Thursday, January 26, 2012

0 ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ်တွေ့ဆုံသောဓာတ်ပုံများ(၂၄.၁.၂၀၁၂)


၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် အဖြစ် ယနေ့ညနေ ခြောက်နာရီခန့်တွင် တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ်(၅၄) နေအိမ် တွင် တွေ့ဆုံကာ ညစာစားခဲ့ကြကြောင်း သိရသည်။ ယခုလ ၁၃ ရက်နေနေ့က စတုတ္ထအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်အသီးသီးမှပြန်လည်လွတ်မြောက် လာကြသော ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အနေဖြင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေး ကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ကို ကြိုဆိုထောက်ခံပြီး ၀န်းရံအားပေးသွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားများက ယခုလ ၂၁ ရက်က တော်ဝင်စင်တာတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ထုတ်ပြန်ကြေငြာ ခဲ့သည်။ တွေ့ဆုံမှုသို့ မီဒီယာများ ၀င်ရောက်သတင်းယူခွင့် မရကြောင်း သိရသည်။

Photo..hlaing bwa maung

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.