မူရင်းအင်္ဂလိပ်လိုကိုအောက်မှာဖတ်နိုင်ပါတယ်။ ပေးပို့သောကိုတင်ဝင်းအားအထူးကျေးဇူးတင်ရှိပါသည်။
Challenge impunity in Burma
Yozo Yokota
The Jakarta Post
July 6, 2010
The writer was UN Special Rapporteur on the Situation of Human Rights in Burma from 1992 to 1996 and a member of the UN Sub–Commission on the Promotion and Protection of Human Rights from 2000-2009.
Last month, the UN Special Rapporteur for Human Rights in Burma, Tomas Ojea Quintana, told the United Nations that Burma’s ruling military junta may be committing war crimes and crimes against humanity, and that these international crimes should be investigated. I agree.
The past three years have drawn the world’s attention to the humanitarian and human rights crisis in Burma as never before. Now Burma’s dictator Than Shwe is hoping the world has a short memory; he plans a façade of an election later this year, to put sheen of legitimacy on dictatorial rule.
The courageous protests led by Buddhist monks in September 2007, and the regime’s shocking crackdown, including the killing of Japanese photojournalist Kenji Nagai, exposed more clearly than ever before the regime’s cruelty.
Eight months later, Cyclone Nargis ripped through the country, leaving death and devastation in its wake, and the regime’s initial refusal to accept international aid workers evidenced its inhumanity.
The continuing military offensives against civilians in ethnic areas, particularly in eastern Burma, the assassination of at least one prominent ethnic leader and attempts on the lives of others and a callous disregard for a famine in Chin State all expose once again the regime’s agenda of ethnic cleansing.
As the regime prepares to hold elections this year, the world must remember the backdrop of the past three years. Last year, a report was published by Harvard Law School called Crimes in Myanmar.
Commissioned by some of the world’s leading jurists, including Judge Patricia Wald (US), Hon. Ganzorig Gombosuren (Mongolia), Sir Geoffrey Nice QC (UK), Judge Richard Goldstone (South Africa), and Judge Pedro Nikken (Venezuela), the report concludes that the regime’s violations of human rights may amount to war crimes and crimes against humanity, and that these should be investigated by the United Nations. As a former UN special rapporteur, I agree.
During my period as UN special rapporteur on human rights in Burma, I received incontrovertible evidence that forced labor, the forcible conscription of child soldiers; torture and rape as a weapon of war are widespread and systematic in Burma. Since that time, the evidence has grown stronger. It is claimed by the Thailand-Myanmar Border Consortium that as many as 3,500 villages have been destroyed in eastern Burma since 1996. Villagers have been used as human minesweepers, forced to walk through fields of landmines to clear them for the military, often resulting in loss of their limbs and sometimes their lives in the process.
I visited prisons and heard many testimonies of cruel forms of torture. Today, over 2,100 political prisoners are believed to be in Burma’s jails, and Nobel Peace Prize Laureate Aung San Suu Kyi, Burma’s democracy leader, remains under house arrest. She has spent over 14 of the past 20 years in detention.
Religious persecution is widespread. The regime is intolerant of non-Burmese ethnic minorities and non-Buddhist religious minorities. The predominantly Christian Chin and Kachin peoples, as well as the partly Christian Karen and Karenni, face discrimination, restriction and persecution, including the destruction of churches and crosses. Christians have been forced to tear down crosses and built Buddhist pagodas in their place, at gunpoint. The Muslim Rohingyas face similar persecution, and are denied citizenship in the country despite living in Burma’s northern Arakan state for generations. As a result they face unbearable restrictions on movement and marriage, and have almost no access to education and health care.
The United Nations has been documenting these crimes for many years. My fellow former rapporteur, Rajsoomah Lallah, concluded as long ago as 1996 that these abuses were “the result of policy at the highest level, entailing political and legal responsibility.” A recent General Assembly resolution urged the regime to “put an end to violations of international human rights and humanitarian law”. The UN has placed Myanmar on a monitoring list for genocide, while the Genocide Risk Index lists Burma as one of the two top “red alert” countries for genocide, along with Sudan.
Non-Governmental Organizations have made similar assessments. Amnesty International described the violations in eastern Burma as crimes against humanity, while the Minority Rights Group ranks Burma as one of the top five countries where ethnic minorities are under threat. Freedom House describes Burma as “the worst of the worst”.
Human Rights Watch and the International Center for Transitional Justice draw similar conclusions. With “elections” looming and an increase in crimes against humanity already prevalent in Than Shwe’s attempt to end all ethnic minority resistance to his rule, now is the time for concerted international action before more lives are lost.
Impunity prevails in Burma and no action has been taken to bring an end to these crimes. That is why we believe the United Nations has an obligation to respond to the current rapporteur’s recommendation and establish a commission of inquiry, to investigate war crimes and crimes against humanity and propose action. The UN Security Council should also impose a universal arms embargo on Burma’s regime. The regime has been allowed to get away with these crimes for too long. The climate of impunity should not be allowed to continue unchallenged.
Saturday, July 10, 2010
0 ဇူလိုင်လ(၉)ရက်နေ့ထုတ်The Jakata Post သတင်းစာကြီးတွင်ဖော်ပြထားသော Profesor Yozo Yokota၏ နအဖ၏ရာဇ၀တ်မှုကျူးလွန်သောအမှုများဆောင်းပါး (ဘာသာပြန်)
0 မျိုးဆက်သစ်တို့၏ အမှန်တရားနှင့်ပေးဆပ်သူတို့၏အောင်ပွဲ
နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များ၏ ပန်းချီသင်တန်းကို ယနေ့ ၁၀.၇.၂၀၁၀ (စနေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ မြောက်ဒဂုံမြို့နယ်တွင် Indoor ရေးချက်များကို ပန်းချီဆရာကြီး ဦးဝင်းကြည်မှ သင်ကြားပေး ပြီးသည့်နောက် ကလေးသူငယ် များ မွန်းကျပ်မှုမှ ထွက်မြောက်စေရန် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်အနီးရှိ ကိုးဘွဲ့ရ ဆရာတော်ကျောင်း ပတ်ဝန်းကျင်တွင် Outdoor ရေးချက်များကို သွားရောက် သင်ကြားရေးဆွဲ ခဲ့ကြသည်။
ဤကဲ့သို့ Outdoor ရေးချက်သည် သဘာဝတရား၏ အစစ်အမှန်များ၊ လက်တွေ့ အယူအဆ များ၊ အတွေးအမြင်အမှန်များကို သဘာဝကျကျ ခံစားရေးဆွဲရသော အနုပညာဖြစ်သည်။ သဘာဝ ရှုခင်းများကို အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း မြင်တွေ့မှုများကို မိမိ၏ ဆေး၊ စုတ်တံ၊ စက္ကူ တို့နှင့် မိမိ၏ ခံစားမှု အနုပညာနှင့် ပေါင်းစပ်ကာ ရေးခြယ်ရခြင်း ဖြစ်သည့်အတွက် ကွင်းဆင်းရေးချက် (သို့) သဘာဝရေးချက် (သို့) အမှန်တရားရေးချက် ဟု ဆိုရမည် ဖြစ်သည်။
မျိုးဆက်သစ် ကလေးများနှင့် အတူ ပန်းချီဆရာကြီး ဦးဝင်းကြည်၊ အင်္ဂလိပ်စာနည်းပြ ဆရာမ ဒေါ်ဧရာမောင်မောင်၊ ဥက္ကဌ ဦးကျော်သူနှင့် အမှုဆောင်များမှ လိုက်လံအားပေး ပံ့ပိုး ကူညီပေးခဲ့သည်။ ထို့ပြင် ရပ်ကွက်တွင်းရှိ ကလေးသူငယ်များ၊ မိခင်ဖခင်များ စသဖြင့် ရပ်ရွာ ပြည်သူလူထုတို့ကလည်း စိတ်ဝင်တစား လာရောက် အားပေးခြင်း၊ မျိုးဆက်သစ်ကလေးငယ်များအား အပူဒဏ်ခံနိုင်ရန် ထီးမိုး ပေးခြင်း တို့ကို မေတ္တာရှေ့ထား၍ ကူညီပေးခဲ့သည်။
ထို့ကြောင့် ပန်းချီပညာရပ်သည် မျိုးဆက်သစ် ကလေးငယ်များအတွက် သဘာဝတရား၏ အစစ်နှင့် အတုကို ခွဲခြား ပိုင်းခြား ဆုံးဖြတ်မှုတို့ကို ပေးစွမ်းနိုင်သည်။
ပန်းချီပညာရပ်သည် ကောက်ကျစ်ခြင်း၊ ကွေ့ပါတ်ခြင်း၊ လှည့်ဖြားခြင်း မရှိသဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အနာဂတ်ခေါင်းဆောင် မျိုးဆက်သစ် ကလေးငယ်များအတွက် မှန်ကန်သော အသိဥာဏ်၊ စစ်မှန်သော အသိတရား၊ ရိုးသားသော စိတ်ဓါတ်၊ တက်ကြွသော စွမ်းအားများကို ရစေတော့မည် ဖြစ်သည်။
ပေးဆပ်သူတို့၏ အောင်ပွဲ
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေး ကိစ္စ၊ ဆေးဝါးကုသမှု ကိစ္စ၊ မျိုးဆက်သစ် ကလေးငယ် တို့၏ ပညာရေ မြင့်မားတိုးတက်ရေး ကိစ္စနှင့် သဘာဝဘေးဒဏ် ခံစားရသော ပြည်သူလူထုတို့အတွက် ပံ့ပိုး ကူညီ ဖေးမမှုများကို တတ်စွမ်းသရွေ့ ဖေးမကူညီမှုများ ပြုလုပ်ပေးလျှက် ရှိသော်လည်း နာရေးကူညီမှုအသင်း (ရန်ကုန်) တည်ရှိရာ ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ် အသင်းရုံးဝင်း အတွင်းတွင် တည်ရှိသော သုခကုသိုလ်ဖြစ်ဆေးခန်းနှင့် စတင် တည်ဆောက်နေပြီဖြစ်သော “သုခ အဟာရ” သက်သာချောင်ချိရေး စားသောက်ဆိုင်၊ မော်တော်ယာဉ် ရေဆေး၊ ဆီထိုး၊ စက်ပြင် အဆောက်အဦးနှင့် နာရေးကူညီမှုအသင်း ရုံးခန်း အဆောက်အဦးတို့တွင် အသုံးပြုရန် ရေအခက်အခဲ ကြုံတွေ့နေရသည်မှာ ကြာပြီဖြစ်သည်။ အများပြည်သူတို့ အတွက် ရေဒုက္ခများကို တဖက်တလမ်း လိုက်လံဖြေရှင်း ပံ့ပိုးမှုများကို လုပ်ဆောင်ပေးဆပ်လျှက် ရှိသော်လည်း မိမိတို့တွင် ကြုံတွေ့နေရသော ရေဒုက္ခကို ဖြေရှင်းရန် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။
ခြံဝင်း၏ ပြင်ပ မော်တော်ကားလမ်းမကြီး တစ်ဖက်တွင်ရှိသော ဂျိုးဖြူ ပိုက်လိုင်းကြီးမှ ရေသွယ်တန်းခွင့် လျှောက်ထားသော်လည်း အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့၍ ယခု ၇.၇.၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် စတင်၍ ကိုယ့်အားကိုယ်ကိုးကာ အ၀ီစိတွင်း တူးဖော်ခြင်းကို လုပ်ဆောင်ခဲ့ရာ ယနေ့ ၁၀.၇.၂၀၁၀ (စနေ) နေ့တွင် ပေ ၆၅၀ အနက်တွင် သုံးစွဲရန် ရေများ အောင်မြင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။
အများပြည်သူ အလှူငွေဖြင့် အများပြည်သူအတွက် ပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်) သည် “ကိုယ်ပြုသောကံ ပဲ့တင်သံ … ကိုယ့်ထံ ပြန်လာမည်” ဟူသော ယောဆရာတော်ဘုရားကြီး၏ သြ၀ါဒ စကားကို သက်သေပြလိုက်ခြင်းပင် ဖြစ်တော့သည်။
သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ
0 တိုကျိုမြို့မှာ ကျင်းပပြီးစီးခဲ့တဲ့ မိဘမဲ့ကလေးများ ရံပုံငွေ ဂီတဖျော်ဖြေပွဲ.(ရုပ်/သံ)အစအဆုံး
ဂျပန်နိုင်ငံ တိုကျိုမြို့ Ikebukuro မြို့နယ်မှာ .. မိဘမဲ့ကလေးများ ရံပုံငွေ ဂီတဖျော်ဖြေပွဲ.ကို ဂျူလိုင်လ (၄)ရက်နေ့ နေ့လည် ၄နာရီမှ ၉နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ပြီးအဆိုပါ ရံပုံငွေ ဂီတဖျော်ဖြေပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံမှ နာမည်ကြီး အဆိုတော် ရုပ်သရုပ်ဆောင် များဖြစ်ကြတဲ့ ရာဇာနေဝင်း၊ ဂျေမောင်မောင်၊ ချစ်ကောင်း၊ တူးတူး၊ ဟေမာနေဝင်းနှင့် အြိန္ဒာကျော်ဇင်တို့မှ လာရောက် သီဆိုဖျော်ဖြေပေးခဲ့ကြပါတယ်။ မိဘမဲ့ ရံပုံငွေ ဖျော်ဖြေပွဲ ဖြစ်သည့် အတွက် တိုကျိုမြို့နှင့် နယ်မြို့များမှ ပရိသတ်များ ခန်းလုံးပြည့် လာရောက် အားပေးကြကြောင်းသိရှိရပါသည်။
videoမှတ်တမ်း။ ။ ကိုဇော်အားကျေးဇူးတင်ရှိပါသည်။
0 ပြင်းထန်စွာနှိပ်စက်ခံရသည့် အယ်ဒီတာက သက်ဆိုင်ရာတိုင်ကြား
(RFA)
အကျဉ်းကျခံနေရတဲ့ မဂ္ဂဇင်း အယ်ဒီတာဟောင်းတဦး၊ စစ်ကြောရေးမှာ အနှိပ်စက်ခံရတာနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားပေမဲ့ ဘာထူးခြားမှုမှ မရှိတာကြောင့် ထပ်ပြီးတိုင်ဖို့ အမှုသည်က ညွှန်ကြားတယ်လို့ တရားခံရဲ့ ရှေ့နေကပြောပါတယ်။
ဂန္ဓာရဝတီ သတင်းဂျာနယ် အယ်ဒီတာဟောင်း ဦးညီညီထွန်းကို ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလက ရန်ကုန်တိုင်း ပြည်သူရဲ၊ ထောက်လှမ်းရေးနဲ့ နိုင်ငံရေးဌာနစိတ်က ဖောက်ခွဲရေး လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းထားစဉ် ၆ ရက်အတွင်း နှိပ်စက် စစ်ဆေးမှုတွေ လုပ်ခဲ့တာကြောင့် ဦးညီညီထွန်းက ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့တာပါ။ ဦးညီညီထွန်းရဲ့ ရှေ့နေ ဦးကျော်ဟိုးက ခုလိုပြောပြပါတယ်။

'ကျောက်ခဲတွေပေါ်မှာ ဒူးထောက်ခိုင်းတာတို့ ဘာတို့ပေါ့။ နည်းပေါင်းစုံနဲ့ နှိပ်စက်တယ်၊ နောက်ဆုံး ဘယ်လောက်ထိ လုပ်လဲဆိုတော့တဲ့၊ သူ့ကို စအိုထဲကို ရဲနံပါတ်တုတ်နဲ့ ထိုးသွင်းတဲ့အထိ လုပ်တယ်ပေါ့။ အဲဒါကို သူ့ညီမက ပြီးခဲ့တဲ့ တလကျော်လောက်က တိုင်လိုက်တယ်။ တိုင်လိုက်တာကို ခုထက်ထိတော့ ပြန်ပြီးတော့ ဘာမှ အကြောင်းမထူးတော့၊ ထပ်ပြီးတော့ စာတင်ခိုင်းတယ်လေ။'
ရန်ကုန်တိုင်းရဲက ၆ ရက် ထိန်းသိမ်းထားပြီး အောင်သပြေရှိ အထူးရဲတပ်ဖွဲ့ကို လွှဲပြောင်းစဉ် ဒဏ်ရာဒဏ်ချက်များ တွေ့ရှိတာကြောင့် အထူးရဲတပ်ဖွဲ့က ဆေးကုသပေးပြီး ဒဏ်ရာတွေကို မှတ်တမ်းတင်ထားခဲ့ပါတယ်။
'အက်စ်ဘီကို လွှဲတဲ့အခါကျတော့ အောင်သပြေ အက်စ်ဘီက အရာရှိတွေက သူ့ဒဏ်ရာဒဏ်ချက်တွေကို ဓာတ်ပုံရိုက်တယ်ပေါ့လေ။ ဓာတ်ပုံရိုက်တယ်၊ မှတ်တမ်းတင်တယ်၊ နောက် ဆရာဝန်ခေါ်ပြီးတော့ စစ်တယ်၊ ပြီးတော့ ဆေးတွေဘာတွေ ကုပေးတယ်ပေါ့။ အဲဒီ မှတ်တမ်းမှတ်ရာတွေလည်း အကုန်ရှိတယ်။ အဲဒါကိုလည်းပဲ အက်စ်ဘီ ရဲအရာရှိက သက်သေ ပါတာကိုး အမှုမှာ။ အဲဒီ ရဲတယောက်က အဲဒါနဲ့ ပတ်သက်လို့ သူတို့ဆီမှာ တရားဝင် မှတ်တမ်းမှတ်ရာ အကုန်ရှိပါတယ်တဲ့။ အဲဒီတော့ ရုံးရှေ့မှာ ထွက်ထားတာလည်း ရှိတယ်လေ။'
ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားထားတာ ထူးခြားမှု မရှိတာကြောင့် မနေ့က ထပ်ပြီးတိုင်ကြားဖို့ ဦးညီညီထွန်းက ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဦးညီညီထွန်းကို မနှစ်က အောက်တိုဘာလ ၁၄ရက်နေ့က ဟပ်ကြီးရေကာတာ ဗုံးခွဲရန်ကြံစည်မှု၊ တရားမဝင် အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်မှု၊ အီလက်ထရောနစ် အက်ဥပဒေအပြင်၊ လဝက ပုဒ်မ ၁၃-၁ စတဲ့ အမှုပေါင်း လေးမှုနဲ့ ဆိပ်ကမ်းမြို့နယ် တရားသူကြီးထိုင်တဲ့ အင်စိန်ထောင် အထူးတရားရုံးမှာ စစ်ဆေးခံနေရတာ ဖြစ်ပါတယ်။
0 ရေဘ၀ဲ က စပိန် နိုင်မည် ဟု နိမိတ်ဖတ်(ဗီဒီယို)
Freedom news Group
ဇူလိုင်လ ၁၁ ရက်နေ့ တွင် ကျင်းပမည့် ကမ္ဘာ့ 
ဖလား နောက် ဆုံး ဗိုလ်လုပွဲစဉ် တွင်
တွေ့ ဆုံကြမည့် ဂျာမဏီနှင့် စပိန် အသင်း အတွက်
မည်သူ နိုင်မည် ဆိုသည့် ကြိုတင်
ခန့် မှန်း ချက် ကို ရေဘ၀ဲ လေး ပေါလ်က
အဖြေထုတ်ပေး လိုက်ပြီ ဖြစ်သည်။
ကမ္ဘာ့ ဖလား ဗိုလ်လုပွဲ တွင် စပိန် အသင်း အနိုင် ရရှိ မည် ဟု ပေါလ် က ခန့် မှန်း ခြင်းဖြစ်သည်။သူ ၏ ခန့် မှန်းချက် များ မှာ ကမ္ဘာ့ ဖလား ပွဲ စဉ် များ တစ်လျှောက် မှန်ကန်မှု ရှိခဲ့ပြီး ဟော်လန် နှင့် ဘရာဇီး ၊ဂျာမဏီနှင့်စပိန် တွေ့ ဆုံမှု များ တွင် အကျော်ကြား ဆုံးဖြစ်ခဲ့သည်။
ရေဘ၀ဲ လေး ပေါလ် ၏ ရွေးချယ်မှု မှာ နှစ်နိုင်ငံ အလံများ ကပ်ထားသည့် ပုံးတွင် ကမာ ကောင် နှင့် ငါး
စသည့် အစာများ ကို ထည့်ထားပြီး အစာစားရန် အတွက် သူ ရွေးချယ်သည့် ပုံး၏ အလံ ကို လိုက်ပြီးအဖြေ
ထုတ်ခြင်း ဖြစ်သည်။
ခန့် မှန်းချက်များ မှန် လွန်းသည့် ရေဘ၀ဲ ကို ဘောလုံးပရိတ်သတ် အချို့ က ဒေါသထွက်နေကြသည်။
ရန်ကုန် မြို့ မှ ဘောလုံးဝါသနာ ရှင် လူငယ် တစ်ဦးက လည်း “ကျွန်တော် ကတော့ တိရိစ္ဆာန် ပြောတာ မမှန်
ဘူးထင်ပြီး ရေဘ၀ဲ ခန့် မှန်း ချက် အတိုင်း ပြောင်းပြန်တင် တာ အခု ပက်ပက်စက်စက် ရှုံးတယ် “ဟု ဆိုသည်။
ရေဘ၀ဲ ပေါလ် သည် ဂျာမဏီ နှင့် ဥရုဂွေး တို့ ၏ တတိယ နေရာ လု ပွဲစဉ် တွင် ဂျာမဏီ နိုင်မည် ဟု ခန့် မှန်း
ထားသည်။
ရေဘ၀ဲပေါလ်သည် ဂျာမဏီ နိုင်ငံ အိုဘာဟာဆန် ရှိ အဏ္ဏ၀ါ ပြတိုက် တွင် ရှိပြီး သူ့ အား ၂၀၀၈ ခုနှစ် တွင်
အင်္ဂလန် နိုင်ငံ ဝေးမောက် တွင် မွေးဖွား ခဲ့ခြင်း ဖြစ်သည်။ရေဘ၀ဲ လေး ပေါလ် သည် ယခု အချိန်တွင် အသက်
အန္တရာယ် အတွက် စိုးရိမ်ရသည့် အခြေအနေ တွင် ရှိသည် ဟု ပြတိုက်မှုး ကပြောသည်။
0 နအဖအာဏာရူးတွေရဲ့လက်ထက် ဘုရားကျောင်းကန်တွေမှာ မတွေ့ရတော့တဲ့ ကောသလမင်းအိပ်မက်(၁၆)ချက်
အခုလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့တိုက်ဆိုင်နေပြီးနအဖအာဏာရူးများကကောသလမင်းအိပ်မက်(၁၆)ချက်ကို ဘုရားကျောင်းကန်တွေမှာ ချိတ်ဆွဲထားခွင့် ပိတ်ပင်ထားတယ်လို့လည်းသိရှိရပါတယ်။
ကောသလမင်းကြီးက သူမြင်မက်ရတဲ့အိပ်မက်ကိုမြတ်စွာဘုရားကိုလျှောက်တင်တဲ့အခါ
ဘုရားကဟောခဲ့တာပါ။ အသင်မင်းကြီး မက်တဲ့အိပ်မက်က နောင့်လာမဲ့အနာဂတ် လူတွေဖြစ်လတ္တံ့
ဆိုပြီး မြတ်စွာဘုရားကဟောကြားတော်မူခဲ့တာပါ။
မိဘုရားကြီး တိုက်တွန်းချက်အရ ကောသလမင်းကြီး သွားရောက် လျှောက်ထား၍ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဖြေကြား နှစ်သိမ့်တော်မူ၏။
(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။
(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။
(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။
(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။
(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။
(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။
(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။
(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။
(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။
(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။
(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။
(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။
(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။
(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။
(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။
(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။
ပေးပို့သော ညီမလေး namnam အားကျေးဇူးတင်ရှိပါသည်။
0 ဒေါ်အောင်ဆန်းစုကြည်၏(၆၅)နှစ်မြောက်မွေးနေ့တွင် သွေးလှူဒါန်းကြသူများအား ဦးဝင်းတင်ကိုယ်တိုင်လတ်မှတ်ရေးထိုးသော ဂုဏ်ပြုလွှာ
ဂုဏ်ပြုလွှာပါကဗျာ -
ဘ၀နဲ့ အသက်ပေးထားတယ်။
ကျတော်တို့ မှာပြန်ပေးစရာ
လက်ထဲမှာရောဘ၀ထဲမှာပါ
ဘာမှမရှိဘူး။
ရင်ထဲမှာတော့ အများကြီး
စုန်နေဆန်နေတဲ့ သွေးကြောတွေထဲမှာ
အများကြီး။
ဘယ်တော့ မှမကုန်ခမ်းနိုင်တဲ့ 
သွေးတွေ...



လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏(၆၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ်သွေးလှူဒါန်းခဲ့ကြသော ကျောင်းသားလူငယ်နှင့်ဒီမိုကရေစီအင်အားစု(၆၅)ယောက်အားအဖွဲ့ချုပ်ခေါင်းဆောင်သတင်းစာဆရာကြီးအဘဦးဝင်းတင်ကိုယ်တိုင်လက်မှတ်ရေးထိုး၍ ဂုဏ်ပြုလွှာများပြန်လည်ပေးအပ်ခဲ့ပါတယ်။
အဆိုပါသွေးလှူဒါန်းခဲ့ကြသောကျောင်းသားလူငယ်များကိုဒေါ်အောင်ဆန်းစုကြည်မှမိမိမွေးနေ့အထိမ်းအမှတ်
အဖြစ်ယခုလိုသွေးလှူဒါန်းခဲ့ကြသောအလှူရှင်များအားလုံးကိုမိမိအနေဖြင့်အထူးကျေးဇူးတင်ကြောင်းနှင့် သူတပါးအသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက်မိမိသွေးကိုဖောက်ထုတ်လှူဒါန်းခြင်းသည်မွန်မြတ်သောအလုပ်ဖြစ်ပါကြောင်းအမှာစကားပါးလိုက်ပါတယ်။ ယခုလိုလူထုခေါင်းဆောင်မှအရေးတယူအမှာစကားပါးခဲ့ခြင်းကြောင့်သွေးလှူရှင်ကျောင်းသားများကအလွန်တရာဂုဏ်ယူဝမ်းမြောက်နေကြတယ်ဆိုတာ အမေဒေါ်အောင်ဆန်းစုကြည်ကိုသိစေချင်ပါတယ်။
အမေချစ်တဲ့မြန်မာပြည်ကိုအမေ့သားတွေကလဲအလွန်ချစ်ကြောင်းနဲ့လိုအပ်လာပါကအသက်ကိုပင် ပေးဆပ်ဖို့
ဝန်မလေးကြကြောင်း အမေ့စိတ်ဓါတ်ကိုအလေးအမြတ်ပြုရင်းသွေးလှူရှင်ကျောင်းသားအားလုံးရဲ့ကိုယ်စား အမေသိပါစေကြောင်းပြောကြားလိုပါတယ်။
မင်းသွေးသစ်(၂၀၀၇)
၂၀၀၇ မျိုးဆက်ကျောင်းသားသမဂ္ဂ
ပေးပို့သော ကိုရွှေနန္ဒအားကျေးဇူးတင်ရှိပါသည်။
0 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ပေးဆပ်မှုများ
အရေးပေါ် မီးဘေးကာကွယ်ရေး
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်များသည် နေ့တဓူဝ အများပြည်သူတို့၏ ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေးတို့၏ နာရေးကိစ္စများအား အခမဲ့ ကူညီပေးဆပ် မောင်းနှင်လျှက် ရှိသည်ကို ကိုယ်တိုင်မြင်တွေ့ ခံစားရပြီးသည့်နောက် နိဗ္ဗာန်ယာဉ်များမှာ ကားသစ်များ ဖြစ်သော်လည်း မတော်တဆ မီးဘေးအန္တရာယ် ကြုံတွေ့ခဲ့သည်ရှိသော် အရေးပေါ် မီးငြိမ်းသတ်နိုင်ရန်အတွက် မော်တော်ယာဉ်သုံး ဂျပန်နိုင်ငံလုပ် မီးသတ်ဆေးဘူး အလုံးရေ (၁၉) လုံးအား အလှူရှင် ဒေါ်ဥမ္မာသန်း (မိသားစု) ၉၃ လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ၉.၇.၂၀၁၀ (သောကြာ) နေ့တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ သဒ္ဓါတရား ထက်သန်စွာဖြင့် လာရောက်လှူဒါန်းသည့်အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အထူး ကျေးဇူးတင် ၀မ်းမြောက်စွာဖြင့် သာဓုခေါ်ဆို လိုက်ပါသည်။
အလှူရှင် ဒေါ်ဥမ္မာသန်း (မိသားစု)တို့အား ဂုဏ်ပြုကဒ်ပြားနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ လုပ်ဆောင်ချက် စာအုပ်စာတမ်းများ၊ DVD အခွေများကို ပြန်လည်ပေးအပ်ပြီး အသင်း၏ လုပ်ဆောင်ချက်များ၊ သုခကုသိုလ်ဖြစ်ဆေးခန်း၏ ပေးဆပ်မှုများတို့အား လိုက်လံရှင်းလင်း ပြသခဲ့သည်။ ယင်းနောက် အရေးပေါ် မီးဘေးကာကွယ်ရေးအတွက် အလှူရှင်မှ အရေးပေါ် လာရောက် လှူဒါန်းသော အရေးပေါ်မီးသတ်ဘူးများအား နိဗ္ဗာန်ယာဉ်များပေါ်တွင် အရေးပေါ် တပ်ဆင်မှုများကို ပြုလုပ်ခဲ့ပါသည်။
အရေးပေါ် မျိုးဆက်သစ်များအတွက် ပေးဆပ်မှု
၉.၇.၂၀၁၀ (သောကြာ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း သို့ မောင်ဝိုင်းချစ် အသက် (၂) နှစ်အရွယ် ကလေးငယ်အား အဖိုးဖြစ်သူမှ ခေါ်ဆောင်လာကာ ကလေးငယ်၏ တင်ပါးအောက်တွင် ဖြစ်ပေါ်နေသော အနာစိမ်းအား လာရောက် ပြသခဲ့သည်။
ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးအေးမောင်သန်း မှ ကြည့်ရှုစစ်ဆေးရာ အနာစိမ်း သည် အရေးပေါ် ခွဲစိတ် ခြစ်ထုတ်ရမည့် အနေအထား ဖြစ်နေသည့်အတွက် သက်ဆိုင်ရာ သူနာပြု ဆရာမများ အကူဖြင့် ကလေးငယ် မောင်ဝိုင်းချစ်အား အရေးပေါ် ခွဲစိတ် ခြစ်ထုတ်ကုသ ပေးခဲ့သည်။
ထို့ပြင် အနာအား ထပ်မံ၍ လာရောက် ပြသရမည့် နေ့ရက်ကို ချိန်းဆို၍ မောင်ဝိုင်းချစ် ရောဂါ ဝေဒနာ သက်သာပျောက်ကင်းရန် သောက်ရမည့် ဆေးဝါးများအား ပေးခဲ့ပြီး ရှောင်ရန် ဆောင်ရန် ကိစ္စများကို အသေးစိတ် ဂရုတစိုက် ဆရာဝန်ကြီးမှ အဖိုးဖြစ်သူအား ပြောကြားခဲ့သည်။
အရေးပေါ် အဘိုးအဘွားများအား ပေးဆပ်မှု





ခိုကိုးရာမဲ့ အဘိုးအဘွားများကို ကူညီဖေးမ စောင့်ရှောက်ပေးလျှက်ရှိသော “ဆည်းဆာရိပ်” ဂီလာနဘိုးဘွား စောင့်ရှောက်ရေးဂေဟာမှ အမေကြီး ဒေါ်ညွှန့်တင် အသက် (၇၂) နှစ်သည် ၉.၇.၂၀၁၀ (သောကြာ) နေ့တွင် ဆီးချို သွေးချို 36% ထိ ကျဆင်းသွားသည့်အတွက် သတိလစ်ကာ ကယောင်ကတန်း စကားများ ပြောဆိုနေခြင်းကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ် ဖြစ်ဆေးခန်းသို့ ခေါ်ဆောင်လာသည်။
အရေးပေါ်ကုသရမည့် လူနာဖြစ်သည့်အတွက် သယ်ဆောင်လာသော မော်တော်ယာဉ်ပေါ်မှ မချတော့ဘဲ သက်ဆိုင်ရာ ဆရာဝန်မကြီး ဒေါ်ထားထားနှင့် သူနာပြုဆရာမများမှ မော်တော်ယာဉ်ပေါ် ထိ တက်ရောက်ကာ ၀ိုင်းဝန်းဖေးမ ကုသပေးခဲ့သည်။ အချိုရည် Glucose 50% သွင်းပေးခြင်း၊ D/S အချို/အငန် ဆေးပုလင်း သွင်းပေးခြင်းဖြင့် သတိပြန်လည် ရရှိကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူကို တွေ့မြင်ရတော့မှ “သြော် … သုခဆေးခန်း ရောက်နေတာကိုး” ဟူ၍ ပြောကြား သွားသည်။
သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ
0 တမျိုးသားလုံး လွတ်မြောက်ရေး တိုက်ပွဲ
ဒီနေ့မြန်မာနိုင်ငံရဲ့ အခြေအနေကို လေ့လာကြည့်လျှင် လက်ရှိအစိုးရမှာ လွန်စွာ ဘေးကျပ်နံကျပ် အနေအထားမျိုး ရောက်နေသည်ကို တွေ့ရှိနိုင်ပါသည်။ ကျွန်ုပ်တို့တိုင်းသူပြည်သားများ ညီညွတ်ကြမည်ဆို လျှင် လူသားအားလုံးတောင့်တနေသော လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီနိုင်ငံအဖြစ်သို့ အလွယ်တကူ ရောက်ရှိနိုင် သလို ခေါင်းငုံ့ကာ သည်းခံလိုက်မည် ဆိုလျှင်လည်း မြန်မာနိုင်ငံပြည်သူလူထုသည် အကြီးမှားဆုံးသော ကျွန်အဖြစ် သွတ်သွင်းပွဲကြီးကို အလိုအလျှောက် လက်ခံလိုက်သည်နှင့်တူတူပင်ဖြစ်သည်။
ပြည်သူလူထု အနေနဲ့ ဘာလုပ်သင့်တယ်ဆိုတာ ကို အမြန်ဆုံး ဆုံးဖြတ်ပေးသင့်တယ်။ ဘယ်သူတွေ ဘယ်လောက်ဘဲ ဦးဆောင်တာ ကောင်းပါစေ ပြည်သူလူထု မပါတဲ့တိုက်ပွဲဆိုရင် ရှုံးဖို့ကသေချာတယ်၊ ရှုံးရင် ဘာဖြစ်မလဲ ပြည်သူတွေ သိပြီးသားပါ ။ အထူးအထွေ မရှင်းပြချင်တော့ဘူး။ မိမိတို့ ကျရာအခန်း ဂဏ္ဍကနေ တာဝန်ယူပေးကြဖို့ဘဲ လိုအပ်တယ်။ အာဏာရှင်စနစ်ဆိုး အောက်က ဘယ်အချိန် လွတ်မြောက်မှာလဲလို့ မေးရင် ပြည်သူလူထုအပေါ်မှာဘဲ မူတည်တယ်လို့ ပြန်ဖြေရမှာဘဲ၊
ပြည်သူတွေ ဆန္ဒပြင်းပြစွာနဲ့ အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်ကြရင် ဘယ်အာဏာရှင်မှ ရေရှည်အာဏာကို ထိန်းသိမ်းထားလို့ မရဘူးဆိုတာ ရာဇ၀င် သမိုင်းတွေကို ပြန်ကြည့်ရင် အထင်အရှား တွေ့ရှိရပါလိမ့်မယ်။ ကျွန်ုပ်တို့နိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်လျှင်လည်း အာဏာရှင်စနစ်ဆိုး၏ ကောက်ကျစ်ယုတ်မာ သော လုပ်ရပ်များကြောင့် ပြည်သူလူထုကား ပညာဥာဏ် အလင်းပွင့်လင်းခွင့် မရရှိကြတော့ပေ။
တက္ကသိုလ်ကျောင်းတွေ တော်တော်များများမှာ ဆိုရင်လည်း ကျောင်းသားတွေ အသိညဏ် ဖွံ့ဖြိုးစေမယ့် သင်ခန်းစာတွေကို ဖြုတ်ပြီး သူတို့စိတ်တိုင်းကျ ချယ်လှယ်နိုင်အောင် စစ်တပ်က လူတွေကို အုပ်ချုပ်ပိုင်းမှာ တာဝန်တွေ ပေးထားကြတယ်။ စာပေစီစစ်ရေးဆိုသည့် အဖွဲ့အစည်း၏ အဓိကတာဝန်မှာလည်း ပြည်သူ့အကျိုးပြု နိုင်ငံရေးစာပေများကို မှန်ဘီလူးဖြင့်ရှာဖွေ၍ တားဆီးကာ ပြည်သူလူထုအား အကျိုးယုတ်စေမည့် ညစ်ညမ်းစာပေများကိုမူ တရားဝင် ရေးသားခွင့် ပြုနေသည်မှာလည်း အဓိကအချက်တရပ် ဖြစ်သည်။
ထို့ထက်ပိုဆိုးသည်ကား သမိုင်းသုသေသီဟု အမည်ခံကာ မြန်မာနိုင်ငံသမိုင်းအကြောင်း ဖော်ထုတ် ရေးသားနေသော အချို့သောသူများသည်... ကျွန်ုပ်တို့တိုင်းပြည်၏ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ချန်လှပ်ထားကာ သခင်အားရ ကျွန်ပါးဝစွာ ပညာရှင်အမည်ခံလျှက် ကလောင်ကိုင်ကာ လုပ်စားလျှက် ရှိသည်ကို တွေ့ရှိခဲ့ရသည်။ ကျွန်တော်သေချာပေါက် တခုပြောရဲတယ် ဗိုလ်ချုပ်အကြောင်းမပါတဲ့ သမိုင်းစာအုပ်တွေကို ဖတ်ရတာ ဆားမပါတဲ့ ဟင်းကို စားနေရသလို ပြည်သူလူထုအားလုံး ခံစားကြရမှာဘဲ။ အဲဒီလိုဘဲ ဗိုလ်ချုပ်အောင်ဆန်းမပါတဲက သမိုင်းစာအုပ် ဟာလည်း ဘယ်တော့မှ ပြည့်စုံမှုမရှိနိုင်ဘူး ဆိုတာ တော့ ယုံကြည်တယ်။
စစ်မှန်သော သမိုင်းကြောင်းများကို ရေးသားတင်ပြချင်သော စာပေပညာရှင်များ၏ စာမူများကို စစ်အစိုးရဦးစီးသော စာပေစီစစ်ရေးမှ ပယ်ရှားလျှက်ရှိနေသည်။ ယနေ့ဗိုလ်ချုပ်အောင်ဆန်းကို ဘာကြောင့် ဖျောက်ထားဖို့ ကြိုးစားနေကြသနည်း ဟု မေးရန်ရှိလာသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်အား ထူထောင်သွားသူဖြစ်သည်။ သူတပ်မတော်သာများအား ဆိုဆုံးမခဲ့သည်များကို ယနေ့တပ်မတော်သားများ သိရှိလာပါက အမှန်ကို သိ မြင်လာမည်ကို လက်ရှိအစိုးရမှာ လွန်စွာ စိုးရိမ်လျှက်ရှိသည်။
ဗိုလ်ချုပ်၏ တိုင်းပြည်အပေါ်ထားရှိသော စေတနာများကို ပြည်သူလူထု သိမှာကို လည်း အစိုးရသည် လွန်စွာ ကြောက်ရွှံ့လျှက်ရှိသည်။ ကျွန်ူပ်တို့ဗိုလ်ချုပ်ဟောကြားခဲ့သော တမျိုးသားလုံး လွတ်မြောက်ရေး ဆိုသည့်စကားကို လက်ရှိ အစိုးရာကားအကြောက်ဆုံးပင်ဖြစ်သည်။
ခေတ်တွေဘယ်လိုပင်ပြောင်းပြောင်း ဗိုလ်ချုပ်၏ ညဏ်အမြော်အမြင်ဖြင့် ဟောပြောသွားသော မိန့်ခွန်းများမှာ ထာဝရသစ်လွင်ဆဲပင်ဖြစ်သည်။ ကျွန်ူပ်တို့သည် ဘာကြောင့်အာဏာရှင်စနစ်ဆိုးအောက်တွင်နှစ်ပေါင်းများစွာ နေခဲ့ကြရပါသနည်း ။ အဖြေကား ရှင်းရှင်းလေးပင်ဖြစ်သည်။ ကျွန်ူပ်တို့တိုင်းသူပြည်သားများသည် ကျေးဇူးရှင်ကို မေ့လျော့နေကြသောကြောင့် သာ လျှင်ဖြစ်သည်။
ကျွန်ုပ်တို့အား ချထားပေးခဲ့သော တာဝန်များကို မေ့လျော့ကာ မိမိတို့ကိုယ်ကျိုးအတ္တများကို ရှေ့တန်းတင်ခဲ့ကြသောကြောင့် အာဏာရှင်စနစ်ဆိုးကား တည်မြဲနေခြင်းပင်ဖြစ်သည်။ ဗိုလ်ချုပ် အမြဲပြောကြားခဲ့သော တမျိုးသားလုံး လွတ်မြောက်ရေးထက် မိမိလွတ်မြောက်ရေးနောက်ကို လိုက်နေသမျှတော့ တိုင်းပြည်ကား ပျက်စီးခြင်းမလှ ပျက်စီးနေအုံးမည်ပင်ဖြစ်သည်။ ဤနေရာတွင် ခေါင်းဆောင်ဆိုသော အခန်းဂဏ္ဍမှာ လွန်စွာ အရေးပါလျှက်ရှိသည်။ တမျိုးသားလုံးကို ခေါင်းဆောင်မည့်ပုဂ္ဂိုလ်သည် တမျိုးသားလုံးလေးစားရမည့် ပုဂ္ဂိုလ်ဖြစ်သင့်သည်။
ထို့အပြင်တိုးတက်သော ဥာဏ်အမြင်ဖြင့် တိုင်းပြည်သာယာဝပြောစေမည့် နည်းလမ်းကောင်းများကို ကိုယ်တိုင်လက်တွေ့ကျကျ အကောင်အထည် ဖော်ပေးနိုင်မည့်သူဖြစ်ရမည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်အကျိုးကို ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ မြန်မာတစ်မျိုးသားလုံး သာမက ပြည်ပတိုင်းပြည်များကပါ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားချစ်ခင်ခြင်းကြောင့်ပင်ဖြစ်သည်။
ကျွန်ုပ်တို့လက်ထက်တွင်တွင် လည်း တမျိုးသားလုံး အာဏာရှင်စနစ်မှ လွတ်မြောက်စေရေးအတွက် အထက်ပါ အရည်အချင်းများဖြင့်ပြည့်စုံသော လူထုခေါင်းဆောင်ကို အမြန်ဆုံးရွေးချယ် တင်မြှောက်သင့် လှပေသည်။ ယနေ့မြန်မာပြည်၏ နိုင်ငံရး လုပ်ငန်းများတွင်တွက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူများ နှင့် ပြည်သူလူထု အာလုံးလေးစားလျှက်ရှိသောနိုင်ငံခေါင်းဆောင်ကား အထူးရွေးထုတ်စရာပင် မလိုလှချေ။ မြန်မာနိုင်ငံတွင် သာမက ကမ္ဘာနိုင်ငံအသီးသီးကပင် လေးစားကြည်ညိုနေကြသည့် အမျိုးသားခေါင်းဆောင်ကား ကျွန်ုပ်တို့ တိုင်းပြည်တွင် ရှိနေပြီးသားပင်ဖြစ်သည်။
ထိုသူကား ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဗိုလ်ချုပ်အောင်ဆန်း၏ သွေးမျိုးဆက် ဒေါ်အောင်ဆန်းစုကြည် ပင်ဖြစ်သည်ကို အားလုံးသိရှိပြီးဖြစ်သည်။ ဤအချက်သည်ကား ကျွန်ူပ်တို့တိုင်းပြည် ကံကောင်းစေမည့် အချက်လေး တစ်ချက်ပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုအချက်လေးတချက်ကို လက်ကိုင်ထား၍ တစ်မျိုးသားလုံး လွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထု ခေါင်းဆောင်အဖြစ် တင်မြှောက်ကာ ကျွန်ုပ်တို့တိုင်းပြည် အာဏာရှင်စနစ်ဆိုးအောက်မှ အမြန်ဆုံးလွတ်မြောက်အောင် ကြိုစားကြရမည် ။ ထိုအချက်ကို အမိအရယူကာ ပြည်သူလူထုအင်အားဖြင့် ရုန်းကန်ကြလျှင် မကြာမှီ အချိန်အတောအတွင်း ကျွန်ုပ်တို့တိုင်းပြည်သည် ... လွတ်လပ်၍ တရားမျှသော ဒီမိုကရေစီနိုင်ငံသို့ အရောက်လှမ်းနိုင်မည်ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ သူတလူငါတမင်း အတ္တနှင့်မာနကို ရှေ့တန်းတင်နေကြလျှင်တော့ တိုင်းပြည်အနာဂတ်ကား ဆက်လက်၍ အမှောင်ဖုံးနေအုံးမည်ပင်ဖြစ်သည်။ ပထမဆုံး အနေနဲ့လုပ်သင့်တာက လက်ရှိအစိုးရကို ဆန့်ကျင်နိုင်မယ့် အင်အောင်းကောင်းတဲ့ အဖွဲ့အစည်းအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို အမြန်ဆုံးအင်အား ဖြည့် ပြန်လည် လုပ်ရှားမှု ပြုသင့်တယ်။ ရည်ရွယ်ချက် ချင်းလည်းတူ ဦးတည်ချက်ခြင်းလည် တူနေကြပါလျှက်နဲ့ သူ့အုပ်စု ၊ ငါ့ပါတီ ခွဲခြားနေကြရင်တော့ ဒီတသက် အာဏာရှင်စနစ်အောက် က ဘယ်တော့မှ မလွတ်မြောက်ဘူးမှတ်ကြပါ။
တကယ်ခေါင်းဆောင်နိုင်မယ့်သူ ၊ တိုင်းပြည်အတွက် ကိုယ်ကျိုးစွှန့် အနစ်နာခံနိုင်ခံတဲ့သူတွေ ကို ရွေးပြီး ဦးဆောင်ခိုင်းရမှာဘဲ။ ဗိုလ်ချုပ်ပြောခဲ့သလိုဘဲ လွတ်မြောက်ရေး လမ်းစဉ်ကို ဦးတည်နေတဲ့ အချိန်မှာ ပညာဥာဏ်သိပ်ကြီးမားတဲ့ သူတွေ သိပ်မလိုအပ်သေးဘူး။ တကယ့်လွတ်မြောက်ရေးအတွက် ကိုယ်တိုင်ပါဝင်ဆောင်နိုင်မယ့် လူတွေ များများရှိဖို့ဘဲ လိုအပ်တယ်။ ဒီစကားပြောလို့ ပညာဥာဏ်ကြီးမားတဲ့သူတွေကို စော်ကားတယ်လို့ မမှတ်ကြပါနဲ့ ။ သူတို့တွေရဲ့ ပညာမာနတွေကို ခဏမေ့ထားပြီး တမျိုးသားလုံးလွတ်မြောက်ရေးကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်ကြမယ်ဆိုရင်တော့ အင်မတန်အားရှိစရာ ကောင်းတာပေါ့။
အဲဒီလိုမျိုးမဟုတ်ဘဲ နေရာတကာ ငါ့ဥာဏ်သာ အကောင်းဆုံးဆိုပြီး တကယ်လုပ်နေတဲ့သူတွေကို နှောက်ယှက်သလို ဖြစ်နေရင်တော့ သိပ်မဟန်ချင်ဘူး။ အဲဒါတော့ကိုယ်ဟာကို ဆုံးဖြတ်တာ ပိုကောင်းတယ်လို့ ထင်မြင်မိတာဘဲ။ ပထမဆုံးအနေနဲ့ လူထုအင်းအားကို ပြနိုင်ဖို့ အရေးကြီးတယ်။ ဒါမှသာ လက်ရှိအစိုးရဆီက ပြည်သူလူထုအတွက်တောင်းဆိုရမယ့် နေရာမှာ အမြန်ဆုံးအကျိုးသက်ရောက်နိုင်မှာ ဖြစ်တယ်။ သူတို့ကတော့ လွယ်လွယ်နဲ့ အာဏာလွှဲပြောင်းပေးအပ်မှာ မဟုတ်ဘူးဆိုတာ ကတော့သေချာတယ်။ ဒါပေမယ့်လည်း တောင်းဆိုခြင်းကို ပထမဆုံးပြုလုပ်ရမှာဘဲ။ အလကားနေရင်း ဆန္ဒပြနေတာလည်း သိပ်တော့မကောင်းလှဘူး ။ တကယ်နစ်နာတာ က ပြည်သူလူထုဘဲ ။ တောင်းဆိုမှု လုပ်လို့ မရတော့မှ လုပ်စရာရှိတာ ဆက်လုပ်ကြမယ်။ အခုလောလောဆယ် လူထုခေါင်းဆောင် ကို မတရားချုပ်နှောင်ထားတာ ကိုတော့ အမြန်ဆုံးလွှတ်ပေးအာင် တောင်းဆိုကြရမှာဘဲ။
ပြည်သူတွေ နိုင်ငံရေးစကား မပြောရဲ အောင် အာဏာရှင်တွေက လက်နက်ကိုင်ပြီး အကြမ်းဖက်ပြခဲ့တာတွေ ရှိခဲ့တာတော့ အမှန်ဘဲ။ ဒီမိုကရေစီ တိုက်ပွဲမှာ အသက်ပေးသွားခဲ့ကြတဲ့ပြည်သူလူထုတွေ လည်း မနည်းတော့ဘူး ။ ၀မ်းသာစရာ တစ်ခုတော့ ရှိတယ်။ လက်ရှိ အာဏာရှင်ယန္တရားထဲ က ရုန်းထွက်ချင်နေကြတဲ့ မျိုးချစ်တပ်မတော်သားတွေ အများကြီး ရှိနေသေးတယ်။ သူတို့ကလည်း ပြည်သူလူထုနဲ့ လက်တွဲပြီး ဒီမိုကရေစီ နိုင်ငံကြီးကို ချီတက်ချင်နေကြတယ် ။ အဓိက ပြည်သူလူထု သိထားရမှာ က ဒီအချိန်မှာ မြှောက်တိုင်းလည်း မမြှောက်ကြနဲ့၊ ခြောက်တိုင်းလည်း မကြောက်ကြပါနဲ့။ နိုင်ငံတိုင်းမှာ ပြည်သူလူထု ဆိုတာ အင်အားအကြီးဆုံးဆိုတာကို စိတ်ထဲ စွဲနေအောင် မှတ်ထားကြပါ။
ပြည်သူအကျိုးပြု လုပ်ငန်းကြီးကို လုပ်မှာဖြစ်တဲ့ အတွက် အတ္တတွေကို ချိုးနှိမ်ထားဖို့တော့လိုတယ်လို့ ထင်မြင်ယူဆမိတယ်။ တကယ်တိုင်းပြည်ကို ချစ်ပါတယ်ဆိုတဲ့ သူတွေဟာ ပြည်သူအရေးဘဲ ဦးစားပေးလုပ်ဆောင်ကြမှာဘဲ လို့ ကျွန်တော်တော့ ထင်မြင်ယူဆမိပါတယ်။ ပြည်သူတွေကို ပထဆုံး စည်းရုံးတဲ့နေရာမှာ အာဏာရှင်စနစ်ရဲ့ ဆိုးဝါးယုတ်မာပုံတွေ ၊ ဒီမိုကရေစီနိုင်ငံကြီးဖြစ်လာရင် ပြည်သူတွေ ကျွန်တော်သေချာပေါက် ပြောရဲတယ် ၊ မြန်မာပြည်သူလူထုရဲ့ ၈၀ ရာခိုင်းနှုံး ဟာ နိုင်ငံရေးရဲ့ အဓိပ္ပါယ်နဲ့ ဒီမိုကရေစီရဲ့ အဓိပ္ပာယ်တွေကို ကောင်းကောင်းမသိကြသေးဘူး။ ဒါတွေကို သူတို့သိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ ပြည်သူတွေ အနေနဲ့လည်း သေချာနားလည် သဘောပေါက်စေချင်တယ် ။ နိုင်ငံရေးလုပ်နေတဲ့ လူတွေဟာ လုပ်စရာမရှိလို့ နိုင်ငံရေးလုပ်နေကြတာ မဟုတ်ပါဘူး... ကိုယ့်တိုင်းပြည်ကြီး ပျက်စီးနေတာကို မကြည့်ရက်ကြလို့ ထလုပ်နေတဲ့သူတွေ အများကြီးပါ။ ကိုယ်ကျိုးရှာ နိုင်ငံရေး သမားဆိုတာ လည်းရှိတာဘဲ။ ဒါပေမယ့် တကယ့် တမျိုးသားလုံး လွတ်မြောက်ရေးကို ကြိုးစားပမ်းစား လုပ်နေကြတဲ့ သူတွေကို တတ်နိုင်တဲ့ဘက်က အကူအညီ ပေးကြဖို့က အရေးကြီးဆုံးဘဲ။
ကျွန်တော် အခုပြောတာကို သဘောမကျဘူးဆိုတဲ့ လူတွေ ၊ နိုင်ငံရေးကို ဗန်းပြပြီး ကိုယ်ကြိုးရှာချင်တဲ့ လူတွေက တော့ ကန့်ကွက်ကြအုံးမှာဘဲ။ နောက်အစိုးရ လက်ဝေခံ လူတန်းစား တွေကလည်း နိုင်ငံရေး ဆိုတာ ပြည်သူတွေ မလုပ်သင့်ဘူးလို့ ၀ါဒဖြန့်နေကြအုံးမှာဘဲ။ ဒါတွေကို ပြည်သူတွေ အနေနဲ့ နားမယောင်ဖို့ အဓိကလိုအပ်ပါတယ်။ အခုလုပ်နေတာတွေဟာ တမျိုးသားလုံးကောင်းစား ရေုးကို လုပ်နေတာပါလို့ ကျွန်တော် သေချာပေါက် ရဲရဲကြီး ကို အာမခံရဲတယ်ဗျာ။
အချို့ကလည်း လာမေးကြတယ် ။ ဒီမိုကရေစီ ရရင် ချက်ချင်းဘာတွေ ပြောင်းလဲနိုင်မလဲတဲ့။ ချက်ခြင်းပြောင်းလဲနိုင်တာ တွေကတော့ အခုပြည်သူတွေ ခံစားနေရတဲ့ မတရားအနိုင်ကျင့်မှုတွေ၊ မင်းမဲ့စရိုက်ဆန်တဲ့အုပ်ချုပ်ရေးစနစ်တွေ ကတော့ ချက်ချင်းရပ်တန့်သွားမှာဘဲ။ ချက်ချင်းကြီးတော့ ပြည်သူတွေ စိတ်တိုင်းကျ ဘယ်သူမှ ပြောင်းလဲပေးနိုင်မှာ မဟုတ်သေးဘူး။ သေချာတာ တခုကတော့ ဒီမိုကရေစီရရင် ပြည်သူ့တွေရဲ့ အဓိက လိုအပ်ချက်တွေကို ပထမဆုံး ဖြည့်ဆည်း လုပ်ဆောင်ပေးမယ်ဆိုတာတော့ သေချာပေါက် ဂတိပေးရဲတယ် ။ တမျိုးသားလုံးလွတ်မြောက်ရေးဆိုတာ အာဏာရှင်စနစ်အောက်က လွတ်မြောက်ယုံတင် မကဘူး ။ ယခုပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခခက်အခဲတွေ ပါ....။
လွတ်မြောက်အောင် ဆောင်ရွက်ပေးမှာ ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စည်စည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အမြန်ဆုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့ဘဲ လိုအပ်တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြီးကို ပြည်သူလူထုတရပ်လုံး ပါဝင်ကူညီကြပါလို့ ဒီနေရာကနေ လေးလေးနက်နက် တိုက်တွန်းလိုက်ပ်ါတယ်။
တိုင်းပြည်ကို အရမ်းချစ်တဲ့
ဗမာ့သွေး
Friday, July 9, 2010
0 ကျွတ်ဖို့ လွတ်ဖို့ . . . ရဲဆေးတင်လော့
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် လူမှုရေးသမားများ သင်တန်းအမှတ်စဉ် ၃/၂၀၁၀ နောက်ဆုံး အပါတ်စဉ် ဆင်းပွဲတွင် နာရေးကူညီမှုလုပ်ငန်းနှင့် ပတ်သက်သော အတွေ့အကြုံများ၊ ခံယူချက်များနှင့် ဆက်ဆံရေး ကိုယ်နှုတ်အမူအရာ ယဉ်ကျေးသိပ်မွေ့မှု ရှိရေးတို့နှင့် ပတ်သက်၍ ထပ်မံ ရှင်းလင်းပြောကြားခဲ့ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၏ Idea နှင့် ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ပေးဆပ်ခဲ့ရသော နာရေးအတွေ့အကြုံများ၊ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး အလောင်းကောက် မီးသင်္ဂြိုလ်ပေးမှုများ၊ အဆိပ်သောက် သေဆုံးမှု၊ လမ်းဘေး သေဆုံးမှု၊ ရေနစ် သေဆုံးမှု၊ ဆွဲကြိုးချ သေဆုံးမှု၊ ရထားကြိတ်ခံရ၍ သေဆုံးမှု၊ အသတ်ခံ ရ၍ သေဆုံးမှု၊ သစ်လုံးပိ၍ သေဆုံးမှု စသည်တို့ကို Slide Show နှင့် နောက်ခံ တီးလုံး projector တို့ဖြင့် ပြသကာ ရဲသွေးနီနီဖြင့် ရှေ့သို့ ရဲရဲဆက်ကာ ရဲရဲပေးဆပ် သွားနိုင်ရန်အတွက် လူမှုရေး မျိုးဆက်သစ်များအား ရဲဆေးများ ထပ်မံတိုးမြှင့် ပေးခဲ့သည်။
မိမိတို့ ကုသိုလ်ယူသည့် နေရာဝယ် သေဆုံးသွားသူတို့ကို မီးသင်္ဂြိုလ်ပေးခြင်း၊ ဂူသွင်းပေးခြင်း၊ မြေမြှုပ်ပေးခြင်း တို့ဖြင့် မလုံလောက်။ သေဆုံးမှုမျိုးစုံတို့တွင် လွတ်ရာကျွတ်ရာ မြင့်မြတ်သော ဘုံဌာန သို့ ရောက်သွားကြကုန်သော ပုဂ္ဂိုလ်အသီးသီး ရှိကြသလို၊ မလွတ်မကျွတ်ဘဲ ပြိတ္တာ၊ နာနာဘာဝ သရဲ တစ္ဆေ စသဖြင့် ဒုနဲ့ဒေး ရှိနေတော့သည်။ ယင်းတို့ကို မိမိတို့ နေ့စဉ် ပြုခဲ့သမျှ ကုသိုလ်ရေးများကို နေ့စဉ် နံနက်တိုင်း ညတိုင်း အချိန်တိုင်း ဘုရားရှိခိုး ပုတီးစိပ် မေတ္တာပို့သပြီး အမျှပေးဝေရန် အရေးကြီးလှသည်။ အဓိကကျ လှသည်။ မိမိအတွက်လည်း အကျိုးရှိ ကုသိုလ်ရ … တဖတ်သူတို့အတွက်လည်း များစွာအကျိုးရှိ ကျွတ်ကြလွတ်ကြ ကုန်၏။
ထို့ကြောင့် … မည်ကဲ့သို့ ပုံစံမျိုးနှင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားကြကုန်သော အလောင်းကောင်များကို ရဲတင်းစွာ သယ်ယူပို့ဆောင် သင်္ဂြိုလ်ပေးနိုင်ဖို့ အရေးကြီးသလို … မိမိ၏ ထိုကောင်းမှုတို့ကို အမျှပေးဝေ မေတ္တာပို့သမှုကလည်း အဓိကကျတော့သည်။
ထို့ကြောင့် … ကျွတ်ဖို့လွတ်ဖို့ ရဲဆေးတင်လော့ . . . . ။
ကိုကျော်သူ