Sunday, November 1, 2009

0 အမေရိကန်ကိုယ်စားလှယ်မလာမှီ နအဖမှမူးယစ်ဆေးဝါး မီးရှို့ပြ


နအဖရဲ့ မူးယစ်ဆေးဝါး မီးရှို့ပြပွဲကို ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ၂၀၀၉ အောက်တိုဘာလ(၃၁)ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ မီးရှို့ပြပွဲကို ရဲချုပ်ခင်ရီက ဒီမီးရှို့ပွဲဟာ (၇)နှစ်အတွင်း အထူးအစီအစဉ်နဲ့ ဖြစ်ပြီး ဒီမီးရှို့ပွဲက ပစ္စည်းတွေဟာ ပြီးခဲ့တဲ့ ၂၀၀၉ သြဂုတ်လတုန်းက ကိုးကန့်နဲ့ လောက်ကိုင်တိုက်ပွဲတုန်းက နအဖက သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေလို့ပြောပါတယ်။

နအဖဟာ အရင်တုန်းကတော့ ကိုးကန့်ဒေသက ဘိန်းစိုက်ပျိုးမရှိတဲ့ ဒေသအဖြစ်ကြေငြာခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် အခုမီးရှို့ပြနေတာဟာ နအဖအနေနဲ့ မူးယစ်ဆေးဝါးကိစ္စကို အမှန်တကယ်လုပ်ဆောင်ရွတ်နေခြင်းမရှိဘူးဆိုတာ ၀န်ခံနေတာနဲ့အတူတူဘဲလို့ လေ့လာသူတွေက ဝေဖန်နေကြပါတယ်။ မကြာခင်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တဦးဖြစ်သူ ကာ့(တ်) ကမ်ဘဲလ် (Kurt Campbell) နဲ့ သူ့ရဲ့ လက်ထောက်ဖြစ်တဲ့ စကော့ မာရှဲလ် (Scot Marciel) တို့မြန်မာနိုင်ငံကို မလာမှီ စစ်အစိုးရဟာ မူးယစ်ဆေးဝါးတွေကို ထိန်းချုပ်လုပ်ကိုင်နေကြောင်း ပြသချင်တဲ့အတွက် အခုလိုလုပ်ပြနေတာဖြစ်တယ်လို့ အကဲခတ်နေသူများက ပြောဆိုကြောင်းသိရှိရပါတယ်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.