Tuesday, July 5, 2011

0 ပုဂံဘုရားဖူးသို့လာရောက်သော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားပြည်သူများမှလှိုက်လဲစွာကြိုဆိုနူတ်ဆတ်


Photo. AP.Reuters

ဒေါ်အောင်ဆန်းစုကြည် ပုဂံခရီးစဉ် (၁)(၂) ရုပ်/သံ

videoအကျယ်ကြည့်ရန်အပေါ်မှပုံကိုနှိပ်ပါ။
Video/ Democratic voice of burma

0 ကိုနေဝင်းကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတဲ့ ငြိမ်းချမ်းရေးတိုက်ပွဲသီချင်း



စာသားပုံဖော်မှု။ ။ ကိုသော်PRMG

0 မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုဂံဟိုတယ်သို့ ရောက်ရှိလာရာ ကြိုဆိုသူများနှင့် တွေ့ရစဉ်။


ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခြင်းနှင့် လှူဒါန်းငွေ လက်ခံခြင်း မပြုလုပ်ရန် ဂေါပကအဖွဲ့များအား ဖိအားပေး ဟုဆို

[By The Voice Weekly]

ရန်ကုန် ဇူလိုင် ၎

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များ အများဆုံးတည်ရှိရာ ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ သားဖြစ်သူနှင့်အတူ ဘုရားဖူးရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တခမ်းတနား ကြိုဆိုခြင်းနှင့် ဘုရားပုထိုးများ ပြုပြင် ထိန်းသိမ်းရန်အတွက် လှူဒါန်းငွေများကို လက်ခံခြင်း မပြုလုပ်ရန် ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးရုံးက သက်ဆိုင်ရာ ဘုရားဂေါပကအဖွဲ့များသို့ အသိပေး ပြောကြားထားကြောင်း ပုဂံမြို့သို့ သွားရောက်သတင်းရယူနေသူ The Voice Weekly ၏ အကြီးတန်းသတင်းထောက်က သတင်းပေးပို့သည်။

"ဒေါ်စု မလာခင် မနေ့က ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးက ဘုရားဂေါပက အဖွဲ့ဝင်တွေကို ခေါ်ပြီး ကော်ဇောနီခင်းပြီး ကြိုတာတွေ၊ အလှူငွေ လက်ခံတာတွေ၊ မှတ်တမ်းတင် ဓာတ်ပုံရိုက်တာတွေ မလုပ်ဖို့ ပြောထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရောက်လာရင်လည်း ကိုယ့်ဘာသာကိုယ် အလိမ္မာနဲ့ ရှောင်ထွက်သွားကြဖို့ ပြောထားပါတယ်" ဟု ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားကြောင်း ၎င်းက ဆက်လက်သတင်းပေးပို့သည်။

အထက်ပါကိစ္စနှင့် ပတ်သတ်၍ The Voice Weekly က ယနေ့မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ အတည်ပြုချက် ရယူခဲ့ရာတွင် ဂေါပကအဖွဲ့ဝင် လူကြီးများ မရှိသဖြင့် တစ်စုံတစ်ရာ ဖြေကြားပိုင်ခွင့် မရှိပါကြောင်း၊ အငယ်တန်းဝန်ထမ်းများသာ ဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော ညွှန်ကြားချက်များအား သိရှိပိုင်ခွင့် မရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

အလားတူ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးရုံးထံသို့ The Voice Weekly က တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာတွင် တယ်လီဖုန်းခေါ်ဆိုမှုများ ရရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော မေးခွန်းများ စတင်မေးမြန်းချိန်တွင် တယ်လီဖုန်းအား ဆက်လက် လက်ခံဖြေကြားခြင်း မပြုတော့သဖြင့် အတည်ပြုချက် ရယူနိုင်ခြင်း မရှိခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည်အား သာမန် အရပ်သားတစ်ဦးအဖြစ် သဘောထားပါကြောင်း၊ သာမန်အရပ်သား တစ်ဦးအနေဖြင့် ဥပဒေနှင့်အညီ သွားလာလှုပ်ရှား ဆောင်ရွက်မှုများကို ကန့်သတ်ရန် မရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုမူ အလေးထား စောင့်ထိန်းရန် လိုအပ်ပါကြောင်း ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးက အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော် အမတ် မစ္စတာ ဂျွန်မက်ကိန်းနှင့် ပြီးခဲ့သည့် ဇွန်လဆန်းက နေပြည်တော်၌ တွေ့ဆုံရာတွင် ဒုတိယသမ္မတက ပြောဆိုခဲ့သည်။

[By The Voice Weekly]
Photo/AP.Reuters

Monday, July 4, 2011

0 အဓ္ဓမငွေကြေးကောက်ခံမှုကို ရန်ကုန်အိုင်အယ်လ်အိုရုံးသို့တိုင်ကြားသော လယ်သမားကြီးကိုထွန်းအေးအဖမ်းခံရ




ကိုထွန်းအေး(ထိန်တော်ကြီးအုပ်စုဗမာစုကျေးရွာ ကန်ကြီးထောင့်မြို့နယ် ၃၀.၆.၂၀၁၁နေ့တွင် ရန်ကုန်အိုင်အယ်လ်အိုရုံးမှအပြန်အဖမ်းခံရပြီး သူ့ကို ပုဒ်မ၄၂၇။၄၄၇ဖြင်.လောလောဆယ်တရားဆွဲဆိုထားပြီး
ပုသိမ်မြို့ထောင်ကြီးချုပ်တွင်လောလောဆယ်ပို့ထားကြောင်းသိရသည်။

အဖမ်းမခံရခင်တွင်ကန်ကြီးထောင့်မြို့နယ်မှလယ်သမားများအားထွေအုပ်နှင့်မြေစာရင်းမှတစ်ဧကကို(၅၀၀)ကောက်ခံသည့်အတွက်ကိုထွန်းအေးမှလယ်သမားများအားလက်မှတ်ထိုးခိုင်းကာဝန်ကြီးချုပ်ဦးသိန်းစိန်အားလိပ်မူ၍အိုင်အယ်လ်အိုရုံးသို့မိတ္တူပေးကာအဓ္ဓမငွေကြေးကောက်ခံမူ့ကိုတရားဝင်စာပေးပို့က၎င်းကိုယ်တိုင်လက်မှတ်ထိုး၍တိုင်တန်းခဲ့ပါသည်။

ပုံမှာလယ်သမားမှတ်ပုံတင်နှင့်နောက်ကာလာဓါတ်ပုံတစ်ပုံမှာမတ်၁၃ကိုဖုန်းမော်နေ့ပုသိမ်မြို့ကိုမြင့်နိုင်(HRWDN)အိမ်တွင်ပြုလုပ်စဉ်ကတက်ရောက်ခဲ့သောပုံဖြစ်ပါသည်၊ ကိုထွန်းအေးမှာလူ့အခွင့်ရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက်human right watch defend net(HRWDN)ကွန်ယက်ဝင်တယောက်ဖြစ်ပါသည်။

0 ကြီးတော်ရဲ့နွားကျောင်းသူများ



ကြီးတော်ရဲ့နွားကျောင်းသူများ

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာစာပေဟောပြောပွဲ တစ်ရပ် ကို ၃.၇.၂၀၁၁ (တနင်္ဂနွေနေ့) မွန်းလွဲ (၁း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိ ရာ မြောက်ဒဂုံရုံးချုပ်တွင် အောင်မြင်စွာကျင်းပခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် လူငယ်/ရွယ်များ၊ လူမှုရေးသမားများအတွက် စာပေအသိဉာဏ် ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ကာ စာရေးဆရာ မောင်သာချိုမှ “လူနဲ့ ကြီးတော်ရဲ့နွား” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောသွားခဲ့သည်။ ဆရာ မောင်သာချို၏ ဟောပြောချက် များတွင် ဘုရားအလောင်း သိဒ္ဓတ္ထ မင်းသားသည် မိမိပိုင်ဆိုင်သော နန်းတော်၊ မိမိပိုင်ဆိုင်သော မယား၊ မိမိပိုင်ဆိုင်သော သား၊ မိမိပိုင်ဆိုင်သော စည်းစိမ်ဥစ္စာများ အားလုံးတို့ကို စွန့်လွတ်ကာ ကိုယ်ကျိုးစွန့်၍ လောကကောင်းကျိုးအတွက် ကျင့်ကြံအားထုတ်ခဲ့ပြီး သစ္စာလေးပါး မြတ်တရားအား တွေ့ရှိခဲ့ကာ အများပြည်သူ လူသားများအတွက် ဗြဟ္မစိုရ်တရားလက်ကိုင်ပြုပြီး ငြိမ်းချမ်းမှုချမ်းသာရှိရာ မြတ်နိဗ္ဗာန်သို့ ရောက်ရှိအောင် သွားရာလမ်းကြောင်းကို ဖော်ထုတ်ပေးခဲ့ကြောင်း၊ လူသားချင်း စာနာစိတ် ထားရှိခဲ့သော မာသာထရီဆာသည်လည်း မိမိမွေးရပ်မြေအား စွန့်လွတ်၍ တိုင်းတစ်ပါးတွင် သွားရောက်ကာ အများပြည်သူတို့အတွက် အနစ်နာခံ ပေးဆပ်ခဲ့ရာတွင် လူသားပေါင်း တစ်သန်း ကျော်၏ ဒုက္ခများကို ကယ်တင်ခဲ့သော လူသားတစ်သန်းကျော်၏ ကယ်တင်ရှင် ကျေးဇူးရှင်တစ်ဦး ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးဂုဏ်၊ အနစ်နာခံ ပုံ၊ တပ်မတော်နှင့် ပြည်သူတစ်သားတည်း နေထိုင်ကျင့်ကြံပုံ၊ မိမိ၏ ဗိုလ်ချုပ်ဟူသော ဂုဏ်အရှိန်ကို အခွင့်အရေး လုံးဝမယူဘဲနှင့် အများပြည်သူအတွက် အနစ်နာခံ ပေးဆပ်မှုတို့သည်ကား မိမိ၏ နွားကို မကျောင်းဘဲ၊ ကြီးတော်၏နွားအား သွားရောက်ကျောင်းပေးခဲ့သော လူမှုရေးသမားစစ်စစ်များ၏ ကျင့်ကြံအားထုတ်ပေးခဲ့မှုများ စသည့် လူမှုရေးနှင့်ပတ်သက်သော အကြောင်းအချက်များအား သက်သေ သာဓကများစွာဖြင့် ဟောပြောခဲ့ပါသည်။

ယင်းကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မြန်မာစာပေဟောပြောပွဲများကို လစဉ်လတိုင်း လူမှုရေးသမားများ၊ မျိုးဆက်သစ်လူငယ်/ရွယ်များအား ရည်စူး၍ ကျင်းပပေးသွားမည်ဖြစ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)

Sunday, July 3, 2011

0 တစ်ချက်ခုတ် သုံးချက်ပြတ်




တစ်ချက်ခုတ် သုံးချက်ပြတ်

မြန်မာပြည်တွင်းရှိ အနုပညာရှင်များ (ဂီတ၊ ရုပ်ရှင်၊ စာပေ၊ သဘင်) စသည့် ပညာရှင်များသည် ပြည်ပနိုင်ငံများသို့ သွားရောက်ကာ မိမိတို့၏ အနုပညာရပ် အသီးသီးတို့ကို ပြည်ပရောက်မြန်မာလူမျိုး များအား ဖျော်ဖြေမှုများကို ယခု ၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် ပိုမိုများပြားလာသည်ကို သတိထားမိ သည်။ ထိုကဲ့သို့ သွားရောက်ဖျော်ဖြေရာတွင် မိမိတို့ တတ်စွမ်းသော အနုပညာများနှင့် မိမိတို့ ၀မ်းစာ အတွက် အဓိကထားပြီး မိမိတို့ မရောက်ဖူးသော နိုင်ငံများသို့ သွားရောက်လေ့လာခြင်းဖြင့် တစ်ချက် ခုတ် နှစ်ချက်ပြတ် ဆိုသည့်စကားအတိုင်း သွားရောက်ခြင်းများသာ ရှိခဲ့သည်။

ယခု ဆောင်းဦးလှိုင်၏ ပြည်ပဖျော်ဖြေရေးခရီးစဉ်မှာကား တစ်ချက်ခုတ် သုံးချက်ပြတ် ဟူသော စကားဟု ဆိုရပါတော့မည်။ အဘယ့်ကြောင့်ဆိုသော် အမေရိကန်နိုင်ငံရောက် မြန်မာပြည်သူ/သားတို့ အား သွားရောက်ဖျော်ဖြေပွဲခရီးစဉ်တွင် ကိုဆောင်းဦးလှိုင်သည် ပြည်တွင်းရှိ မြန်မာပြည်သူလူထု တို့အား ဗြဟ္မစိုရ်တရားလက်ကိုင်ပြု၍ (အခမဲ့) ကူညီဖေးမပေးနေသော နာရေးကူညီမှုအသင်း (ရန်ကုန်)အတွက် အလှူငွေများကို ကောက်ခံခဲ့ကာ မိမိတတ်စွမ်းသော အနုပညာဖြင့် ပြည်ပရောက် မြန်မာပြည်သူ/သားများအား ဖျော်ဖြေခဲ့ကာ ပြည်ပနိုင်ငံ၏ ပတ်ဝန်းကျင်အနေအထား လူနေမှု အဆင့် အတန်းစသည်တို့ကို လေ့လာနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ပြည်ပရောက် မြန်မာပြည်သူ/သားများက လည်း ကိုဆောင်းဦးလှိုင် စင်မြင့်ပေါ်မှ အလှူခံသည့်ကိစ္စရပ်များကို မပြောခင်ကတည်းက သဒ္ဓါတရား ထက်သန်စွာဖြင့် ကိုဆောင်းဦးလှိုင်မှတဆင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေများ ထည့် ၀င်၍ လှူဒါန်းခဲ့ကြသည်။ ထို့ပြင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၁၀ နှစ်ပြည့် အခမ်းအနားတွင် ဂီတ လူမှုရေးသူရဲကောင်းများ၏ ဖျော်ဖြေမှုပွဲအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကိုဆောင်ဦးလှိုင် အား လက်ဆောင်အဖြစ်ပေးထားသော ဥက္ကဌ ဦးကျော်သူ၏ ရုပ်ပုံပါ GIVERS အမည်ရှိ တီရှပ်ကို အင်တာနက်မှ လေလံတင်ရောင်းချခဲ့ရာ US$ 350 ရရှိခဲ့ကြောင်းလည်း ကိုဆောင်းဦးလှိုင်မှ ပြောကြား ခဲ့သည်။

ယင်း အလှူငွေအပ်နှံပွဲအား ၃.၇.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ မြောက်ဒဂုံမြို့နယ်၌ နေ့လည် (၁၂း၃၀) နာရီတွင် စာနယ်ဇင်းသမားများအား ဖိတ်ကြား၍ ကျင်းပခဲ့သည်။ ဦးစွာ ကြွရောက်လာကြသည့် စာနယ်ဇင်းနှင့် ဧည့်ပရိသတ်များအား ကော်ဖီနှင့် မုန့်တို့ ဖြင့် ဧည့်ခံကျွေးမွေးပြီးနောက် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ကိုဆောင်းဦးလှိုင်မှ ပြည်ပနိုင်ငံကြီး ဖြစ်သော အမေရိကန်နိုင်ငံတွင် ဖျော်ဖြေမှုအတွေ့အကြုံများကို ရှင်းလင်းပြောကြားရာတွင် အချို့သော ပညာရှင်များသည် ပြည်ပနိုင်ငံတွင် ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် အလှူငွေ ကောက်ခံခြင်းကို အကြောက်တရားရှိနေကြောင်း၊ ထို့ကြောင့် သူသည်စင်မြင့်ပေါ်မှနေ၍ အလှူခံခြင်း ကိစ္စရပ်ကို မလုပ်ခဲ့ကြောင်း၊ လာရောက်လှူဒါန်းကြသော ပြည်ပရောက် မြန်မာပြည်သူ/သားများသည် ဦးကျော်သူနှင့် သူ၏လက်တွဲဆောင်ရွက်မှုများကို သိရှိပြီးဖြစ်သည်နှင့်အညီ စာအိတ်များထဲတွင် အလှူငွေများ ထည့်သွင်း၍ လှူဒါန်းကြကြောင်း ပြောကြားခဲ့ကာ သူ၏သားနှင့် သမီးတို့၏ ပညာရေးပြီးဆုံးသွားသည့် အချိန်ကာလတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ ညာလက်ရုံးအဖြစ် လက်တွဲပြီး အများပြည်သူတို့ကို ပေးဆပ်မှုများ လုပ်ကိုင်လိုကြောင်း ပြောကြားသွားကာ အလှူငွေ US$ 5250 နှင့် မြန်မာကျပ်ငွေ ၄၉၃၀၀၀/- တို့ကို လွဲပြောင်းအပ်နှံ လှူဒါန်းခဲ့သည်။ ယင်းနောက် ဥက္ကဋ္ဌ ဦးကျော်သူမှ ကျေးဇူးတင်စကားပြောကြားရာတွင် ကိုဆောင်းဦး လှိုင်ပြောကြားသော အကြောက်တရားများသည် မိမိတို့ပြည်တွင်းတွင် အတော်ကိုကူးစက်နေ ကြောင်း၊ အချို့သော အလှူရှင်များသည် ကိုယ်တိုင်လာရောက် မလှူရဲ၍ လူကြုံနှင့် လာရောက် လှူဒါန်းမှုများရှိကြောင်း၊ အချို့သော မိသားစုဝင်များသည်လည်း မိမိတို့၏ သားသမီးတို့အား နာရေး ကူညီမှုအသင်း(ရန်ကုန်)တွင် လူမှုရေးသမားများ လုပ်ကိုင်သည်ကို ကြောက်ရွံ့နေကြောင်း၊ မိမိတို့ အသင်းအဖွဲ့သည် နိုင်ငံရေးပါတီထောင်ထားသော အသင်းအဖွဲ့ မဟုတ်ကြောင်း၊ နိုင်ငံတော်အာဏာ ကို ရယူလိုသည့် ဆန္ဒဖြင့် လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း၊ လူမှုရေးသက်သက် အများပြည်သူ အတွက် မိမိတို့ တက်နိုင်သည့်ဘက်မှ ပေးဆပ်ကူညီမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ကျွန်တော်တို့ လူမှုရေးလုပ်ငန်းရပ်များတွင် အနုပညာရှင်တို့၏ အင်အားများစွာလိုအပ်ကြောင်း၊ ကိုဆောင်းဦးလှိုင်၏ ဆန္ဒဖြစ်သော ညာလက်ရုံးအဖြစ် အများပြည်သူတို့ကို ကူညီဖေးမမှုကိုအမြန်ဆုံး ကျွန်တော်တို့နှင့် လက်တွဲခွင့်ရရှိပါစေဟု ဆုတောင်းစကားပြောကြားခဲ့ပြီးနောက် စာနယ်ဇင်းသမားများကိုယ်စား အလင်းတန်းဂျာနယ်၊ ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းမှလည်း နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး ကူညီဖေးမနေမှုတို့သည် ကိုယ်တွေ့ခံစားဖူးသူများက ပိုမို၍ သိရှိမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် ကိုယ်တွေ့ကြုံခဲ့ဖူးကြောင်းနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ကျေးဇူးတရားများကို အမှတ်ရနေကြောင်း၊ ကျေးဇူးတရားဟုဆိုရာ၌ တစ်ကြိမ်တစ်ခါ ကြုံဖူးယုံနှင့် အစဉ်ထာဝရ တင်ရှိနေရမည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကူညီဖေးမမှု များကို အကြွင်းမဲ့ယုံကြည်ကြောင်းတို့အပြင် ကိုဆောင်းဦးလှိုင်အားလည်း တေးသီချင်းများ ဆက်လက် စဉ်ဆက်မပြတ် ပြန်လည်သီဆိုစေလိုကြောင်း၊ ဂီတပညာရပ်ကို ဖော်ကျူးရင်း လူမှုရေးလုပ်ငန်းဖြစ် သော အများပြည်သူတို့ကို ကူညီဖေးမပေးစေလိုကြောင်း တိုက်တွန်းပြောကြားသွားခဲ့သည်။

ယင်း ဇူလိုင် (၃) ရက်နေ့သည်ကား လူမှုရေးလုပ်ငန်းဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာလောက (၃) ခု၏ ပေါင်းစည်းမှုအင်အား တစ်ရပ်ပင် ဖြစ်တော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)

0 ထိုင်းနိုင်ငံတွင် ပထမဦးဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာမည့် ယင်လပ် ရှင်နာဝပ်





ဒီကနေ့ပြီးသွားခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ ပြည်ပြေး ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ညီမငယ်ဖြစ်တဲ့ ယင်လပ် ရှင်နာဝပ်ဦးဆောင်တဲ့ ဖွေထိုင်းပါတီ (Pheu Thai Party) က အပြတ်အသတ် အနိုင်ရရှိသွားကြောင်း ထိုင်းသတင်းမီဒီယာများက ထုတ်လွှင့်သွားပါတယ်။

0 “စစ်အစိုးရအလိုတော်ရိ လုပ်ငန်းရှင်များနှင့် ၀ါဒဖြန့်ချိရေးသမားများစာရင်း”

အဆိုပါ ၄၂ ဦး အနက် ဥရောပက ပြည်ဝင်ခွင့်ပိတ်ထားခြင်းနှင့် သြစတြေးလျက စီးပွားရေးပိတ်ဆို့ခြင်းတို့ဖြင့် အရေးယူခံထားရသူများ အဓိကပါဝင်သည်ကို တွေ့ရသည်။ ထိုသို့ အရေးမယူထားသော်လည်း အမေရိကန်အစိုးရအနေဖြင့် သီးခြား ပိတ်ဆို့သင့်သူများကိုလည်း ထည့်သွင်းထားသည်။

ဥပဒေအရ ပစ်မှတ်ထား ပိတ်ဆို့အရေးယူသင့်သည့် မြန်မာစစ်အုပ်စုအား ထောက်ပံ့ကူညီနေသော အလိုတော်ရိစီးပွါးရေးသမားများနှင့် ဝါဒဖြန့်ချိရေးသမားများ၏ အမည်စာရင်း..






0 လူပြိန်းဆိုတာ ဗိုလ်ကျရတာကိုကြိုက်တယ်(မောင်မောင်ဝမ်း)


လူပြိန်းဆိုတာ ဗိုလ်ကျရတာကိုကြိုက်တယ်

ငယ်ငယ်တုန်းကအဖြစ်လေးတခုသွားသတိရတယ်။ကျနော်တို့ရပ်ကွက်ထဲကကိုဖိုးလုံးဆိုတာတော်တော်နံမည် ကြီးတယ် အကောင်းကြီးတာတော့မဟုတ်ဘူး ဆိုးတာ မိုက်ရိုင်း ရမ်းကားတာ ၊ လူသတ်မူ့ဖြစ်ပြီး ထောင်ကပြန်လွတ်လာတော့ မိုက်ရိုင်းရမ်းကားတာ ပိုဆိုးလာတယ်။ သူနဲ့တော်ယုံလူတွေက မယှဉ်ကြဘူး ရှောင်ကြတယ်၊ သူအရက်ဘိုးတောင်းရင်လည်း တချို့သူတွေကကြောက်ကြတော့ ပေးကြတယ်၊ ဒါကို သူကိုသဘောကျ ဂုဏ်ယူနေတာ၊ လူတွေက သူ့ကိုကြောက်နေတာကို သူက ပီတိဖြစ်နေတာ။ သူ့ဘ၀မှာ တခြားဂုဏ်ယူစရာဆိုတာလည်းမရှိလေတော့ လူတွေကို ကြောက်အောင်လုပ် အနိုင်ကျင့် ဗိုလ်ကျပြီးမှ သူ့ဘ၀ကိုရပ်တည်နေရတာ…ထောင်ဆိုတာသူ့ဘ၀အတွက်အိမ်ဦးနဲ့ကြမ်းပြင်……….လူတယောက်ကိုရိုက်လိုက်နှက်ရိုက်ရမှာကိုလည်း နည်းနည်းလေးမှ ကိုယ်ချင်းမစာတတ်သူ…..

၈၈ လူထုအရေးတော်ပုံကြီးဖြစ်တော့…သူ့ကို လူအုပ်ကြီးက…မဆလ အစိုးရသူလျှိုဆိုဝိုင်းဖမ်းပြီး သတ်မယ်လုပ်တယ်….အဲဒီတုန်းက မြင်ကွင်းကို အခုထိမြင်ရောင်နေတုန်းပဲ….ရိုက်နှက်ထားလိုက်တာ …တကိုယ်လုံးရစရာမရှိဘူး…ကျနော်တို့ကျောင်းသားတွေသိတော့…သူ့ကိုမသတ်ဘို့..ကျနော်တို့မေတ္တာရပ်ခံ တယ်…နောက်…ဆေးရုံကိုပို့လိုက်တယ်…..ဆေးရုံရောက်တော့…မျက်နှာဆိုတာဇီးရွက်လောက်လေးပဲရှိတယ်….သူ့ကိုကယ်ဘို့တစာစာတောင်းဆိုနေတာပဲ…..ကျနော်တို့ဝိုင်းဝန်းကူညီပါတယ်….အသက်ပြင်းတယ်လို့ပြောရမလားမသိဘူး…မသေဘူး….ဒီလိုနဲ့နှစ်တွေဝေးသွားလိုက်တာတနေ့ရိပ်သာတခုကိုရောက်သွားရင်းနဲ့က…သူနဲ့ပြန်ဆုံခွင့်ရလိုက်တယ်….အဲဒီအချိန်မှာ…သူဟာရဟန်းဝါ၁၀၀ါလောက်ရနေတဲ့သံဃာတစ်ပါးဖြစ်နေပြီ…..အတိတ်တခါကလူဆိုးလူမိုက်ကိုဖိုးလုံးဘ၀နဲ့ဆန့်ကျင်ဘက်မှတကယ့်ကိုမယုံနိုင်လာက်အောင်ပြောင်းလည်းသွားပြီ……ကျနော်တို့ ကျောင်းသားတွေကို ကျေးဇူးတင်ကြောင်း ထပ်ခါထပ်ခါပြောတယ်…..

“ဦးဇင်းက….နှစ်ဘ၀ပြောင်းသွားပြီဒကာကြီး….ဟိုးတချိန်ကကိုယ့်လုပ်ရပ်တွေကိုပြန်စဉ်းစားမိတိုင်း…နောင်တရမိတယ်…တကယ်တော့..ဦးဇင်းခံခဲ့ရတာဟာ..ကိုယ်ပြုသမျှကံ..ကိုယ်ပြန်ခံရတာပါ..ဒါ့အတွက်ဦးဇင်းဖြေသာပါတယ်….ဒါပေမဲ့…ကံကောင်းတယ်ပဲပြောရမလား…ဒကာတို့ကျောင်းသားတွေကောင်းမူ့ကြောင့်..ဦးဇင်းအသက်ရှင်သန်ခွင့်ရပြီး…ဘ၀ပြောင်းသွားတာ……ပြန်ပြောရရင်လေ…သိပ်ရှက်ဘို့ကောင်းတာပဲ….ဦးဇင်းလူဝတ်ကြောင်ဘ၀တုန်းက…ပညာဆိုတာလည်းမသင်ခဲ့ရ..ဓနဥစ္စာကလည်းမရှိ…ကိုယ့်ကိုသွန်သင်ပြသပေးမဲ့သူကလည်းမရှိ ဆိုတော့…ဆိုးချင်သလောက်ဆိုး မိုက်ချင်သလောက်မိုက်ပဲ…ဒကာကြီးတို့သိပါတယ်….ဦးဇင်းက အဲဒီတုန်းက ..အဲသလို လူတွေကို အနိုင်ကျင့်ရတာကို သိပ်ပျော်တာ…..လူတယောက်ကို ထိုးလိုက်ကြိတ်လိုက်ပြီးပြီဆို သိပ်ပီတိဖြစ်တာ….အော်..တကယ်ကကိုယ်မခံရသေးလို့ဒီလိုလုပ်နိုင်တာပါ….ဦးဇင်းစဉ်းစားမိတယ်…လူပြိန်းဆို တာ…ဗိုလ်ကျရတာကို သိပ်ကြိုက်တာ ဒကာကြီးရ……….”

ဒီစကားလေးကကျနော့်ရင်ကိုတော်တော်လှုတ်ခတ်သွားတယ်…..လူပြိန်းဆိုတာ…ဗိုလ်ကျရတာကိုကြိုက်တယ်တဲ့…………ကျနော့်စိတ်ထဲမှာ စဉ်းစားစရာဖြစ်သွားတယ်….

“ဦးဇင်းခံရတဲ့အလှည့်ကျ…မခံစားနိုင်တော့ဘူး…အရမ်းကြောက်တယ်..သေရမှာကိုအရမ်းကြောက်တယ်….တုန်လူတ်တယ်……သူများကိုအနိုင်ကျင့်တယ်ဆိုတာ….ကိုယ့်ခံရတာ..ကိုယ့်အသားနာတာမှမဟုတ်တာ…လုပ်ရဲတာပေါ့…ဒုတ်နဲ့လည်းရိုက်ရဲတယ်…ဓါးနဲ့လည်း..ခုတ်ရဲတယ်….ကိုယ့်အသားကို..၀ါးခြမ်းပြားလေးလောက်နဲ့အရိုက်ခံရတာမျိုးကြတော့ .တော်တော်မခံနိုင်တာပဲ ဒကာရေ…ကိုယ်ချင်းစာတရား မဲ့တယ်ဆိုတာ..ဒါပေါ့…..နောက် ဦးဇင်းစဉ်းစားကြည့်မိတယ်…..လူတွေဟာ…လူလူချင်းဗိုလ်ကျရတာကိုကြိုက်ပုံရတယ်….အရသာခံတွင်းတွေ့ပုံ လည်းရတယ်ဗျ…..ဦးဇင်းဆရာတော်က ဘာပြောသလည်းဆိုတော့….အစိုးမရတဲ့လောကကြီးကို အစိုးရချင်တာ လူ့သဘာဝပါပဲတဲ့….”

ကျနော့်ရှေ့ကထိုင်ပြောနေသူဟာ..တချိန်ကလူဆိုးကိုဖိုးလုံးဟုတ်မှဟုတ်ပါလေစွလို့တောင်စဉ်းစားမိတယ်…..သူ့ရဲ့လက်တွေ့ဘ၀ကပေးလိုက်တဲ့သင်ခန်းစာတွေ..ဒဏ်ရာဒဏ်ချက်တွေကပေါ်ထွက်လာတဲ့..အမှန်တရားတွေ…..ဟုတ်တယ်…လူ့ရဲ့သဘောသဘာဝဆိုတာအားလုံးအတူတူပါပဲ….ကိုဖိုးလုံးမှမဟုတ်ပါဘူး……..ဗိုလ်ကျရ တာကိုအရသာတွေ့တာ..အနိုင်ယူအနိုင်ကျင့်ရတာကိုခံတွင်းလိုက်တာ….ဒီမကောင်းတဲ့ သဘောသဘာဝကြီးကို အသိဥာဏ်ရှိသူများကစာနာစိတ်တွေ၊ကိုယ်ချင်းစာတရားတွေ၊ဥာဏ်ပညာတွေနဲ့ဆင်ချင်ယူကြရတာကိုး…….ဒါကို ဒီအတိုင်းလွှတ်ထားလိုက်ရင်….သူက သာယာသွားတော့တာပဲ….ဗိုလ်ကျစိုးမိုးချင်တဲ့စိတ်ဟာ..အတန်းပညာ အတတ်ပညာတတ်မြောက်ထားခြင်းတွေမထားခြင်းတွေနဲ့မသက်ဆိုင်ဘူး….ဗိုလ်ကျတယ်ဆိုတဲ့စိတ်ဟာ…မိမိရဲ့သာလွန်ချက်နဲ့ လူတွေကို အနိုင်ကျင့်တာ….အာဏာရှိသူက အာဏာနဲ့၊ငွေရှိသူကငွေနဲ့၊ပညာတတ်သူက ပညာနဲ့၊ မိုက်ရိုင်းရဲသူက မိုက်ရိုင်းရဲတဲ့အားနဲ့ လူတွေကို အနိုင်ကျင့်တာဟာ ဗိုလ်ကျတာပဲ၊ ကိုဖိုးလုံးကတော့ သူက မိုက်ရိုင်းရဲတယ်…..ထောင်ထဲတန်းထဲကို မျက်ကန်းတစ္ဆေ မကြောက်တိုးဝင်ရဲတယ်…လူအများစုက သူ့လို လိုက်မလုပ်ရဲတော့ သူကလူတွေကို အနိုင်ကျင့်တယ်…ဗိုလ်ကျတယ်……

နောက်တယောက်က…ကျနော်သရက်ထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားဘ၀နဲ့ရှိနေစဉ်အချိန်ကပါ….နံမည်ကမျိုးတင့်….သူ့ကိုငှက်ရိုးလို့ပဲလူသိများကြတယ်…အဲဒီအချိန်ကသရက်ထောင်ထဲမှာရှိခဲ့တဲ့နိုင်ငံရေးအ ကျဉ်းသားအားလုံးသိကြတယ်။သူကကျနော်နေခဲ့တဲ့တိုက်အကျဉ်းဆောင်ရဲ့ရှေ့မှာတောင်ယာလာလုပ်တဲ့သူ…ကျနော်နဲ့ကတဒေသသားထဲလည်းဖြစ်ပြန်…၈၈အရေးတော်ပုံအမူ့လည်းဖြစ်ဆိုတော့တော်တော်ခင်မိတယ်…..သူ့တောင်ယာကထွက်တဲ့သီးနှံတွေဆိုလည်းကျနော်ကိုလာပေး…ကျနော်ကလိုအပ်တဲ့စားစရာလေးတွေထဲ့..သူကစားဖိုမှာသွားချက်….စားကြပေါ့….နိုင်ငံရေးထူးသတင်းထူးလေးတွေကြားလာရပြီဆိုကျနော့်ဆီအမြန်လာပြောတယ်……ဒီလိုနဲ့နေလာရာက………… ထောင်ပိုင်ကြီးဆီမှာသွားသွားနှိပ်ပေးရတဲ့အလုပ်ပေါ်လာတယ်…ဘယ်လိုကနေဘယ်လိုဖြစ်တယ်လည်းမသိ…သိပ်မကြာခင်မှာပဲထောင်ပိုင်ကသူ့ကိုတထောင်လုံးတန်းစီးဆိုခန့်လိုက်တယ်လေ(တထောင်လုံးတန်းစီးဆိုတာ..ထောင်ထဲမှာရှိတဲ့အကျဉ်းသားတွေကိုအကျဉ်းသားအချင်းချင်းပြန်အုပ်ချုပ်ခိုင်းတဲ့နေရာမှာအကြီးဆုံးပေါ့)…အဲဒီအချိန်ကစလို့..ငှက်ရိုးစတိုင်ကပြောင်းသွားတယ်(အရင်ငှက်ရိုးမဟုတ်တော့ဘူး)ကျနော်ကတော့ကိုယ့်လူတ ယောက်တထောင်လုံးတန်းစီးဖြစ်သွားရင်…အကျဉ်းသားတွေအပေါ်သက်သက်ညှာညှာရှိလောက်ပါရဲ့…နိုင်ငံ ရေးအကျဉ်းသားများအခွင့်ရေးလည်းနားလည်တန်ကောင်းလောက်ပါရဲ့ဆိုထင်လိုက်တာ..ဘယ်ဟုတ်လိမ့်မ လည်း…ကိုယ့်လူက…ဇာတိပြလာတော့တာ….သူတန်းစီးဖြစ်လို့မကြာခင်..သာမန်ရာဇ၀တ်အကျဉ်းသားတွေအပေါ်အနိုင်ကျင့်တော့တာပဲ….သူ့မျက်လုံးနဲ့မတွေ့တဲ့သူဆို…ဒုတ်နဲ့ရိုက်….လူတွေကိုရိုက်နေရတာ…သူကကစား နေသလိုမျိုဲး….သူလာရင်ကျိုးနွံတဲ့ပုံစံနဲ့နေပေးရတဲ့အကျဉ်းသားတွေကိုကြည့်ပီတိဖြစ်နေတာ……ဒီလိုနဲ့နေလာ ရင်းကသူကနိုင်ငံရေးအကျဉ်းသားတွေအပေါ်တောင်ဗိုလ်ကျလာတယ်၊ကွယ်ရာမှာဆိုရာဇ၀တ်အကျဉ်းသားတွေကိုပြောရင်….မင်းတို့ထက်ပိုတဲ့….ဘယ်သူမှထိန်းလို့မရတဲ့….ငါးည(နိုင်ငံရေးအကျဉ်းသားကိုဆိုလိုတာ)တွေ တောင်သူကဘယ်လိုနိုင်အောင်ထိန်းတာ…ဘယ်လိုပြားဝပ်နေအောင်လုပ်ထားတာ…စသဖြင့်မဟုတ်တာတွေ ပြောပြီး…စကားလုံးတွေနဲ့ဗိုလ်ကျတယ်……ကုန်ကုန်ပြောရရင်လမ်းလျှောက်တာတောင်အရင်လိုမဟုတ်တော့ဘူး…သူ့ နောက်က တပည့်တပမ်းတွေနဲ့ မြောက်ကြွမြှောက်ကြွဖြစ်လာတော့တာပဲ…ကျနော့်ဆီလည်း မလာတော့ဘူး ( မလာတော့ဘူးဆိုတာထက် မတွေ့ချင်လို့ရှောင်နေတယ်ဆိုတာ ပိုမှန်ပါလိမ့်မယ်)၊ တစတစနဲ့ ငှက်ရိုးအခြေနေကပိုဆိုးလာတယ်….တထောင်လုံးမှာရှိတဲ့အားလုံးသောအကျဉ်းသားတွေတောင်မကဘူး…. ထောင်မူးအဆင့်အရာရှိတွေဝန်ထမ်းတွေကပါ..တော်တော်ကိုမျက်မုန်းကျိုး မုန်းတီးခံရတဲ့အဆင့်ကိုရောက်နေပြီ ဘာလို့လည်းဆိုတော့ ထောင်ပိုင်က ဘယ်ဝန်ထမ်း ဘာလုပ်သလည်း သူ့ဆီကို အကုန်သတင်းပို့ရမယ်ဆိုပြီး သူ့ကိုခိုင်းထားတော့…..မှတ်စုစာအုပ်တအုပ်နဲ့ အကုန်မှတ်တမ်းတင် သတင်းပို့နေတော့တာပဲ…..သူအမြဲ လက်သုံးပြောနေကြစကားက…..“ကျုပ်ကတာဝန်နဲ့ပတ်သက်လာရင်…ဘယ်သူ့မှမညှာဘူး…စည်းကမ်းဖောက် ဖျက်သူမှန်သမျှအကုန်အရေးယူမယ်”တဲ့….သူ့စကားကဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိဘူး…ဒီစကားသုံးရအောင်…နိုင်ငံတော်ကတရားဝင်ခန့်အပ်ထားတဲ့ဝန်ထမ်းလည်းမဟုတ်…သူ့ဘ၀က…သူလိုကိုယ်လိုအကျဉ်းသားဘ၀…..တခါ ..ထောင်ပိုင်ကလည်း စစ်ဗိုလ် ( ဗိုလ်ကြီးဘ၀ ) ကနေ အသွင်ပြောင်းနဲ့ရောက်လာတာမှ မကြာသေး…ဆိုတော့….ဘုန်းကြီးရူးနဲ့ရေဒီယိုပျက်တွေ့ကြတော့တာပဲ…..အကျဉ်းထောင်လက်ဆွဲဥပဒေကို ကျော်ပြီးလုပ်ချင်ရာတွေလုပ်တော့တယ်…..နှစ်ယောက်လုံးကဗိုလ်ကျနေရတာကိုအရသာတွေ့နေကြတာ……အဆုံးမတော့ကောင်လေးတယောက်ကိုယောကျာင်္းချင်းကာမဆက်ဆံဘို့ကြိုးစားရာက…တထောင်လုံးတန်းစီးရာထူးပြုတ်…တိုက်ပိတ်…နောက်ရဲဘက်ပို့ခံရ…ရဲဘက်ရောက်တော့….သူနှိပ်စက်ထားတဲ့သူတွေက…လက်စားချေသတ်ပစ်လိုက်တယ်လို့ကြားတယ်……

ဒီဖြစ်စဉ်ကိုစဉ်းစားကြည့်တယ်…..အဲဒီကာလက..သရက်အကျဉ်းထောင်မှာဆို….နိုင်ငံရေးအကျဉ်းသားတွေကလွဲလို့…ရာဇ၀တ်အကျဉ်းသားတွေဆိုတာ…သူ့ကိုကြောက်နေလန့်နေရတာ….ငှက်ရိုးဘာမှမဟုတ်ဘူး….ဘာအဆင့်မှကိုမရှိတာကျနော်အသိဆုံး….အဲဒီ့ဘာမှအဆင့်မရှိတဲ့သူကိုလန့်နေရတယ်ဆိုတာ……သူ့လက်ထဲလုပ်ပိုင်ခွင့်ရောက်သွားတာကိုး….သူအုပ်ချုပ်နေပါတယ်ဆိုတဲ့ထောင်သားတွေထဲမှာဆရာဝန်တွေ…စစ်ဗိုလ်ပြုတ်တွေ…ပိုက်ဆံချမ်းသာသူတွေအများကြီး…….

လူပြိန်းလက်ထဲ…လုပ်ပိုင်ခွင့်ရသွားပြီဆို….ဗိုလ်ကျတတ်တာဓမ္မတာပါပဲ……သူ့မှာစဉ်းစားတွေးခေါ်နိုင်တဲ့အရည်ချင်းမှမရှိတာ….သူ့ရဲ့ဆုံးဖြတ်ချက်မှန်သမျှဟာ…သူ့အတ္တကိုအခြေခံပြီး…လာတာဆိုတော့…ဘယ်မှန်နိုင်ပါတော့မလည်း………လူပြိန်းဆိုတာ..သူသိတာအခုပဲရှိတယ်…အဲဒါ…သူ့အတ္တ..တနည်းအားဖြင့်သူ့လောဘ…….ပညာ နည်းမှလူပြိန်းဖြစ်တာမဟုတ်ဘူး…ပညာ တတ်တွေထဲမှာလည်း…လူပြိန်းတွေ အများကြီး…

ဗိုလ်ကျချင်သူဆိုတာ…..ရန်လိုမူ့ကိုလိုလားတယ်……..

တန်းတူမူ့ကိုနှစ်သက်သူဟာ…ငြိမ်းချမ်းရေးကိုလိုလားတယ်………..

လူပြိန်းဆိုတာ ဗိုလ်ကျရတာကို ကြိုက်တယ်……………………………………..

ဗိုလ်ကျချင်တဲ့သူဆိုတာ….အခုအမှန်ဟာတော်ကြာမှားရင်မှားမယ်….အခုအမှားဟာခနနေ..မှန်ရင်မှန်မယ်…..သေချာတာ တခုကတော့….သူတို့ရဲ့ အမှန်တရားဆိုတာ…သူတို့ရဲ့အတ္တပဲ…။

ယခုလက်ရှိ မြန်မာနိုင်ငံက စစ်အာဏာရှင်များကိုပဲကြည့်ပါ…..သူတို့ တိုင်းပြည်ကို ချုပ်ကိုင်ထားတာ တခုတည်းသောပေါ်လစီပဲရှိပါတယ်…ဒါကတော့…ဗိုလ်ကျစိုးမိုးခြင်းဆိုတဲ့မူကလွဲလို့တိကျခိုင်မာတဲ့သဘောတ ရား လမ်းစဉ် ဥပဒေဆိုတာ မရှိပါဘူး ( လူရိုသေရှင်ရိုသေစာအုပ်စာတမ်းတွေနဲ့ပြုစုထားပေမဲ့ လက်တွေ့ကတော့ ဒီသဘောတရာလမ်းစဉ်တွေကိုပစ်ပယ်ပြီး လက်တန်း အမိန့်တွေနဲ့ ဗိုလ်ကျစိုးမိုးရေးတခုသာလျှင်ရှိပါတယ်)

ဗိုလ်ကျတတ်တဲ့အကျင့်ဆိုးဆိုတာဘယ်လောကမှာမှမကောင်းဘူး…..ကျနော်တို့တတွေဟာဗိုလ်ကျတတ်သူ တွေ ဟုတ်မဟုတ် ကိုယ့် ကိုယ်ကိုယ်စစ်ဆေးကြည့်ရအောင်ပါ၊

အားလုံးကိုလေးစားစွာဖြင့်

(မောင်မောင်ဝမ်း )

0 တပ်အမြင်နဲ့မကြည့်ပဲ၊အရပ်အမြင်နဲ.ကြည့်ပါ

မြန်မာနိုင်ငံစစ်မှန်သောဖွံ.ဖြိုးတိုးတက်စေလိုလျှင်တပ်အမြင်နှင်.မကြည်.ဖို.လိုပါလိမ်.မည်။အရပ်ဘက်အမြင်နှင့်ကြည်.မှတကယ်.ပြည်သူကိုမြင်ပါလိမ်.မည်ဟုထင်ပါသည်၊တက်လာတဲ.သမ္မတကြီးအနေနှင်.အရပ်ဘက်မှလာသောလူမဟုတ်ပါ၊စစ်တပ်မှလာသောလူတဦးဖြစ်ပါသည်။စစ်တပ်ဆိုသည်မှာအရာရာတိုင်းကိုရှု.မြင်ရာတွင်တသွေး၊တသန်၊တမိန်.ဖြင်.သာရှု.မြင်လေ.ရှိပါသည်၊ခေါင်းဆောင်ကမှားလည်းပြန်ပြောခွင်.မရှိ၊စောဒကတက်နိုင်ခွင်.မရှိပေ၊

ခေါင်းဆောင်ခိုင်းသည်.အမိန်.အတိုင်းသာလုပ်ရသည်။အမှားအမှန်ဝေဖန်ပိုင်းခြားခွင်.မရှိပေ၊စစ်သင်တန်းတက်ကတည်းက brain wash လုပ်ခြင်းခံခဲ.ရပြီးဖြစ်၍ စီနီယာသမားကိုတောင် ဂျူနီယာသမားက ပြန်လှန် မေးခွန်းထုတ်ပိုင်ခွင်.မရှိပေ၊စစ်တပ်သည်လက်နက်ကိုင်အဖွဲ.အစည်းတခုဖြစ်၍စစ်တပ်အတွင်းဤစနစ်ကိုကျင်.သုံးသည်မှာမမှားသည်ဟုဆိုနိင်သော်လည်းအရပ်ဘက်ပြည်သူနှင်.ထိတွေ.ဆက်ဆံမည်ဆိုပါကဒီလမ်းစဉ်ကို အကောင်အထည်ဖော်ဆောင်လို.မရပေ၊

ယခုအခါနိုင်ငံတော်ကိုဒီမိုကရေစီအသွင်ကူးပြောင်းနေပါသည်ဆိုသော တပ်အမြင်ကို လုံးဝစွန့်လွှတ် ရပေလိမ်.မည်၊ဒီမိုကရေစီ၏အနှစ်သာရမှာအတွေးအမြင်ဘောင်ခတ်စည်းခြားထားခြင်းမရှိ၊လူထုအားဖြန်.ကျက်တွေးနိုင်မှုကိုပေးရမည်၊လူထုအမြင်သည်အခရာဖြစ်သည်၊အုပ်ချုပ်ရေးမှာပြည်သူ.လူထုဆီမှသက်ဆင်းသောကြောင်.ဖြစ်ပေသည်၊လူထု၏အမြင်ကိုလွတ်လပ်ခွင်.ပေးရမည်၊လူထု၏အသံကိုနားထောင်နိုင်စွမ်းရှိရမည်၊

အစိုးရကိုဝေဖန်ရင်ငါ.ရန်သူဟူသောအစွဲကိုဖြောင်.ရပေလိမ်.မည်၊တပ်အမြင်နှင်.ကြည်.လို.မရ၊
အရပ်ဘက်မှနေကြည်.လျှင်ဝေဖန်တိုင်းရန်သူမဟုတ်။တော်လှန်တိုင်းရန်သူမဟုတ်၊သူတို.တွေ
လည်းတိုင်းပြည်ကိုချစ်၍ပြောခြင်းလုပ်ခြင်းဖြစ်ပေသည်၊

သူတို.လဲတိုင်းပြည်ကိုချစ်ရ်ျနိုင်ငံရေးလုပ်သည်၊နိုင်ငံရေးစကားပြောသည်၊ထားတော.ငါတိုအစိုးရလဲ
ချစ်လို.တိုင်းပြည်အတွက်လုပ်သည်၊ချစ်၍လုပ်တာခြင်းအတူတူငါတို.လုပ်မှအမှန်၊ မင်းတို.လုပ်လျှင်အမှား ဆိုသောအယူအဆမျိုးမထားသင်.ပေ၊ ငါတို.သည်အုပ်ချုပ်သူလူတန်းစားမဟုတ်၊ အုပ်ချုပ်သူ
လူတန်းစားအမှန်သည်ပြည်သူလူထုသာဖြစ်သည်၊ ပြည်သူခိုင်းလို.လုပ်ရသည်၊
ပြည်သူ.ကျွေးလို.စားရသည်၊ပြည်သူကြောင်.သာရပ်တည်ရသည်ဆိုသောအတွေးမျိုးထည်.
ထားရပေမည်၊
ပြည်.သူဝန်ကိုထမ်းလို.သာပြည်.သူဝန်ထမ်းဖြစ်ရသည်၊

ဤကားအရပ်ဘက်အမြင်ဘက်ကကြည်.မှသာမြင်ပေလိမ်.မည်၊

တပ်အမြင်နှင်.ကြည်.လျှင်ဒေါ်စုကိုရန်သူဟုသတ်မှတ်နေလိမ်.မည်၊အရပ်အမြင်နှင်.ကြည်.လျှင်ဒေါ်စုသည်နိုင်ငံတော်.အကျိုး၊ပြည်သူ.ကောင်းကျိုးကိုလိုလားသူဖြစ်ပြီးပြည်သူ.အတွက်သူမရဲ.အိမ်ထောင်သည်
ဘဝကိုစွန်.ဝံ.သူ၊နှစ်ပေါင်းများစွာအကျဉ်းကျခံဝံ.သူ၊ထို.ကြောင်.ပြည်သူ.အချစ်တော်ဖြစ်ပေတော.သည်၊

တပ်အမြင်နှင်.ကြည့် လျှင်ကျောင်းသားသည်ရန်သူ၊

အရပ်ဘက်အမြင်နှင်.ကြည့်လျှင်နိုင်ငံတော်အတွက်ပညာရေးကိုစွန်.ဝံ.သူ၊ပြည်သူ.အတွက်မိမိတို.ဘဝတက်လမ်းကိုထားခဲ.သူ၊မိဘပြည်သူအတွက်တဘက်တလမ်းမှအကူအညီပေးလိုသူ၊ဒါကြောင်.ပြည်သူ.အချစ်တော်ကျောင်းသားဖြစ်ပေတော.သည်၊

တပ်အမြင်နှင်.သာသနာဝန်ထမ်းရှင်ရဟန်းတွေသည်ရဟန်းအကျင်.ကိုမကျင်.ပဲ၊လူ.တွေရဲ.အကျိုးကိုလုပ်ဆောင်သောကြောင်.ရန်သူ၊အရပ်ဘက်အမြင်နှင်.ကြည့် လျှင်သံသရာလွတ်မြောက်ကြောင်း တရားကိုအေးအေးလူလူအားမထုတ်ဝံ.ပဲ၊ဒကာ၊ဒကာမတို.၏စိတ်၏ဆင်းရဲခြင်း၊ကိုယ်၏ဆင်းရဲခြင်းတွေသက်သာရန်အလို.ငှာမိမိတို.လွတ်မြောက်မှုကိုမရှာဖွေနိုင်သေးပဲ၊အများသူငှာတို.ပါလွတ်မြောက်နိုင်ရန်တတ်နိုင်သမျှကြိုးပမ်းကြရှာသောကြောင်.ပြည်.သူတို.၏အချစ်တော်ဘုန်းဘုန်းများဖြစ်ပေတော.သည်၊

တပ်၏အမြင်ကားငါလုပ်မှရမည်ဟူသောအမြင်သက်သက်တည်း၊

အရပ်ဘက်အမြင်ကားပြည်သူအားလုံးပူးပေါင်းလုပ်မှရမည်ဟူသောအမြင်တည်း၊

တပ်အမြင်နှင်.ကြည်.သော်ချမ်းသာနေသောလက်တစုပ်စာလူတန်းစာလောက်ကိုသာမြင်မည်၊အရပ်အနေနှင်.ကြည်.သော်အခြေခံလူများစု၏ဘဝရုန်းကန်လှုပ်ရှားနေရပုံကိုသာမြင်ပါလိမ်.မည်၊ထို.ကြောင်.တပ်အမြင်နဲ့မကြည့်ပဲ၊အရပ်အမြင်နဲ.ကြည့်ပါလို.အစိုးရသစ်အားပြောပါရစေ၊

(သားချစ်)tharchizaw facebookမှ

0ဲလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရပ်ဒ် (Kevin Rudd)တို့တွေ့ဆုံ (ဓာတ်ပုံသတင်း)


Photo..AP,Reuters

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.