
ရခိုင်ပြည်၊ စစ်တွေတက္ကသိုလ်မှ တက္ကသိုလ်ကျောင်းသားများ အများစုသည် စစ်တွေတက္ကသိုလ် နယ်မြေတွင် ရှိသော Canteen များတွင်ပင် ဈေးသက်သာစွာဖြင့် ၀ယ်ယူရရှိနိုင်သော ဆေးခြောက်များကို ခြင်္သေ့သုံးကောင် ဆေးပေါ့လိပ်များတွင်ထည့်ကာ သုံးစွဲနေကြကြောင်း စစ်တွေတက္ကသိုလ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ ကိုခိုင်မြတ်လင်းက Arakan Review သို့ ပြောသည်။
“တက္ကသိုလ်နယ်မြေထဲမှာ အဲဒီလို ဆေးသုံးစွဲနေတာ အရမ်းကို အံ့သြမိတယ်။ အဲဒါတွေက ကျောင်းသားတွေရဲ့ စာရိတ္တကို ပျက်ပြားစေတာ သူတို့ သိရက်သားနဲ့ သုံးစွဲတယ်။ T1 ခန်းမ၊ T2 ခန်းမတွေအပြင် တစ်ခြား စာသင်ဆောင်မဟုတ်ဘဲ လွတ်နေတဲ့ အဆောင်တွေမှာ သူတို့ ခိုးခိုးသောက်ကြတယ်။ အများအားဖြင့် အဆောင် ၇ ရယ်၊ အဆောင် ၁ ရယ်တို့မှာဖြစ်တယ်။ ပြီးတော့ တက္ကသိုလ်နယ်မြေထဲမှာဘဲရှိနေတဲ့ ပြောင်းဖူးခင်းတွေမှာ ရောပဲ အခုဆိုရင် အတင်းရဲ လာကြပြီး ကျောင်းစာသင်ချိန်မှာတင် သောက်နေ ကြတော့တာပါပဲ” ဟု ပြောသည်။
ဆက်လက်ပြီး အဲဒီဆေးခြောက်ဟု ခေါ်သော ဆေးရွက်ပင်များကို ကျောင်းတွင် အလွယ်တကူ ၀ယ်ယူရရှိနိုင်သည်နှင့် ပတ်သက်၍ ကိုခိုင်မြတ်လင်းက ပြောသည်မှာ “အရင်တုန်းက အဲဒီလိုမျိုး မရှိပါဘူး။ ဘယ်ကနေ ဘယ်လိုရောင်းတတ်သွားကြတာလည်းမသိဘူး။ စစ်တွေ တက္ကသိုလ်နေရာတိုင်းလိုလိုမှာ SB တွေ၊ စရဖ တွေ ခြေချင်းလိမ်နေပါလျက်နဲ့ အဲဒီပစ္စည်းတွေကို ရောင်း/၀ယ်လုပ်နိုင်တာကိုက ကျွန်တော်တို့ကို အံ့သြစရာ ဖြစ်စေတယ်။ အခု ကျောင်းသားတွေက ဘယ်လိုဖြစ်လာကြပြီလဲဆိုတော့ အစတုန်းက ခြင်္သေ့သုံးကောင် ဆေးလိပ် (သူတို့အခေါ်-ရွှေပတ်)မှာ ထည့်သောက်တယ်။ နောက်တော့ သူတို့အခေါ် ဘုတ်စီး တယ်လို့ ပြောတာပဲ။ အဲဒီလို့သောက်လာကြတယ်” ဟု ပြောသည်။
ဆက်ပြီးပြောသည်မှာ “တစ်ခါတစ်လေ စာသင်ခန်းမထဲမှာတင် ဆေးအရှိန်ကြောင့် မူးပြီးအန်တာ၊ သတိလစ် တတ်တာတွေလည်း တွေ့နေရတယ်။ အဲဒါတွေကို အရေးတယူလုပ်ဖို့ တောင်းဆိုရင်လည်း ကျောင်းသားတွေကို ကျွန်တော်တို့ကသနားတော့ တားမြစ်ရုံ သက်သက် သာလုပ်ပေးနိုင်တယ်။ ကျွန်တော်တို့ ဖြစ်ချင်တာကတော့ အဲဒီ ဆေးခြောက်တွေ ရောင်းတဲ့ ဆိုင်တွေကို တားမြစ်မှုတစ်စုံတရာ ပေးနိုင်ရင် ကျောင်းသားတွေ ဘက်ကလည်း အဲဒါတွေက ပြတ်သွားကြမှာပဲ။ သူတို့က အခုတော့ အပျော်တမ်း သောက်နေကြတာဆိုပြီး ပြောတယ်လေ။ နောက်တော့ စွဲသွားမှာကိုသာ စိုးရိမ်ရတယ်။ ” ဟု ပြောသည်။
အဆိုပါ ဆေးခြောက်များကို ၀ယ်ယူရရှိနိုင်သော နေရာများမှာ မောလိပ်ခွဆုံ၊ ကျောင်းတက်လမ်း၊ ကုန်တန်း (နာဇီ ဈေးရှေ့) စစ်တွေတက္ကသိုလ်နယ်မြေ အပါအ၀င် အခြား လက်လျှိုသပ် (သူချိတ်၊ကိုယ့်ချိတ်) ရောင်းသော ဆိုင်များစွာရှိကြောင်း၊ အဆိုပါ ဆေးခြောက် များကို စစ်တွေမြို့တွင် မည်သည့်အချိန်မဆို အလွယ်တကူ ၀ယ်ယူရရှိနိုင်ကြောင်း သိရှိရသည်။
Araken Review

သတင်းအကျဉ်းချုပ် ...
အံ့ဘုန်းမြတ် (DVB)

ရန်ကုန် မြောက်ဥက္ကလာပရှိ ရေဝေးသုသာန်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ ရန်ကုန်မြို့က သုသာန်တွေမှာ မီးသဂြိုဟ်ခ တွေကို ဒီနှစ်ဆန်းကနေ စတင်ပြီး တိုးမြှင့်ကောက်ခံတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ သတင်းထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ နာရေးကူညီမှုအသင်း ဥက္ကကိုကျော်သူက အခုလိုပြောပြပါတယ်။
“အရင်တုန်းကဆိုရင် လူကြီးအလောင်းကို အရင်က ၁ ထောင်၊ အခု ၇ ထောင်ဖြစ်မယ်။ ကလေး အလောင်းက ၃ ထောင်ဖြစ်မယ်၊ အဲ့လိုတွေကြားတယ်။ ကလေးအလောင်းက အရင်တုန်းက ၅ နှစ်အောက်ဆိုရင် ၅ ရာ။ အခုက ကလေးဆိုရင် ၃ ထောင်ဖြစ်သွားပြီ။ ကျနော်တို့က လိုက်ပြီးတော့ မေးနေတာပဲ မသေချာသေးဘူး။ တချို့ကတော့ ကောလဟာလ ဘာညာနဲ့ ပြောနေတာပဲ။”
လက်ရှိမှာတော့ အလောင်းတလောင်းအတွက် ရေခဲတိုက်ခ နှစ်ရက်စာအတွက် ကျပ်သုံးထောင်၊ မီးသဂြိုဟ်ခ တထောင်အပါအ၀င် စည်ပင်သာယာကို တရားဝင်ပေးသွင်းရတာက လေးထောင်ပဲရှိပေမယ့် သဂြိုဟ်ခတိုးမြှင့်လိုက်ရင် အလောင်းတလောင်းအတွက် စည်ပင်ကိုပေးဆောင် ရတာတင် ကျပ်တသောင်းဖြစ် သွားမယ်လို့လည်း ကိုကျော်သူက ရှင်းပြပါတယ်။

မိုးထဲရေထဲက နာရေးကူညီရေးအသင်းသားများ
သုသာန်ဝန်ထမ်းတွေနဲ့နီးစပ်သူတွေရဲ့ အပြောအရေတော့ အစိုးရက မီးသဂြိုဟ်ဖို့ လောင်စာဆီ မပေးတော့တာကြောင့် အပြင်က လောင်စာဆီ ၀ယ်သုံးရမှာဖြစ်ပြီး လက်ရှိမှာလောင်စာဆီ ချွေတာတဲ့အနေနဲ့ အလောင်းတွေကို စုပြီးမီးရှို့ နေရတယ်လို့ ပြောပြပါတယ်။
ဒီလို တကယ်သာ ဈေးတက်သွားမယ်ဆိုရင် နာရေးကူညီမှုအသင်း အနေနဲ့ အခက်အခဲတွေ ကြုံတွေ့လာနိုင်တယ်လို့လည်း ကိုကျော်သူက ပြောပါတယ်။
“ကူညီဖို့က ကျနော်တို့ တော်တော်စဉ်းစားရမယ့်အပိုင်းဖြစ်သွားပြီ။ ဘာဖြစ်လည်းဆိုတော့ အခုဆိုရင် တရက်ကို အလောင်းလေးဆယ်ကျော် ငါးဆယ် ပျမ်းမျှလုပ်နေရတယ်။ ကျနော်တို့ အားလုံးတွက်လိုက်ပြီဆိုရင် တနေ့ကို အလှူငွေ နာရေးအတွက် ၁၀ သိန်း အထက်မှာရှိမှ ဒီအလောင်း လေးငါးဆယ်အတွက် ကျနော်တို့ လုပ်နိုင်တော့မယ်။ ဈေးတက်ပြီဆို တာနဲ့ ကျနော်တို့ကို အကူအညီတောင်းတဲ့ သူတွေကများ လာလိမ့်မယ်။ အရင်တုန်းက လေးဆယ်အကူအညီတောင်းရင် အခုနောက်ပိုင်းဆိုရင် ခြောက်ဆယ် ရှစ်ဆယ်လောက် ဖြစ်သွားနိုင်တယ်။ အဲ့ဒီအပိုင်းကျတော့ ကျနော်တို့ မလုပ်နိုင်တော့ဘူး။”
နာရေးကူညီမှုအသင်းအနေနဲ့ နာရေးကူညီတဲ့နေရာမှာ အလောင်းသယ်ရာမှာ ကုန်ကျတဲ့ လောင်စာဆီဖိုး၊ အလောင်းတင်တဲ့ကတ် စတဲ့စရိတ်အားလုံးအတွက် စုစုပေါင်းကုန်ကျငွေဟာ ကျပ်တသောင်းခွဲ ၀န်းကျင်လောက် ရှိနေတယ်လို့လည်း ကိုကျော်သူကပြောပါတယ်။ ရန်ကုန်က သုသာန်တွေမှာ နေ့စဉ်အလောင်း ငါးဆယ်ကနေ ရှစ်ဆယ်ကျော် တရာအထိ နေ့စဉ် မီးသဂြိုဟ်နေရတယ်လို့ မြို့တော်စည်ပင်အသိုက်အ၀န်းနဲ့ နီးစပ် သူတွေဆီက သိရပါတယ်။

သတင်းအကျဉ်းချုပ် ...
ကျွန်တော်တို့ကျိုက္ကဆံရပ်ကွက်သည်ဗဟန်းမြို့နယ်အတွင်းတွင်ရှိပါသည်။ ကျွန်တော်တို့ရပ်ကွက်အတွင်းတွင် လမ်းများခင်းမည်ဟု YCDCမှ ရပ်ကွက်အတွင်းသို့စာရပါသည်။ ထိုသို့စာမကျခင် မြို့တော်ဝန်မှ လာရောက်ကြည့်ရှုပါသည်။

သို့ရာတွင်လမ်းဘေးပျံကျဈေးဆိုင်များကို တပေမလွတ်လျှင်တပေသာနောက်ဆုတ်ခိုင်းသည်ကို တော်တော်များများသိပါသည်။သို့ရာတွင် ရပ်ကွက်လူကြီး ဦးခင်ညွန့်မှ ဆိုင်များကိုဖျက်ခိုင်းပါသည်။ ပြီးနောက်တဆိုင်လျှင်10'x10'ကို တဆိုင်လျှင်နှစ်သောင်းနှုန်းကောက်ပါသည်။ ဒါတင်မပြီးသေးပါ မိမိဆိုင်ရှေ့ရေမြောင်းကိုတပေလျှင် နှစ်ထောင်နှုန်းထပ်မံကောက်ခံပါသည်။ ၄င်းမှာဖြစ်သင့်ပါသလား ဈေးသည်များမှာမရှိ ရသည့်ကြားမှ ထိုသို့ပေးရမည်မှာ နူနေသည့်ကြားမှဝဲဆွဲနေသည့်ပုံလိုမဖြစ်လား ခင်ဗျာ။ ဒါပေမဲ့ ရပ်ကွက်လူကြီး ဦးခင်ညွန့်နဲ့ ပတ်သတ်တဲ့သူတွေ အကျိုးတူအကျိုးဖက်တွေက ဆိုင်အဖျက်မခံရပါ။ ဆိုင်အဖျက်ခံရသည့် ဈေးသည်များမှာ ဒီမနက်ငိုကြွေးနေပါတယ်။
မြန်မာတို့သည် ခန္တီစတ၇ားလက်ကိုင်ထားသည်မှာ(၁၉၈၈)ခုနှစ်မှ ယနေ့ထက်တိုင်ဖြစ်ပါသည်ကြားမှ ကျွန်တော့်မှာမနေနိုင် သဖြင့် ညီငယ်ထံသို့စာဖြင့် အကူအညီတောင်းခံခြင်းဖြစ်ပါသည်။မြန်မာမှန်လျှင် အိမ်နီးခြင်းကိုကူညီရမည်ဖြစ်ပါသည်။ ကျွန်တော်သည်လည်းမြန်မာထဲမှမြန်မာတယောက်ဖြစ်နေသဖြင့် လက်ပိုက်ကာကိုယ်နှင့်မဆိုင်ဟုနေလို့မရပါ။
ဒီမိုကရေစီကိုမြတ်နိုးသူလူငယ်တဦးအနေဖြင့်မည်ကဲ့သို့မှမနေနိုင်ပါ။သို့ပါသောကြောင့်ရပ်ကွက်လူကြီးဦးခင်ညွန်နှင့် သူ၏ အပေါင်းအပါတစုတို့ အစွယ်ထွက်နေပုံကိုမြင်စေလိုပါသည်။ ကျန်ကိစ္စများကိုတော့မပြောလိုတော့ပါ အပုပ်ချသည် ထင်မှာစိုးလို့လိုရင်းသာတင်ပြပေးပါသည်။
သူတို့၏ရှေ့ဆောင်လမ်းပြမှာ ဆရာစံတောင်ဥက္ကဌ ဦးကျော်ကြီး(ကွယ်လွန်) နှင့် ဗိုလ်စိန်မှန်ဥက္ကဌ ဆရာတင့် မြန်မာစာတို့ပင်ဖြစ်ပါတော့သည်။ ညီငယ်တို့မှလည်းကူညီစေလိုပါသည်။ အရာရာအတွက်ကျေးဇူးတင်ပါသည်။
ပြည်တွင်းမှ ပေးပို့လာသောစာတစောင်ဖြစ်ပါသည်။

သတင်းအကျဉ်းချုပ် ...
(dvb)
မြန်မာစစ်အစိုးရပြုလုပ်ဖို့ပြင်ဆင်နေတဲ့ ၂၀၁၀ နိုင်ငံရေးရွေးကောက်ပွဲ ဟာ မြန်မာပြည်မှာ ပြောင်းလဲမှုကြီး ပေါ်လာလိမ့်မယ်လို့ မျှော်လင့်မထားပါဘူးလို့ စာရေးဆရာ၊ ဝါရင့်သတင်းစာဆရာ လူထုစိန်ဝင်းက ပြောကြားလိုက်ပါတယ်။ ဆရာလူထုစိန်ဝင်းရဲ့ဒီနေ့ ၂၀၁၀ ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူး နှုတ်ခွန်းဆက် သတင်းစကားမှာ အဲဒီလို သတိပေးပြောကြားထားတာပါ။ တကယ်လို့ လာမယ့် ရွေးကောက်ပွဲကနေ လွှတ်တော် ပေါ်ပေါက်လာတယ် ဆိုစေဦးတော့ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ရဲ့ တပါတီအာဏာရှင်ခေတ်တုန်းက လွှတ်တော်လို ဘာမှပြန်ပြောခွင့်မရှိ၊ လုပ်ပိုင်ခွင့်မရှိတဲ့ လွှတ်တော်မျိုး ဖြစ်မလာနိုင်ပါဘူးလို့ ဘယ်သူမှ အာမမခံ နိုင်ပါဘူးလို့လည်း လူထုစိန်ဝင်းက ထောက်ပြသတိပေးထားပါတယ်။
လူထုစိန်ဝင်းဟာ “အာဏာရှင်ကို ပြည်သူ့အားနဲခြေမှုန်းကြ” ဆိုတဲ့ သတင်းစကားကို လည်း မနှစ် က ၂၀ဝ၈ မတ် ၃ ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ဖူးပါတယ်။ “ကမ္ဘာအနှံ့ တောင်လှန်ရေးရဲဘော်အပေါင်းသို့” လို့ ရည်ညွှန်းထားတဲ့ အဲဒီအသံလွှင့် ချက်မှာ “အာဏာရှင်ကို ပြည်သူအားနဲ့ခြေမှုန်းဖို့” လူထုစိန်ဝင်းက တိုက်တွန်းပြောကြားခဲ့ပါ တယ်။ အဲဒီတုန်းက ပြောကြားချက်မှာ “သဘောထားကြီးပြီး အာဏာကို အလိုအလျှောက် စွန့်လွှတ်သွားတဲ့ အာဏာရှင် ကမ္ဘာပေါ်မှာ မရှိဖူးကြောင်း၊ ဒီအချိန်ဟာ တော်လှန်ရေးအလှည့်အပြောင်းဖြစ်နိုင်တဲ့ကာလဖြစ်ပြီးမြန်မာပြည်သူတွေရဲ့သူရဲကောင်းစိတ်ဓာတ်ကိုအားကိုး ယုံကြည်ဖို့နဲ့ ကုလ သမဂ္ဂ၊ လုံခြုံရေးကောင်စီတို့ရဲ့ အကူအညီကို မျှော်ကိုး စိတ်ကူးယဉ်ပြီး အချိန်မဖြုန်းဘဲ ပြည်သူ့ အင်အားနဲ့ ခြေမှုန်းတိုက်ဖျက်သွားကြ” ဖို့တိုက်တွန်းခဲ့ပါတယ်။
လူထုစိန်ဝင်းရေးတဲ့ The Burmese People cannot waitmuch longer( မြန်မာပြည် သူတွေက ကြာကြာသိပ်မစောင့်နိုင်တော့ဘူး) ဆောင်းပါးဟာလည်း ၂၀ဝ၆ မေ ၂၃ ရက် အင်တာနေရှင်နယ် ဟယ်ရယ်ထရီဗျွန်းသတင်းစာမှာ ပါရှိခဲ့ဖူးပါတယ်။
လူထုစိန်ဝင်း၏ ၂၀၁၀ နှစ်သစ်ကူး သတင်းစကား (၁ ဇန်နဝါရီ ၂၀ဝ၉)
“၂၀၁၀ နှစ်ဆန်းဆိုတော့ လူတွေအများးစုကတော့ ပြည်တွင်းရော ပြည်ပရော တော်တော်ကြီး မျှော်လင့်ချက်ကြီးကြီးတွေ ထားကြမယ်။ ဆရာ့အနေနဲ့ကတော့ သိပ်ပြီးတော့ မျှော်လင့်ချက် ဘာမှ မထားပါဘူး။ ဘာကြောင့်လဲဆိုတော့ နှစ်ငါးဆယ်နီးပါး၊ ဆရာကြုံတွေ့ဖြတ်သန်းလာခဲ့တဲ့ အတွေ့ အကြုံတွေအရ နှစ်သစ်ကို အကြိမ်ငါးဆယ်နီးပါး၊ တိတိကျကျ ပြောမယ်ဆိုရင် ၄၈ ကြိမ် ဖြတ်သန်းလာခဲ့ပြီးပြီ။ ဘာမှ ထူးတယ်လို့ ဆရာတို့ အတွက်ကတော့ မရှိပါဘူး။ “ဒီနှစ်သစ်မှာလည်း ဆရာကတော့ ထွေထွေထူးထူး မျှော်လင့်ချက် မထားဘူး။ ပြည်တွင်း ပြည်ပ တော်တော်များများကတော့ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ် ။ ရွေးကောက်ပွဲ လုပ်လို့ရှိ ရင် ပြောင်းလဲမှုကြီး ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ကြတယ်။ ဆရာကတော့ အဲလိုမျှော်လင့်မထား ဘူး။
“သူတို့ပြောသလိုပဲ ၂၀၁၀ ရွေးကောက်ပွဲကြီး ဖြစ်လာပါပြီ ။ လွှတ်တော်ကြီး ပေါ်လာပါပြီ ၊ အဲဒီလွှတ်တော်က ဘယ်လိုလွှတ်တော်ဖြစ်မှာလဲ၊ အရေးကြီးတာက ရွေးကောက်ပွဲ မဟုတ် ဘူး။ လုပ်ပိုင်ခွင့် ဘယ်လောက်ရှိတဲ့ လွှတ်တော် ဖြစ်မှာလဲ။
“မဆလခေတ်က လွှတ်တော်လို ဘာမှပြန်မပြောတဲ့၊ မေးခွန်းမထုတ်တဲ့ ရေးပေးတဲ့အတိုင်း ဖတ်ပြီးတော့ပြော ဆိုတဲ့ လွှတ်တော်မျိုး ဖြစ်လာခဲ့ရင် အခု ရွေးကောက်ပွဲမှတပါး တခြားနည်း လမ်းမရှိဆိုတဲ့ ပုဂ္ဂိုလ်တွေက ဘယ်လိုအာမခံမလဲ။ အဲဒီလို ဖြစ်မလာပါဘူးလို့ သူတို့ အာမခံမလား ဘာအာမခံချက်မှ မရှိဘူး။
“ဒီလို နှစ်သစ်ပေါင်းလည်း ၄၈ ကြိမ် ဆရာဖြတ်ကျော်ခဲ့ပြီ။ ဒါကြောင့်မို့ ဆရာ ၂၀၁၀ နှစ်သစ်မှာလည်းပဲ ဘာမှမျှော်လင့်ချက်မထားဘူး။ ကိုယ်လုပ်စရာရှိတာ ဆရာတို့ ဆက်လုပ်သွား မှာပဲ၊ ဒါပဲ။”
လူထုစိန်ဝင်း၏ ၂၀ဝ၈ မတ်လ ၁၃ ရက် သတင်းစကား

သတင်းအကျဉ်းချုပ် ...

၂၀၁၀ပြည့်နှစ်၊ ဇန်န၀ါရီ ၄ ရက်တွင် မြန်မာ့လွတ်လပ်ရေးရခဲ့မှု ၆၂ နှစ်မြောက် ရှိခဲ့ပြီး ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်၊ မဟာဗန္ဓုလပန်းခြံအတွင်း တည်ဆောက် ထားသည့် သမိုင်းဝင် လွတ်လပ်ရေး ကျောက် တိုင်ဖွင့်လှစ်မှုသက်တမ်းမှာ နှစ် ၆၀ ရှိပြီ။
လွတ်လပ်ရေးကျောက်တိုင်
အဆိုပါ လွတ်လပ်ရေးကျောက်တိုင် ကို ၁၉၄၈ခုနှစ်၊ ဇန်န၀ါရီ ၄ ရက် နံနက် ၈နာရီတွင် အုတ်မြတ်ချ၍ ၁၉၅၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ လွတ်လပ်ရေးကျောက်တိုင်၏အမြင့်ပေမှာ ၁၅၀ ဖြစ်ပြီးဘေးပတ်လည်၌ ကျောက်တိုင် ငယ်ငါးခု ခြံရံလျက်ရှိသည်။
ကြယ်ငါးပွင့်ဝန်းရံလျက်

အလယ်ပင်မကျောက်တိုင်ကြီးနှင့် အ ရံကျောက်တိုင်ငယ်များကို ငါးမြှောင့်ကြယ် ပုံသဏ္ဌာန်ပြုလုပ်ထားသဖြင့် အထက်မှစီး ၍ကြည့်လျှင် အလံတော်တွင်မြင်ကြရသည့် အတိုင်းကြယ်ကြီးတစ်လုံးတွင် ကြယ်ငါးလုံး ရံလျက် တွေ့မြင်နိုင်သည်။
ပတ်ဝန်းကျင်ထူးခြား
လွတ်လပ်ရေး ကျောက်တိုင်၏ ၀န်း ကျင်၌ ဆူးလေ စေတီတော်မြတ်ကြီး၊ တရား ရုံးချုပ် အဆောက်အုံဟောင်းကြီး၊ မြို့တော် ခန်းမစသည့် သမိုင်းဝင် ရှေးဟောင်း အ ဆောက်အအုံများ ရှိသည့်အတွက် လွတ် လပ်ရေး ကျောက်တိုင် ၏ အနှစ်သာရနှင့် အဓိပ္ပာယ်မှာ ပို၍ လေးနက်ပေါ်လွင်စေသည်။
တိုင်းချစ်ပြည်ချစ်
လွတ်လပ်ရေးကျောက်တိုင် အခြေ ပတ်လည်၌ခြင်္သေ့ရုပ် ၁၀ ရုပ် ၀န်းရံစောင့် ကြပ်ပြီး ကမ္ပည်းမော်ကွန်းရေးထိုးထားသည့် လွတ်လပ်ရေးနှင့်တိုင်းရေးပြည်ရေးဆိုင်ရာ အချက်အလက်များမှာ တိုင်းပြည်အတွက် အနှစ်သာရနှင့်အဓိပ္ပာယ်လေးနက်လှသည်။ ဖတ်ကြည့်သောအခါဇာတိသွေး ဇာတိမာန် များတက်ကာ တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ် များတဖွားဖွားဖြစ်ပေါ်လာပြီး ကြက်သီး ဖြန်းဖြန်းထမိသည်အထိ နှလုံးသားတွင် စိတ်လှုပ်ရှားခြင်းခံစားမှု ဖြစ်ရသည်။
နှလုံးသားစိတ်လှုပ်ရှားမှုနှင့်အတူ ဦး နှောက်တွင်လည်း စဉ်းစားစရာ၊ တွေးခေါ်စ ရာ၊သင်ခန်းစာယူစရာ၊ မျှော်လင့်စရာများ ကို အတွေးမုန်တိုင်းဆင်မိသည်။
လွတ်လပ်ရေးကြေညာစာတမ်း
လွတ်လပ်ရေးရရချင်း လွတ်လပ်ရေး ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်။ ယ နေ့ခေတ်လူငယ်များ သိကြမည်မဟုတ်။ ဖတ်ဖူးကြမည်လည်းမဟုတ်။ လူကြီးများ လည်းမှတ်မိကြတော့မဟုတ်။ လွတ်လပ်ရေး ကြေညာစာတမ်း အထောက်အထားကို ရှာဖွေရန်လည်း မလွယ်။
စွဲစွဲမြဲမြဲ
မည်သို့ဖြစ်ဖြစ် လွတ်လပ်ရေးကြေ ညာစာတမ်းသည် သမိုင်းဝင်ဖြစ်သည်။ ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံရှိသရွေ့ မြန်မာတို့၏ နှလုံးသားထဲတွင် စွဲစွဲမြဲမြဲ ကမ္ပည်းမော်ကွန်းတင်ထားကြရမည့် သမိုင်း အမွေကောင်းတစ်ခုဖြစ်သည်။
သားစဉ်မြေးဆက်
အဆိုပါအတိတ်မှသမိုင်းအမွေကောင်း သည်ပစ္စုပ္ပန်အတွက်အသုံးဝင် အကျိုးရှိသ လိုအနာဂတ်အတွက်လည်း အရေးပါသည်။ သားစဉ်မြေးဆက် အဆင့်ဆင့်လက်ဆင့် ကမ်းသွားရမည့် နိုင်ငံရေးအမွေဖြစ်သည်။
မကြာခဏ
အထူးသဖြင့် အနာဂတ်တွင် ဒီမိုကရေ စီနိုင်ငံ အဖြစ်တက်လှမ်းပြီး နိုင်ငံရေး လုပ် မည့်လူတိုင်း လွတ်လပ်ရေး ကြေညာစာတမ်း ကို မကြာခဏ အခေါက်ခေါက် အခါခါဖတ် ကြည့် သင့်ကြသည်။

နိုင်ငံရေး လုပ်မည့်လူများအား လွတ် လပ်ရေး ကြေညာစာတမ်းဖတ်ပြီးမှ၊ လေ့ လာပြီးမှ၊ ဝေဖန်သုံးသပ်စဉ်းစားတွေးခေါ် ပြီးမှနိုင်ငံရေးလုပ်ပါဟု တိုက်တွန်းလိုသည်။
အပြည့်အစုံ
ရှာဖွေစုဆောင်းထိန်းသိမ်းထားသည့် လွတ်လပ်ရေးကြေညာစာတမ်းအပြည့်အစုံ ကို ဖော်ပြလိုက်ပါသည်။
အောင်စေသတည်း
၁။ မြန်မာသက္ကရာဇ် ၁၃၀၉-ခုနှစ်၊ ပြာသိုလဆုတ်၉-ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈-ခုနှစ်၊ ဇန်န၀ါရီ ၄-ရက်)တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့မြန်မာပြည် သည် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ပြီ။
၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီး သည် လိုရာမတပြည့်စုံလှ၍ ဘူမိနက်သန် မှန်သောမြေထူးမြေမြတ်လည်းဖြစ်၏။ မွန် မြတ်သန့်စင်သောတရားထူး တရားမြတ်တို့ တည်ရာ မြေကောင်းမြေမွန်လည်းမှန်၏။ မြေတွင်းမြေပြင် အထူးထူးသော ရတနာ အပေါင်းတို့နှင့်ပြည့်စုံသဖြင့် သတ္တ၀ါအ ပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော် လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ် အနှစ်သာရကြွယ်ဝပြည့်စုံသော မြေလည်း ဖြစ်၏။ ဘူမိနက်သန်မှန်လှထူးချွန် ဤမြေ မွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ဗမာစသည်ဖြင့် တစ်သွေးတစ်သား တစ်မိဖွားဖြစ်ကြကုန်သောငါတို့သည် နှစ် ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက် ခြင်းငှာမတတ်နိုင်ရာသော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သောလူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊ သရေ ခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့ နောက် မန္တလေးအထိငါတို့၏လွတ်လပ်ရေး သည် နေရောင်လ၀ါပမာကဲ့သို့ တဖြာဖြာ တ၀င်းဝင်း ကမ္ဘာချဉ်းအောင်ထွန်းလင်းခဲ့ပေ။
သို့ရာတွင်ကမ္ဘာ့တန်ဆာ ကာလအသ င်္ချေတည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ်ဖုံးအုပ်၍ ခဏ ခေတ္တအရှိန်အ၀ါညှိုးလျော်နွမ်းလျ မထွန်း မပဖြစ်ဘိသကဲ့သို့ ငါတို့၏လွတ်လပ်သော မြန်မာနိုင်ငံတော်သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပတိုက်မှ ထွက်ပေါ်လာ၍ တစ်ကမ္ဘာလုံးကို ရစ်ပတ် အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒကြီး နှင့် မရှောင်မကွင်းသာ ကြုံ ကြိုက်ဆုံတွေ့မိ၍ ပဋ္ဌမ အင်္ဂလိပ်မြန်မာစစ်၌ ရခိုင်၊ တနင်္သာရီ၊ ဒုတိယ အင်္ဂလိပ် မြန်မာစစ်၌ ဟံသာဝတီ၊ ပဲခူး၊ တတိယအင်္ဂလိပ် မြန်မာစစ်၌ မန္တလေးရတနာပုံ သုံးကြိမ် သုံးတန်ချ အပ်ရခြင်းဖြင့် ဤ မြေထူးမြေမြတ်၌ နှစ်ပေါင်း ထောင်ရာစောင့်ထိန်း၍ လာ ခဲ့ကြသောငါတို့၏ လွတ်လပ် ရေးသည်ငါတို့ လက်မှလွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝ ရောက်ခဲ့ကြရသည်။
သို့သော် နေမင်းသူရိ ယာလစန္ဒာတို့ကို ဆီးနှင်းမြူ တိမ်တို့သည် မည်သို့ပင်ဖုံး လွှမ်းစေကာမူ နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရ ကား ခေတ္တမျှနှင့်ပင် လွင့်စင် ကွယ်ပျောက်၍ နေ၀ါလ ရောင်သည် ပကတိအသရေ ကိုပြန်၍ ဆောင်လေဘိသကဲ့ သို့ ငါတို့အပေါ်၌လွှမ်းဖုံးအပ် သောနယ်ချဲ့ဝါဒသည်ငါတို့၏ ကမ္ဘာရှည်မြင့်ရင့်မာလှသော လွတ်လပ်ရေး စိတ်ဓာတ်၏ အရှိန်အတောက်ကို မခံနိုင် ရကား ခြောက်ဆယ့်တစ်နှစ်တစ်လနှင့် တစ်ရက်သောအခိုက်အတန့်ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသ ဖြင့် ဤနေ့ဤအခါမှစ၍ ငါတို့သည် အသူ ရိန်ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ် သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့သာယာစွာဖြင့် လွတ်လပ်သော ဘ၀ထူးဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။
၃။ ယခု ငါတို့ရရှိအပ်သော လွတ်လပ် ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်း ကင်တိမ်ရိပ်ထင်သကဲ့သို့သော လွတ်လပ် ရေးမဟုတ်၊ ငါတို့အား လွတ်လပ်ရေးလမ်း စဉ်သို့ ညွှန်လည်းညွှန်ပြလမ်းစရှာကြံအမြန် ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ် ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ကူး တို့မှူးခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ် သောလုံ့လ မလျော့သောဝီရိယဆီမီးတန် ဆောင်ကဲ့သို့ ထွန်းပအပ်သောÓဏ်မျက်စိ ၀ဇီရစိန်သွားကဲ့သို့ စူးရှသောသတ္တိတို့ ကြောင့် အဟံမမသံပကြုံးဝါးအခြားအခြား လွတ်လပ်သော နိုင်ငံကြီးတို့နှင့်တန်းတူ မြူ တစ်ခြမ်းမျှမလျော့မလို ထိုထိုသို့သော တန် ခိုးရှိန်ဝါတေဇာအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အခြာတည်းဟူသော အာဏာထူး အမြတ်ကို ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ။
၎။ ငါတို့သည် တစ်မျိုးဘာသာ တစ် စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား ကျောသားရင်သား သူကားငါ ကားခွဲခြားခြင်းကိုအလိုမရှိ မြစ်ချောင်း သီ တာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မ တာသဘာဝအပိုင်းအခြားထင်ရှားစွာ သတ် မှတ်အပ်သောရာဇ၀င်ရှည်ဝေး ရှေးပဝေဏီ မှစ၍ယခုထက်တိုင် မြန်မာနိုင်ငံသားဟုသ မုတ်အပ်သူတိုင်းရင်းသားအပေါင်းတို့ ဇာတိ ချက်မြေနေထိုင်ရာ မြန်မာနိုင်ငံတော် တစ် ၀ှမ်းကို တစ်သွေးတစ်သားတည်းဟူသော ကြိုးထူး၊ တစ်စိတ်တစ်ဝမ်းတည်းဟူသော ကြိုးထူး၊ အလိုအလျေက် သဘာဝအ ထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ် သောစေတနာတည်းဟူသောကြိုးထူး ဤ ကြိုးသုံးပါးဖြင့်ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့ အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည် ထောင်စုအဖြစ်ကိုလက်ဆုပ်လက်ကိုင် ငါတို့ အပိုင်ရလေပြီ။ ၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦးတစ် ယောက်တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလကလည်းကောင်း၊ ယခုမျက် မှောက်တွင်လည်းကောင်း၊နောင်လာလတံ့ သော အနာဂတ်ကာလ၌ လည်းကောင်း၊ ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်း နေထိုင်ကြသောကြီးငယ်ဝေးနီး ကျားမ မခြား သစ္စာတော်ခံနိုင်ငံသား ဟူသရွေ့ ဒို့၏အမွေအနှစ်အပိုင်ပစ္စည်း အကျိုးခံစား ရာဖြစ်သည်ဟူသော လူ့ဘာသာ လူ့တရား နှင့်အညီကမ္ဘာဦးကာလလူတို့၏ စည်းရုံးမှု ၌လူအပေါင်းတို့၏ သဘောဆန္ဒအရလူ အ၀ှမ်း၏အကျိုးကိုကောင်းစွာ ဆောင်ရွက် နိုင်အံ့သောပုဂ္ဂိုလ်ကိုရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက်မပြန် မစွန်း မငြိပကတိသန့်ရှင်းဖြူစင်သော မူလလူ့ဝါဒ နှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင် ရှားစွာပိုင်းခြားသတ်မှတ်တူညီသော တရား တူညီသောအခွင့်အရေးတူညီသော အဆင့် အတန်းအားဖြင့် ကမ္ဘာအရှည်တည်စိမ့် သောငှာ လူအပေါင်းတို့၏ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတော် တည်းဟူသော မြတ်သောအဖြစ်ကို လက် ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။ ၆။ သိကြကုန်လော့၊ယနေ့ မင်္ဂလာအ ပေါင်းနှင့်ပြည့်စုံသောဤအချိန်မှစ၍ ငါတို့ ၏ မူလအပိုင်ဖြစ်သော လုံးဝလွတ်လပ်ရေး ကိုငါတို့ပြန်၍ယူပြီ။ တိုင်းရင်းသား အပေါင်း တို့ သွေးစီးညီညွတ်လျက် အခွင့်အရေး အဆင့်အတန်းတူညီသည့် ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး ၏သစ္စာကိုကမ္ဘာဆုံးတိုင်မယိမ်းမယိုင် တည် မည်၊ ငါတို့သည်လွတ်လပ်သော နိုင်ငံဖြစ် သည်နှင့်အညီကမ္ဘာ့လွတ်လပ်သော နိုင်ငံ အပေါင်းတို့တရားသဖြင့် ကျင့်ဆောင်အပ် သောကျင့်ဝတ်ကို စောင့်ရှောက်ကျင့် ဆောင်မည်၊ ငါတို့၏လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားစောင့် စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလား သူများနှင့်အတူလက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်း ရေးကို ကာကွယ်စောင့်ရှောက်မည်။ ဤငါတို့ကြေညာချက်ကို တစ်ကမ္ဘာ လုံးတစ်ယောက်မကျန် ကြားသိစေသတည်း။
ရေးသားသူများ
အဆိုပါ လွတ်လပ်ရေးကြေညာစာ တမ်းရေးသူများမှာ ဦးသိန်းဟန်(ဆရာ ဇော်ဂျီ)၊ ဦးဝန်(မင်းသုဝဏ်)၊ ဆရာယော (ဆရာဇေယျ)၊ ဆရာဦးအုန်းဖေ(တက်တိုး)၊ ဦးဝင်းစိန် (တင့်တယ်)စသူတို့ဖြစ်ကြသည်။
အင်္ဂလိပ်ဘာသာပြန်သူ
လွတ်လပ်ရေးကြေညာစာတမ်း၊ အင်္ဂ လိပ်ပြန်ဆိုချက်ပထမမူကြမ်းကို ဒေါက်တာ မောင်မောင်ရေးရန်ဦးသန့်၊ ဦးခင်မောင် (တောသား)၊ဦးခင်ဇော်(ကေ)တို့က တာဝန် ပေးသည်။ အင်္ဂလိပ် ဘာသာပြန်ဆိုချက်မူ ကြမ်းကို အဆိုပါဆရာများကပြင်ဆင် တည်းဖြတ်အတည်ပြုကြသည်။
နိုင်ငံရေးတွင် စာရေးဆရာသတင်းစာ ဆရာများ၏အရေးပါမှုမှာမသေး။ ၀မ်းသာ ဂုဏ်ယူစရာဖြစ်သည်။
ထူးခြားချက်များ
လွတ်လပ်ရေး ကြေညာစာတမ်းပါရင် (နှလုံးသား)ကိုထိစေပြီးဦးနှောက်ကို အတွေး မုန်တိုင်းဆင်စေသည့် ထူးခြားအချက်အ လက်များမှာ-
- ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာ မတ ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေ မြတ်လည်းဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး တရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်းမြေပြင် အထူးထူးသောရတနာ အပေါင်းတို့နှင့်ပြည့်စုံသဖြင့် သတ္တ၀ါအပေါင်းတို့ ဆွတ်ယူစားသုံးကမ္ဘာဆုံးသော်လည်း မသုဉ်းမကုန် နိုင်အောင် ပဒေသာ စစ်အနှစ်သာရ ကြွယ်ဝပြည့်စုံ သောမြေလည်းဖြစ်၏။
- ငါတို့သည် တစ်မျိုးဘာသာ တစ်စိတ်တစ် ဒေသ၏ကောင်း ကျိုးချမ်းသာကိုမလိုလား။ ကျော သားရင်သား ခွဲခြားခြင်းကိုအလိုမရှိ။
- ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦး တစ်ယောက်တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်။ မည်သူတစ်ဦးတစ်ယောက်တစ်ဖွဲ့ တစ်သင်း၏ ပုဂ္ဂလိကပိုင် ပစ္စည်းမဟုတ်။
- မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ် သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ် သော နိုင်ငံမဟုတ်။
- ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး ၏ သစ္စာကိုကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။
ဗိုလ်ချုပ်အောင်ဆန်း
လွတ်လပ်ရေးကြိုးပမ်းစဉ်အခါကတုန်းက ဗိုလ် ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒီမိုကရေစီနှင့်စပ်လျဉ်း၍လည်း ရှင်း လင်းပြောကြားမှုများရှိခဲ့သည်။
လမ်းကြောင်းသာဖြစ်
လွတ်လပ်ရေးနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် “လွတ်လပ်ရေးရတယ်ဆိုတဲ့ကိစ္စဟာ လွယ်တဲ့ကိစ္စမ ဟုတ်ဘူး။ လွတ်လပ်ရေးရရုံနှင့် ကျုပ်တို့ပြဿနာတွေ ဖြေရှင်းသွားကြရမှာမဟုတ်ဘူး။ အဲဒီအခါကျမှ တ ကယ့်ပြဿနာတွေ ပေါ်လာလိမ့်မယ်။ လွတ်လပ်ရေး က လမ်းဆုံးမဟုတ်ဘဲ လူတွေရဲ့ကောင်းစားရေးကို ရောက်စေမယ့်လမ်းကြောင်းသာဖြစ်တယ်ဟု” ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် ပြောကြားခဲ့သည်။
တကယ့်ဒီမိုကရေစီ
ဒီမိုကရေစီနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် “တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရား အရ ပြည်သူတွေရဲ့အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့အစိုးရဖြစ်ရုံနဲ့ မပြီးသေး ဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့စီးပွားအဆင့် အတန်းကို အခွင့်အရေး တန်းတူရနိုင်တဲ့အခြေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့် ဒီမို ကရေစီအထိ တက်လှမ်းနိုင်မယ်”ဟု ဖဆပလပဏာမ ပြင်ဆင်မှု ညီလာခံတွင်ပြောကြားခဲ့သည်။
ဒီမိုကရေစီပန်းတိုင်သို့
၂၀၁၀ပြည့်နှစ်တွင် ရွေးကောက်ပွဲလုပ်တော့မည်။ ရွေးကောက်ပွဲလုပ်လျှင် ပြည်သူလူထုက လူကောင်း လူတော်တို့ကို ရွေးချယ်ကြရတော့မည်။ ပြီးလျှင် ဒီမို ကရေစီနိုင်ငံတက်လှမ်းမည်။ ဒီမိုကရေစီနိုင်ငံတက် လှမ်းရာတွင် ပထမခြေလှမ်းသာရှိသေး၍ နောက်ထပ် ရှေ့ဆက်ရဦးမည့် ခြေလှမ်းများရှိသေးသည်။ တစ်ဆင့် ပြီးတစ်ဆင့် တစ်လှမ်းချင်းတစ်လှမ်း ဒီမိုကရေစီပန်း တိုင်ကို လှမ်းကိုင်နိုင်အောင် ဆက်၍ ဆက်၍ ချီတက် ကြိုးပမ်းကြရဦးမည်။ ယင်းသို့ ကြိုးပမ်းရာတွင် ယခုဆောင်းပါးသည် မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် နှစ်သစ်လက် ဆောင်မွန်အဖြစ် အထောက်အကူ ဖြစ်ပါစေသတည်း။

သတင်းအကျဉ်းချုပ် ...

နယူးရီးယားအကြို ညက မန္တလေးမြို့ပေါ်နေရာအနှံ့အပြားမှာFREE 2010 ဆိုတဲ့ စာများ ရိုက်နှိပ်ထားတဲ့ ၅ ကျပ်တန်၊ ၁၀ တန်၊ ၂၀ တန်၊ ၅၀တန်၊ ၁၀၀ တန်၊ ၂၀၀ တန် များ ကြဲဖြန့်တဲ့ လှုပ်ရှားမှု ဖြစ်ခဲ့တယ်။(ပူးတွဲပါ ပုံကို ကြည့်ပါ)
FREE 2010 ပိုက်ဆံတွေကို မန္တလေးမြို့ပေါ် ၂၇ လမ်း၊ ၂၈ လမ်း၊ ၇၈ လမ်း၊ ၈၆လမ်း၊ ၈၉ လမ်း၊ ၇၃ လမ်း ၃၅ လမ်း၊ ၆၈ လမ်း အစသဖြင့်လူစုလူဝေးရှိသည့်နေရာများမှာ Happy New Year အော်ဟစ်တဲ့ အချိန်မှာ
ကြဲချခဲ့တယ်။ လူအုပ်တွေထဲကြဲချခြင်းမျိုးလည်းရှိတဲ့အတွက်လူအတော်များများတော့သတိထားဖြစ်သွားတယ်။
အတော်များများကောက်ယူသိမ်းဆည်းကြတယ်။
ကျုံးနဘေးမှာတော့ ထောက်လှမ်းရေး၊ ရဲ၊ကြံ့ဖွတ်၊စွမ်းအားရှင်များကအပြည့်နေရာယူစောင့်ကြည့်နေကြတယ်။
ဒီ FREE (လွှတ်) လှုပ်ရှားမှုကို လဖစတ (လူထူလှုပ်ရှားမှုဖော်ဆောင်ရေးနှင့်စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအင်အားစု - ဗမာပြည်) ကပြုလုပ်ခဲ့ခြင်းဖြစ်တယ်။
"လဖစတ"အဖွဲ့ဝင်တစ်ဦးပြောပြတာကတော့"ကျွန်တော်တို့အနေနဲ့၂၀၁၀ဆိုတဲ့ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုကာလကြီးရောက်တော့မှာ ဖြစ်တဲ့အတွက်အကြိုအနေနဲ့ ဒီလို FREE လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။ စစ်အဆိုးရအနေနဲ့ဘယ်လိုပဲ မျှတတဲ့ ရွေးကောက်ပွဲကို လုပ်ပေးမယ်ပြောပြောယုံကြည်ချက်တစ်ခုနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်မပေးမှတော့ စစ်အာဏာရှင်တွေဟာ အပြောနဲ့ အလုပ်မညီဘူးဖြစ်နေတယ်။အဲဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ စစ်အစိုးရကို တောင်းဆိုတဲ့အနေနဲ့ဒီလို FREE သို့မဟုတ် "လွှတ်" လှုပ်ရှားမှုကို ပြုလုပ်ရခြင်းဖြစ်တယ်။
ကျွန်တော်တို့အနေနဲ့ ဗမာပြည်သူလူထုကြီးကို တိုက်တွန်းချင်တာက FREEဒါမှမဟုတ် "လွှတ်" ဆိုတဲ့ စာသားတွေ တစ်နိုင်ငံလုံး နေရာအနှံ့ ကိုယ့်ဘာသာလိုက်ရေးကြစေချင်တယ်။ ဘောပင်လေးနဲ့ပဲ ဖြစ်ဖြစ်၊
ဆော့ပင်န်လေးနဲ့ပဲဖြစ်ဖြစ်၊ သင်္ဘောဆေး/မှုတ်ဆေးနဲ့ပဲ ဖြစ်ဖြစ် ဒီနေ့နယူးရီးယား ၂၀၁၀ နှစ်သစ် ပထမဆုံးနေ့ကစပြီး ကိုယ်တတ်နိုင်သလောက် ဗမာပြည်နေရာအနှံ့ လိုက်ရေးကြဖို့ နှိုးဆော်ပါတယ်။ ကျွန်တော်တို့လို ပိုက်ဆံဒါမှမဟုတ် စက္ကူစများပေါ်မှာလည်း FREE လို့ရေးပြီးလည်းဖြန့်ဝေနိုင်ကြပါတယ်။ "
FREE သို့မဟုတ် "လွှတ်" များ ရေးသားဖြန့်ဝေကြခြင်းဖြင့်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို တောင်းဆိုကြပါစို့။ ။
လဖစတ
(လူထူလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအင်အားစု - ဗမာပြည်)
AAMD
(Activists for Abolishing the Military Dictatorship - Burma Myanmar)

သတင်းအကျဉ်းချုပ် ...
တိုကျို၊ ဇန်န၀ါရီ(၁)
သန့်မျိုးထွေး
ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ရှင်းကျုးကုရပ်ကွက်တွင် တည်ရှိသည့် တခုတည်းသော မြန်မာစာကြည့် တိုက်ဖြစ်သည့် “မိုးသောက်ကြယ်စာကြည့်တိုက်” အကြောင်းကို ဂျပန်ရုပ်သံဋ္ဌာနတခုဖြစ်သော NHK မှ မှတ်တမ်းရုပ်ရှင်(Documentary) အဖြစ်လာရောက်ကူး၍ ထုတ်လွှင့်မည်ဖြစ်ကြောင်းသိရှိရသည်။
NHKရုပ်သံဋ္ဌာန၏လက်အောက်ခံအဖွဲ့ခွဲတခုံဖြစ်သည့် Super Brainမှ တာဝန်ခံတဦးမှ မိုးသောက်ကြယ်သို့လာရောက်၍ ရိုက်ကူးမည့်အနေအထား ပုံစံတို့ကို ရှင်းလင်းပြောပြသွားသည်။
Super Brain၏ တာဝန်ခံအိုချိ နိုဇိုမိ(Ochi Nozomi) မှ"အခုအချိန်မှာက စီးပွားရေးတွေ ကျဆင်းနေတော့ စာတော်တော်ဖတ်ပါတယ်ဆိုတဲ့ ဂျပန်လူမျိုးတွေတောင် အရင်လိုစာ မဖတ်ဖြစ်တော့ဘူး။ အထူးသဖြင့် မျိုးဆက်သစ်လူငယ်တွေရောပေါ့။ နောက်ပြီး အစိုးရ အနေနဲ့ မြို့နယ်တိုင်းမှာ စာကြည့်တိုက်တွေကို စနစ်တကျတည်ဆောက်ပေးထားပေမယ့် အသုံးပြုရကောင်းမှန်းလည်းမသိကြတော့ဘူး။ အခုလိုအချိန်မှာ အဖိုးတန်ပြီးရှားပါးတဲ့ စာအုပ်တွေထောင်ချီပြီး ဂျပန်ရောက်မြန်မာတွေ သမိုင်းအချက်အလက်ကိုးကားဖို့ရော၊ ဗဟုသုတရရှိစေဖို့အတွက်ပါရည်ရွယ်ပြီး ကြိုးကြိုးစားစားနဲ့ မြန်မာစာကြည့်တိုက်တခုတည်ထောင်ထားတာကို တွေ့လိုက်ရတာအခါမှာ အရမ်းကိုအံ့သြ၀မ်းသာမိတယ်၊ တဖက် ကလည်း ကိုယ့်ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းထားတယ်လို့သိရတဲ့ အတွက်ချီးကျူးမိပါတယ်။ ဒါတွေကိုလည်း ဂျပန်လူငယ်တွေကို သိစေချင်ပါတယ်"ဟု ၄င်း၏ခံစားချက်အမြင်ကို ပြောပြသွားသည်။
Asia Cross Road ''Asian In Japan"ဟု အမည်ပေးထားသည့် အဆိုပါမှတ်တမ်းရုပ်ရှင် အတွက် NHKရုပ်သံဋ္ဌာနမှ စီစဉ်ညွန်ကြားသူတာဝန်ခံတဦး(ဒါရိုက်တာ)နှင့်ကင်မရာမင်း အပါအ၀င် အဖွဲ့ဝင်(၅)ဦးမှ ယခုနှစ်ဇန်န၀ါရီလ(၃)ရက်နေ့တွင် မိုးသောက်ကြယ် စာကြည့်တိုက်သို့ လာရောက်ရိုက်ကူးမည်ဖြစ်သည်။
ထိုသို့ရိုက်ကူးရာတွင် မိုးသောက်ကြယ်စာကြည့်တိုက်ဖြစ်ပေါ်လာပုံနှင့် တည်ထောင်ထား ရှိရသည့်ရွယ်ရည်ချက်များ၊ မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့မှ Volunteerလုပ်ငန်း လုပ်ဆောင်နေမှုများ၊ မိုးသောက်ကြယ်ဂျာနယ်ဖြန်ချိထုတ်ဝေမှုနေနှင့် လူမှုအကျိုးပြု လုပ်ဆောင်နေသည့်ကိစ္စရပ်များကိုပါ ရိုက်ကူးထုတ်လွှင့်သွားမည်ဟုသိရသည်။
မိုးသောက်ကြယ်ဂျာနယ်ထွက်ရှိမည့်ရက်တွင် ဂျာနယ်အဖွဲ့သားများနှင့်အတူ ဂျပန်နံ မည်ကြီးသရုပ်ဆောင်နှစ်ဦးမှ လာရောက်ဝိုင်းဝန်းကူညီ၍ စာအုပ်ချုပ်ပေးပုံတို့ကိုပါ အသေးစိပ်ရိုက်ကူးမည်ဖြစ်သည်။
ဆက်လက်၍ တာဝန်ခံနိုဇိုမိမှ "ဂျပန်လိုလူမှုစားရိတ်မြင့်မားပြီး အခက်ခဲတွေကြားထဲ ကနေ ဆယ်စုနှစ်တခုနီးပါး ရပ်တည်လာနိုင်ခဲ့တဲ့ မိုးသောက်ကြယ်စာကြည့်တိုက် အကြောင်းကို ဂျပန်လူမျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့်သိစေချင်တယ်၊ ဒီလိုတိုင်းတပါး ရောက်နေတဲ့ မြန်မာလူမျိုးတွေကတောင် စာဖတ်ဖို့ကို ဒီလိုကြိုးစားနေတယ်ဆိုရင် ဂျပန် လူမျိုးတွေကိုလည်း ဘယ်လိုဘဲဖြစ်ဖြစ် စာဖတ်ဖို့သင့်တယ်ဆိုတဲ့ အသိပေးနိုင်ဖို့အတွက် ရိုက်ကူးမှာပါ"ဟု ရှင်းပြသည်။
အဆိုပါမှတ်တမ်းရုပ်ရှင်ကို လာမည်ဇန်န၀ါရီလ(၂၂)ရက်နေ့ ညနေ ၅ နာရီ မိနစ် ၂၀ တွင် NHK၏ ဒီဂျစ်တယ်လိုင်း BS-1 မှ မိနစ် ၂၀ တိတိ ထုတ်လွင့်ပြသမည်ဖြစ်ကြောင်းသိရသည်။
ယခင်ကလည်း မိုးသောက်ကြယ်စာကြည့်တိုက်သို့ Tokyo Television ကုမ္ပဏီတခုဖြစ် သော BS-12မှ ၂၀၀၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က ထုတ်လွှင့်ခဲ့ဖူးပြီး ဂျပန်အစိုးရပိုင် NHKအနေနှင့် ယခုလာရောက်ရိုက်ကူးမှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။

သတင်းအကျဉ်းချုပ် ...