Monday, December 31, 2012

2 လူတွေအားလုံးပျော်နေချိန်မှာ ပျော်စရာလေး ရှာပေးပါ

ရဲတွေကလည်း ဦးကြဉ်ငြိမ်း မတရားလုပ်ထားတာတွေကြောင့် ရွာသားတွေ တစ်ခုခုလုပ်မှာစိုးလို့ တပ်ရင်းနှစ်ရင်းစာလောက် လက်နက်ကိုင်ပြီး စောင့်ပေးနေကြရတယ်။ ပန်းတနော်ရဲစခန်းမှာ ရှိတဲ့ရဲတွေကော... တရားသူကြီး၊ ရှေ့နေ၊ မြို့နယ်မှူးတွေပါ ဦးကြဉ်ငြိမ်းဆို မီးသေပဲ။ ရဲတွေကော အကုန်သူ့လူတွေချည်းပဲ။ သူ့အစ်ကိုကို လွှတ်တော်အမတ်ဖြစ်အောင် ဦးကြဉ်ငြိမ်း လုပ်ပေးခဲ့တာ။
ကျွန်တော်တို့ဟာ ထမင်းတစ်လုပ် မကြောင်းမကြ စားနေရတယ်။ ITနည်းပညာတွေနဲ့ ထိတွေ့နေရတယ်။ ကျွန်တော်တို့ဟာ စာတတ်ကြတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ဟာ မှန်တာလုပ်ပြီး မှန်အောင်နေရင် ဘယ်သူ့မှ ဂရုစိုက်စရာမလိုသလို၊ ဘယ်သူ့မှလဲ ကြောက်စရာမလိုပါဘူး။ ဒါက... (စာကြွင်းပါ)

ရွာလေးဟာ အရမ်းဆင်းရဲနုံချာတဲ့ ရွာလေးတစ်ခုပါ။ အင်တာနက်ဆိုတာမပြောနဲ့ ဖုန်းလိုင်းဆိုတာတောင် မမိတဲ့ ရွာလေးတစ်ခုပါ။ ဆက်သွယ်ရေးကွန်ယက်တွေမရှိသလို ကားတစ်စီးထိုးရပ်လာရင် ဘာမှန်းမသိဘဲ ကြောက်နေကြရတဲ့ ရွာသားတွေ၊ ကားတွေ့ရင် ဖမ်းဖို့လာတာပဲဆိုတဲ့ အသိနဲ့ လျှောက်ပုန်းနေကြတဲ့ ရွာလေးတစ်ခုမှာ မတရားမှုတွေ၊ ခေါင်းပုံဖြတ် မှုတွေ၊ အကျင့်ပျက် ခြစားမှုတွေပါရောထွေးနေတဲ့ရွာလေးပါ။ ဘယ်လိုရွာလေးလည်းဆိုတော့ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်လေးထဲက၊ ခနွဲခဘိုရွာလေးပါ။ ရွာသားတွေရဲ့လူနေမှုဘ၀တွေဟာ... အရမ်းကို စုတ်ပြတ်နုံချာလှသလို သူတို့ဘ၀တွေဟာ အကြောက်တရားတွေရင်ဝယ်ပိုက်နေရပြီး၊ နည်းမမှန်တဲ့ ဖမ်းဆီးထောင်ချခံရမှုတွေ၊ မမှန်ကန်တဲ့ဥပဒေတွေ၊ တပ်ချင်ရာတပ်ပြီး ဆွဲတဲ့ပုဒ်မတွေကိုအောက်မှာ အလူးလဲခံနေရတဲ့ရွာလေးပါ။ (ဒီရွာလေးရဲ့ လူမှုဘ၀အဆင့်တန်းတွေကတော့ ကြားရသူ ရင်ထုမနာပါပဲ).. ။

ဒီလိုဗျ... အစ်ကိုတို့ ဒီရွာလေးမှာ ပညာတတ်တွေရှိလား။ အင်း.. ကျောင်းတတ်သူတွေတော့ရှိတယ်။ ဆယ်တန်းအောင်ရင် ရွာကို အုပ်ချုပ်လို့ရတယ်။ မအောင်လဲရပါတယ်။ဘာလို့လဲဗျ။ ရွာမှာက ကျောင်းမတတ်တဲ့သူတွေ တစ်ပုံကြီးလေဗျာ။ အစ်ကိုတို့လက်ရှိအလုပ်က ဧရာဝတီတိုင်းဆိုတော့

1 သားသမီးများ ဆေးတက္ကသိုလ် ရောက်အောင် တိုက်တွန်းသော မိဘများ တကယ်ပင် မိမိသားသမီးအတွက် စဉ်းစားခြင်း ဟုတ်၊ မဟုတ် ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်


ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက် အတွင်း တနင်္သာရီတိုင်းဒေသကြီး မြိတ်နှင့်ကော့သောင်း မြို့များသို့ ခရီး ထွက်ခွာခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတွင်း ဒီမိုကရေစီဖွံ့ဖြိုးရေး နှင့် မျိုးဆက်သစ်ပြုစု ပျိုးထောင်ရေး တို့အကြောင်း ပြောကြားရာတွင် မိဘများအား ဦးတည်ကာ မိမိတို့၏ သားသမီးများကို မည်ကဲ့သို့ ပြုစုပျိုး ထောင် သင့်ကြောင်း ရှင်းလင်းပြော ဆိုခဲ့သည်။

မိဘများ အနေဖြင့် မိမိတို့၏ သားသမီးများကို သင်ကြားပေးသင့်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ “ကိုယ့် သားသမီးတွေကို မှန်ကန်တဲ့ စံနှုန်းထားတွေ သင်ပေးရမယ်။ အိမ်မှာ ကတည်းကကို မေးခွန်းမေးတာ အားပေးပါ။ ကလေးတွေ သိချင်တာတွေကို ဖြေပါ။ မသိလို့ရှိရင် မသိဘူး လို့ ရိုးရိုးသားသား ပြောပါ။ ငါ လူကြီး၊ ငါပြောတာ အကုန်မှန်တယ် ဆိုတဲ့အချိုးမျိုး မချိုးပါနဲ့လို့ ကျွန်မ ပြောချင်တယ်။ အဲဒီလို ငယ်ငယ်ကတည်းက နေပြီးတော့ သင်လာရတဲ့ ကလေးတွေဟာ ကြီးလာတဲ့ အခါကျတော့ ကိုယ့်အထက်က လူကြီးတွေ ဘာလုပ်လုပ် ပြန်မပြောရဲ၊ ပြန်မမေးရဲဘဲနဲ့ လူကြီးလုပ်တာ အားလုံးမှန်ပါတယ် ဆိုပြီးတော့ ခေါင်းငုံ့ပြီးတော့ ခံတဲ့အဖြစ်ကို ရောက်သွားကြတယ်။ ဒါကြောင့် မိဘတွေက အဲဒီလိုသင်ရမယ်။ နောက်ပြီးတော့လည်း မိဘတွေက ကလေးတွေကို ဂုဏ်ရှိတဲ့ဘက်ကို အတင်းမတွန်းပါနဲ့။ ကျွန်မတို့နိုင်ငံမှာ ဆိုလို့ရှိရင် အရင်နှစ်ပေါင်း ၃ဝ၊ ၄ဝ လောက်က စပြီးတော့

0 ၂၀၁၁ အကယ်ဒမီ မြင်ကွင်း

အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထာဝရအလင်းတန်းများ ဇာတ်ကားမှာ ကျောင်းဆရာအဖြစ် သရုပ်ဆောင်တဲ့ နောင်နောင်က ရရှိ။ ကျေးဇူးတင်စကားတစ်ခွန်းပဲ အတိုဆုံး ပြောခဲ့။
၂၀၁၁ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲက အကယ်ဒမီဗန်းကိုင်များ

အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ချစ်စနိုးဦးက ရင်ကွဲနာ ဇာတ်ကားနဲ့ရရှိ။ စနိုးရဲ့ အနုပညာသက်တမ်း ၉နှစ်မှာ ရရှိတဲ့အခွင့်အရေး ဖြစ်ကြောင်း ပြောကြားခဲ့။
၂၀၁၁ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုရ မယ်လိုဒီက သူကိုယ်တိုင် ဖေ့ဘုတ်သုံးကြောင်း၊ ဖေ့ဘုတ်ကမိတ်ဆွေ မိသားစုတွေကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့။ —
ထူးချွန်တဲ့အနုပညာရှင်များရဲ့စွမ်းပကား (Star Power)ကို အမျိုးသားရေး အမှတ် လက္ခဏာတည်ဆောက်ရာမှာ ပါဝင်အသုံးချကြဖို့ ဒီနေ့ကျင်းပတဲ့ ရုပ်ရှင်အကယ်ဒမီပေးပွဲအခမ်းအနားမှာ
ပြန်ြ ကားရေးဝန်ကြီးဦးအောင်ကြည်က ပြောကြားလိုက်ပါတယ်။

ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက မြန်မာ့ရုပ်ရှင်လောကသားအားလုံးကို အကာအကွယ်ပေးနိုင်မယ့် ရုပ်ရှင် ဥပဒေသစ်ပေါ်ထွက်လာဖို့ လိုအပ်နေဘီလို့ ထဲ့သွင်း ပြောကြားခဲ့ပါတယ်။
၂၀၁၁ခုနှစ်အတွက် အကယ်ဒမီဆုတွေကိုတော့ ရုပ်ရှင်ဓာတ်ပုံဆုကို ပန်းကြာဝတ်မှုန်ဇာတ်ကားက တင်ဆန်း ၊

ရုပ်ရှင်တည်းဖြတ်ဆုကို ထာဝရအလင်းတန်းဇာတ်ကားတည်းဖြတ်တဲ့ ဟိန်းထက်(လယ်ဝေး)၊

ရုပ်ရှင်တေး ဂိတ ဆုကို ထာဝရအလင်းတန်းဇာတ်ကားနောက်ခံတေးဖန်တီးသူ ဇော်မျိုးထွဋ်၊

အသံတည်းဖြတ်ဆုကို ပန်းကြာ ၀တ် မှုန်ကားက စန်းဦး၊

အမျိုးသားဇာတ်ပို့ဆုကို ထာဝရအလင်းတန်းဇာတ်ကားက မော့စ်၊

အမျိုးသမီးဇာတ်ပို့ဆုကို ရင်ကွဲနာ ဇာတ်ကားက ချစ်စနိုးဦး၊

ဇာတ်ညွှန်းဆုကို ထာဝရအလင်းတန်းဇာတ်ကား ဇာတ်ညွှန်းကို ပူးတွဲ ရေး သားကြ တဲ့ မြင့်ဆောင်နဲ့ စိုးကျော်ဆန်း၊

အမျိုးသားဇာတ်ဆောင်ဆုကို ထာဝရအလင်းတန်း ဇာတ်ကားက နောင် နောင်၊အမျိုးသမီးဇာတ်ဆောင်ဆုကို ထာဝရအလင်းတန်းဇာတ်ကားက မယ်လိုဒီ ၊

အကောင်းဆုံးဇာတ်ကား ဆု ကို ထာဝရအလင်းတန်း၊ ဒါရိုက်တာဆုကို ထာဝရအလင်းတန်းဇာတ်ကားရိုက်ကူးတဲ့ ထွန်းအောင်ဇော်တို့က အသီးသီးရရှိသွားကြပါတယ်။

မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲကို ၁၉၅၂ခုနှစ်ကထဲက စတင်ကျင်းပခဲ့တာဖြစ်ပြီး၊နှစ်ပေါင်း ၅၉ နှစ်အတွင်း ၅၅ကြိမ် ကျင်းပချီးမြှင့်နိုင်ခဲ့ပါတယ်။

၁၉၅၂ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ၇န်ကုန်မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး၊၂၀၀၄ခုနှစ်ကနေ ၂၀၁၀ထိ နေပြည်တော်မှာ ပြောင်းလဲကျင်းပခဲ့ရာက ဒီနှစ်မှာ တခါ ရန်ကုန်မြို့မှာ ပြန်လည်ကျင်းပခဲ့တာလဲ ဖြစ်ပါတယ်။

DVB TV News



0 မီးခိုးဗုံးလား မီးလောင်ဗုံးလားသိရအောင် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီးကွန်ယက်မှ အမျိုးသမီးများက လက်တွေ့စမ်းသပ်ခံကြည့်ပါရစေတဲ့

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသပိတ်စခန်းတွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့သည့် သံဃာတော်များအား နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်က အင်အားသုံးဖြိုခွင်းခဲ့၍ မီးလောင် ဒဏ်ရာများရရှိခဲ့ခြင်းအပေါ် မီးခိုး ဗုံး (သို့) မီးလောင်ဗုံးဟုဒွိဟဖြစ် နေမှုများအား ရှင်းလင်းစွာသိရှိနိုင် ရန် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ယက်မှ အမျိုးသမီး များဦးဆောင်၍ မည်သည့်အမျိုး အစားဗုံးဖြစ်ကြောင်း ဓာတုဗေဒ ပညာရှင်များ၊ အများပြည်သူနှင့် သတင်းဌာနများမှ ပုဂ်္ဂိုလ်များရှေ့ တွင် လက်တွေ့စမ်းသပ်ခံလို ကြောင်း ဆန္ဒဖော်ထုတ်ခွင့်ပြုရန် နိုင်ငံတော်သမ္မတ၊အမျိုးသား လွှတ်တော်ဥက္ကဋ္ဌပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးလက်ပံတောင်း တောင်ကြေးနီစီမံကိန်းစုံစမ်းရေး ကော်မရှင်ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်တို့ထံသို့လိပ်မူ၍ တင်ပြ ထားကြောင်း သိရသည်။

ယင်းတင်ပြချက်တွင် နိုဝင်ဘာ ၂၉ ရက် နံနက် (၃) နာရီခန့်က လက်ပံတောင်းတောင်ကြေးနီစီမံ

3 ကချင်စစ်ပွဲတွင် မြန်မာ့တပ်မတော်ဘက်မှ ကြောက်စရာကောင်းသော လက်နက်များ၊ လေယာဉ်များသုံး၍ ထိုးစစ်ဆင်နေခြင်းကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးကကန့်ကွက်


ကချင်စစ်ပွဲတွင် မြန်မာ့တပ်မတော်ဘက်မှ ကြောက်စရာကောင်းသော လက်နက်များ၊ လေယာဉ်များသုံး၍ ထိုးစစ်ဆင်နေခြင်းကို ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားသည်။

ဒီဇင်ဘာ ၃၀ ရက်တွင် ကျင်းပသော ကချင်ငြိမ်းချမ်းရေး သတင်းစာရှင်းလင်းပွဲတွင် ကိုမြအေးက ၎င်း၏ပုဂ္ဂလိက အမြင်ကိုပြောကြားခဲ့ခြင်းဖြစ်သည်။

"ဒါဟာ တစ်အုပ်စု၊ အဖွဲ့အစည်းတစ်ဖွဲ့တည်းက လုပ်တဲ့ပွဲမဟုတ်ဘူး။ ၈၈ ကလုပ်တဲ့ ပွဲမဟုတ်ဘူးဆိုတာလည်း ရှင်းရှင်းထပ်ပြောပါရစေ။ အဲဒါကြောင့် ၈၈ အနေနဲ့ ဒီမှာပြောမှာမဟုတ်ပါဘူး။ ဒီကညီအစ်ကိုမောင်နှမတွေရဲ့ပွဲမှာ ပူးပေါင်းပါဝင်တက်ရောက်ခြင်းဖြစ်ပါတယ်"ဟု ဆိုသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်မေစပယ်ဖြူက "အစိုးရဘက်မှ ဂျနီဗာကွန်ဗင်းရှင်းအရ အတိအလင်းတားမြစ်ထားတဲ့ ဂျက်လေယာဉ်နဲ့ အမြောက်တွေသုံးနေတယ်။ အငွေ့ရှူမိရင် ၁၅ မိနစ်လောက် မလှုပ်ရှားနိုင်တဲ့ ဓာတုလို့ ယူဆရတဲ့

ဓာတ်ပုံ - ထက်ပိုင်ဖြိုး(ဇ၀န)
7 days news journal

Sunday, December 30, 2012

0 ဒီလှိုင်းဂျာနယ်အား နေ့စဉ်ထုတ်သတင်းစာဖြစ်လာရန် စီစဉ်မည်"





"နောက်ဆိုလို့ရှိ ရင်ကျွန်မတို့က ဒီလှိုင်းကိုတစ်ဆင့်မြှင့်ပြီးတော့ သတင်းစာတစ်ခုလို ထုတ်စေချင်တာ၊ အခုလည်း ပုဂ္ဂလိကသတင်းစာတွေ လုပ်တော့မယ်ဆိုတော့ ဖြစ်စေချင်တယ်။ ဒီလှိုင်းကို သတင်းစာတစ်ခုအနေနဲ့ထုတ်ဖို့ ကြိုးစားတဲ့နေရာမှာ ကျွန်မတို့ပြည်သူတွေကလည်း ၀ိုင်းဝန်းပြီးတော့ ကူညီမစမယ်လို့ ယုံကြည်ပါတယ်။ အများရဲ့ကူညီမစမှုတွေရှိနေမှသာ ဒီလှိုင်းကို စာစောင်အဖြစ်ကနေ ပုဂ္ဂလိကသတင်းစာအဖြစ် ပြောင်းလဲနိုင်မှာပါ" ယယယဒေါ်အောင်ဆန်းစုကြည် ( ဒီလှိုင်းရုံခန်းသစ်ဖွဲ့ပွဲ မိန့်ခွန်းမှ ) (30-12-2012)

ဒီလှိုင်းဂျာနယ်အား နေ့စဉ်ထုတ် သတင်းစာအဖြစ်ထုတ်ဝေရန်စီစဉ်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီလှိုင်းဂျာနယ်ရုံးခန်းသစ်ဖွင့်ပွဲတွင် ပြောခြင်းဖြစ်သည်။

ဒီလှိုင်းဂျာနယ် ရုံးခန်းသစ် ပြောင်းရွှေ့ဖွင့်လှစ်ပွဲကို အမှတ်(၃၆၁)၊ မြေညီထပ်၊ ပုလဲသီရိတိုက်ခန်း၊ နတ်မောက်ရပ်ကွက်၊ တာမွေမြို့နယ် တွင်ကျင်းပပြုလုပ်ခဲ့သည်။

National League for Democracy

1 ဘတ်စကားပေါ်တွင် ဘဝရှုံးခဲ့၍ ကံဆုံးရသူ အိန္ဒိယဆေးကျောင်းသူလေး


အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ က အသက် ၂၃ နှစ်အရွယ် ဆေးကျောင်း သူလေး တစ်ဦး ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညက အမျိုးသား သူငယ်ချင်းတစ်ယောက်နဲ့ ရုပ်ရှင် ကြည့်ပြီး ပြန်လာပါတယ်။

ဘက်စ်ကားစီးပြန်ပေမယ့် ကားပေါ်မှာ လူသိပ်မရှိတော့ပါဘူး။ ဒါကို အခွင့်အရေးယူပြီး အမျိုးသား ၆ ဦးဟာ ဘက်စ်ကားပေါ်ပါလာ တဲ့ ဆေးကျောင်းသူတို့ ခရီးသည် နှစ်ဦးကို နှိပ်စက်ပါတယ်။ အမျိုးသမီး ဆေးကျောင်း သူကို နှိပ်စက်ရုံတင်မကပဲ ဝိုင်းဝန်း အဓ္ဓမ ကျင့်ခဲ့ ပါတယ်။ ယင်းနောက် နှစ်ဦးလုံးကို အမြန်မောင်းနေတဲ့ ဘတ်စ်ကားပေါ်က ပစ်ချခဲ့ပါတယ်။

ဒဏ်ရာဗလပွနဲ့ လူနှစ်ယောကို ဒေလီမြို့ ပေါ်က ဆေးရုံမှာ ကုသပါတယ်။ အမျိုးသမီးငယ်လေး

0 MRTV 4 ရုပ်သံလိုင်း မှ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည့် ၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား




Video streaming by Ustream

ဒီဇင်ဘာလ ၃၀ ရက်နေ့၊ ညနေ ၃ နာရီအချိန်မှာ ကျင်းပပြုလုပ်သွားမယ့် ၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကြီးကို အဝေးရောက် ပရိသတ်များက http://www.ustream.tv/channel/mrtv4တွင် တိုက်ရိုက် ၀င်ရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါး လိုက် ရပါတယ်။

Aye Chan Mon

6 ကြည်းတပ်ကို လေတပ်က အကြိမ်ကြိမ်ပစ်ကူ ပေးနေရ

Napaw campကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်လိုင်ဇာကို ထိုးစစ်ဆင်နေသည့် အစိုးရကြည်းတပ်ဖွဲ့များအား လေတပ် တိုက်လေယာဉ်များက အကြိမ်ကြိမ် ပစ်ကူပေး နေရသည်ဟု KIA ပြောခွင့်ရသူ ဦးလနန် က ဆိုသည်။

“ဒီလိုဗျ။ အလုံးအရင်းနဲ့ တက်လာတယ်။ သူတို့တပ်တွေကို ပိတ်ပြီး တိုက်တော့ လေကြောင်းအကူ ပေးရတဲ့ သဘော ပါဘဲ။ တိုက်ပွဲဖြစ်တဲ့ နေရာကတော့ မြစ်ကြီးနား - လိုင်ဇာ လမ်းပိုင်းမှာ ဂန်တောင်ယန်မှာ တစ်ပွဲ- ဘန်ဒေါင် -နန်ယာရဲ့ အရှေ့ ဘက် ဂန်ဒေါင်ဒုကျေးရွာ ဘက်မှာဖြစ်တယ်။ တိုက်ပွဲကြီး၂ ပွဲ ပေါ့ဗျာ။ နေ့လည်တစ်နာရီ ကျော်ကျော်မှာဖြစ်တယ်။ သူတို့က တိုက်လေယာဉ်နဲ့ ပစ်ခတ် နေပေမဲ့

2 ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ပတ်သက်ပြီး နှစ်သစ်ကူးငြိမ်းချမ်းရေးဆုတောင်းပွဲ


တိုင်းရင်းသားမောင်နှမများခင်ဗျား

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ပတ်သက်ပြီးဇန်န၀ါရီလ ၁ရက် ၂၀၁၃ခုနှစ် ညနေ ၂နာရီမှ ၅နာရီထိ
မဟာဗန္ဓုလပန်းခြံရှေ့မှာရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးလိုလားသူပြည်သူများက နှစ်သစ်ကူးငြိမ်းချမ်းရေးဆုတောင်းပွဲတခုပြုလုပ်သွားမှာဖြစ်ပါတယ်။သက်ဆိုင်ရာအာဏာပိုင်များထံကြိုတင်ခွင့်ပြုမိန့်တောင်းခံထားဆဲဖြစ်ပြီး၊ ခွင့်ပြုမိန့်ရမရဆိုတာကို ဆက်လက်အသိပေးဖော်ပြ သွားပါမယ်။ငြိမ်းချမ်းရေးလိုလားသူများပါဝင်ဆုတောင်းနိုင်ပါတယ်။

Dear All
Dedicating to the civil war in Kachin State, Burma,
A New Year Praying Campaign for peace will be
commemorated by peace loving people in Yangon.
Official permission to authorities was already applied and
still waiting for response. We will keep update about permission
as soon as we were informed. Any who love peace and do something
for war victims can join and pray with us.

Best Regards
Moe Thway
(Generation Wave)

Saturday, December 29, 2012

4 ကျေးဇူးဆပ်သော အလှစစ်ပိုင်ရှင်






နာရေးရှင် ခံစားနေရသော ပူဆွေးသောက ဝေဒနာတို့ကို ဖေးမကူညီရန် မြန်မာနိုင်ငံကိုယ်စားပြု (Miss Interational 2012) နန်းခင်ဇေယျာသည် မြောက်ဒဂုံမြို့နယ်၊ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂-ရပ်ကွက်သို့ နာရေးကိစ္စများအားကူညီရန် ဒုတိယအကြိမ် ရောက်ရှိလာခဲ့သည်။ ရင်ဖုန်းအင်္ကျီအဖြူနှင့် လုံချည်အနက်အား ဝတ်ဆင်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဧည့်အသင်းသူ/သားများချိတ်ဆွဲ လေ့ရှိသော အသင်းတံဆိပ်နှင့် ဈာပန-ဧည့်အသင်းသားကဒ်အား လည်ပင်းတွင် ချိတ်ဆွဲလျှက် ဈာပန လမ်းကြောင်းလိုက်ရန် ၂၄.၁၂.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီချိန်ကတည်းက အသင်းကြီး၏ ဈာပန ဋ္ဌာန၌အသင့်တက်ကြွစွာ ရောက်နှင့်နေပြီဖြစ်သည်။ နန်းခင်ဇေယျာသည် ၂.၁၂.၂ဝ၁၂ ရက်နေ့ကလည်း ပထမဦးဆုံးအကြိမ် ယခုကဲ့သို့ နာရေးကူညီမှုလမ်းကြောင်း (၂) ကြောင်းအား လိုက်လံပို့ဆောင် ကူညီ သင်္ဂြိုလ်ပေးခဲ့ဖူးသည်။

နံနက် (၁ဝးဝဝ) နာရီ စတင်ထွက်ခွါပြီး နိဗ္ဗာန်ယာဉ်ပေါ်သို့ရောက်သည်နှင့် နန်းခင်ဇေယျာသည် သူမ၏ လက်ကိုင်ဖုန်းအား ဖုန်းသံမမြည်ရန် (Silence) လုပ်လိုက်သည်။ ယခုအချိန်လောက် အရေးကြီး သော

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.