Saturday, July 2, 2011

0 ဆန္ဒတစ်ခုကို ဖြည့်ဆည်းခြင်း

ဆန္ဒတစ်ခုကို ဖြည့်ဆည်းခြင်း

ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် ရှိစဉ်က မိခင်ကြီး ဒေါ်ခင်ကြည်၏ မိတ်ဆွေသူငယ်ချင်းတစ်ဦးဖြစ်သူ ဒေါ်တင်တင်သည် ဒေါ်ခင်ကြည် ကျန်းမာရေးချို့တဲ့စဉ် ကာလတစ်လျှောက်လုံး အနီးကပ်ပြုစုစောင့်ရှောက် ပေးခဲ့သူတစ်ဦးဖြစ်သည်။ ဒေါ်တင်တင်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်နှင့် ခင်မင်ရင်းနှီးမှုမှာ နိုင်ငံရေးနှင့် ပတ်သက်ခြင်းမရှိ၊ စီးပွားရေးနှင့်လည်း ပတ်သက်ခြင်းမရှိ လူမှုရေးသက်သက်ဖြင့်သာ ခင်မင်ကူညီ ပတ်သက်ခဲ့သူ တစ်ဦးဖြစ်သည်။

ယခုအချိန် ဒေါ်တင်တင်သည် လေဖြတ်ဝေဒနာခံစားနေကာ အစားအသောက်တို့ ပါးစပ်မှ လည်း စားခြင်း၊ သောက်ခြင်းတို့ကို မပြုလုပ်နိုင်ချေ။ ၂.၇.၂၀၁၁ (စနေ) နေ့တွင် ဒေါ်တင်တင်အား သူ၏ မိသားစုဝင် သားသမီးများက မိခင်ဒေါ်တင်တင်၏ အလုပ်ချင်ဆုံးသော ဆန္ဒတစ်ခုကို ပြုလုပ် ပေးခဲ့သည်။ ယင်းဆန္ဒမှာ နာရေးကူညီမှုအသင်း(ရန်ကုန်)ထံသို့ အလှူငွေ ထည့်ဝင်လိုသော ဆန္ဒပင် ဖြစ်သည်။

ထို့ကြောင့် ၂.၇.၂၀၁၁ (စနေနေ့) နံနက် (၉း၀၀) နာရီအချိန်တွင် ပါရမီလမ်းရှိ မိခင် ဒေါ်တင်တင်၏ နေအိမ်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ သွားရောက်၍ အလှူငွေ US$ 500 လှူဒါန်းမှုကို လက်ခံအားပေး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ မိခင်ကြီး ဒေါ်တင်တင်၏ အလုပ်ချင်ဆုံးသော ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်သောကြောင့် မိခင်ကြီး ဒေါ်တင်တင် ကျန်းမာချမ်းသာ ၀မ်းသာစွာဖြင့် သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ခဲ့ပါတော့သည်။

ကိုကျော်သူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.