Tuesday, September 4, 2012

0 ABSDF ဗဟို ဥက္ကဋ္ဌ ဟောင်းများ မြန်မာနိုင်ငံ တွင်း အမြဲတမ်း နေထိုင်ခွင့် ရရှိရန် ကြိုးပမ်း

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းများ ပါဝင် ဆောင်ရွက်နိုင်ရန်တွက် အမြဲတမ်းနေ ထိုင် ခွင့် PR (Permanent Resident ) ရ ရှိအောင် ကြိုးပမ်းသွားမည် ဖြစ် ကြောင်း လက်ရှိ အမေရိကန် နိုင်ငံ သား ခံယူထားသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဗဟို ဥက္ကဋ္ဌဟောင်း နှစ်ဦးဖြစ်သော ဦးမိုးသီးဇွန် နှင့် ဦးထွန်းအောင်ကျော် တို့ က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ယုဇန ဟိုတယ်တွင် စက်တင်ဘာလ ၃ ရက်နေ့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော် တို့ အခုလာရတာ ဗီဇာက ၂၁ ရက် ပဲ ရတယ် ။အဲ့ဒီ အချိန်နဲ့ ကျွနတော် လုပ် ချင်တာ တွေ မလုပ် နိုင်ဘူးဆိုတာလည်း ကျွန်တော် တို့ သိတယ်။ အမြဲ တမ်း နေ ထိုင် ခွင့် ရဖို့ တွက် အစိုးရ ပေါ် မူတည်ပါတယ် “ဟု ဦးထွန်းအောင်ကျော် ကပြော ဆိုသည်။

ABSDF အဖွဲ့ ဝင်များ သည် လက်နက် ကိုင် တပ် ဖွဲ့ ဝင် များ၊ တိုင်း ရင်း သား လက်နက် ကိုင်ခေါင်း ဆောင်၏ များ ပြသနာ၊ အခက်ခဲများ နှင့် အစိုး ရအပေါ် ထားရှိ သည့် သဘော ထာား ကို နား လည် သိရှိ သော ကြောင့် ပြည် တွင်း စစ် ရပ် ဆဲရေး နှင့် ငြိမ်း ချမ်း ရေး လုပ် ငန်း စဉ်များတွင် ဝင်ရောက် ကူညီ လုပ် ကိုင် ရန် မြန် သို့ ပြန်လည်ရောက် ရှိ လာခြင်းဖြစ်ကြောင်း ဦးမိုးသီးဇွန် ကပြောသည်။

ပြည်ပ မှာရှိတဲ့ အတိုက်ခံများပြန်လာရန် သဘောတူထားပြီးဖြစ်ကြောင်း၊ ပညာရှင်အားလုံးအား ဖိတ်ခေါ်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားတွေနှင့်လည်း အမြန်ဆုံး ငြိမ်းချမ်းရေး ရရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် အမြန်ဆုံး လုပ်ကိုင်ဆောင်ရွက်သွားဖြစ်ကြောင်း ဦးမိုးသီးဇွန်က ဆက်လက်ပြောကြားခဲ့သည်။

အစိုးရမှ အမည်ပျက်စာရင်း Black List သတ်မှတ်ခံထားရသူများကို စာရင်းမှပယ်ဖျက်ပေးခဲ့ရာ ABSDF ဗဟို ဥက္ကဌဟောင်းများဖြစ်သည့် ဒေါက်တာနိုင်အောင်၊ ဦးမိုးသီးဇွန်နှင့် ဦးထွန်းအောင်ကျော်တို့ ၉ဦးအဖွဲ့သည် သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင် ဘာလ၁ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာ ခဲ့ကြသည်။

မိုးသီးဇွန်အပါအဝင် ၇ဦးအဖွဲ့သည် စက်တင်ဘာလ ၁ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာလ ၂ရက်နေ့ ညနေပိုင်းအချိန်တွင် ဒေါက်တာနိုင်အောင်အဖွဲ့နှင့် အစိုးရအဖွဲ့တို့အား ၈၈ရုံးချုပ်၌ တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ရုံးဝန်ကြီး ဦးစိုးသိန်းမှ ၎င်းတို့အား Civil Society အပိုင်းများ ပြုလုပ်ရန်အတွက် ဝင်ရောက်ကူညီပေးရန် ထည့်သွင်းပြောကြားသွားကြောင်း ထိုသို့ပြောကြားသွားသည့်အတွက်လည်း ကျေနပ်မိ ကြောင်း ကိုကိုလေးက ပြောကြားသည်။

“စက်တင်ဘာ ၂ရက်နေ့ ညနေက ဝန်ကြီးတွေနဲ့ ၈၈ရုံးချုပ်မှာ သွားတွေ့ပါတယ်။ ကျွန်တော်တို့ကြီးပဲလို့ ထင်တာ။ ဟိုရောက်တော့ ဒေါက်တာ နိုင်အောင်နဲ့အဖွဲ့ပါရောက်နေတယ်။ မထင်ထားဘူး။ ချိန်းလည်းမချိန်းထားပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ထို့နောက် ၎င်းတို့သည် အဆိုပါသတင်းစာရှင်းလင်းပွဲ၌ မီဒီယာများမှ မေးမြန်းသည့် မေးခွန်းများဖြေကြားသွားရာ ၎င်းတို့အနေဖြင့် ယခု မြန်မာ နိုင်ငံသို့ပြန်လာသည့် ပြည်ဝင်ခွင့်ဗီဇာသည် အမှန်တကယ်တွင် ၇ရက်သာ ရရှိခဲ့သော်လည်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းမှ ၂၁ရက် ထပ် တိုးပေးခဲ့သောကြောင့် အားလုံးပေါင်း ပြည်ဝင်ခွင့်ဗီဇာမှာ ၂၈ရက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ယခုမြန်မာနိုင်ငံသို့ ပြန်လာသည့်ခရီးစဉ်တွင် လေ့လာ ရုံမျှသာဖြစ်ကြောင်းနှင့် မြောက်ပိုင်းရဲဘော်များ မတရားနှိပ်စက်မှုကြောင့် ကျဆုံးခြင်းအပေါ်ကိုလည်း သက်ဆိုင်ရာမိသားစုများအတွက် တရားဥပဒေအရ ဝင်ရောက်ကူညီသွားမည်ဖြစ်ကြောင်း ABSDF (တောင်ပိုင်း)၏ ပထမဦးဆုံးဥက္ကဋ္ဌဖြစ်ခဲ့သူ ကိုထွန်းအောင်ကျော်က ပြောကြားသည်။

ယင်းသတင်းစာရှင်းလင်းပွဲ၌ သတင်းမီဒီယာသမားများသာ မေးမြန်းဖြေကြားမှုများ ပြုလုပ်သွားကြောင်း သိရှိရပြီး ယင်းပွဲသို့ တက်ရောက်လာ သည့် ABSDF ရဲဘော်ဟောင်းအချို့အား ပွဲစောင့်ကြည့်သူအချို့မှ တစုံတရာ မေးမြန်းခွင့်မပြုခဲ့၍ ယင်းပွဲသို့တက်ရောက်သည့် မြောက်ပိုင်းရဲဘော် ဟောင်းအချို့နှင့် နိုင်ငံရေးပါတီအချို့မှ မကျေမနပ်ဖြစ်ရခြင်းများ ရှိကြောင်း သိရပြီး ၎င်းတို့အတွက် သီးသန့်ပွဲတစ်ခု ထပ်မံစီစဉ်ပေးမည်ဖြစ်ကြောင်းနှင့် အဆိုပါသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ၁၉၉၀ခုနှစ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးတစ်ဦးမှ ကိုမိုးသီးဇွန်အား မြန်မာနိုင်ငံသို့ ပြန်လာ၍ နိုင်ငံရေးပါတီထူထောင်ရန် အစီအစဉ်ရှိမရှိဆိုသည့် မေးခွန်းအား မေးမြန်းခဲ့ကာ ကိုမိုးသီးဇွန်မှ အစီအစဉ်မရှိ ကြောင်း အဆိုပါ မေးခွန်းအား ပြန်လည်ဖြေကြားသည်။
ref..The voice weekly,Yangon chronicle

0 ဒဂုံတာရာ ပန်ကြားလွှာ


နိုင်ငံရေးအပေါင်းအဖော်များနဲ့ပြည်သူများအတွက်ပန်ကြားလွှာ

ကျနော်တို့မြန်မာပြည်၌နေထိုင်သောပြည်ထောင်စု သားများတွင် ရေခဲတောင်တန်းများ အနောက်ရိုးမသစ်တောများ
ဖုံးလွှမ်းနေသောနေရာများ သွေးညှီနံများမကုန်ကြသေးသည်ကိုတွေ့ ရသည် ကျွန်တော်များစွာဝမ်းနည်းမိပါသည်။

ထိုပြင် ပြည်သူ့ လွှတ်တော်ထဲ၌လဲ အမျိုးမျိုးသောအသံများကိုကျယ်လောင်စွာကြားနေရပါသည်။
ကျနော်တို့တိုင်းပြည်၌လည်း ဒီမိုကရေစီပန်းနုရောင်ကလည်းသန်းစအချိန်ဖြစ်ပါသည်။ အမတန်နုနယ်သောအချိန်ကာလဖြစ်ပါသည်။

ထိုပြင် မြန်မာနိုင်ငံကြီးပြန်လည်တည်ဆောက်ပြုပြင်ရာတွင်ပါဝင်ကြမည်ဟုအားခဲထားသော ကျောင်းသားခေါင်းဆောင် များနိုင်ငံရေးခေါင်းဆောင်များရောက်လာသောအချိန်လဲဖြစ်ပါသည်။

ထို့ကြောင့် ဒီမိုကရေစီပန်းနုရောင်ကာလသည် အချင်းချင်းမေတ္တာဖြင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်ရလောက်သော အနေအထားများဖြင့် ဆက်ဆံကာ မြန်မာပြည်တိုးတက်ရေးအတွက် အလေးထားလုပ်ဆောင်ရန်မေတ္တာရပ်ခံပါသည်။

ယခုကဲ့သို့ ဒီမိုကရေစီနုနယ်သောအချိန်သည်လှေကိုမလှုပ်အောင် လူးအောင်မလှုပ်ဖို့ အားလုံးကိုမေတ္တာရပ်ခံပါသည်။
လွန်ခဲ့သောနှစ်ကာလများအတွေ့အကြုံအရ ကျွန်တော်ယခုကာလကိုစိုးရိမ်စွာစောင့်ကြည့်နေရသောအချိန်ဟုယူဆပါသည်။

၂၀၁၅ ထိအခြေအနေ တည်ငြိမ်ချောမွေ့အောင်ဝိုင်းဝန်းထိန်းသိမ်းကြစေရန် ပန်ကြားအပ်ပါသည်။

ဒဂုန်တာရာ (သာမိုင်းခမ်း)

Monday, September 3, 2012

0 ခပ်ညံ့ညံ့အကြောင်းအရာများကိုတင်ပြခဲ့သောမြိတ်မြို့၏လွှတ်တော်အမတ်ဦးတင်ရှန်အား ဖယ်ရှားပေးပါရန်..(ပေးစာ)

တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့၏လွတ်တော်အမတ်ဦးတင်ရှန်သည်ယခုတခေါက်လွတ်တော်တွင်အောက်ပါအချက်နှစ်ခုကိုတင်ပြတောင်းဆိုခဲ့ကြောင်း15.8.2012 ရက်စွဲပါမြန်မာ့အလင်းသတင်းစာတွေ့နိုင်သည်။

ပထမတစ်ချက်မှာမြိတ်မြို့ကမ်းနားလမ်းတလျှောက်ပလက်ဖောင်းပေါ်တွင်အားကစားပစ္စည်းများထားရှိရေးနှင့်ဒုတိယအချက်မှာဆိုကရေးတီးကိစ္စရပ်များကိုပိုမိုအားပေးရေးတို့ဖြစ်သည်။

ဦးတင်ရှန်သည်သီတာရေလုပ်ငန်းကုမ္ပဏီမှမန်နေဂျာတစ်ဦးဖြစ်သည်။၎င်း၏ဖခင်ဦးကြင်မောင်မှာယခင်မစလပါတီမှတင်းပြည့်ကျပ်ပြည့်ပါတီဝင်တစ်ဦးဖြစ်သည်။အရည်ချင်းရှိမျိုးရိုးမှဆင်းသက်လာသူဖြစ်ပြီး၎င်းကိုယ်တိုင်ကြံဖွံပါတီဝင်ဖြစ်သည်။

မြိတ်မြို့လွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်လျှက်နှင့်မြို့၏အကျိုးကိစ္စ၊လူထုအကျိုးရှိမည့်ကိစ္စရပ်များကိုတင်ပြရမည့်အစား၊ရှုးကြောင်ကြောင်ကိစ္စများကိုသာတင်ပြခဲ့သည့်အတွက်မြိတ်မြို့သားတစ်ဦးအနေနှင့်အလွန်ပင်ရှက်မိဒေါသဖြစ်မိသည်။

ဦးလှသန်းကိုကြောက်၍အောက်ပါအချက်များကိုမတင်ပြပါ ရေလုပ်ငန်းကိစ္စရပ်များကိုမဆွေးနွေးမတင်ပြခဲ့ပါ။ငါးမှုန့်စက်ရုံအနံအသက်ဆိုးရွားစွာထွက်ရှိနေခြင်းကိစ္စများကိုမတင်ပြခဲ့ပါ။သစ်တောများမတရားခိုးထုတ်နေခြင်း၊သစ်တောပြုန်းတီခြင်းကိစ္စအကြောင်းများကိုလည်းမတင်ပြမဆွေးနွေးခဲ့ပါ။

ဦးဋ္ဌေးမြင့်ကိုကြောက်၍အောက်ပါအချက်များကိုမတင်ပြခဲ့ပါ လမ်းများအလွန်ပျက်စီးနေခြင်းကိုသိလျှက်ပင်
မတင်ပြခဲ့ပါ။လျှပ်စစ်မီတာခများဈေးကြီးပေးဆောင်နေရခြင်းကိစ္စများကိုလည်းမဆွေးနွေးခဲ့ပါ။ငါးဦးစီးဌာနနှင့်ငါးလုပ်ငန်းအဖွဲ့ချုပ်ကိုကြောက်၍ဒေသဖွံဖြိုးရေးကြေးများနှင့်VIP ကြေးများကောက်ခံနေခြင်းကိစ္စများကိုလည်းမတင်ပြခဲ့ပါ။

တရားဝင်အခွန်ဆောင်၍Exportထွက်ခွါနေသောငါးသယ်လှေ(လိုင်းဖြူ)များထိုင်းနိုင်ငံသို့တိုက်ရိုက်ထွက်ခွါခွင့်မရရှိဘဲ့ ကြားစခန်းဖြစ်သောဝါးကျွှန်းစစ်ဆေးရေးစခန်းများတွင်တဖန်အစစ်ဆေးခံပြီးမှထွက်ခွါနေရခြင်းကိုလည်းမတင်ပြခဲ့ပါ။မြန်မာ့ရေတပ်မတော်ကိုကြောက်၍ရေတပ်မတော်မှစစ်သင်္ဘောများတိုင်းရင်းသားပိုင်လှေအသီးသီးမှနည်းမျိုးစုံဖြင့်ခြိမ်းခြောက်ကာငွေတောင်းခံခြင်း၊ဒီဇယ်ဆီများကိုတောင်းခံခြင်းကိစ္စရပ်များကိုလည်းမတင်ပြခဲ့ပါ။
အမှန်တကယ်လိုအပ်နေသောအရာများကိုတင်ပြမည့်အစားခပ်ညံ့ညံ့အကြောင်းအရာများကိုတင်ပြခဲ့သောအညံ့စားအမတ်ကိုအမြန်ဆုံးဖယ်ရှားပေးနိုင်ရန်မြိုသားတစ်ဦးအနေဖြင့်တင်ပြအပ်ပါသည်။

မြိတ်မြို့သားတဦး

0 ပြည်တွင်းပြည်ပ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ အမှတ်တရပြန်လည်ဆုံစည်းပွဲနဲ့ပတ်သက်လို့ မေးမြန်းချက်


ပြည်တွင်းပြည်ပ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ အမှတ်တရပြန်လည်ဆုံစည်းပွဲနဲ့ပတ်သက်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

1 ဇာဂနာ တောင်းပန်ပြီ

Photo..The voice weekly

သြဂုတ်လ ၃၁ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လာခွင့် ရခဲ့သော ဒေါက်တာ သောင်းထွန်း၊ ဒေါက်တာ နိုင်အောင်၊ ဦးညိုအုန်းမြင့်တို့ကို သတင်းမီဒီယာများမှ သတင်းရယူရန် ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့ကြသည်။ ယင်းတို့ ရောက်ရှိခဲ့ကြရာတွင် အထက်ဖော်ပြပါ ပုဂ္ဂိုလ်များကို ကြိုဆိုသူများနှင့် ခရီးသွားသူများ ဖြင့် ရန်ကုန်လေဆိပ်တွင် စည်ကားနေခဲ့သည်။

သတင်းမီဒီယာများမှ သတင်းရယူရန် ကြိုးပမ်းနေစဉ်တွင် ဒေါက်တာ နိုင်အောင်နှင့် အဖွဲ့ကို ကြိုဆိုနေသူ များထဲက စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရေး တာဝန်ရှိသူ ဇာဂနာနှင့် မပြေမလည် ဖြစ်ခဲ့ရသည်။ သတင်းမီဒီယာများကို ဇာဂနာမှ ဆဲဆိုခဲ့သည်ဟု ပြောဆိုကြသည်။ ယင်းကိစ္စနှင့် ပတ်သတ်၍ ဇာဂနာက တောင်းပန်ကြောင်း မီဒီယာများသို့ ပေးစာတစ်စောင် ပေးပို့ခဲ့သည်။ အဆိုပါပေးစာကို မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။

ပြည်သူနှင့် မီဒီယာသမားများအား အသိပေးတောင်းပန်ခြင်း



၂ဝ၁၂ သြဂုတ်လ (၃၁)ရက် နေ့တွင် ကျွန်တော် ဇာဂနာသည် စစ်အုပ်ချုပ်ရေးကာလက ပြည်ပသို့ ထွက်ခွာသွားသောဒီမိုကရေစီအရေးလှုပ်ရှား ဆောင်ရွက်နေသူများအနက်တိုင်းပြည်သို့ ပြန်လာခွင့်ရသော ဒေါက်တာ သောင်းထွန်း၊ ဒေါက်တာ နိုင်အောင်၊ ဦးညိုအုံးမြင့်တို့ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သွားရောက် ကြိုဆိုခဲ့ပါသည်။ လေဆိပ်တွင်သတင်းရယူရန် စောင့်ဆိုင်းနေကြသော သတင်းထောက်များအား အဆင်ပြေပြေ သတင်းရယူနိုင်ရန် စီစဉ်ပေးခဲ့သော်လည်း အဆင်မပြေဘဲ အခြားခရီးသည်များကိုပါ အနှောက်ယှက် ဖြစ်စေခဲ့ပါသည်။

ထိုအပြင် သတင်းထောက်တစ်ဦးမှ ကျွန်တော့်အား တွန်းလိုက်သည့်အတွက် လဲကျသွားရာမှ အမှတ်မဲ့ ဆဲမိခဲ့ပါသည်။ ထိုဖြစ်ရပ်သည် မီဒီယာနယ်ပယ် အားလည်းကောင်း၊ သတင်းရယူနေသော သတင်းထောက်များအား လည်းကောင်း၊ စိတ်အနှောင့်အယှက် ဖြစ်သည်ဟု ကြားရသည့် အတွက် များစွာဝမ်းနည်း စိတ်မကောင်း ဖြစ်ရပါသည်။

ကျွန်တော်သည် နိုင်ငံနှင့် နိုင်ငံသားတို့၏ လွတ်လပ်မှုနှင့် တိုးတတ်ရေးအတွက်သာ အမြဲလုပ်ဆောင်လိုသော ဆန္ဒရှိပြီး နိုင်ငံ၏အရေးပါသော စတုတ္ထမဏ္ဍိုင်ကို အရှင်း စော်ကားလိုသောစိတ် မရှိသောကြောင့် ယခုဖြစ်ရပ်တွင် ပါဝင် ပတ်သတ်သူများနှင့် မီဒီယာများအား တောင်းပန်အပ်ပါသည်။

ဇာဂနာ

မြန်မာ အင်ဒီပဲန်ဒင့်

0 မြန်မာနိုင်ငံရဲ့အခြေအနေဟာ မပေါက်သေးတဲ့ထီလက်မှတ်ကိုင်ပြီးစိတ်ကူးယဉ်နေကြတဲ့အဆင့် ပဲရှိပါသေးတယ်။

VOA အသံလွှင့်ဌာန မြန်မာပိုင်း အစီအစဉ်မှ အစီအစဉ်မှူး ဦးသန်းလွင်ထွန်း နှင့်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တို့နှုတ်ဆက်နေသည်ကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊
သမ္မတရုံးညွှန်ကြားရေးမှူးဦးဇော်ဌေး (မှူးဇော်) တို့နှင့်အတူ တွေ့ရစဉ်။

အလဲဗင်းဆိုက်မှာ နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ့ရဲ့မှူးဇော်ဖေ့ဘုတ်မှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဒီမိုကရေစီစနစ်အောက်မှာပဲ စစ်တပ်အာဏာသိမ်းမှု အကြိမ်ကြိမ်ဖြစ်ပွားရင်း ဒီမိုကရေစီရင့်ကျက်လာတယ်ဆိုတဲ့ အမြင်တစ်ခုရေးသားထားတယ်လို့ ပုံနဲ့တကွဖော်ပြထားပါတယ်။ ယခုလတ်တလော လွှတ်တော်နဲ့အစိုးရအားပြိုင်မှုတွေကြားမှာ တစ်ဖက် နဲ့တစ်ဖက်မလျှော့ကြဘူးဆိုရင် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားလာနိုင်ကြောင်း ဦးဇော်ဌေးအနေနဲ့ဆိုလိုဟန်ရှိတယ်လို့ အလဲဗင်းကသုံးသပ်လိုတဲ့ပုံစံပါပဲ။ ဒီနေရာမှာ ၂ ခုကိုဆွေးနွေးလိုပါတယ်။

၁ အချက်က ဦးဇော်ဌေးကိစ္စပါ။ သူ့အနေနဲ့အစိုးရအဖွဲ့ရဲ့အကြီးဆုံးသမ္မတရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ပုံစံ (တရားဝင်ကြေငြာထားတာမတွေ့မိဘူး) အနေနဲ့ သူ့ရဲ့ဖေ့စ်ဘုတ်ကိုအသုံးပြုပြီး ကြေငြာချက်ဆန်ဆန်၊ သဘောထားဆန်ဆန်၊ ဖြေရှင်းချက်လိုလိုတွေထုတ်နေတာ ခဏခဏတွေ့နေရတယ်။ ဒါတွေဟာ သူ့ရဲ့သဘောထားတွေလား၊ သမ္မတရဲ့သဘောထားတွေလားဆိုတာ တရားဝင်ဖော်ပြချက်မရှိသလို၊ တရားဝင်ပါလို့လဲ ယူဆလို့၊တွက်ချက်လို့မရနိုင်ပါဘူး။ ဒါပေမဲ့ ဖေ့စ်ဘုတ်အကောင့်နိမ်း မှူးဇော်(ဗိုလ်မှူးဇော်ဌေးလို့ ဆိုလိုဟန်ရှိပါတယ်)ဆိုတာဟာ သမ္မတရုံးကညွှန်ကြားရေးမှူး ဦးဇော်ဌေးပါဆိုတာ အများကိုသိစေထားတဲ့အတွက် သူ့အနေနဲ့ ဒီအပေါ်ကရေးသားချက်တွေအပေါ်မှာ သတိရှိသင့်တယ်။ ဘောလုံးလောကမှာ ဖေ့စ်ဘုတ်ပေါ်က၊ တွစ်တာပေါ်က စကားလုံးတွေကြောင့် ပြဿနာတွေအပြင် ဒါဏ်ရိုက်တာတောင်ဖြစ်သေးတာ ခုလိုတနိုင်ငံလုံးကိုအုပ်ချုပ်နေတဲ့ သမ္မတရဲ့ လူတစ်ယောက်အနေနဲ့ ဒီလိုစကားမျိုးတွေ လက်လွတ်စပါယ် မပြောသင့်ဘူး။အခြားဌာနက ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ သူတွေဆို ဒီလိုမျိုး ဖေ့စ်ဘုတ်ပေါ်မှာ အမြဲတမ်း Update လုပ်ဖို့ဘယ်လိုမှ မအားနိုင်ဘူး။ ဒါပေမဲ့ မှူးဇော်ဆိုသူကတော့ အချိန်ပြည့်နီးပါး တင်နေနိုင်တော့ အလုပ်ပဲအားနေတာလား၊ ဒီလိုတင်ဖို့သက်သက်တာဝန်ပေးထားတာလား ဆိုတာမရှင်းနိုင်တော့ဘူး။

၂ အချက်က ခုမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ သပွတ်အူလိုဖြစ်နေပြီထင်တယ်။ ခုလွှတ်တော်နဲ့သမ္မတအားပြိုင်တာလား၊ အာဏာရကြံ့ဖွတ်အတွင်းမှာ အကွဲအပြဲဖြစ်တာလား၊ ဦးရွှေမန်းရွှေ့တဲ့ အကွက်တွေလား။ ခုဒီအထဲမှာစစ်တပ်ကိုပါ ဝင်ကစေမဲ့နှပ်ကြောင်းပေးသံတွေစလာပြန်ပြီ။ ခုသမ္မတက ဘယ်လိုအကြောင်းကြောင့် ABSDF အဖွဲ့တွေကို ခေါ်ယူဆွေးနွေးစေရပြန်တာလဲ။ ကျွန်တော်အမြင်အရတော့ မိုးသီးဇွန်တို့၊နိုင်အောင်တို့တွေအနေနဲ့အသံသာရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးရာမှာကော၊ မြန်မာပြည်တွင်းနိုင်ငံရေးမှာကော အကောင်းဘက်ကိုပို့ဆောင်ပေးနိုင်မဲ့ အကြောင်းအရာတွေမဟုတ်ပဲ ရှုပ်ထွေးလာတဲ့နိုင်ငံရေးမီးတောက်ကို ဖြည့်မဲ့လောင်စာတွေသာဖြစ်တယ်လို့ထင်မိတယ်။ ခုအလဲဗင်းမှာပဲ လူသတ်ပွဲမှာအဖမ်းခံပြီးလွတ်မြောက်လာခဲ့တဲ့ ကိုစိုးလင်းနဲ့ အင်တာဗျူးပြီး အဲဒီတုန်းကဖြစ်ရပ်တွေအပေါ် ဖွင့်ချထားတယ်။ အဲ..ဒါပေမဲ့ မိုးသီးဇွန်ကို သူရဲကောင်းလိုကြိုဆိုသူတွေကလည်း ကြိုဆိုနေပြန်တယ်။သတင်းတွေက သူတို့တွေ မြန်မာနိုင်ငံရေးကို မွှေနှောက်ဖို့ပြန်ရောက်လာတယ်လို့လဲ ကြားနေရပြန်တယ်။

မြန်မာနိုင်ငံရဲ့အခြေအနေဟာမပေါက်သေးတဲ့ထီလက်မှတ်ကိုင်ပြီးစိတ်ကူးယဉ်နေကြတဲ့အဆင့်ပဲရှိပါသေးတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဘယ်နေရာမှ အကောင်းဘက်ကို မရောက်သေးပါဘူး။ လမ်းကြောင်းပေါ်တောင်မရောက်သေးတဲ့အခြေအနေပါ။ ဒီလိုအခြေအနေကို နိုင်ငံရေးသမားဆိုတဲ့ (အစိုးရနဲ့စစ်တပ်အပါအဝင်) သူတွေ စိတ်ကြီးဝင်ပြီးမဖျက်ဆီးကြပါနဲ့။

အတ္တတွေဖုံးလွှမ်းလွန်းအားကြီးနေတယ်။ နေရာတကာ ငါဆိုတဲ့စိတ်တစ်ခုနဲ့ စဉ်းစားနေကြတယ်။ ဘယ်မှာလဲ ပြည်သူအတွက်ဆိုတဲ့စိတ်ရင်းစေတနာ။ ပြည်သူဆိုတဲ့စကားလုံးကို အကာအကွယ်ယူပြီး လုပ်စားနေကြတယ်။ အခုမြေကြီးထဲကထွက်ဖို့ကြံနေတဲ့ အပင်ပေါက် ဒီမိုကရေစီနိုင်ငံလေးကို အမဲဖျက်ဖို့၊ ရိုက်ချိုးဖို့ကြိုးစားနေကြတယ်။ ပြည်သူ့အတွက်ဆိုတဲ့ စကားလုံးကိုင်သုံးနေတဲ့သူတွေ ရှက်စိတ်လေးတော့ နည်းနည်းရှိကြပါလို့ပဲ ပြောချင်မိတော့တယ်။


robin76(MMCP)

Sunday, September 2, 2012

0 သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ABSDF ဥက္ကဋ္ဌဟောင်းများ တွေ့ဆုံ

Photo..Hla maung shwe Facebook
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးဝန်ကြီးနှစ်ဦးနှင့် ပြည်ပမှ ပြန်လည်ရောက်ရှိနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုဥက္ကဋ္ဌဟောင်းများတို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများကို ရန်ကုန်မြို့ ကမာရွတ် မြို့နယ်၊ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့်ရှိ ခြံအမှတ် ၁၃ တွင် Peace Centerတွင် စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် သမ္မတရုံးဝန်ကြီးနှစ်ဦး ဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ABSDF ဗဟိုဥက္ကဋ္ဌဟောင်းများ ဖြစ်ကြသည့် ကိုမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်နှင့် ၎င်းအဖွဲ့တို့ပါဝင်ပြီး ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင် ဦးဇာဂနာတို့ ပါဝင်ကြောင်း သိရသည်။

''ကျွန်တော်အားလုံးအစိုးရနဲ့ လက်တွဲဆောင်ရွက်သွားမယ်။ အစိုးရကလည်း ကျွန်တော်တို့နဲ့အတူ လက်တွဲ ဆောက်ရွက်မယ်။ အားလုံး ရှေ့ကို ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေးတွေကို အတူတူ လက်တွဲဆောင်ရွှက်မယ်ဆိုတဲ့ သဘောတူညီချက်တွေ အမြင်တွေ ရှိပါတယ်''ဟု ဆွေးနွေးပွဲအပြီးတွင် ကိုမိုးသီးဇွန်က ပြောကြားသည်။

ပြည်ပမှာရှိတဲ့ ညီအစ်ကိုမောင်နှမများအားလုံး ပြန်လာရန် သဘောတူထားပြီးဖြစ်ကြောင်း၊ ပညာရှင်အားလုံးအား ဖိတ်ခေါ်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားတွေနှင့်လည်း အမြန်ဆုံး ငြိမ်းချမ်းရေးရရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အမြန်ဆုံး လုပ်ကိုင်ဆောင်ရွက် သွားဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် အဓိက တိုင်းရင်းသားအရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စများအား ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်းသာ အကြမ်းဖျင်း ပြောကြားခဲ့ပြီး တွေ့ဆုံမှု အသေးစိတ်အား စက်တင်ဘာ ၃ ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ ယုဇနဟိုတယ်တွင်ပြုလုပ်မည့် သတင်းစာ ရှင်းလင်းပွဲ တွင် ဖြေကြားမည်ဖြစ်ကြောင်း ကိုမိုးသီဇွန်က မေးမြန်းမှုများ အား ပြန်လည်ဖြေကြားခဲ့သည်။

Yangon chronicle

0 သမ္မတရဲ့ ရခိုင်အရေး ရပ်တည်ချက် မန်းသံဃာနဲ့လူထု ထောက်ခံ ဆန္ဒဖော်ထုတ်




Now our Myanmar people show support on president U Thein Sein 's policy and stance on Bengali Issues in ARAKAN State.
Our people oppose and protest against Mr Tomas Ojea Quintana.

သမ္မတကိုထောက်ခံကြောင်းကြွေးကြော်ပြီး ရဟန်းသံဃာနဲ့ပြည်သူ တစ်သောင်းခန့် မန္တလေးမြို့မှာ ယနေ့မနက်ပိုင်း တရားဝင် ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်..

Photo..Eaint Thet Hmuu Kyaw,Kyaw moe win

0 မြန်မာအမည်တပ်၍ တရုတ်နိုင်ငံထုတ် တားမြစ်ပျားရည် ပြည်ပတင်ပို့ရန် စီစဉ်

တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့တင်ပို့လျက်ရှိသည့် တားမြစ်ဆေးဝါးများပါရှိသည့် တရုတ်ပျားရည်များကို မြန်မာအမည်တပ်၍ အခြားပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် တရုတ်နိုင်ငံမှဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ပျားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရသိရသည်။

“တရုတ်နိုင်ငံကထွက်တဲ့ ပျားရည်တွေကို တားမြစ်ဆေးတွေပါလို့ဆိုပြီး နိုင်ငံတကာက တင်သွင်းခွင့် ပိတ်ပင်ထားပါတယ်။ ဒီတော့ မြန်မာနိုင်ငံ ထဲကို တင်သွင်းတယ်။ တင်သွင်းရတဲ့ အဓိကရည်ရွယ်ချက်က မြန်မာအမည်သုံးပြီးတော့ နိုင်ငံခြားကို တင်ပို့ဖို့အတွက်ပဲ။ ဒီကိစ္စကို တားမြစ်နိုင်ဖို့အတွက် လုပ်ဆောင်နေပါပြီ”ပာု ပြည်တွင်းပျားလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ထို့ပြင် မကြာသေးမီကာလအတွင်းက တားမြစ်ဆေးပါရှိသည့် တရုတ်ထုတ်ပျားရည်များအား ပြည်တွင်းသို့ တင်သွင်းနေမှုအပေါ် တားမြစ်အရေး ယူပေးပါရန် မြန်မာနိုင်ငံ ပျားလုပ်ငန်းရှင်များအသင်းက မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနသို့ တင်ပြခဲ့ပြီး ယခုအခါ တရုတ်နိုင်ငံထုတ် ပျားရည်များကို မြန်မာနိုင်ငံမှတစ်ဆင့် အခြားပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် တရုတ်လုပ်ငန်းရှင်များက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“တရုတ်နိုင်ငံက တားမြစ်ဆေးပါတဲ့ပျားရည်တွေကို ပြည်တွင်းကို တင်သွင်းပါတယ်။ ဒီလိုဆို တကယ်ကျန်းမာရေးထိခိုက်မှုတွေဖြစ်လာရင် မြန်မာပြည်သူတွေပဲ ထိခိုက်ရမှာပါ။ ဒါကြောင့် ဒီကိစ္စကိုအမြန်ဆုံးတားမြစ်ဖို့အတွက် မွေး/ရေ ကိုတင်ပြခဲ့ရတာပါ။ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော ဆိုတဲ့ တရုတ်လုပ်ငန်းရှင်ကြီးတွေရဲ့ လုပ်ရပ်တွေပါပဲ။ ဒီအတွက်ကို တခုခု ပြန်တုန့်ပြန်သင့်ပါတယ်”ပာူ မြန်မာနိုင်ငံပျားလုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် မြန်မာ့ပျားရည်သည် ၂၀၀၅ ခုနှစ်မှစတင်၍ တန်ချိန် ၁၀၀ မှ ၂၀၀ ကျော်အထိ ထုတ်လုပ်၍ နိုင်ငံတကာ ဈေးကွက် သို့ တင်ပို့ရောင်းချလျက်ရှိပြီး လက်ရှိအချိန်တွင် မြန်မာ့ပျားရည်ကို အမေရိကန်၊ ဂျပန်၊ မလေးရှား၊ တရုတ်နှင့် ထိုင်းနိုင်ငံများသို့ အဓိကတင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။

Yangon chronicle

0 ၈၈ မျိုးဆက်ကျောင်းသားများရဲ့ စေတနာဝသန် ရန်ပုံငွေ ဖျော်ဖြေပွဲမှ မင်းကိုနိုင် ရဲ့ အမှာစကားနဲ့ ၈၈မျိုးဆက်ကျောင်းသူများနှင့် အဆိုတော်များ ပူးပေါင်းသီဆိုသော ၈၈ငြိမ်းချမ်းရေးတေးသံအဖွင့်သီချင်း

Video..အံ့ဘွယ်ကျော်

0 ၈၈ မျိုးဆက် စေတနာဝသန် ဂီတရန်ပုံငွေပွဲမှာ ၅၈၈သိန်းနဲ့လေလံအောင်သွားတဲ့၈၈ ဂစ်တာ

၈၈ မျိုးဆက် စေတနာဝသန် ဂီတရန်ပုံငွေပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားများဖြစ်သော ကိုမင်းကိုနိုင်၊ ကိုပြုံးချိုနှင့် ကိုဌေးကြွယ်တို့ ပန်းချီရေးဆွဲထားသော ဂစ်တာကို လေလံဆွဲယူတာ ဖြစ်ပါတယ်။ အခုအခါ အဆိုပါ ဂစ်တာကို လေလံစတင်နေပြီးဖြစ်ပြီး ၈ သိန်း ၈ သောင်းနဲ့ လေလံစတင်ကာ (၁) သိန်း ၂၀ (၂) သိန်း ၅၀ (၃) သိန်း (၄) ၈၈ သိန်း (၅) ကိုဝင်းနိုင်မှ သိန်း ၁၀၀ (၆) ကိုဇော်စိုးအောင် ၁၀၈ သိန်း ၈ သောင်း ၈ ထောင် (၇) ၁၈၈ သိန်း ၈ သောင်း ၈ ထောင် (၈) ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၂၀၈ သိန်း (၉) Sky Net မှ ၂၈၈ သိန်း ၈ သောင်း ၈ ထောင် (၁၀) ဦးဇော်ဇော်မှ သိန်း ၃၀၀ တိတိ (၁၁) ၃၈၈ သိန်း ၈ ထောင် (၁၂) ဦးဇော်ဇော်မှ သိန်း ၄၀၈ သိန်း (၁၃) Sky Net ရုပ်သံမှ ၄၈၈ သိန်း (၁၄) ဦးဇော်ဇော်မှ သိန်း ၅၀၀ (၁၅) SKY Net မှ သိန်း ၅၈၈ (စာရင်းပိတ်) ရယူသွားခဲ့ပါသည်။ အခု ရရှိတဲ့ လေလံငွေထဲမှ သိန်းတရာကို ကချင်ဒေသ စစ်ဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းတဲ့အပြင် နောက်ထပ် သိန်း ၁၀၀ ကိုပါ ချမ်းအေးလှတဲ့ ရာသီမှာ ဒုက္ခခံနေရရှာတဲ့ ကလေးငယ်တွေအတွက် လှူဒါန်းတဲ့အတွက် စုစုပေါင်း သိန်း ၂၀၀ တိတိကို ကချင်ဒေသအတွက် လှူပါတယ်၊ ရခိုင်ဒေသအတွက် သိန်း ၁၀၀ ထပ်မံ လှူဒါန်းပါသည်။ —
ဂီတပွဲ အခမ်းအနားသို့ တက်ရောက်လာသော အမျိုးသားဒီမိုကရေအဖွဲ့ချုပ် နာယက အဖွဲ့ဝင် ဦးတင်ဦးနှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း နှင့် ဦးအောင်မင်း
ယနေ့ညနေ ၈၈မျိုးဆက်ကျောင်းသားများရန်ပုံငွေ ဂီတဖျော်ဖြေပွဲသို့ တက်ရောက်လာသော သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း

ဂီတဖျော်ဖြေပွဲတွင် ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုပြုံးချိုတို့က ဂစ်တာပေါ်တွင် ပန်းချီရေးဆွဲထားသောဂစ်တာကို လေလံတင် ရောင်းချရာSkyNetကကျပ်သိန်း၅၈၈အမြင့်ဆုံးပေး၍ လေလံအောင်သွားသည်။ အဆိုပါဂစ်တာကို လေလံဆွဲသူတစ်ဦးဖြစ်သော ဒေါ်သတိုးသူဇာအောင်ကကျပ်ရှစ်သိန်းရှစ်သောင်းပေး၍ လေလံကို စဖွင့်သည်။ နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ကလည်း ၀င်ရောက်လေလံဆွဲခဲ့ပြီး ကျပ်သိန်း ၅၀၀ အထိ ပေးခဲ့ရာ၊SkyNetကအမြင့်ဆုံးဈေးဖြစ်သော၅၈၈သိန်းပေးကာ လေလံအောင်သွားခြင်းဖြစ်သည်။ လေလံမအောင်သော်လည်း ဦးဇော်ဇော်က ဧရာဝတီ၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့မှ ဒုက္ခသည်များအတွက် ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့သည်။

ဂီတဖျော်ဖြေပွဲမှ အလှူငွေများ ထပ်မံရရှိသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးမှ ဒုက္ခသည်များအတွက် ကျပ်သိန်း ၁၀၀၊ ကချင်စစ်ပြေးဒုက္ခသည်များအတွက် ကျပ်သိန်း ၁၀၀၊ ရခိုင်ပြည်နယ်မှ ဒုက္ခသည်များအတွက် ကျပ်သိန်း ၁၀၀ စီ ထပ်မံလှူဒါန်းမည်ဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုမြအေးက ကြေညာသွားသည်။ ထို့ကြောင့် အထက်ပါဒေသသုံးခုမှ ဒုက္ခသည်များအတွက် လောလောဆယ် အလှူငွေရရှိမှုအရ တစ်နေရာလျှင် ကျပ်သိန်း ၂၀၀ စီ လှူဒါန်းမည်ဖြစ်သည်။
ကျပ် သိန်း ၅၈၈ သိန်းဖြင့် ၈၈မျိုးဆက်ကျောင်းသားများ၏ ဂီတာကို လေလံဆွဲသွားသူ Sky Net TV မှ MD ဦး
burma vj medianetwork,7 dasys news journal
Photo..အံဘွယ်ကျော်.Thiha nwe

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.