
RFAနှင့်No. 1 သင်တန်း နည်းပြသင်တန်းမှူး အညတြဘိက္ခူ အရှင်ဣဒ္ဓိပါလ အမေးအဖြေ
သင်တန်းကျောင်း စာမျက်နှာ အဟောင်း
http://numberonesociology.com/index.htm ကဖွင့်လို့မရ
အသစ်က..
http://www.no-1sociology.com/index.htmပါ မကြာမှီအချိန်တောအတွင်း website ပိတ်သွားနိုင်တဲ့အနေအထားရှိနေတဲ့အတွက် ဘာတွေရေးထားသလဲဆိုတာ အခုအချိန်အခါသွားရောက်ဖတ်ရူနိုင်ပါတယ်..
အရှင်ဣဒ္ဓိပါလရဲ့မေးခွန်းများ အမေးအဖြေနဲ့ အထက်ပါ... ဝန်ခံကတိပြုချက် ဘာကြောင့် ကွာခြားနေတယ် ဆိုတာအောက်မှာလေ့လာကြည့်ကြပါhttp://www.no-1sociology.com/question2_1.htmမှကောက်နုတ်ဖော်ပြလိုက်ပါတယ်..
အရှင်ဣဒ္ဓိပါလထံ ရောက်ရှိလာသော အနယ်နယ်အရပ်ရပ်မှ မေးခွန်းများအပေါ် ပြန်လည်ဖြေကြားခြင်း။မေး (၉) No.1 သင်တန်းကျောင်းမှာ အကတွေပဲသင်တယ်ဆိုတာ ဟုတ်ပါသလား?
ဖြေ No.1 သင်တန်းကျောင်းမှာ သင်တန်းပို့ချချိန် (၃)နာရီကြာမြင့်ပါတယ်။ သင်တန်းပြီးဆုံးသည့်အခါ ကိုယ်လက် လှုပ်ရှားသွေးပူလေ့ကျင့်ခန်းအနေဖြင့်သော်၎င်း၊ ခေါင်းဆောင်တစ်ဦးအနေဖြင့် နောက်လိုက်များအား စိတ်ရွှင်လန်းဖွယ်ဖြစ်အောင် Motivation တစ်ရပ်အနေဖြင့်သာ ပြုလုပ်စေခြင်းဖြစ်ပါတယ်။ ကျောင်းဆရာလုပ်ဖူးသည့်လူတိုင်း ကိုယ့်တပည့်များအား ပျော်ရွှင်အောင် ဘယ်လိုနည်းစနစ်တွေဖြင့် ဖန်တီးပေးရမလဲဆိုတာ သိကြပါလိမ့်မယ်။ No.1 သင်တန်းမှ လေ့ကျင့်ခန်းများ ကို ဘုန်းကြီးကိုယ်တိုင် သင်ကြားပေးခြင်းလုံးဝ (လုံးဝ)မဟုတ်ပါ။ အကနည်းပြ volunteer ဆရာ၊ ဆရာမ များဖြင့် သင်တန်းပြီးဆုံးခါနီးတွင် သီးသန့်သင်ကြားပေးခြင်းဖြစ်ပြီး ရိုးရိုးသာမန်လေ့ကျင့်ခန်းသာဖြစ်ပါတယ်။ ဟီရိသြတ္တပ နှင့် မညီညွတ် သော၊ မမြင်ရက်စရာ အပြုအမူများလည်း လုံးဝ မဟုတ်ပါဘူး။ တရားရိပ်သာတွေမှာ တရားထိုင်လျှင်တောင်မှ လမ်းလျှောက် ရမယ်၊ ထိုင်ရမယ်၊ ထရမယ်၊ လျောင်းရမယ်၊ သွေးလေ ဦးညွတ်အောင် ပြောင်းလဲပြီး ကျင့်ကြံရပါတယ်။ ဒါလည်း တနည်း အားဖြင့် လေ့ကျင့်ခန်းလုပ်ခြင်းပါပဲ ။
နောက်ပြီး သင်တန်း(၉)ရက်မြောက်နေ့မှာ သင်တန်းတက်သည့်ကာလတွင် သင်တန်းသားထဲမှ မွေးနေ့ရက်ကျရောက် သောသင်တန်းသားများကို လှပသော ငြမအိ့ပေ ကိတ်ဖြင့် မွေးနေ့ ပွဲများပြုလုပ်ပေးပါတယ်။ လျှို့ဝှက်စိတ်ပျော်ရွှင်ဖွယ်ရာ ဖြစ်အောင် ဖန်တီးပေးခြင်းဖြစ်တာကြောင့် မွေးနေ့ရှင်များမှ ပျော်ရွှင်သည့် အထိမ်းအမှတ်၊ ပီတိဖြစ်သည့် ကျေးဇူးတင်သည့် အထိမ်းအမှတ်ဖြင့် ပရိသတ်အား ကခုန်ပြခြင်းသာဖြစ်ပါတယ်။
အဆိုပါ လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ပြည်ပအသံလွှင့်ဌာနများမှ (DVB)ဒီမိုကရက်တစ် မြန်မာ့အသံမှ တန်ဖိုးရှိ လှစွာသော သင်တန်း (၁ဝ)ရက်ပို့ချချက်များအား ကမ္ဘာကသိအောင် မျှဝေပြသခြင်းမပြုဘဲ သွေးပူလေ့ကျင့်ခန်း လှုပ်ရှားမှုများ နှင့် (၉)ရက်မြောက်နေ့ မွေးနေ့ပွဲမှ ပျော်ရွှင်ဖွယ်ကကွက်များကိုသာပြပြီး အကတစ်မျိုးတည်းသာ သီးသန့် သင်ပေးသော သင်တန်းကျောင်း အသွင်ဖန်တီးပြီး မကောင်းသတင်းအဖြစ် ကမ္ဘာကသိအောင် ထုတ်လွှင့်ပြသခြင်းသာဖြစ်ပါတယ်။
No.1 သင်တန်းတက်ရောက်ပြီးသူတိုင်း သင်တန်းပို့ချမှုများဟာ ယဉ်ကျေးလိမ္မာစိတ်ဓါတ်မြှင့်တင်ရေးသင်တန်း ဖြစ်သလို နိုင်ငံ နှင့် လူမျိုးအတွက် တကယ်အကျိုးရှိတဲ့ သင်တန်းကျောင်းဖြစ်တယ်ဆိုတာ သိရှိကြပြီးဖြစ်တာကြောင့် အထူး ထပ်မံ ဖြေကြားဖို့ ရန်မလိုတော့ပါ။ No.1 သင်တန်းကျောင်းမှ လှုပ်ရှားမှုအားလုံးကို ဓါတ်ပုံမှတ်တမ်း အထောက်အထား များဖြင့် လှုပ်ရှားမှုမှန်သမျှကို မှတ်တမ်းတင်ပြထားပါတယ်။ ဓါတ်ပုံမှတ်တမ်းများကို ကြည့်ရှုခြင်းအားဖြင့် ပြည်ပ အသံလွှင့် ဌာနများက ဘယ်အခန်းကဏ္ဍမှအပိုင်းများကိုသာ တင်ပြထားသလဲဆိုတာ (အသေးအဖွဲလေးတွေကို ပုံကြီးချဲ့ ပြီး မကောင်း သတင်းအဖြစ် လွှင့်ထုတ်ထားသလဲဆိုတာ)ကို သိရှိနိုင်မည်ဖြစ်ပါတယ်။
တချို့ ကျတော့လည်း ကြားဖူးနားဝနှင့် အဖြစ်မှန်ကို ကိုယ်ကိုတိုင်မသိဘဲ မကောင်းသတင်းများကို ဆင့်ကဲဆင့်ကဲ ထုတ်လွှင့်ကြသည့်အတွက်ကြောင့် အများတကာ သာဓုခေါ်ဆိုပြီး ဆွမ်းကြီးလောင်းခံရတဲ့ အရှင်ဣဒ္ဓိပါလ ဖြစ်သွားတော့တာပါပဲ။
အဲဒီလို မကောင်းသတင်းတွေ အဆင့်ဆင့်ဖြန့် ဖြူးခြင်းအားဖြင့် အဲဒီလိုလုပ်တဲ့သူတွေမှာ ဘယ်လိုအကျိုးကျေးဇူးတွေ (ဘယ်သူတွေက ဆုလာချသလဲ၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကော ဘယ်လောက်ထိတက်လာသလဲ၊) ရရှိပိုင်ဆိုင်သွားပါပြီလဲဆိုတာ (သေသေချာချာ)စဉ်းစားပါ။ ပြောချင်သပဆိုလျှင်လည်း အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး ကိုယ်ကိုတိုင် ဂဃနဏ သိရှိပြီး ပြောသင့်တယ်ထင်မှ ပြောတာဟာ အကောင်းဆုံးပါဘဲလို့ အကြံပြုချင်ပါတယ်။ ဘယ်သူအကျိုးရ၊ မရတော့မသိဘူး။ အရှင်ဣဒ္ဓိပါလ ကတော့ ကမ္ဘာကျော်သွားတာပါပဲ။ ဒါ့ကြောင့် သတင်းထုတ်လွှင့် ပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင် ပါတယ်။
အရှင်ဘုရားအပေါ် ပြည်ပအသံလွှင့်ဌာနတွေမှတဆင့်internet အင်တာနက်ပေါ်မှာ 'ဘုန်းကြီး အကသင်တဲ့သင်တန်း' ဟု ဆိုးဆိုးရွားရွား ဝေဖန်ပြစ်တင်မှုတွေအပေါ် ဘယ်လိုတုံ့ပြန်ချင်ပါသလ?ဖြေ ဒါကတော့ သူတို့အလုပ်ကို သူတို့လုပ်ကြတယ်လို့ပဲမြင်ပါတယ်။ ပြဿနာအများစုဟာ မသိတာတွေအများစုကြောင့် ဖြစ်ကြတာများပါတယ်။ No.1 သင်တန်းကျောင်းရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို အမှန်ကိုအမှန်အတိုင်း မသိမြင်ကြတဲ့ အတွက်ကြောင့် ပြောဆိုနေခြင်းသာဖြစ်ပါတယ်။ အဲဒီလို ပြောဆိုမှုအပေါ်မှာ စိတ်ဆိုးတာ၊ ဒေါသထွက်တာ၊ မကျေနပ်တာ၊ စိတ်ဓါတ်ကျတာမရှိပါဘူး။ နောက်နောင်ကို လူပုဂ္ဂိုလ်တစ်ဦးရဲ့ အကြောင်း ရေဆုံးမြေဖျားလိုက်လံစုံစမ်းသိရှိမှုမရှိဘဲ တဆင့် စကားဖြင့် သံယောင်လိုက်ပြီး ဆွမ်းကြီးလောင်းတတ်တာမျိုး၊ မကောင်းသတင်းစကားဖွတာမျိုးတွေ မလုပ်သင့်ပါဘူးလို့ အကြံ ပြုချင်ပါတယ်။ ကိုယ်က အလကားရလို့ ပြောလိုက်ပေမဲ့ တဘက်လူ ဘယ်လောက်ထိ ထိခိုက်သွားသလဲဆိုတာ မှန်းဆလို့ မရနိုင်ပါဘူး။ လူ့ရဲ့ သဘောမနောက ဟဲ့ ---- ဟိုနားဘာဖြစ်တာလဲ၊ ခလုတ်တိုက်လို့တဲ့။ နောက်တစ်ဦးရောက်လာ ဟဲ့ ----- ဟိုနားဘာဖြစ်တာလဲ၊ ဖားပြုတ်ကိုက်လို့တဲ့ ။ နောက်တစ်ဦးရောက်လာပြန်တယ်။ ဟဲ့ --- ဟိုနားဘာဖြစ်လိုလဲ့ ၊တရုတ်ရိုက်လို့တဲ့။ ဒီလိုအဆင့်ဆင့် စကားတွေပွားတတ်တဲ့လူတွေဟာ အဲဒီစကားကြောင့်ပင်လျှင် ဒုက္ခဘေးဒဏ်ပြန်သင့် ခံကြရပါတယ်။ သံသရာဆိုတာသာ မရှိခဲ့ဘူးဆိုလျှင် ဒီတစ်ဘဝထဲမှာသာ ကိုယ်လုပ်ချင်တာတွေ၊ ပြောချင်တာတွေ လုပ်သွား၊ ပြောသွားလို့ရပါတယ်။ ဒါပေမဲ့ သံသရာဆိုတာ ရှိနေတဲ့အတွက်ကြောင့်တော့ ဒီဘဝမှာကိုယ်လုပ်ချင်တာ၊ ကိုယ်ပြောချင် တာတွေလုပ်သွား၊ ပြောသွားလို့မရပါဘူး။ ကိုယ်ပြောသမျှစကားဟာ ကိုယ့်အတွက်တော့ ကြိုးကွင်းပါပဲ။ မှန်တာပြောပြော၊ မမှန်တာပြောပြော တန်ပြန်သက်ရောက်မှုတွေကတော့ ပြောသူကာယကံရှင် ရှေ့မှောက်သို့ အနှေးနဲ့အမြန် ရောက်ရှိလာ ပါလိမ့်မယ်လို့ ပြောချင်ပါတယ်။ အလုပ်လုပ်တဲ့လူမှန်သမျှကတော့ များများ လုပ်ရင် များများပြောခံရမယ်။ နည်းနည်းလုပ်ရင် နည်းနည်းပြောခံရမယ်၊ ဘာမှမလုပ်တဲ့သူကတော့ လူလဲမသိသလို ဘာမှလည်း အပြောခံရမှာ မဟုတ်ပါဘူး။
...................................................
http://www.no-1sociology.com/activity18.htm မှရေးသားချက်
သင်တန်း (၁ဝ)ရက်၏ (၉)ရက်မြောက်နေ့တွင် မိမိသင်တန်း တက်သည့်လမှာ မွေးနေ့ကျရောက် ပါက မွေးနေ့ကျရောက်သူ သင်တန်းသား/သူများအားလုံးကို Birthday ကိတ်ဖြင့် မွေးနေ့ ပွဲများကို ကျင်းပ ပြုလုပ်ပေးပါသည်။ သင်တန်းသားများ၏ မွေးနေ့များကို လှပပြီး အရသာရှိသော ကိတ်မုန့်များဖြင့် လျှို့ ဝှက်ပျော်ရွှင်မှုများ ပြုလုပ်ပေးပါသည်။ သင်တန်းကျောင်းတွင် တစ်နှစ် တစ်ကြိမ် မုန့်စားပွဲတော် ကျင်းပပါသည်။
သင်တန်းကျောင်းတွင် သင်တန်းတက်ရောက်လာသူတိုင်း သင်တန်းပြီးဆုံးချိန်တွင် စိတ်ပျော်ရွှင်အောင် သွေးပူ လေ့ကျင့်ခန်းများ ပြုလုပ်ရသည့် သင်ခန်းစာများလည်းပါရှိပါသည်။ သွေးပူလေ့ကျင့်ခန်းများသည် စိတ်ကို ကျန်းမာ စေပြီး၊ စိတ်ပျော်ရွှင်မှု၊ လွတ်လပ်မှုကို ရရှိစေပါသည်။ တစ်နည်းအားဖြင့် စိတ်ကျန်းမာရေး လေ့ကျင့်ခန်းဟု အမည်ပေးလျှင် လည်းရနိုင်ပါသည်။ သင်တန်းကျောင်းမှာတော့ ' အဆိပ်ထုတ်လေ့ကျင့်ခန်း' ဟု အမည်ပေးထားပါသည်။
မှတ်ချက် ။ ။ No.1 သင်တန်းကျောင်းအား နာမည်ပျက်အောင် မကောင်းသတင်းလွှင့်သူများက သင်တန်းကျောင်းတွင် ပို့ချသောသင်ခန်းစာများကို အမှန်အတိုင်းထုတ်လွှင့်ခြင်းမရှိဘဲ အဆိပ်ထုတ်လေ့ကျင့်ခန်းနှင့် မွေးနေ့(Birthday)ပွဲကျင်းပသည့်အခါ မွေးနေ့ရှင်များမှ ပျော်ရွှင်မှု အထိမ်းအမှတ်အဖြစ် ကခုန်ကြသည်ကို အက သက်သက်သာ သင်ပေးသည့် ဘုန်းကြီးသင်တန်းကျောင်းဟု DVB(ဒီမိုကရက်တစ်မြန်မာ့အသံ) ရုပ်သံလွှင့် အသံလှိုင်းတွင် ကမ္ဘာသိအောင် ထုတ်လွှင့်ပြသသွားခဲ့ ပါသည်။
No.1 သင်တန်းကျောင်းမှ (၁ဝ)ရက်တိုင်တိုင် သင်ခန်းစာပို့ချသည့် ပို့ချမှုမှတ်တမ်းခွေကို နိုင်ငံခြား အသံလွှင့် ဌာနများသို့ ခိုးယူရောင်းချခဲ့ခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် မြန်မာပြည်ရှိ ရဟန်းသံဃာများအချင်းချင်း သွေးကွဲအောင်၊ နိုင်ငံရေးလှုပ်ရှားမှုအသွင်ဆောင်လာအောင် လှုံ့ဆော်ခြင်း သက်သက်သာဖြစ်ပါသည်။
သင်တန်းကျောင်း သင်ကြားပို့ချမှုများမှာ မြန်မာနိုင်ငံသူ/သားများအတွက် သင်တန်းတက်သူတိုင်း ဘယ်လောက်ထိ အကျိုးရှိသလဲဆိုတာကို အဆိုပါ အသံလွှင့်ဌာနမှ သူများမသိရှိ၍ မဟုတ်ပါ။ နိုင်ငံရေးဆူပူမှုဖြစ်အောင် အဓိက သွေးထိုး လှုံ့ဆော်ခြင်းဖြစ်ပါသည်။ မိတ်ဆွေကိုယ်တိုင် စဉ်းစားကြည့်ပါ။ ယခုဆိုလျှင် သင်တန်းဖွင့်သည့် သက်တမ်းမှာ (၂)နှစ် ကျော်အတွင်း ရောက်ရှိခဲ့ပါသည်။ သင်တန်းအမှတ်စဉ် (၆၅)အထိ ဖွင့်လှစ်နိုင်ခဲ့သည်။ သင်တန်းသားဦးရေဟာ (၂၇ဝဝဝ)ကျော်ခန့် တက်ရောက်ပြီးဖြစ်ပါသည်။
အဆိုပါ သင်တန်းသားများထဲတွင် အထက်တန်းလွှာ ပညာတတ် အသိုင်းအဝိုင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ တက္ကသိုလ်ကျောင်း ဆရာ၊ ဆရာမများ၊ ဆရာဝန်များ၊ ရှေ့နေများ၊ တရားသူကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရစ်ယာန် ဘာသာဝင်များ၊ ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာဝင်များမှ ပညာတတ်၊ ပညာရှိ လူတော်လူကောင်းများစွာ တက်ရောက်ခဲ့ပြီးဖြစ်ပါသည်။ ယနေ့အချိန်ထိ ပြဿနာတစ်စုံတစ်ရာမျှ ပေါ်ပေါက်ခဲ့ခြင်းမရှိခဲ့ပါ။ သင်တန်းကျောင်း ပို့ချချက်များသည် ဘာသာရေး နှင့် သော်လည်းကောင်း၊ နိုင်ငံရေးနှင့်သော်လည်းကောင်း၊ ယဉ်ကျေးမှုနှင့်သော်လည်းကောင်း၊ လူ့အသိုင်းအဝိုင်းနှင့်သော်လည်းကောင်း ကိုက်ညီမှုမရှိပါက အဆိုပါ သင်တန်းသားများမှ မျက်စိပိတ်၊ နားပိတ် ခေါင်းညိတ်၍ နေမည်မဟုတ်ပါ။
No.1 သင်တန်းကျောင်းမှ ပို့ချချက်များသည် နိုင်ငံ နှင့် လူမျိုးအတွက် အမှန်တကယ် အကျိုးရှိပြီး၊ တကယ်လိုအပ် သည့်ကွက်လပ်တစ်ခုဖြစ်သည့်အတွက်ကြောင့် အဆိုပါ သင်တန်းသား (၂၇ဝဝဝ)ကျော်မှ သဘောတူလက်ခံခြင်းဖြစ်ပါသည်။ ရှင်ဣဒ္ဓိပါလသည် ယခင်က ရေဒီယိုထုတ်လွှင့်သည့် နိုင်ငံခြားသတင်းများကို ယုံကြည်စွာဖြင့် နားထောင်ခဲ့ပါသည်။ ယခုအခါကိုယ့်ရဲ့ သတင်းကို 'ကြမ်းပိုးကိုလိပ်' ဖြစ်အောင် မမှန်မကန် ကမ္ဘာကိုတင်ပြလိုက်သည့်အတွက်ကြောင့် ယုံကြည်မှုအဆုံးစွန်ထိ ကင်းမဲ့သွားခဲ့ပါသည်။ယခုစာဖတ်နေသူလည်း No.1 သင်တန်းနှင့် ပတ်သက်ပြီး Radio အသံလှိုင်းများကို နားထောင်ဖူးကောင်းနားထောင်ကြလိမ့်မည်။ အဖြစ်မှန်ကိုမသိကြတဲ့ ရဟန်းရှင်လူတွေကတော့ ဘုန်းကြီးနှင့် မအပ်စပ်ဘူး ဟု ရက်ရက်စက်စက် ဝေဖန်အပြစ်ပြောကြပါသည်။
အဲဒီ ဝေဖန် အပြစ်တင်မှုတွေ အားလုံးကို စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ အပြစ်တင်ခြင်း လုံးဝမရှိခဲ့ပါ။ ပြဿနာအများစုဟာ မသိလို့ ဖြစ်ကြတာက များပါတယ်။ ကိုယ်တကယ် မသိတာတွေ ရမ်းသမ်းပြောကြလို့ ပြဿနာဖြစ်ကြတာပါ။ အဲဒီ DVB ရုပ်သံလွှင့်ဌာနကို ပြောချင်တာတစ်ခု ရှိပါတယ်။ မင်းတို့ အသံလွှင့် ဌာနမှာရှိတဲ့ လူတွေအားလုံးက လူကောင်းတွေလား၊ မင်းတို့ဟာ ကိုယ့်ကိုကိုယ်လူကောင်းလို့ အဖြေပေးမယ်ဆိုရင် တော့ ဘားအံ့မြို့ (ကရင်ပြည်နယ်)မှာ ကျင်းပသွားခဲ့တဲ့ သင်တန်းမှာ (၁ဝ)ရက်စလုံး သင်တန်းပို့ချချက်အခွေတွေရှိပါတယ်။ အဲဒီ (၁ဝ)ရက်စာ ပို့ချချက်တွေအားလုံးကို မင်းတို့ ရုပ်သံလှိုင်းကနေ ထုတ်လွှင့်ပေးနိုင်မလား၊ အဲဒီ (၁ဝ)ရက်မှာ ပို့ချတဲ့ ပို့ချချက်အားလုံးကို အမှန်ကို အမှန်အတိုင်း ထုတ်လွှင့်ပြသပေးနိုင်မယ်ဆိုလျှင် မင်းတို့ လူကောင်းဆိုတာ ယုံကြည်လိုက်ပါမယ်။
ယခု DVB ရုပ်သံမှာ လွှင့်သွားတဲ့ လွှင့်ထုတ်ချက်တွေဟာ No.1 သင်တန်းရဲ့ သင်ခန်းစာတွေမဟုတ်ပါဘူး။ သင်တန်းပို့ချချိန် (၃)နာရီကြာတယ်။ သင်တန်းပြီးတဲ့အခါမှာ သွေးပူလေ့ကျင့်ခန်းအနေနဲ့ ပြုလုပ်တဲ့ကကွက်များ နှင့် သင်တန်း (၉)ရက်မြောက်နေ့ မွေးနေ့ကျရောက်သည့် သင်တန်းသားသင်တန်းသူများ၏ မွေးနေ့ ပွဲ(Birthday) အထိမ်း အမှတ် ကခုန်ပျော်ရွှင်ခြင်းသာဖြစ်တယ်။ ဒီကိစ္စကလည်း ကျောင်းဆရာလုပ်ဖူးတဲ့သူတိုင်း၊ အဖွဲ့ အစည်းကို အုပ်ချုပ်ဖူးတဲ့သူတိုင်း၊ ကိုယ့်ရဲ့တပည့် နောက်လိုက်တွေကို စိတ်ပျော်ရွှင်မှု ပေးရတယ်ဆိုတာ နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်။ နောက်ပြီး ဒီကကွက် တွေအားလုံးကို သင်တန်းဆရာ ဘုန်းကြီးကိုယ်တိုင်ပင် သင်ကြား ပြသနေသယောင်ယောင်၊ အစိုးရကပင် သာသနာပျက်စီးအောင် ဖျက်စီးနေသယောင်ယောင် သတင်းမှားထုတ်လွှင့်ခြင်းဟာ နိုင်ငံရဲ့ ယဉ်ကျေးမှုကို စော်ကားရာရောက်ပါတယ်။ သံဃာအသင်း ကွဲအောင်ပြုလုပ်သည့် အတွက်ကြောင့် ပဉ္စာနန္တရိယကံလည်း ထိုက်ပါတယ်။ DVB ရုပ်သံဟာ ပဉ္စာနန္တရိယကံထိုက်တဲ့ ဌာနဖြစ်တယ်လို့ပဲ အရှင်ဣဒ္ဓိပါလက ပြောကြားလိုက်ပါတယ်။ မင်းတို့ အသံလွှင့်ဌာနတွေ မဟုတ်မမှန် လုပ်ကြံပြီး သတင်းမှားတွေ ထုတ်လွှင့်မှ ထမင်း 'ဝ' မယ်ဆိုရင်တော့ အဲဒီအတိုင်းပင် ထမင်းဝမယ့်အလုပ်ကို ဆက်ပြီးလုပ်ပါ။
ယခု စာဖတ်သူအနေဖြင့် ဒီသင်တန်းကျောင်း အဖြစ်အပျက်တွေကို သိချင်မှလည်းသိမယ်။ သိချင်လည်းသိမယ်။ မိမိအနေဖြင့် အရှင်ဣဒ္ဓိပါလအကြောင်းကို လေ့လာသူတစ်ဦးအနေဖြင့် လေ့လာတယ်ပဲသဘောထားပါ။ အရှင်ဣဒ္ဓိပါလ ဘာလဲ၊ ဘယ်လိုသွားလာနေထိုင်သလဲ၊ ဘယ်လိုစရိုက်တွေရှိသလဲ၊ လူအများ လက်ခံမှု ဘယ်လောက် ရရှိသလဲ၊ ဘာတွေ လုပ်ဆောင်ခဲ့သလဲ့ ၊ ဘယ်လောက်ထိ အောင်မြင်မှုရရှိသလဲ၊ နိုင်ငံခြားအသံလွှင့်ဌာနတွေမှ ပြောတဲ့စကားတွေ နှင့် တကယ့်လက်တွေ လုပ်ဆောင်ချက်တွေဟာ မှားသလား မှန်သလားဆိုတာကို ကိုယ်ပိုင်ဥာဏ် ကိုယ်ပိုင် ဦးနှောက်ဖြင့် စဉ်စား ဆုံးဖြတ်ပါ။
အရှင်ဣဒ္ဓိပါလ၏ လုပ်ဆောင်ချက်တွေ အားလုံးဟာ မြန်မာနိုင်ငံမှာ တကယ်ကို လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးနေတယ်လို့ အခိုင်အမာ ပြောကြားချင်ပါတယ်။ နောက်ပြီး DVB ရုပ်သံနှင့်ဆွေးနွေးတဲ့ ရဟန်းတစ်ပါး ကိုလည်း ပြောချင်ပါတယ်။ အရှင်ဘုရား သူများနိုင်ငံသွားပြီး ကိုယ့်တိုင်းပြည် မကောင်းကြောင်းမပြောပါနဲ့ ။ အရှင်ဘုရား ဗိုက်ထဲမှာ စားထားတဲ့အစာတွေဟာ မြန်မာပြည်က ဒကာ၊ ဒကာမတွေရဲ့ ဆန်ထမင်းကို စားသွားခဲ့တာပါ။ အဲဒီ အသံလွှင့် ဌာနတွေကခေါ်တိုင်း အရှင်ဘုရားတို့ မသွားပါနဲ့ ။ ကိုယ့်စိတ်ကို ပြန်ဆန်းစစ်ပါ။ တိုင်းပြည်အတွက် အရှင်ဘုရားဘာတွေ လုပ်ပေးဖူးပြီလဲ၊ အရှင်ဣဒ္ဓိပါလလောက် လူသားအကျိုးပြုလုပ်ငန်းတွေ လုပ်ခဲ့ဖူးပြီလား၊ အပြစ်ပြောနေတာ မဟုတ်ပါဘူး။ မဟုတ်မမှန်အသံလွှင့်ဌာနတွေ နှင့် အရှင်ဘုရားတို့ လုံးဝမအပ်စပ်ဘူးလို့ တပည့်တော်ပြောချင်တာပါ။ အရှင်ဣဒ္ဓိပါလ အကြောင်းကို ပြောချင်လျှင် အရှင်ဣဒ္ဓိပါလ အကြောင်းကို သေချာလေ့လာစုံစမ်းပါ။

သတင်းအကျဉ်းချုပ် ...