Wednesday, December 15, 2010

0 အလုပ်သမားခေါင်းဆောင်ကိုအေးကြည်(မြောက်ဥက္ကလာ)နိုင်ငံရေးအကျဉ်းသားဟောင်း၏ ဈာပနအခမ်းအနားဓါတ်ပုံ




ဓာတ်ပုံများပေးပို့သော ကိုရွှေနန္ဒအားကျေးဇူးတင်ရှိပါသည်။

Tuesday, December 14, 2010

0 Free Burma's Political Prisoners !( Generation Wave )

၁၉၉၆ နှင့် ၁၉၉၈ ကျောင်းသားလှုပ်ရှားမှုများ အထက်တန်း ကျောင်းသားများ အနေဖြင့်ပါဝင်လှုပ်ရှား ခဲ့ကြသော ဇေယျာသော်(ခ)ကျော်ကျော်၊ အောင်ဇေဖြိုး(ခ)ငြိမ်းနွေ၊ မိုဃ်းသွေး နှင်း မင်းရန်နိုင် တို့မှ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ဆက်လက်ပါဝင် လှုပ်ရှားခဲ့ကြပြီးနောက် အကြမ်းဖက်ဖြိုခွဲမှုကြောင့် အုံကြွမှုခေတ္တငုပ်လျှိုးသွားချိန်တွင် တက်ကြွသော လူငယ်များကိုစုစည်း၍ ဆက်လက်တော်လှန် တိုက်ပွဲဝင်ရန် ရည်ရွယ် ချက်ဖြင့် လူငယ်အဖွဲ့ တခုတည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြပြိး ၂၀၀၇ အောက်တိုဘာလ ၉ ရက်နေ့တွင် Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) စတင်ဖွဲ့စည်းပြီး လှုပ်ရှားဆောင်ရွက်ရာတွင် အခြားသော လူငယ် မျိုးဆက်သစ် အင်အားစုများနှင့်လည်း တသွေးတည်းတသားတည်း လက်တွဲ ပူးပေါင်းခဲ့ပါသည်။ အကြမ်းမဖက်နည်းဖြင့် လှုပ်ရှားမှုများ အဆက်မပြတ် ဖော်ဆောင်ခြင်းဖြင့် ပြည်သူလူထု အတွင်း တော်လှန်ရေး စိတ်ဓာတ် ဆက်လက် ရှင်သန်နေစေရန် ကြိုးပမ်းနေစဉ် ၂၀၀၈ နှင့် ၂၀၀၉ ခုနှစ်အတွင်း အဖွဲ့ဝင် အချို့ ဖမ်းဆီးခံရသော်လည်း ကျန်ရှိသူများနှင့် အဖွဲ.၀င်သစ်များမှဆက်လက်၍ လှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိပါသည်။
၂၀၀၉ ခုနှစ်တိုက်ပွဲဝင်သီချင်းများ by YeThureinMin
Ye Thurein Min

0 ပြည်သူ့ အနုပညာရှင် ကိုဇာဂနာ အကြောင်း ဂုဏ်ပြု တင်ဆက်ရိုက်ကူးထားတဲ့ “This Prison Where I live” မှတ်တမ်းရုပ်ရှင်။


မြင့်မိုရ်မဏ္ဍိုင် (မီဒီယာ) မှ တစ်ဆင့် ပြန်လည် ဖေါ်ပြခြင်း ဖြစ်ပါသည်။
ပေးပို့မျှဝေသော ကိုနစ်နေမန်း(www.niknayman-niknayman.co.cc/)အားကျေးဇူးတင်ရှိပါသည်။

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တရားဝင်ရပ်တည်မှုကို ကာကွယ်ကြ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တရားဝင်ရပ်တည်မှုကိုကာကွယ်ကြ....


အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့တွင် ယနေ့ ( ၁၂-၁၂-၂၀၁၀ )ကနိုင်ငံရေး အခမ်းနားတစ်ခု ကျင်းပခဲ့ပါသည်။ အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ--------

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်……..

- ရွေးကောက်ပွဲကော်မရှင်တွင်တရားဝင် ဥပဒေနှင့်အညီမှတ်ပုံတင်ပြီးခဲ့သော နိုင်ငံရေးပါတီတခုဖြစ်သည်။

- ၁၉၉၀ ပါတီစုံဒီမိုကရေစီရွှေးကောက်ပွဲတွင် ရာခိုင်နှုန်း ၈၀ ကျော်ဖြင့် အနိုင်ရရှိခဲ့ပြီးသော တရားဝင်နိုင်ငံရေးပါတီတခုဖြစ်သည်။

- ယခုအခါတွင် နအဖ စစ်အာဏာရှင်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တရားဝင်ရပ်တည်မှု့ကိုပျက်ပြယ်ရန် ရန်ပြုခြိမ်းခြောက်လာပြီဖြစ်သည်။

ကျွှနုပ်တို့ ဘတ်ဖဲလိုး ဒီမိုကရက်တစ်အင်အားစုများအနေဖြင့် အထက်ဖော်ပြပါ အချက်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တရားဝင်ရပ်တည်မှု့ကို အစွမ်းကုန်ကာကွယ်ရန် တာဝန်ရှိသည်ဟု ယုံကြည်မိပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီဝင်များ၏ ပါတီဖြစ်ယုံမျှမက လူထုပါတီ တခုဖြစ်သည်ဟုလည်း အကြွင်းမဲ့ယုံကြည်သည်။ လွတ်လပ်ရေးကြိုးပမ်းမှု့အချိန်ကာလက ( ဖဆပလ ) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့သည် လူထုရှေ့ဆောင် ၊ လူထုပါတီတခုအဖြစ် တပ်ဦးမှ လွတ်လပ်ရေးကို ရယူရန် ဆောင်ကျဉ်းပေးနိုင်သော ပါတီတခုဖြစ်သကဲ့သို့ .... အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း အမိမြန်မာနိုင်ငံ ဒီမိုကရေစီနှင့်လူ့အခွင့်ရေးလွတ်မြောက်မှု့တိုက်ပွဲတွင် လူထုရှေ့ဆောင်၊ တပ်ဦးပါတီတခုအဖြေစ် ယုံကြည်ထားပါသည်။ ထို့ကြောင့် ကျွှန်ပ်တို့အနေဖြင့် မြန်မာပြည်သူ/ ပြည်သားများအပါအ၀င် နိုင်ငံတကာရောက် ဒီမိုကရက်တစ်အင်အားစုများအား အထူးတိုက်တွန်းလိုသည်မှာ..

- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တရားဝင်ရပ်တည်မှုကိုကာကွယ်ကြ ဟူသောဆောင်ပုဒ်ကို ကိုင်စွဲပြီး ကျွန်ုပ်တို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။


ဘတ်ဖဲလိုး ဒီမိုကရက်တစ်အင်အားစုများ

အမေရိကန်ပြည်ထောင်စု
ကိုမောင်မောင်ဝမ်းအား ကျေးဇူးတင်ပါသည်...။

Monday, December 13, 2010

0 ကမ္ဘာလုံးဆိုင်ရာကျောင်းသားလူငယ်ညီလာခံဖွင့်ပွဲမှာလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ ဖွင့်လှစ်

Sunday, December 12, 2010

0 စစ်ရေးပြမှာလား ဆွေပြမျိုးပြပြမှာလား?


တပ်ချုပ်ကြီးရဲ့မိန့်ခွန်းကိုကြေးမုံသတင်းစာက ၀ိုင်းဝန်းဖယ်ရှား၊ နားမယောင်လေနဲ့သတိထားတဲ့

photo ။ ။ GeneralBoz (mmcp)။ ဒီမိုဝေယံ
စစ်ရေးပြမှာလား ဆွေပြမျိုးပြတာလားတော့ မသိဘူး။ ဗိုလ်အမျိုးမျိုးတွေရဲ့ ရှေ့ဆုံးက ကုလားထိုင်အကောင်းစားတွေပေါ်မှာ တပ်ချုပ်ကြီး မိသားစုတွေက ခန့်ခန့်ကြီးထိုင်လို့။ဟိုးအရင် ဗိုလ်လောင်းသင်တန်းဆင်းပွဲတွေမှာ ဒီလိုအစဉ်လာကောင်းတွေ ရှိခဲ့သလားဆိုတာ သိတဲ့သူများရှိရင် ပြောပြပါဦး။ မြောက်ကိုးရီးယားကိုအားကျပြီး လိုက်အတုခိုးရင်တော့ မြန်မာ့တပ်မတော် ဖွဲ့စည်းပုံအသစ်တွေ ဖြစ်မလာနိုင်ဘူးလို့ ပြောလို့ရပါ့မလား။ အခုက အင်ထရိုသဘောနဲ့ လုပ်ပြနေတာများလားလို့ ...

အဆိုးမြင်ဝါဒီ

မဟူရာ။

0 Absdfဌက္ကဌကိုသံခဲမှDkbaနှင့်အတူလက်တွဲ၍ ပူးပေါင်းတိုက်ပွဲဝင်နေကြောင်းပြောဆို(ရုပ်/သံ)


နယ်စပ်တိုက်ပွဲအတွက် ပံ့ပိုးရန်နိုးဆော်ချက်

0 သောက ကိုနင်းချေ၍ အိပ်မက်တွေကိုတည်ဆောက်မည် -
ရေးသူ-အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)

ယနေ့ကာလမှာမြန်မာပြည်ရဲ့အခြေအနေကိုဒီစာတန်းတွေကနေ တူးဖေါ်ကြည့်ရင်တောင်တွေ့ရမှာပါ။ ရာထူးအာဏာအတွက် ဒီလိုအခန်းတွေထဲမှာမြန်မာလူမျိုးတစ်ယောက် က မြန်မာလူမျိုးတစ်ယောက်ကိုနှိပ် စက်ခဲ့တယ်။သတ်ဖြတ်ခဲ့ပါတယ်။
စစ်ကြောရေးကိုလှည့်ပတ်နည်းတွေကို လက်ဆင့်ကမ်း တစ်ယောက်ထဲကြိတ်မခံ ပဲဖြန့်ဝေ ၊ နံရံပေါ်မှာပဲ အခွင့်အရေးရသူက နံရံပေါ် ၊ စာရွက်ပေါ်မှာအခွင့်အရေးရသူက စာရွက်ပေါ်၊ အင်တာနက်ပေါ် အခွင့်အရေးရသူက အင်တာနက်ပေါ် သူတို့ ရဲ့ရက်စက် ယုတ်မာမှုတွေကို ချပြ။ ဒီယုတ်မာမှုကို ကျော်ဖြတ်နည်းတွေရှာဖွေပြ ရင် ကြုံတွေ့ရတဲ့သောကတွေဟာ အလဟဿမဖြစ်တော့ပါဘူး။

အရှင်ဇ၀န


အဖြစ်အပျက်တွေကို အားလုံးတစုတည်းပြောဖို့မစွမ်းပေမယ့် တခုစီကိုတော့မှတ်မိသမျှ ပြောပြချင်မိတာကတော့အမှန်ပါ။

လူရှင်တို့ မြှုပ်နှံရာသချိုင်းအဖြစ် ဝိဂြိုဟ် ပြုကြပေမယ့် ဒီသချိုင်းထဲမှာ အားမာန်တွေနဲ့ရပ်တည်ခဲ့ပုံ။ တုံးအ သွားအောင် သူတို့ ရက်ရက် စက်စက် ပြုလုပ်ခဲ့ပေမယ့် ချွန်မြအောင်မိမိတို့ အားထုတ်ခဲ့တာတွေက စစ်အာဏာရှင်တို့ကို မင်းတို့ထင်ထားသလို ငါတို့တွေ ဖြစ်မသွားဘူးလို့ တုံ့ပြန်ပြလိုက်တာတွေပါ။

တကယ်ကတော့ လူသားမဆန်စွာဆိုတဲ့ စကားလုံးထက် ပိုပြောင်မြောက်တဲ့ စကားလုံးကို ဆရာကြီးဦးဝင်းတင် သုံးပြသွားပါတယ်။ လူမဆန်စွာ တိရစ္ဆာန်မဆန်စွာ တိရစ္ဆာန်ထက် ဆိုးယုတ် စွာလို့ဆရာကြီး သုံးပြသွားပါတယ်။

တကယ်က ရက်ပေါင်းငါးထောင်ရှစ်ရာကျော် နေထိုင်ခဲ့သူတစ်ယောက်မှာပြောစရာတွေက ရာနဲ့ထောင်နဲ့မက ရှိနေရမှာပါ။

အချိန်ကာလရဲ့ ဝါးမြိုမှူ သောက တို့ရဲ့နင်းချေခံရမှုတွေက အဖြစ်အပျက်တော်တော်များများ ကိုမေ့ပျောက် စေခဲ့ပါတယ်။အမှောင်ခေတ်မှာထောင်ဆိုတာ သူရဲကောင်းတို့ရဲ့ပြတိုက်ဆိုတာကို သဘောတူပါတယ်။

ဒီလိုပြောလိုက်လို့မိမိကိုယ်ကို ဂုဏ်တင်သလိုဖြစ်ခဲ့ရင် ကြွားဝါသူတယောက်ဖြစ်သွားမှာပါ။တကယ်က စာရေးသူဟာ သတ္တိကြောင်သူ တစ်ဦးပါသူရဲကောင်းဆိုတဲ့စကားလုံးနဲ့ လားလားမျှ ထိုက်တန်သူမဟုတ်ပါဘူး။

ဒီလိုမထိုက်တန်တဲ့စကားလုံးကို ဘာလို့များသုံးလိုက် သလဲလို့မေးခဲ့ရင် ကိုယ်က သူရဲကောင်းမဟုတ်ပေမယ့် ကိုယ့်ရှေ့ က ရင်ဆိုင်ပြသွားသူတွေကြောင့် အခွင့်အရေးတွေ မဆုံးရှုံးခဲ့ရတာတွေရှိခဲ့ပါတယ်။ငါတို့တွေဒီလိုနေထိုင်မှ ဖြစ်မယ် ဆိုတဲ့အသိက ကြောက်ကြောက်နဲ့ လူတစ်ချို့ကိုသူရဲကောင်းဖြစ် စေခဲ့ပါတယ်။

ကိုယ် အလှည့်ရောက်တဲ့အခါမှာ ကြောက်စိတ်တွေမွှန်ထူနေပေမယ့် ဒရွတ်တိုက်လိုက်ပါပြီး အကြောက်ဆုံးသူရဲ ကောင်းတွေဖြစ်စေခဲ့ရပါတယ်။ခုဒီစာစုလေးကိုရေးဖို့စိတ်ကူးတဲ့အခါ တချို့ကိစ္စတွေဟာ တဖြေးဖြေးပေါ်လာပါတယ်။

ထောင်ထဲမှာကတော့ နံရံ မှာ နားတွေရှိတယ်လို့ပြောကြပါတယ်။ ဒီစကား ကသူ့နေရာနှင့်သူတော့ ဟုတ်မှန်ပါလိမ့်မယ် ဒီထက်မက ဆိုချင်လို့ပါ။နံရံမှာ နားတွေတင်မက နံရံမှာဇာတ်လမ်းတွေပါရှိနေတယ်။

မျက်မြင်တွေ့လိုက်ရတဲ့အခါမှာဒီဇာတ်လမ်းတွေထဲက တောက်ခေါက်သံ အဲကြိတ်အံတွေကိုပါကြားလိုက်၇လို့ပါပဲ။ရှေးရှေးကပြောကြတဲ့ ဇာတ်လမ်းတွေထဲက ဇာတ်လမ်းတစ်ခုက ပေါ်လာပါတယ်။

ဘုရင်ကြီးဖွဲစားတဲ့ဇာတ်လမ်းပါ။ ဘုရင်ကြီးကသူဖွဲ ခိုးစားတာကို သိထားမြင်ထားတဲ့သူတစ်ဦးကို ခြိမ်းခြောက်ပြီး ဘယ်သူမှမပြောဖို့ တားမြစ်တဲ့ဇာတ်လမ်းပါ။ အောင့်ထား၇တာကြာတော့မနေနိုင်တော့ပဲ သစ်ခေါင်းထဲ ခေါင်းးထည့်ပြီး ဘုရင်ကြီးဖွဲတွေစားတယ်လို့ ရင်ဖွင့်ပါလေရော။

ရင်ဖွင့်သူကအောင့်ထာူးရတာတွေအံထုတ်လိုက်ရလို့ပေါ့သွားမှာပါ။ ဘုရင်ကြီးအတွက်စည်တော်ထုလုပ်ဖို့ ဒီအခေါင်းရှိတဲ့သစ်သားကိုရွေးပြီး ထုလုပ်တဲ့အခါ စည်တော်သံမထွက်ပဲ ဘုရင်ကြီးဖွဲတွေ စားတယ်လို့ အသံကြီးထွက်လာဒီတော့မှ ဆိတ်ကွယ်ရာမရှိဘူးဆိုတဲ့ အကြောင်း ဘုရင်ကြီးလက်ခံသွားတဲ့အကြောင်းကိုပါ။

ဒီနေ့ခေတ်ကြီးမှာ စစ်အာဏာရှင်တွေဟာ လူမဆန်စွာ တိရစ္ဆာန်မဆန်စွာ တိရစ္ဆာန်ထက်ဆိုးစွာ ရက်စက်ယုတ်မာ ခဲ့ကြ ပါတယ်။ဒီယုတ်မာမှုတွေကို ဘယ်သူကိုမှမသိစေချင်ကြပါဘူး။ သူတို့ဆိုးဝါးပက်စက်ခဲ့မှုကို လူမသိဖို့ ဖုံးကွယ်မှုအမျိုးမျိုးနဲ့ ဖုံကွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။

ဒါပေမယ့်သူတို့ရဲ့ မတရားမှုကြီးဟာ တစ်ခုပြီးတစ်ခုဗူးပေါ်သလိုပေါ်လာခဲ့ပါတယ်။ မတရားမှုတစ်ခုပေါ်လာတိုင်း စစ်အာဏာရှင်တွေကိုချည်နှောင်ဖို့ ကြိုးတစ်ချောင်း ပေါ်ထွက်လာသလိုပါပဲ။

နံရံပေါ်မှာဇာတ်လမ်းတွေရှိပါတယ်။ လူမသိသူမသိပေမယ့်တကယ်ရှိခဲ့ပါ တယ်။ ဒီဇာတ်လမ်းတွေမှာ ကြည်နူးစရာမပါ ပါဘူး။

ဒီလိုဇာတ်လမ်းမျိုးတွေ အာဏာရှင် တွေရဲ့သက်တမ်းတလျှောက် အမြောက်အများ ဖြစ်တည်ခဲ့တာပါ။ ရေပတ်လည်ဝိုင်းနေတဲ့ နေရာမှာသွားထားခဲ့ ။ဒါပေမယ့်ကျွန်းတိုက်ပွဲဆိုတာဟာတက်ကြွသူတွေ နိုင်ငံရေးသမားတွေရဲ့စံပြုစရာ နမူနာယူစရာသင်ကြားစရာအဖြစ်ပေါ်ထွက်ခဲ့တာပါပဲ။

တံခါးတွေလုံအောင် ပိတ်ခဲ့။ဒါပေမယ့် ဘာလဲဟဲ့ လူ့ငရဲ ဆိုတာ ထွက်လာတာပါပဲ။

လူမသိစေချင်တဲ့ နအဖ စစ်အာဏာရှင်တွေအတွက်ဖေါ်ထုတ်ပေးမည့်သူတွေက ဒုနဲ့ဒေးပါ။

သူတို့ရဲ့လျှို့ဝှက်စီမံကိန်းကြီး တွေဟာ တခုပြီးတခု ရှေ့ကဖုံးလို့နောက်ကပေါ်တွေချည်းပါပဲ။ခုလဲ ဘယ်သူမှမသိစေချင်လို့သော့အထပ်ထပ်ခတ်ထားတဲ့ထဲကဇာတ်လမ်းတွေဟာ တခုပြီးတခုထွက်ပေါ်လာပါပြီ။ဒီလို သော့ခလောက်တွေရဲ့နောက်ကွယ်က ဇာတ်လမ်းတွေကိုသာ တစုတစည်းထဲ စုလို့ ရခဲ့ရင် မဆုံးနှိုင်တဲ့ အံကြိတ်သံ တောက်ခေါက်သံတွေကိုကြားကြရမှာပါ။

စစ်ကြောရေးဆိုတာ တကယ်က ငရဲခန်းပါ။ ဒီငရဲခန်းထဲရောက်ခဲ့ရက်တွေထဲက မှတ်မိသမျှလေးတွေရှိနေပါတယ်။

ရေးမှာက ကိုယ့်အကြောင်းမဟုတ်ပါဘူး။ကိုယ်ကြုံတွေ့ခဲ့သမျှတွေထဲက ဇာတ်လမ်းတွေကိုရေးမှာပါ။စစ်ကြောရေးခန်းမှာ အထောင်းအထု ခံပြီးတော့ အချုပ်ခန်းထဲပြန်ပို့ပါတယ်။ အိပ်မပျော် နေမထိ ထိုင်မသာ ဖြစ်နေတော့ ထလမ်းလျှောက်ပါတယ်။

ရေနံချေးဝနေတဲ့ သစ်သားတန်းတွေပေါ်က စာတန်းတွေက လူကိုဆွဲဆောင်ပါတယ်။ရေးတဲ့သူက သူ့ခံစားချက်တွေကိုရေးထားတာပါ။ ကိုယ့်ရဲ့ခံစားချက်ကိုထုတ်ဖေါ်ဖို့ဆိုတာလူတိုင်းလုပ်ချင်တဲ့ကိစ္စပါ။

ဒါဟာလူသားတွေရဲ့မွေးရာပါအခွင့်အရေးလို့တကမ္ဘာလုံးကသဘောတူလက်ခံထားတာပါ။ဒီအခွင့်အရေးကိုပိတ်ပင်သူတွေကတော့ လူကို လူလိုမနေစေချင်သူတွေဖြစ်ပါနေတာပါ။ဘယ်လိုပဲပိတ်ထားပိတ်ထား လူကတော့၇တဲ့နေရာကနေ လူဟာသူရဲ့ခံစားချက်ကိုဖွင့်ထုတ်မှာပါပဲ။

ခုလဲငရဲခန်းထဲကခနအနားရလာတဲ့ သူတွေဟာ ဒီနံရံထက်မှာ နှီးစ ဖျာစလေးတွေနဲ့ သူတို့ရဲ့ ဝေဒနာတွေကို အံထုတ်ထားကြပါတယ်။ ဒီတော့မှကိုယ့်ရှေ့က ရောက်နှင့်နေကြသူတွေရဲ့ဖြတ်သန်းသွားခဲ့မှုတွေကို သဘောပေါက်လိုက်ရတယ်။

အံထုတ်စရာရှိအံထုတ်လို့ရတဲ့နေရာဟာ ရှိပြီသားဆိုတာကိုပါတွေ့မြင်လိုက်ရတယ်။ တချို့ကတော့ နာမည်နဲ့ ရောက်တဲ့ရက်လောက်ပဲ ရေးထိုးထားကြတာပါ။

တချို့ကတော့ ရင်ထဲက ပွင့်လာတဲ့ စကားတွေဖြစ်နေတာတွေ့ရတယ်။ မြန်မာအချင်းချင်းဘာလို့ဒီလောက် ရက်စက်ရတာ လဲ လို့ ရေးထားတဲ့ဟာတန်းမျိုးကြတော့ စာလုံးလေး ဆယ့်လေးလုံးလောက်ပေမယ့် ဖတ်ရသူ၇င်ထဲက အသည်းတွေကို အပ်နဲ့လာအထိုးခံရသလိုကို ဖြစ်သွားစေတယ်။

ယနေ့ကာလမှာ မြန်မာပြည်ရဲ့အခြေအနေကို ဒီစာတန်းတွေကနေတူးဖေါ်ကြည့်ရင်တောင်တွေ့ရမှာပါ။ရာထူးအာဏာအတွက် ဒီလိုအခန်းတွေထဲမှာမြန်မာလူမျိုးတစ်ယောက် က မြန်မာလူမျိုးတစ်ယောက်ကိုနှိပ် စက်ခဲ့တယ်။သတ်ဖြတ်ခဲ့ပါတယ်။

သတ်တဲ့သူတွေကတော့ သူတို့ရဲ့ရာထူးအာဏာတည်မြဲရေးအတွက် သတ်ကြတာပါ။ အသတ်ခံရသူတွေကကော အသတ်ခံရသူတွေကတော့ ကိုယ်ကျိုးစီးပွားဆိုတာလုံးဝကိုမပါပါဘူး။

ငါဒီလိုပေးဆပ်လိုက်ရလို့ ဒုက္ခရောက်နေသူတွေ ဒုက္ခတွင်းထဲက ဆွဲထုတ်ပေးတဲ့ကိစ္စကို လုပ်နေတာလို့ကိုယုံကြည်ထားကြတာပါ။

တချို့ကအိမ်အလွမ်းစိတ်တွေကို ဖွင့်ထုတ်ထားကြတယ်။ တချို့ကတော့မကြာခင်အချိန်ပိုင်းလေးကမှ ထုထောင်းလွတ်လို့ ခံလာရတဲ့ဝေဒနာကကိုယ်ပေါ်ကနေ နံရံပေါ်ရွှေ့ထားကြတယ်။

“ ဟေ့ မင်းတို့ကိုတသက်မကြေဘူးကွ” အံကြိတ်သံတွေကိုပါကြားလိုက်ရသလိုပါပဲ၊

ဒီစာတန်းကိုရေးထိုးသွားတဲ့ ရဲဘော်ဟာ သူ့ရဲ့နာကျင်မှုတွေကို နောက်တစ်ယောက်ကိုကြားအောင် အော်လိုက်နှိုင်ပါတယ်။

အတိတ်ဆိတ်ဆုံးစကားလုံးတွေက အကျယ်လောင်းဆုံးသော မြည်ဟိန်းသံကို ပေးလိုက်ပါတယ်။

ခုဒီ ရဲဘော်ရဲ့ တောက်ခေါက်သံကို နောက်တစ်ယောက် ပြီး နောက်တစ်ယောက်ကြားအောင်ခု လုပ်လိုက်နှိုင်နေပါပြီ။

ဆရာကြီးဦးဝင်းတင်ရဲ့ စာအုပ်ဖတ်ပြီးတော့ ရလာတဲ့ အသိတစ်ခုရှိတယ်။ ထောင်ဝင်စာခန်းထဲချောင်ကြိုချောင်ကြားကတွေ့တဲ့ စာရွက်စလေးက ရတဲ့ အမြင်တစ်ခုကို ဆရာကြီးက လက်တွေ့အသုံးချပြသွားတယ်။

ကိုယ့်ခံစားချက်ကို စာရွက်တစ်ပေါ်မှာရေး နောက် တနေရာမှာချထားခဲ့ ကိုယ်လို ဘဝတူတစ်ယောက်ယောက်က တွေ့လို့ ဖတ်မိသွားရင် ကိုယ်ံရဲ့ရည်ရွယ်ချက်အောင်မြင်တယ်။ဒီအသိအမြင်သာ စောစော ထောင်မကျခင်ကသိရှိခဲ့ရင် ဒီနံရံမှာ စာတန်းတွေ အများးကြီးရေး ခဲ့မိမှာပဲ။

ဒါပေမယ့်  ရှေ့ကလူတွေလို စာတန်းလေးတချို့ကိုတော့ရေးထားခဲ့နှိုင်ပါတယ်။ ကဗျာလေးတချို့နဲ့ ဒဏ်ရာတွေကို ဖြေပါတယ်။ သူတို့က သူတို့သမိုင်းကို ကြိမ်လုံးကိုင် ကျင်စက် ကိုင်ပြီး ရေးထိုးနေကြသလို ကိုယ်တွေကလည်း ကိုယ့်သမိုင်းက ကျောနဲ့ရင်းပြီး ရေးနေကြတာပါပဲ။ နိုင်ငံရေးလုပ်တယ် ဆိုတာ ထောင်နဲ့ ရင်းပြီးလုပ်ကြရတာပါ။

စစ်ကြောရေးခန်းနဲ့ရင်းပြီးလုပ်ကြရတာပါ။ ခုခေတ်ကြီးမှာ နိုင်ငံရေးလုပ်မည့်သူများ ကြိုတင်သိထားသင့်တဲ့ အရာတွေ ကြိုသိထားမယ်ဆိုရင်ဖြုန်းကနဲရင်ဆိုင်တိုးတဲ့အခါမှာ အဆင်သင့်ဖြစ်နေမှာပါ။

ခုနကပြောသလို စစ်ကြောရေးခန်းနံရံတွေက ရေနံချေးဝနေတဲ့သစ်သားတွေပေါ်ရဲ့ အပေါ်မှာသာ နာရီပိုင်းအတွင်းက ကိုယ့်ကို ယ်တိုင်ကြုံတွေ့တာတွေကို ရေးထိုးထားမယ်ဆို နောက်တစ်ယောက်အတွက် ရှောင်ရရှားရမှာကို လက်ဆင့်ကမ်းပြီးသားဖြစ်သွားမှာပါ။

သူတို့တွေက ငရဲခန်း လုပ်ထားပေမယ့် ငါတို့တွေက ဒီအခန်းကျဉ်းလေးကို စာသင်ခန်းကြီးလုပ်လိုက်တယ်ဟေ့လို့ အံတုပြီးသားဖြစ်သွားမှာပါ။

သူတို့ရဲ့ညှင်းပမ်းနှိပ်စက်ခန်းဟာ ငါတို့တွေ အတွက်သင်တန်းခန်းမကြီး ဆိုတာ ရဲဘော်တိုင်းက သိထားရပါမယ်။ ဘယ်လိုပဲ ရက်စက်ရက်စက် ဒီနှိပ်စက်မှုတွေကိုခံနှိုင်တဲ့ နည်းလမ်းကို ငါတို့ရှေ့က ရဲဘော်တွေကပြောပြသွားခဲ့တယ်ဆိုတာသိထားရပါမယ်။

အမှတ်တမဲ့ ပဲဖြစ်ဖြစ် အမှတ်တရပဲဖြစ်ဖြစ် ရေးထိုးခဲ့တာတွေထဲက ပြန်လည်ဖေါ်ထုတ်မိတဲ့အချက်ကလေးတချက်ဟာ စစ်အာဏာရှင်တွေကို သမာသမတ်ကျတဲ့ တ၇ားစီရင်ရေး ရှေ့မှောက်မှာ ချည်နှောင်မည့် ကြိုးတစ်ချောင်းဖြစ်နေတယ်ဆိုတာ ယူံမှားသံသယ ဖြစ်စရာ မရှိပါဘူး။

အာဏာရှင်ဟာ သူ့ရဲ့ယုတ်မာတဲ့ လက်နက်ကို အစွမ်းကုန်အသုံးချလို့ သူတို့တည်မြဲရေးကို ဘယ်လိုပဲလုပ်ဆောင်လုပ်ဆောင် လုပ်ဆောင်ချက်တိုင်းဟာ ကိုယ့်သေတွင်းကိုယ်တူးနေမှန်း စစ်ပြိတ္တာတွေကို သိစေရပါမယ်။

စစ်ကြောရေခန်းကရရှိတာက ဒဏ်ရာတွေ ဝေဒနာတွေပါ။ ဒါတွေကို သောက အဖြစ်သာထားရှိမယ်ဆိုလျှင် အလဟဿဖြစ်သွားမှာပါ။

ဖတ်ကျော်ဦးမည့်မြန်မာပြည်ရဲ့ သူရဲကောင်းတွေဆီကိုသောက ကိုအံကြိတ်ခံနည်း။

စစ်ကြောရေးကိုလှည့်ပတ်နည်းတွေကို လက်ဆင့်ကမ်း တစ်ယောက်ထဲကြိတ်မခံ ပဲဖြန့်ဝေ ၊ နံရံပေါ်မှာပဲ အခွင့်အရေးရသူက နံရံပေါ် ၊ စာရွက်ပေါ်မှာအခွင့်အရေးရသူက စာရွက်ပေါ်၊ အင်တာနက်ပေါ် အခွင့်အရေးရသူက အင်တာနက်ပေါ် သူတို့ ရဲ့ရက်စက် ယုတ်မာမှုတွေကို ချပြ။ ဒီယုတ်မာမှုကို ကျော်ဖြတ်နည်းတွေရှာဖွေပြ ရင် ကြုံတွေ့ရတဲ့သောကတွေဟာ အလဟဿမဖြစ်တော့ပါဘူး။

သောကတွေကိုတန်ဘိုးရှိရှိ အသုံးချလိုက်တာပါ။ဒါဟာသောကကိုနင်းချေလိုက်တာပါ။ခရီးအတွက်ပြင်ဆင်လိုက်တာပါ။

အရှင်ဇဝန
နိုင်ငံရေးအကျဉ်းသားဟောင်း

0 Julian Assange: Why the world needs WikiLeaks


View subtitles barကိုနှိပ်ပြီး စာသားနဲ့တကွနားထောင်ကြည့်နိုင်ပါတယ်။

0 မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၁)

ဗီအိုအေ၊ ၂၀၁၀ ဒီဇင်ဘာ (၁၂)။

တပ်မှူးတပ်သား ပြောစကား (၀၃၈)


မြန်မာစစ်အစိုးရမှာ ‘အဏုမြူလက်နက်တွေထုတ်လုပ်မယ့် နျူးကလီးယားစီမံကိန်း’ ရှိနေတယ်ဆိုတဲ့ အထောက်အ ထားတချို့ကို ယူဆောင်ပြီး၊ ပြည်ပကိုထွက်ခွါလာခဲ့သူကတော့ မြန်မာ့တပ်မတော်မှာ စစ်အင်ဂျင်နီယာအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းပါ။ တပ်မတော်နည်းပညာ တက္ကသိုလ် DSTA ဗိုလ်သင်တန်း အပတ်စဉ်(၁)က ကျောင်းဆင်းခဲ့ပြီးတော့၊ ရုရှနိုင်ငံမှာ
ဒုံးကျည်ဆိုင်ရာစက်မှုလက်မှုဘာသာရပ်နဲ့ မဟာသိပ္ပံဘွဲ့ ရယူ ခဲ့သူ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းရဲ့ ပြောကြားချက်တွေကို ဒီသီတင်းပတ် ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ် စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ် တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူး စိုင်းသိန်းဝင်းခင်ဗျာ။ နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကို ကျနော်တို့ ကို အရင်ဆုံး ပြောပြပေးပါ ခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော် အမှတ်(၁) သိပ္ပံနှင့်နည်းပညာဆိုင်ရာပစ္စည်းထုတ်လုပ်ရေးအလုပ် ရုံမှာ တာဝန် ထမ်းဆောင်ခဲ့ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီ စက်ရုံက ကျနော်တို့ ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) နဲ့ မဆိုင်ဘူးပေါ့ နော်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကပစ နဲ့ မဆိုင်ပါဘူး။ သူက “တပ်မတော် သိပ္ပံနှင့် နည်းပညာ သုတေသန ဌာနချုပ်” ရဲ့ လက်အောက်ခံတပ် ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးတို့ ခေါ်ကြတာ “သသန” ဆိုတဲ့ဟာလား မသိဘူး။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အတိုကောက် သသန လို့ခေါ်ပါတယ်။ ကျနော်တို့ စက်ရုံကိုတော့ အတိုကောက် သနလ (၁) လို့ ခေါ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အရှည်က ဘယ်လိုပါလဲခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ သိပ္ပံနှင့်နည်းပညာဆိုင်ရာပစ္စည်းထုတ်လုပ်ရေး အလုပ်ရုံပါ။

ဦးရော်နီညိမ်း။ ။ သသန က အရာရှိချုပ်လား ဒါမှမဟုတ် ညွှန်ကြားရေးမှူးလား မသိဘူးခင်ဗျ၊ နေပြည်တော် စစ်ရုံးမှာ ထိုင်တာလေ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဌာနချုပ်မှူးလို့ ခေါ်ပါတယ် ခင်ဗျ။ တပ်မတော်သိပ္ပံနှင့်နည်းပညာသုတေသနဌာနချုပ်၊ ဌာနချုပ်မှူး ပါခင်ဗျ။

ဦးရော်နီညိမ်း။ ။ Major General post နဲ့ တူတယ်နော်။ ဗိုလ်ချုပ် post နဲ့တူတယ်။

ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ်ခင်ဗျာ Major General ပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲဒီတော့ ဗိုလ်မှူး မြန်မာနိုင်ငံထဲကနေ ထွက်လာတာကိုတော့ အားလုံးက သိ ထားပြီးပြီပေါ့ နော်။ ဗိုလ်မှူးပြောတဲ့ ဒီ Al Jazeera နဲ့ ပြီးခဲ့တဲ့ ဇွန်လတုန်းက လွှင့်ထုတ်ခဲ့တာတွေ၊ ဗိုလ်မှူး ယူလာ တဲ့ ပစ္စည်းတွေကို စစ်ဆေးပေးတဲ့ Robert Kelley ၊ IAEA (ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်တဲ့ နိုင်ငံတကာ အနုမြူစွမ်း အင် အေဂျင်စီ International Atomic Energy Agency) ကတာဝန်ရှိ
လူကြီးဟောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ Mr. Kelley ရဲ့ပြောပြချက်တွေနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံထဲမှာ မြန်မာစစ်အစိုးရဟာ အနုမြူဗုံး အနုမြူလက်နက်အ ထိထုတ်လုပ်ဖို့ ကြံစည်နေတယ်ဆိုတဲ့ အထောက်အထားတွေကို ဗိုလ်မှူး ရနိုင်သလောက်ယူလာခဲ့တယ်လို့ ကျနော် တို့က နားလည်သဘောပေါက်ထားပါတယ်။ အဲဒါတွေကိုလည်း ဒီ Robert Kelleyနဲ့ စစ်ဆေးပြီးတော့ ကမ္ဘာက သိ အောင် ထုတ်ဖော်ပြောကြား
ပြသတယ်ပေါ့နော်။ အခု ဗိုလ်မှူးနဲ့ပတ်သက်ပြီးတော့ ဒီဇင်ဘာလ(၆)ရက်နေ့က မြန်မာ သတင်းစာထဲမှာ ပါပြီးတော့၊ အမေရိကားက PBS(Public Broadcasting Service) အသံလွှင့်ဌာနနဲ့ သြစတြီးယား (Austria) က ProPublica မဂ္ဂဇင်းတွေကနေ ရေးသားကြတဲ့ကိစ္စမှာ၊ ဗိုလ်မှူးရဲ့ ပြောကြားချက်တွေကို ထပ်ဆင့်ပြီး တော့ Robert Kelley ရဲ့ထောက်ခံချက်တွေကို သူတို့က ပယ်ချပြီး ပြောပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျနော် တို့ အသေးစိပ်
မသွားခင်မှာ ဗိုလ်မှူးအနေနဲ့ ခြုံငုံပြီးတော့ ဘာများ ပြန်ပြောချင်ပါသလဲ ခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ရှေ့နေကောင်းလို့ရှိရင် ဘယ်အမှုပဲဖြစ်ဖြစ် ကွင်းလုံးကျွတ် လွတ်မယ် ဆိုတဲ့ ပုံစံမျိုးတော့ မရှိပါဘူး ခင်ဗျ။ အခု သူတို့ PBS၊ ProPublica ကနေပြီး ပြန်ချေပတာကတော့ ချေပတာပေါ့။ ဒါပေမယ့် ဒီအဖြစ်မှန်ကို သိတာက ကျနော် တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားလူတွေ ရာနဲ့ ထောင်နဲ့ ချီပြီးရှိပါတယ်။ နောက်ထပ် လူသက်သေပစ္စည်းသက်သေ ထွက်လာဖို့
ရှိပါတယ်။ အခု ProPublica ကနေပြီးတော့ ဒါကို မှားတယ် လို့၊ သူတို့က “Robert Kelley မှားတယ်၊ ကျနော်မှားတယ်” ဆိုပြီးတော့ ပြောထားတဲ့ဥစ္စာလေးတွေကတော့၊ သူတို့ အနေနဲ့ ကောက်ချက်ချတာ စောတယ်လို့ပဲ ကျနော်ကတော့ သုံးသပ်ပါတယ်။

ဦးရော်နီညိမ်း။ ။ နောက်တစ်ခုက ကျနော်တို့က စဉ်းစားရတာပေါ့လေ၊ ဆိုလိုတာက Robert Kelley နဲ့ ဗိုလ်မှူးစိုင်းသိန်းဝင်းတို့ ပြောဆိုထားချက်တွေကို ဟုတ်မဟုတ်စစ်ဆေးဖို့ ဆိုပြီးတော့ IAEA မှာ တာဝန်ထမ်းဆောင် ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေလည်း ပါတယ်လို့ ဆိုတယ်။ နောက်တခါ ဗိုလ်မှူးယူလာတဲ့ ဓါတ်ပုံထဲမှာပါတဲ့ စက်ကြီးတွေနဲ့ပတ် သက်ပြီးတော့ “ဒါဟာ အနုမြူဗုံးလက်နက်စီမံကိန်းမှာ
သုံးတာ မဟုတ်ဘူး။ ဂျာမန်အစိုးရပိုင်းကလည်း သူတို့ ဒီစက် တွေကို စစ်ဆေးပြီးသားပါ” ဆိုတဲ့ဟာမျိုး ပြောသွားတာတွေ ရှိတယ်ပေါ့နော်။ ဆိုတော့၊ အဲဒါတွေကကော အဲဒီမှာ ပြောတဲ့ပုဂ္ဂိုလ်ပေါ့နော်၊ သူလည်းပဲ အရင်တုန်းက IAEA ရဲ့ ဒုညွှန်ကြားရေးမှူးဟောင်း ဖြစ်ခဲ့ဖူးတဲ့ Olli Heinonen ရဲ့ပြောဆိုချက်၊ သူတို့ရဲ့ပါတဲ့ ဆောင်းပါးနဲ့ပတ်သက်ပြီးတော့ specifically ပေါ့နော် ကျနော်ပြန်ပြီး
မေးကြည့်ချင်ပါ တယ်။ အဲဒီစက်နဲ့ပတ်သက်ပြီးတော့ ဗိုလ်မှူး ဘာပြောချင်ပါသလဲ ခင်ဗျ။ ဒီစက်ကြီး ရောက်လာတဲ့အချိန်မှာ ဒီစက် ကြီးကို run လုပ်တာတို့ စစ်ဆေးတာတို့ကို ဗိုလ်မှူးနဲ့ အတူ ပါရှိနေတဲ့ဟာကိုပါ ကျနော်တို့ဒီ Al Jazeera ရုပ်မြင်သံ ကြားမှာ မြင်ခဲ့ရတယ်လေ။

(Al Jazeera ရုပ်မြင်သံကြား။ ။ Myanmar's Military Ambitions

http://english.aljazeera.net/programmes/general/2010/05/201053110470990951.html)

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ CNC စက်တွေပါခင်ဗျ၊ အတိုကောက် ပြောမယ်ဆိုရင်တော့။ Computerized Numerical Control (ကွန်ပျူတာကိန်းဂဏန်းများဖြင့် ထိန်းချုပ်သည့် တွင်ခုံစက်တစ်မျိုး)။ အဲဒီ စက်တွေက Turning & Milling တွင်ခုံ (ကွန်ပျူတာဖြင့် တွင်ခုံလုပ်ငန်း ပြုလုပ်ခြင်း) အမျိုးအစားတွေပါပဲ။ အဓိက သူ အားသာတာကတော့ design တွေကို၊ ကွန်ပျူတာထဲမှာ graphic design တွေကို အရင်ဆုံး ပုံစံ model တွေ ကို
တည်ဆောက်ပြီးတော့ အဲဒီအပေါ်မှာမူတည်ပြီး program ဆွဲ၊ ဆွဲပြီးရလာတဲ့ program တွေကို စက်မှာ ပြန်ပြီး ခိုင်းစေလို့ရတယ်ပေါ့။ အဲဒီသဘောမျိုးပါ၊ အဲဒီစက်တွေက အဓိကကတော့ ဘယ်လိုပစ္စည်းမျိုးကိုမဆို ပေါ့နော်။ လုပ် နိုင်တဲ့ စက်တွေပါပဲ။ ဒါတွေက နျူကလီးယားဗုံး လုပ်မယ့်စက်တွေ rocket လုပ်မယ့်စက်တွေလို့ သွားပြောလို့တော့ မရဘူးပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဆိုလိုတာက ထုတ်လုပ်ချင်တဲ့ ပစ္စည်းမျိုးကို ဘယ်ပစ္စည်းမျိုး ထုတ်လုပ်မယ်ဆို တာ အရင်ဆုံး designဆွဲပေးတဲ့နေရာမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးတော့ အထောက်အကူပေးတဲ့ စက်ပစ္စည်း မျိုး သဘောပါလား ခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ကျနော်တို့ ဒါ Machine Shop (စက်ပစ္စည်း အလုပ်ရုံ) ဆိုတော့ ဒီ စက်ရုံကနေထွက်တဲ့ ပစ္စည်းတွေဟာ ကားအစိပ်အပိုင်းတွေလည်း ဖြစ်နိုင်တယ်။ ကားအစိပ်အပိုင်း ဖြစ်သွားမယ် ဆို ရင်လည်း ကားပစ္စည်းထုတ်လုပ်ရေး စက်ရုံပေါ့။ မီးရထားနဲ့ဆိုင်တဲ့ ပစ္စည်းတွေထုတ်မယ်ဆိုလည်း ဒါ မီးရထား စက် ပစ္စည်းဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေးစက်ရုံပေါ့။
ကျနော်တို့က rocketအတွက် သုံးမယ်ဆိုရင်လည်း rocketအတွက် ပစ္စည်းတွေကို ထုတ်လုပ်ပေးတဲ့ စက်တွေလို့ပဲ ကျနော်တို့ အကြမ်းဖျဉ်းပြောလို့ ရမှာပေါ့။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးက ရုရှနိုင်ငံမှာ သင်ယူလာခဲ့တာက rocket နဲ့ ပတ်သက်တာ ဒုံးကျည်ပေါ့ နော်၊ အခု ပြောနေတဲ့ အတိုင်းဆိုရင်။

ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဒီဒုံးကျည်ပညာနဲ့ ပတ်သက်လို့ရှိရင် အခုသူတို့ပြောနေတဲ့ ဂျာမနီက ၀ယ်ယူလိုက် တဲ့ စက်ကြီးဟာ ဒုံးကျည် rocketနဲ့ ပတ်သက်ဖို့ရာအကြောင်း မြင်ပါသလား။ ဗိုလ်မှူးရဲ့ သင်ကြားတတ်မြောက်လာ တဲ့ ပညာအရရော၊ ကိုယ်ကိုယ်တိုင် လုပ်နေရတဲ့ အတွေ့အကြုံအရရော၊ အဲဒီအချိန်တုန်းက။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ အဓိကရည်မှန်းချက်ကတော့ ဒီ rocket engine ရဲ့ အစိပ်အပိုင်းတွေကို ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း စက်သာ အပြည့်အ၀ရလာခဲ့မယ်ဆိုရင်၊ ကျနော်တို့ လုပ်ချင်တဲ့ အစိပ် အပိုင်းကို အပြည့်အ၀ လုပ်နိုင်မှာပေါ့။ အခုဟာက ကျနော်တို့ ၀ယ်လာတဲ့စက်တွေမှာ control ပိုင်းဆိုင်ရာ တစ်ချို့ module တွေကို ဖြုတ်ချထားတာရှိတယ်။ (modular = မတူညီတဲ့
ယူနစ်များစွာနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတစ်ခု။ module = modular ထဲက ယူနစ်တစ်ခု။ အစိပ်အပိုင်းများစွာပါဝင်တဲ့ ပစ္စည်းတစ်ခုထဲက အစိပ်အပိုင်းပါ။ ဥပမာ modular က ‘အိမ်’ ဆိုလျှင်၊ ဧည့်ခန်းဟာ အိမ်ထဲက module တစ်ခု)။ ဒီ ဂျာမန်ကုမ္ပဏီ ကနေပြီးတော့ sanction (အနောက်နိုင်ငံများ၏ မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့ ဒဏ်ခတ်မှု) ကြောင့်မို့လို့ ပိတ်ထားတဲ့ အစိပ်အပိုင်း တွေပေါ့ဗျာ။ အဲဒီ
အစိပ်အပိုင်း၊ အထူး special အစိပ်အပိုင်းတွေကို သူတို့က ထည့်မပေးလိုက်ဘူး။ အဲဒီ control unit တွေကိုပေါ့။ အဲဒါတွေကိုလည်း ကျနော် တခါက သူတို့ရဲ့ technician ကို ကျနော်မေးကြည့်တယ်။ 5 axis control ကို ဘာလို့ မရောင်း တာလဲလို့မေးတော့ အဲဒီ စင်္ကာပူ technician က ဘာပြောသလဲဆိုတော့၊ “မင်းတို့ အောင်ဆန်းစုကြည်ကိုလွှတ်ပေးမှ ရောင်းမယ်”တဲ့။ အဲဒီလိုမျိုး ကျနော်တို့ ကိုပြောလိုက်တာတော့၊ တခါ ကြားလိုက်
ပါတယ်။ (5 axis control = 5 axis CNC machines တွေရဲ့ control ပိုင်းများ။ မျက်နှာပြင် (၅)ခုမှာ ရွေ့လျားနိုင် တဲ့ 5 axis CNC machines မှာ၊ ပုံမှန် machine တွေထက် axis နှစ်ခု အပို ပါဝင်သည်။ ဥပမာ X axis - ဘယ် နှင့် ညာ ၊ Y axis - အရှေ့ နှင့် အနောက်၊ Z axis - အပေါ် နှင့် အောက်၊ A axis - horizontal plane မှာ နာရီလက်တံ နှင့် နာရီလက်တံ ပြောင်းပြန် လည်ခြင်း၊ B axis - vertical plane မှာ နာရီလက်တံနှင့် နာရီလက်တံ ပြောင်းပြန် လည်ခြင်း တို့ဖြစ်ပါတယ်။)

ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲဒါက ကားတွေ ၀ယ်လို့ရှိရင် basic အခြေခံပါရမယ့် ပစ္စည်းတွေနဲ့ ရောင်းတာ က တစ်ဈေး၊ ပြီးတော့ ကားထဲမှာ ဒီလိုမျိုး ဟောင်းလောင်းအပေါက်ကလေးတွေ အများကြီးပဲ၊ ကိုယ်က နောက်ထပ် တစ်ခုoption ဟိုဟာထပ်ထည့်ချင်တယ် ဒီဟာ ထပ်ထည့်ချင်တယ် ဆိုရင်၊ အဲဒီအခါကျမှ ထပ်ပြီးထည့်လို့ရအောင် fix လုပ်လို့ရအောင် လုပ်ထားတဲ့ နေရာလေးတွေ ရှိတယ်။ အဲဒီတော့ အဲဒီ
စက်မှာလည်း ဗိုလ်မှူး ပြောတဲ့အတိုင်းဆို ဒီသဘောမျိုးပဲပေါ့။ ခုနပြောတဲ့ နောက်တဆင့်၊ ဒုံးကျည်ထုတ်လုပ်တဲ့အဆင့်ထိ လုပ်ရမယ့်နေရာမျိုးထည့်မယ်ဆိုရင် လည်း၊ အဲဒီဟာမျိုး အဲဒီ programမျိုးထည့်မယ်ဆိုရင်လည်း၊ အဲဒီ programမျိုး ထည့်ဖို့အတွက် ကျနော်တို့ အရပ် စကားနဲ့ ပြောမယ်ဆို နေရာလပ်တွေတော့ ချန်ထားတဲ့ စက်မျိုးပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ အဲဒီ သဘောပါပဲ။ ဟုတ်ကဲ့။

ဦးရော်နီညိမ်း။ ။ ခုနက စင်္ကာပူကagentက တဆင့်ပြောလိုက်တာက “မင်းတို့ဆီကဒေါ်အောင်ဆန်းစုကြည် ကို မင်းတို့စစ်အစိုးရက လွှတ်ပေးမှ တို့က ရောင်းမှာပေါ့ကွ” ဆိုတဲ့သဘောမျိုးပြောတာက၊ ဒါကတော့ သူက informal ပေါ့နော်၊ အလွတ်သဘော ပြောတာနဲ့ တူပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ်။ informal သဘောမျိုးပါပဲ။ သူကလည်း ဒီလောက် အဆုံးအဖြတ်ပေး နိုင်တဲ့လူရယ်လို့ မဟုတ်ပါဘူး။ သူက openly ပြောတတ်တဲ့ လူတစ်ယောက်မို့လို့၊ ဒါကို နားလည်အောင် သူက တိုတိုနဲ့ လိုရင်း ရှင်းပြပေးလိုက်တာပေါ့။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ဗိုလ်မှူး ၊ အဲဒီတော့ ကျနော်တို့ ဒီစက်ကိုပြောရင်းနဲ့ ပြန်ကောက်ရအောင်။ ဗိုလ်မှူးရဲ့ တာဝန်နဲ့ အဲဒီ ဗိုလ်မှူးလုပ်ခဲ့တဲ့ စက်ရုံရဲ့တာဝန်။ အဲဒီတော့ ဗိုလ်မှူးက အဲဒီစက်ရုံကို ရောက်သွားတဲ့ အဓိကတာဝန် ပေးအပ်ချက်က ဘာလဲ ခင်ဗျ။ စစ်ရုံးက၊ သသန က၊ ဗိုလ်မှူးကို ခေါ်ပြီးတော့ အဲဒီနေရာ ကို posting ပေးလိုက်တဲ့ အခါမှာ ဘယ်လို အမိန့်ပေးလိုက်လဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော်တို့ စက်ရုံရဲ့ အဓိက ရည်မှန်းချက်တွေက ဒီ ‘သပိတ်ကျင်း သိပ္ပံနှင့် နည်းပညာတပ်’ က လိုအပ်တဲ့ စက်ပစ္စည်းကိရိယာ အစိပ်အပိုင်းတွေကို ထုတ်လုပ်ပေးဖို့ အတွက်၊ ဒီစက်ရုံတွေကို တည်ထားတာပါ။ ဒီ ‘သပိတ်ကျင်းတပ်’ က ပစ္စည်းတွေကတော့ ပြည်ပမှာ ၀ယ်လို့ မရနိုင်ဘူး။ ကိုယ့်ပြည်တွင်းမှာ ကိုယ့်ဘာသာ ထုတ်လုပ်နိုင်မှ ဖြစ်မယ်၊
ပြည်တွင်းမှာ ကိုယ့်ဘာသာ ထုတ်လုပ်နိုင်အောင်၊ အမှီအခို ကင်းမဲ့စွာ ထုတ် လုပ်နိုင်အောင်၊ ဆိုပြီးတော့ ဒီစက်ရုံတွေကို တည်ထားတာပါ။ ကျနော်တို့ကို အဲဒီမှာ တာဝန်ချလိုက်တဲ့ အချိန်က လည်း ‘သပိတ်ကျင်းတပ်’ ရဲ့ လိုအပ်တဲ့ ပစ္စည်းအစိပ်အပိုင်းတွေကို အချိန်မှီ ထုတ်လုပ်ပေးဖို့၊ အရည်အသွေး မှီမှီ ထုတ်လုပ်ပေးဖို့၊ လျှို့ဝှက်ချက်တွေကိုလည်း ထိန်းနိုင်ဖို့ပေါ့။
အဲဒီလိုမျိုး မှာလိုက်တာတွေ ရှိပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ သပိတ်ကျင်းတပ်ရင်းက အပြင်မှာအရပ်ထဲမှာပြောပြောနေတဲ့ ‘နျူကလီးယား တပ်ရင်း’ ဆိုတာပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ အဲဒီနားက ကျေးရွာတွေတ၀ိုက် မြို့တွေရွာတွေကတော့ သပိတ်ကျင်း က တပ်ကို အရပ်စကားနဲ့ အလွယ်ပဲ ‘နျူကလီးယားတပ်ရင်း’လို့ ပြောနေကြတာပေါ့။ အဲဒီတော့ ဗိုလ်မှူးရဲ့အဆင့်နဲ့ တကယ့် ‘သသန’ ရဲ့ ရည်ရွယ်ချက်၊ ‘သသန’ ရဲ့ အရာရှိချုပ်တို့ နောက် သူ့အပေါ်၊ အထက်ကရှိတဲ့ ကကကြည်း (ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံး)တို့ ဘာတို့က ပါ၊ တကယ့်
ရည်ရွယ်ချက်က ဒီ ‘သသန’ က ဘာလုပ်ဖို့လဲ၊ ဗိုလ်မှူးတို့ တရားဝင် သိထားတာရော တရားမ၀င်ပေမယ့် ကိုယ်ကတော့ နားလည်နေတယ်၊ ကိုယ် ဘာလုပ်ရမလဲ ဆိုတာ။ အဲဒီသဘောမျိုး ကျနော်တို့ကို နည်းနည်းရှင်းပြလို့ ရမလား။ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ဟာ တကယ် တမ်း ဘာလုပ်ချင်တာလဲ၊ ဒီ ‘သသန’ တို့ ဘာတို့နဲ့။

ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့၊ တပ်မတော်အတွက် လိုအပ်တဲ့လက်နက်ပစ္စည်းတွေကို သုတေသနလုပ်ဖို့ အတွက် research center (သုတေသနဌာနကြီး) ကိုထောင်လိုက်တာပါ။ အဲဒီမှာ ဌာနတွေရှိပါတယ်။ ဌာနနံမည် တွေ ကြားလိုက်လို့ ရှိရင်၊ ဒါ ပိုပြီးတော့ နားလည်သွားပါလိမ့်မယ်။ ဥပမာ၊ ဌာနတစ်ခု ဆိုရင် “မဟာဗျူဟာမြောက် လက်နက် ကြီးများ သုတေသနဌာန (ကြည်း-ရေ-လေ)” ဆိုပြီးတော့ ဖွဲ့ထားတာရှိတယ်
ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဌာန နံမည်ကိုက အစ၊ မဟာဗျူဟာမြောက်လက်နက်ကြီး (ကြည်း-ရေ-လေ)ဌာနလို့ တပ်ထားတော့၊ ဒီ မဟာဗျူဟာမြောက်လက်နက် မြန်မာစစ်တပ်က ပြောဆိုသတ်မှတ်တာဟာ၊ အခု အမေ ရိကန်နဲ့ ရုရှ ပြန်ပြီး ချုပ်ဖို့လုပ်နေတဲ့ START (Strategic Arms Reduction Treaty -မဟာဗျူဟာမြောက်လက် နက်ကြီးများလျှော့ ချရေးစာချုပ်) လိုဟာမျိုးလား။ ဒုံကျည်တွေနဲ့ဒုံးကျည်ပစ်စင် အရေအတွက်တွေနဲ့၊
တကယ့်ကို တတိုင်းပြည်လုံး ပြာကျသွားနိုင်တဲ့ ဒီလိုမျိုး လက်နက်တွေအထိ၊ ဒီလိုမျိုး ထိပ်ဖူးတွေအထိ၊ ထုတ်ဖို့အထိ ရည်ရွယ် ထားတဲ့ ဌာနပါလား ခင်ဗျ။ ဗိုလ်မှူးရဲ့ အတွေ့အကြုံအရ ဘယ်လောက်ထိ သိရှိထားပါသလဲ။

ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဆိုလိုတာက ‘မဟာဗျူဟာမြောက်လက်နက်ကြီးများသုတေသနဌာန’ တပ်မတော် (ကြည်း) အတွက်၊ တပ်မတော် (ရေ) အတွက်၊ တပ်မတော် (လေ) အတွက်၊ ဆိုပြီးတော့ အဲဒီလိုမျိုး ခွဲထားတဲ့ ဌာနပါ။ အဲဒီမှာ မဟာဗျူဟာမြောက်လက်နက်တွေထဲမှာ rocket ပါတယ်။ နျူကလီးယားပါတယ်။ နောက်ဌာန တစ်ခုဆိုရင် main frame computer တည်ဆောက်ဖို့ပေါ့။ အဲဒီလို research ဌာန တွေကိုပါ ထည့်ပြီးတော့
ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ ကျနော့်ရဲ့ အတွေ့အကြုံဆိုလို့ရှိရင်တော့၊ ကျနော်တို့ ရုရှကို သွားကတည်းကိုက ကျနော်တို့ သင်ရတဲ့ ဘာသာရပ်တွေက၊ rocket နဲ့ ဆိုင်တဲ့ ဘာသာရပ်တွေ nuclear reactor တည်ဆောက်မှုနဲ့ ဆိုင်တဲ့ ဘာသာရပ်တွေချည့်ပဲ တက်ရပါတယ်။ ကျောင်းတော့ ကွဲသွားတာပေါ့။ ဒါပေမယ့် တက်ရတဲ့ subjectတွေ က အတူတူပဲ။ ဥပမာ ကျနော် Bauman (Bauman Moscow State Technical University) တက္ကသိုလ်မှာ ကျနော်က rocket engine design နဲ့
တက်တယ်။ ပြီးတော့ အဲဒီ Bauman တက္ကသိုလ်မှာပဲ၊ တချို့ကျောင်းသား တွေက ဒုံးပျံ နည်းပညာကို တက်တယ်။ တချို့က nuclear reactor engineering ကိုတက်တယ်။ အဲဒီ တချိန် တည်းမှာပဲ Russia Chemical University (D. Mendeleyev University of Chemical Technology of Russia – MUCTR ဟုလည်းခေါ်သည်။ ၁၈၆၉ မှာ Periodic Tableကို တီထွင်သူ ရုရှသိပံ္ပပညာရှင် Dmitri Mendeleyev ကို ဂုဏ်ပြုတည်ထောင်ထားသော တက္ကသိုလ်) ကျနော့်သူငယ်ချင်းတချို့ကကျတော့ ဒုံးပျံလောင် စာနဲ့ ပတ်သက်တဲ့ subject တွေ
သင်နေရတယ်။ ကျနော်တို့က mechanical engineer ဖြစ်တဲ့အတွက် rocket ဘာသာရပ်တက်ရတယ်။ nuclear ဘာသာရပ် တက်ရတယ်။ Chemical Engineering နဲ့ ဘွဲ့ရထားတဲ့ သူငယ် ချင်းတွေကျတော့၊ ဒုံးပျံလောင်စာတို့ nuclear နဲ့ ပတ်သက်တာတွေ လေ့လာရပါတယ်။

ဦးရော်နီညိမ်း။ ။ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ်(၁)က ကျောင်းဆင်းခဲ့ပြီးတော့ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင်ရာ စက်မှုလက်မှုဘာသာရပ်နဲ့ မဟာသိပ္ပံဘွဲ့ ရယူခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြော ကြားချက်တွေကို ရှေ့သီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဆက်ပြီးတော့ တင်ဆက်ပေး သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။ စောင့်မျှော်
နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။

0 ၀ီကီလိခ်က မြန်မာကြေးနန်း ၁၄ခုအား ထပ်မံထုတ်ပြန်မည်

ရန်ကုန်မြို့ အမေရိကန်သံရုံးမှ မိခင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ သည့် ကြေးနန်း ၁၈၀၀ကျော် အနက် အရေးကြီး သော ၅၀၀ ခန့် ကို ထပ်မံ ဖွင့်ချမည် မည်ဖြစ်ပြီး ယခု သီတင်းပတ် အတွင်း ကြေးနန်း ၁၄ ခု အား ထပ်မံဖွင့်ချနိုင်ဖွယ်ရှိသည်ဟု ပြင်သစ်နိုင်ငံမှ မြန်မာဝီကီလိခ်သို့ ပေးပို့ သည့်  အီးမေးလ်တွင် ဖော်ပြထားသည်။

အမေရိကန်သံရုံးကြေးနန်း ပေါက်ကြားမှုတွင် အရေးမကြီးသော ကြေးနန်းများမှာ ရန်ကုန်မြို့ ၃၈ လမ်းဈေး ရှိ လမ်းဘေး ဈေးသည်များအား စည်ပင်ရဲက လိုက်ဖမ်းမှု ၊ မီးပျက်သည့်အခါ ဆင်းရဲသားရပ်ကွက်များတွင် ကလေးငယ်များက ဖယောင်းတိုင်း လိုက်ရောင်းပုံများပါဝင်ပြီး ထပ်မံပေါက်ကြားနိုင်ဖွယ်ရှိသည့် အကြောင်းအရာကမူ မြန်မာစစ်အစိုးရ ၊ သက်ဆင် နှင့် ထိုင်း နိုင်ငံ၏ ဆက်ဆံရေး ဖြစ်နိုင်သည်ဟု သိရှိရသည်။

ယနေ့ ပေါက်ကြားသည့် Embassy of Singapore တွင် မူ စင်္ကာပူ ခေါင်းဆောင် လီကွမ်ယူက မြန်မာ စစ်ဗိုလ်ချုပ်များ ကြောင့် အရှေ့ တောင်အာရှ သည် အရှက် ရသည် ဟု ဖော်ပြထားသည်။


(ပုံမှာတွေ့ ရတာရေချယ် တေဇ ဖြစ်ပါတယ်)

(ရှေ့ယာစွန်မှာ ရေချယ်တေဇ ဖြစ်ပါတယ်)

စီးပွားရေးပိတ်ဆို့ထား ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ အီတလီနိုင်ငံမှာ ဦးတေဇ သမီးအငယ်ဆုံး နာမည်တွေ အဆင့်ဆင့်ပြောင်းထားတဲ့ ရေချယ်တေဇ ရောက်ရှိနေတာ ဖြစ်ပါတယ်။
စင်္ကာပူနိုင်ငံမှာ ပညာသင်ကြားနေရင်းကနေ ဒီနှစ် မေလမှာ ရောက်ရှိသွားတာဖြစ်ပါတယ်။ အီတလီမှာ ကျောင်းတက်နေတာလား ၊ တခြားကိစ္စတစ်ခုနဲ့ ရက်တိုခရီးစဉ်လားဆိုတာ မသိရသေးပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းမှာ စင်္ကာပူကနေရန်ကုန်ကို တစ်ခေါက်ပြန်လည်ရောက်ရှိခဲ့ပါတယ်။သူ့မှာ အစ်ကို ပြည့်ဖြိုးတေဇ နဲ့ ထက်တေဇ ဆိုပြီး ရှိပါတယ်။ သူတို့ မောင်နှမအားလုံးဟာ စင်္ကာပူနိုင်ငံDover Road က United World College ofSouth East Asia မှာ ၂၀၀၅ခုနှစ်ထဲက ပညာသင်ကြားနေတာ ဖြစ်ပါတယ်။
(ကျန်ရှိ နေ သည့် မှတ်တမ်း များ ကို ထပ်မံဖော်ပြပါ မည်)
www.myanmarwikileaks.org

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.