Sunday, December 12, 2010

0 ၀ီကီလိခ်က မြန်မာကြေးနန်း ၁၄ခုအား ထပ်မံထုတ်ပြန်မည်

ရန်ကုန်မြို့ အမေရိကန်သံရုံးမှ မိခင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ သည့် ကြေးနန်း ၁၈၀၀ကျော် အနက် အရေးကြီး သော ၅၀၀ ခန့် ကို ထပ်မံ ဖွင့်ချမည် မည်ဖြစ်ပြီး ယခု သီတင်းပတ် အတွင်း ကြေးနန်း ၁၄ ခု အား ထပ်မံဖွင့်ချနိုင်ဖွယ်ရှိသည်ဟု ပြင်သစ်နိုင်ငံမှ မြန်မာဝီကီလိခ်သို့ ပေးပို့ သည့်  အီးမေးလ်တွင် ဖော်ပြထားသည်။

အမေရိကန်သံရုံးကြေးနန်း ပေါက်ကြားမှုတွင် အရေးမကြီးသော ကြေးနန်းများမှာ ရန်ကုန်မြို့ ၃၈ လမ်းဈေး ရှိ လမ်းဘေး ဈေးသည်များအား စည်ပင်ရဲက လိုက်ဖမ်းမှု ၊ မီးပျက်သည့်အခါ ဆင်းရဲသားရပ်ကွက်များတွင် ကလေးငယ်များက ဖယောင်းတိုင်း လိုက်ရောင်းပုံများပါဝင်ပြီး ထပ်မံပေါက်ကြားနိုင်ဖွယ်ရှိသည့် အကြောင်းအရာကမူ မြန်မာစစ်အစိုးရ ၊ သက်ဆင် နှင့် ထိုင်း နိုင်ငံ၏ ဆက်ဆံရေး ဖြစ်နိုင်သည်ဟု သိရှိရသည်။

ယနေ့ ပေါက်ကြားသည့် Embassy of Singapore တွင် မူ စင်္ကာပူ ခေါင်းဆောင် လီကွမ်ယူက မြန်မာ စစ်ဗိုလ်ချုပ်များ ကြောင့် အရှေ့ တောင်အာရှ သည် အရှက် ရသည် ဟု ဖော်ပြထားသည်။


(ပုံမှာတွေ့ ရတာရေချယ် တေဇ ဖြစ်ပါတယ်)

(ရှေ့ယာစွန်မှာ ရေချယ်တေဇ ဖြစ်ပါတယ်)

စီးပွားရေးပိတ်ဆို့ထား ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ အီတလီနိုင်ငံမှာ ဦးတေဇ သမီးအငယ်ဆုံး နာမည်တွေ အဆင့်ဆင့်ပြောင်းထားတဲ့ ရေချယ်တေဇ ရောက်ရှိနေတာ ဖြစ်ပါတယ်။
စင်္ကာပူနိုင်ငံမှာ ပညာသင်ကြားနေရင်းကနေ ဒီနှစ် မေလမှာ ရောက်ရှိသွားတာဖြစ်ပါတယ်။ အီတလီမှာ ကျောင်းတက်နေတာလား ၊ တခြားကိစ္စတစ်ခုနဲ့ ရက်တိုခရီးစဉ်လားဆိုတာ မသိရသေးပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းမှာ စင်္ကာပူကနေရန်ကုန်ကို တစ်ခေါက်ပြန်လည်ရောက်ရှိခဲ့ပါတယ်။သူ့မှာ အစ်ကို ပြည့်ဖြိုးတေဇ နဲ့ ထက်တေဇ ဆိုပြီး ရှိပါတယ်။ သူတို့ မောင်နှမအားလုံးဟာ စင်္ကာပူနိုင်ငံDover Road က United World College ofSouth East Asia မှာ ၂၀၀၅ခုနှစ်ထဲက ပညာသင်ကြားနေတာ ဖြစ်ပါတယ်။
(ကျန်ရှိ နေ သည့် မှတ်တမ်း များ ကို ထပ်မံဖော်ပြပါ မည်)
www.myanmarwikileaks.org

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.