Friday, January 27, 2012

1 ဒီ စကား (ဒေါ်အောင်ဆန်းစုကြည်) ဒီလှိုင်း အမှတ် ၀၂



ဒီမိုကရေစီ

ဒီလှိုင်း

ဒီရေ

ဒီအရေး

ဒီစကား တွေကတော့

အများကြီးပါပဲ။


ဒီအပတ်တော့ ဒီမိုကရေစီရဲ့ ဇစ်မြစ်ဖြစ်တဲ့ ဒီမိုအကြောင်း နည်းနည်းဆွေးနွေးချင်ပါတယ်။ဒီမိုကရေစီ ဆိုတဲ့ စကားလုံးက ဂရိဘာသာကလာတာပါ။ ဒီမို(စ်) (demos) ပြည်သူနဲ့ ကရာတို့(စ်)(kratos) အင်အား ၊ အာဏ ကို ပေါင်းစပ်ထားတဲ့ (demokratia) က ဆင်းသက်လာတာပါ။ ဒီတော့ဒီမိုကို ပြည်သူလို့ အဓိပ္ပာယ် ဖော်ရမှာပါ။ အချိန်နေရာမရွေး အမြဲကြားနေတဲ့ပြည်သူပါပဲ။ ဒီနိစ္စဓူဝသုံးနေတဲ့ စကားလုံးအကြောင်းကို စဉ်းစား မိပါတယ်။

ကျွန်မတို့ငယ်ငယ်တုန်းက ဇာတ်ပွဲတွေမှာ မကြာခဏ ၀န်ကြီးတွေ ၊ အမတ်ကြီးတွေ ပုံစံနဲ့လူရွှင်တော်တွေ က ခန့်ခန့်ကြီး တစ်လှမ်းခြင်းလျှောက်ပြီး စာလိပ်ကြီးကိုမြှောက်၊ တိုင်းသူပြည်သားလူအများတို့လို့ အသံအောကြီး နဲ့ဖက်လိုက်တာနဲ့ ၊ မောင်းကိုထမ်းလာတဲ့ တပည့်တွေက ''ဒူ -အူ-အူ''လို့ မြည်းဟည်းအောင်တီးလိုက်ကြပါတယ်။ အဲ့ဒီတော့ ကျွန်မက ''တိုင်းသူပြည်သား လူအများတွေဟာ တော်တော်အရေးပါပါလားလို့ ထင်မိပါတယ်။

ဘာမှန်းသိပ်နားမလည်ပေမယ့် ဆော့ကစားတဲ့အခါ''တိုင်းသူပြည်သား လူအများတို့ ၊ ဒူ-အူ-အူ လို့အော် ဟစ်ပြီး ပြောရာ တာ ပြောစရာကြီးပါပဲ။ ဇာတ်ဆရာတွေရဲ့ ရည်ရွယ်ချက်ကတော့ ဘာလို့မသိပါဘူး၊ ကျွန်မကတော့ ပြည်သူတွေကို ဦးထိပ်ထားတယ်လို့ယူဆမိပါတယ်။

ဒီမိုကရေစီဟာ '' ပြည်သူ့အင်အား၊ အာဏာ'' ကိုမဏ္ဍိုင်ပြုတဲ့ နိုင်ငံရေးစနစ်ဖြစ်လို့ တိုင်းသူပြည်သား လူအများ တို့ရဲ့ ခံစားချက်၊ မျှော်လင့်ချက်တွေကို အလေးအနက်ထားရမှာပါ။ ''ကျုပ်တို့ ဆင်းရဲသားတွေက ဘယ်အစိုးရ တက်တက် ဆင်းရဲနေမှာပဲ'' ''နင်းပြားက နင်းပြားပါပဲ'' လို့ စိတ်လျှော့လက်လျှော့၊မျှော်လင့်ချက် စွန့်လွှတ်ထား သူတွေကို ယုံကြည်နိုင်အောင် လက်တွေ့လုပ်ပြကြရမယ်ဆိုတာ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်အရွေးခံမဲ့ အမတ်လောင်းတွေ (ကျွန်မအပါအ၀င်) ရဲ့တာဝန်ပါပဲ။

ဒီနေ့တော့ဒီမျှသာ… အောင်ဆန်းစုကြည်

ဒီမိုဖက်တီး fbအားကျေးဇူးတင်ရှိပါသည်.။

1 comment:

  1. ဒေါ်အောင်ဆန်းစုကြည် ဘွဲ့ ဘယ်နှစ်ခုနဲ့ကျောင်းပြီးတယ်။ နိုင်ငံရေး ဘယ်လောက်တော်တယ်။ ဘယ်ဘွဲ့တွေ ချီးမြင့်ခံရတယ် ကျွန်မ သိပ်မသိပါဖူး။
    ကျွန်မ သိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားရတဲ့ အချက် ရိုးရိုးလေးပါပဲ။
    အမျိုး ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုကို ထိမ်းသိမ်းလို့ပါပဲ၊
    မြန်မာစကားပြောတာများ၊ ကျွန်မတို့ထက် ပြတ်သား၊ကြည်လင်ပြီး ရှေ့နောက် ညီအောင် ကျကျ နန ပြောတယ်။
    တရားနဲ့ အညီ စိတ်ကိုထားလို့ မျက်နှာများကြည်စင်ပြီး။ ပြောတဲ့ မိန်းခွန်းတိုင်း မာန်မာန၊ အာဃာတ ကင်းတယ်။
    ယဉ်ကျေးမှုကို တော့ မြင်တဲ့အတိုင်းပဲ။ ခေါင်းက ခြေဖျားအထိ ကျက်သရေရှိတယ်။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.