တပ်ဟောင်း တပ်ဟောင်းချင်း အဆင်ပြေတယ်၊ ဒါပေမယ့် အတွေးသစ်အမြင်သစ်သမားတွေနဲ့ဆို အဆင်မပြေတော့ဘူး။ မာန်လေးတွေရှိလာတယ်။ ငါက ဗိုလ်မှူးကြီးဟောင်း၊ ငါက ဗိုလ်မှူးချုပ်ဟောင်း၊ ဒင်းတို့က မနေ့တစ်နေ့ကမှ ထောင်ကလွတ် လွှတ်တော်ရောက်ပြီး ငါတို့ကို လာအုပ်ချုပ်လို့ မရဘူးဆိုတဲ့ အဆိုးမြင်အတွေးတွေ အများကြီးကျန်သေးတယ်။ ဒီလိုပုံစံအတိုင်းသာဆက်သွားရင် အချင်းချင်းငြိကုန်လိမ့်မယ်၊ ကောင်းတာကတော့ ညွှန်ချုပ် တို့ ဒုညွှန်ချုပ်တို့ စတဲ့ အဆင့်တူ အကြီးအကဲတွေ ကိုယ်တိုင် ဖိတ်ခေါ်ရမယ်။ ပညာယူမယ်၊ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အတိုင်းထက်အလွန် အဆင်ပြေသွားမှာ။ ဒီလို မလုပ်နိုင်ဘူးဆိုကတည်းက သူတို့မှာ ဘာတွေ မဟုတ်တာလုပ်ထားပြီလဲလို့ ထင်စရာရှိလာပြီ။ ပေါ်ကုန်မှာစိုးလို့ ပေါင်းမလုပ်တာပဲဖြစ်ရမယ်။ အဲဒီနေရာတွေမှာ တပ်ငြိမ်းတွေပဲ ဆက်ထားမယ်ဆိုရင် အစိုးရရဲ့ နောက်ကြောင်းပြန်မလှည့်ပါဘူးဆိုတာကို ပြန်စဉ်းစားရတော့မယ်။
လွှတ်တော်တစ်ရပ်ပေါင်းရှိ ကော်မရှင် ကော်မတီအသီးသီးရှိ ပြည်သူ့ အကြိုက် ဆောင်ရွက်ပေးနေသော လွှတ်တော်အမတ်များကို အုပ်ချုပ်ရေးဆိုင်ရာ အကြီးတန်းအရာရှိများက မဆိုင်သောကိစ္စများကို ၀င်ရောက်စွက်ဖက်နေသည်ဟု အမြင်စောင်းနေကြောင်း နေပြည်တော်ဝန်ထမ်းရပ်ကွက်မှ သိရှိရသည်။
ယခု တရားစီရင်ရေးကဏ္ဍအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ပြင်းထန်သော မှတ်ချက်များ ထွက်ပေါ်လြာ
ခင်း၊ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထားသော တရားဥပဒေစိုးမိုးရေးကော်မတီမှ ကော်မတီဝင်များ ရန်ကုန်မြို့ရှိ တရားရုံးများသို့ စစ်ဆေးကြည့်ရှုမှုများပြုလုပ်ပြီးနောက်ပိုင်း ဥပဒေပြုရေးမဏ္ဍိုင်ဘက်မှ အုပ်ချုပ်ရေးဘက်ကို စွက်ဖက်နေသည်ဟု ထင်မြင်ယူဆလာခြင်းဖြစ်ကြောင်းသိရှိရသည်။
ယခင်အစိုးရလက်ထက် ၀န်ကြီးရာထူးမှ အနားယူပြီးသော လွှတ်တော်အမတ်များ ဦးဆောင်သည့် စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကော်မရှင်များကို အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများက အဆင်ပြေစွာ လိုလိုလားလားဆက်ဆံနေပြီး ယခုကဲ့သို့ ဆက်ဆံရေးနှစ်မျိုးဖြစ်နေသည်ကို တွေ့နေရကြောင်းကို " ပြည်သူလူထု အမှန်တကယ်လိုအပ်တဲ့ကိစ္စတွေ အုပ်ချုပ်ရေးပိုင်းက ပြည်သူတွေအပေါ်လစ်လျူရှုတာတွေကို အလုပ်လုပ်ပေးနေတဲ့ လွှတ်တော်အမတ်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ၀န်ထမ်းအကြီးအကဲတွေက အစာမကြေတာတွေတွေ့လာရတယ်။ အဓိက အစာမကြေတဲ့သူတွေကတော့ ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည်တို့ ဦးသိန်းညွန့်တို့ပေါ့။ နောက်ပြီး ဦးခိုင်မောင်ရည်တို့ ဦးအောင်ကိုးတို့လည်းပါတယ်။ ဥပဒေပြုအာဏာက အုပ်ချုပ်ရေးဘက်ကို ယိမ်းနေပြီလားလို့ ပြောနေကြတယ်။ အမတ်က လွှတ်တော်မှာပဲနေ အုပ်ချုပ်ရေးနဲ့မဆိုင်ဘူး။ မဏ္ဍိုင် ၃ ခုက သီးခြားစီရပ်တည်နေတယ်လို့ထင်နေကြတယ်။ အမှန်က ဒီလိုမဟုတ်ဘူး၊ တစ်ခုနဲ့ တစ်ခု အပြန်အလှန်အမှီသဟဲပြုနေကြတာ။ တရားစီရင်ရေးမဏ္ဍိုင်ပြိုလဲတော့မယ်ဆိုရင်
ကျန်တဲ့ နှစ်တိုင်က ၀င်ထောက်ပေးရမယ်၊ ဒါမှ အချင်းချင်း သဟဇာတဖြစ်ပြီး အမှီသဟဲဖြစ်နေမယ်။ အခုဟာက ဘယ်လိုဖြစနေလဲဆိုတော့ ကိုယ်ကိုယ်တိုင်လည်း ဖြစ်မြောက်အောင်မဆောင်ရွက်နိုင်ဘူး။ သူများက ၀င်ကူတော့လည်း အပြစ်တင်နေသေးတယ်၊ ဒီလိုဖြစ်နေတာဟာ ကောင်းမွန်တဲ့လက္ခဏာတော့မဟုတ်ဘူး၊
တရားစီရင်ရေးမဏ္ဍိုင်ပြိုလဲနေပြီလို့ ထောက်ပြတာကို မဟုတ်ဘူး အတင်းခံငြင်းနေတယ်၊ ရပ်ကွက်ထဲက ၃ နှစ်သားကလေးကို တရားသူကြီးလာဘ်မစားဘူးလို့ သွားပြောရင်တောင် ကလေးက ခေါင်းပြန်ခါပြလိမ့်မယ်။ ဘယ်သူ့မှ မယုံဘူး။ တရားသူကြီးတင် မဟုတ်ဘူး။ သက်ဆိုင်ရာ ဥပဒေအကျိုးဆောင်တွေ၊ ရဲတွေ၊ လုံခြုံရေးတာဝန်ထမ်းဆောင်တဲ့သူတွေ၊ အကောက်ခွန်၊ ပြည်တွင်းအခွန် ပြောရရင် ကျန်မှာတောင် မဟုတ်ဘူး။ နည်းနည်းနဲ့ များများပဲကွာတယ်။ ဒါကို သိသိရဲ့ကြီးနဲ့ မရှိပါဘူး၊ မဟုတ်ပါဘူး အတင်းငြင်းနေတာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတို့ ရဲ့ ပျော့ကွက်ပဲ၊
ဒါကို လွှတ်တော်အမတ်တစ်ချို့က အပင်ပန်းခံပြီး လုပ်ပေးနေတဲ့ဟာကို ပူးပေါင်းပြီး တွဲမခေါ်ပဲ အခုလိုအယူဆလွဲနေတာကတော့ သမ္မတကြီးရဲ့ ပေါ်လစီတွေ မိန့်ခွန်းတွေဟာ ကြားကောင်းယုံဖြစ်ပြီး အုပ်ချုပ်ရေးရဲ့ အောက်ခြေ၀န်ထမ်းတွေအထိ မထိရောက်ဘူးဆိုတာပြသနေတာပဲ။ ဒါပေမယ့် စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုကော်မရှင်တွေနဲ့ကတော့ အားလုံးလျောလျောရှူရှူပဲ၊ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းက သက်ဆိုင်ရာဝန်ထမ်းအကြီးအကဲနေရာတွေရဲ့ ၈၀ % လောက်ဟာ စစ်တပ်က အငြိမ်းစားတွေဖြစ်နေလို့ပဲ။ တပ်ဟောင်း တပ်ဟောင်းချင်း အဆင်ပြေတယ်၊ ဒါပေမယ့် အတွေးသစ်အမြင်သစ်သမားတွေနဲ့ဆို အဆင်မပြေတော့ဘူး။ မာန်လေးတွေရှိလာတယ်။ ငါက ဗိုလ်မှူးကြီးဟောင်း၊ ငါက ဗိုလ်မှူးချုပ်ဟောင်း၊ ဒင်းတို့က မနေ့တစ်နေ့ကမှ ထောင်ကလွတ် လွှတ်တော်ရောက်ပြီး ငါတို့ကို လာအုပ်ချုပ်လို့ မရဘူးဆိုတဲ့ အဆိုးမြင်အတွေးတွေ အများကြီးကျန်သေးတယ်။ ဒီလိုပုံစံအတိုင်းသာဆက်သွားရင် အချင်းချင်းငြိကုန်လိမ့်မယ်၊ ကောင်းတာကတော့ ညွှန်ချုပ် တို့ ဒုညွှန်ချုပ်တို့ စတဲ့ အဆင့်တူ အကြီးအကဲတွေ ကိုယ်တိုင် ဖိတ်ခေါ်ရမယ်။ ပညာယူမယ်၊ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အတိုင်းထက်အလွန် အဆင်ပြေသွားမှာ။ ဒီလို မလုပ်နိုင်ဘူးဆိုကတည်းက သူတို့မှာ ဘာတွေ မဟုတ်တာလုပ်ထားပြီလဲလို့ ထင်စရာရှိလာပြီ။ ပေါ်ကုန်မှာစိုးလို့ ပေါင်းမလုပ်တာပဲဖြစ်ရမယ်။ အဲဒီနေရာတွေမှာ တပ်ငြိမ်းတွေပဲ ဆက်ထားမယ်ဆိုရင် အစိုးရရဲ့ နောက်ကြောင်းပြန်မလှည့်ပါဘူးဆိုတာကို ပြန်စဉ်းစားရတော့မယ်။
အခုလက်ရှိ ရာထူးတွေအတိုင်းသာ နောက်နှစ်တွေ နှစ်တွေမှာ ရာထူးတက်ကြည့် နောင်နှစ် နှစ်ဆယ် အရပ်သား ၀န်ထမ်းအကြီးအကဲ မတက်လာနိုင်ဘူး။ ဒီအချက်ကို ပြင်ဖို့လိုတယ်။ ဒီအချက်က ဘာကိုပြနေသလဲဆိုရင် စစ်တပ်မျိုးဆက်က အုပ်ချုပ်းရေးပိုင်းမှာ နည်းလမ်းအမျိုးမျိုးနဲ့ ချုပ်ကိုင်ထားပြီး အရပ်သားဝန်ထမ်းတွေကို မယုံဘူးဆိုတာပြနေသလိုဖြစ်နေတယ်။" ဟု လေ့လာသူတစ်ဦးဖြစ်သူ ကိုမျိုးညီညီနဲ့ တွေ့ဆုံစဉ် ထောက်ပြဝေဖန်သွားပါတယ်။
interviewed by: People Development for Knowledge
Answered by: Myo Nyi Nyi

သတင်းအကျဉ်းချုပ် ...
ဆင်းရဲနွမ်းပါးမှုသည် လူ့ဘဝကို ဒုစရိုက်အမှောင်အတွင်းသို့ အချိန်မရွေး တွန်းပို့နိုင်သည်။ ရိုးသားစွာလုပ်အားဖြင့် မိသားစုများ အားရှာဖွေကျွေးမွေး လျက်ရှိသော စာရိတ္တကောင်းမွန်သောသူများ အမှောင်တွင်းသို့ မရောက် ရှိနိုင်စေ ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ရန် လိုအပ်ပါသည်။ ဝိုင်းဝန်းပြုပြင်ရန်လည်း လိုအပ်ပါသည်။ နံနက် ၈ နာရီကျော်ကျော်ခန့် ရှိသေးသည်။ လမ်းထဲမှ ဆိုက် ကားသမားလေးကိုသက် ဆိုက်ကားကူရှင်နှစ်လုံး ကို ပွေ့ပိုက်ကာ ပြန်လာ တာ တွေ့မြင်လိုက်ရသည်။
စာရေးသူ လည်း ကိုသက်ဘာများ ဖြစ်လာပါလိမ့်ဟု စိတ်ပူမိကာ ၄င်းကို မေးမြန်း မိပါသည်။ ကိုသက်က စိတ်မကောင်းစွာဖြင့် သူ့ရဲ့ ဖြစ်ခဲ့ပုံများအား ဤကဲ့သို့ ရှင်းပြပါသည်။ ကျွန်တော်တို့ ဆိုက်ကားသမားတွေတော့ ဒုက္ခရောက် ပြီဗျာ။ တောင်းပန်လို့လည်း မရပါဘူး။ အသနားခံလို့လည်း မရဘူးဗျာ။ ကျွန်တော်တို့က ရိုးရိုးသားသား ဆိုက်ကား နင်းစားကြတဲ့ သူတွေပါ။ ဒီဆိုက်ကား အသိမ်းခံလိုက် ရပြီဆိုတော့ ဘဝပျက်မတတ် ခံစားရပြီပေါ့။ ဒီဆိုက်ကားလေး ကိုယ်ပိုင် နင်းရဖို့ငွေကို နှစ်နဲ့ချီ အကြာကြီး စုထားရ တာ။ နောက်ပြီး ရပ်ကွက်ထဲမှာ ဆင်းရဲနွမ်းပါး လျော့နည်းပပျောက်ရေး အတွက် အသေးစား ချေးငွေထုတ်ပေးတဲ့ဆီက တစ်ပတ်တစ်ကြိမ် ပြန် ဆပ်ရတဲ့ အကြွေးကလည်း ရှိသေးတယ်။ မိသားစုဘဝ စားဝတ်နေရေး၊ ကလေးကျောင်းစရိတ် ဒါတွေကလည်း ရှိပါတယ်။ ကျွန်တော်ဆို ၃ တန်း ကလေး တစ်ယောက်၊ သူငယ်တန်း ကလေးက တစ်ယောက် အခုတော့ ဒုက္ခရောက်ပြီပေါ့ဗျာ။ ကျွန်တော်တို့ လိုင်စင်မဲ့
ဆိုက်ကားသမားလေးတွေရဲ့ ဘဝတွေ ဘယ်လောက် ဒုက္ခရောက် သလဲဆိုရင် အနှေးယာဉ် ကြီးကြပ်ရေး အဖွဲ့ကိုလည်း အဖမ်းမခံရအောင် လစဉ်ကြေးအဖြစ် တစ်လ ကျပ် ၂ဝဝဝ ပေးရတယ်။ စည်ပင်မသိအောင် တစ်ခါတစ်ရံ သူတို့ က ဖမ်းသော် လည်း ဒဏ်ငွေ ကျပ်တစ်သောင်းလောက်သာ ရိုက်ပြီး ပြန်လွှတ်ပေးတယ်။ ဒီလောက်ဆိုရင် ကျွန်တော်တို့ ရှာကြံပြီးဖြေရှင်းလို့ ရတာပေါ့ဗျာ။ အခုဟာက ချမှတ်ထားတဲ့ ဥပဒေအတိုင်း လုပ်မှာပါလို့ စည်ပင်အုပ်ချုပ်ရေးမှူးထံမှ သိရှိရတော့ အပြီးသိမ်းတဲ့ သဘောမျိုး သက်ရောက်တာပေါ့ဗျာ။
ကျွန်တော်တို့ လှိုင်သာယာမြို့နယ်ထဲမှာ လိုင်စင်ရှိတဲ့ ဆိုက်ကားက တစ်ထောင့်လေးရာ တစ်ဆယ့်လေးစီး သာရှိပါတယ်။ ဒီဆိုက်ကားတွေ ကလည်း နင်းသားတွေ ကိုယ်တိုင် ဝယ်နင်းနိုင်တဲ့ ဆိုက်ကားတွေ မဟုတ် ပါဘူး။ ဆိုက်ကားထောင်စားတဲ့ စီးပွားရေးသမားတွေပိုင်တဲ့ ဆိုက်ကားတွေ ပဲ ဖြစ်ပါတယ်။ လိုင်စင်မဲ့ ဆိုက်ကားတွေက လေးထောင်ကျော် လောက် ရှိပါတယ်။ တကယ်တော့ လိုင်စင်မဲ့ဆိုက်ကားတွေ ပိုင်ဆိုင်တဲ့သူတွေက ကျွန်တော်တို့ ကိုယ်တိုင်နင်းကြတဲ့ နင်းသား ကိုယ်ပိုင်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆိုက်ကားတွေကို လိုင်စင်ထုတ်ပေး သင့်ပါတယ်။ ဒါမှ ကျွန်တော်တို့လည်း ကိုယ်ပိုင် ဆိုက်ကားလိုင်စင်လေးနဲ့ နင်းရရင် အရမ်းပျော်ရွှင်ကြမှာပါ။ ကျွန်တော်တို့ မိသားစု ပြဿနာတွေလည်း လွယ်လွယ် ကူကူနဲ့ ပင် ဖြေရှင်းလို့ ရကြမှာပါ။
ကိုသက်ပြောတာ မှန်ပါတယ်။ တကယ်တော့ ဒေသကြီးအစိုးရအဖွဲ့ ဦးစီးကာ ဆင်းရဲနွမ်းပါးလျော့နည်း ပ ပျောက်စေရန် မြို့ပြကျေးလက်ဒေသ တို့မှာ ချေးငွေများ ထုတ်ချေးပေး ကြ ခြင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အတော်အတန် အဆင်ပြေကြပါတယ်။ ဆိုက် ကားသမား၊ ပဲပြုတ်သည်၊ ကုန်စိမ်း သည်၊ သားစိမ်းငါးစိမ်းရောင်းတဲ့ သူတွေ၊ လက်လုပ်လက်စားတွေ အားလုံး အားလုံး ပါပဲ။ သူတို့တွေ အခက်အခဲများစွာကို ဒီချေးငွေ ကြောင့် ပြေလည်နေကြ တာကိုလည်း တွေ့ ရှိရပါတယ်။ အခုလိုမျိုး လက်လုပ်လက်စား လူတန်းစား ထဲမှ သူတို့ ကိုယ်ပိုင်ဆိုက်ကားလေးတွေကို လိုက်လံသိမ်းဆည်းနေမယ့် အစား သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့ အစည်းများက လိုင်စင်များ ထုတ်ပေး ကာ တရားဝင် ရဲရဲဝံ့ဝံ့ လုပ်ကိုင်စားရအောင် စီစဉ်ပေးသင့်ပါတယ်။ ဤသို့ ပြုလုပ်မည်ဆိုလျှင် နိုင်ငံတော်အတွက်လည်း အခွန်ငွေ ရရှိပါတယ်။ အခုလက်ရှိ စီမံချက်ဖြစ်တဲ့ ဆင်းရဲနွမ်းပါးလျော့ နည်းပပျောက် ရေး စီမံချက် ကိုလည်း အကောင်အထည်ဖော် ဆောင်ရာရောက်ပါတယ်။ အမှန်တကယ်ဆင်းရဲသူတို့အားငဲ့ညှာသနားရာကူညီထောက်ပံ့ရာရောက်မည်လည်း ဖြစ်ကြောင်း ပြည်သူများကြားမှ ပြည်သူ့အသံအား ရေးသား တင်ပြလိုက်ရပါတယ်။
မောင်သာဖြန်း (ထန်းတပင်)
Popular Myanmar News Journal

သတင်းအကျဉ်းချုပ် ...
အဲဒီလို ထိခိုက် ဒဏ်ရာရ သူပေါင်း မြောက်များစွာကို တစ်ခါမှ မစောင့်ရှောက်ခဲ့တဲ့ တော်ဝင် သစ်အချောထည်စက်ရုံ က ပြဿနာ အမှန်တရား ဖက် မှာ အဆုံးအဖြတ်ရှိမရှိ နဲ့  -- အပြောင်းအလဲ ကို ဦးတည်နေတဲ့ သမ္မတကြီးနဲ့  ပြောင်းလဲစေ့ချင်သူတွေ သိစေဖို့ 
အခြေခံ နေ့  လုပ်ခ ၂၀၀၀ ကျပ် ၃၀၀၀ကျပ်နဲ့  နေ့ စား အပတ်ရှင်း နဲ့  အလုပ်သမားတွေ ခေါ်ပါတယ် တချို့ ဆို လုပ်သက် ၁၅ နှစ်ရှိပြီ ဖြစ်ပေမဲ့ ပါမစ်နစ်မရှိ တနေ့ လုပ်မှ တနေ့ စားရတယ် ။ ၂၀၀၀ နဲ့  ခန်တော့ စက်ရုံအလုပ်မို့  သစ်ရွေး - ကော်ပတ်စား-ကျောက်ပြားကပ် လေးတွေအတွက်ရုပ်ရည်အသင့်အတင့်မိန်းကလေးတွေ ချောချောမောမောငယ်ငယ်ရွယ်ရွယ်လေးတွေ က အစ ၀င်လုပ်ကြတဲ့ အခါ --အလုပ်ဆင်းဆဲမှာပဲ ဆယ်ဘီးကား ကုန်တင် သစ်တင်ကားကြီးတွေ နဲ့ အပြင်ဆိုင်းအတွက် ခွဲဆင်းရတယ် ။
မိန်းကလေးတွေ ရထပ် အမြင့်ထိ ကျောက်ပြားသယ်ရတယ် ။ နောက်ဆုံး အပြင် ပန်း၇ံ သမား ပန်းရံ အလုပ်ကြမ်းအလုပ်လုပ်တွေ ခိုင်းလာတယ် --တကယ်ဆို တည်တည်ငြိမ်ငြိမ်ရှိချင်လို့  စက်၇ုံတွင်း ကို လုပ်ခ ၂၀၀၀ ကျပ်နဲ့ လုပ်ကြတာပါ ။ အပြင်မှာပန်ရံ လိုက်ဆင်းရင် မြေသယ်အုပ်သယ် -အဆင့်ပင် ၃၅၀၀ --၄၀၀၀ ရတာမို့  ၂၀၀၀ နဲ့ ခန့် ပြီး ခုလို ကြမ်းတမ်းစွာခိုင်းစေနေတာလည်း ပြဿနာကို စစေတဲ့ အဓိက

သတင်းအကျဉ်းချုပ် ...
၈၈မျိုးဆက်များသမဂ္ဂကျောင်းသားများနှင့် တကြော့ပြန် ဂျပ်ဆင်ကျောင်းနံရံတဝိုက်.
ဂျပ်ဆင်ကင်တင်းမှာ
ယုဒသန်မှာ ခင်းကျင်းပြသ ရောင်းချနေသည့် တကသ အဆောက်အုံပြန်လည်တည်ဆောက်ရေးရန်ပုံငွေရှင်သန်ဖူးဝေကံကော်မြေပန်းချီပြပွဲ။ ( Photo by စမ်းချောင်းကိုကိုကြီး )

သတင်းအကျဉ်းချုပ် ...
နိုဝင်ဘာလ ၆ ရက်နေ့ ( မြန်မာပြည်တွင်မူ နိုဝင်ဘာ ၇ ရက် နံနက်ပိုင်း ) သည် အမေရိကန်ပြည်ထောင်စုအတွက် အရေးကြီးသောနေ့ရက်တစ်ခုဖြစ်သည်။
ယင်းနေ့နီးလာသည်နှင့်အမျှ လက်ရှိသမ္မတ အိုဘားမားနှင့် ၄င်းကိုစိန်ခေါ်သူ ရီပါပလီကန်ပါတီမှ မစ်ရွန့်နေးတို့၏ အားပြိုင်
မှုမှာ သူတင်ကိုယ်တင်အကျိတ်အနယ်ရလာဒ်များဖြင့် စိတ်လှုပ်ရှားဖွယ်ဖြစ်လာခဲ့သည်။
ကမ္ဘာကြီးနှင့် အမေရိကန်ကို ပြောင်းလဲပေးမည်ဟူသော စကားဖြင့် အမေရိကန်ပြည်သူများကို ဆွဲဆောင်ခဲ့သော လက်ရှိသမ္မတ ဘာရတ်အိုဘားမားအတွက်မူ ယခုရွေးကောက်ပွဲသည် သူ၏ အနာဂတ်ပင်ဖြစ်ပြီး မကြာသေးခင်က ဖြစ်ပွားခဲ့သော စန္ဒီမုန်တိုင်းဒဏ်သင့်ပြည်နယ်အချို့၏ မကျေနပ်မှုက ၄င်း၏ မဲဆွယ်စည်းရုံးမှုနှင့် လူကြိုက်များမှုအပေါ် အချိန်ကိုက်ချည့်နဲ့စေသည်
ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
၁၇၈၇ခုနှစ်မှစခဲ့သည့် အမေရိကန်သမ္မတရွေးကောက်ပွဲသက်တမ်းနှစ်ပေါင်း ၂၂၈ နှစ် အတွင်း ယခုရွေးကောက်ပွဲသည် ၅၇ ကြိမ်မြောက်ဖြစ်သည်သာမက ၂၀၀၈ခုနှစ်တွင် အမေရိကန်နိင်ငံ၏ ၄၄ ဦးမြောက် သမ္မတဖြစ်လာသည့် အိုဘားမားသည် သမ္မတအဆက်အဆက်အနက် အသက်အငယ်ဆုံးနှင့် ပထမဆုံးလူမည်းသမ္မတဖြစ်ပြီး မနက်ဖြန်တွင် သူသည်ပင် ဒုတိယအကြိမ်သမ္မတရာထူးကို ဆက်ခံ၍ ၄၄ဦးမြောက်သမ္မတအဖြစ်ပင်ဆက်ရှိနေမည်လား။ ပြိုင်ဘက်ဖြစ်သူမစ်ရွန်နေးက ၄င်းကိုအလဲထိုး၍ အမေရိကန်သမိုင်းတွင် ၄၅ဦးမြောက်သမ္မတအဖြစ် မှတ်တမ်းတင်နိုင်မည်လားဆိုသည်ကိုမူ လက်ရှိအချိန်အထိ မည်သူမှ အတပ်မပြောနိုင်သေးပေ။
သို့ရာတွင် သူတို့နှစ်ဦးစလုံးအနေဖြင့် လက်ရှိရွေးကောက်ပွဲအား ဓါးသွားပေါ်
ထိုင်နေရသည့် အခြေအနေဟု တူညီစွာရှုမြင်ထားကြသည်။ကမ္ဘာ့နိုင်ငံများ၏ သဘောထားတွင်လည်း ကွဲလွဲမှုများရှိပြီး ယင်းသည်ပင် ရွေးကောက်ပွဲ ကို ပိုမိုသက်ဝင်စေသည်။
ယခုလအတွင်းကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပမည့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ အိုဘားမားတက်ရောက်ရန်ရှိနေပြီး ထိုင်းနိုင်ငံနှင့်မြန်မာသို့လာရောက်မည်ဟုသတင်းများထွက်ပေါ်နေရာ ဤရွေးကောက်ပွဲသည် အဆိုပါအခြေအနေများအတွက် အရေးပါနေပြီဖြစ်သည်။
အာဆီယံအနေဖြင့်အိုဘားမားဆက်လက်အနိုင်ရပါက အာရှပစိဖိတ်ဒေသတွင်စစ်ရေးအရ ပို၍ထိန်းသိမ်းနိုင်ရန်မျှော်မှန်းထားကြပြီး ထိုင်းနှင့် ပူးတွဲပြုလုပ်မည့် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံကိုပါတက်ရောက်စေလိုသည့် ဆန္ဒအိုဘားမားတွင် ရှိသည်ဟု ခန့် မှန်းပြောဆိုကြသည်။
တရုတ်နိုင်ငံအတွက် အမေရိကန်နှင့် ဆက်ဆံရေးအပြောင်းအလဲသစ်တစ်ခုကိုမျှော်လင့်လျက်ရှိရာ မစ်ရွန်နေးသည် အဖြေတစ်ခုဖြစ်နိုင်မည်လားဆိုသည်မှာလည်းတတ်အပ်ပြော၍ မရနိုင်ပေ။
၂၀၀၀ ၊ ၂၀၀၄ နှင့် ၂၀၀၈ခုနှစ်များတွင် ဒီမိုကရက်တစ်ပါတီများသာ ဆက်တိုက်အနိုင်ရခဲ့သော အီလီနွိုက်စ်ပြည်နယ်၊ မက်ဆာချူးဆက်၊ မီချီဂန်၊နယူးဂျာဆီ၊ နယူးယော့်ခ်၊ပင်ဆယ်မေးနီးယားနှင့် ၀ါရှင်တန်။
ယင်းသုံးနှစ်တွင် ရီပါပလီကန်ပါတီမှာ အနိုင်ရခဲ့သည့် အာရီဇိုးနား၊ဂျော်ဂျီယာ၊ လူဝစ်စီယားနား၊ မစ်ဆိုရီ၊ တောင်ကာရိုလိုင်းနား၊တက္ကဆက်နှင့် အာတက်ပြည်နယ်များက ယခုပွဲတွင် အဆုံးအဖြတ်မဟုတ်။
ဘက်မကွဲပြားဘဲ အပြောင်းအလွဲဖြစ်နိုင်သည့် အိုဟိုင်ယို(၂၀၀၈- ဒီမိုကရက်တစ်နိုင်)၊ ဖလော်ရီဒါ( ၂၀၀၈ ဒီမိုကရက်တစ်နိုင်)၊ နီဗာဒါ( ဒီမိုကရက်တစ်)နှင့် အိုင်အိုဝါ ( ၂၀၀၈-ရီပါပလီကန်နိုင်) စသည့် ပြည်နယ်လေးခုက ၄င်းတို့နှစ်ဦး၏ ကံကြမ္မာအတွက်အရေးပါသည်။
ထို့်အတွက်လည်း နှစ်ဦးစလုံး ထိုပြည်နယ်များတွင် အပြင်းအထန်အနီးကပ် စည်ရုံးရေး ဆင်းနေကြ ရသည်။ အင်တာနက်ပေါ်တွင် ပြုလုပ်သည့် OPEN INTERNET VOTING အရမူ လက်ရှိတွင် မက်ဆာချူးဆက်ပြည်
နယ်အုပ်ချုပ်ရေးမှူးဟောင်း၊ ရီပါပလီကန်သမ္မတလောင်း မစ်ရွန်နေးက အားသာနေကြောင်းမှတ်တမ်းများက ထုတ်ပြန်နေကြသည်။
Popular Myanmar News Journal

သတင်းအကျဉ်းချုပ် ...
ခိုးဝင် ဘင်္ဂလီတွေ ထပ်မံ ဖမ်းဆီးရမိပြန်ပြီ ဆိုတဲ့ သတင်းတပုဒ်ကို ဒီနေ့ ဖတ်ရပါတယ်။ (စာအောက်မှာ သတင်းအပြည့်အစုံ ဖော်ပြထားပါတယ်။)
ဘင်္ဂလီတွေက မြန်မာနိုင်ငံထဲကို ခိုးဝင်နေကြပါတယ်။သူတို့ဟာ မြန်မာနိုင်ငံထဲရောက်တော့ ရိုဟင်ဂျာလို့ ပြောကြပါတယ်။
ဘင်္ဂလာဒက်ရှ် အစိုးရက ရိုဟင်ဂျာဟာ သူ့နိုင်ငံငံသား မဟုတ်ဘူးလို့ ပြောနေပြန်ပါတယ်။
လူဦးရေ ပေါက်ကွဲနေတဲ့ ဘင်္ဂလာဒက်ရှ် အစိုးရကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိ လုပ်နေသလား သံသယ ဖြစ်လာရပါပြီ။
ဒီလိုအရှုပ်အထွေး ပြဿနာတွေကို မြန်မာနိုင်ငံက ဘာမှ မဆိုင်ဘဲ အပိုသက်သက် တာဝန်ယူလာနေရပါတယ်။
ဒီလိုမျိုး ပြည်ပကနေ ခိုးဝင်လာနေတာကြောင့် ဘာတွေ ထိခိုက်သွားသလဲ ဆိုရင် ......

သတင်းအကျဉ်းချုပ် ...
(Bangkok Post မှ 5 Nov 2012 ရက်စွဲပါ “Rumours swirl of plot to kill thaksin”သတင်းကိုဘာသာပြန်ဆိုသည်)
ထိုင်းဝန်ကြီးချုပ်ပောာင်း သက်ဆင်အား လုပ်ကြံသတ်ဖြတ်လိမ့်မည်ပာူသော ကောလပာလများနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုသော ထိုင်း ကာကွယ်ရေးဝန်ကြီးဆူခွန်ပေါဆူဝမ်နာတက်က ယခုသီတင်းပတ်ခရီးစဉ်တွင် ဝန်ကြီးချုပ်ပောာင်းသက်ဆင်အား မြန်မာအစိုးရက ကာကွယ်စောင့်ရှောက် နိုင်လိမ့်မည်ပာု ယုံကြည်စိတ်ချကြောင်း ပြောကြားလိုက်သည်။
သက်ဆင်သည် ၃ ရက်ကြာမည့် မြန်မာခရီးစဉ်အတွင်း ကြာသပတေးနေ့တွင် နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံ မည်ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်ပောာင်းသည် သောကြာနေ့တွင် ချင်းဇိုင်ခရိုင်၊ မယ်ဆိုင်နှင့် မျက်နှာချင်းဆိုင် မြန်မာနယ်စပ်တာချီလိတ်မြို့တွင် ထိုင်းအစိုးရ အဖွဲ့ဝင်များ၊ ဖြူထိုင်းပါတီဝင်အမတ်များ၊ ထိုင်း-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမည်ပာု မျှော်လင့်ရသည်။
တာချီလိတ်သို့ သက်ဆင်ရောက်ရှိစဉ်လုပ်ကြံရန် ကြံစည်မှုရှိသည်ပာု ကောလပာလများ ပြန့်နှံ့နေခြင်းနှင့်ပတ်သက်၍
ဝန်ကြီးဆူခွန်ပေါက မြန်မာအာဏာပိုင်များက ကောင်းစွာကာကွယ်နိုင်မည်ပာု ယုံကြည်ကြောင်းပြောကြားသည်။
သက်ဆင်သည် မယ်ဆိုင်နှင့်မျက်နှာချင်းဆိုင်ဖက်ခြမ်းရှိ နယ်စပ်နှင့်အတော်အတန်ဝေးသောပာိုတယ်တွင် တည်းခိုမည်ဖြစ်၍ ၎င်းအားကာကွယ် ပေးရန် ခက်ခဲလိမ့်မည်ပာု ဆူခွန်ပေါကဆိုသည်။
လတ်တလောတွင် ဒေသခံတိုင်းရင်းသားများနှင့်နယ်ခံမူးယစ်ဆေးဝါးဂိုဏ်းအကြား ပဋိပက္ခဖြစ်ပွားထားသောကြောင့်တာချီလိတ်သို့ သက်ဆင် လာရောက်ရန် မသေချာသေးပာုလည်း နယ်စပ်လုံခြုံရေးကဆိုသည်။
တာချီလိတ်သို့သက်ဆင်သွားဖြစ်လျှင်တည်းခိုနေထိုင်မည့် ရက်ရီးနားပာိုတယ်နှင့်ဂေါက်ကလပ်အနီးရှိ အိမ်တစ်အိမ်ကို မြန်မာအာဏာပိုင်များ က သောကြာနေ့တွင် စီးနင်းရှာဖွေခဲ့ကြသေးသည်။
၎င်းစီးနင်းရှာဖွေမှုတွင် အာပီဂျီလောင်ချာထိပ်ဖူး ၃ ခု၊ ယမ်းမှုန့်များနှင့် M-16 ကျည်ဆံများကိုသိမ်းဆည်းရမိသော်လည်း နယ်စပ်လက်နက် မှောင်ခိုဂိုဏ်းဖြိုခွဲမှုနောက်ဆက်တွဲ ဖမ်းဆီးခြင်းသားဖြစ်ပြီး သက်ဆင်၏ခရီးစဉ်နှင့် ဆက်စပ်မှုမရှိပာု မြန်မာရဲတပ်ဖွဲ့က ပြောကြားထားသည်။
သို့သော် ယင်းလက်နက်များသည် စနေနေ့တွင် တာချီလိတ် ရွှေတိဂုံပုံစံတူဘုရား၌ သက်ဆင်နှင့်ရှပ်နီအုပ်စုများ ဘုရားဝတ်ပြု ဆုတောင်းပွဲပြုလုပ်စဉ်တိုက်ခိုက်ရန်ဖြစ်သည်။ နယ်စပ်လုံခြုံရေးအသိုင်းအဝိုင်းထံမှသတင်းရရှိကြောင်း သက်ဆင်၏သား ပန်သောင်တေးရှင်နာဝပ်ထရာ က ၎င်း၏ Facebook စာမျက်နှာတွင် ပြောကြားထားသည်။
“လုပ်ကြံမည့်အစီအစဉ်နောက်ကွယ်တွင် ထိုင်းအုပ်စုတစ်စုရှိနေကြာင်း၊ ယခုတစ်ကြိမ်သည် သက်ဆင်အားလုပ်ကြံရန် ၅ ကြိမ်မြောက်ကြံစည်မှုဖြစ်ကြောင်း၊ယခုကိစ္စတွင်၎င်းအုပ်စုပင်ပတ်သက်နေကြောင်း”ပန်သောင်တေူရှင်နာဝပ်ထရာက ပြောကြားသည်။
တာချီလိတ်သို့သက်ဆင်ရောက်လာပါက ၎င်းအားထောက်ခံသူ ၁၀,၀၀၀ ခန့်လာရောက်တွေ့ဆုံလိမ့်မည် ပာု မျှော်လင့်ရကြောင်း ဖြူထိုင်း လွှတ်တော်အမတ် ဆူရာဆစ်က ပြောကြားသည်။
သက်ဆင်အားတွေ့ဆုံကြမည့် ရှပ်နီအုပ်စုဝင် ၅၀၀၀ ခန့်သည် မယ်ဆိုင်မှ တာချီလိတ်သို့ ဘတ်စ်ကား အစီး ၁၀၀ ခန့်ဖြင့် သောကြာနေ့တွင် ထွက်ခွာကြမည်ပာု သိရှိရသည်။
ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဝန်ကြီးချုပ်ပောာင်းအဘီဆစ်က ထိုင်းအစိုးရနှင့်ရဲတပ်ဖွဲ့အား သက်ဆင်ကိုဖမ်း၍ ရုံးတင်စစ်ဆေးရန် မနေ့က တောင်းဆိုလိုက်သည်။
ထိုင်းဝန်ကြီးချုပ်နှင့် သူမ၏လက်ထောက်ချာလမ်ယူဘန်ရွန်(ရဲတပ်ဖွဲ့ကိုကြီးကြပ်ရသူ)တို့သည် သက်ဆင်အား ဖမ်းဆီးကြရန်ပျက်ကွက်ပါက ဝတ္တရားပျက်ကွက်မှုဖြင့် တရားစွဲခံရနိုင်သည်ပာု အဘီဆစ်က အကွက်ချောင်း တိုက်ခိုက်လိုက်သည်။
သက်ဆင်သည် ၂၀၀၆ ခုနှစ်တွင် စစ်တပ်ကအာဏာသိမ်းပြီး ၎င်းအားမျက်ကွယ်ထောင်ဒဏ်မချမှတ်မီ ထိုင်းနိုင်ငံမှတိမ်းရှောင် သွားခဲ့ခြင်း ဖြစ်သည်။
Yangon chronicle

သတင်းအကျဉ်းချုပ် ...
လွှတ်တော်အတွင်းက ဗြောင်ကြိုးကိုင်သူကြောင့်လာမဲ့  ၈ ရက်နေ့  တကမ္ဘာလုံးဆန္ဒပြကြတော့မည်
လွန်ခဲ့ တဲ့ အပါတ်က ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွါးမှု အခြေအနေနဲ့ စပ်လျှဉ်း၍ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ် ။ အဲဒီထုတ်ပြန်ကြေညာချက်မှာ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွါးမှူ အခြေအနေနဲ့  စပ်လျှဉ်း၍ နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂိုလ်များ ၊ အဖွဲ့ အစည်းများ ရှိနေကြောင်း သိရှိရသဖြင့် ၄င်းတို့ ကို ဖေါ်ထုတ်၍ ဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ( ၁/၂၀၁၂ ) အမိန့် ကြေညာစာနဲ့  ထုတ်ပြန်ကြေညာခဲ့ ပါတယ် ။ တချိန်တည်းမှာဘဲ အောက်တိုဘာလ-၂၁-ရက်နေ့ က စလို့  ရခိုင်ပြည်နယ် အတွင်းပဋိပက္ခဖြစ်ပွါးခြင်းနဲ့  လက်နက်တွေကိုလဲ သုံးရက်အတွင်း အပ်နှံရမယ်လို့ လဲ ကြေညာချက်ထုတ်ပြန်ပေးခဲ့ ပါတယ် ။ ခုချိန်ထိလဲဘဲ ရခိုင်လူမျိုးတွေရဲ့  လည်လှီးအသတ်ခံနေရတဲ့  ဓါတ်ပုံသတင်းတွေ မြင်နေရတာ နေ့ စဉ်ရက်ဆက်ဖြစ်နေပါတယ် ။
ဒီတော့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ သလို နောက်ကွယ်က ကြိုးကိုင်သူများနဲ့  အဖွဲ့ အစည်းတွေ ရှိနေတယ်ဆိုတာ တကယ်ကော ရှိများ ရှိရဲ့ လားဆိုပြီး ဆန်းစစ်ကြည့်ကြပါတယ် ။ တနေ့ ကဘဲ ဘီဘီစီမြန်မာပိုင်းအစီအစဉ်မှာ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်နဲ့ ပါတ်သက်လို့  ဆွေးနွေးခန်း တခုကို ကြားလိုက်ရပါတယ် ။ အဲဒီဆွေးနွေးခန်းမှာ ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် ၊ နိုင်ငံတော်သမ္မတရုံးမှ ဦးဇေါ်ဋ္ဌေး ( မှူးဇေါ် ) နဲ့  -ABSDF - ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်တို့  ဆွေးနွေးသုံးသပ်ချက်တွေ ကို ဆွေးနွေးကြတာဖြစ်ပါတယ် ။
အဲဒီဆွေးနွေးခန်းကို ကြားကြတဲ့ အခါမှာ ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ဟာ သူတို့ ရဲ့  ဘင်္ဂလီကုလားတွေရဲ့  သမိုင်းလိမ်ထားတဲ့  ရိုဟင်ဂျာလို့  ခေါ်တဲ့  နာမည်ကို ပြောဆိုသွားပြီး သူတို့ ကို ခိုးဝင်လာသူ မဟုတ်တဲ့ အတွက် ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေကြတဲ့  သူတို့ တွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် ပြု ပေးရမယ်လို့  ပြောဆိုသွားတာကြားရပါတယ် ။ အဓိက ပြသနာဟာ ဒါပါဘဲ ။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကနေ အစိုးရတဖွဲ့ လုံးနဲ့  မြန်မာနိုင်ငံသားတွေကရော အဲဒီဘင်္ဂလီကုလားလူမျိုးတွေဟာ
ခိုးဝင်လာတဲ့  လူမျိုးတွေပါလို့  အသိအမှတ်ပြု ပြောဆိုကြေညာနေကြပြီး -၁၉၈၂-ခုနှစ် နိုင်ငံသားပြုမူဆိုင်ရာ ဥပဒေနဲ့  ကိုင်တွယ်ဆောင်ရွက်မယ်လို့  ကြေညာထားပြီးသားဖြစ်ပါတယ် ။ အခုလို ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က မွတ်ဆလင်ရိုဟင်ဂျာလို့  ဘီဘီစီဆွေးနွေးခန်းမှာ တိတိကျကျ ထုတ်ဖေါ်ပြောဆိုတာဟာ တကယ်တော့ ကမ္ဘာကို သူက ကြေညာလိုက်တာဖြစ်ပါတယ် ။ ပြီးတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့  အစိုးရကိုပါ စိန်ခေါ်လိုက်တာဖြစ်ပါတယ် ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့  ပြောဆိုချက်ကို မလေးမခန့် နဲ့  အခုလို ပြောဆိုနေတာဟာ ခုတကြိမ် မကတော့ပါဘူး ။ သူ့ ရဲ့  ပြောဆိုချက်တွေကို စုစည်းပြီး လေ့လာကြမယ်ဆိုရင် သူဟာ တကယ့် မြန်မာနိုင်ငံကို မီးလောင်တိုက် သွင်းနေတဲ့  သူဖြစ်နေပါတယ် ။ ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ဟာ လွှတ်တော်အတွင်းမှာတောင် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို တင်ပြရာမှာ သမိုင်းလိမ်တဲ့  ဘင်္ဂလီကုလားတွေအတွက် အတိအလင်း စိန်ခေါ် ပြောဆိုသွားသူဖြစ်ပါတယ် ။ ဒီတော့ နိုင်ငံတော်သမ္မတရုံးက ရခိုင်ပြည်နယ်ဖြစ်စဉ်နဲ့  စပ်လျှဉ်းပြီး နောက်ကွယ်က ကြိုးကိုင်သူများနဲ့  အဖွဲ့ အစည်းများ ရှိကြောင်း သိရှိရသဖြင့် ဖမ်းဆီးတော့မယ်လို့  ကြေညာထားတဲ့ အတွက် တကယ်ဖမ်းဆီးမယ်ဆိုရင် ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို ဖမ်းဆီးရမှာဖြစ်ပါတယ် ။ သူဟာ နောက်ကွယ်ကကြိုးကိုင်သူမဟုတ်ဘဲ ဗြောင်ကြိုးကိုင် ဆောင်ရွက်သူဖြစ်ပြီးယခုအချိန်မှာ မြန်မာနိုင်ငံအတွက် ကြောက်စရာအကောင်းဆုံး မွတ်ဆလင်အကြမ်းဖက်သမား ခေါင်းဆောင်တဦးဖြစ်နေပါတယ် ။
နောက်ဆုံးကြားသိရတဲ့  သတင်းတွေအရ ဘီဘီစီ တွေ့ ဆုံဆွေးနွေးခန်းကို စာရွက်များဖြန့် ဝေနေကြပြီး လာမဲ့  နိုဝင်ဘာလ-၈-ရက်နေ့ မှာ ( လွှတ်တော်ကိုယ်စားလှယ်-ဦးရွှေမောင်ကို ထောက်ခံကြဆိုတဲ့ သဘောနဲ့  နိုင်ငံတကာ မွတ်ဆလင်တွေ ဆန္ဒပြပွဲတွေ ပြုလုပ်ကြမယ်လို့  ကြားသိရပါတယ် ။ တကယ်တော့ ဟာ တိုင်းရင်းသားလဲ မဟုတ် နိုင်ငံသားမဟုတ်တဲ့ အတွက် -၂၀၁၀-ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်မှာ ပယ်ဖျက်ခြင်း ခံရတဲ့  သူတဦးဖြစ်ပါတယ် ။ ပြည်ခိုင်ဖြိုးပါတီကနေပြီး ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် လုပ်လာတဲ့ သူမို့ လို့  ဗဟိုရွေးကောက်ပွဲ ကော်မရှင်ကနေပြီး ဘူးသီးတောင်မြို့ နယ်မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်ထားသည့်တိုင်အောင်-ကန့် ကွက်ထားသည့်တိုင်အောင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။ ဒီပြသနာကိုလဲဘဲ ပြည်ခိုင်ဖြိုးပါတီက ဦးဋ္ဌေးဦးတို့ က ဖြေ၇ှင်းပေးရန် လိုအပ်နေပါသေးတယ် ။
ဒီတော့ခါ အခုဆိုရင် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားတဲ့  ကြေညာချက်အထဲကလို နောက်ကွယ်က ကြိုးကိုင်သူ မဟုတ်တော့ဘဲ လွှတ်တော်ထဲမှာတင် ဗြောင် ကြိုးကိုင်သူဖြစ်နေတော့မို့  အမြန်ဆုံး ထိရောက်စွာ ဥပဒေနဲ့ အညီ အရေးယူရမှာဖြစ်ပါတယ် ။ ရခိုင်ပြည်နယ်ဖြစ်စဉ်မှာ ရုန်းရင်းဆန်ဆတ်နဲ့  မြို့ သူမြို့ သားတိုင်းကို မဲမဲမြင်ရာ ပုလိပ်မျက်စိနဲ့  ဖမ်းဆီးနေဖို့ အစား အခုလို ဗြောင်လှုံ့ ဆော်သူများကို ဖမ်းဆီးရန်သာ လိုအပ်ပါတယ်လို့  ပြောကြားပါရစေ ။။
ကျော်ခဏ်းနွယ်
ဒီမို ဖက်တီး(Facebook)

သတင်းအကျဉ်းချုပ် ...
"သမိုင်းမှာ ထိုက်ထိုက်တန်တန် နေရာယူပေးခဲ့တဲ့ တာဝန်ပေးခဲ့တဲ့ ကျွန်တော်တို့ လူမျိုးရဲ့ အင်မတန် သဘောထားကြီးကြောင်းကိုလည်း ဆက်ပြီးတော့ ပြပါ။ကျွန်တော်တို့ ဒီကနေ့ အရေးကြီးနေတဲ့ အချိန်မှာ ကျွန်တော်တို့ဟာ လူမျိုးမခွဲဘူး၊ဘာသာ မခွဲခဲ့ဘူးဆိုတဲ့ အစဉ်အလာကို ဆက်ပြီး ထိန်းရမယ်။တစ်ဘက်ကလည်း ဘယ်ဘာသာ၊ဘယ်လူမျိုး ဖြစ်ဖြစ် ကျွန်တော်တို့က နိုင်ငံသားမှန်ရင် နိုင်ငံသား အခွင့်အရေး အပြည့် ပေးသလို ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး အပေါ်မှာလည်း သစ္စာရှိကြောင်းကိုလည်း ကျွန်တော် တိုက်တွန်းပါတယ်။"(ဦးရာရှစ် နှစ်တစ်ရာပြည့် အခမ်းအနားကို တက်ရောက်လာတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်)
၂၀၁၂ခုနှစ်၊နိုဝင်ဘာ (၅)ရက်နေ့မွန်းလွှဲ(၂)နာရီကရန်ကုန်မြို့၊ရွှေဂုံတိုင်လမ်း၊ တော်ဝင်နှင်း ဆီစားသောက်ဆိုင်ခန်းမ၌ တ.က.သ/ ဗ.က.သ ဥက္ကဌ ဦးရာရှစ်ရာပြည့် အထိမ်း အမှတ် ကျင်းပခဲ့သည်။
အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊သဘာပတိအဖွဲဝင်ဦးဝင်း တင်၊ ဘာသာကြီးလေးခုမှ ပုဂ္ဂိုလ်များ၊အခြားနိုင်ငံရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊အဖွဲ့ဝင်များ၊ ခေတ်အဆက်ဆက် ကျောင်းသားခေါင်းဆောင်များ၊ကျောင်းသား/ ကျောင်း သူ များ၊ နိုင်ငံရေးအကျဉ်းသားများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းသားသမဂ္ဂသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး၊ အခမ်းအနား ကျင်းပ ရေး ကော်မတီကိုယ်စား ဦးခင်မောင်ချိုက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြော ကြားသည်။
ထို့နောက် ခေတ်အဆက်ဆက် ကျောင်းသား ခေါင်းဆောင်များက အမှတ်တရ စကားများ ပြာကြားခဲ့သည်။
National League for Democracy

သတင်းအကျဉ်းချုပ် ...
ယနေ့ည ဆယ်နာရီ ထိုးခါနီးတွင် မင်္ဂလာတောင်ညွန့် ရဲစခန်းမှူး၊ တာမွေ ရဲစခန်းမှူးနှင့် နယ်ထိန်းများ ရဲအရာရှိများ ရောက်လာကြသည်။ မနက်ဖြန်တွင် တရားရုံးကို လာရောက်ပါမည့် အကြောင့် ဆင့်ခေါ်စာ ခံဝန် ကျပ် တစ်သိန်းတန်ဖြင့် လက်မှတ် လာထိုးခိုင်းခြင်းဖြစ်ပါသည်။
ရဲအရာရှိများက ယဉ်ယဉ်ကျေးကျေး ပျူပျူငှာငှာ ရှိပါသည်။ အပြောအဆို အလွန်သတိထားပြီး ဆက်ဆံသည်ကို တွေ့ရပါသည်။
အထက် အမိန့် အရ ဆင့်ခေါ်ရခြင်းဖြစ်ကြောင်းလည်း ပြောပါသည်။
ကျနော် လေးနက်သော ပြန်ကြားချက်သာ ပေးလိုက်ပါသည်။
ကျနော်တို့သည် နိုင်ငံတော် တည်ဆောက်ရေး၊ ပြည်သူ့ ဘ၀ မြင့်တင်ရေးများကို ပင်ကိုယ်အသိစိတ်ဖြင့် ပြည်သူလူထု အကူအညီဖြင့်ပင် ပြည်သူလူထုကို စောင့်ရှောက်ကူညီမြင့်တင်နေသူများဖြစ်ကြောင်း ။ အချိန်ပို အနားယူအားလပ်ချိန် ဆိုသည်ပင် မရှိကြောင်း ကျန်းမာရေး အရ နားသင့်သည့် အချိန်မှာပင် နားရန်မကြိုးစားပဲ ဆင်းရဲတွင်းထဲ အလွန်နက်နေသော ပြည်သူ့ဘ၀ တိုးတက်သာယာမြင့်မားရေးကို အားသွန်ခွန်စိုက် လုပ်နေကြသော တာဝန်သိသူများဖြစ်ကြောင်း။ မိမိတို့ ဧ။် တန်ဖိုး ရှိသော အချိန်ကို ယခုကဲ့သို့ တရားတဘောင် ရင်ဆိုင်ရေး အတွက် တရက်လျှင် တရားရုံးတခုကို လိုက်လံ ဖြေရှင်း ခြင်း မပြုနိုင်ပါကြောင်း။
ပထမ အချက်မှာ သွားလာဆက်သွယ်ရေး စရိတ် စက အလွန်ကြီးမြင့်သည့် အတွက် တရားရုံးတခုက

သတင်းအကျဉ်းချုပ် ...
၁၉၉၀ ခုနှစ် အကျော်ပတ် ဝန်းကျင်တုန်းကရခဲ့တဲ့ စိတ်ကူးလေး ပါ။ အခုခေတ်မှာ ပွင့်လင်းလာတဲ့ အချိန်အခါလည်းဖြစ်လာပြီဆိုတော့ ၁၉၈၈ အရေးအခင်းနဲ့ပတ်သက်ပြီး အရုပ်နဲ့သမိုင်းတင်တာပေါ့။ အဲဒီ ချိန်မှာ ၁၉၈၈ အရေးအခင်းက အရမ်းကြီးကျယ်မြင့်မြတ်လွန်းတဲ့ အတွက် အရုပ်နဲ့ သရုပ်ဖော်တဲ့အခါ မှာ အမှားအယွင်းတွေ၊ လိုအပ်ချက် တွေဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက်၊ အဲဒီရုပ်ရှင်ကြီးရိုက်ကူးဖို့အတွက် ကော်မတီ(၉)ဖွဲ့ဖွဲ့ထားတယ်။ အနု ပညာအကြံပေးအဖွဲ့၊ ဇာတ်ညွှန်း အကြံပေး၊ ဆက်တင်အကြံပေး၊ ရိုက်ကွင်းအကြံပေး၊ တည်းဖြတ် အကြံပေး၊ ဘာသာပြန်အကြံပေး အဖွဲ့စသည်ဖြင့် (၉)ဖွဲ့ ဖွဲ့ထားတယ်။ အနုပညာနဲ့ ဇာတ်ညွှန်းအကြံပေး ဆိုရင် ထုတ်လုပ်သူ ဦးအောင်လွင် တို့ပါဝင်တဲ့အပြင် (၈၈) ဖြတ်သန်း သူတွေပါဝင်မယ်။
အနုပညာအကြံ ပေးထဲမှာဆိုရင် (၈၈) ဖြတ်သန်းခဲ့ ကြသူများလို့နာမည်တပ်ထားတယ်။ ဇာတ်ညွှန်းကိုတော့ ဗရေဂျမ်း၊ ကိုရွှေမိုးသက်၊ မျိုးကိုမျိုး၊ ဇာတ် လမ်းကတော့ ဗရေဂျမ်းရဲ့ ဇာတ် လမ်းတစ်ပုဒ်ပါ။ ဇာတ်လမ်းနာမည် က
"ချွန်စေမြစေစော'၊ ကောင်းကျိုး အထွေထွေ၊ ဒေါင်းအိုးတဝေဝေနဲ့ ချွန်ဝေမြစေသော်(ဝ်)ဆိုတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့၊ ကဗျာစာချိုးထဲက ယူထားတာပါ။ အဲဒီအတွက်လည်း ဆရာကြီး အမျိုးအနွယ်တွေကို ခွင့်ပြုချက်ယူ ထားပါတယ်။
အဲဒီဇာတ်ကားကြီးကို ရှေ့နှစ်(၅)လပိုင်း ဝန်းကျင်လောက် ရိုက်ပါ့မယ်။ ပရိသတ်မငြီးငွေ့ အောင် ဒရာမာလေးတစ်ခြမ်းထည့် ထားတယ်။ ဇာတ်လမ်းကတော့ စက်တင်ဘာလမှာ ငွေစက္ကူအရေး ကိစ္စကနေစပြီး ရှစ်လေးလုံးအရေး တော်ပုံကာလပြီးတဲ့အထိ ရည်ရွယ် ထားတယ်။ အဲဒီမှာ အဓိကဇာတ် ကောင်(၄)ယောက်ရှိမယ်။ အဲဒီ (၄)ယောက်ကိုတော့ အပြင် လူတွေကိုခေါ်ဖြစ်မယ်။ ဘယ်သူ တွေဖြစ်ဦးမယ်တော့ မသိသေးဘူး။ ကျန်တဲ့သူတွေကတော့ (၈၈) မျိုးဆက်တွေ တစ်ခန်းစနှစ်ခန်း စပါဝင်သရုပ်ဆောင်ကြမှာပါ။ ထုတ်လုပ်ရေးကတော့ အသစ် ဖြစ်တဲ့အတွက် မပြောသေးပါဘူး။
ဆင်ဆာအဖွဲ့ကို တင်ပြီးလို့ ရိုက်ကူး ခွင့်ကျပြီဆိုရင်တော့ စာနယ်ဇင်းကို မိတ်ဆက်ပေးမှာပါ။ ဒီဇာတ်လေး က နိုင်ငံရေးနဲ့မကင်းဘူး။ ဒါကြောင့် ဒီဇာတ်လမ်းမှာ အဓိကထားတာက ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး။ အဓိကဖော်ကျူး ထားတာက မိဘမေတ္တာ၊ သားသမီး မေတ္တာကိုဖော်ကျူးထားတာပါ။ တပ်မတော်ကိုလက်ညှိုးထိုးနေမယ့် အစား၊ တစ်ပါတီ စနစ်ကြောင့် ဖြစ်ပေါ်လာတဲ့အရေးအခင်းကြောင့် တပ်မတော်က ပြန်လည်ထိန်းသိမ်း ခဲ့တာကို ဖော်ကျူးထားတာပါ။ အဲဒီ ရုပ်ရှင်ဇာတ်ကားကြီးပြီးရင်တော့ အနည်းဆုံးအာရှမောင်ထိ လှည့် လည်ပြသဖို့ရှိပါတယ်။
By 8 Days a week အနုပညာဂျာနယ်
Yoeyarlay

သတင်းအကျဉ်းချုပ် ...