Monday, March 21, 2011

0 လစ်ဗျားအစိုးရရဲ့ အပစ်အခတ်ရပ်ဆဲကြောင်း ဒုတိယအကြိမ်ကြေညာချက်ကို အမေရိကန် အစိုးရက ပယ်ချ


လစ်ဗျားစစ်တပ်က တနင်္ဂနွေည ကိုးနာရီ ကစပြီး လစ်ဗျားနိုင်ငံ တဝှမ်းလုံးမှာ အစိုးရ စစ်တပ်က ချက်ခြင်း အပစ်အခတ် ရပ်ဆဲထားမှာ ဖြစ်ပါတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် မူဆက်ဒ် အီဘရာဟင်က ကြေညာခဲ့ပါတယ်။လစ်ဗျားမှာ အရပ်သားတွေ ထပ်ပြီး သေဆုံးမှုတွေက ကာကွယ်နိုင်အောင်နဲ့ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် အရ လစ်ဗျားနိုင်ငံ အပေါ် လေယာဉ် မပျံသန်းရဇုံ သတ်မှတ်ဖို့ အတွက် နိုင်ငံတကာ ပူးပေါင်းတပ်ဖွဲ့တွေက ဒုတိယမြောက်နေ့အဖြစ် စစ်ဆင်ရေး ဆင်နွှဲခဲ့ပြီးတဲ့နောက် အခုလို လစ်ဗျားစစ်တပ်ရဲ့ ချက်ခြင်း အပစ်ရပ်မှု ကြေညာချက် ထွက်ပေါ် လာတာပါ။ထရစ်ပိုလီမြို့က အရပ်သားတွေကို အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်ရာ ဘန်ဂါဇီ မြို့ကို ငြိမ်းချမ်းစွာ စုပေါင်းချီတက်ကြဖို့အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆော်သြထားပါတယ်။

ဘန်ဂါဇီမြို့က တိုက်ခိုက်မှုတွေသောကြာနေ့တုန်းကလည်း ဗိုလ်မှူးကြီး ကဒါဖီက အပစ်ရပ်ကြောင်း ကြေညာခဲ့ပေမယ့် မကြာခင်ဘဲ သူ့တပ်ဖွဲ့တွေက အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့တွေ ခြေကုပ်ယူရာ ဘန်ဂါဇီနဲ့မစ်စရာတာ မြို့တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ လစ်ဗျားအစိုးရရဲ့ အပစ်အခတ်ရပ်ဆဲကြောင်း ကြေညာချက်ကို အမေရိကန် အစိုးရက ပယ်ချလိုက်ပါတယ်။

အရင်တခေါက်တုန်းကလည်း လစ်ဗျားက အပစ်အခတ်ရပ်ဆဲရေးကို ကြေညာခဲ့ပြီး ချက်ချင်း ချိုးဖောက်ခဲ့တာဘဲလို့အိမ်ဖြူတော် အမျိုးသား လုံခြုံရေး အကြံပေး အရာရှိက ပြောပါတယ်။ဗိုလ်မှူးကြီးကဒါဖီကို သူ့စကားအရ အဆုံးအဖြတ် မပေးဘဲ သူ့လုပ်ရပ်တွေ အရ အတည်ယူမယ်လို့ ဗြိတိသျှ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က လန်ဒန်မြို့မှာ ပြောကြားလိုက်ပါတယ်။

လစ်ဗျားနိုင်ငံမှာ နိုင်ငံတကာ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးက ပိုမို ကျယ်ပြန့်လာနေပြီလို့ပြောဆိုမှုတွေ ရှိနေတဲ့ကြားမှာ ဗိုလ်မှူးကြီးကဒါဖီရဲ့ တပ်ဖွဲ့တွေကို တိုက်ခိုက်မှုတွေက ထူးခြားသိသာတဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ အမေရိကန် အစိုးရက ပြောကြားလိုက်ပါတယ်။ကဒါဖီရဲ့ အဝေးပစ် ဒုံးကျည်တွေ ၊ ရေဒါစခန်းတွေနဲ့ လေတပ်စခန်းတွေကို တိုက်ခိုက်နိုင်ခဲ့သလို ဘန်ဂါဇီမြို့ကို ထိန်းချုပ်ထားတဲ့ အစိုးရ ဆန့်ကျင်ရေး တပ်တွေကို ဝိုင်းထားတဲ့ ကဒါဖီရဲ့ မြေပြင်က စစ်တပ်တွေကိုလည်း ချေမှုန်း နိုင်ခဲ့တယ်လို့အမေရိကန် စစ်ဌာနချုပ် ပင်တာဂွန်က ပြောပါတယ်။ထရစ်ပိုလီမြို့တဝိုက်နားမှာ ပေါက်ကွဲသံတွေ အတော်များများ ကြားခဲ့ရပြီး ဗိုလ်မှူးကြီး ကဒါဖီရဲ့ စစ်စခန်းနား တဝိုက်မှာ မီးခိုးလုံးကြီး တက်လာတာ တွေ့ရတယ်လို့မျက်မြင်သက်သေ တယောက်က ပြန်ပြောပြခဲ့ပါတယ်။

ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ်နဲ့ ဗိုလ်ချုပ်ကြီး မိုက် မူလန်အမေရိကန် အနေဲ့ နိုင်ငံတကာ ညွန့်ပေါင်းတပ်တွေကို ရှေ့ကနေ ဦးဆောင်မှာ မဟုတ်ဘဲ အခြေခံကျတဲ့ တာဝန်ယူမှုတွေကို တခြားသူတွေဆီ မကြာခင် လွှဲပေးမှာ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က ပြောကြားလိုက်ပါတယ်။

လစ်ဗျားရဲ့ အနာဂတ်ကို လစ်ဗျားလူထုက ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။လစ်ဗျားနိုင်ငံကို နိုင်ငံတကာ တပ်ဖွဲ့တွေက လေကြောင်းက အရေးယူတိုက်ခိုက်နေတာဟာ ဗိုလ်မှူးကြီး ကဒါဖီကို အဓိကထား ပစ်မှတ်ထား တိုက်ခိုက်တာ မဟုတ်ဘူးလို့ ထိပ်တန်း အမေရိကန် စစ်တပ် အရာရှိကြီး တယောက်က ပြောပါတယ်။အရပ်သားတွေကို လစ်ဗျား စစ်တပ်ရဲ့ ခြိမ်းခြောက်နေမှုတွေ ရပ်တန့်သွားစေဖို့နဲ့၊ လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ဖို့ အတွက် ရည်ရွယ်ပြီး နိုင်ငံတကာ တပ်ဖွဲ့တွေက လေကြောင်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်လို့ အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး William Gortney က ဆိုပါတယ်။လွန်ခဲ့တဲ့ နာရီပိုင်းတုန်းကလည်း ထရစ်ပိုလီမြို့တိုက်မှာ ပေါက်ကွဲသံတွေ အတော်များများ ကြားခဲ့ရပြီး ဗိုလ်မှူးကြီးကဒါဖီရဲ့ စစ်စခန်းနားမှာ မီးခိုးလုံးကြီးတက်လာတာ တွေ့ရတယ်လို့သတင်းရရှိပါတယ်။

အနောက်နိုင်ငံတွေဟာ လစ်ဗျားနိုင်ငံမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို လုံးဝ အထင်အမြင် မှားနေတယ်လို့ အမေရိကန် ရုပ်မြင်သံကြား အေဘီစီ သတင်းဌာနကို ဗိုလ်မှူးကြီးကဒါဖီရဲ့သား ဆာရစ် ကဒါဖီက ပြောကြားလိုက်ပါတယ်။ဘန်ဂါဇီမြို့က အစိုးရ ဆန့်ကျင်ရေး သူပုန်တွေဟာ လက်နက်ကိုင် လူရမ်းကားတွေ ၊ အကြမ်းဖက် သမားတွေ ဖြစ်တယ် ၊ လစ်ဗျား ပြည်သူတွေက အဲဒီလူတွေလက်ထဲကနေ မြို့ကို ပြန်လည်ထိန်းချုပ်နိုင်အောင် ကြိုးစားနေတာ ဖြစ်တယ်လို့ ပြောပါတယ်။အာရပ်ကမ္ဘာရဲ့ မိတ်ဆွေ တယောက်လို့ အရင်တုန်းက လူတွေ ထင်မြင်နေတဲ့ သမ္မတ အိုဘားမားက အခုတော့ လစ်ဗျားနိုင်ငံကို ဗုံးကြဲလိုက်တဲ့အတွက် အကြီးအကျယ် အံ့သြမိ ပါတယ်လို့ ဆာရစ် ကဒါဖီက ဆိုပါတယ်။တနေ့မှာ အမေရိကန်တွေ တရေးနိုးလာပြီး သူတို့ဟာ မှားယွင်းပြီး ဒီလူတွေကို ထောက်ခံနေတယ် ဆိုတာကို နောင်တရလာမယ်လို့လည်း သူက ပြောပါတယ်။လစ်ဗျားနိုင်ငံကို လေကြောင်းကနေ နိုင်ငံတကာ အဖွဲ့အတွေက အရေးယူမှုမှာ ပူးပေါင်းပါဝင်ဖို့ ကာတာနိုင်ငံက စစ်လေယာဉ် လေးစင်း စေလွှတ်လိုက်ပြီး ဒါဟာ နိုင်ငံတကာ တပ်တွေနဲ့ပူးပေါင်းလာတဲ့ ပထမဆုံး အာရပ်နိုင်ငံ ဖြစ်ပါတယ်။

အခုလို လစ်ဗျားကို အရေးယူဖို့ထောက်ခံခဲ့တဲ့ အာရပ်အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး အာမာ မူဆာက အနောက်နိုင်ငံတွေက လစ်ဗျားစစ်တပ်ကို တိုက်ခိုက်မှု တွေဟာ သူ့အဖွဲ့က တောင်းဆိုနေတဲ့ လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ဖို့ ရည်ရွယ် ထားတာထက် ကျော်လွန်ပြီး အင်အားသုံးတာ တွေ့ရတယ်လို့ ဆိုပါတယ်။အာရပ် အဖွဲ့ချုပ် အနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးစေလိုပြီး အရပ်သားတွေ အပေါ် ဗုံးကြဲ တိုက်ခိုက်မှုတွေ မဖြစ်စေလိုဘူးလို့ပြောပါတယ်။
(BBC)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.