Thursday, June 30, 2011

0 N L D အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို သူတို့ စိန်ခေါ်လေပြီ...။ ယနေ့ ထုတ် အစိုးရပိုင် သတင်းစာမှ ဖော်ပြထားချက်.

မျှဝေသော ကိုအောင်မျိုးထွန်းအားကျေးဇူးတင်ရှိပါသည်...

Wednesday, June 29, 2011

0 ငါတို. ခြေတွေလက်တွေပေးတာ တိုင်းပြည်အတွက်တကယ်ကောဟုတ်ရဲ.လားဆိုတာတပ်မတော်သားများစဉ်းစားစေလို


Photo..jinghpawkasa.blogspot.com
ပြည်တွင်းစစ်ကျနော် လေ့လာရသလောက်ကတော့ အခုလဲ ဖြစ် နောက်သိပ်မကြာခင်ဒီထက်ကြီးတဲ့ ပြည်တွင်းစစ်ဖြစ်မယ့်သဘောရှိတယ်..ဟို လွတ်လပ်ရေးရကာစက မြန်မာစစ်တပ်ဆိုတာ ပြောရရင် ပြည်သူလူထု အများစုရဲ. ထောက်ခံမှုအပြည့်ရတယ်..

သူပုန်တွေကြည့်လိုက်ရင်ကွန်မြူနစ်နဲ. လူမျိုးရေးဦးတည်ချက်တွေဖြစ်နေတယ်.. ဒါကြောင့် ဘယ်လောက်သူပုန်တွေအင်အားတောင့်တောင့် တွန်းလှန်နိုင်ခဲ့တယ်အခုဟာက အဲ့လို မဟုတ်တော့ဘူး ..သူပုန်အားလုံးကိုက တော်တော်လေး ပေါင်းမိနေပြီး အဓိကကလဲ လူမျိုးရေးဆိုတာထက် နိုင်ငံရေးဦးတည်ချက်ကို အဓိကထားလာတယ်.. နောက် မြန်မာလူမျိုး ဖြစ်တဲ့အမေစုကိုလဲ အားလုံးကလက်ခံထားပြီးသား သူတို.ဒေသက ပြည်သူတွေသာမက အတွင်းထဲက ပြည်သူတွေကပါ ထောက်ခံလာကြတယ်...

တပ်ကိုကြည့်လိုက်ရင် တကယ်တော့ တပ်ရင်းတစ်ရင်း ရှစ်ရာဆိုတာ အင်္ဂလိပ်ခေတ်က ပုံပါ ရောင်စုံသူပုန်နဲ. ရင်ဆိုင်ရတာကော နဲ. တပ်တွေခွဲထုတ်တာနဲ. မဆလခေတ်ရောက်လာတော့ ၆၀ဝ လောက်ပဲ များတယ် နောက်လေးရာဖြစ်လာတယ် ....

နဝတခေတ်နောက်ပိုင်းမှာ လေးရာထက်နည်းလာတယ် ကြားတယ် အခုနောက်ဆုံးသတင်းအရ အတောင့်ဆုံးတပ်ရင်းတွေတောင် နှစ်ရာတဲ့ နောက် ကလေးစစ်သားက အများသား ဗိုလ်တွေကလဲ စစ်မဖြစ်တဲ့ အချိန်အတွင်းမှာ ပြစ်မှုမရှိဘာညာနဲ. တိုက်ပွဲမရှိပဲ ရာထူးတက်လာတာ မေဂျာလောက်အထိက သူတို.တွေဖြစ်နေပြီ နောက် မီဒီယာကောင်းတော့ အမြင်ကျယ်တဲ့သူက ပိုကျယ်လာတယ်...နောက် စက်တင်ဘာအရေးအခင်းက တကယ့်ကို အပြောင်းအလဲဖြစ်စေတယ်...

ဒါပေမယ့် အထူး သဖြင့် မြန်မာစစ်တပ်မှာ အထက်က တိုက်ဆိုရင် တိုက်ဆိုတော့လဲ တိုက်ရဦးမှာပဲ ဟိုဘက်က လဲ ထိပ်တိုက်မတွေ.ပဲ ပျောက်ကျားစနစ်ဆိုတာ ကျေညာထားပြီးပြီ.. ကြားရတာတချို.ဆို ပစ်တာတောင် ပွိုင်ဖိုက်ကို မှန်ပြောင်းတပ်ပြီး ပစ်တာ ခေါင်းတွေပြုတ်ထွက်တဲ့သူက ပြုတ်ထွက်ကုန်တယ်ဆိုပဲ သေသွားတော့ လူပျိုက ပြသနာမှရှိဘူး ..အခုလို ခေတ်ပျက်ကြီး ဇနီးမယားငယ်ငယ် သမီးပျိုငယ်ငယ်ထားခဲ့ရတဲ့ သူတွေအဖို.က သေဖို. ဖြောင့်မှာ မဟုတ်ဘူး ..ခြေပြတ်လက်ပြတ်တွေကလဲ ပေါဦးမယ်.. လူကငယ်ငယ်လေး တချို.ဆိုကြားရတာ ပေါင်နှစ်ဖက်လုံးပြတ်သွား လူကတော့ အရာရှိပေါက်စ အသက်က ငယ်ငယ် လာကြည့်တဲ့သူကမရှိသလောက် ဘယ်သူမှလဲ ဒီလို ဒုက္ခိတကို အရေးတယူနဲ. မလုပ်ချင်ဘူးလေ ...သူ.ခမျာ အမှန်တရားတွေပိုသိလာတဲ့အချိန်မှာ ဘယ်လောက်ရင်နာဦးမလဲ...

ငါတို. ခြေတွေလက်တွေပေးတာ တိုင်းပြည်အတွက်တကယ်ကောဟုတ်ရဲ.လားဆိုတာ တကယ်ကို ထိုက်ထိုက်တန်တန်ပေးရတာမျိုးဆိုရင် အသက်ပေးတာတောင် ဘာခံစားချက်မှ မရရင်နေ နေပျော်တယ်ဆိုတဲ့သူတွေက တပ်ထဲမှာ အများကြီးပါ အခုဟာကတော့ခေတ်ပြောင်းလာလာ မလာလာ ဒီဒုက္ခိတတွေက ကျနော်တို. ပြည်သူတွေရဲ. တာဝန်ပါပဲ သူတို.ဟာ ကျနော်တို.လူမျိုးတွေညီအစ်ကိုတွေပါပဲ ဒါပေမယ့် အဲ့လို လူတွေကို မြင် ခြေလက်ကောင်းအောင်လဲ ကိုယ်တွေက ပြန်မလုပ်ပေးနိုင် ထိထိ ရောက်ရောက်လဲ မကူနိုင်တော့ ကျနော်တို. ပြည်သူတွေတော်တော်လေး စိတ်မကောင်းခံစားရဦးမှာပါပဲ ..တိုင်းပြည်ရဲ. တွန်းအားဖြစ်တဲ့ လူငယ်လေးတွေ က တွန်းအားမဖြစ်ပဲ တိုင်းပြည်ရဲ. ဝန်ထုပ်ဝန်ပိုးတွေပဲ ထပ်ဖြစ်လာတာ မြင်ရတာလဲ တကယ်ကို စိတ်မကောင်းစရာပါပဲဗျာ..ဟိုဘက် အတိုက်အခံဘက်ကိုလဲ ဒီလို မျိုးမဖြစ်စေချင်ပါဘူးဗျာ... ကျနော်တို.က တစ်နိုင်ငံတည်းနေနေကြတာပါ တစ်ယောက်စကား. တစ်ယောက် နားမလည်တောင် မြန်မာစကားပြောပြီး ဆွေးနွေးလို.ရပါတယ်ဗျာ..

တိုင်းပြည်တစ်ခုမှာ စစ်တပ်တစ်ခုတည်းပဲ ရှိရမယ်ဆိုတာ ကျနော် အပြည့်အဝထောက်ခံပါတယ်
ဒါပေမယ့် အဲ့ဒီစစ်တပ်က ပြည်သူသာ အမိ ပြည်သူသာ အဖခေါ်မယ့် တပ်ပဲ ဖြစ်ရပါမယ် မဟုတ်ရင်တော့ တခြားစစ်တပ်တွေရှိလာမှာ မလွဲပါ....

အချုပ်ဆိုရသော် ပြည်တွင်းစစ်ကော ပြည်ပစစ်ကော မလိုလားပါဘူး

အဓိက ပြသနာက လက်ရှိမြန်မာအစိုးရပါ..ဟိုဘက်က ထောက်ခံပြီးသားမြန်မာလူမျိုးခေါင်းဆောင်ဖြစ်တဲ့ အမေစုဆိုတာလဲ ရှိနေပြီ ဆိုတော့ကာ သူကို.ဦးဆောင်စေပြီး ဒီပြသနာကို အမြန်ဆုံးရှင်းစေချင်ပါတယ်ဗျာ...
ဒါမျိုးဖြစ်စေဖို.က တပ်က ညီအစ်ကိုတွေကို ပြောချင်တာ အားလုံးညီညီညွှတ်ညွှတ်နဲ. ဆိုင်ရာအထက်ကို စာရေးလက်မှတ်ထိုးပြီး တောင်းဆိုသင့်ပါတယ်... ဒါဟာ စစ်မတိုက်ရဲ လို. သတ္တိမရှိဘူးလို. ပြောမရပါဘူး ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တာကို တိုင်းပြည်အတွက် အသက်တောင်ပေးထားတဲ့တပ်မတော်သားတွေအနေနဲ. လုပ်သင့်တဲ့ကိစ္စလို. ထင်လို.ပါ ..ခက်ခဲမယ်ဆိုတာ နားလည်ပါတယ် အခုအချိန်မှာ တပ်မတော်သား အများစုကသာ အဓိကပါ ဒီအရေးအခင်းနဲ.ပတ်သက်ရင်။
ဒီသူပုန်ကို နှိမ်နင်းဖို.ဆိုတာ ကွန်မြူနစ်ကြီးဆီက ချေးငွေသာရချင်ရပါ့မယ် တရုတ်စစ်သားတွေတော့ ချေးမရပါဘူး အဓိက တပ်မတော်သားများပါပဲ ညီပါစေဗျာ

ရေးသားသူ ....mmcpမှ Chitpaအားကျေးဇူးတင်ရှိပါသည်.....

0 အညတရ သူရဲကောင်း ဆု အတွက်စကားဝိုင်း ဆွေးနွေးဖလှယ်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ပွဲ အခမ်းအနား

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ဒုတိယအကြိမ်မြောက် အညတရ သူရဲကောင်းဆု ချီးမြှင့်နိုင်ရေးအတွက် အညတရ သူရဲကောင်းဆု ကျင်းပရေးကော်မတီမှလစဉ်ပုံမှန် အစည်းအဝေးနှင့် စကားဝိုင်း ဆွေးနွေးဖလှယ်ပွဲအား တိုကျိုမြို့ မီနာမိအိုဆုကာခန်းမ ၃တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မိုးသောက်ကြယ်စာကြည့်တိုက်မှ တာဝန်ခံ ကိုစိုးဝင်းရှိန်နှင့် မိုးသောက်ကြယ် စာကြည့်တိုက် အဖွဲဝင်များမှ အလှူငွေ ယန်း၇သောင်းတိတိအား အညတရ သူရဲကောင်းဆု ကျင်းပရေးကော်မတီသို့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အညတရ သူရဲကောင်းဆု ကျင်းပရေးကော်မတီအမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သည့် ကိုမင်းထက်ဇော်မှ ကျေးဇူးတင် အမှာစကားပြောကြားပြီး စာနာဂုဏ်ပြုမှုမှသည် တစ်မျိုးသားလုံး လွတ်မြောက်မှုဆီသို့ ခေါင်းစဉ်ဖြင့် တက်ရောက်လာသော ပရိသတ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။


မိုးသောက်ကြယ် စာကြည့်တိုက်မှ အလှူငွေ လှူဒါန်းရခြင်း ရည်ရွယ်ချက်အား ပြောကြားရာမှာတော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ အမေစုရဲ့ ဆန္ဒကို ကျနော်တို့တစ်တွေ ဖြည့်ဆည်းပေးလိုတဲ့ ရည်ရွယ်ချက်ပါ။ ဒေါ်စုက နိုင်ငံရေး အကျဉ်းသားတွေကို မေ့မထားဖို့၊ ထောက်ပံ့ကူညီကြဖို့ ပြောကြားချက်အားပြောကြားသွားပြီး ဆက်လက်လှူဒါန်းရန် ရည်ရွယ်ချက်များစွာ ရှိကြောင်း အကျယ်တ၀င့် ဆွေးနွေး အကြံပြုခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲမှ ဥက္ကဌ ဦးလှဟန်မှလည်း အညတရ သူရဲကောင်းဆု အတွက် အမြဲ ဆုချီးမြှင့်နိုင်ရေးအတွက်လိုအပ်သည်များကို အနီးကပ် အကူအညီ ပေးသွားမည်ဖြစ်ပြီး အကြံဥာဏ်ကောင်းများ ရှေ့ဆက်လုပ်ရန် မှာကြားခဲ့ပါတယ်။ တက်ရောက်လာကြသော သူများမှ ဆုငွေများပေးအပ်ခဲ့ပြီး ဒုတိယအကြိမ် ဆုချီးမြှင့်နိုင်ရေးအတွက် အစီအစဉ်များကို အညတရသူရဲကောင်းဆု ကျင်းပရေး ဆပ်ကော်မတီဝင်များ၏ လုပ်ဆောင်မှုများအပေါ် အလေးထား ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။ ပိုမိုကောင်းမွန်သည့် အကြံပြုချက်များနှင့် ဆုချီးမြှင့်နေသည့် လုပ်ငန်း အရှိန်အဟုန်ကြီးစွာ လုပ်ဆောင်နိုင်စေဖို့အတွက် တတ်နိုင်သည့်ဖက်မှ အားဖြည့်ကူညီသွားမည်ဖြစ်ကြောင်း ကတိပေးစကားများ ပြောဆိုခဲ့ကြသည်။

လာမည့် ဒုတိယအကြိမ်မြောက် အညတရသူရဲကောင်းဆု ချီးမြှင့်ပေးအပ်ပွဲ၌ အနည်းဆုံး ၅ ဦးအထိ ပေးအပ်နိုင်ရန် စီစဉ်ထားကြောင်းသိရှိရပြီး တစ်ဦးလျင် ဂျပန်ငွေ ယန်း ၁ သိန်းနှင့်ညီမျှသော မြန်မာကျပ်ငွေ ၁၀ သိန်းနှုန်းဖြင့် သိန်း ၅၀ ပေးပို့ရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။ အညတရသူရဲကောင်း ဆုချီးမြှင့်ရေး ဘဏ္ဍာရေးဆပ်ကော်မတီ၏ စာရင်းထုတ်ပြန်ချက်အရ ယနေ့အချိန်အထိ ကောက်ခံရရှိငွေနှင့် မိုးသောက်ကြယ် စာကြည့်တိုက်အဖွဲ့မှ လှူဒါန်းငွေအပါအ၀င် ယန်း၂၉၆,၅၀၀+အမေရိကန်ဒေါ်လာ ၂၀(ဂျပန်ယန်း ၂ သိန်း ၉ သောင်း ၆ ထောင် ငါးရာယန်း)သာရှိသေးပြီး မိမိတို့ရည်မှန်းထားသည့် မြန်မာငွေသိန်း ၅၀ နှင့်ညီမျှသော ငွေပမာဏရရှိပါက ပြည်တွင်းရှိ ဆုချီးမြှင့်ရေးနှင့် ဆုရွေးချယ်ရေး တာဝန်ခံများထံသို့ ချက်ခြင်းလွှဲအပ်ကာ အမြန်ဆုံး အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်.။


ဓါတ်ပုံ ဟန်ဝင်းထွန်း mtk
သတင်း ထွန်းဝေ 08030991503

0 မျိုးချစ်စိတ်ဆိုတာ ရောင်းစားရတဲ့ အရာ.... မဟုတ်ဘူးဆိုတာ သက်ဆိုင်သူ( လိပ်ပြာ မလုံနိုင်သူ) တွေ သိစေချင်ပါတယ်။


မြန်မာပြည်သား.. လုပ်ငန်းရှင်ကြီးများ.. နေ့ စဉ်ဖြတ်သန်းနေရပုံပါ....။ အမှတ်တမဲ့ ကြည့်တော့ စီးပွားရေးပေါ့ဗျာ...။သေချာ ကြည့်တော့ လူမျိုးရေး က ပါလာရော..။ ဒါပေမယ့် (၂) ခုလုံးက အမျိုးသားရေး ဆိုတာ မမေ့လျော့စေချင်ပါဘူး..။ စီးပွားရေး ကိုလိုနီ ဖြစ်နေတာ ဘယ်သူမှ မငြင်းရဲပါဘူး။ သိန်းထောင်ချီတဲ့ လမ်းဆုံ တစ်နေရာမှာ သုံးထပ်တိုက်ဆောက်ပြီး ရှမ်းခေါက်ဆွဲ ရောင်းတဲ့ နေရောင်မခတဲ့ ဖြူဖြူ အသားနဲ့လက်လုပ်လက်စားလေး တွေ မန္တလေးမှာ အများကြီးပါ။ မန္တလေး ဟာ ခုတော့ အဖြူရောင် နယ်မြေ ဖြစ်နေပါပြီ..၊ တရုတ် တွေချည်းပါဘဲ... ဈေးချိုနားကတော့ နည်းနည်း အမဲရောင် ကျန်သေးတယ်... ၊ ဟိုး မြို့တော် အပြင်ဘက်..ကတော့ အညိုရောင် နယ်မြေပေါ့...မြန်မာတွေ နေတယ်လေ..။

( မြေမြို ၍ လူမျိုးမပျောက်၊ လူမြို မှ လူမျိုးပျောက်မည် )....တဲ့။

ဟုတ်ကဲ့....... လဝက က အရာရှိများ ကို မေးလိုပါသည်။ မျက်စိ မမြင်ရတော့ဘဲ တာဝန် ထမ်းဆောင်နေတာလား..၊ (ဒါမှမဟုတ်) စာမတတ် ပဲ တာဝန် ထမ်းဆောင်နေတာလား..။ အလွန်သိချင်ပါတယ်... ဘယ်..လ.ဝ.က ရုံးထဲ ဝင်ဝင်.... ဒီစာကြီးကို.. အပြာရောင်ပေါ် အဖြူနဲ့ ရေးထားတာ... လ.ဝ.က ဝန်ထမ်းတွေ ..... မမြင်တာလား.. မဖတ် တတ်တာလား ဆိုတာပါ..။

သူတို့ မပါဘဲ မြန်မာတိုင်းရင်းသား မဟုတ်တဲ့သူတွေ မှတ်ပုံတင် မရနိုင်၊ အခြေ မချနိုင်ပါဘူး..။ ကျွန်တော် တို့  ငွေ ကြေးသက်သက်နဲ့ အားမတန် မာန်လျော့ပေးလိုက်ရတဲ့ စီးပွားရေး..။ ကျွန်တော် တို့  ငွေ ကြေးသက်သက်နဲ့ ရလိုမှု အတွက် အလိုလိုက် လိုက်ရတဲ့ လူမျိုးရေး..။၊ သေသေ ချာချာ စဉ်းစားဖို့  .. မျိုးချစ်စိတ်ဆိုတာ ရောင်းစားရတဲ့ အရာ.... မဟုတ်ဘူးဆိုတာ သက်ဆိုင်သူ( လိပ်ပြာ မလုံနိုင်သူ) တွေ သိစေချင်ပါတယ်။

Yeyint Kyaw facebookမှ

Tuesday, June 28, 2011

0 Burmese pro-democracy leader Aung San Suu Kyi( ဘီဘီစီThe Reith Lectures 2011 )




အသံလွှင့်ချက်အကျယ်နားထောင်ကြည့်ရန်အပေါ်မှပုံကိုနှိပ်ပါ။

0 အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးဘမြင့်၏ (၆၅)နှစ်မြောက်မွေးနေ့ပွဲနှင့် ဂုဏ်ပြုပွဲ


ဒီကနေ၂၇ရက်နေ့မှာ ၉၀ ခုနှစ်မှ လေးကြိမ်မြောက် အဖြစ် ဖမ်းဆီးခံရပြီးနောက်ဆုံးအကြိမ် အနှစ်၂၀ ဗန်းမော်ထောင် တွင် နိုင်ငံရေးမှုဖြင့်အကျဉ်းကျနေသော အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဦးဘမြင့်၏ ၆၅နှစ်ပြည့်မွေးနေ့ပွဲနှင့် ဂုဏ်ပြုပွဲကို အလုံမြို့နယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ရှိရာဦးဘမြင့်၏နေအိမ်မှာ ကျင်းပပါတယ်။
ဒီပွဲကိုအင်္ဂါဝတ်ပြူအဖွဲ့ကိုယ်စားဒေါ်နော်အုံးလှ၊အလုံမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့၂၀၀၇
စက်တင်ဘာအကြမ်းမဖက်အမျိုးသားလှုပ်ရှားသူလူငယ်တွေကဦးဆောင်ကျင်းပတာပါ။ နံနက်၇နာ၇ီမှာ အဖွဲ့ဝင်တွေ မိတ်ဆွေတွေနဲ့ဘုန်းကြီးကျောင်းတစ်ကျောင်းမှာဆွမ်းကပ်ပြီး ဦးဘမြင့်အပါအ၀င် အကျဉ်းကျနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ဆွမ်းကပ် လှူဒ်ါန်းခဲ့ပါတယ် ။နံနက် ၈နာရီမှာ ကျွေးမွေးဧည့်ခံပြီးဦးဘမြင့်အပါဝင်ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ဖို့ဖယာင်းတိုင်မီးထွန်းကြပြီး ဆုတောင်း ကြပါတယ်။

ဂုဏ်ပြူကဗျာများနှင့်ဂုဏ်ပြုစကားများဖတ်ကြားပြောကြားပြီး အလုံမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဘမြင့်၏သားဖြစ်သူ အလုံ လူငယ်ခေါင်းဆောင်ကိုလူမော်လတ်မှ တက်ရောက်လာသူအားလုံးကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီးအကျဉ်းကျနိုင်ငံရေးသမားတွေပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဒီမွေးနေ့ပွဲကိုအင်္ဂါမိသားစုဝင်များ နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ ။ကျောင်းသားများ
၊ဖမ်းဆီးခံနိုင်ငံရေးမိသားစုဝင်များ စုစုပေါင်း၁၅၀ နီးပါးတက်ရောက်ကြခဲ့ကြပါတယ်။

အားလုံးမေတ္တာဖြင့်
ကိုလူမော်လတ်

0 အရေးပေါ်လှုပ်ရှားမှု

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ဆေးဝါးလာရောက် ကုသမည့် လူနာများအား တစ်ရက်ကြိုတင်၍ တိုကင်ယူဆောင်ရပါမည်။ နေ့စဉ်နေ့တိုင်း နေ့လည် (၂း၀၀) နာရီ အချိန်မှစ၍ တိုကင်ပေးခြင်း၊ လူနာအမည်စာရင်းတို့ကို သက်ဆိုင်ရာရောဂါဝေဒနာအလျှောက် ကုသပေးမည့် ဆရာဝန်များ၏ ကုသမှုစာရင်းရေးသွင်းသွားမည်ဖြစ်သည်။ လာရောက်၍ တိုကင်ယူရာ ၌လည်း လူနာကိုယ်တိုင်ရန်မလို။ လူနာနှင့်ပတ်သက်သော ဆွေမျိုးသားချင်း (သို့) မိတ်ဆွေတို့မှ လာရောက်တိုကင်ယူရာတွင် လူနာ၏ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း(မူရင်း/မိတ္တူ)တို့အား ယူဆောင် လာရန် လိုအပ်ပေသည်။

၂၇.၆.၂၀၁၁ (တနင်္လာနေ့) နေ့လည် (၁း၀၀) နာရီအချိန်ခန့်တွင် သုခကုသိုလ်ဖြစ်ဆေးခန်း၌ (အရိုးအကြော) ဆေးကုသခံယူရန်အတွက် တိုကင်စီတန်းနေသော မြောက်ဒဂုံမြို့နယ်နေ ဒေါ်ရင်မေသည် ရုတ်တရက် မူးလဲမေ့မြောသွားခဲ့ရာ သုခကုသိုလ်ဖြစ်ဆေးခန်း၏ လူမှုရေး လုပ်အား ပေးအသင်းသားများက သုခကုသိုလ်ဖြစ်ဆေးခန်းအတွင်းရှိ တာဝန်ကျ ကုသိုလ်ဖြစ်လာရောက် ကုသ ပေးနေသော ဒေါက်တာ ဦးရွှေထွဏ်းထံချက်ချင်း အကြောင်းကြား၍ ဒေါက်တာဦးရွှေထွဏ်းမှ အရေးပေါ် သွေးပေါင်ချိန်တိုင်းကြည့်ရာ၊ သွေးပေါင်ချိန် အလွန်ကျနေပါ၍ အချိုရည်အကြောအား ဆေး ချိတ်တွယ်ကာ မြောက်ဥက္ကလာပဆေးရုံ အရေးပေါ်ဋ္ဌာနသို့ သုခကုသိုလ်ဖြစ်ဆေးခန်းရှိ အရေးပေါ်လူနာတင်ယာဉ်ဖြင့် အလျင်မြန်ဆုံး ပို့ဆောင်ကူညီပံ့ပိုး ကယ်ဆယ်ပေးနိုင်ခဲ့သည်။

ထို့ကြောင့် နောက်နောင် ဆေးဝါးကုသရန်အတွက် လာရောက်တိုကင်ယူသောအခါတွင် လူနာ ကိုယ်တိုင်လာရောက် ယူရန်မလိုကြောင်း သတိပြုရမည်ဖြစ်သည်။ ယခုဖြစ်စဉ်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် သီတဂူဆရာတော်ကြီးမှ ၆.၅.၂၀၁၁ ရက်နေ့တွင် လှူဒါန်းထားသော အရေးပေါ်လူနာတင်ယာဉ်ရှိနေခြင်းကြောင့် လူနာအနေဖြင့် အသက်အန္တရာယ်မှ ကယ်တင်နိုင်ခြင်း ဖြစ်သည်။ ထိုကြောင့် သီတဂူဆရာတော်ကြီး၏ အရေးပေါ်လူနာတင်ယာဉ် ပွဲဦးထွက် ကုသိုလ်ဖြစ်လှုပ် ရှားမှုတစ်ရပ်ပင် ဖြစ်တော့သည်။


ိကိုကျော်သူ

0 လွှတ်တော် ဥက္ကဋ္ဌ ပြောတဲ့ ဥပဒေပြင်ပနဲ့ နီးနီးဝေးဝေးက လူတွေ ဆိုတာ . . .

Photo..Irrawaddy
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ဥပဒေ ပြင်ပနဲ့ နီးနီးနေတဲ့သူတွေ ရှိသလို ဥပဒေပြင်ပနဲ့ ဝေးဝေးနေတဲ့ သူတွေလည်းရှိတယ်။

ဥပဒေအထက်တွင် မည်သူ တဦးယောက်မျှ မရှိသကဲ့သို့ ဥပဒေ ပြင်ပတွင်လည်း မည်သူ တဦး တယောက်မျှ ရှိ၍ မရဘူး ဆိုပြီး သတိ ပေးသလို ပြောသွားတယ်။

အားလုံးကတော့ သိကြပါတယ်။ ဥပဒေပြင်ပမှာ နီးနီးနေတဲ့သူ ဆိုတာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောတာ၊ ဝေးဝေးက ဆိုတာက ပြည်ပ အတိုက်အခံတွေကို ပြောချင်တာပါ လို့ အဲဒီအစည်းအဝေးကို တက်ကြသူတချို့က သုံးသပ်ကြတယ်။

ကျွန်တော့်စိတ်ထဲ အွန်လိုင်းပေါ်မှာ ရေးနေသားနေတဲ့ ကျွန်တော်တို့လို လူမျိုးတွေကိုများ ရည်ညွှန်းသလားလဲ ခံစားမိတယ်။ နီးနီးဆိုတာ ကျွန်တော်တို့လို ပြည်တွင်းကရေးနေ၊ သားနေတဲ့သူတွေ၊ ဝေးဝေးဆိုတာ ပြည်ပ က ရေးနေသားနေတဲ့သူတွေပေါ့။

မြန်မာပြည် ဒီမိုကရေစီ တည်ဆောက်ရေးမှာ ဖဆပလခေတ်တုန်းကလို ဗန္ဓုလပန်းခြံထဲ ပြည်သူ့ဟစ်တိုင်ထားပေးတာမျိုးတောင် မလုပ်နိုင်ပဲ၊ ခုလို လူနည်းစု၊ ပညာတတ်လူတန်းစား နည်းနည်း ကလေး ကွက်ပြီးသုံးတဲ့ အွန်လိုင်းပေါ်မှာတောင် လွတ်လပ်စွာ ဝေဖန်ပြောဆိုရေးသားကြတာတွေ၊ အပြန်အလှန်လေးလေးစားစားနဲ့ ဆွေးနွေး ပြောဆိုရေးသားကြတာတွေကို ထိပါး လာမယ်ဆိုရင်တော့ သူတို့ပြောတဲ့ ဒီမိုကရေစီ ဟာ ဘာ ဆိုတာ ပိုထင်ရှားလာပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ လွတ်လပ်စွာ ရေးသားထုတ်ဖေါ်ဝေဖန်ပြောဆိုခွင့်နဲ့ အပြန်အလှန်( စစ်ဗိုလ်တွေ၊ အစိုးရကိုထောက်ခံတဲ့ လိုလားတဲ့အင်အားစုတွေနဲ့) အပြန်အလှန်လေးလေးစားစား ဆွေးနွေးမှုတွေကို ပြုရင်း ရင့်ကျက်တဲ့ လူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်းလာဖို့၊ ဒီမိုကရေစီထွန်းကားလာဖို့ ရည်ရွယ်ချက်နဲ့ ဆက်ရေးနေသားနေပါဦးမယ်။

ကျွန်တော် မြန်မာပြည်ထဲမှာနေနေတာပါ။ အချိန်မရွေး သူတို့ကြိုက်သလို စီမံနိုင်ပါတယ်။

ချစ်ခင်စွာ

ချိုတူးဇော်

Monday, June 27, 2011

0 ဒေါ်အောင်ဆန်းစုကြည် BBC Reith Lectures မှာ ဘာပြောထားလဲ



ဘီဘီစီ Radio 4 ရဲ့ ကမ္ဘာကျော် BBC Reith Lectures အစီအစဉ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ဟောပြောချက် နှစ်ခုကို ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဟောပြောချက်မှာ အဓိက အားဖြင့် အာဏာရှင် အစိုးရရဲ့ လက်အောက်မှာ ဒီမိုကရေစီရေး ရုန်းကန် လှုပ်ရှားမှု အကြောင်းတွေကို ရှင်းလင်းပြောကြားမှာ ဖြစ်ပါတယ်။

ပထမ ဟောပြောချက်မှာ မြန်မာ နိုင်ငံကို အခြေခံပြီး အတိုက်အခံ ဆိုတဲ့ သဘော တရားတွေကိုတင်ပြ ထားပြီး ဒုတိယပိုင်းမှာတော့ လွတ်လပ်မှု ဆိုတာ ဘာလဲ၊ ဘယ်လို နည်းနဲ့ ရယူနိုင်မလဲ ဆိုတာ အရှေ့ အလယ်ပိုင်း ဒေသရဲ့ လတ်တလော အခြေအနေတွေကို အခြေခံပြီး တင်ပြမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဟောပြောချက်တွေကိုဘီဘီစီက မြန်မာနိုင်ငံထဲသွားပြီး ဗီဒီယို မှတ်တမ်းရိုက်ယူခဲ့တာ ဖြစ်ပါတယ်။

ဒီဟောပြောချက်တွေကို အပိုင်းနှစ်ပိုင်း အတိုင်း ဘီဘီစီ စတူဒီယိုထဲမှာ တက်ရောက်လာသူတွေကို ပြသခဲ့ပြီး ဟောပြောချက်အပြီးမှာ တက်ရောက်လာသူတွေရဲ့ မေးမြန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က တယ်လီဖုန်းက နေ တိုက်ရိုက် ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်တွေကို BBC Radio4 က ဇွန်လ ၂၈ ရက်နဲ့ ဇူလိုင် ၅ ရက်နေ့တို့မှာ ထုတ်လွှင့် မှာလည်း ဖြစ်ပါတယ်။

အင်္ဂလိပ်လို ဟောပြောချက်တွေကို နှိပ်ပါ ဒီနေရာကနေ နားဆင်နိုင်မှာ ဖြစ်ပါတယ်။

ဘီဘီစီ မြန်မာပိုင်းကလဲ ဒီ ဟောပြောချက်တွေကို ဘာသာ ပြန်ဆိုပြီး အပိုင်းလိုက် ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။
(ဘီဘီစီ)

Sunday, June 26, 2011

0 မေ့လျောနေခဲ့သော အာရှတိုက်၏ သူရဲကောင်း ဆလိုင်းတင်မောင်ဦး

Tin Maung Oo ~ a Forgotten Hero of Asia - By U Aung Htoo - Burmese
မျှဝေသော မင်းသုခအားကျေးဇူးတင်ရှိပါသည်....

0 မအ အောင်လို့ . . . . .
ရေးသူ- ချိုတူးဇော်

စ ကတည်းက အမြတ်အဓိက လို့ ကြွေးကြော်ပြီး ဒီနေ့အထိ အဲဒီ အရင်းရှင်စနစ် သက်ဆိုးရှည်လာစေတဲ့ အဓိက အချက်က တဦးချင်းလွတ်လပ်ပိုင်ခွင့်ကို ကာကွယ်ပေးတဲ့ အခြေခံလူ့အခွင့်အရေးတွေကြောင့်ပဲလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ဒါပေမယ့် အဒမ်စမစ်ရဲ့ အမြတ်ပဓာန အရင်းရှင်စနစ်ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာပဲ ကိုလိုနီစနစ်နဲ့အတူ ကမ္ဘာပေါ်မှာ အပြီးတိုင်ချုပ်ငြိမ်းသွားခဲ့တယ် လို့ ပြတ်ပြတ်သားသား မြင်ပါတယ်။

၂၀ ရာစုမှာ လက်ဝဲ လက်ယာ အားပြိုင်မှုနဲ့ ဘာလင်တံတိုင်းပြိုပြီး လက်ဝဲအလုံးစုံကျဆုံးမှုဟာ သိသာထင်သာမြင်သာပေမယ့် တကယ့်တကယ်တန်း ပြန်ကြည့်လိုက်ရင် အဒမ်စမစ်ရဲ့ အမြတ်ပဓာန အရင်းရှင်စနစ်က ဒုတိယကမ္ဘာစစ်ပြီးကတည်းက ချုပ်ငြိမ်းခဲ့ပြီးသားပါ။ လက်ယာအုပ်စုတွေဟာ အဆုံးစွန် ကိုလိုနီထိရောက်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေကို မဖြစ်မနေလုပ်ခဲ့ကြပါတယ်။ အဲဒီလိုပြုပြင်ပြောင်းလဲမှုတွေ
ကိုမလုပ်လို့မဖြစ်အောင်လည်း သူတို့ကို ကွန်မြူနစ်လက်ဝဲ၀ါဒက တွန်းအားပေးခဲ့တယ်။ ကွန်မြူနစ်တွေဟာ ရုရှားမှာ မဟာအောက်တိုဘာတော်လှန်ရေးနဲ့အတူ အောင်ပွဲခံခဲ့၊ဇာဘုရင်ရဲ့အဖြစ်ဆိုးကို သူတို့ သင်ခန်းစာရခဲ့တယ်။ ဒါကြောင့် အမေရိကနဲ့ဗြိတိန်တို့ဟာ ပါလီမာန်တွင်းပြုပြင်ပြောင်းလဲမှုတွေ၊ အလုပ်သမားအခွင့်အရေးပြုပြင်မှုတွေ ကို လုပ်ပြီး ကွန်မြူနစ်ခြေကုပ်မယူနိုင်အောင် ခပ်ကြမ်းကြမ်း ကိုင်တွယ်ခဲ့တယ်။ အမေရိကမှာတော့ အထက်လွှတ်တော်အမတ် ဂျိုးဇက်မက္ကာသီ က စီအိုင်အေ နဲ့ပေါင်းပြီး ဥပဒေမဲ့ကို ကိုင်တွယ် ရှင်းလင်းခဲ့တယ်။

အမေရိကန်တွေကြောက်လန့်စရာကောင်းလောက်အောင် ကမ္ဘာတခြမ်းက နေ့ချင်းညချင်း လက်ဝဲ စနစ်ကို ထူထောင်ခဲ့ကြတယ်။ ကွန်မြူနစ်တစ္ဆေအခြောက်ခံနေတဲ့ အမေရိကန်တွေဟာ အရှေ့တောင်အာရှ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကိုရီးယားကျွန်းဆွယ်တွေမှာ အမှားတွေ လူမဆန်တဲ့ လုပ်ရပ်တွေ အများကြီးလုပ်ခဲ့တယ်။

တချိန်တည်း ကွန်မြူနစ်တွေကလည်း တော်လှန်ရေးကြီးအောင်မြင်ဖို့ ဆိုပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ အဓမ္မမှုတွေ လုပ်ခဲ့တယ်။

သမိုင်းစာမျက်နှာတွေကို ဖြတ်သန်းဖတ်ကြည့်တဲ့အခါ ကမ္ဘာဟာ အရမ်းကိုအထိ နာခဲ့တာပါ။ ဘယ်သူတွေနာခဲ့တာလဲ ဆိုတော့ ပြည်သူတွေပါ။

ဂျိုးဇက်မက္ကာသီ ကြောင့် ယိုင်နဲ့ခဲ့ရတဲ့ ဒီမိုကရေစီကို အချိန်မီပြုပြင်ပြီး လူ့အခွင့်အရေးတွေနဲ့ အချိန်မီဆေးကုအဖတ်ဆည်ခဲ့နိုင်လို့ပေါ့။ နို့မို့ဆို အဖြေက တမျိုးတောင်ဖြစ်သွားနိုင်တယ်လို့ကျနော်သုံးသပ်မိတယ်။

အမေရိကရဲ့ကောင်းမွန်တဲ့ အတုယူစရာစနစ်က အဲဒါပါပဲ။ ပြုပြင်ပြောင်းလဲမှု ရှိတာပါ။ ပြုပြင်ပြောင်းလဲမှု ဆိုတာရှိမှ ယဉ်ကျေးမှု လို့ခေါ်တယ် ဆိုသလိုပဲ၊ အမေရိကန်တွေရဲ့ အရင်းရှင်စနစ်ဟာ အဒမ်စမစ်ရဲ့ အမြတ်အဓိက ကိုလိုနီစနစ်ကနေ ပြန်လည်ပြင်ဆင်ရေးတွေနဲ့ ဈေးကွက်စီးပွားရေး ဆီထိ ပြောင်းလဲ ရွေ့လျားလာပါတယ်။

ဒီနေ့အမေရိကန်ပြည်ထောင်စုထဲမှာ ကော်ပိုးရေးရှင်းတွေ၊ ကုမ္ပဏီတွေကို မလှုပ်နိုင်မယှက်နိုင်အောင် ဥပဒေတွေအမျိုးမျိုးနဲ့ ကန့်သတ်ထားတာ တကယ့်ကို ဆိုရှယ်လစ်ဆန်ဆန်ဖြစ်ဖြစ်နေပါပြီ။ လက်ရှိ ကမ္ဘာမှာ အလုပ်သမားအခွင့်အရေးအများဆုံးရထားတာလည်း အမေရိကပါ။

အဲဒီတော့ ပစ္စည်းမဲ့လူတန်းစားတွေအတွက် ပစ္စည်းမဲ့အာဏာကိုထူထောင်မယ်၊ အလုပ်သမားနိုင်ငံတော် ထူထောင်မယ်ဆိုတဲ့ လက်ဝဲနိုင်ငံတွေမှာ ပါတီကို ပြန်မပြောရဲ၊ သမဂ္ဂဆိုတာ လွတ်လပ်စွာဖွဲ့ခွင့်မရှိနဲ့ နှိုင်းယှဉ်လိုက်တော့

လက်ဝဲတွေ ဘာကြောင့်ကျဆုံးပြီး၊ လက်က်ျာတွ ဘာကြောင့် ကျန်ခဲ့တယ် ဆိုတာ မြင်သာပါပြီ။

ဈေးကွက်စီးပွားရေးစနစ်ဆိုတာ အရင်းရှင်စီးပွားရေးစနစ်နဲ့ မတူပါဘူး။ အနှစ်သာရမှာ အရမ်းကို ကွဲပြား ပါတယ်။ အမည်နာမ အခေါ်အဝေါ်မှာတင် သိသိသာသာ ကွဲပြားပါတယ်။ အရင်းရှင်စီးပွားရေးစနစ်မှာ အရင်းရှင်လူတန်းစားကို ဗဟိုပြုဖွဲ့စည်းထားတာဖြစ်ပါတယ်။ အရင်းရှင်စနစ်မတိုင်မီက မြေရှင်စနစ်၊ အဲဒီမတိုင်မီက ပဒေသရာဇ်စနစ်၊ သမိုင်းကို နောက်ပြန်သွားကြည့်ရင် ဘယ်လိုတွေ တိုးတက်ပြောင်းလဲ လာတယ်ဆိုတာကို အထင်အရှားတွေ့ရလိမ့်မယ်။ အဲဒီလို တိုးတက်ပြောင်းလဲမှုတွေဟာ အလကား အချည်းနှီးပြောင်းလာတာတော့မဟုတ်ပါဘူး။ကျနော်တို့ လူသားတွေဟာ သမိုင်းဦးဘုံမြေခေတ်မှာ အတူတကွ စုပေါင်းနေထိုင်ရင်း လူမျိုးစုတွေ ဖြစ်ခဲ့တယ်။ သားရဲတိရစ္ဆာန်တွေရဲ့အန္တရာယ်တွေ၊ တခြားလူမျိုးစုတွေရဲ့ အန္တရာယ်တွေ၊ သဘာဝဘေးအန္တရာယ်တွေကို ဦးဆောင်ကာကွယ်ပေးနိုင်ခဲ့တဲ့ သူရဲကောင်းကို ခေါင်းဆောင်တင်မြှောက်ရာက ဘုရင်စနစ်ကို တီထွင်ပြီးသားဖြစ်ခဲ့တယ်။ ဘုရင်သေတော့ သူ့သားကို အစဉ်အဆက်အုပ်ချုပ်ခိုင်းရာကနေ အဲဒီ ဘုရင်နဲ့ အဲဒီ ဘုရင်ရဲ့အမျိုးတွေ ဖိနှိပ်မှုတွေကို မခံနိုင်စရာတွေပေါ်လာတယ်။ အရင်ဆုံး သူတို့အမျိုးအချင်းချင်း(နယ်စားပယ်စားတွေရဲ့ မကျေနပ်မှုနဲ့ စခဲ့တာ) ၁၂၁၅ မှာ အင်္ဂလန်မှာ ဂျွန်ဘုရင် နဲ့ ပြည်သူတွေ မဂ္ဂနာကာတာ စာချုပ်ကိုချုပ်တာက စလို့စည်းမျည်းခံဘုရင်စနစ်ကို စ ခဲ့တယ်။ ဒါပေမယ့် အဲဒီစာချုပ်ကို အဲဒီ ဘုရင်တွေက ချက်ခြင်း လက်ခံတာ မဟုတ်ဘူးနော်။ နှစ်တရာလောက် နည်းအမျိုးမျိုးနဲ့ဖေါက်ဖျက်ခဲ့သေးတယ်။ ဒီလိုနဲ့ ပါလီမန်စည်းမျည်းခံ ဘုရင်စနစ်ကို တီထွင်ရာကနေ ပါလီမန်ထဲ မြေရှင်တွေက သြဇာရှိနေရာ ၀င်ယူလာကြတယ်။ မြေရှင်တွေ ဘယ်လိုနည်းနဲ့ သြဇာဝင်ယူလာသလဲ လို့မေးရင် စီးပွားရေး စနစ်ကြောင့်ဆိုတာ သုံးသပ်ရပါတယ်။ စိုက်ပျိုးရေးအဓိက စီးပွားရေးစနစ်ခေတ်ကြီးမှာ မြေသြဇာကောင်းတဲ့ မြေယာတွေပိုင်ဆိုင်တဲ့သူတွေဟာ အလိုအလျောက်ကြွယ်ဝပြီး သြဇာရှိလာတယ်။ သူတို့ရဲ့ကြွယ်ဝမှု၊ သြဇာရှိမှုတွေက ပါလီမန်ထဲမှာ သူတို့စိတ်တိုင်းကျ ခြယ်လှယ်နိုင်ခဲ့စေတယ်။ ပါလီမန်ဟာ မြေရှင်တွေကြီးစိုးတဲ့ မြေရှင်ပဒေသရာဇ်စနစ်ကိုမွေးထုတ်ပေးတဲ့ ပါလီမန်ဖြစ်ခဲ့တယ်။ မြေရှင်တွေဆိုတာလည်း ပဒေသရာဇ်တွေနဲ့ သူတို့အမျိုးတွေ၊ ပဒေသရာဇ်တွေကို သစ္စာစောင့်သိပြီး စစ်တိုက်ပေးထားတဲ့ စစ်ဗိုလ်တွေကို မြေယာတွေအပိုင်စားပေးထားတာတွေပါ။ ဒီတော့ ပါလီမန်ထဲမှာ သူတို့ အကျိုးစီးပွားကို ကာကွယ်တဲ့ဥပဒေတွေကိုပဲ ရေးဆွဲ ပြဌာန်းခဲ့ကြတယ်။ အများစု ဖြစ်တဲ့ပြည်သူတွေကတော့ နင်းပြားဘ၀မှာပါပဲ။ပြည်သူတွေဟာ မြေယာကိုမှီပြီး နေထိုင်ရ၊ ထွန်ယက်စိုက်ပျိုးလုပ်ကိုင်စားသောက်ရတယ်။ မြေရှင်တွေ ဖိနှိပ်သမျှခံခဲ့ရတယ်။ အဲဒီလို နေနေရတုန်းမှာပဲ ၁၇၇၀ ၀န်းကျင်လောက်မှာ ဂျိမ်းဝပ်ဆိုတဲ့ လူ တယောက်ရေနွေးအိုးအတည်ကောင်းတာက အစပြုပြီး အင်ဂျင်ဆိုတာကို တီထွင်လာနိုင်၊ အဲဒီနောက် စက်မှု တော်လှန်ရေးကြီးပေါ်လာပြီး မြေကြီးပိုင်တိုင်း သြဇာမရှိတော့တဲ့ ဘ၀ကို မြေရှင်တွေ ရင်ဆိုင်လိုက်ရတယ်။ ဒီနေရာမှာ စဉ်းစားစရာက ဒီလိုဖြစ်မယ်မှန်းသာ စောစောကြိုသိခဲ့ရင် မြေရှင်တွေဟာ ဘယ်သူမှ ရေနွေး အိုးမတည်ရ လို့ ပါလီမန်ထဲမှာ အမိန့်တွေပြဋ္ဌာန်းခဲ့မှာ သေချာတယ်ဗျ။ ခုခေတ် အီလက်ထရွန်နစ် ဥပဒေတို့ ဘာတို့လို ရေနွေးအိုး ဥပဒေ တို့ ဘာတို့ ပြဋ္ဌာန်းခဲ့လောက်တယ်။ ဥပမာ ရေနွေးမတည်ရ၊ သတ်မှတ်ချိန်မှာ သတ်မှတ်သလောက်ပဲတည်ရမယ်၊ တည်ရင်း မစဉ်းစားရ တို့ဘာတို့ပေါ့ဗျာ။

စက်မှုတော်လှန်ရေးဆိုတာ ပညာရှင်တွေကြောင့်ပေါ်လာတာပါ။ ဒါပေမယ့် ပညာရှင်တွေက ဒီတော်လှန်ရေးဖြစ်စေလို့လုပ်ခဲ့တာမဟုတ်သလို အရင်းရှင်ဆိုတဲ့ လူတန်းစားတရပ် ပေါ်ကောင်း စေတော့ရယ် လို့လုပ်ခဲ့တာမဟုတ်ပါဘူး။ဒါပေမယ့် ပေါ်ခဲ့တယ်။ အဲဒီနောက်မှာတော့ အရင်းရှင်တွေဟာ ပါလီမန်ထဲ အာဏာတွေယူလာပြီး အရင်းရှင်တွေကို ကာကွယ်မယ့် ဥပဒေအမျိုးမျိုးကိုေ၇းဆွဲပြဋ္ဌာန်း ကြပြန်ပါလေရော။ အရင်းရှင် စနစ်မှာ အရင်းရှင်က အဓိက အခရာပါ။ ဒီတော့ သူ့ကိုယ်ကျိုးစီးပွားကို ကာကွယ်ပေးတဲ့ အစိုးရ၊ ပါလီမန်၊ စစ်တပ်တို့နဲ့ တည်ဆောက်လာကြတယ်။

ထုံးစံအတိုင်းပြည်သူတွေကတော့ နင်းပြားပါ။ ကျနော်တို့ သမိုင်းမှာ သင်ခဲ့ရတဲ့ ရေနံမြေအလုပ်သမားတွေ လို အလုပ်ချိန် ၁၂ နာရီထိခိုင်းတာ၊ မ၀တ၀ လစာ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်မှုတွေ နဲ့ လူ အများအပြားဟာ ဆင်းရဲတွင်းနက်ခဲ့ရတယ်။ အလုပ်သမားတွေရဲ့ ကလေးအများစု ဟာ ပညာ ကောင်းကောင်းသင်ခွင့်မရခဲ့ဘူး။ ဒီတော့ အရွယ်ရောက်လာရင် အလုပ်သမားပဲပြန်ဖြစ်ကြပေါ့။ သမိုင်းဆိုတာ သေချာနားလည် သဘောပေါက်အောင်လေ့လာမယ်ဆိုရင် စာနာစိတ်ကလေးနဲ့ လေ့လာဖို့လိုပါတယ်။ ခုခေတ် မြန်မာပြည်မှာ ပြည်သူအများစု ဟာ ဆင်းရဲတွင်းနက်နေကြတယ်။ မိန်းကလေးငယ်လေးတွေ ဘ၀တွေပျက်ကြရတဲ့အထိ အဖြစ်ဆိုးတွေ ကြုံနေရတယ်။ လူငယ်လေးတွေဟာ ဆင်းရဲပင်ပန်းစွာ အလုပ်လုပ်နေရတယ်။ ဒါပေမယ့် ဘ၀အာမခံချက်ဘာမှ မရှိဘူး။ ဒီလိုပဲအတတ်ပညာရှင်၊အသိပညာရှင်တွေဟာလည်း ငွေကြေးရင်းနှီးလုပ်ကိုင်နေသူတွေလောက် အခွင့်အရေး မရကြဘူး။ ဘယ်လိုလူတွေက ဘယ်လို အာဏာတွေ၊ ဘယ်လိုစည်းစိမ်တွေနဲ့ ဘယ်လိုအခွင့်ကောင်းယူ အမြတ်ထုတ်ပြီး ဘယ်သူတွေက ကာကွယ်ပေးနေသလဲ ဆိုတာ သမိုင်းနဲ့ယှဉ်ပြီး ဆင်ခြင်ပါ။ သမိုင်းအဆက်ဆက် ဥပဒေပြုခွင့်တွေ၊ အုပ်ချုပ်ခွင့်အာဏာတွေ၊ တရားစီရင်မှုတွေကို လူတန်းစားတရပ်ကသာ ချုပ်ကိုင်ထားပြီး၊ အာဏာနဲ့ စည်းစိမ်ချမ်းသာမှုကို လူတန်းစားတရပ်၊ အလွှာတခုကသာ ချုပ်ကိုင်ထားပြီး ပြည်သူအများစုဟာ ဆင်းရဲနိမ့်ပါး ဖိနှိပ်ခံခဲ့ရတာ ခုချိန်ထိ မလွတ်မြောက်သေးပါဘူး။ အရင်းရှင်တွေဟာ အစွန်းရောက်ဖိနှိပ်မှုအပြင် ဘယ်လောက်ထိ လူသားချင်းစာနာစိတ်ကင်းမဲ့ခဲ့သလိုဆို ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကာလမှာ အလျှံပယ်သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံတွေ၊ ဂျုံအိတ်တွေကို နောက်တရာသီပေါ်တဲ့အချိန်မှာဈေးကျမှာ စိုးလို့ ပင်လယ်ထဲ စွန့်ပစ်တဲ့ အထိ ရိုင်းပျခဲ့တယ်။ အဲဒီအချိန်မှာ ဈေးကွက်ထဲ ဂျုံဈေးနှုန်းတွေက အရမ်းမြင့်မားနေတော့ ဆင်းရဲသားပြည်သူအများစု ၀ယ်မစားနိုင်ခဲ့ဘူး။ အရင်းရှင်တွေ ကုန်ကြမ်းရဖို့နဲ့ ကုန်ချောပြန်ရောင်းဖို့ ကိုလိုနီစနစ်ပေါ်လာတာကိုတော့ အကျယ်တ၀င့်ရေးမနေတော့ပါဘူး။ သင်ရိုးညွှန်းတမ်းမှာလည်း အပ်ကြောင်းထပ်အောင် သင်ခဲ့ပြီးသားပါ။

လူတွေ ငတ်မွတ်ခေါင်းပါးနေတာကို လျစ်လျူရှုပြီး အမြတ်ရဖို့ အဓိကသာ မောင်းနှင်ခဲ့တဲ့ အရင်းရှင်စနစ်ဟာ အဆုံးစွန် ရိုင်းပျခဲ့တာကတော့ နာဇီတွေ၊ ဖက်ဆစ်တွေပေါ်လာတဲ့ အထိဖြစ်ခဲ့ပါတယ်။

ကားလ်မာ့ခ်စ် ဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတွေကို လက်တဆုပ်စာလူတန်းစားတရပ်ကပဲ ခေတ်အဆက်ဆက် ကိုင်တွယ်ခဲ့ပြီး သူတို့ကိုယ်ကျိုးစီးပွားကို ကာကွယ်တဲ့ဥပဒေတွေနဲ့ ပြည်သူလူထုအများစုကို ဖိနှိပ်ခဲ့တာကို တန်ပြန်တဲ့အနေနဲ့ ပြည်သူလူထုဟာ အာဏာကို လက်ဝယ်ရရင် ဘယ်တော့မှ လူတန်းစားတရပ်လက်ထဲကိုပြန်မရောက်အောင် ဆိုပြီး တပါတီစနစ်ကို ရေးဆွဲခဲ့တယ်။ ဒါပေမယ့် ကားလ်မာ့ခ်စ် ရဲ့ တပါတီစနစ်ဟာ အာဏာရှင်စနစ် မဟုတ်ဘူး။ ပါတီတွင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်တွေ၊ နိုင်ငံသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်တွေအပြည့်ပါတယ် ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်ထားတဲ့ တပါတီစနစ်ပဲဖြစ်ပါတယ်။ ဆရာဦးစိန်ဝင်း ဆိုလိုချင်တာလည်း အဲဒီ သဘောပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါကလည်း ထုံးစံအတိုင်း စာအုပ်ထဲမှာ ပဲ ရှိပါတယ်။(မမေ့ဖို့က ကားလ်မာ့ခ်စ် ကိုယ်တိုင် ဘယ်တော်လှန်ရေးမှာမှ မပါခဲ့ဘူး) တကယ့်တကယ်တမ်း လူတွေက အာဏာနဲ့ထိတွေ့တဲ့အခါ၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ ရှိလာတဲ့အခါ အဲဒီတပါတီစနစ်ဟာ ကြောက်စရာအကောင်းဆုံး အာဏာရှင်စနစ်ကို
ပြန်မွေးထုတ်ပြန်တော့တာပါပဲ။

အရင် ဆိုဗီယက်တို့ ၊ တရုတ်တို့မှာ ခေါင်းဆောင်ကြီးဆို ဧရာမဓါတ်ပုံကြီးတွေနဲ့ လူတွေကလည်း ဘယ်တော့မှ ထမင်းမ၀တဲ့ ရှုသိုးသိုး မျက်နှာကြီးတွေနဲ့ မှတ်မိကြဦးမှာပါ။ ကျနော်ကတော့ ဒီလူကြီးတွေမျက်နှာ ကို မှတ်မိနေသေးတယ်။ ဆိုဗီယက် က ဘရက်ဇညက်တို့၊ မော်စီတုန်းတို့၊ မဆလက ဦးစန်းယုတို့ အမြဲတမ်း ရှုတည်တည်မျက်နှာကြီးတွေလေ။ လူတဦးချင်းတယောက်ချင်း ပုဂ္ဂလိက လွတ်လပ်ခွင့်တွေ ဆိပ်သုဉ်းပြန်တော့ အဲဒီတော်လှန်ရေးဆိုတာကြီးတခါ ကျဆုံးပြန်တာပေါ့။ ဒီလိုနဲ့ ကမ္ဘာကြီးဟာ စနစ်တွေ အမျိုးမျိုးပြောင်းပြီး ခုထိ ပြည်သူအများစုရဲ့ ဘ၀တွေကတော့ မကောင်းသေးပါဘူး။ ခု အရင်းရှင်စနစ်ကနေ အမျိုးမျိုးပြုပြင်ပြောင်းလဲမှုတွေ လုပ်ထားတဲ့ ဈေးကွက်စီးပွားရေးစနစ် ဆိုတာ နဲ့ ဒီမိုကရေစီ စနစ်နဲ့ ကမ္ဘာကို ပဲထိန်းမောင်းနှင်နေပါတယ်။ဈေးကွက်စီးပွားရေးဆိုတာ အရင်းရှင်စီးပွားရေးလုံးဝ မဟုတ်ပါဘူး။ အရင်းရှင်စီးပွားရေး ဟာ အရင်းရှင်ဆိုတဲ့ လူတန်းစားတရပ်ကိုသာ ကိုယ်စားပြုတည်ဆောက်ထားတဲ့စနစ်ပါ။ ဈေးကွက်စီးပွားရေးမှာတော့ ဈေးကွက်သာ ပဓါနကျတဲ့စနစ်ပါ။ ဒါဆိုဈေးကွက်ဆိုတာ ဘာလဲ လို့မေးခွန်းထုတ်ကြည့်ပါ။ ဘောဂဗေဒမှာ ဈေးကွက်ဆိုတာ လူ တွေ လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ Market is people.တဲ့။

ဒီတော့ ဈေးကွက်စီးပွားရေးဟာ လူတွေ တနည်းအားဖြင့် စားသုံးသူပဓါန စီးပွားရေးစနစ်လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ ဒီတော့ ရှင်းပြီပေါ့။ ဈေးကွက်လိုအပ်ချက်က ဘာလဲ ဆို.. စားသုံးသူတွေဟာ အကောင်းဆုံးအရည်အသွေးကို၊ အချိုသာဆုံးဈေးနှုန်းနဲ့၊ ပေါပေါများများ လွယ်လွယ်ကူကူ ၀ယ်ချင်ပါတယ် တဲ့။ အဲဒါ ခေတ်အဆက်ဆက် စားသုံးသူတွေရဲ့ လိုအပ်ချက်ပါပဲ။ ဒါကိုပဲ အဓိကထားယှဉ်ပြိုင်ထုတ်လုပ်နေ၊ ရောင်းချနေရတာပါ။ ကုန်စည်တွေကိုမှ ဒါမျိုးလိုချင်တာမဟုတ်ဘူး။ လူတွေရဲ့ဆန္ဒက နယ်ပယ် အသီးသီးမှာ ၀န်ဆောင်မှုအပါအ၀င် နယ်ပယ်အသီးသီးမှာလည်း အဲဒီ စံသတ်မှတ်ချက်အတိုငးပဲ လိုချင်ပါတယ်။ ဘယ်အထိ လိုချင်သလဲ ဆိုရင် အုပ်ချုပ်တဲ့ စနစ်၊ အုပ်ချုပ်တဲ့အစိုးရကိုလည်း အဲဒီ လိုပဲ လိုချင်ပါတယ်။ အစိုးရဆိုတာ ဟိုလိုနေ၊ ဒီလိုနေ အမိန့်တွေ ပေးပြီး ကန့်သတ်မယ့် လူမျိုးတွေကို မလိုချင်တော့ဘူး။ ကျနော်တို့လိုချင်တဲ့အစိုးရဟာ ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီလို အဖွဲ့အစည်းမျိုးပဲလိုချင်တယ်။ လွယ်လွယ်ကူကူ ဥပမာ တခုပေးပါမယ်။ လှိုင်သာယာ က အက်ဖ်အမ်အိုင်မြို့ မှာ နေကြည့်ပါ။(အရင်တုန်းက ခုတော့ နည်းနည်းမကောင်းတော့ဘူးပြောတယ်) မြို့ထဲဝင်လာတာနဲ့ ခင်ဗျားဟာ မြို့နေမြို့သူမြို့သားဆိုတာနဲ့ လုံခြုံရေးဝန်ထမ်းက ခင်ဗျားကို အလေးပြုပြီး ၀င်းတံခါးဖွင့်ပေးမယ်။ ခင်ဗျားအိမ်ရှေ့မှာ ရေမ၀ပ်စေရဘူး၊ လမ်းမီးတွေလင်းရမယ်။ အမှိုက်မရှိစေရဘူး။ တကယ်လို့ အမှိုက်တွေ့ရင်၊ လမ်းမီးမလင်းရင်၊ ရေ၀ပ်နေရင် အဲဒီ မြို့အုပ်ချုပ်တဲ့ ကော်မီတီကို ခင်ဗျား ဖုန်းနဲ့လှမ်းဆဲလို့ရတယ်။ သူတို့ ချက်ခြင်း လာပြီးဝန်ဆောင်မှုပေးမယ်။ တောင်းပန်မယ်။ ခင်ဗျားဘက်က လိုတာက လစဉ်ကြေးမှန်မှန်ပေးဖို့ပါပဲ။ အရင် အက်ဖ်အမ်အိုင်မှာ လူနေကျဲတုန်းက မြို့ကော်မီတီဟာ စည်းကမ်းအမျိုးမျိုးနဲ့နေထိုင်သူတွေကို ကန့်သတ်ခဲ့တယ်။ ဆေးအရောင်မသုတ်ရ၊ မြို့ထဲမှာ ဆိုင်မဖွင့်ရ၊ တချို့ မုန့်ဟင်းခါးဆိုင်လေးဘာလေး ကိုယ့်အိမ်ထဲဖွင့်ရင် လုံခြုံရေးက လာပြီး ဆိုင်ကို သိမ်းသွားတာမျိုးတွေ ရှိခဲ့တယ်။ တဖြည်းဖြည်း လူနေစိတ်လာတဲ့အခါမှာတော့ မြို့နေတွေက မြို့မိမြို့ဘများကော်မီတီဆိုတာ ဖွဲ့ပြီး အဲဒီ မြို့သာယာရေးကော်မီတီနဲ့ အပြိုင် စကားပြောလာတယ်။ ငါတို့ဆိုင်တွေဖွင့်မယ် ကအစ ပေါ့။ ခုတော့ အက်ဖ်အမ်အိုင်ဟာ လမ်းတိုင်းမှာ ဆိုင်တွေနဲ့ စည်လို့ကားလို့။ အဲဒါ ဒီမိုကရေစီ အုပ်ချုပ်ရေးပုံစံပါ။ဒီမိုကရေစီ စနစ်မှာ၊ ဈေးကွက်စီးပွားရေးဟာ အင်မတန်မှ သဟဇာတ စနစ်ဖြစ်တယ်။ (စစ်ဖို့တော့ လိုပါသဗျာ)။ ပြည်သူလူထုရဲ့ အဆုံးစွန်သော အန္တိမလိုချင်တဲ့ အစိုးရပုံစံကတော့ အစိုးရမလို၊ စည်ပင်သာယာပဲ လိုတယ် ဆိုတာပါပဲ။ ကျနော်တို့ကို ဟိုဟာလုပ်၊ ဒီဟာလုပ် အမိန့်ပေးတဲ့အစိုးရမျိုးကို မလိုချင်ဘူး။ ကျနော်တို့ လိုချင်တာကို ဖြည့်ဆည်းပေးမယ့် အဖွဲ့အစည်းပဲ လိုချင်တယ်။ စိတ်တိုင်းမကျရင် အချိန်မရေးဖြုတ်လို့ရရမယ်။ နောက်တဖွဲ့ကို စမ်းခန့်ကြည့်မယ်။ အကောင်းဆုံးဝန်ဆောင်မှု၊ အကောင်းဆုံးပြည်သူ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့ အဖွဲ့အစည်းဟာ အစိုးရသက်တမ်းကြာမှာပဲ။

အဲဒါ အတိုင်းတိုင်းအပြည်ပြည်က ပြည်သူတွေရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရည်မှန်းချက်ပဲ ဖြစ်ပါကြောင်းဗျာ။ ။

ချိုတူးဇော်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.