Monday, May 16, 2011

0 ၂၀ ကြိမ်မြောက် ဂျပန် အတာသင်္ကြန်ပွဲတော် သတင်း အင်တာဗျူး


နှစ်စဉ်ရိုးရာမပျက်ဖျော်ဖြေတင်ဆက်လျှက်ရှိသော မင်္ဂလာဒိုးအနုပညာအင်အားစုတေးသံချပ်အဖွဲ့

2011ခုနှစ် တိုကျိုသင်္ကြန်ပွဲတော်ကို ဂျပန်နိုင်ငံ တိုကျိုမြို့  ဟီဘီရပန်းခြံမှာ 2011 မေလ15 ရက်နေ့  မနက်10.30 မှညနေ 5နာရီအထိသကြန်ပွဲတော်ကိုစည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။ တိုကျိုကမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဒီမိုကရေစီအဖွဲ့ ချုပ်LDB ကတာဝန်ယူဦးစီးကျင်းပပြုလုပ်ခဲ့ပြီး ဂျပန်ရှိ
မြန်မာအဖွဲ့ အစည်းများ တိုင်းရင်းသားများ ပူးပေါင်းပါဝင်ကြပါတယ်။ဒီနှစ်သင်္ကြန်ပွဲတော်ကို တိုကျိုနှင့် နဂိုယာမြို့ မြှမန်မာ မိသားစုများ။မြန်မာ့ယဉ်ကျေးမှုကို စိတ်ဝင်စားတဲ့ဂျပန်လူမျိုးများ အမေရိကန်၊ဟန်ဂေရီ၊ပြင်သစ်၊ နေဝေးနှင့် အာရှနိုင်ငံအချို့ မှလူမျိုးများကိုပါ ဒီနှစ်မှာထူးထူးခြားခြားမြင်တွေ့ ခဲ့ရပါတယ်။
နှစ်စဉ်ဧပြီလတွင် ကျင်းပနေကြသင်္ကြန်ပွဲတော်သည် ဆူနာမီ ငလျင်ဒဏ်ကြောင့် မေလသို့  ပြောင်းပြီးကျင်းပပြုလုပ်ခြင်းဖြစ်သည်။

(၂၀)ကြိမ်မြောက် အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအစီအစဉ်ကို မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှိုင်အေး မှ နံနက် ၁၀း၃၀ နာရီမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

တိုကျိုအတာသင်္ကြန်ပွဲတော်မှာ ရေက်ပက် ကစားခြင်းမျိုး မရှိသော်လည်း မြန်မာလူမျိုးများအတွက် သင်္ကြန်ယိမ်း အကအလှများ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေမူ အစီအစဉ်များ ရွှေသရ၀ဏ်အငြိမ့်အက အစီအစဉ်များ မင်္ဂလာဒိုးအနုပညာအင်အားစုမှတေးသံချပ်များပါ တင်ဆက်သွားပါသည်။

ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော အထူးဧည့်သည်တော် ကျောင်းသား တပ်မတော်(ABSDF) အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီ နှစ်သစ်ကူး ဆုတောင်း အမှာစကား ပြောကြား သွားပြီးသည့်နောက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB) ဥက္ကဋ္ဌ ဦးလှိုင်အေး ပြောကြားရာမှာ နှစ်စဉ် တိုကျို မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဧပြီလတွင် ကျင်းပခဲ့သော်လည်း မတ်လ(၁၁)ရက်နေ့တွင် လှုတ်ခတ်သွားသော ငလျင်နှင့် ဆူနာမိဒဏ် ခံခဲ့ကြရသော ဂျပန်ပြည်သူများကို စာနာသောအားဖြစ် ယခုကဲ့သို့ တလ နောက်ကျ၍ ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ကြောင်းကို ထည့်သွင်း ပြောကြားသွားပါသည်။

မင်္ဂလာဒိုး၏ ၂၀၁၁ ခုနှစ် သင်္ကြန် သံချပ်များကို တင်ဆက်ရာမှာ မြန်မာပြည်၏ လူနေမှုစနစ် ပတ်ဝန်းကျင် အခြေအနေတွေကို ထင်ဟပ်ပေါ်လွင်စေသော သံချပ်များအစီအစဉ်များကို ထိထိမိမိ တင်ဆက် ဖျော်ဖြေသွားခဲ့သည့်အတွက် ဂျပန်ရောက်ပရိတ်သတ်များ အထူးနှစ်ချိက်အားပေးမူကို ရရှိခဲ့ပါသည်။

ကျောင်းသား တပ်မတော်(ABSDF) အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီ နှင့်မြန်မာ့ဒီမိုကရေစီအဖွဲ့ ဥက္ကဌ ဦးလှိုင်အေးတို့ အား ကိုထွန်းဝေနှင့်ဒီမိုဝေယံ တို့ က တွေ့ ဆုံမေးမြန်းခဲ့ ပါတယ်။

ကိုဆန်နီ ခင်ဗျား တိုကျိုသင်္ကြန်ပွဲတော်ကို လာတဲ့ရည်ရွယ်ချက်နဲ့ ရောက်ရှိတယ်ဆိုတဲ့ ကိစ္စလေးတချက်လောက်ပြောပြပေးပါလား?

ဂျပန်နိုင်ငံမှာရှိတဲ့နှစ်စဉ်သင်္ကြန်ပွဲ ကို ကျွန်တော်တို့ အဖွဲ့ နှစ်စဉ်ဖိတ်ကြားခံရပြီး ကျွန်တော်တို့ တာဝန်ရှိတဲ့ခေါင်းဆောင်တွေ တစ်ဦးမဟုတ် တစ်ဦးလာရောက်ဖိတ်ကြားခံရတဲ့အတွက် ကျွန်တော်တာဝန်ကျတဲ့ အတွက်မြန်မာရိုးရာသင်္ကြန်ပွဲကိုတက်ရောက်ဖို့ အတွက်မြန်မာမိတ်ဆွေများနှင့် အဖွဲ့ အစည်းများ၊
ABSDFရဲဘော်ဟောင်းများ အားလုံးပေါ့လေ တွေ့ ဆုံဖို့ အတွက်ရောက်ရှိခဲ့ပါတယ်။တချိန်တည်းမှာဘဲ ABSDFစည်းရုံးရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ အတွက်တာဝန်ပေးခံခဲ့ရတဲ့အတွက် တိုက်ပွဲခေါ်သံတွေမြှင့်တင်ဖို့ အတွက်ပါ။၂၀၀၈ နှင့်အခုတခေါက်က နှစ်ကြိမ်မြောက်ပါ။

ဒီနှစ်သင်္ကြန်ပွဲက ဘာထူးခြားခဲ့လဲဆိုရင် ဂျပန်မှာရှိတဲ့ မြန်မာအဖွဲ့ အစည်းတွေရဲကြိုးစားမှု့ စည်းလုံးမှုနှင့်ကျင်းပနိုင်တယ်လို့ မြင်မိပါတယ် ဘာကြောင့်လဲဆိုလို့ ရှိရင် ဒုတိယကမ္ဘာစစ်နောက်ပိုင်းဂျပန်မှာ အကြီးမားဆုံး ဆူနာမီငလျင်ကြီးနှင့်ဒီနေ့ တွေ့ ကြုံနေရတဲ့ နူကလီယားဓါတ်ပေါင်းဖိုတွေကြောင့် ပုံမှန်လုပ်နေကြတဲ့ကာလထက်နောက်ကျပြီးမှလုပ်ခဲ့ရတဲ့ကာလဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ လေးလေးစားစား အားလုံးကို အသိအမှတ်ပြုတဲ့ လာပြီးအားပေးခြင်းဖြစ်ပါတယ် နောက်ပြီးဖိတ်ကြားခေါ်ပေးတဲ့ မြန်မာ အဖွဲ့ အစည်းတွေကို ကျေးဇူးတင်လေးစားပါကြောင်းဒီနေရာက ပြောကြားလိုပါတယ်

တိုကျိုသင်္ကြန်နဲ့ မြန်မာပြည်သင်္ကြန် ကွာခြားပုံလေးတစ်ချက်လောက်ပြောပြပေးပါခင်ဗျ

ဟုတ်ကဲ့  သင်္ကြန်က နေရာဒေသမှာ မြန်မာရိုးရာ အနေနဲ့ကျင်းပတယ်ဆိုပေမဲ့ တတ်နိုင်သရွေ့နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပကြတာ ပိုကောင်းပါတယ် အဖွဲ့ အစည်းတွေရဲ့ စားသောက်ဖွယ်ပစ္စည်း ရောင်းချတာတွေ ရံပုံငွေလုပ်နေတာတွေ ဒီနေရာမှာ ဖြစ်ပျက်နေတဲ့နိုင်ငံရေး အခြေအနေတွေ လုပ်နေတာတွေက ထူးခြားတဲ့လက္ခဏာပါ။ ဒီနှစ်ကာလမှာတော့သံချပ်တွေက ဂျပန် ၊အိနယအဖွဲ့ တို့  က သင်္ကြန်ရဲ့ သဘာဝကိုဖော်ပြပေးနေပါတယ်။သံချပ်တွေကဒီနေ့ ကျွန်တော်တို့ တွေ့ မြင်နေရတဲ့လူထုကိုကြားသိရတဲ့ပတ်ဝန်းကျင်အခြေအနေတွေကိုကျွန်တော်တို့ တိုင်းပြည်မှာမလုပ်နိုင်ပေမဲ့ ဒီနေ့ ဂျပန်နိုင်ငံမှာရှိတဲ့အင်အားစုတွေကလုပ်နေတာကိုတွေ့ ရပါတယ် ။အဲဒါထူးခြားတဲ့လက္ခဏာပါ မြန်မာဓလေ့နဲ့ အညီဆိုပေမဲ့လည်းဂျပန်နိုင်ငံမှာ လဲဂျပန်သဘာဝနဲ့ လုပ်နေတာကို ကျွန်တော် နားလည်ပေးပါတယ်ခင်ဗျ။

ကျောင်းသားတပ်မတော်ခေါင်းဆောင်အနေနဲ့ တိုကျိုသင်္ကြန်မှာမိန့် ခွန်းလဲပြောရမယ်ဆိုတော့ ရင်ထဲမှာဘယ်လိုခံစားမိလဲ ပြောပြပေးပါလားဗျ


ကျွန်တော်တို့ ကို အသိအမှတ်ပြုတဲ့အပေါ်မှာကော ဖိတ်ကြားတဲ့အပေါ်မှာကော ကျေးဇူးတင်တယ်ပေါ့ စိတ်လှုပ်ရှားမှုဖြစ်ရတယ်ဆိုတာကတော့ ဒီနှစ်သင်္ကြန်ပွဲကို ခက်ခက်ခဲခဲကြားက လုပ်သွားတာကို ကျွန်တော်တို့ လုံးဝအသိအမှတ်ပြုတယ်ဗျာ မြန်မာဒီမိုကရေစီအဖွဲချုပ့် ရဲ့ ကြိုးစားအားထုတ်မှုပါ ကျွန်တော်အနေနဲ့ဝမ်းသာပါတယ်


မြန်မာဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ ဦးလှိုင်အေး ခင်ဗျ သင်္ကြန်ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်လေးပြောပြပေးပါခင်ဗျ

ဟုတ်ကဲ့  ကျွန်တော်တို့ ဂျပန်မှာ ဒါ ၂၀ကြိမ်မြောက်ပေါ့ နော် ကျင်းပရတဲ့ရည်ရွယ်ချက်က ဂျပန်မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတိုင်းရင်းသားညီကို မောင်နှစ်မ အားလုံးရဲ့ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်တဲ့ပွဲပေါ့ ။ အလုပ်ထဲမှာ ပင်ပင်ပန်းပန်း နဲ့ လုပ်ပြီး စိတ်ဖိစီးမှုတွေ ပပျောက်ပြီးတော့ ဆိုကြ ကကြ ပေါ့ ဗျာ မြန်မာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာကိုပါဝင်ဆင်နွဲပြီးတော့ မိသားစုနဲ့ ဝေးနေတဲ့စိတ်ဓါတ်လေးတွေ ပြေပျောက်ပါစေဆိုတဲ့ ဂျပန်မှာမြန်မာမှာနှစ်သစ်ကူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ရခြင်းဖြစ်ပါတယ်ခင်ဗျ။

အနှစ်နှစ်ဆယ်လောက် သင်္ကြန်ပွဲကျင်းပတာကြာပြီဆိုတော့ အခက်အခဲလေးတွေရှိရင် ပြောပြပေးပါလားခင်ဗျ
ကျွန်တော်တို့ ၂၀၁၁ ခုနှစ်တိုကျိုမြန်မာ့ရိုးရာအတာသင်္ကြန်ကတော့ တော်တော်လေးကိုဘဲ အခက်အခဲကြားထဲက ကျင်းပရတာဖြစ်ပါတယ်၊၂၀၁၁ ခု ၃လပိုင်းက လှုပ်သွားတဲ့
ဆူနာမီငလျင်ကြောင့် ဂျပန်နိုင်ငံသားတွေခံစားရတဲ့ဝေဒနာတွေပေါ့နော် အဲဒီရဲ့ ဖြစ်ရပ်ကြောင့်နူကလီးယားဓါတ်ပေါင်းဖိုကိစ္စတွေ အဲဒါတွေက ကျွန်တော်တို့  မျက်မြင်ကိုတွေ့ ရတဲ့အခါကြတော့ သင်္ကြန်ပွဲကို ၄ လပိုင်းအစီအစဉ်ကနေပြီးနောက်ကိုဆုတ်လိုက်ရပါတယ်။သူတို့ တတွေစိတ်ဆင်းရဲနေကြတာကို ကျွန်တော်တို့ ဗမာတွေကမမြင်ချင်ပါဘူး။သက်ဆိုင်ရာ အဖွဲ့ အစည်းတွေနဲ့ ညှိပြီးတော့ ၅လပိုင်းကို နောက်ဆုတ်လိုက်ရပါတယ် ဒီနှစ်ငှားရတဲ့ သင်္ကြန်ကွင်းကျင်းပရတဲ့ ပန်းခြံအပိုင်က တိုကျို တို့ အ(ဟီဘီရ) ပိုင်တဲ့ ပန်းခြံဖြစ်ပါတယ်။အဲဒီပန်းခြံဖြစ်တဲ့အတွက်ကြောင့်ခါတိုင်းနှစ်တွေထက် စာရင်အများကြီးလုပ်ရကိုင်ရ အခက်အခဲဖြစ်ပါတယ်။
တိုကျို တို့ အ ပိုင်တဲ့ ပန်းခြံ ဆိုလို့ ရှိရင် စပွန်ဆာ ပေးတဲ့သူကအစိုးရ အဖွဲ့ အစည်းဖြစ်ရမယ်။သင်္ကြန်မှာဆိုလို့ ရှိရင် ဒီပန်းခြံမှာ ထိုင်း၊အာဂျင်တီးနားတို့ ဘရာဇီးတို့ ဆိုရင် ဒီပန်းခြံမှာဘဲ ပွဲတော်လုပ်တယ် သူတို့ ရဲ့ သံရုံးတွေက လည်း စပွန်ဆာ ပေးတယ်။ကျွန်တော်တို့ က လက်ရှိတိုင်းပြည်ရဲ့ အစိုးရက ဗမာလူမျိုးတွေရဲ့  အသဲထဲရင်ထဲက မဲပေးထားတဲ့ အစိုးရမဟုတ်ဘူးခင်ဗျ။အခုတက်လာတဲ့ အစိုးရ ကလည်း ဘောင်းဘီနဲ့ ပုဆိုးကို လည်းပြီးတက်လာတဲ့အစိုးရဖြစ်တယ်၊၊ ဒါဆိုရင်သဘောပေါက်ပါလိမ့်မယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးအရှည်ကြီးပြောရင်ဆုံးနိုင်မှာမဟုတ်ပါဘူး။အဲဒါကြောင့် သံရုံးရဲ့ ထောက်ခံစာယူဖို့ အခက်အခဲဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်တိုင်းနှစ်ကြကူညီနေတဲ့အဖွဲ့ အစည်းတွေ ဂျပန်နိုင်ငံမှာ အရမ်းနာမည်ကြီးနေတဲ့ အလုပ်သမားအဖွဲ့  ရင်ဂို တို့ အလုပ်သမားအဖွဲ့ ကြီးတွေ ပီအက်ဖ် ပီတို့ အဖွဲ့ တွေလုပ်လို့ မရပါဘူးခင်ဗျ၊၊ ဒါကြောင့် ဒီနှစ် သင်္ကြန်ပွဲက ငွေကုန်ကြေးကြ တော်တော်လေးများပါတယ်ဗျ။ အစားအသောက်အာမခံယူတဲ့နေရာမှာ တော်တော်လေးကို အခက်အခဲနဲ့ ယူခဲ့ ရပါတယ်ခင်ဗျ။ဒီနှစ် တိုကျိုမြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ ရဲ့ အခက်အခဲ တွေက အဲဒါတွေရှိပါတယ်ခင်ဗျ၊၊

ဒီနှစ်မှာ သင်္ကြန်ပွဲ လူဦးရေ ဘယ်လောက်လောက်လာမယ်လို့ ခန့် မှန်းထားပါသလဲဗျ
ဒီနှစ်မှာ မြန်မာတင်မဟုတ်ဘူး ဂျပန်နှင့် အခြားနိုင်ငံခြားသားဦးရေ ၃၀၀၀နှင့်၃၅၀၀ လောက်လာမယ်လို့ ခန့် မှန်းထားပါတယ်ခင်ဗျ။

ဒီသင်္ကြန်ပွဲကျင်းပနေတဲ့ ကွင်းပြင်ကြီးထဲမှာထူးထူးခြားခြားလှုပ်ရှားမှုတွေ ဘာတွေရှိပါသလဲခင်ဗျာ
ဝင်ဝင်ခြင်းဂိတ်ပေါက်ဝနှစ်ခုမှာ အိန္ဒယရောက်မြန်မာဒီမိုကရေစီအင်အားစုတွေရဲ့ သံချပ်ခွေတွေကိုအခမဲ့ဖြန့်ချီပေးနေတယ်။0033 တယ်လီဖုံးကမ်ပိန်းနှင့်အလုပ်သမားသမဂ္ဂရဲ့ အာမခံချက်ဆေးကုသခွင့်ကမ်ပိန်း နောက် တိုင်းရင်းသားရိုးရာစားသောက်ဆိုင်တွေ အဖွဲ့ အစည်းတွေရဲ့ စားသောက်ဆိုင်တွေနိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကမ်ပိန်းက တကမ္ဘာလုံးနဲ့ အမျှအကြီးအကျယ်ဆုံးစည်စည်ကားကားနဲ့လက်မှတ်ထိုးနေကြပါတယ်

ဒီသကြန်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်ထိုးကမ်ပိန်းကိုနောက်ဆုံးအနေနဲ့ ပြောပြပေးပါအုံး
ဒေါ်အောင်ဆန်းစုကြည်က အားလုံးကိုကူညီကြဖို့  မြန်မာ နိုင်ငံအတွင်းမှာ အကျဉ်းထောင်အတွင်းမှာ မတရားအကျဉ်းကျခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဖို့ ပေါ့နော်..ဒီသင်္ကြန်ပွဲမှာ စည်စည်ကားကားနဲ့ နိုင်ငံရေးအဖွဲ့ အစည်းအသီးသီးက လုပ်ထားတဲ့ လက်မှတ်ထိုးပွဲဖြစ်ပါတယ်ခင်ဗျ။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။

သတင်းတင်ပြရေးသားသူ။ ။ ကိုထွန်းဝေ (မင်္ဂလာဒိုး) ။ဒီမိုဝေယံ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.