Wednesday, September 2, 2009

0 သတင်း ပေါက်ကြားမှုများကြောင့် ဝန်ကြီးဌာနများကို ရှောင်တခင်စစ်ဆေး

နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံက သတင်းတွေ နိုင်ငံခြား မီဒီယာတွေကိုမကြာခဏ ပေါက်ကြားနေတဲ့အတွက် ဒုတိယ ဝန်ကြီးအဆင့် ခေါင်းဆောင်တဲ့စစ်ဆေးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ဝန်ကြီးဌာနတွေကို စစ်ဆေးဖို့ နေပြည်တော်ဝန်ကြီးချုပ်ရုံးက အရေးပေါ် ညွှန်ကြားထားပါတယ်။

သတင်းပေါက်ကြားမှု စစ်ဆေးရေးအဖွဲ့ ၃ ဖွဲ့ကနေ နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံက ကွန်ပျူတာတွေ၊ ကွန်ပျူတာ ကွန်ရက်စနစ်တွေနဲ့ကွန်ပျူတာလုပ်ငန်းတွေကို ရှောင်တခင် ဝင်ရောက် စစ်ဆေးရမယ်လို့ညွှန်ကြားထားတဲ့အကြောင်း ညွှန်ကြားချက်ဖတ်ရသူတွေက ပြောပါတယ်။
သတင်းပေါက်ကြားမှု စစ်ဆေးရေးအဖွဲ့(၁)မှာ ဆက်သွယ်ရေး ဒုတိယဝန်ကြီးဗိုလ်ချုပ်သိန်းထွန်းနဲ့ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်ပြီး အဖွဲ့ (၂) ကိုသိပ္ပံနဲ့နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်စိုးနဲ့ ကျွမ်းကျင်ပညာရှင်တွေက ဦးဆောင်မှာ ဖြစ်ပါတယ်။အဖွဲ့(၃)ကိုတော့ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့ဝင် ဦးအောင်မြင့်နဲ့ ကျွမ်းကျင်သူတွေကဦးဆောင်မှာ ဖြစ်ပါတယ်။

အဆိုပါ သတင်းပေါက်ကြားမှု စစ်ဆေးရေးအဖွဲ့ ၃ ဖွဲ့ဟာ သြဂုတ်လ ၁၉ ရက်ကစပြီးနေပြည်တော် ဝန်ကြီးဌာနပေါင်းစုံက ကွန်ပျူတာတွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးနေပြီ ဖြစ်ပါတယ်။
သတင်းပေါက်ကြားမှု စစ်ဆေးရေးကို အထောက်အကူဖြစ်ဖို့အတွက် သင်္ချာဘာသာနဲ့ကွန်ပျူတာပညာမှာ ထူးချွန်တဲ့ မေမြို့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်စီမံကိန်းကြီးတခုရဲ့ အကြီးအကဲ ဗိုလ်ချုပ်စိန်ဝင်းကိုပါနေပြည်တော်ကို အရေးပေါ် ခေါ်ထားပါတယ်။ ဗိုလ်ချုပ်စိန်ဝင်းဟာနေပြည်တော်ဝန်ကြီးဌာနတချို့ရဲ့ကွန်ပျူတာကွန်ရက်တွေထဲကို Hacker ခေါ်ပြင်ပက ကွန်ပျူတာပညာရှင်တွေ ထိုးဖောက် ဝင်ရောက်မကြည့်နိုင်ဖို့ကာကွယ်ပေးမှာ ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

နေပြည်တော် ဝန်ကြီးဌာနတွေရဲ့ သတင်းပေါက်ကြားမှုကို ခုလိုလိုက်လံဖော်ထုတ်ဖို့ ကြိုးစားနေပေမဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းတွေပေါက်ကြားတာကိုတောင် စစ်အစိုးရအနေနဲ့ တားဆီးနိုင်စွမ်း မရှိဖြစ်နေတယ်လို့နေပြည်တော် ဝန်ထမ်းတွေက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ စက်မှု (၁) ဝန်ကြီးဦးအောင်သောင်းက ကွန်ပျူတာကိုင်တဲ့ဝန်ထမ်းတွေကို ထောက်လှမ်းစုံစမ်းနေပြီး စိတ်မချရင် တာဝန်မပေးဖို့ ဆိုပြီးညွှန်ကြားထားပါတယ်။ ဒါပြင် စက်မှု(၁) ဝန်ကြီးဌာနရဲ့ လျှို့ဝှက် စာရင်းအင်းကိန်းဂဏန်း အချက်လက်တွေကို ကွန်ပျူတာ၊ အင်တာနက်၊ ဖက်စ်တွေနဲ့ ပို့ခွင့်
ပိတ်ပင်လိုက်ပြီး Messenger ခေါ် လူနဲ့လွှတ် ပို့ရမယ်လို့ပါအမိန့်ထုတ်ထားပါတယ်။
freemyanmar.googlegroups.com မှ သတင်းရရှိပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.