Thursday, October 29, 2009

0 ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း များ ရပ်တန့်ရန်ဆန္ဒပြ တောင်းဆို

သတင်းနှင့် မီဒီယာကွန်ယက်။ နွယ်လေး ။
အောက်တိုဘာလ ၂၇ ရက် ၊၂၀၀၉ ခုနှစ်။

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သို့ သွယ်တန်းဖောက်လုပ်မည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းများ ရပ် တန့်ရန် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ တရုတ် ကောင်စစ်ဝင်ရုံးရှေ့တွင် ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ယနေ့ ဆန္ဒပြ တောင်းဆိုသည်။



ရွှေဂတ်စ် လှုပ်ရှားမှုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဝင်းအောင်က “စီမံကိန်းကြောင့် ဖြစ်လာမယ့် ဆိုးကျိုး တွေက ဒေသခံ ပြည်သူလူထုနဲ့ နိုင်ငံခြားကုမ္ပဏီတွေကြား ဆက်ဆံရေးတွေမှာ မလိုလားတဲ့ ပြဿနာ တွေ ဖြစ်မလာဖို့၊ တိုင်းရေးပြည်ရေး ပိုပြီးတည်ငြိမ်အေးချမ်းဖို့ ဒီ(တရုတ်) အစိုးရကနေ ရပ်တန့်ပေး ဖို့ တောင်းဆိုတာ ”ဟုပြောသည်။

မြန်မာစစ်အစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအောက်ရှိ လုပ်ငန်းများသည် လူအခွင့်အရေး ချိုးဖောက်မှုနှင့် သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ထိခိုက်သည့်အပြင် ဒေသခံများသည် တစ်စုံတစ်ရာ အကျိုခံစားခွင့် မရရှိသဖြင့် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

နိုင်ငံပေါင်း(၂၀) မှ လူထုအခြေပြု အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီ (၁၁၅)ခုတို့ ထောက်ခံ လက်မှတ်ရေးထိုး ထားသည့် ယခုစီမံကိန်းများ ရပ်တန့်ရန် တောင်းဆိုထားသည့် အိတ်ဖွင့်ပေးစာ တစ်စောင်ကို တရုတ်ကောင်စစ် ၀န်ရုံးမှတဆင့် တရုတ်သမ္မတထံ ယနေ့ပေးပို့ခဲ့ သည်။

“အဲဒါကြောင့် ယူအဲန်နဲ့ အာစီယံတို့ တွန်းအားပေးနေတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးရေး ဒီမိုကရေစီ လမ်း စဉ်ကို နိုင်ငံရေး ဖိအားပေးမှုအနေနဲ့ သူတို့လုပ်ဆောင်နိုင်တဲ့အပြင် ဒီမိုကရေစီ ပေါ်ထွန်း မှပဲ နှစ်နိုင် ငံ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ဒေသတွင်းမှာ အချင်းချင်း ညီတူမျှ မျှဝေခံစားရမယ့် စီးပွားရေးမျိုးကို လုပ်သင့်တာပေါ့လို့ ကျနော်တို့ အဲဒီစာထဲမှာ တိုက်တွန်းထားတာ ရှိတာပေါ့နော်။” ဟု ကိုဝင်းအောင် က ပြောသည်။

လူ့အခွင့်အရေး ချိုးဖောက်မှု ကြောင့်တိုင်းပြည် မငြိမ်သက်ဖြစ်ခြင်း၊ ကုမ္ပဏီများ အနေနှင့် ကုမ္ပဏီ ပြဌာန်းချက် နှင့်အညီ ပြုလုပ်သင့်ပြီး ရပ်တန့်ရန် ဖြေရှင်းစဉ်းစားနိုင်သည့် အနေအထားတခုကို တောင်းဆိုထားခြင်း ဖြစ်သည် ဟု ကိုဝင်းအောင်က ယခု လိုဆက်ပြော သည်။

“နအဖအစိုးရ ကမ္ဘာမှာခြအစားဆုံး အစိုးရဖြစ်တဲ့တွက် ပိုက်ဆံ ပါဝင်ထည့်တဲ့ အစုရှယ်ယာ ကိုလည်း စဉ်းစားဖို့လိုတယ်။ အစုရှယ်ယာတွေလဲ စည်းမျဉ်းစည်းကမ်းချက်ကိုမလိုက်နာရင် အစုရှယ်ယာ အချိန် မရွေးထုတ်သွားနိုင်တော့ သူတို့ အလေးအနက်ထားစဉ်းစားသင့်တယ်”

စွမ်းအင်လုံခြုံမှုသည် တိုင်းပြည်တိုင်းအတွက် အရေးကြီးသော်လည်း မြန်မာနှင့် တရုတ် နှစ်နိုင်ငံ အရေးကြီးသည့် စီးပွားရေး ဆောင်ရွက်မှုတွင် အထောက်အကူပြုပြီး ဒေသခံ အပြင် ပြည်သူလူထုများအတွက်ပါ အရေးကြီးသဖြင့် နောင်ပေါ်ပေါက်လာမည့် ဒီမိုကရေစီစနစ် အစိုးရလက်ထက်မှသာ အကောင်အထည်ဖော်ရန် ကြိုးစားသင့်သည် ဟု ၎င်းက ဆက်ပြောသည်။

“အိမ်နီးချင်း ပတ်ဝန်းကျင်နိုင်ငံတွေကို စွမ်းအင်လုံခြုံရေးထုတ်ပေးနေတာမြန်မာနိုင်ငံ လူထုက အရင်း အမြစ်အပေါ် အကျိုးအမြတ် ခံစားခွင့် မရတာ ရင်နာစရာကောင်းတယ်”

တရုတ်အစိုးရပိုင် ရေနံကုမ္ပဏီ (CNPC) သည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံနှင့် မြန်မာနိုင်ငံ အနောက် ပိုင်း ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှရရှိမည့် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံယူနန်ဒေသသို့ ပို့ဆောင်ရန် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို တည်ဆောက်ရာနှိုက် အဓိက ရင်းနှီးမြှပ်နှံဖြစ်မည့် မြန်မာစစ်အစိုးရ သည် ဤစီမံကိန်းမှ နှစ်ပေါင်း သုံးဆယ်အတွင်း အနည်းဆုံး အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံရရှိမည်ဖြစ်သည် ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ယနေ့လှုပ်ရှားမှုသည့် ထိုင်းနိုင်ငံရှိ တရုတ်ကောင်စစ်ဝန်ရုံးအတွင် အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယား၊ ဖိလစ်ပိုင်၊ မ လေးရှား၊ သြစတေးလျ၊ ဆွီဒင်၊ နော်ဝေး၊ နယ်သာလန် နှင့် ယူကေရှိ တရုတ်သံရုံးရှေ့တွင် တောင်းဆိုဆန္ဒပြ ခဲ့ကြသည်။

ရွှေဂက်စ်လှုပ်ရှားမှုသည် ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာနိုင်ငံအခြေစိုက် မြန်မာ့အဖွဲ့အစည်းများနှင့် ဖွဲ့ စည်းထားသည့် ညွှန့်ပေါင်းအဖွဲ့ဖြစ်သည်။

Wednesday, October 28, 2009

0 ခေါင်းဆောင်ကြီးတို့ သမီးနှစ်ဦး

(ရှားပါးသမိုင်းဝင်ဓာတ်ပုံ)
http://bigbbrown.blogspot.com/

ဗမာပြည်လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗမာပြည်၏ ထင်ရှားသော လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်၊ တောင်သူလယ်သမားအရေးတော်ပုံမှ ခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ၏ သမီး ဒေါ်စိန်တို့ တွေ့ဆုံကြစဉ်ဖြစ်သည်။

၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ တောင်သူလယ်သမားနေ့ ချီတက်ပွဲသို့ ဆရာစံ၏ သမီး- ဒေါ်စိန်နှင့် ဆရာစံ၏ သား- ဦးအေး၊ မြေး- ကိုအောင်မောင်းတို့ လာရောက်စဉ်က ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်အိမ်တွင် ဧည့်ခံစဉ် ကြုံတောင့်ကြုံခဲ ဆုံတွေ့ကြပုံ။

(၁၅၊ ၃၊ ၁၉၇၁) ထုတ် အိုးဝေဂျာနယ်၊ အိုးဝေမှတ်တမ်းတင် ဓာတ်ပုံသတင်းမှ ရယူမျှဝေသည်။

0 မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှု သြစတေးလျဝန်ကြီးချုပ် Kevin Rudd၏ ဇနီးပါဝင်


မနေ့က(October 27, 2009 ) သြစတေးလျ နိုင်ငံ sydney မြို့တွင် သြစတေးလျဝန်ကြီးချုပ် Kevin Rudd၏ ဇနီးဖြစ်သူ Therese Rein ၊ အတိုက်အခံခေါင်းဆောင်၏ဇနီး Lucy Turnbullတို့အပါအ၀င် သြစတေးလျ အခြေစိုက် မြန်မာလူမျိုးများမှ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် Sydney Opera House ရှေ့မှာ လှုပ်ရှားမှု အခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

0 သစ္စာဖောက် မျိုးဆက်ယုတ် အေးလွင်၏ အရှက်မရှိ တောင်းရမ်းမှု



ပေးပို့သူ။ ။ ဒီမိုဝေယံ

Tuesday, October 27, 2009

0 ကြုံရဆုံရ ရေး/ထောက် ဗိုလ်ကြီးဘဝ

Monday, October 26, 2009

0 မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများသို့

Joint Action Committee of Burmese Community in Japan

在日ビルマー人共同行動実行委員会 (JAC) 参加団体

ဂျေအေစီ အဖွဲ့ဝင်များသို့

ဂျေအေစီတွင် ပါဝင်သော အဖွဲ့များ၏ နေ့စဉ် နိုင်ငံရေးလှုပ်ရှားမှုများအဖြစ် အောက်ပါအစီအစဉ်အတိုင်း ဆက်လက် ဆင်နွှဲမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

နေ့ရက်

နေရာ

အချိန်

ရည်ရွယ်ချက်

၂၆-၁ဝ-၂ဝဝ၉

ယူအန်ရုံးရှေ့

ညနေ ၃ နာရီမှ ၄ နာရီထိ

နေ့စဉ် နိုင်ငံရေးလှုပ်ရှားမှု

၂၇-၁ဝ-၂ဝဝ၉

ယူအန်ရုံးရှေ့

ညနေ ၃ နာရီမှ ၄ နာရီထိ

နေ့စဉ် နိုင်ငံရေးလှုပ်ရှားမှု

၂၈-၁ဝ-၂ဝဝ၉

တရုတ်သံရုံးရှေ့ (တိုကျို)

3-4-33 MOTO-AZABU, MINATO-KU, TOKYO , JAPAN

(Hibiya Line စီးပြီး Hiroo ဘူတာ ထွက်ပေါက် အမှတ် ၃ မှ ထွက်ပါ။)

ညနေ ၂ နာရီမှ ၄ နာရီထိ

ဓါတ်ငွေ့ပိုက်လိုင်း ကန့်ကွက်ဆန္ဒပြပွဲ

Global Day of Action

၂၉-၁ဝ-၂ဝဝ၉

ယူအန်ရုံးရှေ့

ညနေ ၃ နာရီမှ ၄ နာရီထိ

နေ့စဉ် နိုင်ငံရေးလှုပ်ရှားမှု

၃ဝ-၁ဝ-၂ဝဝ၉

အခွန်ရုံးရှေ့

ညနေ ၃ နာရီမှ ၄ နာရီထိ

မေ ၃ဝ ဒီပဲယင်း လုပ်ကြံမှုကြီး (၆)နှစ်၅လ၊ (၇၇ လ ပြည့်) ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား

အထူးကြေညာချက်

ဂျေအေဒီတွင် ပါဝင်သော အဖွဲ့အစည်းများ၏ နေ့စဉ် နိုင်ငံရေးလှုပ်ရှားမှုများအတွက် ပြောရေးဆိုခွင့်ရှိသူအဖြစ် KNU မှ ကိုစောမျိုးခိုင်ရှင်းအား ရွေးချယ် တာဝန်ပေးအပ်ကြောင်း၊ လတ်တလော အခြေအနေများတွင် ဖြေရှင်းရန်လိုအပ်သောကိစ္စများ ရှိလာပါက နေ့စဉ်တာဝန်ယူထားသည့် အဖွဲ့တာဝန်ခံနှင့်အတူ ပူးတွဲ ဆုံးဖြတ်စီစဉ်မည် ဖြစ်ကြောင်း၊ ယနေ့ (၂၅-၁ဝ-၂ဝဝ၉) ကျင်းပသော ဂျေအေစီ အစည်းအဝေးမှ သဘောတူ ဆုံးဖြတ်ချက် ချမှတ်သည်။

JAC- Information

၂၅-၁ဝ-၂ဝဝ၉

Sunday, October 25, 2009

0 နိုင်ငံကျော်စာရေးဆရာ နီကိုရဲ ၏(၁၉၆၆-၂၀ဝ၉) ကိုယ်ရေးအကျဉ်း


အဖ ဦးတင်ဝင်း၊ အမိ ဒေါ်မြကြည်တို့မှ ၂၊ ၁၁၊ ၁၉၆၆ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်တိုင်း သင်္ကကျွန်းမြို့နယ်၊ ဇ/မြောက်ရပ်ကွက် နေအိမ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ 'ရဲဝင်း' ဖြစ်ပြီး ညီအစ်ကို နှစ်ယောက်ရှိသည့် အနက် သားအကြီး အဖြစ်သည်။

အထက (၂) သင်္ကန်ကျွန်းတွင် ရှစ်တန်းအထိ ပညာသင်ခဲ့ပြီးနောက် အထက (၃) သင်္ကန်းကျွန်းသို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဆယ်တန်း စာမေးပွဲကို ကျရှုံးခဲ့ပြီး၊ ၁၉၈၅ ခုနှစ်တွင်မှ ၁၀ တန်း အောင်ခဲ့သည်။ ဗိုလ်တထောင် တက္ကသိုလ်သို့ ရုက္ခဗေဒဘာသာရပ်ဖြင့် တက်ရောက် ပညာသင်ကြားခဲ့ပြီး ပထမနှစ်တွင် ကျရှုံးခဲ့သည်။

၁၉၈၇ တွင် သင်္ကန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် အောက်တန်းစာရေး အဖြစ် ဝင်ရောက်ခဲ့ပြီး စာပေများ စတင် ရေးသားခဲ့သော်လည်း မည်သည့် မဂ္ဂဇင်းကမျှ ၃ နှစ်ခန့် ထည့်သွင်းခဲ့ခြင်း မရှိဘဲ အပယ်ခံခဲ့ရသည်။

၁၉၉၀၊ မေလတွင်မှ ရုပ်ရှင်အောင်လံ မဂ္ဂဇင်းတွင် 'ရွှေရည်မေ … သုံးမိနစ်' ကဗျာဖြင့် စာပေလောကသို့ စတင် ရောက်ရှိခဲ့သည်။ ဝတ္ထုတိုနှင့် ကဗျာများ ဆက်လက် ရေးသားရင်း ၁၉၉၅ ခုနှစ်၊ စက်တင်ဘာလ ဟန်သစ် မဂ္ဂဇင်းတွင် စတင် ဖော်ပြခံရသည်။ ၁၉၉၄ ခုနှစ်တွင် ဗီဒီယို ဇာတ်ညွှန်များ စတင်ရေးသားကာ ၁၉၉၉ တွင် 'ကြည်ပြာရောင် နဂ္ဂတစ်များ' ဝတ္ထုကို လုံးချင်းအဖြစ် စတင် ထုတ်ဝေခဲ့ပြီး လုံးချင်းလောကသို့ ရောက်ရှိခဲ့သည်။

၁၉၉၉၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မနိုင်နိုင်ဝင်းနှင့် အိမ်ထောင်ပြုခဲ့ပြီး သားတယောက် ထွန်းကားခဲ့သည်။

သူရေးသားခဲ့သည့် ဟာသနှောသော လူ့ဘဝ ဇာတ်စုံ ဇာတ်လမ်းများ အနက် ဇွတ်၊ ရည်စားစာ (ဝတ္ထုတိုစု) ကျနော်နှင့် လက်တွဲဖော်များ၊ ကျနော်နှင့် ဈေးသည် အလွဲများ၊ လွယ်အိတ်ထဲက အလွဲများ၊ နှလုံးသားထဲြွကက်ဝင်နေသည်၊ နတ်ဆိုးတကောင်နဲ့ ရင်လွဲသူ အစရှိသည့် ဝတ္တုများမှာ လူငယ်ထုကြား ရေပန်းစားခဲ့ပြီး၊ နီကိုရဲ ဇာတ်ညွှန်းရေးသည့် ရုပ်ရှင် ဇာတ်ကားကြီး ၄ ကားနဲ့ ဗီဒီယိုကား ၄၀ ခန့်ကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ရိုက်ကူး တင်ဆက်ခဲ့သည်။

၂၀ဝ၉ ခု၊ အောက်တိုဘာလ ၂၃ ရက်၊ သောကြာနေ့တွင် ညသန်းကောင်ယံတွင် နှလုံးရောဂါဖြင့် ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့သည်။

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့မှကူးယူဖော်ပြပါသည်။

0 ၁၉၈၉ခုနှစ်ကာလတုန်းက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် သုံးရောင်ချယ်သားသမီးများရဲ့ ကဗျာ


ရဲရဲတောက်အမေ
ပေးပို့လာသော ကိုဒီမိုဝေယံအား ကျေးဇူးတင်ရှိပါသည်။

0 လူငယ်၊ နည်းပညာနှင့် အင်တာနက်ရာဇ၀တ်မှုများ

ရေးသူ....မောင်ဒေး

ပြီးခဲ့တဲ့ လေး၊ ငါးနှစ်ကာလတွင် Internet Chatting တွေ အရမ်းခေတ်စားလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် မဆုံဖူးသူတွေဟာ အင်တာနက်ပေါ်မှာ မိတ်ဖွဲ့ကြတယ်။ တောင်တောင်အီအီတွေ ပြောကြတယ်။ အခုဆို ကင်မရာကိုသုံးပြီး တစ်ယောက်နဲ့တစ်ယောက် ဖန်သားပြင်ပေါ်မှာတောင် မြင်နိုင်ပြီ။ အင်တာနက် ဆက်သွယ်မှုတွေကောင်းလာတော့ အင်တာနက်ကိုအသုံးချပြီး အမြတ်ထုတ်ချင်သူတွေလည်း များလာတယ်။ သူတို့က “ဘယ်သူ ဘယ်ဝါမှန်းမသိခြင်း” (Anonymity) ကို အသုံးချပြီး အင်တာနက် ရာဇ၀တ်မှုတွေ ကျူးလွန် လာပါတယ်။

Internet Chatting အကြောင်းပြောရင် နိုင်ငံခြားက ပညာပေးကြော်ငြာလေးတစ်ခုကို သတိရမိတယ်။ အဲ့ဒီကြော်ငြာထဲမှာ ကောင်လေးနဲ့ကောင်မလေးတစ်ယောက်တို့ ကင်မရာသုံးပြီး Internet Chatting လုပ်ကြ တယ်။ ဒါကို Webcam Chatting လို့လည်းခေါ်ကြပါတယ်။ ဒီကောင်လေးနဲ့ ကောင်မလေးတို့ဟာ ဆယ်ကျော် သက်အရွယ်တွေ။ သူတို့ပြောတဲ့စကားတွေက လိင်နှိုးဆွမှုကို အသားပေးတဲ့စကားတွေ။ ဒီတော့ လည်ပင်းကနေ ခါးလောက်အထိပဲ ကွန်ပျူတာဖန်သားမှာ ပေါ်တယ်။ ကောင်လေးက တီရှပ်အဖြူ (အဖြူလို့ ထင်တာပဲ) ၀တ်ထား ပြီး ကောင်မလေးက တီရှုပ်အနီပေါ်မှာ အရုပ်ပါတာ ၀တ်ထားတယ်။ သူတို့နှစ်ယောက် ညစ်ညစ်ညမ်းညမ်းတွေ ပြောပြီးနောက် ကောင်လေးက ကောင်မလေးကို အင်္ကျီချွတ်ပြဖို့တောင်းဆိုတယ်။ ကောင်မလေးက လက်ခံလိုက် တယ်။ အဲ့ဒီအချိန်မှာပဲ အောက်ထပ်က အမေဖြစ်သူက ကောင်လေးကို နေ့လည်စာစားဖို့ လှမ်းအော်တော့ ကောင်လေးလည်း အရှိန်ပျက်သွားပြီး အောက်ထပ်ဆင်းလာတယ်။ ထမင်းဝိုင်းမှာ ၀င်ထိုင်တယ်။ ထမင်းဝိုင်းမှာ ကောင်လေးအဖေ၊ အေမေနဲ့ ကောင်လေး စုစုပေါင်း သုံးယောက်။ ခဏနေတော့ ကောင်လေးရဲ့ ညီမဖြစ်သူ ထမင်းဝိုင်းမှာ လာထိုင်တယ်။ သူမရဲ့ အခန်းထဲကထွက်လာတာပဲ။ ကောင်မလေး ထမင်းဝိုင်းမှာ ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ကောင်လေးမျက်စိမျက်နှာပျက်သွားတယ်။ ကောင်မလေးလည်းခေါင်း ငိုက်စိုက်ကျပြီး ချက်ချင်းထ ထွက်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ကောင်မလေးဟာ အရုပ်ပါတဲ့တီရှပ်အနီနဲ့ဖြစ်ပြီး ကောင်လေးကလည်း တီရှပ်အဖြူနဲ့။ သူတို့နှစ်ယောက် ချက်ချင်းအခြေအနေကို သိသွားကြတာ။ မိဘတွေကတော့ မသိရှာဘူး။ သူတို့ မောင်နှမနှစ်ယောက် ကိုယ်တိုင်လည်း ခုနက ကွန်ပျူတာမှာ ပြောနေချိန်အထိ မသိပါဘူး။ တကယ့်ကို ထိတ်လန့် စရာကောင်းတဲ့အဖြစ်ပါ။ တစ်ယောက်ကိုတစ်ယောက် ဘယ်သူမှန်းမသိတဲ့ နာမည်အတုတွေနဲ့ Chat လုပ်ကြ။ အခုတော့ ကိုယ်ကျိုးနည်းပြီ။

အမေရိကနဲ့ ဥရောပမှာတော့ ဒီလိုအဖြစ်တွေ အရမ်းများနေပြီ။ ဒါကြောင့်လည်း အခုလို ပညာပေးကြော် ငြာတွေလုပ်ပြီး တားဆီးနေတာ။ ဒီလိုအဖြစ်ဆိုးတွေအပြင် အခြားအင်တာနက်ရာဇ၀တ်မှုတွေလည်း ဒုနဲ့ဒေးရှိပါ သေးတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်နဲ့ ကလေးအရွယ်တို့ဟာ အင်တာနက်မုဆိုးတွေရဲ့သားကောင် ငယ်တွေဖြစ်နေကြရတယ်။ အင်တာနက်ရာဇ၀တ်ကောင်တွေရဲ့ အဓိကအားသာချက်တွေကတော့ လူငယ်တွေ ဟာ ယုံလွယ်တယ်၊ အတွေ့အကြုံနုတယ်၊ စပ်စုတယ်၊ စွန့်စားလိုတယ်။ ပြီးတော့ သူများရဲ့ ဂရုစိုက်မှုကို ခံယူ ချင်တယ်။ အင်တာနက်မုဆိုးတွေရဲ့ နောက်ထပ်အားသ်ာချက်တစ်ခုက သူတို့ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ် နိုင်ခြင်းပါပဲ။ ရာဇ၀တ်သမားတွေဝင်တဲ့နည်းကတော့ စောစောကလို Chat Room နဲ့ Email တို့ကတစ်ဆင့် ရင်းနှီး အောင် မိတ်ဖွဲ့၊ လက်ဆောင်နဲ့ ဓာတ်ပုံတွေဖလှယ်၊ ပြီးတော့ တစ်ဖက်လူငယ်ရဲ့ ယုံကြည်မှုကိုရအောင် တည် ဆောက် နောက်ဆုံးသူလိုချင်တာကို ရအောင်ကြိုးစားပါတော့တယ်။

အင်တာနက်ရာဇ၀တ်မှုပုံစံများ

ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအပေါ် အင်တာနက် ရာဇ၀တ်ကောင်တွေ သုံးတဲ့ ပုံစံတွေက-

(၁) လိင်ကိစ္စကို ကျူးလွန်ဖို့ Online က တစ်ဆင့် မြူဆွယ်ဖြားယောင်းခြင်း။
(၂) Child Pornography ခေါ်တဲ့ ကလေးညစ်ညမ်းဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ထုတ်လုပ်ရောင်းချခြင်း။
(၃) အင်တာနက်ကိုအသုံးချပြီး ညစ်ညမ်းဗွီဒီယိုတွေ၊ ဓာတ်ပုံတွေကို ဖြန့်ဝေခြင်းနဲ့ ကျန်အင်တာနက်
အသုံးပြုသူတွေကိုပါ ဒီလို ညစ်ညမ်းကိစတွေကို ဖလှယ်ဖို့ မြူဆွယ်ခြင်း။
(၄) စီးပွားရေး အကျိုးအမြတ်အတွက်သော်လည်းကောင်း၊ တစ်ကိုယ်ရေ အကျိုးအမြတ်အတွက်သော်လည်း ကောင်း၊ လိင်ဆိုင်ရာ တရားမ၀င်မှုတွေကို အကောင်အထည်ဖော်ဖို့ ကလေးငယ်တွေကို အမြတ်ထုတ် အသုံးချခြင်း စသဖြင့်ဖြစ်သည်။
(၅) အင်တာနက်ကို အသုံးပြုတာဖြစ်တဲ့အတွက် ရာဇ၀တ်ကောင်တွေအနေနဲ့ ရာဇ၀တ်မှုကို အကောင် အထည်ဖော်ဖို့ လူငယ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဆက်ဆံစရာမလို။ ဒါ့အပြင် ကလေးတွေနဲ့ လူငယ်တွေရဲ့ ဓာတ်ပုံတွေကို လိင်ဆိုင်ရာ ညစ်ညမ်းပုံတွေမှာ ကွန်ပျူတာဒီဇိုင်းပညာသုံးပြီး ရောစပ်ဖန် တီးကာ ဖြန့်ဝေကြတယ်။ ဒီလိုဖြန့်ဝေနေပါလားဆိုတာကို အသုံးချခံရသူ လူငယ်တွေအနေနဲ့ သိတောင် မသိကြပါဘူး။
(၆) အင်တာနက်ရာဇ၀တ်မှုတွေဟာ နှစ်ပေါင်းများစွာတာရှည်ခံကြပါတယ်။ ကလေးငယ်တစ်ယောက်ရဲ့ ဓာတ်ပုံကို အင်တာနက်ပေးတင်လိုက်တာနဲ့ တစ်ပြိုင်နက် အဲ့ဒီပုံဟာ တစ်ဆင့်ပြီးတစ်ဆင့်ပျံ့သွားပြီး နှစ် ပေါင်းများစွာကြာအောင် Online ပေါ်မှာ ရှိနေကြတယ်။ အင်တာနက်ပေါ်မှာဆိုတော့ ပုံအရည်အသွေး လည်း မပျက်တော့ဘူး။
(၇) အင်တာနက်ရာဇ၀တ်မှုတွေဟာ နယ်နမိတ်တွေအများကြီးကို ကျော်ဖြတ်နိုင်သလို နိုင်ငံပေါင်းစုံက လူတွေဟာလည်း ဒီရာဇ၀တ်မှုတွေမှာ နာမည်အတုတွေနဲ့ ပါဝင်ပတ်သက်နေကြတယ်။ အသုံးချခံရမယ့် ကလေးငယ်တွေရဲ့ နေရပ်လိပ်စာဟာ ရာဇ၀တ်ကောင်တွေအတွက် အရေးမကြီးပါဘူး။
(၈) အင်တာနက်ရာဇ၀တ်မှု ကျူးလွန်ခံရသူတွေဟာ များသောအားဖြင့် သူတို့ရဲ့အဖြစ်မှန်ကို တခြားဘယ်သူ မှ မပြောပြကြပါဘူး။ အင်တာနက်ကတစ်ဆင့် အပြင်မှာပါ မတရားပြုကျင့်ခံရတဲ့ လူငယ်နဲ့ ကလေးတွေ ဟာ သူတို့ရဲ့အဖြစ်မှန်ကို မိဘတွေ ဆရာတွေကို ပြောပြသင့်ပေမယ့် မပြောပြဘဲ မြုံပြီး ကြိတ်ခံစားနေ ကြတာများပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးဟမ့်ရှိုင်းယား တကသိုလ်မှာ Crimes Agaist Children Research Center ဆိုတဲ့ ဌာနရှိတယ်။ အဲ့ဒီဌာနရဲ့ ဒါရိုက်တာဒေါက်တာဒေးဗစ်ဖင်ကယ်လ်ဟော ဦးဆောင်ပြီး အင်တာနက် ရာဇ၀တ်မှုစစ်တမ်းထုတ်ခဲ့ရာမှာ တွေ့ရှချက်တချို့ခဲ့တယ်။

အင်တာနက်ရာဇ၀တ်မှုဆိုင်ရာ တွေ့ရှိချက်များ
လွန်ခဲ့တဲ့နှစ်က လူငယ်ငါးဦးမှာ တစ်ဦးဟာ လိင်ကိစ္စကျူးလွန်ဖို့ ဖြားယောင်းမှုခံခဲ့ရတယ်။
လူငယ် (၃၃) ဦးမှာ တစ်ဦးဟာ လိင်ကိစ္စဆိုင်ရာ အနိုင်ကျင့်မှု ခံခဲ့ရတယ်။
လူငယ် (၄) ဦးမှာ တစ်ဦးဟာ ၀တ်လစ်စလစ်ပုံတွေကို Email သို့မဟုတ် အင်တာနက်က တစ်ဆင့် လက်ခံရရှိခဲ့တယ်။
လူငယ် (၁၇) ဦးမှာ တစ်ဦးဟာ အခြိမ်းအခြောက်ခံရတယ်။
ဖြစ်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ပတ်သက်ပြီး ခံရသူလူငယ်တွေဟာ ရဲဝန်ထမ်းတွေကို မတိုင်ကြားခဲ့ ကြဘူး။
ရာဇ၀တ်မှုရဲ့သားကောင်ဖြစ်ခဲ့ရသူ လူငယ်စုစုပေါင်းရဲ့ (၂၅) ရာခိုင်နှုန်းကသာ အဖြစ်မှန်ကို မိဘတွေထံ ဖွင့်ပြောခဲ့ကြတယ်။
အိမ်တွေမှာ အင်တာနက်သုံးစွဲသူ မိဘအရေအတွက်ရဲ့ သုံးပုံတစ်ပုံကသာ ညစ်ညမ်းကိစ္စတွေကို တားဆီးတဲ့ Blocking Software တွေ တပ်ဆင်ထားကြတယ်။
ဒီအဖြစ်အပျက်တွေဟာ အစစ်အမှန်တွေပါ။ အင်တာနက်သုံးသူ လူငယ်တွေ စဉ်းစားဆင်ခြင်ကြည့်ကြဖို့ လိုပါတယ်။

မောင်ဒေး
ချင်းတွင်းမဂ္ဂဇင်း
၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီ

0 invitation- praying for Freedom of all political prisonors in Burma


Date: November 1, 2009

Place: Mingalar Yama temple,

1708 Powder Mill Road, Silver Spring, MD 20903.

Please find the program as follow:

6:30 to 7:30 am—Food offering to the monks

7:30 to 9:00 am—Food offering to the friends and attendees

9:00 to 10:00 am—Receiving the prayer service from the venerable monks

Your presences are greatly appreciated.

Friends of Nyi Nyi Aung

Special thanks to Dr.Sein Win & Dr.Tin Moe Thu, Tode Tode family who contributed the food at prayer service.

0 အာဏာရူးနအဖလက်အောက် မြန်မာပြည်သူလူထုကြီး၏ ရေပျက် မီးပျက်ဒုက္ခ



ဓာတ်ပုံသတင်း

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.