Saturday, August 29, 2009

0 ကိုးကန့်တို့၏ သမိုင်းကြောင်းအကျဉ်း


ကိုးကန့်

ကိုးကန့်

တရုတ်ပြည် မင်မင်းဆက်ကို မန်ချူးတွေက ဖြုတ်ချလိုက်တဲ့အခါမှာ မင်ဘုရင်ကြီးဟာ မြန်မာပြည်ထဲ ပြေးဝင်လာတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မြန်မာပြည်ဟာ ညောင်းရမ်းဆက် တနင်္ဂနွေမင်း အုပ်စိုးနေချိန်တဲ့။ တရုတ်စစ်ပြေးတွေဟာ မြန်မာပြည်မှာ ခိုလှုံနေတာသိရတော့ မန်ချူးတွေက ပြန်ပို့ဖို့ ရာဇသံပို့တယ်၊ ဒါကိုမြန်မာမင်းလည်း ကြောက်ရွံ့ပြီး တရုတ်ဘုရင်ကို မန်ချုးလက်အပ်လိုက်ပါတယ်။ မကျေနပ်တဲ့ တရုတ်ဘုရင်နောက်လိုက်တွေဟာ မြန်မာပြည်မှာ ပုန်ကန်ထကြွခဲ့ကြတယ် ဒီလိုပုန်ကန်ထကြွခဲ့လို့လည်း ညောင်ရမ်းမင်းဆက်ကို ဟံသာဝတီ ဗညားဒလက ဖြုတ်ချနိုင်ခဲ့လို့ တိုင်းပြည်ပျက်ခဲ့ရပါတယ်။
နောက် မင်မင်းဆက်နောက်လိုက် တရုတ်တွေဟာ အခုကိုးကန့်ဒေသကိုသွားပြီး ကိုးကန့်ပြည်ရယ်လို့ ထူထောင်ခဲ့ကြပါတယ်။ ကုန်ဘောင်ခေတ်တလျှောက်လုံး ကိုးကန့်ဟာ မြန်မာမင်းကို ပဏ္ဍာဆက်ခဲ့ကြတာပါတယ်။ အင်္ဂလိပ်နဲ့ တရုတ်စာချုပ်ချုပ်တော့ အဂ်လိပ်တွေက ပထမတော့ ကိုးကန့်နယ်ကို တရုတ်နယ်ထင်ပြီး တရုတ်ပြည်ထဲထဲ့ဆွဲထားသေးတယ် နောက်သိတော့မှ ပြန်သိမ်းလိုက်တာပါ။
အင်္ဂလိပ်လက်အောက်ဆိုပေမဲ့ ကိုးကန့်တွေဟာ သူစော်ဘွားနဲ့သူ အုပ်ချုပ်နေခဲ့တယ် အင်္ဂလိပ်ကလွှတ်လိုက်တဲ့ ကိုလိုနီဝန်ထမ်းကိုလည်း လေးလေးစားစားမဆက်ဆံဘူး၊ အင်္ဂလိပ်တွေလည်း ဒီဒေသက အကျိုးအမြတ်မရတော့ သိပ်စိတ်မဝင်စားခဲ့ဘူး။ ဂျပန်ခေတ်ရောက်တော့ ချန်ကေရှိတ်တပ်တွေနဲ့ ပေါင်းပြီး ကိုးကန့်တွေ ဂျပန်ကိုတိုက်ခဲ့ကြတယ်၊ နောက်တော့ တရုတ်ဖြူတွေကို တိုက်ဖို့မြန်မာတပ်ရောက်လာတော့ မြန်မာနဲ့ပေါင်းတယ်။ နောက်ဆုံးတော့ ဗ-က-ပ လက်အောက်ရောက်သွားတယ်။ နောက်ခွဲထွက်ပြီး ကိုးကန့်အဖွဲ့ဖြစ်လာတယ်။ နယ်မြေ၃ပိုင်းရှိပြီး တောင်ပိုင်းက ရေရှားတယ် ကျောက်ဆန်မြေသား၊ ဘိန်းစိုက်တာလွဲ ဘာမှမဖြစ်ထွန်း၊ အလယ်ပိုင်းက မြက်ခင်းဒေသ မြင်းကောင်းတွေထွက်တယ်၊ မြောက်ပိုင်းက စိုက်ပျိုးရေးလုပ်ပြီး သစ်တော့သီး သကြားသီး ဇီးသီး ပန်းသီး မက်မုံသီးတွေစိုက်တယ်။
ကိုးကန့်ရဲ့ လူနေမှုစနစ်က စပါတာလိုပဲ ငယ်ငယ်ကတည်းက တရုတ်စာသင်ကျောင်းမှာ အပ်လိုက်တာပဲ၊ ဒီကျောင်းက စစ်သင်တန်းပေးတယ် စာသင်တယ် အမျိုးသားရေးသီချင်းတွေ သင်ပေးတယ်။ ကျောင်းထွက်ရင် မိဘလက်ငုတ်လက်ရင်းဝင်ကူ တောင်ယာခုတ် ဘိန်းစိုက် မြင်းမွေး ခြံစိုက် ဘိန်ကုန်ကူး ဒါပဲ။ အခုတော့ လူနေမှုစနစ်တွေ ပြောင်းလောက်ပြီပေါ့ တရုတ်က တိုးတက်နေပြီကိုး။
ကိုးကား- မှူးသမိန် ဘုံဘဝ ကြုံတွေ့ရဇာတ်လမ်းများ

ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင် မူးယစ်ဆေးဝါး လုပ်ငန်းတွေမှာ ပတ်သက်တယ် ဆိုတဲ့ စွပ်စွဲချက်က တခြားတခြားသော ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့အစည်းခေါင်းဆောင်ပိုင်းတွေ အားလုံးမကင်းဘူးလို့ ထင်ပါတယ်။ မြန်မာ စစ်ဗိုလ်ချုပ်တွေလည်း မကင်းဘူးလို့ ထင်ပါတယ်။ အဲဒီကိစ္စက အခုမှ မဟုတ်ပါဘူး၊ သူတို့တွေ ငြိမ်းချမ်းရေး ယူကတည်းက ဖြစ်နေတာပါ။ ‘ဒါကို အစိုးရကလည်း သိသိကြီးနဲ့ ခွင့်ပြုထားခဲ့တာပါ။ အခုကျမှ မူးယစ်ဆေးဝါး အကြောင်းပြုပြီး ဖမ်းဝရမ်းထုတ်တယ် ဆို တာ လူကြားကောင်းအောင် ပြောတာပါ။တကယ် အကြောင်းရင်းက ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့အစည်း အများစုက အစိုးရရဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အသွင်ပြောင်းရေးကို လက်မခံပါဘူး၊ အလျော့ပေးရင် သိက္ခာကျမယ်။ သူတို့ စိတ်တိုင်းကျ ဆွဲထားတဲ့ အခြေခံ ဥပဒေနဲ့လည်း မညီတော့ဘူး ဖြစ်သွားမယ်။ အားလုံးထဲမှာ အင်းအား အသေးဆုံးလို ယူဆရတဲ့ ကိုးကန့်တပ်ဖွဲ့ကို စံနမူနာပြ အနေနဲ့ ဆုံးမပြလိုက်ရင် တခြားအဖွဲ့တွေပါ ငြိမ်သွားမယ်လို တွက်တယ်။ ‘ဒါကြောင့် အခုကျမှ ကိုးကန့်ခေါင်းဆောင် ၄ ဦးဟာ မူးယစ်ဆေးဝါး နဲ့ ပတ်သက်နေတယ်ဆိုပြီး ပြသာနာရှာတာပါ။

0 FDB Statement on MNDAA affair in CHINESE


FDB+Statement+on+MNDAA+affair -

0 Grand Royal မီးလောင်မှုရှို့မီးဖြစ်နိုင်သည် ဟု ယူဆ

၉ သြဂုတ် ရန်ကုန် ၊ ၊ညွန့် သက်ထားဦး

Myanmar Huge Distillery Fire Suspects Arson

Grand Royal ၏ဘောလုံးအသင်း ဖြစ်သည့် ဥဿယူနိုက်တက်အသင်း၏ မိတ်ဆက်ပွဲ

Grand Royal ၏ဘောလုံးအသင်း ဖြစ်သည့် ဥဿယူနိုက်တက်အသင်း၏ မိတ်ဆက်ပွဲ

Grand Royal အရက်ချက်စက်ရုံမီးလောင်မှုသည် စီးပွားရေးပြိုင်ဘက်များမှ အကောက်ကြံသော ရှို့မီးဖြစ်နိုင်ကြောင်း Grand Royal ၀ီစကီ အား ထုတ်လုပ်သည့် IBTC (International Beverages Trading Co.Ltd) မှ အမည်မဖေါ်လိုသော အကြီးတန်းအရာရှိတစ်ဦးက Freedom News Group သို့ ပြောသည်။

ဘွိုင်လာအိုးအပူရှိန် ပြင်းထန်ရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်သည် သတင်းထုတ်ပြန်ထား
သော်လည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ မှ စစ်ဆေးရေးအရာရှိများက ထိုအချက်ကို သဘောမတူ ဟု သိရသည်။သြဂုတ်လ ၂၄ ရက် ဒုတိယနေ့ ထပ်မံမီးလောင်ချိန်တွင် အရက်ဆီပေါင်းအိုး နှစ်လုံးမီးလောင်ပေါက်ကွဲခြင်းကြောင့်ဖြစ်သည် ဟု ယူဆကြသည်။

IBTCကုမ္ပဏီသည် မြန်မာနိုင်ငံ၏ အရက်ဈေးကွက်တွင်လူကြိုက်များသည့်  Grand Royal ၀ီစကီ အပါအ၀င် Special London Dry Gin နှင့် London Rum အပါအ၀င် အရက်အမျိုးအစား ၈ မျိုးကိုထုတ်လုပ်သည်။

ရန်ကုန်တိုင်း လှည်းကူးမြို့ နယ် ယင်းတိုက်ပင် ကျေးရွာ အနီးတွင် တည်ဆောက်ထားသော ထိုစက်ရုံမှ မီးလောင်မကြောင့်စက်ရုံတစ်ခုလုံး နီးပါးပျက်စီးဆုံးရှုံးခဲ့သည် ။ှုမီးလောငမှုကြောင့် အမေရိကန် ဒေါ်လာ ခုနှစ်သန်းခန့် နှင့် မြန်မာငွေသိန်းထောင်ချီဆုံးရှုံးရပြီး နိုင်ငံခြားမှ မကြာခင်က မှာယူတင်သွင်းထားသည့် ပေါင်းခံစက်များလည်းပျက်စီးဆုံးရှုံးခဲ့ရသည်။

ဝီကလီ အီလဲဗင်း ၀ီစကီမှ ၀မ်းနည်းကြောင်းမှတ်တမ်း

ဝီကလီ အီလဲဗင်း ၀ီစကီမှ ၀မ်းနည်းကြောင်းမှတ်တမ်း

IBTC ကုမ္ပစီမှ တာဝန်ရှိသူ တစ်ဦးကမူ မြန်မာနိုင်ငံ၏ ပြည်တွင်း ယမကာ ဈေးကွက် ၏ ၈၀ ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်ထားနိုင်သည့် ၎င်း တို့ ကုမ္ပဏီ ကို မနာလိုသည့် ပြိုင်ဘက်များရှိပြီး IBTC ၏ အကြီးအကဲဖြစ်သူ ဦးအောင်မိုးကျော်မှာ လည်းမကြာခဏ ခြိမ်းခြောက်စာများရရှိသည် ဟု
အဆိုပါ ကုမ္ပဏီဝန်ထမ်းက ထုတ်ဖော်ပြောကြားသည်။

ဦးအောင်မိုးကျော် ၏ IBTCကုမ္ပဏီသည် ဘောလုံးပြိုင်ပွဲများ တွင် စပွန်ဆာပေးသော ကုမ္ပဏီ လည်းဖြစ်ပြီး မြန်မာလိဂ် ပြိုင်ပွဲဖြစ်မြောက်အောင် စွမ်းဆောင်နေသော ကုမ္ပဏီလည်း ဖြစ်သည်။

Grand Royal အားထုတ်လုပ်သော IBTCကုမ္ပဏီ၏ ဥက္ကဌ ဖြစ်သူ ဦးအောင်မိုးကျော်သည် ဥဿာ ယူနိုက်တက် အမည်ရှိ ဘောလုံးကလပ် ကိုထောင်ထားပြီးထိုကုမ္ပဏီ မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးမိုးသန်းချစ်မှာ လည်း မြန်မာ စာနယ်ဇင်းဆရာများနှင့် ရင်းနီးသူဖြစ်သည်။

ကြိုက်များ Grand Royal ၀ီစကီလူကြိုက်များ Grand Royal ၀ီစကီ

မီးလောင် ပြီးနောက် ကုမ္ပဏီ ၏ အမှုဆောင်အစည်းအဝေးတွင် ထိုမီးလောင်မှုသည် လုပ်ငန်းပျက်စီးရာပျက်စီးကြောင်း အတွက် တစ်စုံတစ်ယောက်က စနစ်တကျ စီစဉ် ဆောင်ရွက်ခြင်းဖြစ်သည် ဟု သံသယ ရှိကြသည်။

မီးလောင်မမှုကြောင့် လူသုံးဦးသေဆုံးခဲ့သည်။ မီးလောင်နေစဉ် အတွင်း အရေးပေါ်မီးငြိမ်းသတ်စက်များ အဆင်သင့်ရှိသော် လည်း သုံးမရ ဖြစ်ခဲ့သည် ဟု သိရသည်။

Freedom News Group

0 တရုတ်နိုင်ငံသို့ထွက်ပြေးခိုလှုံသော ကိုးကန့်စစ်ပြေးဒုက္ခသည်များ


မြန်မာစစ်အစိုးရတပ်တွေက တရုတ်နယ်စပ် ယုနန်ပြည်နယ်နဲ့ တမိုင်လောက်သာ ဝေးတဲ့ ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံခရိုင်တွင်းက ကိုးကန့်လက်နက်ကိုင်တွေ ထိန်းချုပ်ရာ ဒေသကို ထိုးစစ်ဆင်နေတာကြောင့် အနည်းဆုံး ဒေသခံ ၃ သောင်းလောက် တရုတ်ပြည်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ AFP သတင်းက ရေးသားပါတယ်။

တိုက်ပွဲအခြေအနေတွေဟာ တနေ့ထက်တနေ့ ပြင်းထန်လာနေပြီး မြန်မာ စစ်အစိုးရဖက်ကလည်း တပ်အင်အားတွေ ဆက်ပြီး ဖြည့်တင်းနေတယ်လို့ တရုတ်နယ်စပ်က ရတဲ့ သတင်းတွေအရ သိရပါတယ်။ ဩဂုတ်လ ၂၇ ရက် မနေ့ မနက်ပိုင်း ၊ တရုတ် မြန်မာနယ်စပ်နားက ရန်လုံကိုက်နဲ့ နမ်ဆာဒေသမှာ ဖြစ်ပွားခဲ့တဲ့ မြန်မာ့ရဲတပ်ဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား စစ်ပွဲအခြေအနေကို နယ်စပ်စစ်ရေးအကဲခတ်သူ ဦးအောင်ကျော်ဇောက အခုလို ပြောပြပါတယ်။

ဦးအောင်ကျော်ဇော။ ။ “မနေ့ကမနက်က ၇ နာရီလောက်က ဖြစ်တဲ့ အဲဒီ ရန်လုံကိုက်နဲ့ နမ်ဆာကြားမှာ ဖြစ်တဲ့ ဟို ဗမာပြည်ရဲ့ လုံထိန်းရဲတွေနဲ့ ဖြစ်တဲ့ ကိစ္စမှာ အဲ တယောက်သေတယ်၊ တယောက် ဒဏ်ရာရပြီးတော့ လေးယောက်က တရုတ်ပြည်ထဲ ထွက်ပြေးသွားတယ်။ ကျန်တဲ့ ၄၂ ယောက် ကျွန်တော်တို့ ဖမ်းမိတယ်။ အရာရှိ နှစ်ယောက်အပါပေါ့နော်။ ဖမ်းမိတယ်။ ဖမ်းမိတယ်ဆိုတာ ကျွန်တော်တို့က ပစ်ဖို့ ခတ်ဖို့ မဟုတ်ဖူး၊ ကျွန်တော်တို့က သူ့ကို ရန်လုံကိုက်ကနေ ဆုတ်ဖို့ သွားပြီးတော့ ရှင်းတာပါ။ သေနတ် အလက် ၅၀ ကျော် ရတယ် ကျွန်တော်တို့။ အဲဒီ ၄၂ ယောက်တော့ မနေ့ ညနေက ပြန်လွှတ်လိုက်ပါတယ်။”

ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ဦးအောင်ကျော်ဇောကပဲ ခုလို ထပ်ပြောပါတယ် ။

ဦးအောင်ကျော်ဇော။ ။ “အဲ နောက်တခုက ဒီနေ့မနက် အရုဏ်ဦး ၃ နာရီလောက်ကတည်းက ကျွန်တော်တို့ တိုက်ပွဲတွေ တိုက်တယ်။ အဲဒီ ဖိုးခွားကျိုက်တို့ ဘာတို့ ရွာတွေဖက်မှာ ညဖက် ရန်သူ့တပ်ရှိနေတဲ့နေရာ ပြောက်ကျားတွေ ဘာတွေ လိုက်ပစ်တယ်။ ဒါတခုပေါ့။ နောက် မနေ့ ညနေပိုင်း ၂ နာရီခွဲလောက်မှာ ဒီနေ့မှ ရတဲ့ သတင်းပေါ့၊ ကျွန်တော်တို့ ရင်ခွဲတောင်ပေါ်ကနေ မူကကျိုက် ရှိတဲ့ ရန်သူကို လှမ်းပစ်တဲ့အခါမှာ ပွိုင့်ဖိုက်တွေ ဘာတွေ လှမ်းပစ်တဲ့အခါမှာ ရန်သူ့ကားတန်းက တိုက်ရိုက် ထိမှန်ပြီး လေးစီး မီးလောင် ပျက်စီးသွားတယ်။ အဲဒီမှာ လူတချို့ ဒဏ်ရာရတယ်ပေါ့။”

ကိုးကန့်လက်နက်ကိုင်တပ်တွေ ဖက်က UWSA ဝပြည် သွေးစည်းရေးတပ်မတော် အပါအဝင် အခြား တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကပါ စစ်ကူအနေနဲ့ ဝင်တိုက်ပေးနေတယ်လို့ သိရပါတယ်။

အဖွဲ့ကနေ လတ်တလော အဖယ်ရှားခံထားရတဲ့ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင်ကတော့ ပြဿနာတွေကို အဖွဲ့ပေါင်းစုံပါပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းလိုကြောင်း ဩဂုတ်လ ၂၇ ရက် ကြာသပတေးနေ့ညက ကြေညာချက် ထုတ်ခဲ့ပါတယ် ။

တရုတ်အစိုးရ ရုပ်မြင်သံကြားကတော့ ကိုးကန့်ဒေသတခုလုံးကို မြန်မာစစ်တပ်က ထိန်းချုပ်ထားလိုက်ပြီလို့ ဒီကနေ့မှာ တရုတ်ဘာသာနဲ့ ကြေညာလိုက်ပါတယ် ၊ ဒီအချက် မမှန်ကန်ဘူးလို့ ဦးအောင်ကျော်ဇောက ပြောဆိုပါတယ် ။

ဦးအောင်ကျော်ဇော။ ။ “တရုတ် မီဒီယာဖြစ်တဲ့ စင်ထရယ်တီဗီကနေပြီးတော့ ကိုးကန့်တခုလုံးကို ဗမာအစိုးရ ချုပ်ကိုင်လိုက်ပြီလို့ ပြောပါတယ်။ မဟုတ်ပါဘူး။ အခု ကျွန်တော် စကားပြောချိန်အထိ ဗမာအစိုးရ ယူထားတာ လောက်ကိုင်းနဲ့ ချင်းရွှေဟော် ဒေသပဲ ဖြစ်ပါတယ်။ ကျန်တဲ့ တောင်တန်းဒေသနဲ့ မြေပြန့် တချို့က ခုထက်ထိ ကိုးကန့် အထူးဒေသ (၁) ရဲ့ တပ်ဖွဲ့တွေနဲ့ အစိုးရလက်ထဲမှာ ရှိပါတယ်။”

တရုတ်မြန်မာနယ်စပ် တည်ငြိမ်ရေးကို မြန်မာစစ်အစိုးရက သက်ဆိုင်ရာအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ပြဿနာတွေကို အမြန်ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။

ကိုးကန့်ဒေသအတွင်း ဖြစ်ပေါ်နေတဲ့ တိုက်ပွဲ နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ တရုတ်မြန်မာနယ်စပ် စစ်ရေး၊ နိုင်ငံရေး စောင့်ကြည့်သူ ဦးအောင်ကျော်ဇောကို RFA အဖွဲ့သား ဦးဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာစစ်အစိုးရတပ်တွေနဲ့ ကိုးကန့်တပ်ဖွဲ့တို့အကြား ဒီကနေ့ ဩဂုတ်လ ၂၈ ရက်နေ့မှာ ဒုတိယမြောက်နေ့အဖြစ် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတယ်လို့ သတင်းတွေရရှိပါတယ်။

မနက် ၈ နာရီလောက်မှာ ကိုးကန့်တပ်တွေက မြန်မာစစ်အစိုးရရဲ့ တပ်စခန်းတခုကို သိမ်းပိုက်လိုက်တယ်လို့သိရပြီး လောလောဆယ် ဖြစ်နေတဲ့ အခြေအနေကို ကိုးကန့်တပ်ဖွဲ့ အဆက်အသွယ်ရှိပြီး လောက်ကိုင်မြို့နဲ့ မလှမ်းမကမ်း တရုတ်နယ်စပ်မြို့ဖြစ်တဲ့ ချင်းရွှေဟော်မှာ နေထိုင်သူ ဒေသခံက RFA ကို ခုလိုပြောပြပါတယ်။

ဒေသခံ။ ။ “အခုပစ်နေသေးတယ်၊ နေ့လည် ၁၂ နာရီ မထိုးခင်ကနေ လောက်ကိုင်မှာလည်းဖြစ်၊ ချင်းရွှေဟော်မှာလည်းဖြစ်၊ အဲဒီကြားမှာလည်း တနေရာဖြစ် လက်နက်ကြီးနဲ့လည်း ထုခွဲနေကြတယ်၊ ကျဆုံးမှု အတိအကျတော့ ဘာမှတော့မရသေးဘူး၊ နမ့်ဆန် ဝပြည်ထဲ ဝင်သွားတဲ့ ဂိတ်ပေါ့ သူတို့ရဲ ပို့စ်ရှိတယ်၊ နယ်စပ်ပေါ့ ကိုးကန့်ကိုလည်း ဝင်လို့ရတယ် ဝကိုလည်းသွားလို့ရတယ်၊ နယ်စပ်ဂိတ်ပေါ့ ၈ နာရီနီးပါးပေါ့ မနက်စောစောပိုင်းက။”

ဒီသတင်းနဲ့ ပတ်သက်လို့ ကိုးကန့်အရေးနဲ့ ပတ်သက်လို့ လေ့လာစောင့်ကြည့်နေတဲ့ စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း အတည်ပြုပြောဆိုပြီး မနေ့ကထက် တိုက်ပွဲတွေက ပိုပြီးတော့ ပြင်းထန်လာတယ်လို့လည်း သူကပြောပါတယ်။ ဒီနေ့တိုက်ပွဲမှာ UWSA ဝတပ်တွေလည်း ပါဝင်လာတယ်လို့လည်း သတင်းတွေ ထွက်နေပေမဲ့ အတည်ပြုလို့ မရသေးပါဘူး။

မနေ့က တိုက်ပွဲတွေ မဖြစ်ခင် ကွမ်းလုံ၊ လောက်ကိုင် ပတ်ဝန်းကျင်မှာရှိတဲ့ အရပ်သားတွေကို မြန်မာစစ်အစိုးရတပ်တွေက ပေါ်တာအဖြစ် ဖမ်းဆီးတာတွေ ရှိသလို အရွယ်ကောင်းတဲ့ လူငယ်တချို့ကို အရေးပေါ် စစ်သင်တန်းပေးနေတယ်လို့လည်း ဒေသခံက ဆက်ပြောပါတယ်။

ဒေသခံ။ ။ “လက်နက်ကိုင်တတ်တဲ့လူရော မကိုင်တတ်တဲ့ လူရော၊ မသိတဲ့လူကို သိတဲ့လူက သင်ပေးပေါ့၊ တပတ်ဆိုတပတ်၊ ၅ ရက်ဆို ၅ရက်၊ လေ့ကျင့်ပြီးမှ အရှေ့ကို မောင်းပို့ဖို့ပေါ့။ သူတို့က နယ်မြေကျွမ်းကျင်တယ် သူတို့နေရာဆိုတော့ သူတို့သွားခိုင်းဖို့ ၊ လေ့ကျင့်ပေးတာပေါ့ အကုန်လုံး အရပ်သားတွေ အဲဒါမျိုးဖြစ်တာ ၆၀ လောက်ရှိသွားပြီ။”

ကိုးကန့်မှာ တိုက်ပွဲတွေ စဖြစ်နေတဲ့ တချိန်တည်းမှာ တခြား အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေကလည်း သူတို့ရဲ့တပ်တွေကို အဆင်သင့် တပ်လှန့်ထားကြတယ်လို့ သိရပါတယ်။ (RFA)

0 တတိယ အကြိမ် သံဃာ့သပိတ်ဆင်နွဲရန်အတွက် တာဝန်ခွဲဝေဖွဲ့စည်းခြင်း

ရန်ကုန် မြောက်ပိုင်းခရိုင် ( လှိုင်သာယာ ) မြို့နယ် အတွင်း ရှိ ကျောင်းတကျောင်းတွင် သံဃာ တော် အင်အား ၁၅ ပါးခန့်နှင့် သီလရှင် အင်အား ၈ ပါးခန့်တိုမှ သံဃာ့တပ်ပေါင်းစု အဖွဲ့ခွဲ(၁) ၏ ညွှန်ကြားချက်အောက်မှ မြတ်စွာ ဘုရားသားတော် သမီးတော် များ၏ သံဃာအားလုံး စုစည်းညီညွတ်မှု့ အထိမ်းအမှတ်သံဃာ့သပိတ် ဆင်နွဲရန်အတွက် အောက်ပါလှုပ်ရှားမှု့များ ပြုလုပ်ရန်အတွက် လှုပ်ရှားမှု့ အဖွဲ့ခွဲငယ်များ ထပ်မံ ဖွဲ့စည်းလိုက်သည်။

၁- သံဃာ့တပ်ပေါင်းစု အဖွဲ့၏ ထုတ်ပြန်ကြေငြာချက်အပါအ၀င် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းအသီးသီး၏ သပိတ်တိုက်ပွဲ ခေါ်စာ ထုတ်ပြန်ကြေငြာချက်များ တတိုင်းပြည်လုံးအတိုင်းအတာနှင့် ဖြန့်ဖြူးနိုင်ရန်-
၂- သံဃာ့တပ်ပေါင်းစု ထုတ်ပြန်ကြေငြာချက်တွင် ပါဝင်သော သံဃာ့ကိစ္စများကို မလိုက်နာပဲ ဆန့်ကျင်ကာ နအဖ စစ်အစိုးရနှင့်ဆက်လက်ပေါင်းသင်းနေသောသံဃာတော်များ သီလရှင်များကို သံဃာထုတရပ်လုံးမှ အမည်။မိဘအမည်။ကျောင်းတိုက်အမည်။မြို့ရွာအမည်များ မှတ်သားကာ ပကာသနီယကံပြုကာ သံဃာအဖြစ်၊သီလရှင်အဖြစ်မှကျဉ်ဖယ်မည်ဖြစ်သည့်အတွက် မှတ်တမ်းပြုစုနိုင်ရန်အတွက် ယခုထဲက စတင် စုံစမ်းထောက်လှမ်းခြင်းများ ပြုလုပ်နိုင်ရန်
၃- ယခု လှုပ်ရှားမည့် တတိယအကြိမ် သံဃာ့သပိတ်အား အောင်မြင်သည်အထိ လုံးဝအရှုံးမပေးပဲ ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်သည့်အတွက် သာသနာတော် အတွက် အလွန်အရေးကြီးသလို မြန်မာပြည်ကြီးအတွက်လည်း အပြောင်းအလဲ ဖြစ်အောင် ပြုလုပ်ရမည်ဖြစ်သည့်အတွက် အောင်မြင်အောင် ၊ ပြောင်းလဲအောင် ပြုလုပ်နိုင်ဖို့ရာ ဘုရားသားတော် သမီးတော်များ အပါအ၀င် မျိုးချစ်စစ်သည်၊ပြည့်သူ့ရဲ မှ ဒကာ/ဒကာမများနှင့် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ကြံ့ဖွံ့၊စွမ်းအားရှင် ဒကာ/ဒကာမများ အား တတိယအကြိမ်သံဃာ့သပိတ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်
ယခုချမှတ်သော လုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်ဆောင်နိုင်ရန်အတွက် ရန်ကုန်မြောက်ပိုင်းခရိုင် ကျောင်းတိုက်အသီးသီးမှ အောက်ပါ သံဃာတော်များ၊သီလရှင်များ၊ဒကာ/ဒကာမျာအား အသီးသီး တာဝန်ပေးအပ်လိုက်သည်။
၁ - ကြေငြာချက်များ ဖြန့်ဖြူးရန်
ဦးခေမာနန္ဒ ( လှိုင်သာယာ )
ဦးအိဒြွေိရိယ
ဦးစေကိန္ဒ
ဒေါ်ခေမာသီရိ
ကိုဘိုဘိုကျော်(မြေသြဇာ)
ကိုအောင်ဆွေဦး(မြေသြဇာ)
မဇာခြည်သိမ့်(မြေသြဇာ)
၂- စစ်အစိုးရနှင့်ပူးပေါင်းသော သံဃာများ၊သီလရှင်များ စုံစမ်းရန်
ဦးထာဝရ
ဦးခေမာစာရ
ဦးမေတ္တာနန္ဒ
ဦးသီလဘိဝံသ
ဒေါ်ခေမာ
၃- သပိတ်တိုက်ပွဲတွင် ပါဝင်ရန် တတိုင်းပြည်လုံးအတိုင်းအတာနှင့်စည်းရုံးရေး
ဦးဝေပုလ္လ
ဦးနန္ဒစရိယ
ဦးနန္ဒစာရိယ
ဦးဥတ္တမ
ဦးတေဇိန်န
မောင်တေဇာတင့်နိုင်(မြေသြဇာ)
မောင် မြင့်ဦး(မြေသြဇာ)
မောင်ခင်မောင်တင့်(မြေသြဇာ)
မောင်စိုးခိုင်(မြေသြဇာ)
မနေခြည်ဝင်း(မြေသြဇာ)
မသီရိဆွေ(မြေသြဇာ)
မခင်သန္တာမြင့်(မြေသြဇာ)


မြန်မာနိုင်ငံလုံးဆိုင်ရာ
ရဟန်းပျိုသမဂ္ဂနှင့်
သံဃသာမဂ္ဂီအဖွဲ့__

Friday, August 28, 2009

0 အမေရိကန် အောက်လွှတ်တော် အရာရှိတွေ NLD နဲ့ တွေ့မည်

အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရာရှိ ၃ ဦးဟာ ၄ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပြန်ပြောင်းသုံးသပ်နေရာမှာ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ထားကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ် Drake Weisert က ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် Howard Berman ရဲ့ ဆက်သွယ်ရေး ဒါရိုက်တာ Lynne Weil နဲ့ ကျွမ်းကျင်သူ အရာရှိ Jessica Lee နဲ့ ဖလော်ရီဒါပြည်နယ် ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Ros-Lehtinen ရဲ့ ကျွမ်းကျင်သူ အရာရှိ Dennis Halpin တို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။

အခုခရီးစဉ်အတွင်း မနက်ဖြန် သြဂုတ်လ ၂၈ ရက် နေ့မှာတော့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့လည်း တွေ့ဆုံဖို့ ရှိတဲ့အကြောင်းနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။ အမေရိကန် အရာရှိတွေဟာ မပြန်ခင်မှာ နာဂစ် ဆိုင်ကလုန်း လေဘေးဒဏ်သင့်ရာ မြစ်ဝကျွန်းပေါ်ဒေသဘက်ကို သွားရောက်ဖို့ ရှိပါတယ်။

ဒါဟာဆိုရင် ဗာဂျီးနီးယားပြည်နယ်က အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) မြန်မာနိုင်ငံက ပြန်သွားပြီး သီတင်းနှစ်ပတ်တောင် မရှိသေးတဲ့ အချိန်အတွင်းမှာပဲ အမေရိကန် အထက်လွှတ်တော်နဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

0 ၂၀၁၀ နောက်ပိုင်း အာဏာာအရှိဆုံးဖြစ်လာမည့် ဦးအောင်သောင်း မြန်မာနိုင်ငံ၏ အချမ်းသာဆုံးစာရင်းတွင် ပါဝင်နေ သည့်ပြင် မီဒီယာ လုပ်ငန်းတစ်ခု တည်ထောင်ရန် စီစဉ်

၂၆ုသဂုတ် နေပြည်တော် ၊ ၊ညွန့် သက်ထားဦး

Myanmar New Tycoon Seek Media Mogul

အခမ်းအနားတစ်ခု ဉ်ဝန်ကြီး ဦးအောင်သောင်းကိုတွေ့ ရစဉ်


စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေနှင့်ရင်းနှီး သူ တစ်ဦးဖြစ်သည့်စက်မှု (၁) ဝန်ကြီးဌာန ၀န်ကြီးဖြစ်သူ ဦးအောင်သောင်းမှာ နိုင်ငံ၏ အချမ်းသာဆုံး ဆယ်ဦး စာရင်းတွင် ပါဝင်နေနိုင်ကြောင်းရန်ကုန် မြို့ ရှိ ထိပ်တန်းစီးပွားရေးလုပ်ငန်း ရှင်တစ်ဦး က Freedom News Group သို့ ပြောသည်။

ကြံ့ဖွံ့ဟုခေါ်တွင်ပြီးနာမည်ဆိုးဖြင့်ကျော်ကြားလှသည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအ
သင်း ဗဟိုအတွင်းရေးမှူး တစ်ဦးလည်းဖြစ်သူ တောင်သာ မြို့ နယ် ၀ဲလောင် ရွာသား ဦးအောင်သောင်းမှာမြန်မာနိုင်ငံ၏ သစ်နှင့် ဆန်စပါး ရောင်းဝယ်ရေးလုပ်ငန်းကို ချုပ်ကိုင်ထားသူသာမက အိမ်ဆောက်ပစ္စည်း ဈေးကွက် နှင့် ဘိလပ်မြေ စက်ရုံ ၊စက္ကူစက်ရုံ တို့ ကို ပါပိုင်ဆိုင်သူ တစ်ယောက်ဖြစ်သည်။

ကွန်ပြူတာနှင့်လျှပ်စစ်ပစ္စည်းများ တင်သွင်းသည့် လုပ်ငန်းများကိုလည်း လက်ဝါးကြီး အုပ်ထားပြီး ထိုင်းနိုင်ငံ ဘန်ကောက် နှင့် စင်္ကာပူ နိုင်ငံ တို့ တွင်ပါ ၎င်း ၏ကုမ္ပဏီများဖွင့် လှစ်ထားသည် ဟု သိရသည် ရန်ကုန်မြို့ တွင် အောရီဖြိုး ကုမ္ပဏီ အပါအ၀င် လုပ်ငန်း တစ်ဒါဇင်ထက် မနည်း ပိုင်ဆိုင်သည်။ရန်ကုန် မြို့ တွင် အိမ်ခြံမြေ နှင့် မန္တလေးတိုင်း နှင့် မကွေး တို့ တွင် မြေကွက် နှင့် စက်ရုံများ အများအပြားပိုင်ဆိုင်သည်။

မကြာခင် MRTV 4 ကဲ့သို့ ရုပ်သံ မီဒီယာ လုပ်ငန်း တစ်ခုတည်ထောင်ရန် စိုင်းပြင်းနေပြီး ထိုသို့ လုပ်ရခြင်းမှာ မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲတွင် သူဝင်ရောက်ယှဉ်ပြိုင်စဉ် ၀ါဒဖြန့် ချိရန် ရည်ရွယ်သည် ဟု သူ၏ သားနှင့် နီးစပ် သူ တစ်ဦးက Freedom News Group သို့ ပြောသည်။

ဦးအောင်သောင်း မည်ရွေ့ မည်မျှချမ်းသာကြောင်း မသိနိုင်သော် လည်း အချို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု များနှင့် စာချုပ်ပြီးသည့် နေ့ များဆိုလျှင် သူ ၏ ၀င်ငွေမှာ တစ်ရက်တည်း သိန်း နှစ်ထောင်မက ပင် ရှိနိုင်ကြောင်း သူနှင့် အဆက်အသွယ်ရှိသည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကပြောသည်။

ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွံ့ ခေါင်းဆောင် နှစ်ယောက် ဖြစ်သည့် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်ဌေးဦး နှင့် ဦးအောင်သောင်း တိုကြားတွင် အာဏာလွန်ဆွဲမှုများရှိနေပြီး ယခုသီတင်းပတ် အတွင်း ဗိုလ်ချုပ်ဌေးဦး ၏ ဂျပန်ခရီးစဉ် သွားရောက်ရခြင်းကို သူက မနှစ်မြို့ ဟု သိရသည်။

မြန်မာနိုင်ငံ၏ အချမ်းသာဆုံး Top Ten စာရင်းဝင်များ (ခန့် မှန်း)

၁ ။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေမိသားစု
၂။ဒုတိယ ဗိုလ်ချုပ်ကြီးမောင်အေး မိသားစု
၃။ဗိုလ် ချုပ်ကြီး သူရရွှေမန်း မိသားစု
၎။ထူး ထရေဒင်း ဦးတေဇ
၅။အယ်ပိုင်း သောက်ရေသန့် ပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း
၆။ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ
ရ။မြန်မာ ဘောလုံးအဖွဲ့ ချုပဥက္ကဌ Max ဦးဇော်ဇော်
၈။ယုဇန ဦးဌေးမြင့်
၉။Asia World အုပ်စု
၁၀။ ဇေကမ္ဘာ ဦးခင်ရွှေ နှင့်ဦးသောင်း

freedom news group

Thursday, August 27, 2009

0 ဂျပန်နိုင်ငံခြားရေးဝန်ကြီးနာကဆိုနေနှင့် ကြံ့ဖွံ့အတွင်းရေးမှူးဌေးဦးတို့ တွေ့ဆုံဆွေးနွေးခြင်း

ကြံ့ဖွံ့အတွင်းရေးမှူးဌေးဦးမှ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနာကဆိုနေနှင့်တွေ့ဆုံဆွေးနွေးစဉ် ဒေါ်အောင်ဆန်းစုကြည်အကြောင်းအား မလိမ့်တပတ် ဤကဲ့သို့ ဖြေကြားခဲ့ပါသည်။

0 ဝါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ (ကိုယ်စား)သခင်သိန်းဖေ၏ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ပေးစာ

Wednesday, August 26, 2009

0 “တပင်တည်း ရင်ထဲက ကြံဖွံ့”

ပိတောက်ရိပ်ဘလောက် မှကူးယူဖော်ပြပါသည်။
(ကြံဖွံ့အဖွဲ့ကြီးသို့ ၀င်လိုသူများ ကြံ့ဖွံ့အဖွဲ့သို့မ၀င်မီ ဒီစာကို အရင်ဖတ်ပါ။ အဟိ... အခုတလော... “ဒီစာကို အရင်ဖတ်ပါ” တွေ ရေးရတာ လက်တွေ့နေတယ်။ အဟမ်း...အဟမ်း... ထပ်ပြောဦးမယ်။ ကြံဖွံ့အဖွဲ့ကြီးသို့ ၀င်ရောက်ရန် စိတ်ကူးနေသူများသာ ဒီစာကို ဖတ်ပါရန်။ ကြံဖွံ့အဖွဲ့ဝင်ဖြစ်ပြီးသူများ မဖတ်ရ။ သတိပေးထားပါလျက်နှင့် ဖတ်ပြီး ကျိတ်မနိုင် ခဲမရ ဖြစ်ကြပါက မိမိတို့ တပ်မတော်အစိုးရအနေဖြင့်....အဲလေ... ဤဘလော့ဂါအနေဖြင့် တာဝန်မယူနိုင်ပါကြောင်း....အောင်း...အောင်း.....း-)

ကြံဖွံ့ဆိုလျှင် ပြည်သူတိုင်းက မုန်းကြပေသည်။ နအဖဗိုလ်ချုပ်များနှင့် အရိုးအရင်း ကိုက်ရသူ တချို့တလေက လွဲလျှင်ပေါ့လေ။

အဘယ်ကြောင့် မုန်းကြသနည်း။ ကြံဖွံ့အသင်းကြီးသည် ပြည်သူလူထု၏ အကျိုးစီးပွားကို ဆောင်ကြဉ်းရန် ဖွဲ့စည်းထားခြင်းမဟုတ်။ နအဖ အာဏာတည်မြဲရေးအတွက် ဒေါက်တိုင်သဖွယ် ကျားကန်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းကြောင့်ပင်တည်း။

ပြည်သူတိုင်းလိုလို မုန်းကြသော်လည်း အဆိုပါ ကြံဖွံ့အဖွဲ့ကြီးတွင် အဖွဲ့ဝင်ပေါင်း သန်းနှင့်ချီ၍ ရှိပေသည်။ အဘယ်ကြောင့်နည်း။

အများစုမှာ မ၀င်မနေရ….ဟု အာဏာပိုင်များက ဖိအားပေးသောကြောင့် ၀င်လိုက်ကြရသူများ ဖြစ်ပေသည်။ အသင်းဝင်မဟုတ်ပါက ရာထူးတက်လမ်းများ ပိတ်ကုန်မည် စိုးရိမ်သောကြောင့်သော်လည်းကောင်း၊ အများနည်းတူ တန်းတူရည်တူ အခွင့်အလမ်းများကို မရတော့မှာ စိုးရိမ်သောကြောင့်သော်လည်းကောင်း အောင့်သက်သက်နှင့် ၀င်လိုက်ကြရသူများဖြစ်သည်။ ဤနေရာတွင် အဖွဲ့ဝင်မဟုတ်သူများ၏ အခွင့်အရေးများကို လျှော့ချ ပိတ်ပင်ခြင်းဖြင့် အဖွဲ့ဝင်ဖြစ်လာစေရန် ကြံဆောင်အားထုတ်တတ်ကြကုန်သော အလားတူဖြစ်ရပ်များကို ရည်ရွယ်ရေးသားခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများ၏ ပြည်တွင်းရေးသက်သက်ဖြစ်သော ကြံ့ဖွံ့အဖွဲ့ကြီးအကြောင်းကို ရေးပြနေခြင်းမျှသာ ဖြစ်ပါကြောင်း။

နောက်တမျိုးမှာ မိမိလုံးဝ မသိလိုက်ရဘဲ ဘုမသိဘမသိနှင့် အော်တိုမက်တစ် ကြံဖွံ့အဖွဲ့ဝင်ဖြစ်သွားကြရသူများပင်။ ကျေးဇူးရှင် ကိုရွှေကြံဖွံ့စည်းရုံးရေးမှူးများက စေတနာသဒ္ဓါပို၍ ရပ်ကွက်ထဲရှိလူမှန်သမျှကို ကြံ့ဖွံ့အဖွဲ့ထဲသို့ သူ့သဘောနှင့်သူ ဆွဲသွင်းလိုက်ခြင်းကြောင့်ပင်တည်း။ ကျွန်ုပ်ပင်လျှင် ဇာတိမြေ၌ ကြံဖွံ့အဖွဲ့ဝင်တယောက် ဖြစ်နေပြီလော မပြောတတ်။ မြန်မာပြည်တွင် ဤတနေရာ၌ ထူးထူးကဲကဲ ၀န်ဆောင်မှု ကောင်းလှချေသည်တကား။

နောက်ဆုံး အမျိုးအစားမှာ အခွင့်အလမ်းများကို နန့်နန့်တက် မက်မောသောကြောင့် ကြံ့ဖွံ့အဖွဲ့ဝင်အဖြစ် ခံယူသွားကြသူများဖြစ်သည်။ ကြံဖွံ့အဖွဲ့သို့ဝင်လိုက်လျှင် နိုင်ငံခြားသို့ လေ့လာရေးခရီး သွားရန်အခွင့်အရေးရခြင်း၊ နိုင်ငံခြားသို့ ထွက်ရန်လွယ်ကူခြင်း၊ ဟိုသင်တန်း ဒီသင်တန်းများတွင် အခမဲ့ တက်ရောက်ခွင့်ရခြင်း၊ ရပ်ထဲရွာထဲမှာ စွာကျယ်စွာကျယ် လုပ်ခွင့်ရခြင်း၊ သူများတကာ လက်လှမ်းမမှီသည့် စီးပွားရေးခွင်များကို ရရှိနိုင်ခြင်း၊ အနှိပ်ခန်းများ၊ ဘီယာဆိုင်များတွင် မိုက်ကြေးခွဲနိုင်ခြင်း၊ အကောင်ဗလောင်များဖြင့် ထိတွေ့သိကျွမ်းကာ ကပ်ဖားယပ်ဖားလုပ်ခွင့်ရခြင်း၊ အနာဂတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအဖြစ်ကူးပြောင်းကာ အမတ်လောင်းနေရာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ခြင်း၊ မိမိသားသမီးများ ကြံဖွံ့ခံလိုက်ပါက ယင်းတို့၏ အနာဂတ်ပညာရေးအဆင်ပြေချောမွေ့စေခြင်း စသည့်... စသည့်... အခွင့်အရေးများကို မက်မော၍ ကူးပြောင်းကြခြင်းဖြစ်သည်။ ဤနေရာတွင်လည်း ကျွန်ုပ်တို့ ပြည်တွင်းရေးဖြစ်သော ကြံဖွံ့အဖွဲ့ဝင်များအကြောင်းသက်သက်ကိုသာ ရေးပြနေခြင်းဖြစ်ပါကြောင်း... အောင်း...အောင်း။

ထိုသို့လျှင် အခွင့်အရေးကို ဘန်းပြကာ စည်းရုံးခြင်းဖြစ်သဖြင့် အခွင့်အရေးသမားများနှင့်သာ ပြည့်နှက်နေပေတော့သည်။ ကြံ့ဖွံ့အဖွဲ့ကြီး ပြောပါတယ်။

ထိုအဖွဲ့မျိုးသည် သာမန်လူရိုးလူကောင်းများအတွက် အဖွဲ့ဝင်အဖြစ် အမြဲတစေ နေချင်စဖွယ်ကောင်းသော အဖွဲ့အစည်းမျိုးတော့ ဖြစ်မလာပါ။ အဘယ့်ကြောင့်ဟူမူ အဖွဲ့ဝင် အားလုံးသည် တယောက်နှင့် တယောက် မာန်စောင်ကာ အခွင့်အလမ်းကို ချောင်းမြောင်းနေကြသူ သူကောင့်သားတွေချည်း ဖြစ်နေသောကြောင့်ပင်တည်း။ မိမိတက်လမ်းအတွက် တဦးနှင့် တဦး နောက်ကျောကို ဓားနှင့် ထိုးရန် ၀န်မလေးသော၊ တာဝန်ကို ရှောင်လွှဲလိုသော၊ သစ္စာမရှိသော၊ မိမိကိုယ့်ကျိုးအတ္တကိုသာ ရှေ့တန်းတင်သော၊ အထက်ဖား အောက်ဖိ ဆီမီးခွက်ယိမ်းကနေသော.. လူတွင်ကျယ်လုပ်လိုသူ လူကြွားများနှင့်သာ ပြည့်နှက်နေသည့် လူ့အဖွဲ့အစည်းမျိုးသာ ဖြစ်လာနိုင်ပေသည်။ ကြံဖွံ့အဖွဲ့ကြီးကို ပြောတာနော်…အော်…အော်။ အံမယ်လေး… ဒီအချက်ကို ထည့်ထည့်ပြောနေရတာ မောလိုက်တာ။ သတ်သတ်မှတ်မှတ် မပြောပြန်လျှင်လည်း ကွန်မင့်ကဏ္ဍတွင် မဆိုင်သူများမှ သူတို့ဆုံးဖြတ်ချက် မှန်ကန်ကြောင်း လာရောက် သက်သေပြကြမည်ကို စိုးရွံ့လှပါသည်…အီ…အီ။

အခွင့်အရေးသမားများနှင့် ပြည့်နှက်နေသော အဖွဲ့ကြီးများသည် ရေရှည်မတည်တံ့နိုင်။ အသင်းဝင်အများစုသည် အဖွဲ့အပေါ်သစ္စာမရှိကြ။ အခက်အခဲကြုံသည်နှင့် အသင်းဝင်အဖြစ်မှ အဆောတလျှင် အူယားဖားယား နှုတ်ထွက်သွားကြမည်သာဖြစ်သည်။ ထင်ရှားအောင် ဥပမာပေးရလျှင် ရှစ်လေးလုံးအရေးတော်ပုံကာလ၌ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ တင်းပြည့် ကျပ်ပြည့် ဇလားပြည့် ပါတီဝင်များ အလျှိုလျှို နှုတ်ထွက်ကြပုံနှင့် အလားသဏ္ဍာန်တူပေလိမ့်မည်။ ဒါလည်း ကြံ့ဖွံ့အဖွဲ့ကြီးအကြောင်း ပြောနေတာသက်သက်ပဲနော်။

ကြံဖွံ့အဖွဲ့ကြီးသည် မတော်မတရားသည့်နည်းမျိုးစုံဖြင့် ကြိုးပမ်းထား၍ လတ်တလောတွင် အင်အားကောင်းသယောင်၊ ပြည့်စုံကြွယ်ဝသယောင်၊ ဘဏ္ဍာငွေများ တောင့်တင်းသယောင် ထင်ရပေသည်။ သို့သော် အတွင်းက လှိုက်စားနေသော အဖွဲ့အစည်းကြီးမျှသာ ဖြစ်သည်ကို သတိပြုပါ။ မဆလပါတီကြီးကို သတိရကြပါ။ ထိုသို့သော အဖွဲ့ကြီးများ ပြိုပြီဟေ့ဆိုလျှင် နအဖလက်ထက် တည်ဆောက်ထားသော လမ်းမကြီးများ၊ တံတားကြီးများ၊ ဘုရားကြီးများ ရေတိုက်စားသည့်အခါ၊ ငလျှင်လှုပ်သည့်အခါ ပြိုသည်ထက်ပင် ပိုမိုမြန်ဆန်တတ်ပေသေးသည်။ ထို့ကြောင့် အခွင့်အရေးများကို နန့်နန့်တက် မက်မော၍ ကူးပြောင်းတတ်ကြသူများ ဤအချက်ကို သတိထားကြပါရန်။ ကြံဖွံ့အဖွဲ့ဝင် ဖြစ်ချင်နေသူများအား သတိပေးခြင်းမျှသာ ဖြစ်ပါကြောင်း။

အခွင့်အရေးကို မက်မော၍ ကူးပြောင်းတတ်သူများသည် သစ္စာမရှိသော သူများသာဖြစ်သဖြင့် အဖွဲ့အစည်းများ ပြိုပျက်သောအခါ ခေတ်ရေစီးကိုလိုက်၍ အခြား အင်အားတောင့်တင်းလာသည့် ဖက်သို့ သူ့လူကိုယ့်ဖက်သားလုပ်ကာ အမြန် ပြန်လည်ကူးပြောင်းလာတတ်ကြသေးသည်။ ဤအချက်ကို အခွင့်အရေးသမားမဟုတ်သူများက အထူးတလည် သတိထားကြရန်။ လိုအပ်လျှင် “သာကူးစောင့်ကြည့်ရေးအဖွဲ့”၊ “အခွင့်အရေးသမား စောင့်ကြည့်ရေးအဖွဲ့”၊ “ စနေမောင်မောင် နေရာချထားရေးအဖွဲ့” စသဖြင့် အဖွဲ့အစည်းများ ဖွဲ့တန်သင့်လျှင် ဖွဲ့ရချေမည်။

မည်သို့ပင်ဖြစ်စေ…. ယခု လောလောဆယ် အချိန်တွင်ကား ကြံဖွံ့အဖွဲ့ကြီးသည်… ချေးတောထဲတွင် ပေါက်သော ဘူးပင်အလား အညွန့်တလူလူဖြင့် ရှိနေချေသေးသည်။ ကျွန်ုပ်တို့ အနေနှင့် မည်မျှပင် အမြုတ်ထွက်မတတ် ရေးပြသော်လည်း ချေးကြိုက်သော လောက်ကောင်သည် ချေးတွင်သာ ပျော်မွေ့သကဲ့သို့ အခွင့်အရေးကို မက်မောသော အခွင့်အရေးသမားတို့သည်လည်း ကြံဖွံ့အဖွဲ့ကြီးသို့ ပျော်ပျော်ကြီးပင် နေ့စဉ်နှင့်အမျှ ကူးပြောင်းဝင်ရောက်နေကြမည်ဦးသာဖြစ်သည်။ ဤသည်ကို ယောနိသောမနသိကာရဖြင့် နှလုံးသွင်းလျက် ဖြေသိမ့်ကြပါကုန်လော့။

ပေါက်တိပေါက်ရှာ တွေးတောခြင်း၌ အထူးမွေ့လျော်သော ကျွန်ုပ်၏ နားထဲတွင်မူကား ချေးတောထဲတွင် ပျော်တတ်သော ကိုရွှေလောက်ကောင်များ အချင်းချင်း အုပ်စုဖွဲ့၍ “ကိုရွှေလောက်ကလေး ဘယ်လိုငယ်…. ဒီလို ကူးတတ်တယ်….ချေးပင်လယ်ကြီး ဘယ်လိုကျယ်… ကူးတတ်ပါတယ်….. လောက်ဇွဲ အံ့လောက်တယ်” ဟု ပျော်ပျော်ကြီး သံပြိုင်သီဆိုကြနေသည်ကို ကြားယောင်မိပါတော့သည်။

စာကြွင်း။..........။ ဘုရားစူး၊ မိုးကြိုးပစ် ကြံဖွံ့အဖွဲ့ကြီးအကြောင်းကို ရေးသားထားခြင်းသာလျှင် ဖြစ်ပါသည်။

0 သံဃာတပ်ပေါင်းစု ဧရာဝတီတိုင်း (ဖွဲ့စည်းပုံ)။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.