Thursday, November 5, 2009

0 မြန်မာပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အမေရိကန် အထူးသံတမန်တွေနှင့်စည်းဝေးပွဲအပြီး ဓာတ်ပုံများ

0 ယနေ့ဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံကအကြောင်းပါ

မကွေးတိုင်း၊ မကွေးမြို့နယ်၊ မိချောင်းရဲမှ တပ်မ(၈၈) လက်အောက်ခံ ခလရ (၈၃) မှ တပ်ရင်းမှူးသည် မိမိရာထူးတိုးမြင့်ရေး၊ မိမိဝင်ငွေရရှိရေးကို ဦးတည်ကာ တပ်မှာရှိသော ရဲမေစစ်သည်များကို အနားမပေးဘဲ လမ်းကျောက်ခင်းရန်ပြင်ဆင်နေသော ကျောက်များကို မိမိမှ တာဝန်ယူကာ ခေါင်းပုံဖြတ်ပြီး ရဲမေများ ကျောက်လုပ်ကိုင်နေရကြောင်း ၊ မလုပ်လဲမနေရဲ ဖြစ်ကြောင်း လုပ်ပြန်သော်လည်း ရသင့်သလောက်မရကြောင်း
ရဲမေများမှ စိတ်ပျက်ဖွယ်ရာ များကို ပြောကြားခဲ့ပါသည်။
ခလရ(၈၃) မှ တပ်ရင်းမှူး သည် ဗိုလ်အဆင့်ရှိသော ဗိုလ် ဇော်မင်းအောင် နှင့် စစ်သည် ၃ယောက်ကိုလဲ မကွေးမြို့နယ်ထဲမှာရှိသော တည်ပင်ကန်ကျေးရွာ၊ အင်းဦးကျေးရွာ၊ ပေပင်စမ်းကျေးရွာများသို့ သွားရောက်ကာ ဥက္ကဌများကို လူသစ်တောင်းခံခဲ့ပါသည်။ ဥက္ကဌ မှလည်း ရပ်ရွာ အချင်း၂မို့ မည်သူ့ကို ပေးရမည်ကို မသိသောကြောင့် ည ၉ နာရီကျော်အပြင်ထွက်သော ကာလသားလူပျိုများကို ခေါ်သွားရန် မှာထားခဲ့ပါသည်။ ကာလသားများမှာလည်း လွတ်လပ်မှုမရှိသောကြောင့် မိမိရပ်ရွာသည် အမှောင်နယ်မြေသို့ ဘယ်လိုရောက်သွားသည်ကို ဘယ်လိုစရမလဲ မသိသောကြောင့် အလွန် စိတ်ညစ်နေရပါသည်။ ဗိုလ် ဇော်မင်းအောင် သည် ပခုံးမှာ အပွင့်တင်တာကို ဗန်းပြကာ အာဏာပြနေပါတယ်။ ရွာတွေမှာ ဆိုရင် စာရင်းငှါးများသည် ဧည့်စာရင်းမတိုင်ကြဘဲ ထုံးတန်းစဉ်လာအရ မိမိ မိဘ မောင်နှမသားချင်းများအပေါ် လုပ်ကိုင်နေတာ မိရိုးဖလာ အတိုင်းကပါပဲဗျာ. ဒါကို အခွင့်ကောင်းယူပြီး ဧည့်စရင်းမတိုင်တာကို စစ်တပ်ထဲစွဲထည့်ခံရသူတွေများပြာ
းနေပါသည်။ တပ်မတော်နှင့်ပြည်သူတွေ လက်တွဲကြမယ်ဆိုတာ ဒါကိုပြောတာလားဗျာ.. အင်းဦးကျေးရွာမှ ကလေးများကိုလဲ ထိုးကြိပ် ကလေးတွေက ကြောက်အောင်ချောက်တော့ စစ်တပ်ထဲကို မ၀င်ချင်ဝင်ချင် ၀င်ခဲ့ရတာတွေ ၅ ယောက်လောက် ရှိသားပါပီဗျာ.. ဘီဘီစီမှ သတင်းထောက်များ ကျနော်ပြောတာမယုံရင် ကိုယ်တိုင် သတင်းသွားယူလို့ရပါတယ်..
မိဘများကလည်း ကိုယ့်သားကို စစ်တပ်ထဲ မ၀င်စေချင်တော့ ၁ ယောက် ကို ငွေ ၅ သောင်းနဲ့ သွားရွေးရတာတွေလည်းရှိခဲ့ပါတယ်ဗျာ..
ခလရ (၈၃) မှ စစ်သည်များသည်လည်း တပ်ရင်းမှူးမှမြောက်ပေးထားသလား သိတော့ပါဘူး.. တပ်အရှေ့ဘက်မှာရှိသော မိချောင်းရဲ သို့ ဈေးဝယ်သွားသော လမ်းမှလည်းဖြတ်မသွားရဲလောက်အောင် မိန်းခလေးတွေ မုဒိန်းကျင့်ခံရတာ ခဏ ခဏပါပဲဗျာ.......

ကျနော် ကြိမ်ပြောရဲပါတယ် ဒီအဖြစ်ပျက်တွေဟာ အမှန်တွေချည်းပါပဲဗျာ.. ဒါကြောင့် စာကိုချောအောင် ပြန်စီပြီး လေလိုင်း၊ အင်တာနက်မှတစ်ဆင့် အထက်လူကြီးများ အသိပေးပေးပါရ မေတ္တာရပ်ခံပါတယ်ဗျာ..................... သတင်းထောက်အကိုများ အခု အွန်လိုင်းပေါ်မှာရှိနေသေးရင် ကျနော့ မေးလ်ကို အင်ဗိုက်လုပ်ထားပေးပါရန် ကျနော် မကြာမကြာ သတင်းပေးသွားချင်လို့ပါဗျာ............
သတင်း။ ။ ဒီမိုဝေယံ

Wednesday, November 4, 2009

0 Microsoft Window7၏ Touch Screen အဆင့်မြင့်နည်းပညာ

Tuesday, November 3, 2009

0 သရုပ်ဆောင်ကျော်သူ၏အနုပညာပွဲ ကြည့်ရှုသူများ မျက်ရည်ကျ

ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၏ ‘ထွက်ရပ်လမ်း’ အမည်ရှိ အနုပညာ လက်ရာ တခု ဖြစ်ပါသည်။ (Photo: RFA)
နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကျော်သူရဲ့ ပန်းချီ ပြပွဲကို လာရောက် ကြည့်ရှုသူတချို့ မျက်ရည်ကျတဲ့ အထိခံစားရတယ်လို့ ပြပွဲကို လာရောက် ကြည့်ရှုသူတွေက RFA ကို ပြောပါတယ်။

နိုဝင်ဘာလ ၂ရက်နေ့ဟာ ဦးကျော်သူရဲ့ အသက်၅၀ ပြည့်တဲ့ မွေးနေ့ဖြစ်တာကြောင့် မွေးနေ့ပွဲကို လုပ်ရင်း ရင်းနှီးခင်မင်သူများကို ဖိတ်ကြားပြီး ရေးဆွဲထားတဲ့ ပန်းချီကားများနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ပြသတာဖြစ်တယ်လို့ ဦးကျော်သူက ပြောပါတယ်။ ဒီပွဲကို Art Zone ဆိုတဲ့ နာမည်ပေးထားပြီး ရန်ကုန်မြို့က ပန်းချီပညာရှင် တော်တော်များများ လာရောက်ခဲ့တာ ဖြစ်ပါတယ်။ ပြပွဲကို လာရောက်ခဲ့သူ အမျိုးသမီးတဦး ပန်းချီကားတွေကို ကြည့်ရင်း မျက်ရည်ကျ နေတာ တွေ့ရတယ်လို့ ပန်းချီဆရာတဦးက ပြောပြပါတယ်။

ပန်းချီဆရာ။ ။ “အမျိုးသမီး တယောက်ကတော့ သူကတော့ ကြည့်ပြီး မျက်ရည်ကျနေတာ တွေ့တယ်လေ။ အဲ ဘယ်လိုတွေ့လဲဆိုတော့ ဒီ ရဟန်း ပုဂ္ဂိုလ်တပါး infinity ပေါ့လေ၊ လကြီးထဲကို ဖြတ်ဝင်သွားတဲ့ ပုံမှာက အောက်မှာက ဆူးညောင့်ခလုတ်တွေနဲ့ ဖြတ်သန်းခဲ့ရတာပေါ့လေ။ အဲဒီမှာ သူကျင့်လာခဲ့တဲ့ အားတွေ ဘယ်လောက်ထိပေါ့လေ၊ လောကကြီးမှာ ဒုက္ခတွေ လှိုင်းတံပိုးတွေ ဘယ်လောက် ခံခဲ့ရပြီးမှ သူ ဒီလမ်းကို ကျင့်ရလဲဆိုတဲ့ ပုံလေးတွေပေါ့လေ၊ အဲလို သဘောမျိုးလေးတွေတော့ တွေ့ရပါတယ်။ အဲဒီပုံလေးတွေကလည်း တော်တော်လေး ထိရောက်ပါတယ်။ အမျိုးမျိုးတွေးရင်တော့ ရတာပေါ့ဆရာရယ်၊ ဟုတ်တယ်မဟုတ်လား။”

ပြပွဲမှာ ပြသထားတာပန်းချီကား ၂၃ကားနဲ့ ဓာတ်ပုံ ၃၀ ကျော်တယ်လို့ သိရပါတယ်။ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဟာ နာဂစ်မုန်တိုင်း တိုက်ခတ်ချိန်က ဧရာဝတီတိုင်းကို နာရေးကူညီမှုအသင်းက ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်ချိန်က ရိုက်ကူးထားတဲ့ ပုံတွေ ဖြစ်ကြပါတယ်။ ပြသထားတဲ့ ပန်းချီကားများနဲ့ ဓာတ်ပုံတွေကို ထိမိတဲ့နာမည်များ ပေးထားတာ ဖြစ်တယ်လို့ ပြပွဲကို လာရောက်သူ ပန်းချီဆရာက ပြောပါတယ်။

ပန်းချီဆရာ။ ။ “သူ့ရင်ထဲမှာ ရှိတဲ့ light တွေပေါ့၊ တကဲ့ အစစ်အမှန် အနုပညာလေးတွေကို ရိုးရိုးယဉ်ယဉ်လေးတွေနဲ့ သူပြသွားတာပေါ့လေ။ ပြသွားတဲ့အခါမှာ ကျွန်တော်တို့ ဘာတွေ့ရလဲဆိုတော့၊ ဓာတ်ပုံလေးတွေ တွေ့ရတယ်၊ ဓာတ်ပုံလေးတွေမှာ ဥပမာက သစ္စာဖောက်ဆိုတဲ့ ပုံလေးဆိုရင် တော်တော်လေး ထိတယ်လေ။ ဓာတ်ကြိုးပေါ်မှာ ခိုလေးတွေ နားနေတယ် အများကြီး။ အဲဒီ အများကြီး နားနေတဲ့ ကြားထဲမှာမှ ခိုလေးတကောင်က ပျံပြီးတော့ ထွက်သွားတယ်။ အဲဒါ သစ္စာဖောက်ဆိုပြီးတော့ နာမယ်က လှလှလေး ပေးထားတာလေ။”
(RFA)

0 စက်တင်ဘာအရေးတော်ပုံအတွင်း စစ်ခွေးများ၏ရိုက်နှက်ခြင်းကြောင့် သေဆုံးခဲ့ရတဲ့ မောင်ကိုကိုဝင်းရဲ့  ၂နှစ်ပြည့် ဆွမ်းကြွေးဖိတ်ကြားစာ

Sunday, November 1, 2009

0 အမေရိကန်ကိုယ်စားလှယ်မလာမှီ နအဖမှမူးယစ်ဆေးဝါး မီးရှို့ပြ


နအဖရဲ့ မူးယစ်ဆေးဝါး မီးရှို့ပြပွဲကို ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ၂၀၀၉ အောက်တိုဘာလ(၃၁)ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ မီးရှို့ပြပွဲကို ရဲချုပ်ခင်ရီက ဒီမီးရှို့ပွဲဟာ (၇)နှစ်အတွင်း အထူးအစီအစဉ်နဲ့ ဖြစ်ပြီး ဒီမီးရှို့ပွဲက ပစ္စည်းတွေဟာ ပြီးခဲ့တဲ့ ၂၀၀၉ သြဂုတ်လတုန်းက ကိုးကန့်နဲ့ လောက်ကိုင်တိုက်ပွဲတုန်းက နအဖက သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေလို့ပြောပါတယ်။

နအဖဟာ အရင်တုန်းကတော့ ကိုးကန့်ဒေသက ဘိန်းစိုက်ပျိုးမရှိတဲ့ ဒေသအဖြစ်ကြေငြာခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် အခုမီးရှို့ပြနေတာဟာ နအဖအနေနဲ့ မူးယစ်ဆေးဝါးကိစ္စကို အမှန်တကယ်လုပ်ဆောင်ရွတ်နေခြင်းမရှိဘူးဆိုတာ ၀န်ခံနေတာနဲ့အတူတူဘဲလို့ လေ့လာသူတွေက ဝေဖန်နေကြပါတယ်။ မကြာခင်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တဦးဖြစ်သူ ကာ့(တ်) ကမ်ဘဲလ် (Kurt Campbell) နဲ့ သူ့ရဲ့ လက်ထောက်ဖြစ်တဲ့ စကော့ မာရှဲလ် (Scot Marciel) တို့မြန်မာနိုင်ငံကို မလာမှီ စစ်အစိုးရဟာ မူးယစ်ဆေးဝါးတွေကို ထိန်းချုပ်လုပ်ကိုင်နေကြောင်း ပြသချင်တဲ့အတွက် အခုလိုလုပ်ပြနေတာဖြစ်တယ်လို့ အကဲခတ်နေသူများက ပြောဆိုကြောင်းသိရှိရပါတယ်။

0့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဖွဲ့စည်းတည်ထောင်ခြင်း (၂၁)နှစ်မြောက် ထုတ်ပြန်ချက်

0 The Voice 5-52

0 အဝေးကွင်းမှာကစားခြင်း

0 ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ပိုင်ဆိုင်မှု စာရင်းများ တင်ပြရန် တောင်းဆိုမည့် သတင်းကြောင့် စစ်ဗိုလ်ချုပ်ကြီးများ တုန်လှုပ်ခြောက်ခြားနေ

၂၀၁၀မှာစစ်အစိုးရရဲ့ တဖက်သက် စိတ်တိုင်းကျ ရေးဆွဲအတည်ပြုထားတဲ့ နာဂစ် အခြေခံဥပဒေအရ ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံကြမဲ့ အမတ်လောင်းတွေဟာ မိမိတို့ရဲ့ ချမ်းသာကြွယ်ဝတဲ့ ပိုင်ဆိုင်မှုစာရင်းကို တင်ပြကြရမယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာတာကြောင့် စစ်ဗိုလ်ချုပ်ကြီးများအပါအဝင် ဝန်ကြီး၊ ဒုဝန်ကြီးများ ဌာနဆိုင်ရာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြတဲ့ မသမာတဲ့ နည်းလမ်းပေါင်းစုံကြောင့် ချမ်းသာလာကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်ရမှန်း မသိလောက်အောင် တုန်လှုပ်ခြောက်ခြားနေကြပါတယ်။

လက်ရှိ စစ်အဏာသိမ်း အစိုးရထဲက လါဘ်ငွေအနည်းဆုံးရတဲ့ သိပ်မချမ်းသာသေးတဲ့ တယောက်ယောက်ကများ ဒီကိစ္စကို အစဆွဲထုတ်တာလား။ ဒါမှမဟုတ် တပ်ချုပ်ကြီးသန်းရွှေက စာရင်း ကင်းလွတ်ခွင့်မှာ သူ့ကိုယ့် သူထည့်သွင်းထားပြီး ကိုယ်လွတ်ရုန်းဘို့ စီစဉ်ထားတာကြောင့်လား။ (သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲကို သူက ကျင်းပပေးမယ်လို့ ကမ္ဘာသိ ပြောဆိုထားတာကြောင့် တပ်ချုပ်ကြီးက ဒီလိုကင်းလွတ်ခွင့်ကို လက်မခံဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး သူ့မိသားစုရဲ့ ခိုးဝှက်၊ လုယက်၊ အနုကြမ်းစီး၊ ဓါးပြတိုက်ရာက ရလာတဲ့ကြွယ် ဝချမ်းသာမှုစာရင်းကို မချွင်းမချန်ဘဲ ရွေးကောက်ပွဲ ကော်မရှင်က တဆင့် မြန်မာပြည်သူလူထုကြီးကို အသိ ပေးလိမ့်မယ်လို့ ကောလဟာလ သတင်းများ ထွက်ပေါ်နေပါတယ်။)

စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖေါ် ကျင့်သုံးနေကြတဲ့ ပြည်သူလူထုက လွတ်လပ်စွာရွေး ကောက်တင်မြောက်ထားတဲ့ အစိုးရတိုင်းဟာ မိမိတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လိပ်ပြာသန့်သန့်နဲ့ ပြည်သူလူထုကို ကြေငြာတင်ပြရဲပါတယ်။ ဒီလိုအလေ့အထတွေကို မြန်မာ စစ်အာဏာရှင်ကြီးများ ဂါဝရတရားအပြည့်ရိုသေ ကိုင်းရှိုင်းအလေးထားတဲ့ တရုတ်နိုင်ငံမှာတောင် စတင်ကြင့်သုံးနေပါပြီ။ အိမ်နီးချင်းနိုင်ငံအချို့မှာလည်း ဒီလို ပိုင်ဆိုင်မှုတွေကို သတ္တိရှိရှိ ပြည်သူလူထုကို ကြေငြာတင်ပြနေကြတာ ဆယ်စုနှစ် (၂) နှစ်ရှိနေပါပြီ။ ဒီမို ကရေစီစနစ် ခိုင်မာနေပြီဖြစ်တဲ့ နိုင်ငံ အတော်များများမှာတော့ ဒီအလေ့အကျင့်က အဆန်း မဟုတ်တော့ပါဘူး။

၂၀၁၀ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ တိုက်ရိုက်ခန့်ထားခံကြရမဲ့ သမတ၊ ဒုသမတတွေ၊ ကာကွယ်ရေးဦစီး ချုပ်တွေရော၊ ပိုင်ဆိုင်မှု စာရင်း တင်ပြခြင်းမှ ကင်းလွတ်ခွင့်ရှိနေတယ်လို့ ပြောဆိုနေကြပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် လက်ရှိ စစ်အာဏာရှင်တွေနဲ့ မိသားစုတွေရဲ့ ပိုင်ဆိုင်မှု (ခန့်မှန်း) စာရင်းကို ပြည်သူတွေ သိထားသင့်ပါတယ်။ (ဒီစာရင်းကို ၎င်းတို့နဲ့ နီးစပ်တဲ့ စစ်အရာရှိကြီး တဦးမှ ခန့်မှန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။)

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ။ ။ သားသမီး(၈)ယောက်ရှိပါတယ်။ တယောက်ကိုအနည်းဆုံး အမေရိကန်ဒေါ် လာ(၁၀)သန်းခန့် ချမ်းသာနေကြပါတယ်။ မိသားစု(၁၀)ယောက်ဆိုတော့ အမေရိကန်ဒေါ်လာသန်း (၁၀၀)ခန့်ရှိနေပါတယ်။ ဥပမာ…..ရန်ကုန်ပြည်လမ်းမကြီးပေါ် မာလာဆောင်ရှေ့ရှိ ကမာရွတ်မယကရုံးဝင်း ကြီးကို သမီးအလတ်ဖြစ်တဲ့ မပြုံး(ခ)ပြုံးပြုံးရွှေကို နာမည်လွှဲပေးခဲ့ပါတယ်။ ကာလပေါက်ဈေးမြန်မာကျပ်ငွေ သိန်းပေါင်းတစ်သိန်းခန့် ( အမေရိကန်ဒေါ်လာ ၁၀သန်းခန့် ) တန်ကြေးရှိပါတယ်။ ဒါ့အပြင် IBC အဆောက် အဦးဘေးရှိ အစိုးရပိုင် ကန်သာယာဆေးရုံဝင်းနဲ့ အခြားအင်းယားကန်ဘေးရှိ တပ်မတော်ပိုင်မြေကွက်များ ကိုလည်းသမီး မသြ(ခ)ကြည်ကြည်ရွှေ နာမည်ပေါက်များအဖြစ် လုပ်ဆောင်ပြောင်းလဲပေးခဲ့ရပါတယ်။ Myanmar Infotech ရုံးဖွင့်ထားတဲ့ပြည်လမ်းကခြံကို သားလတ်ဖြစ်တဲ့ ထွန်းနိုင်ရွှေ ( စွန့်လွှတ်ဟန်ဆောင် ထားသူ ) ကပိုင်ဆိုင်ပါတယ်။


ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး။ ။သမီးတစ်ဦး မွေးစားထားပေမဲ့ တူ၊ တူမတွေ အလွန်များလှပါတယ်။ ဒီမိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေကလည်း အမေရိကန်ဒေါ်လာ သန်းပေါင်း(၁၀၀)ထက် မလျော့ပါဘူး။ သမီး ဖြစ်သူ နန္ဒာအေး ဟာ၊ Queen Star ကုမ္ပဏီကိုပိုင်ဆိုင်ထားပြီး Computer နဲ့ IT ပစ္စည်းများကို လိုင်စင်မဲ့ အခွန်မဲ့ တင်သွင်းခွင့် ရရှိထားတာကြောင့် တနှစ်ကို ဒေါ်လာသန်း(၂၀)ခန့် အမြတ်အစွန်း ရရှိနေသူတဦးပါ။ ဒါအပြင် နန္ဒာအေးဟာ ဦးအောင်သောင်းရဲ့ သားဖြစ်သူ ဗိုလ်မှူး ပြည်အောင်နဲ့ အိမ်ထောင်ပြုလိုက်တဲ့အတွက် ချမ်းသာကြွယ်ဝမှုကိုတော့ တွက်ချက်လို့ မရနိုင်အောင်ပါဘဲ။

ဗိုလ်ချုပ်ကြီးသူရရွှေမန်း။ ။ သား(၂)ယောက်ရှိပါတယ်။ အကြီးဖြစ်တဲ့ တိုးအောင်မန်းဟာ ဇေကမ္ဘာခင်ရွှေ ရဲ့သမီးနဲ့ လက်ထပ်ယူထားပြီး စီးပွားရေး သောင်းကျန်းမှုမှာတော့ ထိပ်ခေါင်စာရင်းဝင်ပါဘဲ။ နိုင်ငံတော်ပိုင် ကရဝိတ်ဟိုတယ်နဲ့ မြရိပ်ညို ဟိုတယ်တွေကို နိုင်ငံတော် အမည်ကနေ ကိုယ်ပိုင်အမည် ပြောင်းလဲပိုင်ဆိုင်ထား ပါတယ်။ အငယ်ဖြစ်သူ အောင်သက်မန်းကတော့ ပြည်သူ့ချဉ်ဖတ် တေဇနဲ့ ထူးကုမ္ပဏီမှာ အတူတကွ ပူး ပေါင်းပြီး သံယံဇာတ အားလုံးကို သိမ်းကျုံး ရယူ ရောင်းစားနေသူတဦးပါ။ ကြွယ်ဝမှုတွေကတော့ အဲ့ဒီ့မိသားစု တွေမှာ ခန့်မှန်း အမေရိကန်ဒေါ်လာသန်း (၁၀၀၀) ခန့်ရှိပါတယ်။

ဒါ့ကြောင့် စစ်အာဏာသိမ်းအဖွဲ့ဝင် ဝန်ကြီး ဒုဝန်ကြီး တိုင်းမှူးနဲ့ ဗိုလ်ချုပ်ကြီးတွေ အရေအတွက်ဟာ (၃၀၀) ခန့်ရှိပါတယ်။ ပျမ်းမျှတစ်ဦးလျှင် ဒေါ်လာ(၁၀)သန်းနဲ့တွက်ပါက စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၀၀၀)ခန့်ရှိပါတယ်။ အဲဒီငွေပမာဏနဲ့ မြန်မာတစ်နိုင်ငံလုံးကို (၂၄)နာရီ မီးလင်းအောင် လုပ်လို့ရပါတယ်။ လမ်းတွေပြင်လို့ရပါတယ်။ ဆေးရုံတွေပြင်လို့ရပါတယ်။ စာသင်ကျောင်းတွေ ပြင်ဆင် တိုးချဲ့ဆောက်လုပ် နိုင်ပါတယ်။

ရိုးရိုးသားသားနဲ့ ရှာဖွေထားတာမဟုတ်ဘဲ နိုင်ငံပိုင်ငွေကြေးတွေကို မတရားတဲ့နည်းလမ်းပေါင်းစုံသုံးပြီး လိမ်လည်ရယူထားတာကြောင့် ၂၀၁၀ရွေးကောက်ပွဲမတိုင်ခင် ပိုင်ဆိုင်မှုစာရင်းကို တိုင်းပြည်နဲ့ပြည်သူလူ ထုထံကြေငြာတင်ပြရန် အထူး ကြောက်ရွံ့နေကြခြင်းသာ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

လေးစားစွာဖြင့်၊
သူရဲကောင်း။
မူရင်း။ ။ ကိုထိုက်မှ ဖော်ပြပါသည်။

0 တောင်ကြီးမြို့၌ ကျင်းပပြုလုပ်သောတန်ဆောင်တိုင် မီးပုံးပျံပွဲတော်
(ဓာတ်ပုံသတင်း)


အညွန်း။ ။ ဓာတ်ပုံကိုနှိပ်၍ အပေါ်ဘယ်ညာဒေါင့်တွင် mouse တင်လိုက်ပါက PREV , NEXT နှိပ်၍ဆက်လက်ကြည့်ရူနိုင်ပါသည်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.