆိုရင် ဒီပန်းခြံမှာဘဲ ပွဲတော်လုပ်တယ် သူတို့ ရဲ့ သံရုံးတွေက လည်း စပွန်ဆာ ပေးတယ်။ကျွန်တော်တို့ က လက်ရှိတိုင်းပြည်ရဲ့ အစိုးရက ဗမာလူမျိုးတွေရဲ့  အသဲထဲရင်ထဲက မဲပေးထားတဲ့ အစိုးရမဟုတ်ဘူးခင်ဗျ။အခုတက်လာတဲ့ အစိုးရ ကလည်း ဘောင်းဘီနဲ့ ပုဆိုးကို လည်းပြီးတက်လာတဲ့အစိုးရဖြစ်တယ်၊၊ ဒါဆိုရင်သဘောပေါက်ပါလိမ့်မယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးအရှည်ကြီးပြောရင်ဆုံးနိုင်မှာမဟုတ်ပါဘူး။အဲဒါကြောင့် သံရုံးရဲ့ ထောက်ခံစာယူဖို့ အခက်အခဲဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်တိုင်းနှစ်ကြကူညီနေတဲ့အဖွဲ့ အစည်းတွေ ဂျပန်နိုင်ငံမှာ အရမ်းနာမည်ကြီးနေတဲ့ အလုပ်သမားအဖွဲ့  ရင်ဂို တို့ အလုပ်သမားအဖွဲ့ ကြီးတွေ ပီအက်ဖ် ပီတို့ အဖွဲ့ တွေလုပ်လို့ မရပါဘူးခင်ဗျ၊၊ ဒါကြောင့် ဒီနှစ် သင်္ကြန်ပွဲက ငွေကုန်ကြေးကြ တော်တော်လေးများပါတယ်ဗျ။ အစားအသောက်အာမခံယူတဲ့နေရာမှာ တော်တော်လေးကို အခက်အခဲနဲ့ ယူခဲ့ ရပါတယ်ခင်ဗျ။ဒီနှစ် တိုကျိုမြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ ရဲ့ အခက်အခဲ တွေက အဲဒါတွေရှိပါတယ်ခင်ဗျ၊၊

ဒီနှစ်မှာ သင်္ကြန်ပွဲ လူဦးရေ ဘယ်လောက်လောက်လာမယ်လို့ ခန့် မှန်းထားပါသလဲဗျ
ဒီနှစ်မှာ မြန်မာတင်မဟုတ်ဘူး ဂျပန်နှင့် အခြားနိုင်ငံခြားသားဦးရေ ၃၀၀၀နှင့်၃၅၀၀ လောက်လာမယ်လို့ ခန့် မှန်းထားပါတယ်ခင်ဗျ။

ဒီသင်္ကြန်ပွဲကျင်းပနေတဲ့ ကွင်းပြင်ကြီးထဲမှာထူးထူးခြားခြားလှုပ်ရှားမှုတွေ ဘာတွေရှိပါသလဲခင်ဗျာ
ဝင်ဝင်ခြင်းဂိတ်ပေါက်ဝနှစ်ခုမှာ အိန္ဒယရောက်မြန်မာဒီမိုကရေစီအင်အားစုတွေရဲ့ သံချပ်ခွေတွေကိုအခမဲ့ဖြန့်ချီပေးနေတယ်။0033 တယ်လီဖုံးကမ်ပိန်းနှင့်အလုပ်သမားသမဂ္ဂရဲ့ အာမခံချက်ဆေးကုသခွင့်ကမ်ပိန်း နောက် တိုင်းရင်းသားရိုးရာစားသောက်ဆိုင်တွေ အဖွဲ့ အစည်းတွေရဲ့ စားသောက်ဆိုင်တွေနိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကမ်ပိန်းက တကမ္ဘာလုံးနဲ့ အမျှအကြီးအကျယ်ဆုံးစည်စည်ကားကားနဲ့လက်မှတ်ထိုးနေကြပါတယ်

ဒီသကြန်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်ထိုးကမ်ပိန်းကိုနောက်ဆုံးအနေနဲ့ ပြောပြပေးပါအုံး
ဒေါ်အောင်ဆန်းစုကြည်က အားလုံးကိုကူညီကြဖို့  မြန်မာ နိုင်ငံအတွင်းမှာ အကျဉ်းထောင်အတွင်းမှာ မတရားအကျဉ်းကျခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဖို့ ပေါ့နော်..ဒီသင်္ကြန်ပွဲမှာ စည်စည်ကားကားနဲ့ နိုင်ငံရေးအဖွဲ့ အစည်းအသီးသီးက လုပ်ထားတဲ့ လက်မှတ်ထိုးပွဲဖြစ်ပါတယ်ခင်ဗျ။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။

သတင်းတင်ပြရေးသားသူ။ ။ ကိုထွန်းဝေ (မင်္ဂလာဒိုး) ။ဒီမိုဝေယံ

0 ၂၀၁၁ ခုနှစ် ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် အမည်စာရင်း ထုတ်ပြန်ခြင်း


အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award)
www.citizenofburma.org

နေ့စွဲ - ၂၀၁၁ ခုနှစ် မေလ ၁၅ ရက်

ပြည်တွင်းရှိ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းစွမ်းဆောင်သူများမှ နောက်ဆုံးဆန်ကာတင် ၅ ဦးအနက် ဆန္ဒမဲအများဆုံး ရရှိသူတဦးကို ရွေးချယ်ကြသည့် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြု အစီအစဉ်ကို မေလ၁၅ရက် က ကျင်းပပြီး ဒေါ်ရှု ကို ဆန္ဒမဲအများဆုံးဖြင့် ရွေးချယ်လိုက်သည်။

ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြု အစီအစဉ်၏ နောက်ဆုံး ဆန်ခါတင် ၅ ဦး စာရင်းကို ထုတ်ပြန်ပြီး မေလ ၁၄ရက် ၂၀၁၁ခုနှစ် ညသန်းကောင်ယံအချိန်အထိ အင်တာနက်မှတဆင့် အများပြည်သူထံက ဆန္ဒအရှိဆုံး မဲများကို လက်ခံခဲ့ပြီး ဖြစ်သည်။ နောက်ဆုံး စာရင်းပိတ်ပြီးနောက် စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက်ကို Westwood College – Prof. R. Hoo ခေါင်းဆောင်သည့် စိစစ်ရေးအဖွဲ့က အောက်ပါအတိုင်း အသိပေးထုတ်ပြန်လိုက်သည်။

မဲပေးကြသည့် နိုင်ငံစုစုပေါင်း = ၄၀ နိုင်ငံ
စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက် = ၂၅၀၂၂၈ မဲ
ပထမ မဲအများဆုံး ရရှိသူ - စုစုပေါင်းမဲ၏ ၄၃.၉၁ %
ဒုတိယ မဲအများဆုံး ရရှိသူ - ၂၅.၇၅ %
တတိယ မဲအများဆုံး - ၁၅.၃၆ %
စတုတ္ထ မဲအများဆုံး - ၁၀.၃၇ %
ပဉ္စမ မဲအများဆုံး - ၀.၃၉ % ဖြစ်ပါသည်။

ဆန္ဒမဲလာရောက်ပေးကြသည့် ဧည့်ပရိသတ် ၀င်ရောက်မှု အများဆုံး နိုင်ငံများမှာ -

၁။ အမေရိကန်ပြည်ထောင်စု - စုစုပေါင်းမဲ၏ ၄၁.၁၀ %
၂။ စင်ကာပူ - ၂၁.၈၆ %
၃။ ထိုင်းနိုင်ငံ - ၆.၄၆ %
၎။ ဂျပန် - ၃.၁၆%
၅။ ၾသစေၾတးလ် - ၃.၀၈ %
၆။ မြန်မာနိုင်ငံ - ၁.၁၃ %



ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ


ဆက်သွယ်ရန်။ ။ ကိုကျော်ဝဏ္ဏ (၀၁) ၆၂၆ ၄၇၈ ၇၇၁၇၊ ကိုလေး (၀၁) ၆၂၆ ၃၈၃ ၆၉၀၁၊ ကိုဝေလ (၀၁) ၆၄၆ ၄၆၂ ၉၀၁၇၊ ကိုထိန်လင်း (၀၁) ၄၁၅ ၅၃၁ ၃၇၆၁၊ ကိုဂျေစင် (၀၁) ၅၁၀ ၄၀၂ ၇၇၇၉

Sunday, May 15, 2011

0 ဂျပန်နိုင်ငံတိုကျိုမြို့  ဟီဘီယပန်းခြံတွင်ပြုလုပ်ကျင်းပသောအကြိမ် ၂၀-မြောက် မြန်မာသင်္ကြန်ပွဲအခမ်းအနား၊(ဓာတ်ပုံသတင်း)


ဓာတ်ပုံ။ ။ ဦးသန်းဝင်း

2 မလေးရှားမှာ .. မှန်းချက်နဲ့ နှမ်းထွက် မကိုက်သွားရှာတဲ့ ဗုဒ္ဓဘာသာ အရေခြုံ ဘာသာဖျက် ဘုန်းကြီး ဦးဣဒ္ဓိပါလ



15.5.2011 ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ SM ကုန်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ASHIN EIDDIDPALA ၏ No 1 စိတ်ဓါတ်မြှင့်တင်ရေး ပို့ချမှုသင်တန်းပွဲ အခမ်းအနားတွင် လူသုံးဆယ်ခန့်သာ တက်ရောက်ကြောင်း သိရသည်။ အဆိုပါ ASHIN EIDDIDPALA ပွဲစလုပ်မည်ဟု သိရသည့် အချိန်မှ စ၍ မလေးရှားနိုင်ငံရောက် တာဝန်သိ ဗုဒ္ဓဘာသာဝင် လူကြီးလူငယ်များမှ အဆိုပါ သာသနာဖျက်ဘုန်းကြီးအား ဆန့်ကျင်ကန့်ကွက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း မလေးရှားနိုင်ငံအနှံ ကန့်ကွက်စာများ လိုက်လံကပ်ခြင်း၊ အင်တာနက် အွန်လိုင်းမှ တဆင့် ကန့်ကွက်ကြေငြာခြင်း၊ SMS များပို့ကာ ကန့်ကွက်ကြေငြာခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။ မလေးရှားရောက် မြန်မာရဟန်းတော် အချို့ကလည်း အဆိုတော် ဘုန်းကြီးအား ရဟန်းကျင့်ဝတ်နှင့် မညီသဖြင့် ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

ထိုသို့ မလေးရှားရောက် ဗုဒ္ဓဘာသာဝင်မြန်မာအသိုင်းအ၀ိုင်းမှ ၀ိုင်းဝန်းဆောင်ရွက် ကန့်ကွက်ကြသဖြင့် ယနေ့(15.5.2011) နေ့တွင် ကျင်းပခဲ့သည့်ပွဲတွင် လူ 30 ခန့်သာ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

ထိုသို့ တက်ရောက်လာကြသူများမှာလည်း အဆိုပါပွဲဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ကြသူများနှင့် မကင်းရာ မကင်းကြောင်းများသာ ဖြစ်ကြသည်။ အဆိုပါပွဲတွင် ပွဲစီစဉ်သူများက No 1 စိတ်ဓါတ်မြှင့်တင်ရေး စာတမ်းပါ တူညီဝတ်စုံများကို ၀တ်ဆင်ထားကြပြီး ခန်းမအောက်တွင် တဖက်သုံးယောက်စီ ရပ်ကာ လာသမျှ လူကို လက်အုပ်ချီ နှုတ်ဆက်၍ ကြိုဆိုနေကြသည်ကို တွေ့ရသည်။ လုံခြုံရေးအတွက်RELA ခေါ် မလေးရှား ပြည်သူ့စစ်များကိုလည်း ငှားရမ်းထားကြသည်။ အဆိုပါပွဲ ပြုလုပ်ရာတွင် ပွဲကျင်းပခွင့် ပါမစ် မရှိဘဲ ပြုလုပ်သည်ကို စာရေးသူ၏ မိတ်ဆွေတစ်ယောက်မှတဆင့် သိရှိရသည်။ ပွဲစတင်မည့်အချိန်မှာ နေ့လည် 12 : 00 ဟု ကြေငြာထားသော်လည်း 1 နာရီ ကျော်နေသည်အထိ လူ 15 ယောက်ခန့်သာ ရှိသည်ကို တွေ့ရသည်။ အဆိုပါပွဲတွင် ရောင်းချရန်အတွက် ASHIN EIDDIDPALAမှ စာအုပ်များကို ခင်းကျင်းထားပြီး ရောင်းဈေးမှာ RM 100 ( မြန်မာငွေ နှစ်သောင်းကျော် သုံးသောင်းနီးပါး ) ဖြစ်သည်။

စာရေးသူတို့ ရောက်ရှိသွားပြီး အဆိုပါ အခမ်းအနားအား ဓါတ်ပုံရိုက်နေစဉ် ASHIN EIDDIDPALA မှ ရောက်လာပြီး “မင်းတို့က ဘယ်ကလဲ၊ ထောက်လှမ်းရေးတွေ မဟုတ်ပါဘူးနော်၊ ငါက မြန်မာတွေဆိုရင် လန့်နေပြီ” ဟု ပြောသွားခဲ့သေးသည်။ မလေးရှား စံတော်ချိန် 2 နာရီ ခန့်တွင် ရဲများ ရောက်ရှိလာပြီး စာရွက်စာတမ်းများ စစ်ဆေးခြင်း၊ ပွဲတက်ရောက်လာသူများကို အထောက်အထားများစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သဖြင့် ပွဲပျက်မလို ဖြစ်သွားခဲ့သည်။ အချို့မှာ ရဲအား ကြောက်ရွှံ့ပြီး ထိုသင်တန်းပွဲသို့ ဆက်လက် တက်ရောက်ခြင်းမရှိဘဲ ပြန်သွားခဲ့ကြသည်။ ထို့ကြောင့် ASHIN EIDDIDPALAမှာ သူ၏ အဖွဲ့ဝင် လူ သုံးဆယ်ခန့်ဖြင့်သာ အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရကြောင်း သိရှိရသည်။

ကိုထိုက် (မြန်မာ့စတိုင်)(Facebook)မှ

0 နာရေး ဆင်ဆာ


နာရေး ဆင်ဆာ

နာရေး ဆင်ဆာ

မြန်မာ့ရုပ်ရှင်ဆင်ဆာ (သို့မဟုတ်) (ရုပ်ရှင်၊ ဂီတ၊ စာပေ၊ သဘင်၊ ပန်းချီ၊ ပန်းပု) စီစစ်ရေး အဖွဲ့ဟု ဆိုရာ၌ မြန်မာပြည်သူလူထုအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသော လျှပ်ပေါ် လော်လီဝတ်စားဆင်ယင်မှု၊ အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေမည့်ဝတ်ဆင်မှု၊ ယုတ်ရင်း ကြမ်းတမ်းသောပြောဆိုမှု၊ အမိအဖ/သားသမီး မိသားစုများကြည့်ရှုရန် မသင့်လျော်သော ပြကွက်များ၊ အမှုအရာများ၊ ကြောက်မက်ဖွယ်ရာ ရက်စက်မှုပြကွက်များ၊ ဘာသာသာသနာကို ထိခိုက်စော်ကားမှု ဖြစ်ပေါ်သော အပြုအမူ၊ အသုံးအနှုန်း၊ အပြောအဆိုများ၊ အမျိုးသားရေးကို ထိခိုက်စေမည့်ပြကွက်၊ ပြောဆိုအမူအရာများ၊ အမျိုးသားရေးကို လှုံ့ဆော်/ပုန်ကန်မှုကို ဖြစ်စေ သောပြကွက်များ . . . စသည်စသည်တို့ကို အများပြည်သူတို့အား မပြသသင့်၍ ပိတ်ပင်တားဆီး ကန့်သတ်သတိပေးရသော အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်းဟု ကျွန်တော် နားလည်မိပါသည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)

ဘဘ ဦးသုခ မျိုးစေ့ချပေးခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)

အများပြည်သူတို့ကို (အခမဲ့) ကူညီဖေးမပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)

လူသားချင်းစာနာစိတ်ထား၍ ကူညီပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏

လှုပ်ရှားပေးဆပ်မှုများ၊ ကူညီဆောင်ရွက်ပေးမှုများပါရှိသော ဗီဒီယို (DVD) အချပ်များကို (ကန့်သတ်) ဟု ရေးသားရိုက်နှိပ်ကာ အလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့ကို ကျေးဇူးတင်သည့် အနေဖြင့်၎င်း၊ မုဒိတာပွားများနိုင်ရန်၎င်း၊ မြန်မာ့ယဉ်ကျေးမှု ဘာသာသာသနာကို ဦးထိပ်ထား၍ ၄င်း၊ လူငယ်များ လူမှုရေးလုပ်ငန်းများ၊ လူသားချင်းစာနာစိတ်များ မွေးဖွားပေါ်ပေါက်လာစေရန်၎င်း ရည်ရွယ်ကာ အလှူရှင်များအတွက် (အခမဲ့) လှူဒါန်းမှုကို လုပ်ဆောင်ခဲ့ပါသည်။ ဗီဒီယိုဈေးကွက် အတွင်းသို့၎င်း၊ အများပြည်သူတို့အား၎င်း အခကြေးငွေဖြင့် ရောင်းချခြင်း လုံးဝမပြုခဲ့ချေ။ ဤနည်းဖြင့်လည်း အလှူငွေရှာခဲ့ခြင်းလည်း လုံးဝ (လုံးဝ) မဟုတ်ခဲ့ချေ။ စီးပွားရေးလုပ်ငန်းတစ်ရပ် အနေဖြင့်လည်း ပြုလုပ်ခဲ့ခြင်းမရှိ။ ဂီတပညာရှင်များကလည်း မေတ္တာ၊ စေတနာ၊ ဂရုဏာ၊ မုဒိတာတို့ဖြင့် လူမှုရေးလုပ်ငန်းဖြစ်သော အများပြည်သူတို့အား ဖေးမကူညီပေးသော ကျွန်တော် တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် သီဆိုတီးခတ် ကုသိုလ်ယူပေးဆပ်ခဲ့ခြင်းဖြစ်သည်။ လူမှုရေးဂီတအဆိုတော်များ၏ သီချင်းသံစဉ်တို့ဖြင့် ကျွန်တော်တို့၏ ပေးဆပ်ခဲ့သော၊ လူသားချင်း စာနာစိတ်မွေးသည့် လေးနက်သောလုပ်ရပ်များ၊ ဗြဟ္မစိုရ်တရား (၄)ပါးကို လက်ကိုင်ပြု၍ ပေးဆပ်မှုမှတ်တမ်းပုံရိပ်များဖြင့် ပုံဖော်ပြသပေးခြင်းသာဖြစ်သည်။ ကျွန်တော်တို့နည်းတူ (ကန့်သတ်)အဖြစ် အများပြည်သူတို့ လက်ဝယ်သို့ ဝေငှဖြန့်ဖြူး ထုတ်ဝေနေသော UN အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းအဖွဲ့များ၊ NGO အဖွဲ့များ၊ ဆရာတော်ကြီးများ၏ (ဓမ္မဒါန) တရားတော်အခွေများလည်း များစွာရှိခဲ့ပါသည်။

ယခုမူ . . . ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လှုပ်ရှားပေးဆပ်မှုများ၊ ကူညီ ဆောင်ရွက်ပေးဆပ်မှုများဖြစ်သည့် ဗီဒီယို (DVD) အချပ်၊ MTV အချပ်တို့အား ဆင်ဆာတင်ရမည် တဲ့ဗျာ။

နာရေး (သေခြင်းတရား)များကို မပြသသင့်၍လား။

ဒိဋ္ဌိအယူဝါဒများကို မဖယ်ရှားချင်၍လား။

သံဝေဂများ မရစေချင်၍လား။

လူသားချင်းစာနာစိတ်များ မပေါ်ပေါက်စေချင်၍လား။

လူမှုရေးသမားများ မပေါ်ပေါက်စေချင်၍လား . . . ဟူ၍ တွေးမိတော့သည်။

“မသေရာအမှန် မြတ်နိဗ္ဗာန်”ကို ရောက်နေကြပြီလား ဟူ၍ မေးခွန်းထုတ်လိုက်ချင်ပါရဲ့။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ မြန်မာ့သူရဲကောင်းကြီးများဖြစ်ကြသော အဘမှိုင်း၊ ဆရာစံ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့် စသည့် အာဇာနည်ကြီးများ မသေဆုံးကြသေးပါ၊ ရှင်သန်နေဆဲ ဟု အားတက်တရော အတွေးစ၀င်မိတော့သည်။

ကျွန်တော်တို့သည် ကိုယ့်လမ်း . . . ကိုယ်သွား

ကိုယ့်အလုပ် . . . ကိုယ်လုပ်

ကိုယ့်တာဝန် . . . ကိုယ်ကျေ

ကိုယ့်သီလ . . . ကိုယ်လုံ

ကိုယ့်သမိုင်း . . . ကိုယ်ရေး နေကြသည့် လူမှုရေးသမား (စစ်စစ်) များသာဖြစ်သည်။

ကျွန်တော်တို့သည် ဆင်းရဲသော မိသားစုဝင်များ၏ နာရေးအတွက်လည်း သင်္ဂြိုလ်ပေးသည်။

ကျွန်တော်တို့သည် ချမ်းသာသော မိသားစုဝင်များ၏ နာရေးအတွက်လည်း သင်္ဂြိုလ်ပေးသည်။

ကျွန်တော်တို့သည် နိုင်ငံရေးမိသားစုဝင်များ၏ နာရေးအတွက်လည်း သင်္ဂြိုလ်ပေးသည်။

ကျွန်တော်တို့သည် ဗိုလ်ချုပ်ကြီးများ၏ မိသားစုဝင်များ၏ နာရေးအတွက်လည်း သင်္ဂြိုလ်ပေးသည်။

ကျွန်တော်တို့သည် ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေးတို့၏ နာရေးကိစ္စများကို “သေသောသူသည် သုဿန်သို့ သက်သက်သာသာသွားသင့်သည်” ဟူသော ဆောင်ပုဒ်အတိုင်း လူသားချင်းစာနာစိတ်ကို လူသားပီသစွာ ပေးဆပ်နေသော အမျိုးကောင်းသား/သမီးများဖြစ်သည်။ ကျပ်တည်းမှု၊ မွန်းကျပ်မှုများကို နာကျည်းမှု၊ ကလဲ့စားချေမှုတို့ဖြင့် ဖြေရှင်းပေးသော အဖွဲ့အစည်း မဟုတ်။ အမိနိုင်ငံတော်ကို ပုန်ကန်ကြမည့်သူများ မဟုတ်။ နိုင်ငံတော်အာဏာကို လုယူကြမည့် သူများလည်း မဟုတ်။ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော မြတ်ဗုဒ္ဒ၏ ဗြဟ္မစိုရ်တရား (၄) ပါးတို့အား လက်ကိုင်ပြုကာ သံသရာထဲ ကျင်လည်ကြကုန်သော လူသားများအား မိမိတို့ တတ်စွမ်းသရွေ့ နိုင်သလောက် နိုင်ငံတော်အား ပံ့ပိုးဖေးမပေးမှုများကိုသာ လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။

ကျွန်တော် စဉ်းစားမိပြန်သည်။

“အော် … ငါ့ဘ၀နှယ် . . . ကမ္ဘာမြေပြင်ကို ရောက်တုန်းရောက်ခိုက်၊ ဘ၀ပေး အခြေအနေ ကြောင့် ရုပ်ရှင်သရုပ်ဆောင် အနုပညာနယ်ပယ်ထဲကို ရောက်ခဲ့တယ်။ အဲဒီမှာ ဆင်ဆာအဖွဲ့ရဲ့ ဖြတ်တောက်မှု၊ ပိတ်ပင်မှု၊ သတိပေးမှု၊ တားမြစ်မှုတို့ကို ကြုံခဲ့ရတယ်။ ခုလည်း … မြန်မာ့ရုပ်ရှင်လောက ကနေပြီး အပြီးပိုင်ထွက်ခွာပြီး လူသားအကျိုးပြုလုပ်ငန်းကို ပေးဆပ် ပြန်တော့လည်း ဒီဆင်ဆာအဖွဲ့ရဲ့ တားမြစ်မှု၊ ဖြတ်တောက်မှုတို့ကို ကြုံရပြန်ပါကလား” ဟု။

အတ္တနယ်မှာလည်း ဖြတ်၊ ပရနယ်ပယ်မှာလည်း ဖြတ်ခံရတဲ့ငါ . . . . ။

“အေးလေ … အရင့်အရင်ဘ၀တွေတုန်းက ငါကသူတို့ကို ဘာတွေများ သတိပေး၊ တားမြစ်၊ ဖြတ်တောက်၊ ပိတ်ဆို့မှုဆိုတာတွေ လုပ်ခဲ့သလဲ” လို့။

“၀ဋ်ဆိုတာ လည်တတ်တယ်” ဟုသာ အရှုံးပေးရတော့မလို။ သို့သော် “ကိုယ်ပြုသောကံ ပဲ့တင်သံ . . . ကိုယ့်ထံပြန်လည်ဦးမည်” ဖြစ်တော့သည်။

ကျော်သူ

(မြန်မာ့ရုပ်ရှင်လုပ်ငန်း ဆင်ဆာအဖွဲ့အစည်းဝေးမှ ပဲ့တင်သံပြန်ကြားမှု၊ ၁၄.၅.၂၀၁၁ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး၊ ပြန်/ဆက်အရာရှိ၊ ဥပဒေအရာရှိ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ ခေါ်ယူသတိပေးမှုတို့ကို ပြန်လည်သုံးသပ်ခြင်းများနှင့်အတူ ညအချိန်တွင် အိပ်မက်တစ်ခု မက်ခြင်းသာဖြစ်တော့သည်။)

3 No. 1 သင်တန်း နည်းပြ၏ နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ထံသို့ ၀န်ခံကတိပြုချက် မူရင်းနှင့ှ် သင်တန်း၏ homepageအသစ်ပြန်လည်ထွက်ပေါ်လာခြင်း။







RFAနှင့်No. 1 သင်တန်း နည်းပြသင်တန်းမှူး အညတြဘိက္ခူ အရှင်ဣဒ္ဓိပါလ အမေးအဖြေ



သင်တန်းကျောင်း စာမျက်နှာ အဟောင်း
http://numberonesociology.com/index.htm ကဖွင့်လို့မရ
အသစ်က.. http://www.no-1sociology.com/index.htmပါ မကြာမှီအချိန်တောအတွင်း website ပိတ်သွားနိုင်တဲ့အနေအထားရှိနေတဲ့အတွက် ဘာတွေရေးထားသလဲဆိုတာ အခုအချိန်အခါသွားရောက်ဖတ်ရူနိုင်ပါတယ်.. အရှင်ဣဒ္ဓိပါလရဲ့မေးခွန်းများ အမေးအဖြေနဲ့ အထက်ပါ... ဝန်ခံကတိပြုချက် ဘာကြောင့် ကွာခြားနေတယ် ဆိုတာအောက်မှာလေ့လာကြည့်ကြပါ
http://www.no-1sociology.com/question2_1.htmမှကောက်နုတ်ဖော်ပြလိုက်ပါတယ်..
အရှင်ဣဒ္ဓိပါလထံ ရောက်ရှိလာသော အနယ်နယ်အရပ်ရပ်မှ မေးခွန်းများအပေါ် ပြန်လည်ဖြေကြားခြင်း။

မေး (၉) No.1 သင်တန်းကျောင်းမှာ အကတွေပဲသင်တယ်ဆိုတာ ဟုတ်ပါသလား?
ဖြေ No.1 သင်တန်းကျောင်းမှာ သင်တန်းပို့ချချိန် (၃)နာရီကြာမြင့်ပါတယ်။ သင်တန်းပြီးဆုံးသည့်အခါ ကိုယ်လက် လှုပ်ရှားသွေးပူလေ့ကျင့်ခန်းအနေဖြင့်သော်၎င်း၊ ခေါင်းဆောင်တစ်ဦးအနေဖြင့် နောက်လိုက်များအား စိတ်ရွှင်လန်းဖွယ်ဖြစ်အောင် Motivation တစ်ရပ်အနေဖြင့်သာ ပြုလုပ်စေခြင်းဖြစ်ပါတယ်။ ကျောင်းဆရာလုပ်ဖူးသည့်လူတိုင်း ကိုယ့်တပည့်များအား ပျော်ရွှင်အောင် ဘယ်လိုနည်းစနစ်တွေဖြင့် ဖန်တီးပေးရမလဲဆိုတာ သိကြပါလိမ့်မယ်။ No.1 သင်တန်းမှ လေ့ကျင့်ခန်းများ ကို ဘုန်းကြီးကိုယ်တိုင် သင်ကြားပေးခြင်းလုံးဝ (လုံးဝ)မဟုတ်ပါ။ အကနည်းပြ volunteer ဆရာ၊ ဆရာမ များဖြင့် သင်တန်းပြီးဆုံးခါနီးတွင် သီးသန့်သင်ကြားပေးခြင်းဖြစ်ပြီး ရိုးရိုးသာမန်လေ့ကျင့်ခန်းသာဖြစ်ပါတယ်။ ဟီရိသြတ္တပ နှင့် မညီညွတ် သော၊ မမြင်ရက်စရာ အပြုအမူများလည်း လုံးဝ မဟုတ်ပါဘူး။ တရားရိပ်သာတွေမှာ တရားထိုင်လျှင်တောင်မှ လမ်းလျှောက် ရမယ်၊ ထိုင်ရမယ်၊ ထရမယ်၊ လျောင်းရမယ်၊ သွေးလေ ဦးညွတ်အောင် ပြောင်းလဲပြီး ကျင့်ကြံရပါတယ်။ ဒါလည်း တနည်း အားဖြင့် လေ့ကျင့်ခန်းလုပ်ခြင်းပါပဲ ။

နောက်ပြီး သင်တန်း(၉)ရက်မြောက်နေ့မှာ သင်တန်းတက်သည့်ကာလတွင် သင်တန်းသားထဲမှ မွေးနေ့ရက်ကျရောက် သောသင်တန်းသားများကို လှပသော ငြမအိ့ပေ ကိတ်ဖြင့် မွေးနေ့ ပွဲများပြုလုပ်ပေးပါတယ်။ လျှို့ဝှက်စိတ်ပျော်ရွှင်ဖွယ်ရာ ဖြစ်အောင် ဖန်တီးပေးခြင်းဖြစ်တာကြောင့် မွေးနေ့ရှင်များမှ ပျော်ရွှင်သည့် အထိမ်းအမှတ်၊ ပီတိဖြစ်သည့် ကျေးဇူးတင်သည့် အထိမ်းအမှတ်ဖြင့် ပရိသတ်အား ကခုန်ပြခြင်းသာဖြစ်ပါတယ်။

အဆိုပါ လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ပြည်ပအသံလွှင့်ဌာနများမှ (DVB)ဒီမိုကရက်တစ် မြန်မာ့အသံမှ တန်ဖိုးရှိ လှစွာသော သင်တန်း (၁ဝ)ရက်ပို့ချချက်များအား ကမ္ဘာကသိအောင် မျှဝေပြသခြင်းမပြုဘဲ သွေးပူလေ့ကျင့်ခန်း လှုပ်ရှားမှုများ နှင့် (၉)ရက်မြောက်နေ့ မွေးနေ့ပွဲမှ ပျော်ရွှင်ဖွယ်ကကွက်များကိုသာပြပြီး အကတစ်မျိုးတည်းသာ သီးသန့် သင်ပေးသော သင်တန်းကျောင်း အသွင်ဖန်တီးပြီး မကောင်းသတင်းအဖြစ် ကမ္ဘာကသိအောင် ထုတ်လွှင့်ပြသခြင်းသာဖြစ်ပါတယ်။

No.1 သင်တန်းတက်ရောက်ပြီးသူတိုင်း သင်တန်းပို့ချမှုများဟာ ယဉ်ကျေးလိမ္မာစိတ်ဓါတ်မြှင့်တင်ရေးသင်တန်း ဖြစ်သလို နိုင်ငံ နှင့် လူမျိုးအတွက် တကယ်အကျိုးရှိတဲ့ သင်တန်းကျောင်းဖြစ်တယ်ဆိုတာ သိရှိကြပြီးဖြစ်တာကြောင့် အထူး ထပ်မံ ဖြေကြားဖို့ ရန်မလိုတော့ပါ။ No.1 သင်တန်းကျောင်းမှ လှုပ်ရှားမှုအားလုံးကို ဓါတ်ပုံမှတ်တမ်း အထောက်အထား များဖြင့် လှုပ်ရှားမှုမှန်သမျှကို မှတ်တမ်းတင်ပြထားပါတယ်။ ဓါတ်ပုံမှတ်တမ်းများကို ကြည့်ရှုခြင်းအားဖြင့် ပြည်ပ အသံလွှင့် ဌာနများက ဘယ်အခန်းကဏ္ဍမှအပိုင်းများကိုသာ တင်ပြထားသလဲဆိုတာ (အသေးအဖွဲလေးတွေကို ပုံကြီးချဲ့ ပြီး မကောင်း သတင်းအဖြစ် လွှင့်ထုတ်ထားသလဲဆိုတာ)ကို သိရှိနိုင်မည်ဖြစ်ပါတယ်။

တချို့ ကျတော့လည်း ကြားဖူးနားဝနှင့် အဖြစ်မှန်ကို ကိုယ်ကိုတိုင်မသိဘဲ မကောင်းသတင်းများကို ဆင့်ကဲဆင့်ကဲ ထုတ်လွှင့်ကြသည့်အတွက်ကြောင့် အများတကာ သာဓုခေါ်ဆိုပြီး ဆွမ်းကြီးလောင်းခံရတဲ့ အရှင်ဣဒ္ဓိပါလ ဖြစ်သွားတော့တာပါပဲ။

အဲဒီလို မကောင်းသတင်းတွေ အဆင့်ဆင့်ဖြန့် ဖြူးခြင်းအားဖြင့် အဲဒီလိုလုပ်တဲ့သူတွေမှာ ဘယ်လိုအကျိုးကျေးဇူးတွေ (ဘယ်သူတွေက ဆုလာချသလဲ၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကော ဘယ်လောက်ထိတက်လာသလဲ၊) ရရှိပိုင်ဆိုင်သွားပါပြီလဲဆိုတာ (သေသေချာချာ)စဉ်းစားပါ။ ပြောချင်သပဆိုလျှင်လည်း အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး ကိုယ်ကိုတိုင် ဂဃနဏ သိရှိပြီး ပြောသင့်တယ်ထင်မှ ပြောတာဟာ အကောင်းဆုံးပါဘဲလို့ အကြံပြုချင်ပါတယ်။ ဘယ်သူအကျိုးရ၊ မရတော့မသိဘူး။ အရှင်ဣဒ္ဓိပါလ ကတော့ ကမ္ဘာကျော်သွားတာပါပဲ။ ဒါ့ကြောင့် သတင်းထုတ်လွှင့် ပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင် ပါတယ်။

အရှင်ဘုရားအပေါ် ပြည်ပအသံလွှင့်ဌာနတွေမှတဆင့်internet အင်တာနက်ပေါ်မှာ 'ဘုန်းကြီး အကသင်တဲ့သင်တန်း' ဟု ဆိုးဆိုးရွားရွား ဝေဖန်ပြစ်တင်မှုတွေအပေါ် ဘယ်လိုတုံ့ပြန်ချင်ပါသလ?
ဖြေ ဒါကတော့ သူတို့အလုပ်ကို သူတို့လုပ်ကြတယ်လို့ပဲမြင်ပါတယ်။ ပြဿနာအများစုဟာ မသိတာတွေအများစုကြောင့် ဖြစ်ကြတာများပါတယ်။ No.1 သင်တန်းကျောင်းရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို အမှန်ကိုအမှန်အတိုင်း မသိမြင်ကြတဲ့ အတွက်ကြောင့် ပြောဆိုနေခြင်းသာဖြစ်ပါတယ်။ အဲဒီလို ပြောဆိုမှုအပေါ်မှာ စိတ်ဆိုးတာ၊ ဒေါသထွက်တာ၊ မကျေနပ်တာ၊ စိတ်ဓါတ်ကျတာမရှိပါဘူး။ နောက်နောင်ကို လူပုဂ္ဂိုလ်တစ်ဦးရဲ့ အကြောင်း ရေဆုံးမြေဖျားလိုက်လံစုံစမ်းသိရှိမှုမရှိဘဲ တဆင့် စကားဖြင့် သံယောင်လိုက်ပြီး ဆွမ်းကြီးလောင်းတတ်တာမျိုး၊ မကောင်းသတင်းစကားဖွတာမျိုးတွေ မလုပ်သင့်ပါဘူးလို့ အကြံ ပြုချင်ပါတယ်။ ကိုယ်က အလကားရလို့ ပြောလိုက်ပေမဲ့ တဘက်လူ ဘယ်လောက်ထိ ထိခိုက်သွားသလဲဆိုတာ မှန်းဆလို့ မရနိုင်ပါဘူး။ လူ့ရဲ့ သဘောမနောက ဟဲ့ ---- ဟိုနားဘာဖြစ်တာလဲ၊ ခလုတ်တိုက်လို့တဲ့။ နောက်တစ်ဦးရောက်လာ ဟဲ့ ----- ဟိုနားဘာဖြစ်တာလဲ၊ ဖားပြုတ်ကိုက်လို့တဲ့ ။ နောက်တစ်ဦးရောက်လာပြန်တယ်။ ဟဲ့ --- ဟိုနားဘာဖြစ်လိုလဲ့ ၊တရုတ်ရိုက်လို့တဲ့။ ဒီလိုအဆင့်ဆင့် စကားတွေပွားတတ်တဲ့လူတွေဟာ အဲဒီစကားကြောင့်ပင်လျှင် ဒုက္ခဘေးဒဏ်ပြန်သင့် ခံကြရပါတယ်။ သံသရာဆိုတာသာ မရှိခဲ့ဘူးဆိုလျှင် ဒီတစ်ဘဝထဲမှာသာ ကိုယ်လုပ်ချင်တာတွေ၊ ပြောချင်တာတွေ လုပ်သွား၊ ပြောသွားလို့ရပါတယ်။ ဒါပေမဲ့ သံသရာဆိုတာ ရှိနေတဲ့အတွက်ကြောင့်တော့ ဒီဘဝမှာကိုယ်လုပ်ချင်တာ၊ ကိုယ်ပြောချင် တာတွေလုပ်သွား၊ ပြောသွားလို့မရပါဘူး။ ကိုယ်ပြောသမျှစကားဟာ ကိုယ့်အတွက်တော့ ကြိုးကွင်းပါပဲ။ မှန်တာပြောပြော၊ မမှန်တာပြောပြော တန်ပြန်သက်ရောက်မှုတွေကတော့ ပြောသူကာယကံရှင် ရှေ့မှောက်သို့ အနှေးနဲ့အမြန် ရောက်ရှိလာ ပါလိမ့်မယ်လို့ ပြောချင်ပါတယ်။ အလုပ်လုပ်တဲ့လူမှန်သမျှကတော့ များများ လုပ်ရင် များများပြောခံရမယ်။ နည်းနည်းလုပ်ရင် နည်းနည်းပြောခံရမယ်၊ ဘာမှမလုပ်တဲ့သူကတော့ လူလဲမသိသလို ဘာမှလည်း အပြောခံရမှာ မဟုတ်ပါဘူး။
...................................................
http://www.no-1sociology.com/activity18.htm မှရေးသားချက်
သင်တန်း (၁ဝ)ရက်၏ (၉)ရက်မြောက်နေ့တွင် မိမိသင်တန်း တက်သည့်လမှာ မွေးနေ့ကျရောက် ပါက မွေးနေ့ကျရောက်သူ သင်တန်းသား/သူများအားလုံးကို Birthday ကိတ်ဖြင့် မွေးနေ့ ပွဲများကို ကျင်းပ ပြုလုပ်ပေးပါသည်။ သင်တန်းသားများ၏ မွေးနေ့များကို လှပပြီး အရသာရှိသော ကိတ်မုန့်များဖြင့် လျှို့ ဝှက်ပျော်ရွှင်မှုများ ပြုလုပ်ပေးပါသည်။ သင်တန်းကျောင်းတွင် တစ်နှစ် တစ်ကြိမ် မုန့်စားပွဲတော် ကျင်းပပါသည်။

သင်တန်းကျောင်းတွင် သင်တန်းတက်ရောက်လာသူတိုင်း သင်တန်းပြီးဆုံးချိန်တွင် စိတ်ပျော်ရွှင်အောင် သွေးပူ လေ့ကျင့်ခန်းများ ပြုလုပ်ရသည့် သင်ခန်းစာများလည်းပါရှိပါသည်။ သွေးပူလေ့ကျင့်ခန်းများသည် စိတ်ကို ကျန်းမာ စေပြီး၊ စိတ်ပျော်ရွှင်မှု၊ လွတ်လပ်မှုကို ရရှိစေပါသည်။ တစ်နည်းအားဖြင့် စိတ်ကျန်းမာရေး လေ့ကျင့်ခန်းဟု အမည်ပေးလျှင် လည်းရနိုင်ပါသည်။ သင်တန်းကျောင်းမှာတော့ ' အဆိပ်ထုတ်လေ့ကျင့်ခန်း' ဟု အမည်ပေးထားပါသည်။

မှတ်ချက် ။ ။ No.1 သင်တန်းကျောင်းအား နာမည်ပျက်အောင် မကောင်းသတင်းလွှင့်သူများက သင်တန်းကျောင်းတွင် ပို့ချသောသင်ခန်းစာများကို အမှန်အတိုင်းထုတ်လွှင့်ခြင်းမရှိဘဲ အဆိပ်ထုတ်လေ့ကျင့်ခန်းနှင့် မွေးနေ့(Birthday)ပွဲကျင်းပသည့်အခါ မွေးနေ့ရှင်များမှ ပျော်ရွှင်မှု အထိမ်းအမှတ်အဖြစ် ကခုန်ကြသည်ကို အက သက်သက်သာ သင်ပေးသည့် ဘုန်းကြီးသင်တန်းကျောင်းဟု DVB(ဒီမိုကရက်တစ်မြန်မာ့အသံ) ရုပ်သံလွှင့် အသံလှိုင်းတွင် ကမ္ဘာသိအောင် ထုတ်လွှင့်ပြသသွားခဲ့ ပါသည်။

No.1 သင်တန်းကျောင်းမှ (၁ဝ)ရက်တိုင်တိုင် သင်ခန်းစာပို့ချသည့် ပို့ချမှုမှတ်တမ်းခွေကို နိုင်ငံခြား အသံလွှင့် ဌာနများသို့ ခိုးယူရောင်းချခဲ့ခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် မြန်မာပြည်ရှိ ရဟန်းသံဃာများအချင်းချင်း သွေးကွဲအောင်၊ နိုင်ငံရေးလှုပ်ရှားမှုအသွင်ဆောင်လာအောင် လှုံ့ဆော်ခြင်း သက်သက်သာဖြစ်ပါသည်။

သင်တန်းကျောင်း သင်ကြားပို့ချမှုများမှာ မြန်မာနိုင်ငံသူ/သားများအတွက် သင်တန်းတက်သူတိုင်း ဘယ်လောက်ထိ အကျိုးရှိသလဲဆိုတာကို အဆိုပါ အသံလွှင့်ဌာနမှ သူများမသိရှိ၍ မဟုတ်ပါ။ နိုင်ငံရေးဆူပူမှုဖြစ်အောင် အဓိက သွေးထိုး လှုံ့ဆော်ခြင်းဖြစ်ပါသည်။ မိတ်ဆွေကိုယ်တိုင် စဉ်းစားကြည့်ပါ။ ယခုဆိုလျှင် သင်တန်းဖွင့်သည့် သက်တမ်းမှာ (၂)နှစ် ကျော်အတွင်း ရောက်ရှိခဲ့ပါသည်။ သင်တန်းအမှတ်စဉ် (၆၅)အထိ ဖွင့်လှစ်နိုင်ခဲ့သည်။ သင်တန်းသားဦးရေဟာ (၂၇ဝဝဝ)ကျော်ခန့် တက်ရောက်ပြီးဖြစ်ပါသည်။

အဆိုပါ သင်တန်းသားများထဲတွင် အထက်တန်းလွှာ ပညာတတ် အသိုင်းအဝိုင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ တက္ကသိုလ်ကျောင်း ဆရာ၊ ဆရာမများ၊ ဆရာဝန်များ၊ ရှေ့နေများ၊ တရားသူကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရစ်ယာန် ဘာသာဝင်များ၊ ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာဝင်များမှ ပညာတတ်၊ ပညာရှိ လူတော်လူကောင်းများစွာ တက်ရောက်ခဲ့ပြီးဖြစ်ပါသည်။ ယနေ့အချိန်ထိ ပြဿနာတစ်စုံတစ်ရာမျှ ပေါ်ပေါက်ခဲ့ခြင်းမရှိခဲ့ပါ။ သင်တန်းကျောင်း ပို့ချချက်များသည် ဘာသာရေး နှင့် သော်လည်းကောင်း၊ နိုင်ငံရေးနှင့်သော်လည်းကောင်း၊ ယဉ်ကျေးမှုနှင့်သော်လည်းကောင်း၊ လူ့အသိုင်းအဝိုင်းနှင့်သော်လည်းကောင်း ကိုက်ညီမှုမရှိပါက အဆိုပါ သင်တန်းသားများမှ မျက်စိပိတ်၊ နားပိတ် ခေါင်းညိတ်၍ နေမည်မဟုတ်ပါ။

No.1 သင်တန်းကျောင်းမှ ပို့ချချက်များသည် နိုင်ငံ နှင့် လူမျိုးအတွက် အမှန်တကယ် အကျိုးရှိပြီး၊ တကယ်လိုအပ် သည့်ကွက်လပ်တစ်ခုဖြစ်သည့်အတွက်ကြောင့် အဆိုပါ သင်တန်းသား (၂၇ဝဝဝ)ကျော်မှ သဘောတူလက်ခံခြင်းဖြစ်ပါသည်။ ရှင်ဣဒ္ဓိပါလသည် ယခင်က ရေဒီယိုထုတ်လွှင့်သည့် နိုင်ငံခြားသတင်းများကို ယုံကြည်စွာဖြင့် နားထောင်ခဲ့ပါသည်။ ယခုအခါကိုယ့်ရဲ့ သတင်းကို 'ကြမ်းပိုးကိုလိပ်' ဖြစ်အောင် မမှန်မကန် ကမ္ဘာကိုတင်ပြလိုက်သည့်အတွက်ကြောင့် ယုံကြည်မှုအဆုံးစွန်ထိ ကင်းမဲ့သွားခဲ့ပါသည်။ယခုစာဖတ်နေသူလည်း No.1 သင်တန်းနှင့် ပတ်သက်ပြီး Radio အသံလှိုင်းများကို နားထောင်ဖူးကောင်းနားထောင်ကြလိမ့်မည်။ အဖြစ်မှန်ကိုမသိကြတဲ့ ရဟန်းရှင်လူတွေကတော့ ဘုန်းကြီးနှင့် မအပ်စပ်ဘူး ဟု ရက်ရက်စက်စက် ဝေဖန်အပြစ်ပြောကြပါသည်။
အဲဒီ ဝေဖန် အပြစ်တင်မှုတွေ အားလုံးကို စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ အပြစ်တင်ခြင်း လုံးဝမရှိခဲ့ပါ။ ပြဿနာအများစုဟာ မသိလို့ ဖြစ်ကြတာက များပါတယ်။ ကိုယ်တကယ် မသိတာတွေ ရမ်းသမ်းပြောကြလို့ ပြဿနာဖြစ်ကြတာပါ။ အဲဒီ DVB ရုပ်သံလွှင့်ဌာနကို ပြောချင်တာတစ်ခု ရှိပါတယ်။ မင်းတို့ အသံလွှင့် ဌာနမှာရှိတဲ့ လူတွေအားလုံးက လူကောင်းတွေလား၊ မင်းတို့ဟာ ကိုယ့်ကိုကိုယ်လူကောင်းလို့ အဖြေပေးမယ်ဆိုရင် တော့ ဘားအံ့မြို့ (ကရင်ပြည်နယ်)မှာ ကျင်းပသွားခဲ့တဲ့ သင်တန်းမှာ (၁ဝ)ရက်စလုံး သင်တန်းပို့ချချက်အခွေတွေရှိပါတယ်။ အဲဒီ (၁ဝ)ရက်စာ ပို့ချချက်တွေအားလုံးကို မင်းတို့ ရုပ်သံလှိုင်းကနေ ထုတ်လွှင့်ပေးနိုင်မလား၊ အဲဒီ (၁ဝ)ရက်မှာ ပို့ချတဲ့ ပို့ချချက်အားလုံးကို အမှန်ကို အမှန်အတိုင်း ထုတ်လွှင့်ပြသပေးနိုင်မယ်ဆိုလျှင် မင်းတို့ လူကောင်းဆိုတာ ယုံကြည်လိုက်ပါမယ်။

ယခု DVB ရုပ်သံမှာ လွှင့်သွားတဲ့ လွှင့်ထုတ်ချက်တွေဟာ No.1 သင်တန်းရဲ့ သင်ခန်းစာတွေမဟုတ်ပါဘူး။ သင်တန်းပို့ချချိန် (၃)နာရီကြာတယ်။ သင်တန်းပြီးတဲ့အခါမှာ သွေးပူလေ့ကျင့်ခန်းအနေနဲ့ ပြုလုပ်တဲ့ကကွက်များ နှင့် သင်တန်း (၉)ရက်မြောက်နေ့ မွေးနေ့ကျရောက်သည့် သင်တန်းသားသင်တန်းသူများ၏ မွေးနေ့ ပွဲ(Birthday) အထိမ်း အမှတ် ကခုန်ပျော်ရွှင်ခြင်းသာဖြစ်တယ်။ ဒီကိစ္စကလည်း ကျောင်းဆရာလုပ်ဖူးတဲ့သူတိုင်း၊ အဖွဲ့ အစည်းကို အုပ်ချုပ်ဖူးတဲ့သူတိုင်း၊ ကိုယ့်ရဲ့တပည့် နောက်လိုက်တွေကို စိတ်ပျော်ရွှင်မှု ပေးရတယ်ဆိုတာ နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်။ နောက်ပြီး ဒီကကွက် တွေအားလုံးကို သင်တန်းဆရာ ဘုန်းကြီးကိုယ်တိုင်ပင် သင်ကြား ပြသနေသယောင်ယောင်၊ အစိုးရကပင် သာသနာပျက်စီးအောင် ဖျက်စီးနေသယောင်ယောင် သတင်းမှားထုတ်လွှင့်ခြင်းဟာ နိုင်ငံရဲ့ ယဉ်ကျေးမှုကို စော်ကားရာရောက်ပါတယ်။ သံဃာအသင်း ကွဲအောင်ပြုလုပ်သည့် အတွက်ကြောင့် ပဉ္စာနန္တရိယကံလည်း ထိုက်ပါတယ်။ DVB ရုပ်သံဟာ ပဉ္စာနန္တရိယကံထိုက်တဲ့ ဌာနဖြစ်တယ်လို့ပဲ အရှင်ဣဒ္ဓိပါလက ပြောကြားလိုက်ပါတယ်။ မင်းတို့ အသံလွှင့်ဌာနတွေ မဟုတ်မမှန် လုပ်ကြံပြီး သတင်းမှားတွေ ထုတ်လွှင့်မှ ထမင်း 'ဝ' မယ်ဆိုရင်တော့ အဲဒီအတိုင်းပင် ထမင်းဝမယ့်အလုပ်ကို ဆက်ပြီးလုပ်ပါ။

ယခု စာဖတ်သူအနေဖြင့် ဒီသင်တန်းကျောင်း အဖြစ်အပျက်တွေကို သိချင်မှလည်းသိမယ်။ သိချင်လည်းသိမယ်။ မိမိအနေဖြင့် အရှင်ဣဒ္ဓိပါလအကြောင်းကို လေ့လာသူတစ်ဦးအနေဖြင့် လေ့လာတယ်ပဲသဘောထားပါ။ အရှင်ဣဒ္ဓိပါလ ဘာလဲ၊ ဘယ်လိုသွားလာနေထိုင်သလဲ၊ ဘယ်လိုစရိုက်တွေရှိသလဲ၊ လူအများ လက်ခံမှု ဘယ်လောက် ရရှိသလဲ၊ ဘာတွေ လုပ်ဆောင်ခဲ့သလဲ့ ၊ ဘယ်လောက်ထိ အောင်မြင်မှုရရှိသလဲ၊ နိုင်ငံခြားအသံလွှင့်ဌာနတွေမှ ပြောတဲ့စကားတွေ နှင့် တကယ့်လက်တွေ လုပ်ဆောင်ချက်တွေဟာ မှားသလား မှန်သလားဆိုတာကို ကိုယ်ပိုင်ဥာဏ် ကိုယ်ပိုင် ဦးနှောက်ဖြင့် စဉ်စား ဆုံးဖြတ်ပါ။

အရှင်ဣဒ္ဓိပါလ၏ လုပ်ဆောင်ချက်တွေ အားလုံးဟာ မြန်မာနိုင်ငံမှာ တကယ်ကို လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးနေတယ်လို့ အခိုင်အမာ ပြောကြားချင်ပါတယ်။ နောက်ပြီး DVB ရုပ်သံနှင့်ဆွေးနွေးတဲ့ ရဟန်းတစ်ပါး ကိုလည်း ပြောချင်ပါတယ်။ အရှင်ဘုရား သူများနိုင်ငံသွားပြီး ကိုယ့်တိုင်းပြည် မကောင်းကြောင်းမပြောပါနဲ့ ။ အရှင်ဘုရား ဗိုက်ထဲမှာ စားထားတဲ့အစာတွေဟာ မြန်မာပြည်က ဒကာ၊ ဒကာမတွေရဲ့ ဆန်ထမင်းကို စားသွားခဲ့တာပါ။ အဲဒီ အသံလွှင့် ဌာနတွေကခေါ်တိုင်း အရှင်ဘုရားတို့ မသွားပါနဲ့ ။ ကိုယ့်စိတ်ကို ပြန်ဆန်းစစ်ပါ။ တိုင်းပြည်အတွက် အရှင်ဘုရားဘာတွေ လုပ်ပေးဖူးပြီလဲ၊ အရှင်ဣဒ္ဓိပါလလောက် လူသားအကျိုးပြုလုပ်ငန်းတွေ လုပ်ခဲ့ဖူးပြီလား၊ အပြစ်ပြောနေတာ မဟုတ်ပါဘူး။ မဟုတ်မမှန်အသံလွှင့်ဌာနတွေ နှင့် အရှင်ဘုရားတို့ လုံးဝမအပ်စပ်ဘူးလို့ တပည့်တော်ပြောချင်တာပါ။ အရှင်ဣဒ္ဓိပါလ အကြောင်းကို ပြောချင်လျှင် အရှင်ဣဒ္ဓိပါလ အကြောင်းကို သေချာလေ့လာစုံစမ်းပါ။

0 ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲအစီအစဉ်


ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲအစီအစဉ်


၁။ အခမ်းအနားစတင်ကြောင်း ကြေညာခြင်း။

၂။ အောင်စေပိုင်စေ သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခြင်း။

၃။ မိတ်ဆက်စကား ပြောကြားခြင်း။

၎။ ပြည်သူ့ ဂုဏ်ရည်၏ ရှေ့လုပ်ငန်းစဉ်များ ပြောကြားခြင်း။

၅။ ဆန်ခါတင် ၅ ဦး အတ္ထုပ္ပတ္တိ ဖတ်ကြားခြင်း နှင့် ဂုဏ်ပြုလွှာ ပေးအပ်ခြင်း။

၆။ မဲပေးပုံ စနစ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း။

၇။ ပထမအကြိမ်ဆုရှင် ဦးကျော်သူ ၏ အမှတ်တရစကား ထုတ်လွှင့်ခြင်း။

၈။ ၂၀၁၁ ပြည်သူ့ ဂုဏ်ရည်ဆု ရရှိသူကို စာအိတ်ဖွင့် ကြေညာ၍ ဆုချီးမြှင့်ခြင်း။

၉။ တေးသရုပ်ဖော် အကဖြင့် ဖျော်ဖြေခြင်း။

၁၀။ ငွေစာရင်းရှင်းတမ်း ဖတ်ကြားခြင်း။

၁၁။ ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် ၂၀၁၂ ခုနှစ် အိမ်ရှင်မြို့ ကြေညာခြင်း။

၁၂။ အခမ်းအနားပြီးဆုံးခြင်း။

0 ပြည်သာဖို့အရေး ပြည်သာယာကုသိုလ်ပွဲ





ပြည်သာဖို့အရေး ပြည်သာယာကုသိုလ်ပွဲ

၁၄.၅.၂၀၁၁ (စနေနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် အမှတ် - ၁၂/B၊ ပြည်သာယာလမ်း၊ ဘောက်ထော်၊ ရန်ကင်းမြို့နယ်မှ ဦးကျော်ဝင်း + ဒေါ်ညိုညို (မိသားစု)မှ ပြည်သာယာဓမ္မရုံ၌ သီတဂူရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံ၊ ဓါတ်လှေကားတပ်ဆင်မှုအတွက် မတည်လှူဒါန်းမှုနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် (Sunny Pick-up) မော်တော်ယာဉ်လှူဒါန်း ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ပါသည်။

ယင်း အလှူဒါန အခမ်းအနားတွင် ရွှေပြည်ဟိန်းဆရာတော်မှ ရေစက်သွန်းချ၍ လှူဒါန်း ပေးအပ်ခဲ့ရာ စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် ဒေါ်မြင့်မြင့်(မြောက်ဒဂုံ)မှ ၅ သိန်းကျပ်၊ ဦးခင်မောင်လှ + ဒေါ်တင်ရီရီ (ပြည်သာယာအိမ်ရာ)မှ ၅ သိန်းကျပ်၊ ဦးခင်မောင်ကြည် + ဒေါ်ခင်ခင်ငြိမ်း (ပြည်သာယာအိမ်ရာ)မှ ၁ သိန်းကျပ်၊ ဦးသက်လွင် + ဒေါ်နွဲ့နွဲ့ရီ သား - မောင်ဇေယျာမိုး (ပြည်သာယာအိမ်ရာ) ၁ သိန်းကျပ်၊ ဦးဇော်ထူးနှင့်ညီမများ (ပြည်သာယာအိမ်ရာ) ၁ သိန်းကျပ်၊ ဒေါ်တင်တင်ဋ္ဌေး (ပြည်သာယာအိမ်ရာ)မှ ၅ သောင်းကျပ်၊ ဦးဇေယျ + ဒေါ်ကြူကြူနိုင် (ရွှေတောင်ကုန်း)မှ ၃ သောင်းကျပ်၊ ဒေါ်သန်းသန်း (လက်ရွေးစင်မိသားစု) ၁ သိန်းကျပ်၊ ဒေါ်ခင်သောင်း (ပြည်သာယာအိမ်ရာ)မှ ၃ သိန်းကျပ် စုစုပေါင်း အလှူငွေကျပ် ၂,၂၈၀,၀၀၀ (နှစ်ဆယ့် နှစ်သိန်းရှစ်သောင်းကျပ်)တိတိအား နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပိတ်ရက်မရှိ အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး ကိစ္စများအား နေ့တဓူဝ ထမ်းဆောင်ပေးသည့်အပြင် မျိုးဆက်သစ်ကလေးငယ်တို့အား ပညာဒါနအဖြစ် အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းတို့ကို ပြုလုပ်နေရသည် ဖြစ်သောကြောင့် လုပ်ဆောင်ရသည့်လုပ်ငန်းများ အတွက်အသုံးပြုရန် မော်တော်ယာဉ်(သီးသန့်) ၀ယ်ယူခြင်းမရှိခဲ့ချေ။ အများပြည်သူတို့၏ နာရေးကိစ္စရပ်များအား အချိန်မီကူညီပေးဆပ် ထမ်းဆောင်နိုင်ရန်အတွက်သာ ဦးစားပေး၍ ၀ယ်ယူခဲ့ဖြစ်ပါသည်။ (ရုံးကိစ္စများ၊ အလှူငွေလက်ခံခြင်းကိစ္စများ) အသင်းနှင့် သက်ဆိုင်သော လူမှုရေးကိစ္စများ လုပ်ဆောင်ရာတွင် အားနည်းချက်များ၊ နှောင့်နှေးမှုများ ကြုံတွေ့ ခဲ့ရသည်။ ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)၊ ပညာဒါနနှင့် အခြားအခြားသောကိစ္စရပ်များ အသုံးပြုဆောင်ရွက်နိုင်ရန်အတွက် မော်တော်ယာဉ် တစ်စီး လှူဒါန်းခဲ့ခြင်းကြောင့် အသင်း၏ ပေးဆပ်မှုလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ကူညီမှုများ၊ ထမ်းဆောင်မှုများ ပြုလုပ်နိုင်တော့မည်ဖြစ်ပါသည်။

အများပြည်သူတို့ သာယာအေးချမ်းဖို့ (တနည်းအားဖြင့်) ပြည်သာဖို့အရေး လှူဒါန်းခဲ့သည့် ပြည်သာယာကုသိုလ်ပွဲ တစ်ရပ်ပင်ဖြစ်တော့သည်။

လှူဒါန်းမှုအစုစုအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများမှ ၀မ်းမြောက် ၀မ်းသာစွာဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုလိုက်ပါသည်။

ကိုကျော်သူ

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.