Wednesday, May 18, 2011

0 ဇေယျာသော် အယ်လ် ဘမ် -၁


ဇေယျာသော် ....
အနာဂတ်တောင်ပံခတ်သံတို့ရဲ့ စည်းချက်...။
မင်းရင်ဘတ်ထဲက သစ္စာအလင်းစက်ကို ငါမြင်တယ် ...
မင်းရင်ဘတ်ထဲက လမ်းပြကွန်းပက်စ် ကို ငါမြင်တယ်....
ကောင်းကင်နှစ်ထပ်နဲ့ အမြဲလင်းကျင်းလို့ .....
ဇေယျာသော်တို့ တစ်ခေတ် အညှောင့်ပေါက်ရှင်သန်ခဲ့တဲ့ ခုနှစ်...
မမေ့ဘူး ဇေယျာသော် ....။

ဟောဒီ ညှီစို့စို့ အမှောင်ထဲ ...
မင်းအမြဲ လဲ့ပြာတောက်ပတယ် ဇေယျာသော်...
မင်းနှလုံးသားရဲ့ ဇာတိမြို့ဟာ .၀ိမုတ္တိ.ဆိုတာ
ကိုယ်တိုင်ဖွင့်ြ့ပ ကမ္ဘာဆန်ခဲ့ရပြီ ဇေယျာသော်...
အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ထက်တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့
ပြသွားတဲ့ သက်သေ ...
လရောင်ကတောင်ညွတ်ကျ အလေးပြုရပြီ ဇေယျာသော် ....
မင်း ဟစ်ဟော့ပ် စာသားထဲက ကျောက်ထွင်းအက္ခရာ
တာရာမင်းဝေမသိပေမယ့်
မင်းအမြဲလင်းပတယ် ဇေယျာသော်...
ဟောဒီ ခုနှစ်ရက်သားသမီး ကမ္ဘာထဲ
မင်းယုံကြည်ချက်မိတ္တူတွေ
ရိုးသားစွာရဲရင့်ခဲ့ကြတဲ့ သကရာဇ်တွေ ...
မမေ့ဘူး ဇေယျာသော် .....။

သံသရာ အတွေ့ထူးပေစွ...
မင်းရဲ့ လောကတ္ထစရိယတွေ....
မမေ့ဘူး ဇေယျာသော်....
ကောင်းကင်နှစ်ထပ်နဲ့ အမြဲ လင်းကျင်းလို့
ဇေယျာသော်တို့ တစ်ခေတ်
အညှောင့်ပေါက်ရှင်သန်ခဲ့ကြပြီ......
နောက်က လာမယ့် အနာဂတ် ဟွန်းသံတွေအတွက်...... ။ ။

ကဗျာပေးပို့သူ။ ။ KHIT NAY

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.