Friday, May 20, 2011

0 မလေးရောက်မြန်မာတွေကို သာဓုအနုမောဒနာခေါ်စေချင်လို့ပါ


(မလေးရှားနိုင်ငံရှိမြန်မာလူမှုထောက်ကူအဖွဲ့)မှ မြန်မာကျပ်ငွေသုံးသိန်း (၃၀၀၀၀၀)အား18.5.2011..နေ့တွင် ပထမဆုံးအကြိမ်အဖြစ် ကိုကျော်သူ (နာရေးကူညီမှုအသင်း)၏ သုခ (ကုသိုလ်ဖြစ် )ဆေးရုံအား လှုဒါန်းလိုက်ပြီး ဖြစ်ပါသည်။ ထိုအဖွဲ့အား အိုးဝေသတင်းဂျာနယ်အယ်ဒီတာ ကိုစစ်ကိုနိုင်၏ဦးဆောင်မှုဖြင့် ၁၂.၃.၂၀၁၁.စနေနေ့တွင် ကွာလမ်လာပူမြို့ရှိ မြန်မာစားသောက်ဆိုင်တဆိုင်တွင် စိတ်ဝင်စားသူလူငယ်များပါဝင်ပြီး စတင်ဖွဲ့စည်းခဲ့ပါသည်။ အဖွဲ့ဝင်လူငယ်များမှ တလလျှင်အနည်းဆုံးထည့်ဝင်ငွေ မလေးရင်းဂစ် ၆၀ နှုန်းဖြင့်လှူဒါန်းသွားရန်ဆုံးဖြတ်ခဲ့ပါသည်။ မြန်မာပြည်ရှိ အောက်ပါနေရာဋ္ဌာနများသို့ ပေးပို့လှူဒန်းသွားရန် အဖွဲ့မှဆုံးဖြတ်ထားပါသည်။

(၁) ကိုကျော်သူဦးဆောင်သည့် (နာရေးကူညီမှု့အသင်း) ၏ သုခ (ကုသိုလ်ဖြစ်) ဆေးရုံ…

(၂) မဖြူဖြူသင်းဦးဆောင်သည့်(NLD)လူမှုထောက်ကူအဖွဲ့မှ စောင့်ရှောက်ထားသော HIV/AIDS ဝေဒနာရှင်များ…

(၃) (NLD) ဦးဆောင်သည့် နိုင်ငံရေးအကျဉ်းသားများအားကူညီထောက်ပံ့ပေးရေး...စသည်တို့အား လစဉ်ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်..

ဆက်သွယ်လှုဒါန်းနိုင်မည့် လူပုဂ္ဂိုလ်များ၏အမည်နှင့် ဖုန်းနံပါတ်များအားလည်း မလေးရှားနိုင်ငံတွင် ၂ ပတ်တကြိမ်ထုတ် ဝေဖြန့်ချိလျှက်ရှိသည့် အိုးဝေသတင်းဂျာနယ်တွင် ထည့်သွင်းဖေါ်ပြထားပါသည်။ ကျနော်တို့၏ မလေးရှားနိုင်ငံရှိမြန်မာလူမှုထောက်ကူအဖွဲ့) မှ BURMA SOLDIER Documentary Film..ဘားမားဆိုးဂျာမှတ်တမ်း ရုပ်ရှင်ကား ဒီဗွီဒီအခွေဖြန့်ချိရောင်းချရာမှရရှိသည့် အမြတ်အစွန်းများအားလည်း အထက်ဖေါ်ပြပါမြန်မာပြည်ရှိ အဖွဲ့အစည်းသုံးခုအား အလှည့်ကျစံနစ်ဖြင့်လစဉ်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းလေးစားစွာဖြင့် သတင်းပေးပို့အပ်ပါသည်ခင်ဗျား...

စစ်ကိုနိုင်..

အိုးဝေသတင်းဂျာနယ်နှင့် မလေးရှားလူမှု့ထောက်ကူရေးအဖွဲ့

အီးမေးလ်...philosophermgmyathar@gmail.com ph..+60389336641.

................professordrsakephur@gmail.com hotline..016 6319069, 0102004493, 016 6300796

................naymintun.com @gmail.com



ko myo myit (Facebook)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.