Friday, January 15, 2010

0 လူထုဦးလှ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အခမ်းအနား ကျင်းပမည်

0 ယနေ့  တပ်မတော်သားတွေ သိဖို့ လိုတဲ့ မြန်မာ့တပ်မတော်သမိုင်းနဲ့  ပြည်သူ့ တပ်မတော်သား ဖြစ်ကြဖို့ ပါ။



ဒီ မြန်မာ့တပ်မတော်သမိုင်းကို တပ်မတော်သားတွေလက်ထဲရောက်အောင် ၀ိုင်းဝန်းကြိုးစား ပို့ ပေးကြစေလိုပါတယ်။

မြန်မာ့တပ်မတော်သမိုင်း (အပိုင်း က အား ဒေါင်းလုပ်လုပ်ရန် - http://ifile.it/l0zasu8 ) နဲ့  (အပိုင်း ခ အား ဒေါင်းလုပ်လုပ်ရန် - http://ifile.it/kzp5m0x )

ပေးပို့လာသော ကိုနစ်နေမန်းအားကျေးဇူးတင်ရှိပါသည်။

0 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး တွင် ပြုလုပ်သောလူထု ဦးလှ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်


(၁၄.၁.၂၀၁၀)တွင်ကျရောက်သောလူထုဦးလှ၏နှစ်၁၀၀ပြည့်အထိမ်းအမှတ်ကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် စာဖတ်ဝိုင်း ကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းသို့ သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင် အပါအ၀င် အဖွဲ့ ချုပ်
ဗဟိုအလုပ်အမှု့ ဆောင် များနှင့်အတူ ဆရာအောင်ဝင့် ၊ ဆရာ မုံရွာအောင်ရှင် ၊ ဘကြီးမိုး
( ဦးမိုးသူ ) ၊ ဆရာ ဦးအောင်ကြည်ညွန့်  ၊ ဖျာပုံ နီလုံဦး အစရှိသည့်စာရေးဆရာကြီးများ ၊
အဖွဲ့ ချုပ် လူငယ်များ စုံညီစွာတက်ရောက် ခဲ့ကြပြီး ဆရာကြီး လူထုဦးလှ ၏ စာပေ များကို
ဆွေးနွေးခဲ့ကြသည် ။ အဆိုပါ စာဖတ်ဝိုင်း အား နေ့  လည် ( ၁ ) နာရီတွင်စတင်ခဲ့ကြပြီး
ညနေ (၄) နာရီ တွင်ပြီး ဆုံးခဲ့သည် ။
စာဖတ်ဝိုင်းသိုတက်ရောက်လာကြသူများအား အဖွဲ့ ချုပ်အမျိုးသမီးအဖွဲ့ ဝင်များမှ ကော်ဖီ ၊
ကောက်ညင်း ဆီထမင်း များဖြင့် ဧည်ခံ ကျွေးမွေးခဲ့ပါသည် ။

ပေးပို့ ပေးသောမမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်.။

Thursday, January 14, 2010

0 မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုအဖွဲ့ကြီး၏ ထုတ်ပြန်ကြေငြာချက်

0 တပ်မ ၆၆ မှာ ပုန်ကန်မှု စဖြစ်နေပြီ

တပ်မ ၆၆ မှာ တပ်တွင်းပုန်ကန်မှုတွေရှိနေပြီ။ မနေည ၈နာရီ ခန့်က အင်းမ အခြေစိုက် ခမရ ၈၀ မှာ - တပ်ရင်းမှာ စတင်ပြစ်ခတ်တယ်။ စားဝတ်နေရေးကြောင့် တပ်သားတွေ က အမိန့်ကို မနာခံတော့တာ တနှစ် ကျော်နေပြီလို့ သိရတယ်။ သူတို့ကို ဘာတာဝန်မှ ထပ်မပေးတော့ပဲ ပြစ်ထားတာ ကြာပြီလို့ သိရတယ်။ ပြစ်ခတ်မှု ၁၀ မိနစ်ကျော်ကြာတယ်။ ၃ ယောက်ဒဏ်ရာရ ပြီး၊ တယောက် သေတယ်။

ဖြစ်ပွားပုံကတော့ ဇန်န၀ါရီလ ၈ ရက်နေ့ က ရန်ကုန်စစ်ဌာနချုပ် အမိန့်နဲ့ လာတဲ့ စစ်အရာရှိ ၁၄ ဦးက ပုန်ကန်နေတဲ့ ခမရ ၈၀ ကို လက်နက်လာဖြုတ်ပါတယ်။ လက်နက်လာဖြုတ်တဲ့ ကြပ်ပြေး နေပြည်တော်က အရာရှိတွေကို ကို ခမရ ၈၀ တပ်ရင်းမှုက တပ်တွင်း စားဝတ်နေရေး ကျပ်တည်းမှု၊ ရိက္ခာပြတ်လပ်မှုနဲ့ တိုင်းမှုးနဲ့ သူမိန်းမ ဆွေမျိုးတွေရဲ့ လဒ်စားမှု အကြောင်းတွေကို တင်ပြခဲ့ ကြတယ်။ ရန်ကုန်ကလာတဲ့ အရာရှိတွေကို ခမရ ၈၀ တပ်ရင်းက ရဲဘော်တွေက သူတို့ ချက်ပြုတ်စားနေရတဲ့ ထမင်းဟင်းတွေ နဲ့ကျွေးမွေးခဲ့ကြတယ်။ ဆက်သွယ်ရေးစက်ကနေ သူတို့ အပြန်အလှန် ဆွေးနွေး ကြတယ်လို့ ဆိုတယ်။ ကျနော်တို့ နေစဉ်စားနေရတဲ့ အစားသောက်တွေကို စားကြည့်ပြီးမှာ ကျနော်တို့ တင်ပြတာတွေဟာကို ဆုံးဖြတ်ပေးပါလို့ ဆိုပြီး ထမင်းဝိုင်းကို ခေါ်သွားတယ်။ ဒါကို ကြပ်ပြေးကအရာရှိတွေက သူတို့ကို စော်ကားတယ်။ ပုန်ကန်တယ်လို့ ဆိုပြီးကြိမ်းမောင်း ထိုးကြိတ်မှုတွေ လုပ်ခဲ့ကြတယ်။ ခမရ ၈၀ တပ်ရင်းမှုးရဲ့ တောင်းဆိုမှု၊ တင်ပြ မှုတွေကို စစ်ဌာနချုပ်က အရေးယူဆောင်ရွက်ခြင်းမရှိပဲ ကြပ်ပြေးက အရာရှိတွေ က ဆဲဆို ကြိမ်းမောင်းနေတယ်။ ခမရ ၈၀ က အရာရှိတွေကို လက်နက်ဖြုတ်ဖို့နဲ့ အရေးယူဖို့ ညွန်ကြား လာတဲ့အတွက် ခမရ ၈၀ တပ်ရင်းမှုးက ကြပ်ပြေးက အရာရှိတွေကို ၈ ရက်နေ့မှာ ဖမ်းဆီး လိုက်တယ်။ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာတော့ နောက်ထပ် အရေးယူဖို့ ရောက်လာတဲ့ ကြပ်ပြေး က စေလွတ်လိုက်တဲ့ တပ်ဖွဲ များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။


Ref: မိုးသီးဇွန်

Monday, January 11, 2010

0 ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရေး ချီတက်ဆန္ဒပြပွဲ အခမ်းအနား(တိုကျို)11-1-2010


ဗီဒီယိုမှတ်တမ်း။ ။ maungwto

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများအားလုံးအမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် ချီတက်တောင်းဆိုဆန္ဒပြမှုကို ယနေ့ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Ebisu ပန်းခြံမှ Sandagaya (MEIJI)ပန်းခြံအထိ နေ့လည်(၁း၃၀)နာရီမှ စတင်ပြုလုပ်ခဲ့ပါသည်။

အဆိုပါဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ပလောင်တိုင်းရင်းသားခေါင်းဆောင်ကိုမိုင်ကျော်ဦးက “ ကျနော်တို့နိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအမြန်ဆုံးလွတ်မြောက်ဖို့က အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း ဒီကိစ္စကိုပဲ အဓိကထားတောင်းဆိုနေကြပါတယ်။ ဒါကို လျစ်လျူရှုပြီး ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့အတွက်သာ တဖက်သတ်လုပ်ဆောင်နေမယ်ဆိုရင် ကျနော်တို့တိုင်းပြည်ဟာ ဘယ်သောအခါမှ ငြိမ်းချမ်းမှုရရှိမှာမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကျနော်တို့တိုင်းရင်းသားခေါင်းဆောင်တွေလွတ်မြောက်ဖို့ အဓိကကျသလို တွေ့ဆုံဆွေးနွေးရေးဖြစ်ပေါ်ဖို့ကလည်း လိုအပ်ပါတယ်..“ ဟု ပြောဆိုခဲ့သည်။
ချီတက်ဆန္ဒပြပွဲသို့ လူအင်အား ၅၀၀ နီးပါးတက်ရောက်ခဲ့ကြကြောင်းလည်း သိရှိရသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နှိင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးပြန်လည်မလွှတ်ပေးဘဲ ယခုနှစ်အောက်တိုဘာလတွင် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုရှိသောရွေးကောက်ပွဲ ဖြစ်လာနိုင်မည်မဟုတ်ကြောင်းကို ထုတ်ဖော်ဆန္ဒပြ ခဲ့ ကြပါသည်။

0 (၆၂)ကြိမ်မြောက် ကချင်ပြည်နယ်နေ့  အခမ်းအနား ကျင်းပခြင်း( တိုကျို-ဂျပန် )


http://pnsjapan.blogspot.com/မှ
ဒီကနေ့  ကျရောက်တဲ့ (၆၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို TOKYO Toshima-ku မြို့ နယ် Ikebukuro Kohkaido ခမ်းမမှာ ကချင်အမျိုးသားအစည်းအရုံး-ဂျပန် မှ ဦးစီးကျင်းပပြုလုပ်ကာ ညနေ ၁၈း၀၀ နာရီ မှ ၂၁း၃၀ အထိ နှစ် ပိုင်းခွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစီအစဉ် ပထမပိုင်းမှာ အဖွင့် ဆုတောင်းပြီးသည့်နောက် ကချင်အမျိုးသား အစည်းအရုံး အဖွဲ့ သီချင်းကို KNO-Japan အဖွဲ့ သားများ သီဆိုဖျော်ဖြေခဲ့ပါသည်။ ဆက်လက်ပြီး KNO-Japan ဥက္ကဋ္ဌ ဦးပီတာဘရန်ဆိုင်းမှ အဖွင့်နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီးသည့်နောက် ကချင်ပြည်နယ်နေ့ ဖြစ်ပေါ်လာခြင်း သမိုင်းအကျဉ်းကို ဖတ်ကြားခြင်း၊ KNO အဖွဲ့ ချုပ်မှ ပေးပို့ လာသော သ၀ဏ်လွှာဖတ်ကြားခြင်း၊ ကချင်လူမျိုးများရဲ့ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို Power Point ဖြင့် KNO-Japan အထွေထွေအတွင်းရေးမှုး မရစ်ဆိုင်းဘူ မှ ရှင်းလင်း တင်ပြသွားပြီး ကျေးဇူးတင်စကားကို KNO-Japan ဒု ဥက္ကဋ္ဌ လဖိုင်ဇော်လ မှပြောကြားသွားပါသည်။

ဒုတိယပိုင်းအစီအစဉ်မှာတော့ ရိုးရာယဉ်ကျေးမူ ဖျော်ဖြေရေးအစီအစဉ် ဖြစ်ပြီး ပထမဦးဆုံး ကချင်မျိုးနွယ်စု ခြောက်စုကို မိတ်ဆက်ပေးသည့်အက များဖြစ် တင်ဆက်ကပြပြီးသည့်နောက် ၊ရိုးရာသီချင်းများ သီဆိုခြင်းများ၊ တေးသရုပ်ဖေါ်အကများ၊ ကချင်လူမျိုးများ ၏ နိုင်ငံရေးသမိုင်း ပြဇတ်များ ၊ ကချင်ရိုးရာ ထောင်ကာအက၊ ဂျပန်နိုင်ငံ ရောက် ပြည်ထောင်စုဘွားများ စုပေါင်းပါဝင်ကြသည့် မနောအက ဖြစ် ကပြပြီးသည့်နောက် အပိတ် ဆုတောင်း ပြီး ညနေ ၂၁း၃၀ တွင် အခမ်းအနားပြီးဆုံးခဲ့ပါသည်။

ဒီနေ့ ကျင်းပပြုလုပ်သည့် နှစ်(၆၂)မြောက် ကချင်ပြည်နယ်နေ့  အခမ်းအနားကို ဂျပန်နိုင်ငံရောက် ပြည်ထောင်စု ဘွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ နှင့် ဂျပန်ဧည့်သည်တော်များ အပါအ၀င် စုစုပေါင်း (၂၇၀)ကျော်ခန့်  တက်ရောက်ခဲ့တာကိုတွေ့ ရပါသည်။ မိမိတို့ နိုင်ငံ ဒေသတို့ နှင့် အလှမ်းဝေးသည့် နိုင်ငံကို ရောက်ရှိနေသောလည်း ရောက်ရာအရပ်မှာ အထင်ကရနေ့ များ မိမိတို့ ရဲ့ ရိုးရားယဉ်ကျေးမှုများ ကို စည်းစည်း လုံးလုံးနဲ့  ကြိုးစားပြီး လုပ်ဆောင်နိုင်ခဲ့တာကို တွေ့ ရသည့်အတွက် အလွန်ဘဲ ဂုဏ်ယူဝမ်းမြောက်မိပါသည်။

PNS-Japan
Photo by / Lian Khan Sum(CNC-Japan)

0 ၂၀၁၀ ရွေးကောက်ပွဲ လုပ်မည့်အပေါ် မှန်ကန်သော သရုပ်ဖော်တင်ပြမှု


တင်ဆက်ဖျော်ဖြေပေးသော သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့၊ စီစဉ်ဖေါ်ပြပေးသည့် ဒီမိုကရက်တစ်မြန်မာ့အသံနှင့် မျှဝေပေးသူ ကိုနစ် www.niknayman-niknayman.co.cc တို့အား အထူးလေးစား ကျေးဇူးတင်ရှိပါသည်။

ပေးပို့သူ။ ။ phowai mm

0 မွန်ရဟန်းပျိုအသျှင်အဇ္ဇခေါ်ဦးဇင်းဇော်လတ်အား စစ်ကြောရေးမှညှင်းပမ်းမှုကြောင့် အရေးပေါ် ဆေးရုံတင်ထားရ

kaowao မှ ကူးယူဖော်ပြပါသည်။
ကွန်းအိန်(ဇန်နဝါရီ- ၁ဝ)။ ။ မွန်ပြည်နယ်ချောင်းဆုံမြို့နယ်ဇာတိ မွန်ရဟန်းပျိုအဖွဲ့မှ အသျှင်အဇ္ဇခေါ် ဦးဇင်း ဇော်လတ်ကို သံဖြူဇရပ်မြို့နယ် ရဲတပ်ဖွဲ့မှဖမ်းဆီးခဲ့ပြီး စစ်ကြောရေးစခမ်းတွင် နှိပ်စက်ညှင်းပမ်းခဲ့သည့် ဒါဏ် ကြောင့် ယမနေ့က မော်လမြိုင်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရသည်ဟု ဒေသခံများမှ ပြောပါသည်။

ကြုံကျုပ်ကျေးရွာ ဘုန်းကြီးပျံပွဲသို့သွားရန် သံဖြူဇရပ်မြို့မှအထွက်တွင် အသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်ကို ကွန်ပျူ တာနှင့် ဗွီဒီယို ကင်မရာတစ်လုံး လက်ကိုင်တွေ့ရှိခဲ့၍ သံဖြူဇရပ်မြို့နယ် ရဲတပ်ဖွဲ့မှ ဇန်နဝါရီ(၇) ရက်နေ့တွင် ဖမ်းဆီး ခဲ့ပြီး သံဖြူဇရပ် စစ်ကြောရေးစခန်းတွင် လူမဆန်စွာ ညင်းပန်းနှိပ်စက်ခံခဲ့ရတဲ့အတွက် မော်လမြိုင်မြို့ဆေးရုံတွင် အရေးပေါ် ဆေးဝါးကုသတာခံနေရပြီး ဆွေမျိုးသားချင်းများနှင့်လည်း တွေ့ဆုံခွင့်မရခဲ့ဟု ၄င်းနှင့်နီးစပ်သူ ဒေသခံ တစ်ဦးမှ ပြောပါသည်။

စစ်အာဏာပိုင်များနှင့် နီးစပ်သူတစ်ဦး၏အဆိုအရ ပြီးခဲ့သည့်ဇန်နဝါရီလ(၁)ရက်နေ့တွင် မော်လမြိုင်မြို့မှ ရေးမြို့ အထိ ကားလမ်းတလျှောက်တွင် (၂ဝ၁ဝ)ရွေးကောက်ပွဲဆန့်ကျင်သော စာတမ်းများကို စပရေးမှုတ်ဆေးများနှင့် ကတ္တရာကားလမ်းပေါ်မှာ ရေးသားဆန့်ကျင်လှုပ်ရှားမှု ရှိခဲ့ပါသည်။ ဤလှုပ်ရှားမှုများကို အသျှင်အဇ္ဇကိုယ်တိုင် ပါဝင်နေသည်ဟု အာဏာပိုင်တွေမှ သံသယရှိနေသည်ဟု ပြောပါသည်။ အသေးစိပ်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။

အသျှင်အဇ္ဇသည် မွန်ပြည်နယ် မွန်ရဟန်းပျိုအဖွဲ့မှကြီးမှူးကျင်းပသော ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းများမှ သင်တန်းဆရာအနေနှင့် စာပေတွေကို သင်ကြားပေးနေတာဖြစ်ပြီး နိုင်ငံရေးနှင့် ပက်သက်ပြီး လုပ်ဆောင်ခြင်းမရှိ ဟု မွန်ရဟန်းပျိုအဖွဲ့မှ အရှင်သြဘာသက အခုလိုပြောပြပါသည်။

“ဦးဇင်းဇော်လတ်ဆိုတာက ဦးဇင်းတို့နဲ့စာသင်ဖော် စာသင်ဘက်တွေပဲ။ သူကတိုးတက်တဲ့ အမြင်တွေရှိတယ်။ အခု သွားတာကလည်း ဘုန်းကြီးပျံပွဲပေါ့နော်။ သံဖြူဇရပ်မြို့နယ်က ကြုံကျုပ်ကျေးရွာမှာ ဘုန်းကြီးပျံတစ်ပါး ရှိတယ်။ ဘုန်းကြီးပျံပွဲရှိတယ်။ အဲဒီဘုန်းကြီးပျံပွဲကိုသွားရင်းနဲ့ ဘုန်းကြီးပျံပွဲမှာ သူက ဒီဗွီဒီယိုမှတ်တမ်းတွေရိုက်ဖို့ အဲဒီလို သွားရင်းနဲ့ သူ့ကိုမသင်္ကာမှုနဲ့ဖမ်းတာလို့ ဦးဇင်းတို့ မြင်တာပေါ့။ သူက နိုင်ငံရေးနဲ့ပတ်သက်တာ တွေလည်းရှင်း တယ်။ သူလုပ်တာလည်း အများအကျိုးအတွက် သူလုပ်တာအများကြီး တွေ့ခဲ့ရတယ်လေ။ ဒီလိုသူ့ကိုဖမ်းဆီးတာ ရိုက်နှက်တာတွေက ဦးဇင်းတို့သံဃာတွေ၊ သံဃာပျိုတွေက ဒီလုပ်ရပ်တွေကို ရှုံ့ချပါတယ်။

အသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်၏လှုပ်ရှားမှုအပေါ် အတွင်းသိသူ တပည့်တစ်ဦးဖြစ်သည့် မင်းသိုက်အောင်ကို မေးမြန်းခဲ့ရာတွင် အခုလိုပြောပြခဲ့ပါသည်။

“သူက ဒီဗုဒ္ဓစာပေယဉ်ကျေးမှုတို့ ယဉ်ကျေးမှုသင်တန်းတွေပေါ့နော်။ သူကတအားတက်ကြွတဲ့သူပေါ့။ အမြဲဆရာ အနေနဲ့ ပါဝင်ပြီးတော့ ပါဝင်သင်ကြားနေတဲ့သူတစ်ယောက်။ ပြီးရင် ဒီသင်တန်းသားတွေကို အမြဲတမ်းပြောတတ်ပါ တယ်။ အခုကခေတ်မီတဲ့အချိန်ဆိုတော့ ခေတ်မှီတဲ့နည်းပညာပိုင်းတွေကိုတော့ သူကသင်ကြားဖို့လည်း သူကအမြဲ တမ်းအားပေးတယ်။ ကွန်ပျူတာသင်တန်းတွေတက်ဖို့။ အင်္ဂလိပ်စာ သင်တန်းတွေတက်ဖို့၊ အဲဒီလိုမျိုးပေါ့နော် တခါ တခါဆို အင်တာနက်တွေ သုံးဖို့နော်သူပြောတယ်”

မွန်ပြည်နယ်အတွင်း၌ ရဟန်းသံဃာတော်များ၏ လှုပ်ရှားမှုတွေကို စစ်အာဏာပိုင်များမှ အမြဲတမ်းစောင့်ကြည့် နေသည်ဟု မွန်ရဟန်းပျိုတစ်ပါးမှ ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် (၂ဝဝ၇)ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုတွင် ရဟန်းပျိုများမှ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည့်အတွက်ကြောင့် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည့်သံဃာတော် များကို ဆွမ်းဆန်စိမ်းလောင်းလှူသည့်ပွဲများကို ပိတ်ပင်ထားသလို မလွှဲမရှောင်သာ ခွင့်ပြုရတဲ့အခါမျိုးတွင်လည်း မြန်မာအာဏာပိုင်တို့က ဘက်ပေါင်းစုံမှနေ လုံခြုံရေးတွေတင်းကြပ်စွာ ချထားခဲ့သည်ဟု မွန်ရဟန်းပျိုအဖွဲ့ဝင်တစ်ပါး မှ ပြောကြားခဲ့ပါသည်။

Sunday, January 10, 2010

2 "အားပေးချင်သူများသို့ ဦးအောင်ဆန်းဦးရဲ့ လိပ်စာ"

ဦးအောင်ဆန်းဦးရဲ့ နှမလေးအပေါ်မှာ အကိုကြီး အဖအရာ မပီသစွာ ရိုင်းစိုင်း ယုတ်မာနေတာတွေကို သိမြင်ပြီးပြီဆိုရင်တော့အောက်ပါ လိပ်စာအတိုင်း ကန့်ကွက်စာများ ရေးသားပေးပို့နိုင်ပါသည်။


"အားပေးချင်သူများသို့ ဦးအောင်ဆန်းဦးရဲ့ လိပ်စာ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

AUNG SAN U & LEI LEI NWE THEIN,
3897 .AUBURNDALE ST,
SAN DIEGO, CA. 92111, U.S.A

0 ဇန်န၀ါရီလ၁၆ရက်၊ ၁၇ရက်နအဖစစ်အုပ်စုမှနိုင်ငံခြားရေးဝန်ကြီးဆိုသူဥာဏ်ဝင်းအားဆန္ဒ့ပြရန်ရှိ

ဂျေအေစီ ခေါင်းဆောင်များခင်ဗျား

၂၀၁၀ဇန်န၀ါရီလ၁၆၊၁၇ရက်နေ့များတွင်နိုင်ငံခြားရေးဝန်ကြီးများအဆင့်ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကိုဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်မည်ဖြစ်၍နအဖစစ်အုပ်စုမှနိုင်ငံခြားရေးဝန်ကြီးဆိုသူဥာဏ်ဝင်းပါဝင်တက်ရောက်မည်ဖြစ်ပါသည်။
ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (JAC )အနေဖြင့်နိုင်ငံတကာမှခေါင်းဆောင်များ၊ဂျပန်ပြည်သူလူထုနှင့်ဂျပန် မီဒီယာသို့  နအဖစစ်အုပ်စု၏၂၀၁၀ရွေးကောက်ပွဲအတွက်မြန်မာပြည်သူလူထု၏သဘောထားရပ်တည်ချက်ကို ဖော်ထုတ်ပြန်သနိုင်ရန် ရည်ရွယ်၍ ဆန္ဒပြပွဲတခုပြုလုပ်ရန် ဆန္ဒသဘောထားများ ပေးပို့ စေလိုပါသည်၊

နေ့ ရက်၊
။ ၂၀၁၀ ခုနှစ်။ ဇန်န၀ါရီလ ၁၆၊ ၁၇ ရက်။
အချိန်။
။ နံနက် ၉း၃၀ မှ ၁၁ နာရီခွဲအထိ။

နေရာ။
။ Yotsuya ဘူတာ အနီး၊ Hotel New Atani (ယခင် ဗိုလ်သိန်းစိန်တည်းခိုရာ ဟိုတယ်အရှေ့ )လက်ကိုင်ပိုစတာ စာတမ်းအရှည် (၁၀ မီတာခန့် )ပြုလုပ်၍ ကိုင်ဆောင်ဆန္ဒပြရန် ရည်ရွယ်ထားပါသည်။ရွှေဂုံတိုင်ကြေငြာစာတမ်းကို အဓိကဖော်ပြလိုပါသည်။ ဖြစ်နိုင်ပါက ရွှေဂုံတိုင်ထုတ်ပြန်ကြေငြာချက်ကို အင်္ဂလိပ်၊ဂျပန် ၂ဘာသာဖြင့် ဟော်တယ် အတွင်းအထိ သွားရောက်ဖြန့် ဝေနိုင်ရန်ကြိုးစားကြည့်ချင်ပါသည်၊ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အတွက်ဆက်သွယ်ပူးပေါင်းပေးကြပါရန်မေတ္တာရပ်ခံပါသည်၊
ဇန်န၀ါရီလအတွက် ဂျေအေစီ ပုံမှန်အစည်းအဝေး ရက်များမှာ ၁၇ ရက်နှင့် ၃၁ ရက်ဖြစ်ပါသည်၊

ပေးပို့သူ။ ။ ကိုမင်းညိုဝမ်း (MTK)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.