Monday, June 27, 2011

0 ဒေါ်အောင်ဆန်းစုကြည် BBC Reith Lectures မှာ ဘာပြောထားလဲ



ဘီဘီစီ Radio 4 ရဲ့ ကမ္ဘာကျော် BBC Reith Lectures အစီအစဉ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ဟောပြောချက် နှစ်ခုကို ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဟောပြောချက်မှာ အဓိက အားဖြင့် အာဏာရှင် အစိုးရရဲ့ လက်အောက်မှာ ဒီမိုကရေစီရေး ရုန်းကန် လှုပ်ရှားမှု အကြောင်းတွေကို ရှင်းလင်းပြောကြားမှာ ဖြစ်ပါတယ်။

ပထမ ဟောပြောချက်မှာ မြန်မာ နိုင်ငံကို အခြေခံပြီး အတိုက်အခံ ဆိုတဲ့ သဘော တရားတွေကိုတင်ပြ ထားပြီး ဒုတိယပိုင်းမှာတော့ လွတ်လပ်မှု ဆိုတာ ဘာလဲ၊ ဘယ်လို နည်းနဲ့ ရယူနိုင်မလဲ ဆိုတာ အရှေ့ အလယ်ပိုင်း ဒေသရဲ့ လတ်တလော အခြေအနေတွေကို အခြေခံပြီး တင်ပြမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဟောပြောချက်တွေကိုဘီဘီစီက မြန်မာနိုင်ငံထဲသွားပြီး ဗီဒီယို မှတ်တမ်းရိုက်ယူခဲ့တာ ဖြစ်ပါတယ်။

ဒီဟောပြောချက်တွေကို အပိုင်းနှစ်ပိုင်း အတိုင်း ဘီဘီစီ စတူဒီယိုထဲမှာ တက်ရောက်လာသူတွေကို ပြသခဲ့ပြီး ဟောပြောချက်အပြီးမှာ တက်ရောက်လာသူတွေရဲ့ မေးမြန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က တယ်လီဖုန်းက နေ တိုက်ရိုက် ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်တွေကို BBC Radio4 က ဇွန်လ ၂၈ ရက်နဲ့ ဇူလိုင် ၅ ရက်နေ့တို့မှာ ထုတ်လွှင့် မှာလည်း ဖြစ်ပါတယ်။

အင်္ဂလိပ်လို ဟောပြောချက်တွေကို နှိပ်ပါ ဒီနေရာကနေ နားဆင်နိုင်မှာ ဖြစ်ပါတယ်။

ဘီဘီစီ မြန်မာပိုင်းကလဲ ဒီ ဟောပြောချက်တွေကို ဘာသာ ပြန်ဆိုပြီး အပိုင်းလိုက် ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။
(ဘီဘီစီ)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.