Sunday, March 28, 2010

0 လူထုလှုပ်ရှားမှုဖော်ဆောင်ရေးနှင့်စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအင်အားစု (လဖစတ)၏ တော်လှန်ရေးနေ့ည- ဆေးနီမှုတ်(စပရေး)လှုပ်ရှားမှု


ကျွန်တော်တို့ လဖစတ (AAMD) - Burma အင်အားစုမှ (စပရေး)မှုတ်ဆေးအနီတွေနဲ့မန္တလေးမြို့ပေါ်အနှံ့ နံရံတွေပေါ် FREE, FREE Su Kyi, FREE Daw Su, FREE2010, FREE Aung San Su Kyi, ရွေးကြက်ခြေခတ်(ရွေးကောက်ပွဲအလိုမရှိ)အစသဖြင့်လိုက်လံရေးသားကာဒေါ်အောင်ဆန်းစုကြည်နှင့်အဖမ်းဆီးခံနိုင်ငံရေးတော်လှန်ရေးအကျဉ်းသားများလွတ်မြောက်ရေး၊၂၀၀၈နာဂစ်အခြေခံဥပဒေနှင့်၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ရေး၊စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးရည်ရွယ်ချက်များအတွက် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

မှုတ်ဆေးတော်လှန်ရေးဆင်နွှဲခဲ့တဲ့ မန္တလေးမြို့ပေါ် နေရာတွေကတော့မန္တလေးတိုင်းတရားရုံးချုပ်နံရံတွေ၊ TTC (ပညာရေးကောလိပ်), နန်းရှေ့၊ရွှေကျောင်းကြီး၊ မန္တလေးတက္ကသိုလ်အရှေ့ဘက် ၆၉ လမ်း၊ ဗောဓိကုန်း၊ ၆၂ လမ်း၊၆၄၊ ၆၅ လမ်း သိပ္ပံလမ်း၊ မြို့သစ်၊ လမ်း ၈၀၊ ၈၁၊ ၈၂၊ ၈၃၊ ၈၆၊ ၈၇ လမ်းတွေနဲ့ မဟာမြတ်မုနိဘုရားကြီးပတ်ဝန်းကျင်၊ ရွှေကျီးမြင်ဘုရားပတ်ဝန်းကျင်အစသဖြင့် ၀င်းနံရံ၊ တံခါးဝ၊ အုတ်ခုံ၊ ရေကန်၊ဓမ္မာရုံနံရံအစသဖြင့်တွေပေါ်မှာ ဆေးနီစပရေးဘူးနဲ့ လိုက်မှုတ်ရေးခဲ့ကြပါတယ်။

အလားတူဆန့်ကျင်ဆန္ဒဖော်ထုတ်မှုမျိုးတွေကို အခြားနယ်၊မြို့များမှာလည်းမပြတ်တမ်းဆက်လက် ဆင်နွှဲကြဖို့ အလေးအနက်ထားတိုက်တွန်းလိုက်ပါတယ်ခင်ဗျား။

လူထုလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအင်အားစု (လဖစတ)
Activists for Abolishing the Military Dictatorship (AAMD) – Burma

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.